Switch Mode

Chapter – 65

ဂျူဒူဂိုဏ်း

Chapter – 65 ဂျူဒူဂိုဏ်း

ဒီအချိန်မှာ များစွာသော အကြီးအကဲများနဲ့ မန်ဘိုတို့ရဲ့ ပုံစံ ဟာ အားကုန်သလိုဖြစ်နေပြီး ချွေးဒီးဒီးကျနေကြပါတယ် ။ သူတို့ ရဲ့ ပုံစံကို ကြည့်ချင်းအားဖြင့် ၎င်းတို့၏ ချီဓာတ်များဟွာ ကုန်ဆုံး အသုံးပြုနေရတယ်ဆိုတာ သိသာနေပါတယ် ။
“ကျွန်တော့ရဲ့ အဖေ အဆိပ်မိနေတာကို ကူညီကြတယ့် အတွက် ကျေးဇူးအများကြီး တင်ပါတယ် စီနီယာ တို့ ၊ ခု သူ့ အခြေအနေ ဘယ်လိုရှိလဲ”
ချန်ရှန်မေးလိုက်ပါတယ် ။ သူ့အသံမှာ တည်ငြိမ်နေသော် လည်း သူ၏ စိတ်ထဲမှာတော့ အတော် စိုးရိမ်နေတယ် ။ ချန်တျန်း ဟူ ဟာ သူ့အဖေဖြစ်ပြီး သူ၏ တစ်ဦးတည်သော သွေးအရင်းဆုံး လူပဲ ဖြစ်ပါတယ် ။ ကလေးဘ၀ကတည်းက သူ့ကို ပြုစုပျိုးထောင် ခဲ့ပြီး သူ့အဖေကို ဆုံးရှုံးရမှာ အရမ်းကြောက်နေမိပါတော့တယ် ။
မန်ဘိုက ပြောပါတယ် ။
“စိတ်ထိန်းပါ ။ အဆိပ်က အခု ဖိပြီး လျော့ပေးထားတယ် ။ ဒါ ပေမယ့် လုံးဝတော့ မပျောက်သေးဘူး ။ အဆိပ်က သူ့အရိုးတွေ စွမ်းအင်သိုလှောင်ရာတွေကော သူ့ အတွင်းကလီစာများပါ မကျန် တော်တော် ပျံ့ နေတယ် ။ ကံကောင်းစွာပဲ ဖိပြီးတော့ လျော့လို့ရနေတယ် ဒါမှမဟုတ်ရင် . . .”
ချန်ရှန် မျက်လုံးမှိတ်ပြီး အသက်၀၀ ရှူလိ်ုတယ် ။ လက်သီး ကိုဆုပ်လျက် သူ့နှလုံးသားထဲ တော်တော် စိုးရိမ်မိနေတယ် ။ မမြင်ရသော ချီဓာတ်များဟာလည်း သူ၏ ကိုယ်မှ များစွာ ထွက် လာနေပါတော့တယ် ။
ချန်တျန်းဟူ မျက်လုံးအနည်းငယ်ပွင့်လာပြီး သူ၏အသံမှာ တော်တော် အားနည်းနေသော်လည်း ဒေါသအပြည့်ပါပဲ ။
“ဂျူဒူ ဂိုဏ်း . . . အဲဒိမျိုးမစစ်ကောင်တွေပဲ ။ သူတို့ဟာ ငါတို့ ချန်မျိုးနွယ်ကို အကြိမ်များစွာ ဆန့်ကျင်နေတာ ၊ ဒါကြောင့် ငါ လည်း စာရင်းသွားရှင်းတာ ၊ နောက်ဆုံး တိုက်ခိုက်ကြတော့တာ ပဲ ၊ ငါ အဲဒိဂိုဏ်းက ဂိုဏ်းသား ၂ ယောက်နဲ့ အကြီး ၅ ယောက် ကို သတ်ပြီးနောက်မှာ ခေါင်းဆောင်က ၀င်လာတာပဲ ။ ငါလည်း ဆက်မချတော့ပဲ ပြန်ဖို့ ဆုံးဖြတ်လိုက်တယ်”
ချန်ရှန် အံ့သြသွားတယ် ။ တခြား အကြီးအကဲတွေနဲ့ မန်ဘို ပါ ချန်တျန်းဟူအား မယုံနိုင်သော မျက်လုံးများဖြင့် ကြည့်နေကြ ပါတော့တယ် ။
“အဖေ ၊ တကယ်ပဲ အဲဒိဂိုဏ်းကို တစ်ယောက်ထဲသွားတာ လား”
ချန်ရှန် သက်ပြင်းရှည်ကြီးကို ချလိုက်မိတယ် ။ ဒီဂျူဒူဂိုဏ်း ဟာ အလွန် ရက်စက်ပြီး ကြောက်စရာကောင်း သော ဂိုဏ်းဖြစ် ပြီး အဆိပ်နဲ့ ပတ်သက်ရင် အထူးကျွမ်းကျင်ကြပါတယ် ။ များစွာ သော သိုင်းပညာရှင်တို့ဟာ ဒီအမှောင်ဂိုဏ်းကို ကြောက်ရွံ့ ကြ တယ် ။ လွန်ခဲ့သော ၁၀ နှစ်က မျိုးနွယ်စု ၂ စုဟာ သူတို့၏ အ တော်ဆုံး ပညာရှင်များကို စေလွှတ်ကာ ၎င်းတို့ဖြင့် ရင်ဆိုင်စေခဲ့ ပါတယ် ။ ဒါပေမယ့်လည်း တစ်ယောက်သာ ပြန်လာနိုင်ခဲ့တယ် ။
မကြာမီ ၎င်းတို့မျိုးနွယ်မှ ခေါင်းဆောင်တွေကိုယ်တိုင် သွား ကြရာ ၂ ယောက်လုံး ပြန်မလာနိုင်တော့ပေ ။
“ဟက် ၊ အဲဒိမှာ ဘာကြောက်စရာရှိလဲ ၊ ငါတို့ချန်ဟာ ယောင်မျိုးနွယ်ကိုတောင် တိုက်ခိုက်နိုင်ခဲ့တာ ဒီဂိုဏ်းကများ ငါတို့ကို ဆန့်ကျင်သေးတယ် ။ ငါတို့ရဲ့ ပစ္စည်းတွေကို လုယူတယ် ချန်မျိုးနွယ်ဝင် ၁၀ ယောက်ကိုတောင် အဆိပ်မိစေခဲ့တယ် ။ ဒီ ဂိုဏ်းကို အမြစ်မဖြတ်ရင် ငါတို့ ချန်မျိုးနွယ်တွေကို တစ်ယောက် ပြီးတစ်ယောက် သတ်လိမ့်မယ်”
ချန်တျန်းဟူ ဒေါသတကြီး ပြောနေပါတော့တယ် ။
“စိတ်လျော့ပါ”
မန်ဘိုမှ သတိပေးလိုက်ပါတယ် ။
ချန်တျန်းဟူ လုပ်လိုက်တာကတော့ ကမ္ဘာကြီးကို ပြိုကွဲ အောင် လုပ်လိုက်သလိုပါပဲ ။ ဂိုဏ်းသား ၂ ယောက်နဲ့ အကြီး ၅ ယောက်ကို သတ်ခဲ့တယ်ဆိုတာ ၎င်းတို့အတွက် ကြီးမားတဲ့ ဆုံး ရှုံးမှုကြီးပါပဲ ။ သူဟာ ဒီဂိုဏ်းကြီးတစ်ခုလုံးကို ကိုင်လှုပ်ခဲ့တာပဲ ဖြစ်ပါတော့တယ် ။
ချန်လုဇောင်ရောက်ရှိလာပြီး ပိတ်စ ထူထူဖြင့် အုပ်ကိုင်ထား သော အပ်လေးအား လူတိုင်းကိုပြလိုက်ပြီးနောက် ပြောပါတယ်။
“ဒီအပ်က တျန်းဟူရဲ့ လက်ကနေ နှုတ်လိုက်တာဖြစ်ပြီး ဒီကတဆင့် အဆိပ်မိသွားလို့ ငါတို့ တတ်နိုင်သလောက် ဖြေပေး နေတာ ။ ဒီအပ်ဆူးခံရတယ့် မည်သူမဆို သွက်ချာပါဒ လိုဖြစ်ပြီး ကာကွယ်ဖို့ခက်ခဲတယ် ။ ချန်တျန်းဟူရဲ့ နတ်အတွင်းအား အာရုံ ဟာ တော်တော်လေး ကောင်းမွန်ပေမယ့် သူဟာ သူ့ကိုယ်ရဲ့ အခြေအနေကိုတောင် အာရုံမခံနိုင်တော့ပဲတိုက်ပွဲကို ဆက်မ တိုက်နိုင်တော့တာပဲ ။ အဆိပ်ပျံ့ နှံ့မှုနှုန်းကလည်း တော်တော် ပြင်းထန်တယ်”
အပ်ကိုမြင်ပြီးနော် ချန်ရှန်၏ မျက်လုံးများဟာ ပြူးလာပြီး အလောတကြီး အမူအရာဖြင့် –
“ကျွန်တော် ဒီအပ်ကို အရင်က မြင်ဖူးတယ်”
ချန်ရှန် လက်သီးကို ပွတ်သပ်လိုက်တယ် ။ သူ မင်းသားဖြစ် တဲ့ ဆောင်နန်မင်းနဲ့ တိုက်ခိုက်ခဲ့တုန်းက ဒီလိုအလားတူအပ်မျိုး အသုံးပြုတာခံလိုက်ရတာ မှတ်မိသွားပါတယ် ။ ဒါတင်မက လန် ယုလန်ကိုလည်း ဒါမျိုး ပစ်ခံရဖူးပါတယ် ။ ဒါပေမယ့် အဲဒိတုန်းက ခုလောက်ထိ အဆ်ိပ်မပြင်းပါဘူး ။
“ဟုတ်တယ် ။ လန်ယုလန်နဲ့ မင်းသားတို့ တိုက်တုန်းက မင်းသားက ရေခဲအပ်တွေနဲ့ အဆိပ်မိ အောင် ပစ်ဖူးတယ် ။ ကျွန် တော် နဲ့ တုန်းကလည်း ဒီလိုအပ်နဲ့ပဲ ဒါပေမယ့် အဲဒိတုန်းက ကျွန်တော့မီးကြောင့် အပ်တွေ အရည်ပျော်သွားခဲ့တာ”
ချန်ရှန် မျက်ခုံးများ မြင့်တက်လျက် ပြောပါတယ် ။
ချန်ရှန် မင်းသားဆီ ဒီလိုအရာမျိုး ဘယ်လို ရောက်လာလဲ ဆိုတာ သေချာတွေးမိပါပြီ ။ ခုလဲ ဒီဂိုဏ်းက ဒီလိုအပ်နဲ့ တိုက် တယ် ။ သေချာတာ တစ်ခုကတော့ ၎င်းတို့ ၂ ဖွဲ့ ကြား ဆက်စပ် မှုတော့ ရှိနေပေလိ့မ်မည် ။
“ဧကရာဇ် ဆောင်ဝု က နားနားနေနေ အနားယူ တတ်တဲ့လူ၊ ဒီဂိုဏ်းနဲ့ လက်တွဲလို့ ဘာမှ အကျိုးအမြတ် ကြီးကြီးမားမား ရမှာ မဟုတ်ဘူး ၊ အဖြစ်နိုင်ဆုံးကတော့ ဟိုမင်းသားပဲ ၊ သူဟာ ဒီဂိုဏ်း နဲ့ လျို့ ဝှက်စွာ အဆက်အသွယ်ရှိတာပဲ ဖြစ်မယ်”
မန်ဘို ပြောတာပဲ ဖြစ်ပါတယ် ။ မကြာသေးမီ အချိန်ကမှ သူ ဟာ လန်ယုလန်ရဲ့ အဆိပ်ကို ကုသပေးခဲ့သောကြောင့် ဒီလို သံသယ ရှိတာပဲ ဖြစ်ပါတော့တယ် ။
“ကျွန်တော် သေချာအောင် စစ်ဆေးမယ် ။ အဖေ ၊ ဒီဂိုဏ်းရဲ့ နေရာက ဘယ်မှာလဲ”
ချန်ရှန် မေးလိုက်ပါတယ် ။ သူ၏ မျက်လုံးများမှာတော့ သတ်ဖြတ်ချင်စိတ်တွေ ပြည့်နှက်လျက်ပါ ။
“လေအံတောင် မှာ ၊ ဂရုစိုက်ဦး”
ချန်တျန်းဟူ သူ့သား အစွမ်းကို ယုံကြည်လျက်ပါ ။ ချန်ရှန် ကြောင့်ပင် အင်အားကြီးလှတယ့် ယောင်မျိုးနွယ်တောင် ပြိုကွဲ သွားရသည် မဟုတ်ပါလော ။
“နားလိုက်ပါဦး ၊ ငါတို့ တျန်းဟူရဲ့ အဆိပ်ကို လုံးဝ ဖြေဖို့ အချိန် နည်းနည်း လိုတယ်”
ချန်လုဇောင် ချန်ရှန်၏ ပခုံးကို ပုတ်လျက် ပြောလိုက်ပါတယ်
ချန်ရှန် အခန်းထဲမှထွက်လာပြီးနောက် ဘုရင့်မြို့ တောာ်၏ အရှေ့ ပိုင်းသို့ ထွက်လာခဲ့တယ် ။ လေအံတောင်ဟာ အမြဲတမ်း တောပုန်းလူဆိုးတွေ စုဝေးတယ့် နေရာပါ ။ ကောလဟာလ တစ် ခုကတော့ များစွာသော အုပ်စုများမှ တောပုန်းလူဆိုးတွေ ဓားမြ တွေဟာ တွေ့ဆုံကာ ဂိုဏ်းတစ်ခု ဖြစ်ပေါ်သွားတာပါ ။ ဒါကတော့ အခုပြောတဲ့ ဂျူဒူဂိုဏ်းပဲ ဖြစ်ပါတော့တယ် ။
မြို့ တော်မှ ထွက်ခွာပြီးနောက် ချန်ရှန်ဟာ တစ်စုံတစ်ဦး သူ့ နောက်မှ လိုက်နေတာကို တွေ့ လိုက်တယ် ။ သူလည်း ဟန် ဆောင်ကာ သတ်ိမထားမိဟန်ဖြင့် သူ့လမ်းသူ ဆက်သွားပါတယ် ယောင်မျိုးနွယ်ကို ရှင်းလင်းပြီးနောက် ၎င်းတို့မျိုးနွယ် အကြွင်း အကျန်များဟာ ကလဲ့စားချေချင်ပုံပါပဲ ။ ဘယ်လိုပဲဖြစ်ဖြစ် ချန်ရှန်ဟာ သူ၏ စွမ်းအားဖြင့် ဒီလိုလူတွေ ကလဲ့စားချေမှာကို မစိုးရိမ်ပါဘူး ။
တောထဲဝင်လာရင်းဖြင့် ချန်ရှန်ဟာ မြင်းပေါ်မှ ဆင်းပြီး လမ်းလျှောက်ခဲ့တယ် ။ သူဟာ ခပ်ဖြည်းဖြည်းပဲသွားကာ သူ့ကို လိုက်နေသူ မှီစေရန်အတွက်ပါ ။ဒါပေမယ့်လည်း ထိုလူဟာ မည် သည့်အပြုအမူမျှမပြုလုပ်ပဲ စောင့်ကြည့်ရုံ သက်သက် ပဲ ဖြစ်ပုံ ရ ပါတယ် ။
“လေအံတောင်က တစ်ယောက်ယောက်များ ငါလာတာကို သိနေတာများလား”
ရုတ်တရက်ပဲ ချန်ရှန်စိတ်ထဲ ထိုအတွေးဝင်သွားပါတယ် ။ ဒါဟာ ချောင်းမြောင်းတိုက်ခိ်ုက်ဖို့ ဖြစ်နိုင်နေပါတော့တယ် ။
တောထဲသို့ တော်တော် နက်နက် ၀င်သွားပြီးနောက်မှာ တော့ သူ့နောက်လိုက်နေသူဟာ သူ့ကို ပတ်သွားပြီး သူ့ရှေ့ ရောက်နေတာကို သတိထားမိလိုက်ပါတယ် ။ ဒါဟာချန်ရှန် ထင်ကြေးမှန်ကန်ဖို့ သေချာနေပြီး ချုံခို တိုက်ဖို့ ဖြစ်ပါလိမ့်မယ် ။
တောထဲ ဆက်သွားမိတယ့် အခါမှာတော့ လူတစ်ယောက် သူ့ ရှေ့ မှာ ထိုင်နေတာကို တွေ့ လိုက်ရပါတယ် ။
အနီးနားမှာ သစ်ပင် တစ်ပင်မရှိပဲ များစွာသော သစ်ရွက်များ ဟာ မြေပေါ် အပြည့်ပါ ။ ခမ်းနားလှပတယ့် ထိုင်ခုံတစ်ခုကို နေရာ ချထားပြီး ထိုခုံပေါ်မှာတော့ ချောမောတယ့် ယောက်ျားတစ် ယောက် ထိုင်နေပါတယ် ။
“ဆောင်နန်မင်း”
ချန်ရှန် သူ့ကြောင့် ဒုက္ခိတ နီးနီး ဖြစ်သွားသူ မင်းသားကို အေးစက်စွာ ကြည့်လိုက်တယ် ။ ကောင်းမွန်လှတယ့် ဆေးတွေ သာမရှိပါက ဒီလောက်မြန်မြန် ပြန်ကောင်းဖို့ မဖြစ်နိုင်ပါ ။
ဆောင်နန်မင်း ဒီနေရာမှာ ရှိနေရခြင်းရဲ့ အကြောင်းရင်းမှာ သူနဲ့ ဂျူဒူဂိုဏ်းတို့ဟာ ရင်းနီးနေကြလို့သာ ဖြစ်ပါလိ့မ်မည် ။ ချန် တျန်းဟူ ဒီဂိုဏ်းက ထွက်လာပြီးတဲ့အချိန် သူတို့ဟာ မင်းသား ဆီ စာပို့ငှက် လွှတ်ပြီး ချက်ချင်း အကြောင်းကြားလို့သာ ဒီနေရာကို မင်းသား ရောက်နေခြင်းဖြစ်မှာပါ ။
ချန်ရှန် အမူအရာကတေ့ာ ချန်တျန်းဟူ အဆိပ်မိပြီး ထွက် ပြေးခဲ့ပြီးကတည်းက ချန်ရှန်ဟာ ကလဲ့စားချေဖို့ ကျိန်းသေလာ မှာပါပဲ ။ ဒါကြောင့် ဆောင်နန်မင်းဟာ ကြားဖြတ်စောင့်နေတာ အံ့သြစရာ မရှိပါဘူး ။
ချန်ရှန် တစ်ခုကိုတော့ တွေးမိလိုက်ပါတယ် ။ သူဟာ ဂိုဏ်းရဲ့ လူအများအပြား ဝိုင်းထားခြင်းကို ခံရပြီး ၎င်းတို့ဟာ လည်း အဆိပ်လက်နက်ပုန်းတွေ နဲ့ အသင့်စောင့်နေကြမှာပါ ။ ဘယ်လိုပဲဖြစ်ဖြစ် သူဟာ တည်ငြိမ်နေတုန်းပါပဲ ။
ဆေးပညာရှင် တစ်ယောက် အနေနဲ့ သူ့မှာ အဆိပ်ကို ဖြေ တဲ့ အစွမ်း ရှိပြီးသားပါ ။ ဒါတင်မက သူဟာ အဆင့် ၈ ပညာရှင်ဖြစ်ပြီး တော်တော် အစွမ်းထက်သူပါပဲ ။ နောက်ဆုံး မင်း သားဟာလည်း သူ့ကို တိုက်ခိုက်ရန် အလားတူ အပ်မျိုးတော့ သုံးမည် မထင်ပါဘူး ။
ဆောင်နန်မင်းဘေးမှာတော့ လူလေးဦး မတ်တပ်ရပ်နေကြ ပါတယ် ။ ၎င်းတို့ရဲ့ ကိုယ်မှလည်း သန့်စင်သော ချီဓာတ်တွေ ထွက်နေလျက်ပါ ။ နန်းတော်ရဲ့ အထူးပညာရှင်တွေ ဖြစ်ပုံပါပဲ ။
“ဆောင်နန်မင်း ၊ မင်းက ဒီ ဂျူဒူဂိုဏ်းနဲ့ အဖွဲ့ ကျနေမယ်လို့ မထင်မိခဲ့ဘူး ။ တောင်ပိုင်းအင်ပါယာရဲ့ သရဖူဆောင်း မင်းသား တစ်ဦးက ဒီလို အမှောင်အင်အားစုနဲ့ ဆက်သွယ်မှုရှိနေတာ ၊ ပေါက်ကြားသွားလို့ကတော့ ဟဟ”
ချန်ရှန် လှောင်ပြောင်လိုက်ပါတယ် ။
“ချန်ရှန် ၊ မင်းကတော့ ငရဲကို သွားရတော့မယ် ။ မင်းသေမှ တော့ ငါနဲ့ ဒီဂိုဏ်းအကြောင်း ဘယ်သူ သိမှာတုန်း ၊ ဟားးဟားး ဟားး ၊ မင်းနဲ့ ရင်ဆိုင်ပြီးတည်းက ငါ ဧကရာဇ် ဖြစ်ရင် မင်းတို့ ချန်မျိုးနွယ်ကို ဖြိုခွဲမယ်လို့ ဆုံးဖြတ်ထားတယ် ။ ဒါဘာကြောင့် လဲ ဆိုတော့ ငါဟာ စစ်မှန်တဲ့ ဧကရာဇ် တစ်ပါး ဖြစ်ချင်လို့ပဲ”
ဆောင်နန်မင်း အရူးတစ်ယောက်လို ပြောဆိုနေပါတယ် ။
ဒီတောင်ပိုင်းအင်ပါယာ ၏ ဧကရာဇ်ဆိုတာ ဧကရာဇ် အမည်ခံ သက်သက်ပါပဲ ။ သူဟာ တတိုင်းပြည်လုံးကို စီစဉ် ကွပ် ကဲရသော်လည်း ချန် နဲ့ ယောင် မျိုးနွယ်တို့ ပြသနာ ဖြစ်တဲ့အခါ ကြားဝင်ဟန့်တားနိုင်စွမ်း မရှိခဲ့ဘူး ။ ဒီလိုလုပ်ဖို့လည်း စွမ်းရည် မရှိပါဘူး ။ဒါကြောင့် သူ၏ လုပ်ပိုင်ခွင့်ဟာ အရမ်း ကန့်သတ်ခြင်း ခံရသလို ဖြစ်နေပါတော့တယ် ။
ဆောင်နန်မင်းဟာ သရဖူဆောင်း မင်းသား ဖြစ်တဲ့အတွက် သူဟာ နောက်ဖြစ်မယ့် ဧကရာဇ်ပါ ။ သူ၏ ပြင်းထန်လှတဲ့ ဆန္ဒ အတွက် ဒီလို အင်အားကြီး မျိုးနွယ်တွေကို ချယ်လှယ်လို့ မရ နိုင်ပေ ။ ဒါကြောင့် သူဟာ ဒီလို အမှောင်ဂိုဏ်းလို အင်အားစုတွေ နဲ့ ပေါင်းရတာပါ ။ အချိန်ကျလာတဲ့အခါ ဒီအင်အားစုတွေ အကူအညီဖြင့် အင်အားကြီး မျိုးနွယ်စုများကို သုတ်သင်ဖို့ လျို့ ဝှက်စွာ အစီအစဉ် လုပ်နေတာပဲ ဖြစ်ပါတော့တယ် ။
“တိုက်ကြ ၊ ဒီကောင့်ကို ဒီနေရာကနေ အသက်ရှင်လျက် ပြန် မထွက် နိုင်စေနဲ့”
ဆောင်နန်မင်း အော်ဟစ် အမိန့်ပေးလိုက်ပါတယ် ။ ထိုအသံ နှင့်အတူ ရုတ်တရက် တောထဲတွင် လေပြင်းများ တိုက်ခတ်လာ ပါတော့တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset