အပိုင်း ၂၀၄•၃
” ဓားအရူးရဲ့ အထီးကျန်နယ်မြေ ”
°°°
ဟို့ယွိဟောင်က သူ့ရဲ့ခါးမှာရှိတဲ့ ခါးပတ်ကိုထိလိုက်ပါတယ်။ အဲ့ဒီနောက် ဒီခါးပတ်ထဲကနေ အနက်ရောင်သတ္ထုသေတ္တာလေးတစ်ခုကို ထုတ်ယူလာခဲ့ပြီ ကျန်းဟုန်ချန်ရဲ့အရှေ့မှာချပေးလိုက်တော့တယ်။
” ခန်းမသခင် ဒါကပုံစံငယ်တစ်ခုပါပဲ အဓိကတော့ ခန်းမသခင်အတွက် အမှတ်တရပစ္စည်းအဖြစ် လုပ်ပေးထားတာပါ…ကျွန်တော် အထဲမှာသူ့ရဲ့ခလုတ်တွေနဲ့ ဂီယာတွေကိုတပ်ဆင်ပြီးပါပြီ သုံးချင်တယ်ဆိုရင် ဒီလိုလုပ်လိုက်ရုံပါပဲ ”
၀ိညာဥ်လက်နက်ကို ဘယ်လိုသုံးရမလဲဆိုတာ ကျန်းဟုန်ချန်ရဲ့အရှေ့မှာ ဟို့ယွိဟောင်က ထုတ်ဖော်ပြသနေခဲ့ပါတယ်။
ရွှမ်ကျင့်၀မ်သာ ဒီနေရာမှာရှိနေခဲ့မယ်ဆိုရင် ဟို့ယွိဟောင် ကျန်းဟုန်ချန်ကိုပေးနေတဲ့ပစ္စည်းက ဘယ်အရာလဲဆိုတာ သူချက်ချင်းသတိထားမိမှာပါ။ ဒါကဟိုအရင်တုန်းက ပထမဆုံးတွေ့ဆုံချိန်မှာသူ့ကိုအံ့ဩထိတ်လန့်အောင်လုပ်နိုင်တဲ့ ပစ္စည်းပါပဲ။ ကျန်းဟုန်ချန်လဲ ဒီသတ္ထုသေတ္တာလေးကိုယူပြီ ကြည့်နေခဲ့ပါတယ်။ ဒီ၀ိညာဥ်လက်နက်က အနည်းငယ်ကြမ်းတမ်းနေခဲ့သလို သေသပ်အောင်လုပ်ထားတာမျိုးနဲ့ အဖိုးထိုက်တန်တဲ့ပစ္စည်းတွေဘာမှပါမနေခဲ့ပါဘူး။ ၀ိညာဥ်လက်နက်ထဲကို သူ၀ိညာဥ်စွမ်းအားအသုံးပြုပြီးရှာဖွေလေ့လာကြည့်ပါတယ်။ အထဲမှာရိုးရှင်းတဲ့ ဗျူဟာအခင်းအကျင်းတစ်ခုသာရှိနေတာကို သူသိလိုက်ရတယ်။
” ကောင်းပါပြီ ကျေးဇူးပါ ”
သူအနည်းငယ်မကျေမနပ်ဖြစ်သွားပေမဲ့ ဘာမှမပြောခဲ့ပါဘူး။
ဟို့ယွိဟောင်ကတော့ တလေးတစားဦးညွတ်လိုက်ရင်းနဲ့သာပြန်ပြောလာခဲ့တယ်။
” ဒါဆိုရင် ကျွန်တော်သွားပါတော့မယ်..နှုတ်ဆက်ပါတယ် ခန်းမသခင် ”
သူပြောပြီတဲ့နောက် ထွက်သွားပါတော့တယ်။
ဟို့ယွိဟောင်ထွက်သွားချိန်မှာကတော့ ကျန်းဟုန်ချန်ရဲ့နှုတ်ခမ်းက ကြောက်စရာကောင်းတဲ့အပြုံးတစ်ခုကိုပြောင်းလဲလို့သွားခဲ့ပါပြီ။ ဒီကောင်က သူ့ကိုဘာမှမသင်ပေးဘူးဆိုပြီး ငါကိုလာလှောင်ဖို့လုပ်နေတာလား တကယ် အတော်ကိုသတ္တိရှိတာပဲ အဆင့်တစ်၀ိညာဥ်လက်နက်လို့ သတ်မှတ်လို့မရနိုင်တဲ့ပစ္စည်းကိုတောင် ငါဆီလာပေးနေသေးတယ်။
ဒီအတွေးတွေ၀င်လာပြီတဲ့နောက်မှာသာ ဟို့ယွိဟောင်ရဲ့ရိုးရှင်းတဲ့လမ်းညွှန်ချက်တွေအတိုင်းသူလိုက်လုပ်ရင်း ၀ိညာဥ်လက်နက်ကို နံရံဆီချိန်ကာပစ်လိုက်ပါပြီ။
ကျန်းဟုန်ချန်ရဲ့အမြင်မှာကြည့်မယ်ဆိုရင် ဒါက၀ိညာဥ်အလင်းတန်းတစ်ခုဖြစ်လာမှာပါ။ ဒါ့အပြင် သိပ်ပြီအင်အားကြီးတဲ့ပုံလဲမပေါ်ပါဘူး။ ၀ိညာဥ်စွမ်းအားကိုအသုံးပြုပြီး ဒီပစ္စည်းကိုလေ့လာတဲ့အချိန်မှာ စွမ်းအားစုစည်းတဲ့အခင်းအကျင်းက အထဲမှာရှိနေတာကို သူသတိထားမိပါတယ်။ ဟို့ယွိဟောင်က သူ့ရဲ့ကိုယ်ပိုင်းစိတ်၀ိညာဥ်စွမ်းအားကိုထည့်သွင်းထားပြီ အသုံးမပြုရသေးတာလဲ ဖြစ်ကောင်းဖြစ်နိုင်တယ်။ တ၀ုန်း၀ုန်းအသံကျယ်ကြီးတွေဖြစ်ပေါ်လာတာကို ကြားရချိန်မှာတော့ ကျန်းဟုန်ချန်လဲ လန့်သွားပါတော့တယ်။
တဖွဖွမြည်သံတွေက ခန်းမရဲ့နေရာတွေဆီကနေ ထွက်ပေါ်လို့လာခဲ့ပြန်ပါပြီ။ ကျန်းဟုန်ချန်လဲ သူ့ရဲ့လက်ထဲမှာရှိနေတဲ့ အနက်ရောင်သေတ္တာလေးကိုကြည့်လိုက်ပြီတဲ့နောက် အထိတ်တလန့်နဲ့ ပြန်ချလိုက်မိပါတော့တယ်။ ဒီအချိန်မှာပဲ တံခါးမြည်သံတွေက ထွက်ပေါ်လို့လာခဲ့ပြန်ပါပြီ။
” အထဲကို၀င်လာခဲ့ ”
ကျန်းဟုန်ချန်က သူလုပ်နေတာကိုရပ်လိုက်တော့တယ်။
လင်းကျားယွီကတော့ ခပ်မြန်မြန်၀င်လာပြီ မေးလာခဲ့ပါတယ်။
” ညွှန်ကြားစရာများရှိလို့ပါလား ခန်းမသခင် ”
ကျန်းဟုန်ချန်လဲ လင်းကျားယွီကိုမြင်ချိန်မှာ တခြားတစ်ဖက်ဆီက နံရံဖက်ကိုလျှောက်သွားရင်းနဲ့ နံရံတွေကိုဖောက်ထွက်နေတဲ့မြားလေးတွေကို လေ့လာနေခဲ့ပါတယ်။
အနက်ရောင်သေတ္တာကိုကောက်ယူလိုက်ပြီတဲ့နောက် ၀ိညာဥ်စွမ်းအားတချို့ကို အထဲမှာထည့်သွင်းလိုက်ပါတယ်။ အဲ့ဒီနောက် ခလုတ်ကိုနှိတ်လိုက်ချိန်မှာနောက်ထပ်ပစ်ခတ်သံတွေကို သူကြားရပြန်ပါပြီ။ အရိပ်တွေက တစ်ခုပြီတစ်ခုပြေးထွက်လို့သွားပြီတဲ့နောက်နံရံပေါ်မှာတချွင်ချွင်မြည်သံတွေကလဲ ထွက်ပေါ်လာတော့တယ်။
” ဒါကြီးက ”
ကျန်းဟုန်ချန်လဲ မျက်လုံးအပြူးသားဖြစ်နေခဲ့သလို သူရုတ်တရက်တစ်စုံတစ်ရာကိုနားလည်သွားတဲ့အတွက် လင်းကျားယွီကို ပြောတော့တယ်။
” ဟို့ဟွိဟောင်ကို မြန်မြန်သွားရှာပြီ ပြန်ခေါ်လာခဲ့ ”
” ဟုတ်ကဲ့ပါ ”
လင်းကျားယွီလဲ ဘာမှမပြော၀ံ့ပဲ ဟို့ယွိဟောင်ကိုပြန်ခေါ်ဖို့လုပ်ပါတော့တယ်။
ဒီ၀ိညာဥ်လက်နက်က သူ့ရဲ့ဗျူဟာကို ဘယ်လိုများအသက်သွင်လိုက်တာလဲ ဘယ်လိုလုပ်မြားတွေကိုပြစ်နေတာလဲ ဒါက၀ိညာဥ်အခင်းအကျင်းမဟုတ်သလို ရွေ့လျား၀ိညာဥ်လက်နက်နဲ့လဲ အနည်းငယ်ဆင်တူနေခဲ့တယ်။ ပိုပြီးအံ့ဩစရာကောင်းတာကတော့ သူ့ကိုသုံးဖို့ဘာ၀ိညာဥ်စွမ်းအားမှမလိုခဲ့သလို ခလုတ်လေးတစ်ချက်နှိတ်လိုက်ရုံနဲ့တင် အလိုအလျောက်ပစ်ခတ်မှာပါ။ ဒါကလုံး၀ကို အလိုအလျောက်သုံးလို့ရနိုင်တဲ့ပစ္စည်းဖြစ်နေပြီမဟုတ်လား။
ကျန်းဟုန်ချန် နောက်ထပ်မစောင့်နိုင်တော့ပါဘူး။ ဒီအနက်ရောင်သေတ္တာလေးယူပြီ သေချာကြည့်ဖို့လုပ်ပါတော့တယ်။ ဒါပေမယ့် ပထမဆုံးလှုပ်ရှားလိုက်ချိန်မှာပဲ တချွင်ချွင်မြည်သံတွေက အထဲမှာထွက်ပေါ်လာခဲ့ပြန်ပါပြီ။
ကိုယ်ဘာသာကိုယ်ဖျက်ဆီးတဲ့စက်ထည့်ထားတာလားတကယ်ကောင်ပဲ ကျန်းဟုန်ချန်နဲ့ အထဲမှာရှိနေတဲ့ ပစ္စည်းတွေဘယ်လိုတပ်ဆင်ထားလဲဆိုတာကိုတောင် ကြည့်ချိန်မရလိုက်ပါဘူး။
ဟို့ယွိဟောင်က အစောပိုင်းမှာ ထွက်သွားတာဖြစ်တဲ့အတွက် သူ့ကိုလိုက်ခေါ်ဖို့ဆိုတာ ခက်ခဲတဲ့ကိစ္စမဟုတ်ပါဘူး။ အထူးသဖြင့် သူဖြည်းဖြည်းချင်းလျှောက်နေပြီ အဝေးကိုထွက်သွားဖို့စိတ်ကူးမရှိတဲ့အချိန်မှာဆိုရင် ပိုပြီးဖမ်းရတာလွယ်ပါတယ်။
မကြာခင်မှာပဲ ကျန်းဟုန်ချန်ရဲ့အရှေ့ကို သူပြန်ရောက်လာပါတော့တယ်။ ကျန်းဟုန်ချန်ကတော့ အလေးအနက်မေးနေခဲ့တယ်။
” ငါကိုပြော မင်းရဲ့စိတ်အကြံအစည်ကဘာလဲ ”
ဒီတစ်ကြိမ်မှာတော့ ဟို့ယွိဟောင်က လင်းကျားယွီကို ထွက်သွားစေဖို့မပြောတော့ပါဘူး။ ကျန်းဟုန်ချန်ကိုသာ ကြောင်အနေတဲ့မျက်လုံးတွေနဲ့ စိုက်ကြည့်နေရင်းမေးလာခဲ့ပါတယ်။
” ဘာကိုပြောချင်တာလဲ ခန်းမသခင် ”
ကျန်းဟုန်ချန်ကတော့ ဒေါသထွက်လွန်လို့နှလုံးခုန်တောင်ရပ်မတတ်ဖြစ်နေခဲ့ပါပြီ။ ဒီကောင်ဘယ်လိုဟန်ဆောင်ရမလဲဆိုတာကောင်းကောင်းသိတာပဲ။
” ဒါကိုပြောတာလေ ”
သူ့ရဲ့လက်ထဲမှာရှိတဲ့ အနက်ရောင်သေတ္တာလေးကို ခါပြနေခဲ့ပါတယ်။
” ကျွန်တော်မှာဘာစိတ်ကူးမှမရှိပါဘူး…ဒါက အမှတ်တရလက်ဆောင်ပါပဲ အမ်းဒါကဘယ်လိုပျက်သွားတာလဲ ”
ကျန်းဟုန်ချန်ရဲ့လက်ထဲမှာ ဒီသေတ္တာလေးကခါနေခဲ့တဲ့အတွက် တချွင်ချွင်မြည်သံတွေလဲ ကြားနေခဲ့ရပါတယ်။ အတွင်းပိုင်းစက်ကိရိယာတွေက ပျက်စီးလို့သွားခဲ့ပါပြီ။ ဟို့ယွိယောင်ကတော့ စိတ်ထိခိုက်သွားတဲ့ပုံစံနဲ့ ပြောလာခဲ့ပါတယ်။
” ခန်းမသခင် ကျွန်တော်လုပ်တဲ့ပစ္စည်းတွေကို အထင်သေးတယ်ဆိုရင်တောင် ဒါကကျွန်တော်အမှတ်တရလက်ဆောင်ပေးချင်တဲ့ စေတနာလေးတော့ရှိပါသေးတယ်…ဒီလိုဖျက်ဆီးလိုက်ဖို့တော့ မသင့်တော်ပါဘူး ”
ဟို့ယွိဟောင်ရဲ့စိတ်ထိခိုက်တဲ့စကားတွေကြောင့် ကျန်းဟုန်ချန်တောင် လှည့်စားခံရမတတ်ဖြစ်သွားခဲ့ပါတယ်။ ဒီကောင်က တကယ်ကိုသရုပ်ဆောင်တာကောင်းလွန်လှတယ်။
” တော်လောက်ပြီ ဟန်ဆောင်နေတာရပ်လိုက်တော့ မင်းလိုချင်တဲ့စျေးကိုပြော ဒီအလိုအလျောက်အလုပ်လုပ်တဲ့ဒီစက်ပစ္စည်းရဲ့တည်ဆောက်ပုံအားလုံးကို ငါလိုချင်တယ် ”
သူ့ရဲ့ပညာအဆင့်အတန်းနဲ့ဆိုရင် ဒီအနက်ရောင်သေတ္တာလေးရဒ့အတွင်းပိုင်းပုံစံက ဘယ်လိုတည်ဆောက်ပြီထူးခြားအစွမ်းအစရှိနေလဲဆိုတာ ရှင်းရှင်းလင်းလင်းမြင်ပါတယ်။
ဟို့ယွိဟောင်ကတော့ အခုအချိန်အထိ နားမလည်သေးတဲ့ပုံပါပဲ။
“‘ဘယ်လိုအလိုအလျောက်စက်လဲ ကျွန်တော်ဒါကိုပုံမှန်အတိုင်းလေးပဲ လုပ်ထားတာပါ ဒါ့အပြင် ခန်းမသခင်ကိုလဲ ပေးလိုက်ပြီးပြီလေ ”
ဒီကောင်အခုအထိ ဟန်ဆောင်နေတုန်းလား ကျန်းဟုန်ချန် သူ့ရဲ့စိတ်ရှည်သည်းခံမှုတွေအားလုံးပျောက်ကွယ်သွားတာကို ခံစားလိုက်ရပါတယ်။
” ငါပြောနေတာ ဒီအနက်ရောင်သေတ္တာလေးရဲ့အထဲမှာရှိနေတဲ့ ဖွဲ့စည်းတည်ဆောက်ပုံကိုပြောနေတာ မြန်မြန်ချဆွဲလိုက် အဆင်ပြေတယ်ဆိုရင် ငါမင်းကိုစိတ်ကြိုက်ပေးမယ် ”
“ဪ ဒါကိုပြောတာလား ”
ဟို့ယွိဟောင်ကတော့ အခုမှနားလည်သွားပုံပါပဲ။
” ဒါပေမယ့် ခန်းမသခင် ကျွန်တော်ဒါကိုသုတေသနပြုဖို့အတွက် အများကြီးကြိုးစားအားထုတ်ထားရတာ ကျွန်တော်ရောင်းမယ်ဆိုရင်တောင် သေချာပေါက် စျေးပေါမှာမဟုတ်ဘူးလေ ”
” တန်ကြေးကိုပြောလိုက်စမ်း ငါကကပ်စီးနည်းတဲ့သူလို့ ထင်နေတာလား ”
ဟို့ယွိဟောင်က လက်တစ်ဖက်ကိုဆန့်ထုတ်ရင်း လက်ငါးချောင်းကိုဖြန့်လာခဲ့ပါတယ်။ အဲ့ဒီနောက် လက်နှစ်ချောင်းကိုပြန်နှုတ်လိုက်ပြီတဲ့နောက် လက်ညိုး လက်ခလယ်နဲ့ လက်သူကြွယ်သုံးခုတို့ကို ဆန့်ထားခဲ့တယ်။
” သုံးခုဆိုရတယ် အဆင့်ကိုး၀ိညာဥ်လက်နက်သုံးခုနဲ့လဲမယ် ”
သူ့ရဲ့လေသံကပုံမှန်ပါပဲ ကျန်းဟုန်ချန်ဆီကနေ ပိုက်ဆံလာတောင်းတဲ့ကလေးတစ်ယောက်လိုတူနေခဲ့တယ်။
လင်းကျားယွီကတော့ သွေးအန်မတတ်ဖြစ်သွားခဲ့ပါပြီ။
” ဘာပြောတယ် အဆင့်ကိုး၀ိညာဥ်သုံးခုလား အဆင့်ကိုး၀ိညာဥ်လက်နက်တွေက ဘာတွေများထင်နေတာလဲ အဆင့်ကိုး၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေတောင် သွေးတွေချွေးတွေအများကြီးနဲ့ ကြိုးစားအားထုတ်ရင်း လုံးပန်းထားရတဲ့ပစ္စည်းတွေပါ။ အဆင့်ကိုး၀ိညာဥ်လက်နက်တစ်ခုကို ပြီးပြည့်စုံအောင်လုပ်ဖို့အတွက်ဆိုရင် ပုံအောထားရမဲ့အရာတွေက မနည်းပါဘူး။ ဒီကောင်တကယ်ပဲ အဲ့ဒီသေတ္တာဟောင်းလေးကို အဆင့်ကိုး၀ိညာဥ်လက်နက်သုံးခုနဲ့ လဲချင်နေတာလား။
ကျန်းဟုန်ချန်ရဲ့ မျက်နှာပေါ်ကအသားတွေအားလုံး တောင့်တင်းလို့သွားပါတော့တယ်။ သူဆက်ပြီမပြုံးနိုင်တော့ပါဘူး။
” မင်းငါ့ကိုလာပြီ ငွေညစ်နေတာလား ”
” မဟုတ်ရပါဘူး မဟုတ်ရပါဘူး ကျွန်တော်ရဲ့ဒီသုတေသနက အရမ်းကိုတန်ဖိုးရှိတော့ ဒီလောက်တန်ကြေးတော့ရှိမယ်လို့ တွေးမိတာပါ ဒါ့အပြင် ကျွန်တော်တို့စျေးညှိလို့ရပါတယ်…ဟုတ်တယ်ဟုတ် ”
ဟို့ယွိဟောင်က သူ့ရဲ့နောက်လက်နှစ်ချောင်းကိုထောင်ထားရင်းပြောလာခဲ့တယ်။
” နှစ်ခုဆိုရင်ရော ဘယ်လိုလဲ ”
” မရဘူး မင်းရဲ့အလိုအလျောက်စက်ပစ္စည်းက အတော်လေတန်ဖိုးကြီးပေမဲ့ ဘယ်လိုလုပ်အဆင့်ကိုး၀ိညာဥ်လက်နက်နဲ့ ယှဥ်လို့ရမှာလဲ ”
ကျန်းဟုန်ချန်က ဒေါသထွက်နေဆဲပါ။
” ဒါဆိုရင် အဆင့်ကိုး၀ိညာဥ်အမြောက်ခွံနှစ်ခုဆိုရင်ကော ကျွန်တော်အဲ့လောက်ကြီးလဲ ဂျီးမများပါဘူး ”
” ထွက်သွားစမ်း အရူးလာလုပ်မနေနဲ့ ”
ဒီစကားတွေကို ကျန်းဟုန်ချန်ရဲ့ပါးစပ်ကနေ ထွက်လုမတတ်ဖြစ်သွားခဲ့ပါတယ်။ ဒါပေမယ့် တစ်ဖက်လူက သူ့ကိုနည်းပေါင်းစုံအသုံးပြုရင်း ငွေကြေးတွေကိုညစ်ထုတ်ဖို့ကြိုးစားနေမှန်း ရုတ်တရက်သူပြန်မှတ်မိလို့သွားခဲ့တယ်။ ဟို့ယွိဟောင်က ဒီ၀ိညာဥ်လက်နက်ကို သူတမင်တကာမြင်သာအောင် ယူလာခဲ့ပြီတဲ့နောက် စျေးမြင့်မြင့်နဲ့ရောင်းဖို့ အကြံကြီးကြံနေတယ်ဆိုတာ အသေအချာပါပဲ။
အမှန်တကယ်တော့ ကျန်းဟုန်ချန်လဲ ဒီလောက်ကြီးဒေါသထွက်နေတာမဟုတ်ခဲ့ပါဘူး။ တကယ်တော့ သူလဲကံကောင်းနေတယ်လို့ခံစားမိပါတယ်။ အနည်းဆုံးတော့ ဟို့ယွိဟောင်က ဒီပစ္စည်းလိုလိုလားလားနဲ့ ထုတ်ပြခဲ့သလို အမျက်ဒေါသကျောင်းတော်ဆီ တိုက်ရိုက်မယူသွားခဲ့ပါဘူး။
ဒီအလိုအလျောက်ပစ္စည်းက အကယ်၍ ရွေ့လျား၀ိညာဥ်လက်နက်တွေမှာသာ တပ်ဆင်လိုက်မယ်ဆိုရင် အများကြီးအသုံး၀င်မှာပါ။ ဒါ့အပြင် သူ့ရဲ့အဓိကတီးထွင်ဖန်တီးတဲ့ နည်းစနစ်နဲ့ စည်းမျဥ်းတွေကိုလဲ တခြား၀ိညာဥ်လက်နက်တွေနဲ့ ပေါင်းစည်းလို့ရနိုင်ပါတယ်။ ဒီလိုဆိုရင် အံ့ဩစရာကောင်းတဲ့ရလဒ်တွေရလာမှာပါ။ ဒီလိုမျိုးအလိုအလျောက်ပစ်ခတ်နိုင်တဲ့ လက်နက်က သာမန်ပြည်သူတွေတိုင်းသုံးနိုင်မှာဖြစ်သလို အားသွင်းထားပြီရင်သုံးဖို့အဆင်ပြေလာပါလိမ့်မယ်။ ရွှမ်ကျင့်၀မ်ဆီကနေ နို့ပုလင်းတွေကိုချိတ်ပိတ်တဲ့သုတေသနက အောင်မြင်တော့မဲ့သတင်းကိုလဲ သူကြားဖူးတာကြောင့် ဒီနှစ်ခုသာပေါင်းစည်းလိုက်မယ်ဆိုရင် အများကြီးအစွမ်းထွက်သွားမှာပါ။
အကယ်၍ အလိုအလျောက်ပစ်ခတ်တဲ့လက်နက်ကိုသာ ချိတ်ပိတ်ထားတဲ့နို့ပုလင်းတွေနဲ့ ပေါင်းစည်းပြီအသုံးပြုလိုက်မယ်ဆိုရင် ဘယ်လိုအခြေအနေအထိ ရောက်သွားမလဲသေချာပေါက် ၀ိညာဥ်လက်နက်တွေကို ဘယ်သူမဆိုသုံးနိုင်အောင်လုပ်ဖို့ဆိုတဲ့ အိမ်မက်က အမှန်တကယ်ဖြစ်လာဖို့ လွယ်ကူသွားမှာမလား။
ဒီအနာဂတ်က အတော်လေးကိုအကုန်အကျများပေမဲ့ တကယ်ကိုထိုက်တန်ပါသေးတယ်။ အကယ်၍ မင်းသားမှာသာ ဒီလိုမျိုးလက်နက်အပြည့်ပါတဲ့စစ်တပ်တစ်ခုရှိမယ်ဆိုရင် သေချာပေါက် ဘယ်သူကမှ ထီးနန်းကိုပြိုင်လုရဲတော့မှာမဟုတ်ပါဘူး။ ထီးနန်းကလဲ သူ့အိတ်ထဲကိုရောက်လာပါလိမ့်မယ်။ ဒါ့အပြင် သူ့ရဲ့နိုင်ငံတော်မှာရှိတဲ့ အဆင့်အတန်းကလဲ နောက်တစ်ဆင့်ကိုမြင့်တက်လို့သွားမှာပါ။
သမိုင်းထဲမှာ ထာ၀ရတည်တံ့စေနိုင်မဲ့ ကြီးမားတဲ့ဆွဲဆောင်မှုကြီးတစ်ခုကိုလဲ ပြုလုပ်ကောင်းပြုလုပ်နိုင်ပါလိမ့်မယ်။
ကျန်းဟုန်ချန်လဲ ဒီလောက်အထိတွေးတောရင်းနဲ့ ပိုပြီးစိတ်လှုပ်ရှားလာသလို သူ့ရဲ့ဒေါသကိုလဲ ပြန်လျှော့နိုင်သွားခဲ့ပါပြီ။ သူမျက်မှောင်ကြုတ်နေရင်းနဲ့ ပြောလာခဲ့တယ်။
” ဟို့ယွိဟောင် မင်းရဲ့ဖန်တီးမှုကတကယ်အထင်ကြီးစရာကောင်းတယ်…သေချာပေါက် အနာဂတ်မှာ ရွေ့လျား၀ိညာဥ်လက်နက်တွေကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့အတွက် အများကြီးအကျိုးပြုနိုင်မှာပဲ ဒါပေမယ့် သူ့ရဲ့တည်ဆောက်ပုံကအတော်လေးရိုးရှင်းတယ်ဆိုတာကို မင်းနားလည်မှာပါ ဒါ့အပြင် နောက်ထပ်သစ်ဆန်းအောင်လို့ ပြန်ပြီတီးထွင်ဖန်တီးမှုကိုလဲ ပြန်လုပ်ဖို့လိုဦးမယ်..ဒါတွေကို ငါတို့ဘာသာငါတို့လုပ်လို့ရတယ်…ငါဒီပစ္စည်းကို စျေးကြီးကြီးနဲ့၀ယ်ချင်ပေမဲ့ အရမ်းကြီးလွန်မလာနဲ့ စျေးတစ်ခုကိုပြောဒါမှမဟုတ်ရင် လူတိုင်းလက်ခံနိုင်လောက်တဲ့အခြေအနေတစ်ခုကိုပြောလိုက် မဟုတ်ရင် ဘာမှညှိနိုင်စရာမလိုတော့ဘူး ”
ဟို့ယွိဟောင်ကတော့ တခဏတာတိတ်ဆိတ်လို့သွားခဲ့ပါတယ်။ တစ်မိနစ်တိတိစဥ်းစားနေပြီတဲ့နောက်မှာတော့ သနားစရာကောင်းတဲ့လေသံလေးနဲ့ သူပြောလာခဲ့တယ်။
” ကောင်းပြီလေ ခန်းမသခင်က ဒီလောက်အထိ စိတ်အားထက်သန်နေပြီဆိုမှတော့ ကျွန်တော်လဲ နောက်ဆုံးထားနိုင်တဲ့စျေးကိုပြောပါ့မယ် ”
သူဘယ်ဘက်လက်ကိုမြောက်လိုက်ပြီတဲ့နောက် လက်ညိုးတစ်ချောင်းကိုပြန်ချလိုက်ရင်းနဲ့ လက်ခလယ်တစ်ချောင်းကိုသာ တန်းတန်းမတ်မတ် ကျန်းဟုန်ချန်ရှေ့ဆီထောင်ပြရင်းရပ်နေခဲ့ပါတော့တယ်။ ဒါကိုကျန်းဟုန်ချန်မြင်ချိန်မှာတော့ တစ်ခွန်းသာအော်ခဲ့ပါတယ်။
” ထွက်သွားစမ်း ကောင်စုတ် ”
လင်းကျားယွီရဲ့မျက်နှာကတော့ မဲမှောင်လို့နေခဲ့ပါပြီ။ အကယ်၍ ကျန်းဟုန်ချန်သာ ဒီနေရာမှာမရှိခဲ့ဘူးဆိုရင် သူသေချာပေါက် ဟို့ယွိဟောင်ကို ကောင်းကောင်းသင်ခန်းစာပေးမိမှာပါ။
ဟို့ယွိဟောင်ကတော့ ဒေါသထွက်တဲ့ပုံမပေါ်ပါဘူး။ သူရယ်မောရင်းနဲ့သာ ပြန်ဖြေလာခဲ့တယ်။
” စီးပွားရေးဆိုတာက ကိုယ်ရေးကိုယ်တာနဲ့ရောလို့မရဘူးလေ စိတ်မဆိုးပါနဲ့ ကျွန်တော်ဒီလက်ဆောင်ကို ခန်းမသခင်အတွက် ချန်ထားပေးမှာပါ ကျွန်တော်ဘယ်လောက်အထိ ရက်ရောလဲဆိုတာ သိနိုင်ပါတယ်…ဒါဆိုရင် နှုတ်ဆက်လိုက်ပါတယ်..ကျွန်တော်ရဲ့စိတ်နှလုံးသားကြီးတစ်ခုလုံးနဲ့ ရင်းထားတဲ့လက်ဆောင်ကိုခန်းမသခင်ဖျက်ဆီးလိုက်ရုံတင်မကဘူး ထွက်သွားဖို့ကိုလဲအော်ငေါက်နေသေးတယ်…ဒါကြောင့် ကျွန်တော်ရဲ့စျေးနှုန်းကို အဆင့်ကိုး၀ိညာဥ်လက်နက်သုံးခုအထိ ပြန်မြင့်လိုက်ပါပြီ ဒါနောက်ထပ်ညှိနိုင်လို့မရတော့ပါဘူး..ကောင်းကောင်းလေးအိပ်ပြီမှ တွေးကြည့်လိုက်ပါ ”
အဲ့ဒီနောက် သူပုံမှန်အတိုင်းနှုတ်ဆက်ပြီထွက်သွားပါတော့တယ်။
အပိုင်း ၂၀၄•၃ ပြီး၏။