Switch Mode

Chapter – 64

အဆိပ်အပ်

Chapter – 64 အဆိပ်အပ်

ချန်ရှန် ဆေးပညာကို နှိုက်နှိုက်ချွတ်ချွတ် လေ့လာပြီး ဆေး အမြင့်တွေ ထုတ်ဖို့ ကြိုးစားလေ ဘာကြောင့် တကယ်ကို တော် တဲ့ ဆေးပညာရှင်တွေ နည်းပါးလေဆိုတာကို နားလည်လေပါပဲ။ ဒါဟာ ဘာကြောင့်လဲဆိုတော့ လူအများစုဟာ ဆေးပင်တွေကို မတတ်နိုင်လို့ပါ ။ ချန်ရှန်လို အလွန်ပါရမီ ရှိပြီး နဂါးမီးတောက် မီး ဖို ရှိသောသူတောင် ဒီလို အဆင့်မြင့် ဆေးအမျိုးအစားကို ကြိုး စား ပြုလုပ်ရာမှာ ချရှုံးမှုတွေ ရှိနေဆဲပါ ။
“အမတော် မေးယို ၊ ကျွန်တော့ကို အားရှိအောင် အနမ်းလေး တစ်ပွင့်လောက် ပေးနိုင်မလား ၊ ဆက်တိုက်ကို မအောင်မြင်ဖြစ် နေ တာ ကျွန်တော်တော့ကြောက်တောင်နေပြီ”
ချန်ရှန် ရှက်တတ်တတ် ပြောဆိုပြီး ထို့နောက် အရူးတစ် ယောက်လိုပင် အော်ရယ်ပါတော့တယ် ။
“လူလိမ်လေး ၊ ငါ့ကိုတောင် အရူးတစ်ယောက်လို လာက စားဖို့ ကြိုးစားနေသေးတယ် ။ ငါ့ကို ဟာသလုပ်တာတော့ ကောင်းပါတယ် ။ မင်းငါ့ အမကျ ဒီလိုမပြောရဲဘူးမလား ။ မင်းမျက်နာတစ်ခုလုံး ရက်အတော်ကြာ ယောင်ကိုင်းသွားမှာ”
“ဒါပေါ့ ၊ ကျွန်တော်သိပါတယ် အမတော် မေးယို ၊ ပထမ တစ်ခါတောင် အနမ်းပေးပြီးပြီပဲ ၊ နောက်တစ်ခါတွေဆိုတာ ဘာမှ မဖြစ်ဘူးမလား”
ချန်ရှန် ရယ်မောကာ ပြန်ပြောလိုက်ပါတယ် ။
ဒီအဖြစ်ဟာ ချန်ရှန် ဒီနဂါးမီးတောက် မီးဖိုကို အနိုင်ရရှိတုန်း က စုမေးယို အနမ်းပေးလိုက်ဖူးပါတယ် ။ ထိုအခိုက်အတန့်ကို ချန်ရှန်ဟာ သတိရ စဉ်းစားနေဦးမယ်လို့ သူမ မမျှော်လင့်မိပါဘူး။
“ကောင်းမွန်တဲ့ကြိုးစားမှုပဲ ၊ ဒါကိုမင်းထပ်ပြောရင် မင်းကို ငါလျစ်လှူရှု လိုက်တော့မယ် ။”
စုမေးယို ခပ်တိုးတိုး ပြောလိုက်ပါတယ် ။ ချန်ရှန်အား ထိုနေ့ က အနမ်းပေးလိုက်ခြင်းအကြောင်း စဉ်းစားမိတော့ စုမေးယို တစ်ယောက် ရီဝေေ၀ ဖြင့် ရှက်မိသွားပါတယ် ။ ဒီလိုအပြုအမူ ဟာပဲ အရမ်းကို ချစ်စဖွယ် ဖြစ်နေသောကြောင့် ချန်ရှန်တစ် ယောက် မိန်းမောသွားပါတော့တယ် ။
“ဟဟ ၊ မြန်မြန် ဆေးသွားလုပ်တော့”
စုမေးယို ၏ မျက်နာ နီသထက်နီလာကာ ခြေဆောင့်လျက် ပြော ပါတယ် ။ သူမ၏ အသံဟာ ဒေါသဖြစ်နေပေမယ့် စွဲဆောင် မှု ရှိလျက်ပါပဲ ။ ထို့နောက် အဖြူရောင် အလင်းတန်းအဖြစ် ကွင်း ထဲသို့ ၀င်ရောက် ပျောက်ကွယ် သွားပါတော့တယ် ။
ချန်ရှန်ဟာ နည်းနည်းတော့ စိတ်အလိုမကျ ဖြစ်သွားတယ် ။ ဒီအလှလေးရဲ့ အသည်းနှလုံးကို ရဖို့ သူအရင်ဆုံး ပိုမို စွမ်းအား ကြီးဖို့ လိုအပ်ပါတယ် ။ ထို့နောက် ဒီခက်ခဲလှသော ဆေးကို မလုပ်ခင် အနည်းငယ် အနားယူလိုက်တယ် ။ ဒီတကြိမ်မှာသာ ကျရှုံးပါက နောက်ထပ် ပြုလုပ်ရန် ဆေးပင်များ ၀ယ်ရတော့ မှာပါ ။
နာရီဝက်လောက် ကြာပြီးနောက် ချန်ရှန်၏ ကိုယ်ပိုင်အ ခန်း ငယ်လေးထဲမှ ရယ်သံများ ထွက်ပေါ်လာပါတော့တယ် ။
“ဟားးဟားးဟားး ၊ နောက်ဆုံးတော့ ငါအောင်မြင်ပြီ ။ နေ့တ၀က်နဲ့ ဒီ ဒြပ်စင်ဆေးကို ဘယ်လိုအောင်မြင်အောင် လုပ်ရ မလဲဆိုတာ သိပြီကွ ဟားဟားး”
စုမေးယို နဲ့ ဘိုင်ယုယု တို့ဟာလဲ ဒီမနှစ်မြို့ ဖွယ် ရယ်သံကြီး ကြောင့် ချက်ချင်းပင် ကွင်းလေးထဲမှ ထွက်လာကြပါတယ် ။
“နောက်တစ်ခါ ဒီလို မနှစ်မြို့ ဖွယ် အသံဆိုးကြီးနဲ့ မရယ်စမ်း နဲ့ ၊ အဲလိုမှ မဟုတ်ရင် မင်းသွားတွေအကုန် ရိုက်ချိုးလိုက်မယ်”
ဘိုင်ယုယု၏ ရေခဲသံကြီး ထွက်ပေါ်လာပါတယ် ။ ဒါဟာ ချန်ရှန်ရဲ့ အပျော်တွေ သဲထဲရေသွန် ဖြစ်သွားသလို ခံစားလိုက် ရပါတယ် ။ သူချက်ချင်းပဲ ရယ်တာကို ရပ်လိုက်ပြီး ပါးစပ်ပိတ် သွားပါတယ် ။ သူတကယ်ပဲ ဘိုင်ယုယု သူ့သွားတွေ ချိုးပစ်မှာကို ကြောက်သွားပုံပါပဲ ။
စုမေးယို ဒါကို မြင်သွားတဲ့အခါ တခစ်ခစ် ရယ်မောပါ တော့ တယ် ။
မီးဖိုကို ဖွင့်လိုက်တဲ့အခါမှာတော့ နဂါးမျက်လုံးအရွယ်အစား ရှိတယ့် အဖြူရောင် ဆေး ၅ လုံးဟာ ပေါ်လာပါတယ် ။ ၎င်းတို့မှ ဝိဉာဉ်တော်ချီဓာတ်များဟာလည်း ထွက်နေလျက်ပါ ။ ဘယ် လိုပဲဖြစ်ဖြစ် ဒီဆေးတစ်လုံးဟာ ငွေစကြီး ၈၀၀၀၀ တန်ကြေး ရှိ ပါတော့တယ် ။
“ဒီကောင်လေးက တော်တော် မနာလိုချင်စရာ ကောင်း တယ် ။ သူ အနည်းဆုံး အကြိမ်ဒါဇင်လောက်တော့ မအောင် မြင် ဘူးထင်ထားတာ ခုတော့ ၂ ကြိမ် ၃ကြိမ်နဲ့ အောင်မြင်သွားပြန်ပြီ ၊ သူက အမြဲဒီလိုပဲ”
စုမေးယိုဟာ သူမ၏ ရင်ထဲ အလွန်ပျော်ရွှင်နေပုံဖြင့် နှုတ်ခမ်း စူလျက် ပြောပါတယ် ။ တော်တော်စွဲမက်စရာပုံလေး ပါပဲ ။
ချန်ရှန်ဟာ ကိုယ့်ကိုကိုယ် ဂုဏ်ယူမိသော်လည်း ထူးဆန်း သောမျက်နာထားနဲ့ တစ်ခုခုကို ပြောဖို့ စဉ်းစားနေပုံပါ .။
“ဒါဟာ အမတော် စုမေးယိုရဲ့ လမ်းညွှန်ပြသမှု နဲ့ အမတော် ယုယု ရဲ့ . . .”
“ငါ လုပ်တာ တစ်ခုမှမပါဘူး”
ဘိုင်ယုယု သူ့စကား မဆုံးခင်ပဲ ဖြတ်ပြောလိုက်ပါတယ် ။
“ဒါပေါ့ ၊ အမတော် ယုယု က အမြဲပါပါတယ် ။ ဘာလို့လဲ ဆို တော့ ကျွန်တော့ နှလုံးသားထဲမှာ နတ်သမီးလေး ၂ ယောက်ရဲ့ စွမ်းအင်တွေ ပြန်လည်ရရှိအောင် ဘယ်လိုကူညီရမလဲပဲ စဉ်းစား နေမိလို့ပါ”
ချန်ရှန် ပြုံးစိစိဖြင့် ပြောလိုက်ပါတယ် ။
ဘိုင်ယုယု ဟာ ချန်ရှန်သူမကို မြှောက်ပင့်ပြီး ဖားနေမှန်း သိပါတယ် ။ ဒါပေမယ့်လည်း အနည်းငယ်တော့ ကျေနပ်သွားပုံပါ ပဲ ။
“နောင်ပိုင်း မင်းနည်းနည်း အားစိုက်ထား ၊ ငါမင်းကို နတ် မိစ္ဆာကျင့်စဉ်တွေ သင်ပေးရင် ပြင်းထန်မှာမို့ပဲ”
ဘိုင်ယုယု ပြောလိုက်တာပါ ။ ပြောပြီးပြီးချင်းပဲ ကွင်းလေးထဲ ၀င်သွားပါတော့တယ် ။
“ကောင်လေး ၊ မြန်မြန်သောက်ပြီး ဆေးလုပ် မင်း အဆင့် ၉ ကို အစောကြီး ရောက်သွားလိမ့်မယ်”
စုမေးယို ကွင်းထဲပြန်မ၀င်ခင် သူ၏ ချွေးများကို သုတ်ပေး သွားပါသေးတယ် ။
ဘယ်လိုပဲဖြစ်ဖြစ် ၊ ချန်ရှန်ဟာ ချက်ချက် ဆေးကို မသောက် ပါဘူး ။ ဒါပြီးနောက် ချန်ရှန်ဟာ စုမေးယိုကို ပြန်ခေါ်ကာ ကျန် ဆေး ၂ မျိုးအား ပြုလုပ်နည်းကို သင်ကြားပေးရန် တောင်းဆိုပါ တယ် ။ စုမေးယိုလည်း စိတ်ပါလက်ပါ သေချာ ပြောပြပေးပါ တယ် ။
အရသာပြောင်းဆေးဟာ ဒီအထဲမှာ အခက်ခဲဆုံးပါ ။ ဆေး ပင်တွေကလည်း ဈေးအကြီးဆုံးပါပဲ ။ ဒါကြောင့် ဒီဆေးဟာ အရမ်းကို တန်ဖိုးရှိကာ ဈေးလဲ အရမ်းကြီးပါတယ် ။ ဒါဟာ ဘာ ကြောင့်လဲဆိုရင် နတ်အတွင်းအား အာရုံတွေကို ၎င်းဟာ တိုး တက်ကောင်းမွန်လာစေလို့ပါ ။ သိထားစရာ အရေးကြီးအချက် ကတော့ နတ်အတွင်းအား အာရုံဟာ စစ်မှန်သော ချီဓာတ်များ အား ထုတ်လွှတ်ဖို့ထက် ပိုမို ခက်ခဲပါတယ် ။ ဒါတင်မက များစွာ သော စွမ်းအားကြီးကျင့်စဉ်တွေကို ၎င်းတို့ရဲ့ လိုအပ်ချက် အလိုက် ကျင့်ကြံဖို့လည်း လိုအပ်ပါသေးတယ် ။
ချန်ရှန်ဟာ ဒီဆေး ဘယ်လောက်ခက်တယ် ဆိုတာကို သိ သောကြောင့် သတိထားပြီး လုပ်တာတောင် ပထမဆုံး အကြိမ် မှာ မအောင်မြင်ခဲ့ပါဘူး ။ ထို့နောက်မှာတော့ အောင်မြင်စွာ ပြု လုပ်နိုင်ရုံသာမက တခါတည်းဖြင့် ၆ လုံးရအောင် ပြုလုပ် နိုင် သဖြင့် အလှပဂေးလေး ၂ ယောက်တောင် အံ့သြလျက် မျက်နာ များပင် ဖြူလျော်လျော် ဖြစ်သွားခဲ့ပါတယ် ။ ၎င်းတို့ ၂ ယောက် ဟာ စိတ်လှုပ်ရှားလျက်ရှိပြီး ချန်ရှန်ဟာ နောင်အနာဂတ်မှာ ဆေးပညာ ပါရမီ ရှင်တစ်ယောက်ဖြစ်ပြီး ဆေးလောကမှာ ထိပ် ရောက်လိမ့်မယ်ဆိုတာ အသေအချာ သိနေကြပါတော့တယ် ။
ဒီ အရသာပြောင်းဆေးအတွက် ပါဝင်ပစ္စည်းဟာ လေးစုံစာ ရှိတာ ဖြစ်ပြီး ချန်ရှန်ဟာ ၁ ကြိမ်သာ ကျရှုံးခဲ့သောကြောင့် ၃ စုံစာ အတွက် ဆေး ၁၈ လုံး ရှိနေပါပြီ။ တစ်လုံးစာဟာ ငွေစကြီး ၁၀၀၀၀၀ တန်သောကြောင့် စုစုပေါင်းအားဖြင့် ၁၈၀၀၀၀၀ ရနေ ပြီ ဖြစ်ပါတယ် ။ ဆေးတစ်စုံစာအတွက် ကုန်ကျစရိတ်မှာ ၁၅၀၀၀၀ ပဲရှိပြီး သူဟာ တစ်စုံကို ၆ လုံးပြုလုပ်နိုင်တာ ဖြစ်ပါ တယ် ။ ချန်ရှန်ဟာ တကယ် ကံကောင်းတဲ့လူပါပဲ ။
“ကောင်လေး ၊ မင်းအခု အနားယူတော့ မလို့လား ၊ ငါတို့ မင်း ဝိဉာဉ်တော်အဆင့်ဆေးတွေ အောင်မြင်အောင် လုပ်တာကို စောင့်နေတယ် ။ ဆင်ခြင် ထပ်မပေးနဲ့”
စုမေးယိုက ပြောလိုက်တာပါ ။ သူမဟာ ချန်ရှန်၏ ဆေးပ ညာပါရမီကြောင့် တော်တော် အံ့သြလျက် ပျော်နေပါတယ် ။ ဒါပေမယ့်လည်း သူမဟာ ချန်ရှန်ကို ဒီအောင်မြင်မှုကြောင့် သိပ်ပြီးလည်းဂုဏ်ယူ မ၀င့်ကြွားစေချင်ပါ ။
ချန်ရှန်လည်း သူ၏ ခေါင်းကို ညိမ့်လျက် တုံ့ပြန်လိုက်ပါ တယ် ။ ညနေပိုင်းမှာတော့ ချန်ရှန်ဟာ ဆေးများစားလိုက်ပြီး မြို့ ပြင်သို့ လေ့ကျင့်ရန် ထွက်လာပါတယ် ။သူဟာ ချီဓာတ်များ ကို ပြုလုပ်နေရုံသာမက သူ၏ အတွင်းအပြင်ခန္ဓာကိုယ်ကို နည်း များစွာသုံးပြီး သန့်စင်နေပါတယ် ။ ဒါဟာ သူ၏ ကိုယ်အား ပိုမို စွမ်းအားကြီးစေရုံသာမက စစ်မှန်သော ချီဓာတ်များကို ဝိဉာဉ်တော်ချီဓာတ်များ အဖြစ် လျင်မြန်စွာ ပြောင်းလဲပေး နိုင် ပါတယ် ။
တလလောက် ချန်ရှန်ဟာ ဒီအသုံးများတဲ့ ဆေး သုံးမျိုးကို ရင်းနှီးကျွမ်းဝင်လာပြီး ပြုလုပ်နိုင်လာပါတယ် ။ ဒါတင်မက သိပ် အသုံးမတွင်ကျယ်တဲ့ ဆေးများကိုလည်း သူ၏ ဆေးပညာစွမ်း ရည်များ တိုးတက်လာစေရန် ပြုလုပ်ဖို့ ကြိုးစားခဲ့ပါတယ် ။ ပိုမို ကျွမ်းကျင်စိတ်ချရအောင် တခြားသော မီးဖိုများဖြင့် ဆေးများ ပြု လုပ်ခဲ့ပါသေးတယ် ။ တခြားသောမီးဖိုများနဲ့ ပြုလုပ်ရာမှာ အစပိုင်းတွင် အနည်းငယ်သော မအောင်မြင်မှုများ ရှိခဲ့သော် လည်း နောက်ပိုင်းတွင်အောင်မြင်ခဲ့သည်ချည်းသာ ဖြစ်ပါတယ် ။ ဒါပေမယ့် အချိန်တော့ ကြာမြင့်လျက်ပါ ။
ဥပမာအားဖြင့် – ဒြပ်စင်ဆေးကို နဂါးမီးတောက်မီးဖိုတွင် ပြု လုပ်ရန် နာရီဝက်သာ ကြာသော်လည်း တခြားမီးဖိုမှာတော့ တစ် ရက်လုံး အချိန်ကုန်ပါတယ် ။
တစ်လဖြင့် ချန်မျိုးနွယ်ဟာ ဘုရင့်မြို့ တော်မှာ တည်ငြိမ်လာ ပြီး သူတို့၏ ဆေးဈေးကွက်ဟာလည်း ကျယ်ပြန့်လာပါတယ် ။ ၎င်းတို့ ရောင်းသော ဆေးများဟာ အလွန်ဈေးသက်သာ သော် လည်း အရည်အသွေးမှာတော့ များစွာ ကောင်းမွန်သောကြောင့် လူတွေဟာ အရမ်းကို အားပေးကြပြီး ငွေများစွာ ရရှိနေပါပြီ ။
မနက်ပိုင်းမှာတော့ ချန်ရှန်ဟာ မြို့ ပြင်ဘက်မှာရှိတဲ့ ချန်မျိုး နွယ် အိမ်တော်ကြီးသို့ ပြန်လာခဲ့ပါတယ် ။ ရေချိုးပြီးနောက်မှာ တော့ အိမ်တော်ထ်ိန်းကြီး လာမာ ဟာ အလောတကြီး ထွက် လာတာကို တွေ့ လိုက်ရပါတယ် ။
“သခင်လေး ၊ သခင်ကြီးတော့ တစ်ခုခုဖြစ်နေပြီ”
လာမာ ကတိုက်ကရိုက် ပြောပါတယ် ။
“ဘာဖြစ်တာလဲ ၊ ပြောပါဦး”
ချန်ရှန် အမြန်ပဲ မေးလိုက်တယ် ။
“လွန်ခဲ့တယ့် ၁၀ ရက်တုန်းက ခေါင်းဆောင်ဟာ ကိစ္စရှိလို့ ထွက်သွားတာ ပြန်လာတော့ အဆိပ်မိနေတယ် ။ ခု တခြားသော အကြီးအကဲများသာမက မန်ဘိုပါ သူတို့ရဲ့ ချီဓာတ်တွေနဲ့ အဆိပ်ကို ဖြေပေးနေကြတယ် ။ သခင်ကြီးတော့ အသက်ဘေး စိုးရိမ်နေရပြီ”
လာမာ စကားဆုံးဆုံးချင်းပဲ ချန်ရှန် ချက်ချင်းပင် လှည့်ထွက် လာပါတော့တယ် ။
ချန်ရှန်ဟာ အခန်းထဲရောက်တော့ နည်းနည်း စိတ်သက် သာရာ ရသွားတော့တယ် ။ တခြားသော အကြီးအကဲများနဲ့ မန် ဘိုတို့ဟာ သူတို့ရဲ့ လက်များကို ချန်တျန်းဟူ၏ ကိုယ် အပေါ်ပိုင်း အား ဖိထားပြီး သူတို့ရဲ့ ချီဓာတ်များကို ထည့်ကာ အဆိပ်ကို ဖြေ လျော့ ပေးနေပါတယ် ။
ချန်တျန်းဟူ ရဲ့ စွမ်းအားများနဲ့ ကြွက်သား ခန္ဓာကိုယ်ဟာ ခုတော့ ဘာမှမရှိတော့ပေ ။ သူ၏မျက်နာမှာလည်း သွေးမရှိပဲ အမည်းရောင်ချီဓာတ်များသာ မြင်နေရပြီး အဆိပ်မိကြောင်း သက်သေပြနေသလိုပါပဲ ။
အနီးနားက ချန်လုဇောင်၏ မျက်ခုံးများဟာ မြင့်တက် သွား ပါတယ် ။ အရမ်းသေးငယ်တဲ့ အပ်လေးတစ်ခုကို မြင်လိုက်ရလို့ ပဲ ဖြစ်ပါတော့တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset