Switch Mode

Chapter – 12.4

" ရှုစန်းရှီနဲ့ ကျန်းနန်နန် "

Chapter – 12.4 ” ရှုစန်းရှီနဲ့ ကျန်းနန်နန် ”
°°°
ပေ့ပေ့က ပြုံးပြရင်း ပြန်ပြောလိုက်ပါတယ်။

” မင်းရှုံးရင်ကောဘယ်လိုလဲ ”

ရှုစန်းရှီက နှာခေါင်းရှုံ့လိုက်ရင်းနဲ့ ပြန်ဖြေလာခဲ့တယ်။

” ငါမင်းကို ၀ိညာဥ်ရွှေပြားတစ်ထောင်ပေးမယ် ”

ပေ့ပေ့ကတော့ ခေါင်းသာခါလိုက်ပါတယ်။

” အလုပ်မဖြစ်ဘူး ထူးဆန်းရေဆေးလုံးက ၀ိညာဥ်ရွှေပြားတစ်ထောင်မတန်ဘူး ဒီတော့ မင်းနဲ့ ငါမမျှတတဲ့လောင်းကြေးမပေးချင်ဘူး ”

” ငါလဲ အဲ့ဒီလောက်ပဲ ပိုက်ဆံရှိတယ်…အကယ်၍ မင်းသဘောမတူဘူးဆိုရင် ငါစိတ်ဆိုးတော့မှာ ”

ပေ့ပေ့က သက်ပြင်းချရင်း ပြောလာခဲ့ပါတယ်။

” ငါက ပိုက်ဆံမရှိတဲ့ပုံပေါက်နေလို့လား ကောင်းပြီ ငါမင်းကို အခွင့်အရေးပေးလိုက်မယ်. ..မင်းမှာ နောက်ထပ် ဆေးလုံးတွေရှိနေတာကို ငါသိတယ်….ထူးဆန်းရေဆေးလုံး နောက်တစ်လုံးယူလာပြီး လောင်းကြေးထပ်လိုက် ”

ရှုစန်းရှီရဲ့ မျက်လုံးပေါ်မှာတော့ တအံ့တဩအရိပ်အယောင် ပေါ်လာပါတော့တယ်။

” ငါက မင်းရဲ့ ထောင်ချောက်ထဲဘာလို့ရောက်သွားလဲလို့ ခံစားနေရတာလဲ ကြည့်ရတာ မင်းငါ့ကို အနိုင်ယူနိုင်မယ်လို့ သေချာနေတဲ့ပုံပဲ ”

” မင်းကမှ လောင်းကြေးထပ်ချင်နေတဲ့သူလေ ငါမဟုတ်ဘူး…နောက်ထပ် လောင်းကြေးမထပ်ဖို့ မင်းရွေးလို့ရသေးတယ်…ရှုံးတဲ့အချိန်ကြမှ လာပြီးအော်ဟစ်မနေနဲ့ ”

” ငါက ရှုံးမဲ့ပုံပေါ်နေလို့လား ငါမင်းကို အနိုင်ယူနိုင်မယ်လို့ အာမမခံနိုင်ပေမဲ့ မင်းလဲငါ့ကို မောင်းထုတ်ပြစ်ဖို့တော့ လွယ်မှာမဟုတ်ဘူး….အကယ်၍ ငါတို့သာ သရေကျမယ်ဆိုရင် လောင်းကြေးက ဘယ်လိုဖြစ်သွားမလဲ “‘

ဒါပေမယ့် ပေ့ပေ့က သူ့အရူးလုပ်တာမခံရပါဘူး။

” ဒါဆိုရင် ရှိနေတာကိုပဲ ထိန်းသိမ်းထားရတာပေါ့ မြန်မြန် နှေးတိနှေးတုန် လုပ်မနေနဲ့ ”

ရှုစန်းရှီက အံကြိတ်ရင်းနဲ့ ပြောပါတယ်။

” ကောင်းပြီ ငါမင်းနဲ့လောင်းမယ် ခွေးမသား မင်းက တကယ်ငါထက်မသန်မာပေမဲ့ အရမ်းကောက်ကျစ်တာပဲ ငါမင်းလှည့်စားတာ နောက်ထပ်တစ်ခေါက် ခံလိုက်ရပြန်ပါပြီ အဆိုးတကာ အဆိုးဆုံးကြီးဖြစ်နေတာပဲ ငါပြန်တဲ့အချိန် ငါမင်းကို ငါ့အဖေနဲ့သာ တိုင်ပြစ်လိုက်ချင်တယ် ”

ပေ့ပေ့ကတော့ ပြုံးနေဆဲပါ။ ရှုစန်းရှီက သူ့အမူအရာပြောင်းမလားလို့ မျှော်လင့်နေခဲ့ပေမဲ့ ဘာကိုမှမတွေ့ရပါဘူး။

“‘မင်းကတော့လေ တကယ်ငတုံးမဟုတ်ဘူး…ဒါပေမယ့် ကျန်းနန်နန်နဲ့ ပတ်သက်တဲ့ကိစ္စတွေဆိုရင် အမြဲတမ်းအရူးလိုဖြစ်သွားတော့တာပဲ အရင်ဘ၀တုန်းက ရန်သူအဖြစ်နဲ့များ သေပြီးမွေးလာကြလားမသိ ကျန်းနန်နန်က လှပေမဲ့ ကျောင်းတော်ထဲမှာ သူ့ထက်ပိုပြီးတော်တဲ့သူ အများကြီးရှိတယ်လေ….ဘာကြောင့်များ သူ့ကိုပဲ ကပ်တွယ်နေရတာလဲ ”

” အတူတူနဲ့ အနူနူချင်းကို နှာတစ်ဖျားပိုမသာချင်နေနဲ့ ဒီတော့ ငါမင်းကိုမေးမယ် ..မင်းငါ့ကို ထန်ယာ့ပေးလို့ဆိုလို့ရှိရင်း မင်းပေးမလား ”

ပေ့ပေ့လဲ ချက်ချင်းဆိုသလို ပြန်ပြောပါတော့တယ်။

” မင်းခန္ဓာကိုယ်အခြေအနေ အမြန်ပြန်ပြီး ထိန်းသိမ်းလိုက် မဟုတ်ရင် နောက်မှရှုံးသွားတာကို လာအပြစ်မပြောနဲ့ ငါသွားတော့မယ် ”

ပြောပြီးပြီချင်း သူထွက်သွားပါပြီ။

ထန်ယာ့ရဲ့ ခန့်မှန်းချက်က အမှန်တကယ်ဖြစ်လာခဲ့ပါတယ်။ လက်ရှိအချိန်မှာ နယ်မြေထဲကို လာပြီးစောင့်ကြည့်တဲ့ကျောင်းသားက လေးရာကျော်သွားခဲ့ပါပြီ။ ပြိုင်ပွဲသာ တကယ်စတင်ခဲ့မယ်ဆိုရင် ကျောင်းသားငါးရာကျော်သွားမယ်ဆိုတာ အမှန်ပါပဲ။

“‘ဟို့ယွိဟောင် ”

ဒေါသတကြီးအသံက ဟို့ယွိဟောင်ကို မျက်လုံးပြူးသွားစေခဲ့ပါတယ်။ တစ်ဖက်မှာတော့ သူ့လှည့်ကြည့်လိုက်ချိန်မှာ ၀မ်သုန့်ကို မြင်လိုက်ရတယ်။

” ဘာလို့ရောက်လာတာလဲ ”

ဟို့ယွိဟောင်က မေးလိုက်မိပါတယ်။ အစောပိုင်းတုန်းက ၀မ်သုန့်ရဲ့ ခန္ဓာကိုယ်ပုံစံကို ပြန်တွေးမိလိုက်တာကြောင့် စိတ်ထဲမှာ အပြစ်မကင်းသလိုဖြစ်နေခဲ့မိတယ်။

အခုအချိန် ၀မ်သုန့်ကတော့ မျက်နှာတွေနီနေတုန်းပါပဲ။ ဟို့ယွိဟောင်ဘေး လာထိုင်ရင်းနဲ့ သူပြောလိုက်တယ်။

“‘မင်းဘာမြင်လဲ ငါ့ကို ပြောစမ်း ”

” ဘာမှမမြင်ပါဘူး ”

ဟို့ယွိဟောင် ချက်ချင်းဆိုသလို ပြန်ဖြေပါတော့တယ်။

” နောက်တစ်ခေါက် မင်းတံခါးမခေါက်ဘူးဆို ငါမင်းကိုသတ်မယ် ”

ဟို့ယွိဟောင်လဲ သူ့အမှားလုပ်မိတာကိုသိတဲ့အတွက် ပြောလာခဲ့ပါတယ်။

” ငါတို့အားလုံးယောက်င်္ကျားတွေပဲလေ တစ်ခုခုမြင်သွားလဲ မင်းမှာ ဘာအရှုံးမှမရှိနိုင်ဘူးလေ ”

” ဘာပြောလိုက်လဲ ”

၀မ်သုန့်က ဒေါသထွက်လာခဲ့ပါပြီ။ ဒါကြောင့် ဟို့ယွိဟောင်ကို လက်မြောက်ပြီးဆွဲဖို့ လုပ်ပါတော့တယ်။

ရုတ်တရက်ဆိုသလို ၀မ်သုန့်ရဲ့လက်ကို နောက်လက်တစ်ဖက်က ၀င်လာပြီး ရိုက်ချလိုက်ပါတယ်။ ဒီတစ်ကြိမ်မှာပဲ ထန်ယာ့ရဲ့ အသံက ထွက်ပေါ်လာခဲ့တယ်။

“‘ယွိဟောင် ငါ့ကိုမိတ်ဆက်မပေးရသေးဘူးနော် ”

ထန်ယာ့ရှိနေမှန်း သတိထားမိချိန်မှာ ၀မ်သုန့်လဲ ရပ်သွားပါတယ်။ ထန်ယာ့ရဲ့လှပတဲ့ မျက်နှာကို မြင်ချိန်မှာ သူလဲတခဏတာ မျက်လုံးပြူးသွားခဲ့တယ်။ ဒါပေမယ့် ခပ်မြန်မြန်ပဲ မျက်နှာပြန်လွဲလိုက်ပါပြီ။ အစမှာ ဟို့ယွိဟောင် ပြေးသွားပြီတဲ့နောက် ၀မ်သုန့်က အ၀တ်အစားတွေကို ၀တ်ရင်း သူ့ကိုလိုက်ဖမ်းဖို့လုပ်ခဲ့တယ်။ ဒါပေမယ့် ဟို့ယွိဟောင်ကို အရိပ်လေးတောင်မှ မတွေ့ရပါဘူး။ သူလဲ တရားထိုင်ပြီ ကျင့်ကြံဖို့အတွက် လုပ်ပေးမဲ့ သူ့ကိုယ်သူ ဘယ်လိုမှစိတ်ငြိမ်အောင် မထိန်းနိုင်ပဲ ရှိနေခဲ့တယ်။ အဲ့ဒီအချိန်မှာပဲ ပြိုင်ပွဲစတင်တော့မဲ့အကြောင်းကိုကြားလိုက်ရတာကြောင့် အပြင်ပြေးအောင် ထွက်လာခဲ့ရပါတယ်။ ဒါပေမယ့် ဟို့ယွိဟောင်နဲ့ ထန်ယာ့ကို ဒီနေရာမှာ လာတွေ့ရမယ်လို့ မထင်ထားခဲ့မိပါဘူး။

” ဆရာရှောင်ယာ့ ဒါက ကျွန်တော်ရဲ့အခန်းဖော် ၀မ်သုန့်ပါ ၀မ်သုန့် ဒါက ထန်ယာ့ ငါတို့ရဲ့ အတန်းကြီးအစ်မတွေထဲက တစ်ယောက်ပဲ ”

ရိုးရိုးရှင်းရှင်းသာ သူမိတ်ဆက်ပေးလိုက်ပါတယ်။

၀မ်သုန့်ကလဲ ထန်ယာ့ကို ခေါင်းညိတ်လိုက်တယ်။

” ခန့်ညားလိုက်တဲ့ လူငယ်လေးပါလား ယွိဟောင် သူ့ကို ငါတို့ထန်မျိုးနွယ်ထဲ ၀င်ဖို့အတွက် မင်းမတိုက်တွန်းချင်ဘူးလား “‘

ထန်မျိုးနွယ်ဆိုတဲ့စကားကို ကြားချိန်မှာ ၀မ်သုန့်က တစ်ကိုယ်လုံး တုန်ရီသွားပါတော့တယ်။

” မင်းတို့နှစ်ယောက်စလုံးက ထန်မျိုးနွယ်ကလား ”

ထန်ယာ့က ခေါင်းညိတ်ရင်းနဲ့ ပြောလိုက်ပါတယ်။

” အခုလောလောဆယ်ဆယ် ငါတို့သုံးယောက်ပဲရှိတယ်လေ ငါကလက်ရှိအချိန်မှာ မျိုးနွယ်စုခေါင်းဆောင်ပဲ ဘယ်လိုလဲလန့်သွားပြီလား လာလေထန်မျိုးနွယ်က မင်းကိုကြိုဆိုနေမယ် “‘

ထန်ယာ့က ပုံမှန်အတိုင်း အရမ်းကို လွတ်လွတ်လပ်လပ် ပြောဆိုတတ်တဲ့သူပါ သူက ကိစ္စတွေကို မတွေးတတ်တော့ပဲ လူတိုင်းကို ဖိတ်ခေါ်နေခဲ့ပါတယ်။ ဒါ့အပြင် ၀မ်သုန့်က ပုံမှန်မဟုတ်တဲ့သူဆိုတာ သိပြီသားပါ။ စွမ်းအင်တွေက ဖုံးကွယ်ထားပေမဲ့ ၀ိညာဥ်စွမ်းအားက အတော်လေးကို သိပ်သည်းနေခဲ့တယ်။ တစ်ကြည့်ကြည့်လိုက်ရုံနဲ့တင် ဟို့ယွိဟောင်ထက် အများကြီးသာတာကို သိရမှာပါ။

ဒါပေမယ့် ထန်ယာ့ အံ့ဩလောက်အောင် ၀မ်သုန့်က တခဏတာ စဥ်းစားပြီတဲ့နောက် ချက်ချင်းခေါင်းညိတ်လိုက်ပါတယ်။

” ရတာပေါ့ ထန်မျိုးနွယ်ရဲ့ လျှို့၀ှက်လက်နက်တွေအကြောင်းကို အရင်ကထဲက ကြားဖူးနေတာ မျိုးနွယ်စုခေါင်းဆောင်ထန် ငါလဲ ထန်မျိုးနွယ်ကို၀င်ချင်တယ်…ကျေးဇူးပြုပြီ လက်ခံပေးပါ ”

” တကယ်ကြီး၀င်ချင်တာလား ဒါပေမယ့် ငါတို့ထန်မျိုးနွယ်မှာ လူသုံးယောက်ပဲ ရှိသေးတယ်လေ ”

ထန်ယာ့ကိုယ်တိုင်းတောင် သူ့ဘာသာသူ ပြန်လန့်နေခဲ့ပါတယ်။ သူ့ကိုပဟေဠိဖြစ်တဲ့ အကြည့်နဲ့ ကြည့်နေခဲ့တယ်။

၀မ်သုန့်က အလေးအနက်ခေါင်းညိတ်ရင်းနဲ့ ပြောလာခဲ့ပါတယ်။

” ထန်းမျိုးနွယ်ထဲကို၀င်ပြီ လျှို့၀ှက်ပုန်းတွေကို ဘယ်လိုအသုံးပြုရမလဲဆိုတာ သင်ယူချင်တယ် ”

ထန်ယာ့ရဲ့ အမူအရာက ချက်ချင်းဆိုသလို လေးနက်သွားပါတော့တယ်။

” ဒီကိစ္စကို ငါပြန်တွေးဖို့လိုတယ်…ကျေးဇူးပြုပြီ စောင့်ဆိုင်းပေးပါဦး အဲ့ဒီနောက် အဖြေကို ဟို့ယွိဟောင်ကနေ တစ်ဆင့် ပို့ပေးလိုက်ပါ့မယ် ”

သူတို့စကားပြောနေချိန်မှာပဲ ပေ့ပေ့က ပြိုင်ပွဲနယ်မြေထဲကို ၀င်ရောက်လာခဲ့ပါပြီ။ တစ်ချို့ကျောင်းတော်သားတွေကတော့ ချက်ချင်းဆိုသလို သူ့နာမည်ကို အော်ဟစ်ကြပါတော့တယ်။

” မိုးကြိုးသွားပေ့ပေ့ ”

ပေ့ပေ့ကတော့ ပြုံးပြရင်းနဲ့ ကြည့်နေသူကျောင်းသားတွေကို လက်ဝှေ့ရမ်းလိုက်ပြန်ပါတယ်။ အဲ့ဒီနောက် သူ့အကြည့်က လူတွေကို ရှာဖွေနေခဲ့တယ်။

ထန်ယာ့က မတ်တပ်ထရပ်ရင်း ပေ့ပေ့ကို သူတို့ရှိတဲ့နေရာကို သူတို့ရှိနေတဲ့အကြောင်း လက်ဝှေ့ရမ်းရင်း ညွှန်ပြလိုက်ပါတယ်။ အတော်လေး အကွာအဝေးကြီးမားနေတာကြောင့် စကားသံကတော့ မကြားနိုင်ပါဘူး။ ဒါပေမယ့် တခဏတာအတွင်းမှာပဲ ထန်ယာ့ကို သူရှာတွေ့သွားပါတော့တယ်။ ထန်ယာ့ကလဲ အေးအေးဆေးဆေးနဲ့သာ ပြန်ပြီး ထိုင်နေလိုက်တယ်။

” ယွိဟောင် စိတ်၀ိညာဥ်ထောက်လှမ်းရေးက ဘယ်လောက်အထိ ရောက်ပြီလဲ ”

ထန်ယာ့က ခပ်တိုးတိုးမေးလိုက်တယ်။

” တစ်နေရာထဲကိုပဲ အားစိုက်မယ်ဆိုရင် မီတာငါးဆယ်အထိ ရောက်နိုင်တယ် ”

အစောပိုင်းတုန်းက တစ်နေရာထဲကို ထောက်လှမ်းပြီ မျှဝေဖို့ ၀မ်သုန့်နဲ့သူ စမ်းသပ်ကြည့်ပြီသားပါ။ အကယ်၍ ပုံမှန်အတိုင်းသာ ထုတ်လွှတ်မယ်ဆိုရင် မီတာသုံးဆယ်ပတ်လည်ကို ရောက်နိုင်ပါတယ်။ တခြားတစ်ဖက်မှာတော့ မီတာငါးဆယ်ဆိုတာက သူ့ရဲ့ ကန့်သတ်ချက်နှစ်ဆနီးပါး ရှိနေခဲ့တယ်။ ဒါပေမယ့် ဟို့ယွိဟောင်ရဲ့ ၀ိညာဥ်စွမ်းအားတွေကို အများကြီး ကုန်ဆုံးစေနိုင်တာကြောင့် သိပ်ပြီးသုံးလေ့မရှိပါဘူး။

ထန်ယာ့က ချက်ချင်းဆိုသလို ညာဘက်လက်ကို မြောက်ပြလိုက်ရင်း ပေ့ပေ့ကို လက်ဟန်တစ်ချို့ ပြလိုက်ပါတယ်။ ပေ့ပေ့ကလဲ သူ့ကို ပြန်ခေါင်းညိတ်ပြတယ်။

ဒီတစ်ကြိမ်မှာ ရှုစန်းရှီကတော့ ပြိုင်ပွဲကွင်းပြင်ထဲကို ၀င်ရောက်လာခဲ့ပါပြီ။ သူတို့နဲ့အတူတူ လေးဆယ်ကျော်ဆရာတစ်ယောက်လဲ လိုက်ပါလာခဲ့ပါတယ်။

ယှဥ်ပြိုင်မဲ့နေရာကို ရောက်ချိန်မှာတော့ ရှုစန်းရှီနဲ့ ပေ့ပေ့နှစ်ယောက်စလုံးက မျက်နှာထားတွေ တင်းမာသွားကြပါတော့တယ်။ သူတို့တွေ ဒီလိုတိုက်ခိုက်တာ ပထမဆုံးအကြိမ်မဟုတ်ဘူး။ အတိတ်အချိန်မှာ နှစ်ယောက်စလုံးက တစ်ယောက်နဲ့တစ်ယောက်အနိုင်ရလိုက် ရှုံးနှိမ့်လိုက်နဲ့ ဖြတ်သန်းခဲ့ရပါတယ်။ များသောအားဖြင့် သရေအဖြစ်သာ အဆုံးသတ်ခဲ့တာပါ။ ဒါ့အပြင် ပြိုင်ပွဲတွေကနေလဲ အတော်လေး ပိုက်ဆံရခဲ့ပါတယ်။ ဒါကြောင့်မလို့ နှစ်ယောက်က အရမ်းရင်းနှီးတဲ့ သူငယ်ချင်းတွေဆိုတာ ဘယ်သူကိုမှ ထုတ်မပြောကြပါဘူး။

ဆရာကတော့ ကွင်းပြင်ရဲ့အလယ်ကို လျှောက်လာရင်း ကြော်ငြာလိုက်ပါတယ်။

” စတုတ္ထနှစ်ကျောင်းသား ပေ့ပေ့က ပဥ္စမနှစ်ကျောင်းသား ရှုစန်းရှီကို စိန်ခေါ်တယ်…အကယ်၍ ရှုစန်းရှီသာ ဒီပြိုင်ပွဲကို ရှုံးသွားရင်း ပေ့ပေ့ကို ၀ိညာဥ်ရွှေပြားဆယ့်ပြားပေးရမယ်…ဒါ့အပြင် သီးသန့်လောင်းကြေးတွေလဲ ပြင်ဆင်ထားသေးတယ်…မင်းတို့နှစ်ယောက် အဆင်သင့်ဖြစ်ပြီလား ”

ပေ့ပေ့နဲ့ ရှုစန်းရှီ နှစ်ယောက်စလုံးက ခေါင်းညိတ်လိုက်ပါတော့တယ်။

အပိုင်း ၁၂•၄ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset