အပိုင်း ၂၀၄•၂
” ဓားအရူးရဲ့အထီးကျန်နယ်မြေ ”
°°°
တချွင်ချွင်မြည်တဲ့အက်ကွဲသံတွေက နှင်းဖြူရောင်တောက်နေတဲ့ဥက္ကာပျံဓားဆီကနေ ထွက်ပေါ်လို့လာခဲ့ပါတယ်။ အဲ့ဒီနောက် ဒီဓားကသန်းနဲ့ချီတဲ့ အပိုင်းပိုင်းအစစတွေအဖြစ်ကို ပြောင်းလဲလို့သွားရင်း လေနဲ့အတူပျောက်ကွယ်လို့သွားခဲ့ပါပြီ။
ဟို့ယွိဟောင်ကတော့ မီတာနှစ်ဆယ်အကွာမှာရှိတဲ့ မြေပြင်ပေါ်မှာနေရာယူထားခဲ့ရင်း သူ့ရဲ့ပြိုင်ဘက်ကိုစိုက်ကြည့်လို့နေခဲ့ပါတယ်။ ကျွီကျွယ်ချန်ကတော့ ဘာမှမပြောတော့ပါဘူး။ ဒီဓားကသူ့လက်ထဲမှာရှိနေခဲ့တာ အနှစ်နှစ်ဆယ်ကျော်ခဲ့ပါပြီ။ ဒါပေမယ့် ဒီလိုအပိုင်းပိုးဖြစ်ပြီပျောက်ကွယ်သွားတာတောင် တစ်ချက်လေးမှစိတ်ထိခိုက်တဲ့ပုံမရှိပါဘူး။
တိုက်ပွဲကဒီမှာအဆုံးမသတ်သေးပါဘူး။ ကျွီကျွယ်ချန်က ညာဘက်လက်ကိုလေထဲမှာမြောက်လိုက်ပြီ ဟို့ယွိဟောင်ကိုလက်ညိုးထိုးလိုက်ပါတယ်။ မီးခိုရောင်ဓားအင်အားတွေက အကောင်အထည်ဖော်လာခဲ့ပြီတဲ့နောက် လေထဲမှာဖြည်းဖြည်းချင်းဆိုသလို ဓားအရိပ်တစ်ခုအဖြစ်ကိုပြောင်းလဲလို့သွားတော့တယ်။ ဒီဓားအရိပ်ကသုံးမီတာကျော်ရှည်လျားပြီ ဟို့ယွိဟောင်ဆီကို ပြေးထွက်လို့သွားခဲ့ပါတယ်။
ဟို့ယွိဟောင်ကတော့ ညာဘက်လက်ကိုမြောက်ထားခဲ့ရင်း တူညီတဲ့အလင်းဓားနဲ့ ပြန်ပြီခုတ်ချလိုက်ပါတယ်။ ဒီဓားအလင်းတန်းကတော့ အပြာရင့်ရောင်ဖြစ်နေခဲ့ပြီ တစ်ချက်ပေါ်လာပြီနောက်မှာတင် ပြန်လည်ပျောက်ကွယ်လို့သွားပါတယ်။ ဓားအလင်းတန်းတွေက မြင်တွေ့ရတာအတော်ကိုကျယ်ပြန့်ပေမဲ့ တကယ်တမ်းမှာတော့ စာရွက်လေးတစ်ရွက်လောက်တောင် မထူထည်ပါဘူး။ အတော်ကိုပါးလွှားနေခဲ့သလို ဒီဓားတွေရဲ့ပွတ်တိုက်မှုကလဲ ကောင်းကင်ကြီးပေါ်မှာထင်ထင်ရှားရှားမြင်တွေ့လို့နေခဲ့ရတယ်။
ကျောချမ်းစရာကောင်းလွန်လှတဲ့ အသံကျယ်ကြီးက ထွက်ပေါ်လို့လာခဲ့သလို ကောင်းကင်မှာလဲအနက်ရောင်လေဟာနယ်အက်ကွဲကြောင်းတစ်ခုဖြစ်ပေါ်လို့လာခဲ့ပြန်ပါပြီ။
နားစည်ကွဲအက်မတတ်အသံတွေက ဒီအနက်ရောင်အက်ကွဲကြောင်းပျောက်ကွယ်သွားပြီတဲ့အချိန်မှသာ ထွက်ပေါ်လို့လာပါတော့တယ်။ အရပ်မျက်နှာပေါင်းစုံဆီကို ကြောက်စရာအင်အားလှိုင်းတွေက ဆန့်ထွက်လို့သွားခဲ့ပြီ ရိုက်ခတ်မှုကကြီးမားခဲ့တယ်။ ကျွီကျွယ်ချန်က ချက်ချင်းနောက်ကိုဆုတ်လိုက်ရသလို သူ့ရဲ့ခြေထောက်ကလဲ မြေပြင်ပေါ်မှာနက်နက်ရှိုင်းရှိုင်းနစ်၀င်လို့သွားခဲ့ပါတယ်။ တခြားတစ်ဖက်မှာတော့ ဟို့ယွိဟောင်ရဲ့အခြေအနေကလဲ သိပ်မကောင်းလှပါဘူး။ သူတစ်ကိုယ်လုံးက လေထဲကိုလွှင့်သွားခဲ့ပေမဲ့ သူကတော့ သရဲအရိပ်ခြေရာကိုအသုံးပြုရင်းကောင်းကင်မှာနှင်းပွင့်လေးတွေလိုမျိုး လွှင့်မျောနေဆဲပါ။ ဒါ့အပြင် မြေပြင်ပေါ်ကိုပြန်ကျလာပြီ ခြေထောက်ကိုခိုင်အောင်မလုပ်နိုင်ခင်အထိ အသာအယာလွှင့်မျောလို့နေခဲ့ပါတယ်။
မြေပြင်ပေါ်ကိုသူခြေချပြီချိန်မှသာ အဝေးမှာရှိတဲ့ကျွီကျွယ်ချန်ကို လှမ်းကြည့်တော့တယ်။
” မင်းတကယ်ပဲ စိတ်၀ိညာဥ်စွမ်းအားနဲ့ ၀ိညာဥ်စွမ်းအားကြားက ပေါင်းစည်းရေးလျှို့၀ှက်ချက်ကိုနားလည်သွားပြီပဲ တကယ်ကိုဓားအရူးဆိုတဲ့နာမည်နဲ့ လိုက်ဖက်ပေပါတယ်…အကယ်၍ ငါထင်တာသာမမှားဘူးဆိုရင် ဒါကမင်းရဲ့နယ်မြေပဲဖြစ်ရမယ်…အဲ့ဒါကိုဘာလို့ခေါ်လဲ ”
” အထီးကျန်နယ်မြေလို့ခေါ်တယ်…ပြီးပြည့်စုံအောင်တော့မလုပ်နိုင်သေးဘူး…သေချာပေါက် မင်းကိုတားဖို့ကျင့်ယန်ကို လိုနေမှာမဟုတ်ဘူး ”
” အမှန်တကယ်တော့ ငါတို့နှစ်ယောက်ကြားမှာ ပြိုင်ပွဲကရှိနေတုန်းပဲလေ မင်းရဲ့တိုက်ခိုက်တဲ့ပုံစံက ပြိုင်ဘက်ကင်းလွန်တယ်…မင်းကတခြားသူတွေနဲ့အတူတူပူးပေါင်းပြီ မလုပ်ဆောင်ဘူး..လုပ်ဖို့လဲမလိုဘူးလေ အကယ်၍ ကျင့်ယန်ငါ့ကိုမတားဆီးခဲ့ဘူးဆိုရင်တောင် ငါမင်းရဲ့နယ်မြေစွမ်းအားကိုစမ်းသပ်ရဦးမှာပဲ ”
” မင်းဓားကိုဘယ်လိုခေါ်လဲ သူ့ဆီကနေရောက်လာတဲ့မောက်မာမှုတွေကို ငါခံစားမိတယ်… အရမ်းလဲအထီးကျန်သလို အရမ်းလဲထည်၀ါပြီ၀င့်ကြွားလွန်တယ်…ဒါ့အပြင် အဲ့ဒီလက်၀ါးဆီကရလာတဲ့အငွေ့အသက်လဲအတူတူပဲ ”
” အဲ့ဒီဓားကိုပြိုင်ဘက်ကင်းအအေးဓာတ်လို့ခေါ်တယ်..ပြောရမယ်ဆိုရင် ဒီလောကတစ်ခွင်လုံးမှာတုနှိုင်းမဲ့တဲ့ အအေးဓာတ်ပေါ့ လက်၀ါးကိုတော့ နှင်းမဲ့ရေခဲတောင်လို့ခေါ်တယ်..နှစ်ခုစလုံးက ငါသိပ်မကြာခင်တုန်းကမှ တတ်မြောက်လာခဲ့တာ ”
” ငါရှုံးသွားပြီ ”
ကျွီကျွယ်ချန်က အသံအနှိမ့်အမြင့်မရှိတဲ့တစ်သားမှတ်ထဲလေသံနဲ့ ပြန်ဖြေလာခဲ့တယ်။
” မဟုတ်ဘူး မင်းမရှုံးဘူး ပြိုင်ပွဲကမပြီးသေးဘူးလေ မင်းက၀ိညာဥ်စွမ်းအားနဲ့ စိတ်၀ိညာဥ်စွမ်းအားနှစ်ခုကို ပေါင်းစည်းသွားနိုင်ပြီ ဒါ့အပြင် ဓားရဲ့စိတ်သဏ္ဍာန်ကို မင်းတီးထွင်ပြီရုပ်သွင်တစ်ခုဖြစ်လာအောင် ဖန်တီးထားတာက အပြည့်အ၀မပြီးမြောက်သေးဘူး…ငါရဲ့တုနှိုင်းမဲ့တဲ့အအေးဓာတ်ကလဲ ဆက်တိုက်သုံးလို့မရနိုင်ဘူး..တစ်ခေါက်သုံးပြီရင် ၀ိညာဥ်စွမ်းအားတွေအများကြီးကုန်တယ်…ဒါကြောင့် ဒီပြိုင်ပွဲရဲ့ ရလဒ်ကမပြီးမြောက်သေးဘူး ”
” ငါရှုံးလား မရှုံးလားဆိုတာငါသေချာသိတယ်…မင်းကမင်းရဲ့ဧကရာဇ်နယ်မြေကိုတောင် မသုံးထားဘူး..ဒါ့အပြင် ကျင့်ယန်ကို တိုက်ခိုက်တဲ့အချိန်တုန်းကလဲ မင်းအများကြီးညှာတာပေးထားတယ်…မင်းရဲ့နယ်မြေကလဲ ပြောင်းလဲသွားပြီးပြီ ”
” တကယ်ကိုအာရုံခံနိုင်စွမ်းက ထက်မြက်တာပဲ အကယ်၍ ငါရဲ့အနာဂတ်ပြိုင်ဘက်တွေသာ မင်းလိုဖြစ်နေမယ်ဆိုရင် သေချာပေါက် ဒီလောကမှာငါအတွက်နေရာကျန်တော့မယ်တောင်မထင်ဘူး ”
” မင်းက အမြဲတမ်းအမျက်ဒေါသကျောင်းတော်မှာ ရှိနေမှာလား ”
” အခုတော့ရှိမှာပေါ့ အနည်းဆုံးတော့နောက်တစ်ခေါက် တိုက်ကြီးရဲ့ကျောင်းတော်အဆင့်တက်၀ိညာဥ်လက်ရည်ယှဥ်ပွဲအထိ ငါအဲ့ဒီမှာရှိလိမ့်မယ် ”
” ကောင်းပြီလေ အကောင်းဆုံးပဲမျှော်လင့်လိုက်မယ် ”
” ဟုတ်ပြီ ”
ကျန်းကျင့်ယန်ကတော့ ကျွီကျွယ်ချန်အနားကိုရောက်လာရင် ဟို့ယွိဟောင်ကို နောက်တစ်ကြိမ်မျက်စောင်းထိုးနေခဲ့ပြန်ပါတယ်။
” မင်းအမျက်ဒေါသကျောင်းတော်ကိုပြန်သွားတာနဲ့ ငါတို့မင်းကိုအလွှတ်ပေးမယ်လို့ ထင်မနေနဲ့ ”
” အစွမ်းအစရှိရင်လိုက်လာခဲ့လေ ငါရဲ့နယ်မြေက အမျက်ဒေါသကျောင်းတော်ပဲ အမျက်ဒေါသကျောင်းတော်ရဲ့၀ိညာဥ်ပညာရှင်တွေတော်တော်များများကလဲ ငါထက်ပိုပြီးသန်မာတယ်…အချိန်ကြာလာရင်း မင်းတို့ဘယ်သူကိုစိန်ခေါ်ရမလဲဆိုတာတောင်သိတော့မှာမဟုတ်ဘူး ”
ကျွီကျွယ်ချန်ရဲ့မျက်လုံးတွေကတော့ အရမ်းကိုတောက်ပနေခဲ့ပါပြီ။
” မင်းငါ့ကိုလိမ်နေတာမဟုတ်ဖို့ မျှော်လင့်ပါတယ် ”
ဟို့ယွိဟောင်ကတော့ မယုံနိုင်တဲ့ပုံစံနဲ့ ပြန်ဖြေလာခဲ့တယ်။
” မင်းတို့တွေတကယ်ကြီးအဲ့ဒီကိုသွားမလို့လား “:
ကျန်းကျင့်ယန်က ရယ်မောရင်းနဲ့သာပြန်ဖြေခဲ့တယ်။
” သေချာပေါက် သွားရမှာပေါ့ ”
သူပြောပြီတဲ့နောက် ကျွီကျွယ်ချန်ကိုဆွဲရင်းထွက်ပြေးလို့သွားခဲ့ပြန်ပါပြီ။
ဟို့ယွိဟောင်ကတော့ သူတို့နှစ်ယောက်သွားတာကိုကြည့်ရင်း ရယ်သာရယ်နေခဲ့ပါတယ်။ ရယ်ပြီတဲ့နောက် သူပလုံးပထွေးနဲ့ ပြောလာခဲ့တယ်။
” မင်းတို့နှစ်ယောက်ရောက်လာပုံကို ငါစောင့်တောင်မစောင့်နိုင်ဘူး..အကယ်၍ မင်းတို့နှစ်ယောက်သာတကယ်သွားမယ်ဆိုရင် သေချာပေါက် မင်းတို့အဲ့ဒီမှာနေကိုဆက်နေဖို့ နည်းလမ်းရှာပြီဆွဲထားပြစ်မယ် ”
၀ိညာဥ်လေ့ကျင့်ရေးနယ်မြေကို သူတစ်ချက်ကြည့်လိုက်ရင်း လေတွေကိုမှုတ်ထုတ်လိုက်ပါတယ်။ ညာဘက်လက်ကိုမြောက်လိုက်ပြီချိန်မှာတော့ လက်ဖ၀ါးရဲ့အလယ်ဗဟိုမှာ အလင်းတန်းတစ်ခုက လက်သွားခဲ့ပါပြီ။
” တကယ်အားကောင်းတဲ့ဓားစိတ်သဏ္ဍာန်ပဲ မင်းတကယ်တော့မရှုံးသေးဘူး ကျွီကျွယ်ချန် မင်းသိလား ငါရဲ့အင်အားကိုချည့်နဲ့စေမှုနဲ့ အရှုပ်အထွေးတွေကိုဖြစ်စေတယ်ဆိုတာက ဘယ်လိုမှမင်းကိုတိုက်ခိုက်လို့မရနိုင်ဘူး…မင်းပိုင်ဆိုင်ထားတဲ့စိတ်ဆုံးဖြတ်ချက်ခိုင်မာမှုက ဒီလောကကြီးထဲမှာရှိတဲ့ ထိန်းချုပ်ရေးအမျိုးအစား၀ိညာဥ်ပညာရှင်တွေအားလုံးကို ပြဿနာတက်စေနိုင်တဲ့ကိစ္စပဲ ငါကငါရဲ့နှင်းဧကရီပေးထားတဲ့ စွမ်းရည်သုံးခုကိုပြီးပြည့်စုံအောင်မလုပ်နိုင်သေးဘူး…ဧကရာဇ်နယ်မြေကိုလဲ ဒီထက်ပိုကောင်းအောင်လုပ်ဖို့ ကျန်နေသေးတယ် ”
ဟို့ယွိဟောင်ဒီနေရာမှာ မိတ်ဆွေများများစားစားမရှိခဲ့ပါဘူး။ ဒါပေမယ့် ဒီနေရာမှာသူရှာဖို့လူတစ်ယောက်တော့ရှိပါသေးတယ်။ ဒီတစ်ခေါက်တော့ သိပ်ပြီစိုးရိမ်စရာမရှိပဲ သွားတွေ့ရမှာပါ။
” ဘာဖြစ်တယ် မင်းခန်းမသခင်ကို တွေ့ချင်တာလား ”
လင်းကျားယွီက သူ့ရှေ့မှာရှိတဲ့လူငယ်ကိုစိုက်ကြည့်ရင်း လန့်နေခဲ့ပြန်ပါတယ်။
စာသင်ကြားမှုနှစ်နှစ်က မကြာခင်ပြီးဆုံးတော့မှာပါ အမျက်ဒေါသကျောင်းတော်ရဲ့ ကျောင်းသားတွေကအရမ်းကိုလိမ်မာပြီ အစီအစဥ်တကျသင်ကြားကြပါတယ်။ သူတို့ရဲ့အဆင့်အတန်းထဲမှာတောင် ပါရမီရှင်တစ်ချိူ့တောင်ထွက်ပေါ်လို့လာခဲ့တယ်။ ဒါပေမယ့် သူ့ရှေ့မှာရှိနေတဲ့လူငယ်အပေါ်ထားရှိတဲ့ သူ့ရဲ့အမြင်ကတော့ အကြီးမားဆုံးပါ။ ကျောင်းသားတွေရဲ့ပြိုင်ပွဲမှာ ဒီကလေးက နှစ်၀က်တိတိနက်ရှိုင်းတဲ့တရားထိုင်မှုအခြေအနေထဲကိုရောက်ခဲ့ပေမဲ့လဲ သူ့ရဲ့ကျင့်ကြံမှုက တစ်စက်လေးတောင်မတိုးတက်ခဲ့ပါဘူး။
ဟို့ယွိဟောင်ကတော့ ခေါင်းညိတ်လိုက်ပါတယ်။
” ဒါရောအဆင်ပြေရဲ့လား ကျွန်တော်တို့မထွက်ခင်အချိန်မှာ ခန်းမသခင်ကို ကျွန်တော်ကျေးဇူးတင်ကြောင်းလေပြောချင်ပါတယ်..ဒါ့အပြင် သူနဲ့ဆွေးနွေးဖို့ကိစ္စလဲရှိနေသေးတယ် ”
သာမန်ကျောင်းသားတွေအတွက်တော့ ပုံရိပ်ယောင်အစစ်အမှန်ခန်းမဆောင်ရဲ့ခန်းမသခင်ကိုတွေ့ဖို့ဆိုတာ အင်မတန်ကိုခက်ခဲပါတယ်။ မဖြစ်နိုင်သလောက်နီးပါးလို့ပြောရမှာပါ ခန်းမသခင်က ဘယ်လိုအဆင့်အတန်းမျိုးလဲ သေချာပေါက် နေလနိုင်ငံတော်ရဲ့ဘယ်သူအထက်မှာမဆိုရှိနေတဲ့သူတစ်ယောက်ပါ။ ဒါ့အပြင် သူကဘယ်သူလက်အောက်မှာမှလဲ ရှိမနေခဲ့ပါဘူး။
ဘယ်လိုပဲဖြစ်ပါစေ ဒီကျောင်းသားကတော့ ကွာခြားပါတယ်။ သူ့ရဲ့အဆင့်အတန်းကကွာခြားနေခဲ့တယ်။ အခုအချိန်မှာ လင်းကျားယွီတောင်မှသူ့ကိုအကြောင်းပြချက်ကောင်းကောင်းမပေးပဲ မငြင်းပယ်၀ံ့ပါဘူး။
” ကောင်းပြီလေ ခဏလောက်စောင့်ဦး ခန်းမသခင်မင်းကိုတွေ့ဖို့အချိန်ရှိမလားဆိုတာ ငါသွားရှာပြီမေးကြည့်လိုက်ဦးမယ် ”
” ဟုတ်ကဲ့ ကောင်းပါပြီ ”
ဟို့ယွိဟောင်ကလဲ တစ်ဖက်မှာထိုင်နေခဲ့ရင်း အေးအေးဆေးဆေးရှိနေခဲ့ပါတယ်။ သူက အဲ့ဒီနောက် သူ့ရဲ့မေးစေ့ကိုရင်ဘတ်နဲ့ထိလုမတတ်ခေါင်းကိုစောင်းနေခဲ့ရင် အရမ်းကိုအလေးအနက်ရှိတဲ့ပုံစံကို ပြောင်းလဲသွားတော့တယ်။
လင်းကျားယွီကတော့ အတွင်းပိုင်းဆက်သွယ်ရေးအသံလွှင့်၀ိညာဥ်လက်နက်ကို အသုံးပြုပြီး သတင်းစကားကိုပါးနေခဲ့ပါပြီ။
မကြာခင်မှာပဲ ကျန်းဟုန်ချန်ရဲ့အသံကို တစ်ဖက်ကနေကြားနေရပါတော့တယ်။
” ဟို့ယွိဟောင်က ငါကိုတွေ့ချင်တာလား ကောင်းပြီလေ ခေါ်လာခဲ့လိုက် ”
ကျန်းဟုန်ချန်က သူ့ရဲ့တောင်းဆိုချက်ကို ခပ်မြန်မြန်ပဲလက်ခံလိုက်ပါတယ်။ အမှန်အတိုင်းပြောရမယ်ဆိုရင် ဒီအမျက်ဒေါသကျောင်းတော်ရဲ့ဒီလူငယ်ကဘာလုပ်ချင်နေလဲဆိုတာကို သူသိချင်နေတာကြောင့်ပါ။ ပုံရိပ်ယောင်အစစ်အမှန်ခန်းမကို ၀င်ချင်တာများလား ဖြစ်တော့မဖြစ်နိုင်လောက်ဘူး။
ဒီအကြောင်းကိုတွေးပြီချိန်မှာ ကျန်းဟုန်ချန်ရဲ့စိတ်အခြေအနေက ကပြောင်းကပြန်တွေဖြစ်နေခဲ့ပါတော့တယ်။
လင်းကျားယွီကတော့ ဟို့ယွိဟောင်ကို ကျန်းဟုန်ချန်ရဲ့ရုံးခန်းဆီတိုက်ရိုက်ခေါ်သွားခဲ့တယ်။
” ခန်းမသခင်ကို ဂါရ၀ပြုပါတယ် ”
ဟို့ယွိဟောင်က ယဥ်ယဥ်ကျေးကျေးလိမ်လိမ်မာမာလေးနဲ့ ရှေ့ထွက်လာပြီတဲ့နောက် ဂါရ၀ပြုလိုက်တယ်။
” ထိုင်ပါဦး ”
ဟို့ယွိဟောင်က မထိုင်ခဲ့ပါဘူး။ မတ်တပ်ရပ်နေရင်းနဲ့သာ ပြန်ပြောလိုက်တယ်။
” ခန်းမသခင်နဲ့ နှစ်ယောက်ချင်းဆွေးနွေးဖို့ ကိစ္စတစ်ခုရှိပါတယ်..ဒီလိုဆွေးနွေးဖို့အဆင်ပြေနိုင်ပါ့မလား ”
ကျန်းဟုန်ချန် တခဏတာအံ့ဩသွားခဲ့ပြီတဲ့နောက် လင်းကျားယွီကို လက်ဝှေ့ရမ်းပြကာအပြင်ကိုထွက်သွားစေလိုက်ပါတယ်။
လင်းကျားယွီကတော့ နှုတ်ခမ်းတွေတောင်တွန့်နေခဲ့ပါပြီ။ ခန်းမသခင်က ဒီကောင်စုတ်လေးကို တကယ်အတော်ကောင်းလွန်တာပဲ ဒါပေမယ့် သူလဲ မတွေဝေ၀ံ့ပါဘူး။ ခပ်မြန်မြန်ပဲ အခန်းအပြင်ကိုထွက်သွားပြီတဲ့နောက် တံခါးကိုပိတ်လိုက်ပါတယ်။
” မင်းအခုပြောလို့ရပြီ ”
ကျန်းဟုန်ချန်က သူ့ရှေ့မှာရှိနေတဲ့ဟို့ယွိဟောင်ကို စူးစူးစိုက်စိုက်ကြည့်နေခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်နှစ်အတွင်းမှာ ဟို့ယွိဟောင်က အတော်လေးအရပ်ရှည်လာခဲ့သလို လူငယ်တစ်ယောက်ရုပ်အသွင်ပီပြင်းလာခဲ့ပါပြီ။ ကျစ်လစ်တဲ့ခန္ဓာကိုယ် ပုခုံးအကျယ်ကျယ် လက်မောင်းကြွက်သားကောင်းကောင်းနဲ့ ခမ်းနားတဲ့ရုပ်သွင်ရှိနေခဲ့တယ်။ ဒါ့အပြင် အရင်တုန်းက မမြင်ဖူးခဲ့တဲ့ ထူးခြားတဲ့အရည်အသွေးတချို့ပါ ထပ်ပြီပိုလာခဲ့သလိုပါပဲ။
ပုံမှန်အချိန်မှာဟို့ယွိဟောင်ရဲ့ ရုပ်ရည်သွင်ပြင်ကတည်ငြိမ်ပြီ လေးနက်တဲ့အသွင်ရှိပါတယ်။ ဒါပေမယ့် အခုလက်ရှိအချိန်မှာတော့ ထူးခြားတဲ့ဩဇာအရှိန်အ၀ါက ကိန်းအောင်လို့နေခဲ့သလို သူရဲ့တောက်ပတဲ့မျက်လုံးတွေကလဲ ကျက်သရေနဲ့ပြည့်နေသလိုပါပဲ။ ကြည့်ရတာသူက ထူးခြားတဲ့အငွေ့အသက်တွေ ပေးနေခဲ့ပါတယ်။
” ကျွန်တော်ကျောင်းတော်မှာရှိနေခဲ့တာ နှစ်နှစ်ကျော်သွားပြီ ဒီနှစ်နှစ်အတွင်းမှာ ခန်းမသခင်ဆီကနေ အကူအညီအများကြီးရရှိခဲ့ပါတယ်…ဒါ့အပြင် ကျွန်တော်၀ိညာဥ်လက်နက်တွေကို အသုံးပြုတဲ့အစွမ်းအစနဲ့ ထွင်းထုတဲ့ပုံစံကလဲ တော်တော်လေးတိုးတက်လာခဲ့တယ်…ဒီတစ်ခေါက် ကျွန်တော်တို့ရဲ့သင်ကြားရေးအစီအစဥ်က ပြီးဆုံးတော့မှာဆိုတော့ ကျေးဇူးတင်ကြောင်းဖော်ပြတဲ့အနေနဲ့ ကျွန်တော်ကိုယ်တိုင်းလုပ်ထားတဲ့ လက်ဆောင်တစ်ခုကိုပေးချင်ပါတယ် ”
” မင်းက ငါ့ကိုလက်ဆောင်ပေးချင်တာလား ”
ကျန်းဟုန်ချန်ရဲ့သိလိုစိတ်က ပိုပြီးတော့တောင်ကြီးမားလာခဲ့ပါပြီ။ ဘယ်ကျောင်းသားတစ်ဦးတစ်ယောက်ကမှ ဒါကိုမလုပ်ဆောင်ခဲ့ဖူးပါဘူး။ ရိုးရိုးသားသားပြောရမယ်ဆိုရင် ဘယ်သူမှမလုပ်၀ံ့တာပါပဲ။ သူ့ရဲ့ အိပ်မက်ဆိုးတွေထဲမှာတောင် ဟို့ယွိဟောင်က သူ့ကိုလာတွေ့ပြီ လက်ဆောင်ပေးချင်နေမယ်လို့ မထင်ထားခဲ့မိတာအမှန်ပါ။
ကျန်းဟုန်ချန်က ဟို့ယွိဟောင်ကိုကြည့်ရင်း အံ့အားသင့်နေခဲ့ပါတယ်။
” မင်းရဲ့လက်ဆောင်ကို အဲ့ဒီလောက် လွယ်လွယ်ကူကူဘယ်လက်ခံလို့ရမလဲ ဟုတ်တယ်ဟုတ် ”
” ဒီလိုမဟုတ်ရပါဘူး…ကျွန်တော်က ကျေးဇူးတရားကိုဖော်ပြချင်ရုံသက်သက်ပါပဲ…ဒါကကျွန်တော်ကိုယ်တိုင်းလုပ်ထားတဲ့ ၀ိညာဥ်လက်နက်ပါ ခန်းမသခင်ကြိုက်မယ်လို့မျှော်လင့်ပါတယ် ”
အပိုင်း ၂၀၄•၂ ပြီး၏။