Switch Mode

Chapter – 63

ဆေးပညာရပ်ဒုက္ခများ

Chapter – 63 ဆေးပညာရပ်ဒုက္ခများ

သိုင်းပညာဂိုဏ်းတွေဟာ များစွာရှိပြီး ၎င်းတို့ဟာ တစ်ဂိုဏ်း နဲ့ တစ်ဂိုဏ်း ဆန့်ကျင် အတိုက်အခံလုပ်ကြလေ့ရှိတယ် ။ ၎င်းတို့ ဟာ တစ်ဂိုဏ်းရဲ့ အားနည်းချက်ကို တစ်ဂိုဏ်းက ရှာနေလေ့ ရှိပြီး တစ်ဂိုဏ်းဂိုဏ်းက အမှားလုပ်တာကို စောင့်နေလျက် ရှိကြပါ တယ် ။ ချန်ရှန် နည်းနည်းတော့ အံ့သြသွားမိတယ် ။ ဇန်လောင် လို အဆင့် ၈ သိုင်းပညာရှင်လိုလူတောင် ဘာမှ အရေးကြီးတဲ့လူ မဟုတ်ပါဘူး ။ ဒီလိုဂိုဏ်းတွေထဲမှာ များစွာသော စွမ်းအင်ပြည့်ဝ တဲ့ ပညာရှင်တွေ များစွာ ရှိနေတယ် ။ သာမန်မဟုတ်တဲ့ စွမ်း ရည်တွေပိုင်ဆိုင်ပြီး အလားအလာကောင်းတဲ့ အနာဂတ်ရှိသူကို သာ အရေးကြီးတဲ့လူအဖြစ် သတ်မှတ်ထားကြပုံပါပဲ ။
ဒီလိုတွေ ရှင်းပြပြီးနောက်မှာ ချန်ရှန်ဟာ ဆေးပညာနဲ့ ဆေး ပင်စိုက်ပျိုးပုံတွေကို စတင်လေ့ကျင့် သင်ယူပါတယ် ။ သူဟာ ဝိဉာဉ်တော်ဆေးကို ယခု အသုံးမပြုပေးပါ ။ စုမေးယို နဲ့ ဘိုင်ယု ယုက ချန်ရှန် သိုင်းပညာ သို့မဟုတ် ဆေးပညာ နယ်ပယ် တစ်ခု ခုမှာ အခက်အခဲရှိပြီး တစ် နေမှသာ အသုံးပြုရန် အကြံပေး သောကြောင့် ဖြစ်ပါတယ် ။
ချန်မျိုးနွယ်ဟာ ယောင်မျိုးနွယ်၏ ဆေးဈေးကွက်ကို ချုပ် ကိုင်ပြီးနောက်မှာတော့ ဈေးတွေအားလုံး ချပေးခဲ့တယ် ။ ဒီအ ချက်ကပဲ များစွာသော သိုင်းပညာလေ့ကျင့်သူများအား ချန်မျိုး နွယ်အား ၀န်းရံရန် များစွာ တွန်းအားပေးစေတယ် ။ ဒါကြောင့် ချန်မျိုးနွယ်ဟာ အရမ်းကျော်ကြားလာပြီး သူတို့ရဲ့ အပြုအမူများ ဟာ သူတို့ကို အင်အားတောင့်တင်းပြီး စွမ်းအားကြီးမားတဲ့ မျိုးနွယ် အဖြစ် အနာဂတ်မှာ ဖြစ်လာစေရန် ကူညီပေးပါတော့ တယ် ။
ဒီလောကမှာ ရေများရေနိုင် မီးများမီးနိုင်ပါပဲ ။ တစ်ရက်ထဲ ဖြင့် ကာလရှည်ကြာစွာ ဂုဏ်သိက္ခာရှိရှိ တည်ရှိလာခဲ့သော ယောင်မျိုးနွယ် ဟာ ချန်မျိုးနွယ်ရဲ့ လက်အောက် ရောက်ရှိခဲ့ ရတယ် ။ ဒါဟာလည်း သူတို့စိုက်ပျိုးတာကို သူတို့ရိတ်သိမ်းရတာ ပဲ ဖြစ်ပါတယ် ။ သူတို့သာ ချန်မျိုးနွယ်ကို ရန်မစခဲ့ပါက သူတို့လဲ ယခုလို ဖြစ်လာလိမ့်မည် မဟုတ်ပေ ။
ယောင်မျိုးနွယ်အား တိုက်ခိုက်သိမ်းပိုက်ပြီးတည်းက ချန်ရှန် သူ၏ ဆေးပညာအတွက် အသုံးပြုရန် ဆေးပင်မရှားတော့ချေ ။ ယခုကိုပဲ သူဟာ ယောင်မျိုးနွယ်ပိုင် ဆေးဥယျာဉ်ထဲမှ ဆေးပင် အချို့ ခူးကာ အဆင့်မြင့်ဆေး ပြုလုပ်ဖို့ ပြင်ဆင်နေပါပြီ ။ ဒီလို အဆင့်မြင့်ဆေးလုပ်ရန်အတွက် အချိန်များစွာ ကုန်ဆုံးရသလို တန်ဖိုးကြီး ဆေးပင်များဟာလည်း များစွာ လိုအပ်ပါတယ် ။
အဆင့်မြင့် ဆေး အမျိုးစား ဟာ သိပ်အများကြီးတော့ မရှိပါ ဘူး ။ ဒီထဲကမှပဲ အနည်းငယ်သော အမျိုးအစားကိုသာ ကျယ် ပြန့်စွာ အသုံးပြုကြတာပါ ။ ဒီလိုဆေးအမျိုးစားများကို ပြုလုပ် နိုင် တယ့် ပညာရှင်များဟာလည်း တကယ့် ဆရာကြီးတွေပါပဲ ။ ဒါကြောင့် ဒီလို အဆင့်မြင့် အမျိုးအစား ဆေးများကို ချန်ရှန်ဟာ ပြုလုပ်ချင်တာဖြစ်ပြီး သူဟာ ထိုထဲမှ တစ်ခုကို ရွေးချယ်ခဲ့ပါ တယ် ။
“ဒီသာမန်အဆင့်မြ့င်ဆေးရဲ့ အဆင့်ဟာ နည်းနည်းတော့ ကိုးရိုးကား ယားနိုင်တယ် ။ ငါဘယ်လိုရှင်းပြရပ ၊ ဒီ သိုင်းလောကမှာ အဆင့် ၁၀ အထက်ပညာရှင်တွေ များစွာရှိပြီး သူတို့အားလုံးဟာ ကြွယ် ၀ ကြတယ် ။ သူတို့လိုလူတွေဟာ လိုအပ်ချက်တွေ များတယ် ဒါကြောင့် သူတို့ ဆေးတွေဝယ်တဲ့အခါ ဒီလိုသာမန်ဆေးတွေ ကို မရွေးချယ်ကြပဲ အဆင့်နိမ့် ဝိဉာဉ်တော်ဆေးလောက်သာ အတော်အသင့် ရွေးချယ် ၀ယ်ယူကြတယ် ။ နောက်ပြီး ၀ယ်ရင် လဲ အများကြီးဝယ်ကြပြီး ၎င်းတို့ကို စားတယ့်အခါ အကျိုးများစွာ ရှိတယ်”
စုမေးယို ပြောလိုက်တာပါ ။
ချန်ရှန် ပြန်မေးလိုက်တယ် ။
“ဒါဆို ဆိုလိုချင်တာက အဆင့် ၈ ၉ ပညာရှင်တွေက နည်းနည်း မချမ်းသာ လောက်ဖူးလို့ ဆိုလိုတာလား”
“အမှန်ပဲ ၊ သူတို့ရဲ့ ချမ်းသာမှုနဲ့ မော်တယ်အဆင့် သာမန် ဆေးတွေကိုသာ ၀ယ်နိုင်ကြလိမ့်မယ် ၊ ဝိဉာဉ်တော်ဆေးတွေ မတတ်နိုင်ဖူး ၊ ဒါပေမယ့် မင်းသိရမှာက ဒီမော်တယ်အဆင့် သာမန်ဆေးတွေဟာ အဆင့် ၈ ၊ ၉ ပညာရှင်တွေအတွက် သိပ်တော့ သိသိသာသာ အကျိုးမဖြစ်ထွန်းစေဘူး ဆိုတာပဲ”
စုမေးယို ပြန်ဖြေလိုက်ပါတယ် ။
“ဒါကြောင့်မို့ မင်းဟာ အဆင့်မြင့်ဆေးထဲမှာမှ တန်ဖိုးအကြီး ဆုံးဆေးတွေဖြစ်တယ့် – ချီ ပျိုးထောင်ဆေး ၊ ဒြပ်စင်ဆေး နဲ့ အရ သာပြောင်း ဆေး တို့ကိုပဲ ကျွမ်းကျင်အောင် လုပ်ရမယ်”
စုမေးယိုက ထပ်ပြောလိ်ုက်တာပါ ။
ချန်ရှန် ဒီဆေးတွေဟာ တကယ်ကို တန်ဖိုးကြီးတယ်ဆိုတာ သိပြီးသားပါ ။ ဒီဆေးတွေ သုံးစွဲပါက ၎င်းတို့ရဲ့ အာနိသင်ဟာ အရမ်းကို သိသိသာသာကို အထောက်အကူပြုပါတယ် ။ ချီပျိုး ထောင်ဆေးဟာ လူတစ်ယောက်၏ ချီဓာတ်များအရည်းအသွေး ကို သန့်စင်စေပြီး ချီဓာတ်အသစ်များ ပျိုးထောင်ပေးတဲ့ နေရာ မှာ အသုံးပြုပါတယ် ။
ဒြပ်စင်ဆေးကတော့ ချီလည်ပတ်မှုအားကို ကောင်းမွန် မြန် ဆန်စေတာပါ ။ ၎င်းကို သုံးစွဲပြီးပါက များစွာသော ဝိဉာဉ်တော ချီဓာတ်များဟာ ထွက်လာပြီး သုံးစွဲသူ၏ ဝိဉာဉ်တော် ချီဓာတ် များ နှင့် ဝိဉာဉ်တော် အတွင်းအားများကို အသုံးပြုစရာမလိုပဲ ချီဓာတ်များအား သန့်စင်ပြုလုပ်ပေးမှာပဲ ဖြစ်ပါတယ် ။
နောက်ဆုံးအရသာပြောင်းဆေးကတော့ အတွင်းပိုင်းရှိ ချီဓာတ်များကို ဝိဉာဉ်တော် စွမ်းအားများအဖြစ် ပြောင်းလဲပေး တာ ဖြစ်ပြီး အဓိကအားဖြင့် နတ်အတွင်းအားအာရုံများ ကို ပိုမို အားကောင်းလာစေတာ ဖြစ်ပါတယ် ။
ချန်ရှန်မှာ နဂါးမီးတောက် မီးဖိုရှိတာဖြစ်ပြီး ဒီလို ထူးခြားလှ တဲ့ နဂါးအသုံးအဆောင်ပစ္စည်းဖြင့် အချိန်ကုန်လျင်မြန်စွာ ဆေး များ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ် ။
တချို့ ဆေးများဟာ ပြုလုပ်ရန် နှစ်များစွာ သို့မဟုတ် ဆယ်စုနှစ်တွေ လောက်တောင် အချိန်လိုအပ်ပါတယ် ။ ဒီ နဂါးမီး တောက် မီးဖိုဖြင့်သာ ဆိုပါက ချန်ရှန်အတွက် အချိန်နည်းနည်း လေးပဲ လိုအပ်မယ် ဖြစ်ပါတယ် ။
ချန်ရှန်ဟာ ဒြပ်စင်ဆေးကို အရင်ပြုလုပ်မှာပါ ။ ဒီဆေးကို သူ့ ကိုယ်တိုင်အတွက် လိုအပ်နေတာဖြစ်ပြီး သူ၏ စွမ်းအားများ တိုး တက်လာစေရန်အတွက် ဖြစ်ပါတယ် ။ အဆင့် ၉ သာ သူ ရောက် ရှိပါက အင်အားကြီး ဂိုဏ်းကြီးများအတွင်း ၀င်ရောက်တော့မှာ ။
ဒီဆေးကို ပြုလုပ်ဖို့အတွက် အဓိက ပါဝင်ပစ္စည်း ၃ မျိုး လို အပ်ပါတယ် ။ အများကြီးလိုအပ်တာ မဟုတ်ပေမယ့် ၎င်းတို့ဟာ နှစ် ၅၀၀ အထက် သက်တမ်းရှိတယ့် ဆေးပစ္စည်းတွေဖြစ် ပါတယ် ။ တခြား လိုအပ်တယ့် အမျိုး ၂၀ လောက်လည်း ရှိပါ သေးတယ် ။ သက်တမ်းအရင့်ဆုံးက နှစ် ၁၀၀ သက်တမ်းဖြစ်ပြီး အနုဆုံးကတော့ နှစ် ၅၀ ၊ ၆၀ လောက်သက်တမ်းရှိ ကြတာပါ ။ ဘယ်လောက်တန်ဖိုးကြီးတဲ့ ဒြပ်စင်ဆေးလဲဆိုတာ တွေ့ နိုင်ပါ တယ် ။ ဒါကိုလုပ်လို့ မအောင်မြင်တဲ့ ဆေးဆရာများဟာ စိတ် ဓာတ်ကျပြီး ငိုကြွေးကြလောက်ပါတယ် ။
“ဒီကျောက်တုံးနဲ့တူတယ့် အသီးက တကယ်ကို မျက်လှည့် ဆန်ဆန်ပဲ ဟဟ”
ချန်ရှန် စပြုလုပ်နေပါပြီ ။ မူလက ဒီဆေးပင်များကို ယောင် မျိုးနွယ်မှ ပိုင်ဆိုင်ပြီး လေးစုံစာသာ ရှိတာပါ ။ တစ်စုံချင်းဆီဟာ ငွေစ ၁၀၀၀၀၀ ထက်ပိုတဲ့ တန်ဖိုးရှိပါတယ် ။
နဂါးမီးတောက်မီးဖိုဟာ ဆေးပြုလုပ်ရာ အလွန်သင့်တော်ပြီး အပူချိန်ကို လိုသလို ထိန်းချုပ်နိုင်ပါတယ် ။ ဒါပေမယ့် ဒီဆေးပင် တစ်ခုချင်းဆီရဲ့ အပူချိန်ဒီဂရီကိုမသိပါက ဒီမီးဖိုလဲ အလကား အသုံးမ၀င် ဖြစ်ပေလိ့မ်မည် ။
ဒီအချိန်မှာ ချန်ရှန်ဟာ သူ၏ နတ်အတွင်းအားအာရုံများကို အပိုင်း ၂၀ လောက်ထိ ခွဲခြမ်းစိတ်ဖြာလိုက်ပြီး မီးဖိုထဲရှိ ဆေးပင် အမျိုး ၂၀ အား အာရုံခံလျက် ထိန်းချုပ်နေပါတယ် ။ ဒါတင်မက ဒီဆေးပင်တွေ ကို တချိန်ထဲမှာ ဆေးဖက်ဝင်အမှုန်များအဖြစ် တိကျစွာ လောင်ကျွမ်းစေရမှာပါ ။ တနည်းအားဖြင့် ချန်ရှန်ဟာ သူ၏ ဦးနှောက်ကို များစွာသော ဆေးပင်များ ဆေးဖက်ဝင် ဝိဉာဉ်တော် ချီဓာတ်များ အဖြစ် သန့်စင်ရန် အပြည့်အ၀ အသုံးချ နေရတာပါ ။ နတ်အတွင်းအားအာရုံစူးစိုက်မှုကိုလည်း များစွာအသုံးပြုရတာဖြစ်ပါတယ် ။ ဒါပေမယ့် မီးဖိုဟာ အထိ်ုက် အလျောက် ခံရုံခံနိုင်စွမ်းများပေးသောကြောင့် ချန်ရှန်အတွက် အနည်းငယ် ခံသာပါတော့တယ် ။
ချန်ရှန်၏ နတ်အတွင်းအားအာရုံများအား မီးဖိုထဲသို့ တနေ့ လုံး ထည့်သွင်းထားရတယ် ။ ဒါပေမယ့် ဒါဟာ ပြောပလောက်တဲ့ အချိန် မဟုတ်ပါဘူး ။ နောက်ပြီး မီးဖိုကလည်း အထဲမှာ အချိန်တွေကို လျော့ချပေးတယ့်အတွက် အတွင်းနဲ့ အပြင် အချိန် ကွာခြားမှုဟာ တော်တော်ခြားနားပါတယ် ။
“တောက် ၊ ခုမှပြီးတော့တယ်”
ချန်ရှန် ချွေးများထွက်လျက် မီးဖိုမှ အရောင်စုံလှသော အခိုး များထွက်လာတာကို စောင့်ကြည့်ရင်းပြောတာပါ ။ ငွေစကြီး ၁၀၀၀၀၀ ထက်ပိုတဲ့တန်ဖိုးကို ရုတ်တရက် အခိုးအငွေ့ရောင်စုံ များ ပြုလုပ်လိုက်တာပဲ ဖြစ်တယ် ။
“နဂါးမီးတောက်မီးဖိုရဲ့ အားသာချက်က တစ်ခုခုဆိုတောင် မပေါက်ကွဲဘူး”
စုမေးယို ပြုံးလျက် ပြောလိုက်ပါတယ် ။
“အမတော် မေးယို ၊ ကျွန်တော့ကို မစပါနဲ့ဗျ”
ချန်ရှန် ရေရွတ်လိုက်တယ် ။ ခုနကပဲ သူဟာ သံဒြပ်စင်သီး လို့ခေါ်တယ့် ဆေးပစ္စည်းကို မီးရှို့ ပြာချ လိုက်မိပါတယ် ။ အဘယ် ကြောင့် ဆိုသော် ဒီသံဒြပ်စင်သီးဟာ သူထင်သလောက် မမာလို့ ပါ ။ သူခုနက ပြုလုပ်တုန်းက ၎င်းဟာ ဘာမှမဖြစ်သောကြောင့် အပူချိန်အား ရုတ်တရက် တိုးလိုက်ပါတယ် ။ ဒီအသီး မျက်စိတ မှိတ်အတွင်း ပေါက်ကွဲထွက်သွားမယ်လို့ မည်သူပြောနိ်ုင်မည် နည်း ၊ ဒီပေါက်ကွဲမှုမှ ထွက်လာတဲ့ ချီဓာတ်တွေဟာ တခြား ဆေးဖက်ဝင် အမှုန်တွေ နဲ့ ဆေးဖက်ဝင် ဝိဉာဉ်တော် ချီဓာတ် များအား ဆိုးရွားစွာသက်ရောက်ခဲ့ရတယ် ။ ဒီပေါက်ကွဲမှုနဲ့ အတူ အားလုံးဟာ အဆုံးသတ် သွားခဲ့ရပါတော့တယ် ။
“ငါမင်းကို ဒီအသီးက အရမ်းမာတယ်လို့ ပြောခဲ့တယ် ။ ငါဒီ အသီးကို သုံးတုန်းကလည်း အကြိမ်ကြိမ် မအောင်မြင်ခဲ့ဘူး ၊ ခု ငါ့မျက်စိရှေ့ မှာ တခြားလူက မအောင်မြင်တာကို မြင်တော့ ငါ ပျော်လို့ပဲ”
စုမေးယို သူမ၏ နှင်းဆီရောင် လျာလေးအား ထုတ်ပြပြီး ရယ်မော ပြောဆိုနေပါတယ် ။
ချန်ရှန် ဆေးလုပ်နေတိုင်း စုမေးယိုဟာ ထွက်လာလေ့ရှိ တယ် ။ တခါတရံ သူမဟာ ချန်ရှန်၏ ချွေးများကို သုတ်ပေးလေ့ ရှိပြီး အမြဲ သူ့အား အားပေးလေ့ရှိသူပါ ။ သူမဟာ ဒီဆယ်ကျော် သက် လူငယ်လေးအား သွေးဆောင်သလို ဖြစ်နေပါတော့တယ်။
ချန်ရှန် သူ၏ နှုတ်ခမ်းများကို ကွေးလျက် ပြောပါတယ် ။
“အမတော် ကတော့ ပြောင်နိုင်နေတယ် ။ ကျွန်တော့အ တွက်က နည်းလမ်းမရှိတော့ဘူး ။ ဒီမှာ ဆေးပင်တွေက သုံးစုံ စာပဲ ကျန်တော့တာ”
စုမေးယို ဆေးပညာရှင်အဖြစ် ကြိုးစားတုန်းကတော့ မည်သို့ ပေါကြွယ်သလဲမသိပါ အကြိမ်များစွာတောင် ကျရှုံးဖူးတယ်တဲ့ ။
“ကောင်းပါပြီကွာ ၊ မင်းကို ထပ်ပြီး စိတ်ပျက်အောင် မလုပ် တော့ပါဘူး ။ ငါအတိတ်ကို သတိရသွားလို့ပါ”
စုမေးယို ပိုးသားလက်ကိုင်ပဝါလေးအား ထုတ်လျက် ပြုံးပြီး ပြော ပါတယ် ။ ထို့နောက် ချန်ရှန်နားလာကာ သူ၏ မျက်နာပေါ် မှ ချွေးများအား သုတ်ပေးပါတော့တယ် ။
ချန်ရှန်လည်း စုမေးယို ထံမှ ကိုယ်သင်းရနံ့လေးများကို ရှူ ရှိုက်မိနေတယ် ။ သူမ၏ လှပသွယ်လျသော လက်ကလေး သူ၏ ပါးပေါ်တွင်ထိနေသည်မှာ ဖော်မပြနိုင်သော ခံစားမှုမျိုးကို ခံစားမိ နေစေပါတော့တယ် ။
ဒီလို ခဏကြာနားပြီးနောက်မှာတော့ ချန်ရှန် ပြန်လည် စတင်ပါတော့တယ် ။
ဒုတိယ အကြိမ်မှာလည်း ဒီအသီးကြောင့်ပဲ သူဟာ ကျရှုံးခဲ့ ပြန်ပါတယ် ။
တတိယအကြိမ်မှာတော့ ဒီအသီးရဲ့ ပြသနာကို ကောင်းစွာ ဖြေရှင်းနိုင်သွားပြီဖြစ်ပါတယ် ။ ဒါပေမယ့်လည်း နောက်ဆုံးဆေး အဖြစ် ခဲ ခြင်းအဆင့်မှာ များစွာသော ဆေးဖက်ဝင် အမှုန်များ နဲ့ ဆေးဖက်ဝင် ဝိဉာဉ်တော် ချီဓာတ်များ ပေါင်းစပ်ခြင်းကို မထိန်း ချုပ်နိုင်ခဲ့ပြန်ပါဘူး ။ ပေါက်ကွဲမှုလေး အနည်းငယ် မီးဖိုထဲ ဖြစ် သွားပါတော့တယ် ။
“အဖေတော့ ကျိန်းသေ ဆူတော့မှာပဲ ၊ ၂ နာရီအတွင်း ငွေစ ကြီး ၄၀၀၀၀၀ လောက်ကို ဖြုန်းတီးမိပြီ”
ချန်ရှန် မြေကြီးပေါ် လှဲချလိုက်တယ် ။ အခန်းလေး ထဲ လွင့်ပျံနေတယ့် အခိုးအငွေ့များအား ကြည့်ကာ တော်တော် ကြီး စိတ်ဓာတ်ကျနေပါတော့တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset