အပိုင်း ၂၀၄•၁
” ဓားအရူးရဲ့အထီးကျန်နယ်မြေ ”
°°°
လက်ရှိအချိန်မှာ ကျန်းကျင့်ယန်ရဲ့တစ်ကိုယ်လုံးက သံချပ်ကာအပြည့်ဖြစ်နေခဲ့ပါပြီ။ ဒီသံချပ်ကာက ခရမ်းရောင်ဖျော့ဖျော့ဖြစ်သလို တစ်ကိုယ်လုံးအပြည့်တော့မဟုတ်ခဲ့ပါဘူး။ သူမရင်ဘတ်ပုခုံးဒူးနဲ့တံထောင်ဆစ်တွေကို အဓိကကာကွယ်လို့ထားပါတယ်။
ကျွီကျွယ်ချန်ကတော့ အေးစက်ပြီအညှာအတာကင်းမဲ့တဲ့အသွင်သဏ္ဍာန်နဲ့ရှိနေဆဲပါ။ သူက ဟို့ယွိဟောင်ကို အပြည့်အ၀စိုက်ကြည့်နေခဲ့ပါတယ်။
ဟို့ယွိဟောင်ကတော့ အခုအချိန်မှာ ခပ်ပြုံးပြုံးလေးဖြစ်နေခဲ့တယ်။ ဒါ့အပြင် သူတို့နှစ်ယောက်စလုံးကို အထင်သေးနေတဲ့ပုံပေါ်ပါတယ်။ သူကအေးအေးဆေးဆေးပုံစံနဲ့ နောက်ကိုဖြည်းဖြည်းချင်းဆုတ်သွားခဲ့ပါပြီ။
” မင်းတို့တွေလဲ ၀ိညာဥ်လက်နက်တွေသုံးမှတော့ ငါလဲ၀ိညာဥ်လက်နက်တွေသုံးတယ်…ဒါပေမယ့် အဝေးပြစ်၀ိညာဥ်လက်နက်တွေကိုမသုံးရဘူး ဒီလောက်ဆိုလက်ခံနိုင်လား ”
ကျန်းကျင့်ယန်က ပြန်ဖြေလာခဲ့တယ်။
” လက်ခံနိုင်တယ် ”
ဟို့ယွိဟောင်လဲ နောက်ကိုဆက်ပြီမဆုတ်တော့ပါဘူး။ အဲ့ဒီနောက် သူ့ခန္ဓာကိုယ်ပေါ်မှာ၀ိညာဥ်လက်နက်တွေက တစ်ခုပြီတစ်ခုပေါ်လာပါတော့တယ်။ သူတစ်ကိုယ်လုံးက ချက်ချင်းဆိုသလို ပုံစံအသွင်တွေပြောင်းလဲလို့သွားခဲ့ပြီ ခန္ဓာကိုယ်ပေါ်မှာမီးခိုရောင်၀ိညာဥ်လက်နက်တွေက စုဝေးလို့လာခဲ့ပါတယ်။ သူတို့ရဲ့အသွင်သဏ္ဍာန်နဲ့ အရွယ်အစားကိုအဝေးကနေကြည့်မယ်ဆိုရင် တွေးကြည့်လို့မရနိုင်ပါဘူး။ သူတို့တွေက သိပ်ပြီမကြီးမားတဲ့ပုံစံလဲရှိနေခဲ့တယ်။
ပုံမှန်အချိန်တွေမှာ ဟို့ယွိဟောင်က အနီးကပ်တိုက်ပွဲတွေတိုင်းမှာ ၀ိညာဥ်ရှပ်ပြေးကိုသုံးပြီ အရှိန်မြင့်တင်မှန်း ကျန်းကျင့်ယန်သိပါတယ်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာဟို့ယွိဟောင်ဘယ်လိုတခြား၀ိညာဥ်လက်နက်တွေကို အသုံးပြုမလဲဆိုတာကို သူမ မသိခဲ့ပါဘူး။
” လာကြစမ်း ”
ဟို့ယွိဟောင်က သူတို့ကိုအော်ခေါ်လိုက်ပါတယ်။ ကျန်းကျင့်ယန်ကတော့ စတင်ပြီလှုပ်ရှားခဲ့ပါပြီ။ သူမရဲ့ခန္ဓာကိုယ်က မီးခိုရောင်မြူခိုတွေနဲ့ ပေါက်ကွဲလာပြီတဲ့နောက် ကျွီကျွယ်ချန်နဲ့ သူမကို မြူခိုတွေထဲမှာကိုယ်ယောင်ဖျောက်လိုက်ပါတော့တယ်။ ခရမ်းရောင်မြူခိုတွေပိုမိုသိပ်သည်းလာတာနဲ့အမျှ နေရာတစ်ခွင်လုံးကို လွှမ်းခြုံလို့သွားခဲ့ပါပြီ။
ဟို့ယွိဟောင်လဲ သူမရဲ့၀ိညာဥ်စွမ်းရည်တွေနဲ့ အတော်ကိုရင်းနှီးပြီသားဖြစ်နေခဲ့တယ်။ ဒါကသူမရဲ့ပထမဆုံးတစ်ခုဖြစ်တဲ့ ပုံရိပ်ယောင်မြူခိုတွေပါ။ ဟို့ယွိဟောင်လဲ ချက်ချင်းတိုက်ခိုက်ဖို့မတွေဝေခဲ့ပါဘူး။ အဲ့ဒီအစား ခရမ်းရောင်မြူခိုတွေကို တောက်ပတဲ့မျက်လုံးတွေနဲ့စိုက်ကြည့်နေခဲ့ပါတယ်။ သူ့ရဲ့အမြင်အရ ကျန်းကျင့်ယန်ရဲ့ခြိမ်းခြောက်နိုင်စွမ်းက ကျွီကျွယ်ချန်နဲ့လုံး၀မနီးစပ်ပါဘူး။ ကျန်းကျင့်ယန်ရဲ့ တိုက်ခိုက်နိုင်စွမ်းတွေက သန်မာပေမဲ့ အကယ်၍ သူတို့ သူ့ကိုထိခိုက်အောင်လုပ်နိုင်မယ်ဆိုရင်တောင် တိုက်ပွဲရဲ့ရလဒ်ကို ချက်ချင်းအဖြေမရှာနိုင်ဖို့သိနေခဲ့တယ်။
ကျွီကျွယ်ချန်ကတော့ မတူညီပါဘူး။ အကယ်၍ သူ့ရဲ့ဓားကိုသာ အရှိန်အဟုန်ပြင်းပြင်းနဲ့အသုံးပြုမယ်ဆိုရင် ဒီတိုက်ပွဲရဲ့အောင်နိုင်သူက သူဖြစ်လာတာပါ။
နောက်ပိုင်းဆက်ဖြစ်လာရတဲ့ကိစ္စက ဟို့ယွိဟောင်ကို ထိတ်လန့်လို့သွားစေခဲ့ပါတယ်။
ဟို့ယွိဟောင်ဆီမှာထူးခြားတဲ့တစ်ခုဖြစ်လာပါတော့တယ်။ ကျွီကျွယ်ချန်ကို သူ့ရဲ့အာရုံခံနိုင်စွမ်းနဲ့ ရှု့ထောင့်အမြင်တွေပျောက်ဆုံးသွားတာပါပဲ။
ကျွီကျွယ်ချန်ရဲ့ ဓားဆီကနေရနေကြစူးရှထက်မြက်မှုက ပျောက်ကွယ်လို့သွားခဲ့သလို ကျွီကျွယ်ချန်ကိုလဲ ရှာလို့မတွေ့တော့ပါဘူး။ ခရမ်းရောင်မြူခိုတွေကြားက သူလမ်းပျောက်နေသလိုမျိုးခံစားလိုက်ရပါတယ်။ ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်စွမ်းအားက ကြောက်စရာကောင်းလွန်လှပေမဲ့ ကျွီကျွယ်ချန်ကို လုံး၀မထောက်လှမ်းနိုင်တော့ပါဘူး။ ဒါကြောင့် ထောက်လှမ်းမှုလုပ်ဖို့အတွက်လဲ ကျရှုံးလို့သွားပါတော့တယ်။
အကယ်၍ ဒီလိုတိုက်ပွဲကသာ အစောပိုင်းကျောင်းအားလပ်ရက်မတိုင်ခင်ကဖြစ်ခဲ့မယ်ဆိုရင် ဟို့ယွိဟောင်ရဲ့ တိုက်ခိုက်နိုင်စွမ်းက သူထိတ်လန့်တာကြောင့် အနည်းနဲ့အများသက်ရောက်ခံရပါလိမ့်မယ်။အခုအချိန် သူစိတ်ထဲမှာအတွေးတစ်ခုကပေါ်လာခဲ့ပါပြီ။
ဟို့ယွိဟောင်က ဆက်တိုက်လှုပ်ရှားလို့နေခဲ့ပါတယ်။ သူ့ရဲ့နောက်ကျောဖက်မှာရှိတဲ့ ၀ိညာဥ်ရှပ်ပြေးလေးခုက ချက်ချင်းဆိုသလို မီးတောက်တွေတောက်လာခဲ့ပြီ သူတစ်ကိုယ်လုံးက မြေပြင်ပေါ်မှာကွေးသွားကာ ဘောလုံးတစ်လုံးမျိုးလုံးချလိုက်ရင်း မြူခိုတွေထဲကို သူလိမ့်၀င်လို့သွားပါတော့တယ်။
သူဒီလိုလှုပ်ရှားချိန်မှာတစ်ကိုယ်လုံးက ရေခဲသံချပ်ကာတွေအပြည့်လွှမ်းခြုံတာကို ခံထားရပါတယ်။ ဒီရေခဲအစိုင်အခဲတွေက သူခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာကြောင့် စိတ်၀ိညာဥ်စွမ်းအားရဲ့ ထိန်းချုပ်မှုအောက်မှာ ၀ိညာဥ်လက်နက်တွေကို အထိအခိုက်မှုမရှိစေခဲ့ပါဘူး။
ခရမ်းရောင်အလုံးကြီးတစ်လုံးက ဟို့ယွိဟောင်ရဲ့အရှေ့တည့်တည့်ကို ရောက်ရှိလာခဲ့ပါပြီ။ ဒီအလုံးကြီးက လက်သီးဆုပ်အရွယ်သာရှိသလို မြူခိုတွေကလဲ ပတ်ပတ်လည်မှာ၀န်းရံလို့နေခဲ့ပါတယ်။
” ပြင်းထန်လိုက်တာ စစချင်ကထဲက အသေသတ်တိုက်ကွက်ကိုသုံးနေပြီပေါ့ ”
ဟို့ယွိဟောင် ဒါကိုမြင်ချိန်မှာတော့ လန့်သွားခဲ့ပါတယ်။ ဒါက ကျန်းကျင့်ယန်ရဲ့ခြောက်ခုမြောက်၀ိညာဥ်စွမ်းရည်ဖြစ်တဲ့ မြူခိုဗုံးပါ။
ဟို့ယွိဟောင်လဲ သူ့ရဲ့ညာဘက်လက်ကိုရှေ့ဆန့်ထုတ်လိုက်ပြီ ဗုံးကိုတိုက်ရိုက်ဆွဲလိုက်ပါတယ်။ ဒါပေမယ့် မြူခိုတွေကရုတ်တရက်နောက်ကိုဆုတ်သွားခဲ့ပြီတဲ့နောက် ပတ်၀န်းကျင်မှာရှိနေခဲ့တဲ့ ခရမ်းရောင်အငွေ့အသက်တွေက ပိုပြီးသိပ့်သည်းပြင်းထန်လာပါတယ်။
အစိမ်းရောင်အလင်းတန်းတစ်ခု ပေါက်ကွဲထွက်လာပြီတဲ့နောက် ဟို့ယွိဟောင်ရဲ့ရေခဲရုပ်ထုနယ်မြေက အသက်၀င်လာခဲ့ပါပြီ။ ဒါကမြူခိုတွေအားလုံးကို ရင်ဆိုင်ဖို့အကောင်းဆုံးဖြေရှင်းဖို့ပါပဲ။ ဒါပေမယ့် ဆက်တိုက်ဆိုသလို ပေါက်ကွဲသံတွေကိုသာကြားနေခဲ့ရပါတယ်။ ခဲသွားခဲ့တဲ့မြူခိုတွေက ပြင်းပြင်းထန်ထန်တုန်ခါလာခဲ့ပြီတဲ့နောက် ကြီးမားတဲ့အင်အားစုကြီးတစ်ခုက ဟို့ယွိဟောင်ဆီကိုပြေး၀င်လို့လာခဲ့ပါပြီ။
ဒီပုံရိပ်ယောင်မြူခိုတွေကို ထိန်းသိမ်းထားဖို့အတွက် သူက သူ့ရဲ့ဗုံးကိုကိုယ်ဘာသာကိုယ်ဖျက်ဆီးလိုက်တာလား။
ဟို့ယွိဟောင်ကတော့ ပြုံးနေခဲ့ပါတယ်။ ဆိုးလိုက်တာ ငါရဲ့ရေခဲရုပ်ထုနယ်မြေက အရင်ကထက်အများကြီးအချိန်ကြာရှာအောင်ထိန်းထားနိုင်တယ်။
မြူခိုတွေကအရာအားလုံးကို ဖုံးလွမ်းလို့သွားခဲ့ပါပြီ။ ဒါပေမယ့် လက်ရှိအချိန် အထဲမှာတောက်ပလို့နေတဲ့ မရေမတွက်နိုင်တဲ့နှင်းမြူတွေကိုမြင်ခဲ့ရပါတယ်။ ဒါ့အပြင် အပူရှိန်ကလဲ နောက်တစ်ကြိမ် ထိုးဆင်းလို့သွားခဲ့ပြန်ပါပြီ။ ရုတ်တရက်ဆိုသလို ခရမ်းရောင်မြူခိုတွေက အပြင်ဖက်ဆီကို ပေါက်ကွဲပြန့်ထွက်လို့လာခဲ့ပါတယ်။ ဒါ့အပြင် ဒီမြူခိုတွေကငန်မွှေးတွေလိုပုံစံမျိုးနဲ့ ဖြည်းဖြည်းချင်းပျောက်ကွယ်လို့သွားခဲ့ပြီ မူလပေါက်ကွဲမှုဗဟိုချက်မှာကတော့ ကြည်လင်တောက်ပနေတဲ့အစိုင်အခဲတွေက ရှိနေခဲ့ပါတယ်။
ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ပေါ်မှာအစိမ်းရောင်အလင်းတန်းကလဲ မရှိတော့ပါဘူး။ ကျန်းကျင့်ယန်ကလဲ အံ့အားသင့်နေတဲ့ပုံစံမျိုးနဲ့ သူနဲ့ငါးမီတာအကွာမှာ ရှိနေခဲ့ပါတယ်။ ဟို့ယွိဟောင်ဘယ်လိုလုပ် သူမရဲ့ ပုံရိပ်ယောင်မြူခိုတွေနဲ့ မြူခိုဗုံးနှစ်ခုထိန်းချုပ်မှုကို ကြိုတင်ခန့်မှန်းပြီဖောက်ထွက်လာနိုင်ခဲ့ဆိုတာ နားမလည်နိုင်ခဲ့ပါဘူး။ ဒီအချိန်မှာ ဟို့ယွိဟောင်ကိုသေချာပေါက် ထိန်းချုပ်နိုင်ပြီလို့တွေးထားခဲ့တာပါ။ ဒါပေမယ့် ဟို့ယွိဟောင်ကသူ့ကိုတစ်ချက်တောင်ကြည့်မနေခဲ့ပဲ တခြားတစ်ဖက်ကိုသာအာရုံစိုက်နေခဲ့ပါတယ်။
ကျွီကျွယ်ချန်ကတော့ အဲ့ဒီနေရာမှာရပ်နေခဲ့ပါတယ်။ သူတစ်ကိုယ်လုံးကို မှိန်ဖျော့ဖျော့မီးခိုရောင်အလွှာတစ်လွှာက ထိန်းချုပ်လို့ထားခဲ့ပါတော့တယ်။ ဒါ့အပြင် သူက ဟို့ယွိဟောင် အာရုံခံလို့ရနိုင်တဲ့အနေအထားမှာရှိမနေခဲ့ပါဘူး။ လက်ရှိကျွီကျွယ်ချန်ရဲ့ပုံစံက ကျောက်တုံးရုပ်ထုကြီးတစ်ခုလိုဖြစ်နေရုံတင်မက သူ့ရဲ့လူသားဆန်တဲ့အငွေ့အသက်လဲ ပျောက်ကွယ်လို့သွားခဲ့ပါတယ်။ ဟို့ယွိဟောင်တောင်မှ သူ့ရဲ့စိတ်၀ိညာဥ်ပင်လယ်ထဲအထိ လှုပ်ရှားစေနိုင်တဲ့အန္တရာယ်အငွေ့အသက်တွေကို ဒီကျောက်တုံးရုပ်ထုကြီးဆီကနေ ရရှိလို့နေခဲ့တော့တယ်။
အထင်ကြီးစရာကောင်းလိုက်တဲ့ ကျွီကျွယ်ချန်ပဲ မင်းနောက်ထပ်တစ်ကြိမ် အဆင့်တက်သွားပြန်ပြီလား ဟို့ယွိဟောင်အရှေ့ကိုဆက်မတိုးပဲ နောက်ဆုတ်လို့သွားခဲ့ပါတယ်။ သူ့ရဲ့ရင်ဘတ်ကနေ အားကောင်းတဲ့အလင်းတန်းတွေက ပေါက်ကွဲထွက်လို့လာခဲ့ပါပြီ။ ဒါကလဲ နောက်ထပ် ၀ိညာဥ်ရှပ်ပြေးတစ်ခုပါ ချက်ချင်းဆိုသလို သူ့ရဲ့ခန္ဓာကိုယ်က နောက်ကိုအရှိန်အဟုန်ပြင်းပြင်းနဲ့ လွှင့်စင်ပြီဆုတ်ခွာလို့သွားပါတော့တယ်။
ကျန်းကျင့်ယန်ရဲ့ခန္ဓာကိုယ်က သူဆီကိုခို၀င်လာခဲ့ပြီ တားဆီးဖို့ကြိုးစားခဲ့တယ်။ ဒါပေမယ့် ဟို့ယွိဟောင်က သူမကို ဘယ်လိုလုပ်အခွင့်အရေးပေးမှာလဲ။ ညာဘက်လက်ကို ဝှေ့ရမ်းလိုက်ပြီတဲ့နောက် အကြောက်တရားလက်သည်းတွေကို သူထုတ်ချလိုက်ပါပြီ။
ဒါပေမယ့် ကျန်းကျင့်ယန်ရဲ့ခန္ဓာကိုယ်က အပြာရောင်အလင်းတန်းတွေနဲ့အတူ ပေါက်ကွဲလို့သွားခဲ့ပြီ သူမရဲ့လက်နှစ်ဖက်မှာ လခြမ်းကွေးပုံသဏ္ဍာန်ဓားအကောက်နှစ်လက်က ပေါ်ထွက်လို့လာခဲ့ပါတယ်။
ခရမ်းရောင်အတားအဆီးကတော့ အဆင့်ခြောက်ခန္ဓာကိုယ်အကာအကွယ်ပါ။ သူမက ဟို့ယွိဟောင်ရဲ့တိုက်ခိုက်မှုကို ခန္ဓာကိုယ်နဲ့တိုက်ရိုက်ခံယူခဲ့ပါတယ်။ ဟို့ယွိဟောင်က သူ့ရဲ့ပြီးပြည့်စုံတဲ့အကြောက်တရားလက်သည်းတွေကို ထုတ်လွှတ်တာတောင် တစ်ချက်လေးတောင်မတုန်လှုပ်ခဲ့ပါဘူး။ ဒါတွေအားလုံးက ငါနောက်မဆုတ်နိုင်အောင် လုပ်နေတာသက်သက်လား။
အကြောက်တရားလက်သည်းတွေက ပြင်းပြင်းထန်ထန်ကျရောက်လို့လာခဲ့ပါတယ်။ ရုတ်တရက်ဆိုသလို ကျန်းကျင့်ယန်ရဲ့ခန္ဓာကိုယ်က မြူခိုတွေအသွင်ပြောင်းလဲလို့သွားပြီ ပျောက်ကွယ်လို့သွားခဲ့ပါပြီ။ သူမရဲ့အဆင့်ခြောက်အတားအဆီးဆိုက သူ့ကိုမျှားခေါ်တာသက်သက်ပါပဲ။ မြူခိုတွေကနောက်တစ်ကြိမ် ပြန်သိပ့်သည်းလာခဲ့ပြီတဲ့နောက် ဟို့ယွိဟောင်ကိုအတွင်းဖက်ထဲမှာ ၀ါးမြိုဖို့လုပ်ပါတော့တယ်။ ဒီတင်းကျပ်တဲ့ခံစားချက်က သူ့ကိုကြီးမားတဲ့ ပင့်ကူအိမ်ကြီးတစ်ခုထဲမှာပိတ်မိနေသလိုမျိုး ချုပ်နှောင်မှုကိုခံစားရခဲ့စေတယ်။ ဟို့ယွိဟောင်ရဲ့အရှိန်ကလဲ နှေးကွေးလို့သွားခဲ့ပြန်ပါပြီ။
ကျန်းကျင့်ယန်ရဲ့၀ိညာဥ်လက်နက်တွေက မြေပြင်ပေါ်မှာကျနေခဲ့ပေမဲ့ သူမကတော့ သူ့ရဲမူလရည်ရွယ်ချက်ကိုအောင်မြင်လို့သွားခဲ့ပါပြီ။ ခန္ဓာကိုယ်မှာရှိနေခဲ့တဲ့ ၀ိညာဥ်လက်နက်တွေဆိုတာက ဟို့ယွိဟောင်ကိုတွေးဝေအောင်လုပ်ဖို့အတွက် ထားထားတာမဟုတ်ပါဘူး။ ဒီလိုမျိုးအောက်ကိုချထားတယ်ဆိုတာ သူမရဲ့မြူခိုတွေကို ဟို့ယွိဟောင် မြန်မြန်ဆန်ဆန်မဖြတ်ကျော်နိုင်အောင်လို့ပါပဲ။ ဒါပေမယ့်လဲ အရာအားလုံးဖြစ်သွားတာက သူမထင်ထားတာထက်ကို အရမ်းမြန်ဆန်နေခဲ့တယ်။
အထင်ကြီးစရာကောင်းတဲ့ မြူခိုပြောင်းလဲမှုနဲ့ သိပ့်သည်းမြူခိုတွေပါပဲလား။
ဟို့ယွိဟောင်ရဲ့ရင်ဘတ်ပေါ်က အလင်းတန်းနောက်တစ်ကြိမ် ပြန်လည်ပျောက်ကွယ်လို့သွားခဲ့ပါပြီ။ ဒီတစ်ကြိမ်မှာတော့ သူ့ရဲ့၀ိညာဥ်ရှပ်ပြေးကိုခေါင်းမာမာနဲ့ ဆက်မသုံးနေခဲ့ပါဘူး။ ခြေဖျားကမြေပြင်ပေါ်ကိုထိသွားချိန်မှာ တောက်ပတဲ့ရွှေရောင်အလင်းတန်းတွေက ဖြာထွက်လာခဲ့ပါတယ်။
ထူးထပ်ပြီသိပ့်သည်းတဲ့မြူခိုတွေကို သူခါချလိုက်ပြီချိန်မှာတော့ အရာအားလုံးက ရှင်းလင်းလို့သွားခဲ့ပြန်ပါတယ်။ ဒီမြူခိုတွေက ကျန်းကျင့်ယန်ရဲ့ကိုယ်ပိုင်ခန္ဓာကိုယ်ကနေ ဖန်တီးထားခဲ့တာပါ။ ဒါ့အပြင် သိုင်းပညာ၀ိညာဥ်ရဲ့အကြီးမားဆုံးအချက်လဲဖြစ်နေခဲ့ပါသေးတယ်။ သူမက သိုင်းပညာ၀ိညာဥ်ရဲ့စစ်မှန်တဲ့ခန္ဓာကိုယ်ကိုရဖို့လမ်းတစ်၀က်မှာရောက်နေခဲ့ပါပြီ။ ဒါပေမယ့် ဟို့ယွိဟောင်ရဲ့ဧကရာဇ်နယ်မြေနဲ့ သူ့ရဲ့စိတ်၀ိညာဥ်စွမ်းအားအဆင့်ကြောင့်သာ သူမက သူ့ကိုတိုက်ရိုက်မထိန်းချုပ်နိုင်ခဲ့တာပါ။
ဟို့ယွိဟောင်က ထူးခြားတဲ့နှေးနှေးကွေးကွေးလက်ဟန်တစ်ခုကိုပြုလုပ်လိုက်ပါတယ်။ သူ့ရဲ့ဘယ်ဘက်လက်က ခရမ်းရောင်မြူခိုတွေကို ခပ်ဖွဖွတွန်းလိုက်ပြီ ညာဘက်လက်ကိုမြောက်လိုက်ပါတယ်။ လက်ဖ၀ါးနှစ်ဖက်စလုံးမှာ ရွှေရောင်အလင်းတန်းတွေက ဖြာထွက်လို့နေခဲ့ပြီ စိတ်၀ိညာဥ်မျက်လုံးကလဲ ရွှေရောင်အလင်းတန်းတွေအပြည့်နဲ့ တောက်ပလို့နေခဲ့ပါတယ်။
သိပ့်သည်းတဲ့မြူခိုတွေက သူလက်ဖ၀ါးနှစ်ခုရဲ့လှုပ်ရှားမှုအောက်မှာ ပြင်းပြင်းထန်ထန်တုန်ခါနေခဲ့သလို ကျန်းကျင့်ယန်ရဲ့ထိန်းချုပ်မှုအောက်ကနေ လွှတ်မြောက်ဖို့ကြိုးစားနေတဲ့အတိုင်း ရုန်းကန်လို့နေတော့တယ်။
” ကျင့်ယန် ငါမင်းကိုထိခိုက်အောင်မလုပ်ချင်ဘူး ”
ဟို့ယွိဟောင်က သူ့ရဲ့အသံကိုနှိပ့်ပြီပြောလိုက်ပါတယ်။ ဒီလိုပြောနေတဲ့အချိန်မှာပဲ ပြင်းထန်တဲ့အအေးဓာတ်က ခန္ဓာကိုယ်အပြင်ဖက်ဆီကို ပေါက်ထွက်လို့လာခဲ့ပါပြီ။ ချက်ချင်းဆိုသလို သူ့အရှေ့မှာရှိနေတဲ့ မြူခိုတွေနဲ့ ကြီးမားတဲ့နယ်မြေကြီးက ပျောက်ကွယ်လို့သွားပါတော့တယ်။
ဟို့ယွိဟောင်က အခုလက်ရှိအချိန်မှာ အဆုံးစွန်းရေခဲကြားနှင်းမှုန်အကကို သုံးလိုက်တာပါ။ ဒါပေမယ့် အများကြီးမဖော်ပြချင်တဲ့အတွက် ထုတ်သုံးပြီးပြီချင်မှာတင် ပြန်ပြီဆွဲယူလိုက်ပါတယ်။
ကျန်းကျင့်ယန်က မြူခိုအသွင်နဲ့ဆိုရင်အတော်ကိုအင်အားကြီးပေမဲ့ အကယ်၍ နောက်တစ်ကြိမ်သာ ဟို့ယွိဟောင်နှင်းမှုန်အကကိုထပ်ပြီသုံးလိုက်မယ်ဆိုရင် သူမကို ပြင်းပြင်းထန်ထန်ဒဏ်ရာရသွားစေနိုင်တဲ့အထိ လုပ်ပြစ်နိုင်မှာပါ။ သူမတစ်သက်လုံးလူသားအသွင်ပြန်မပြောင်းနိုင်တော့တောင် ဖြစ်နိုင်ပါသေးတယ်။
မြူခိုတွေသိပ့်သည်းသွားပြီတဲ့နောက် ကျန်းကျင့်ယန်လဲ လူသားအသွင်ပြန်ပြောင်းသွားခဲ့ပါပြီ။ ဒါပေမယ့် ကြီးမားတဲ့အင်အားကြီးတွေက သူမရဲ့ခန္ဓာကိုယ်ကို တိုက်ခိုက်နေခဲ့တဲ့အတွက် နေရာကနေနှစ်ပတ်သုံးပတ်လောက် လိမ့်သွားပြီ မြေပြင်ကိုအားပြုရင်းနဲ့သာ ပြန်ထနိုင်ဖို့ကြိုးစားနေခဲ့ရတယ်။ ဒီအချိန်မှာတော့ ကျွီကျွယ်ချန်က စတင်တိုက်ခိုက်ပါပြီ။
ကျန်းကျင့်ယန်က ဟို့ယွိဟောင်ကို အချိန်နှောင့်နှေးအောင်လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်ကိုအောင်မြင်ခဲ့ပါတယ်။
မီးခိုရောင်အလင်းတန်းက ကြာပွတ်တစ်ခုလိုမျိုး ၀င်ရောက်လို့လာခဲ့တယ်။ ပထမပေါ်လာချိန်မှာ ဘယ်လို၀ိညာဥ်စွမ်းအားလှည့်ပတ်မှုမျိုးမှမရှိခဲ့သလို ဘာမှလဲမမြင်ရပါဘူး။ အကောင်အထည်မရှိတဲ့မီးခိုရောင်အလင်းတန်းတစ်ခုရောက်ရှိလို့လာခဲ့တာပါ။ ဒါပေမယ့် ဒီရောက်ရှိလာတဲ့အလင်းတန်က လေဟာနယ်ကိုခုတ်ဖြတ်ထားတဲ့ရလဒ်ဖြစ်နေခဲ့တယ်။
ဟို့ယွိဟောင်ကတော့ ကျွီကျွယ်ချန်ကို ဟိုအစထဲကစောင့်ကြည့်နေခဲ့တာပါ။ ကျွီကျွယ်ချန် လှုပ်ရှားလိုက်တာနဲ့ ဟို့ယွိဟောင်လဲ ဖြည်းဖြည်းချင်းဆိုသလို လေနဲ့အတူရွေ့လျားပါတော့တယ်။ သူကနှင်းပွင့်တစ်ပွင့်လိုမျိုးလှုပ်ရှားလို့နေခဲ့ပြီ ဘယ်၀ိညာဥ်လက်နက်ကိုမှလဲ သုံးမနေခဲ့ပါဘူး။
ဘယ်ဘက်လက်မှာရှိတဲ့ရွှေရောင်အလင်းတန်းက ဖြည်းဖြည်းချင်းအရောင်ရင့်သွားခဲ့ပြီတဲ့နောက် သူ့ရဲ့နောက်ကျောဖက်မှာ လိမ္မော်ရောင်အရိပ်လေးတစ်ခုပေါ်လာခဲ့ပါတယ်။ သူ့ရဲ့ဘယ်ဘက်လက်ကတော့ ကျောက်စိမ်းဖြူရောင်ပြောင်းလဲလို့သွားခဲ့ပြီ အပေါ်ယံမှာရွှေရောင်အလင်းလုံးလေးတစ်လုံးက ပေါ်လာတော့တယ်။
ဟို့ယွိဟောင်လဲ သူ့ရဲ့လက်ဖ၀ါးကိုခပ်ဖွဖွလေးအရှေ့တွန်းလိုက်ကာမီးခိုရောင်အလင်းတန်းကို တားဆီးလိုက်ပါတယ်။
ကျန်းကျင့်ယန်ကနေတော့ မျက်လုံးအပြူးသားဖြစ်နေခဲ့ပြီ တစ်စုံတစ်ရာကိုလွဲချော်သွားမှာကြောင်တဲ့အတိုင်း မျက်တောင်မခတ်တမ်းကြည့်နေခဲ့တယ်။ ရွှေရောင်အလင်းတန်းနဲ့ မီးခိုရောင်အလင်းတန်းတို့က ထိပ်တိုက်တွေ့သွားခဲ့ပါပြီ။
ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ကတော့ သစ်ရွက်လေးတစ်ရွက် လေထဲမှာလွှင့်မျောနေတဲ့အတိုင်း သာသာယာယာလွှင့်မျောနေရင်း မြေပြင်ပေါ်ကိုဖြည်းဖြည်းချင်းကျဆင်းလို့သွားခဲ့ပါတယ်။
ကျွီကျွယ်ချန်ကတော့ မူလနေရာမှာသာ ပေါ်လာခဲ့ပြီ ရုပ်ထုတစ်ခုလိုတည်ငြိမ်နေဆဲပါပဲ။ ဒါပေမယ့် သူ့ရဲ့လက်ထဲမှာရှိနေတဲ့ဓားကတော့ အဖြူရောင်ပြောင်းသွားခဲ့တယ်။
အပိုင်း ၂၀၄•၁ ပြီး၏။