Switch Mode

Chapter – 62

ဝိညာဥ်တော်ဒြပ်စင်ဆေး

Chapter – 62 ဝိဉာဉ်တော်ဒြပ်စင်ဆေး

အဖြူရောင်ကျားနတ်လက်သီး ဟာ မြေကြီးထဲသို့ နက်ရှိုင်း စွာ နစ်ဝင်ရိုက်ခတ်ကာ အားလုံးသော ယောင်မျိုးနွယ် ပညာ ရှင်များ ကို ထိမှန်ခဲ့ပါတယ် ။ ပြင်းထန်လှသော ချီငွေ့များ ပါဝင် သော နတ် လက်သီးကြောင့် ၎င်းတို့၏ အရိုးများ နဲ့ ကြွက်သား များအားလုံး ဟာ ကျိုးကြေပေါက်ကွဲထွက်သွားသလိုကို ခံစား ကြရတယ် ။ ဒါတင်မက ချီဓာတ်များဟာလည်း သူတို့၏ ခန္ဓာ ကိုယ်အနှံ့ ပြန့် နှက်လျက်ပါပဲ ။
“မင်းတို့အားလုံး ရပ်ကြတော့ ၊ မင်းတို့ယောင်မျိုးနွယ် ခေါင်း ဆောင်နဲ့ စီနီယာအားလုံးဟာ ရှုံးသွားပြီ”
ချန်ရှန်၏ မိုးခြိမ်းသံလို အော်သံကြီးဟာ ယောင်မျိုးနွယ်၏ ၀င်းကြီး တစ်ခုလုံးသို့ ဖုံးလွှမ်းသွားပါတယ် ။ အဆင့်နိမ့် အဆင့် မြင့် အပါအ၀င် အားလုံးသော ယောင်မျိုးနွယ်တို့ဟာ ဒီအော်သံ ကို သဲကွဲစွာ ကြားလိုက်ကြရတယ် ။ ၀င်း အပြင်ဘက် ကွင်းထဲရှိ လူများဟာ ဒီအသံကြောင့် အံ့သြသွားကြပါတယ် ။ ခုနလေးကပဲ ချန်ရှန်ဟာ အထဲဝင်သွားတာ ဖြစ်ပြီး အချိ်န်ခဏလေးဖြင့် မျိုးနွယ်စုတစ်ခုလုံးအား အနိုင်ရရှိသွားခဲ့တာကြောင့်ပါပဲ ။
ကျွမ်းကျင်ပြီး စွမ်းအားရှိလှတယ့် ပညာရှင်တစ်ယောက်ဟာ မြို့ တစ်မြို့ လုံးကို လွယ်ကူစွာ ဖျက်ဆီးနိုင်မယ်ဟုပင် ကောလ ဟာလများ ပြန့်လျက် ပြောဆိုနေကြတယ် ။ ခုချန်ရှန်ဟာ အဆင့် ၈ ပညာရှင် များပါဝင်နေသော မျိုးနွယ်စုကြီးတစ်ခုလုံးကို အောင် နိုင်သွားပါပြီ ။ ဒါတင်မက ၎င်းတို့အား တိုက်ကွက်တစ်ကွက် တည်းဖြင့် ရှုံးနိမ့်သွားစေတာလည်း ဖြစ်ပါတယ် ။ ခုနက ကောလ ဟာလ ဟာ အမှန်ပင် ဖြစ်နိုင်ကြောင်း ယခုလုပ်ရပ်က သက်သေ ပြနေပါတော့တယ် ။
ယောင်ဟွန်နဲ့တကွ ယောင်လူကြီးမင်းများ အားလုံး၏ အရိုး များဟာ လုံးဝ ကျိုးကြေနေပါပြီ ။ ဒါပေမယ့် ၎င်းတို့ဟာ အသက် တော့ မသေသေးပေ ။ သေလုမတတ် နာကျင်ခံစားနေရတာပါ ။ ၎င်းတို့အားလုံး ချန်ရှန်အား အမုန်းမျက်လုံးများဖြင့် ကြည့်နေကြ ပါတော့တယ် ။
ယောင်မျိုးနွယ်ခေါင်းဆောင်နဲ့ယောင်လူကြီးမင်းတို့ ရှုံးန်ိမ့် သွားသောကြောင့် ကျန်မျိုးနွယ်ဝင်တို့ဟာ ခုခံနိုင်စွမ်း မရှိကြ တော့ပေ ။ ၎င်းတို့သာ ဆက်လက်တိုက်ခက်ပါက အဓိပ္ပာယ်မရှိ အချည်းအနှီးသာ ဖြစ်ပါလိမ့်မယ် ။
“ချန်ရှန် . . မင်း . . ငါတို့ ယောင်မျိုးနွယ်ရဲ့ တခြား စီနီယာ ကြီးတွေ မင်းကို ကလဲ့စား လာချေတာကို စောင့်နေ”
ယောင်ဟွန်ဟာ ဒီနေ့ သူကျိန်းသေ သေရမည်ကို သိနေပါ တယ် ။ ယောင်မျိုးနွယ်ရဲ့ တခြားစီနီယာ တွေဟာ ဒီတိုင်းတော့ မနေလောက်ဘူး ဟု ထင်နေလျက်ပါပဲ ။
“ကောင်းတာပေါ့ ၊ သူတို့လာတော့လည်း ကျွန်တော် သူတို့ ကို ခင်ဗျားဆီ မြန်မြန်ပို့လိုက်မယ် ၊ အာ့ကျ စကားတွေ အကြာ ကြီး ပြောကြပေါ့”
ချန်ရှန်လည်း ပြောပြောဆိုဆို ဖြင့် ချီငွေ့ များအား ဓားတို လေးအဖြစ် ဖန်တီးကာ ထို့နောက်မှာတော့ ထိုဓားလေးဟာ ယောင်ဟွန်၏ ခေါင်းဆီသို့ ပျံဝဲသွားပါတော့တယ် ။
ချီငွေ့ ဓားတိုလေး ယောင်ဟွန် ခေါင်းအား ထိမှန်သွားသော အခါ ချက်ချင်းပဲ ပေါက်ကွဲထွက်သွားပါတယ် ။ သွေးစများ ပြန့် ကျဲကုန်ကာ ထိုမြင်ကွင်းကို မြင်ရသူအပေါင်းတို့ ပျို့ တက်လာ ကြတယ် ။ ယောင်မျိုးနွယ်တို့ဟာ သူတို့ခုခံပါက ချန်ရှန်ဟာ ၎င်း တို့အားလည်း ထိုအတိုင်းပြုလုပ်မည်ကို စိုးရိမ်သွားကြပါတယ် ။ ထို့ကြောင့် ယောင်မျိုးနွယ်တို့ဟာ လက်နက်ချ အရှုံးပေးလိုက် ကြပါတော့တယ် ။
ဒီအချိန်မှာပဲ ဟိုးရှေးနှစ်ပေါင်းများစွာထဲက ဂုဏ်ယူဝံ့ကြွား စွာ တည်ရှိလာခဲ့သော ဆေးပညာအင်အားစု မျိုးနွယ်ဟာ ပျောက် ကွယ်သွားရပါပြီ ။ အားလုံးထဲမှာ မယုံနိုင်စရာ ကောင်း တာ တစ်ခုက သူတို့ရှုံးလို့မဟုတ်ပါဘူး ၊ ဒီလိုမျိုးပျက်ဆီးမှု အားလုံးဟာ ၁၇ နှစ်တောင် မပြည့်သေးသော လူငယ်လေး တစ် ယောက်ကြောင့် ဆိုတယ့် အချက်ပါပဲ ။
ချန်တျန်းဟူ ဒီလို အဆုံးသတ် ရလဒ် ထွက်လာမယ်လို့ မမျှော်လင့်ခဲ့မိဘူး ။
“ချန်ရှန် ၊ မင်း ဒဏ်ရာရတယ့်လူတွေကို ဦးဆောင်ပြီး အရင် ထွက်သွား ၊ မင်းလည်း တော်တော် ပင်ပန်းနေပြီ ၊ ဒီဟာတွေကို ငါတို့နဲ့ ထားခဲ့လိုက်တော့”
ချန်တျန်းဟူ အော်ပြောလိုက်ပါတယ် ။ သူ၏မျက်လုံးများ ဟာ စူးရှလျက် ယောင်မျိုးနွယ်တို့ကို ကြည့်နေပါတယ် ။ ၎င်းတို့ အားလုံးလည်း ကြောက်ရွံ့ နေကြပါတော့တယ် ။
ချန်ရှန်လည်း ခေါင်းညိမ့်ပြီး ဒဏ်ရာရနေတယ့် ချန်မျိုးနွယ် ရာကျော်တို့ကို ခေါ်ဆောင်လျက် ဆေးဘုရင်ခန်းမသို့ ပြန်လာပါ တယ် ။ သူ့အတွက်လိုအပ်တယ့် ဆေးတွေကို ယူသောက်တယ် ။ သူဟာ ဒီနေ့မှာ သူ၏ အားလုံးသော မိုးပြာနဂါး နဲ့ အဖြူရောင် ကျား ချီစွမ်းအင်များကို တော်တော် သုံးစွဲခဲ့တာပါ ။ ဒါဟာ သူ၏ ချီဓာတ် တ၀က်နီးပါးလောက်ကို သုံးခဲ့တယ်လို့ ပြောနိုင်ပါတယ် ။ တခြား ချီဓာတ် ၃ ခုမှာတော့ သူ၏ စကြာဝဠာ အနှိုင်းမဲ့ စွမ်းအား ကို သုံးခဲ့ရတယ့်အတွက် ကုန်သလောက်နီးပါး ဖြစ်နေပါပြီ ။ ဒါဟာ သူ့ဘ၀မှာ ပထမဆုံး ဒီလိုချီဓာတ်တွေ အသုံးပြုခဲ့တာပဲ ဖြစ်ပါတော့တယ် ။
ဆေးဘုရင်ခန်းမ အတွင်းမှာတော့ ချန်လုဇောင် နှင့် မန်ဘို တို့ဟာ ဖြစ်ပျက်ခဲ့တာတွေကို မေးမြန်းနေကြပါတယ် ။ အခြေ အနေကို သိပြီးတဲ့နောက်မှာတော့ အဘိုးကြီး ၂ ယောက် ခေါင်း များ အကြိမ်ကြိမ်ခါလျက် အံ့သြနေကြတယ် ။ ချန်ရှန်ဟာ ဒီလို ကြောက်စရာ စွမ်းအားမျိုးပိုင်ဆိုင်မယ်လို့ မယုံကြည် နိုင်ကြဘူး ဖြစ်နေပါတော့တယ် ။
“ဒီကောင်လေး သိုင်းပညာဂိုဏ်းကြီးတစ်ခုထဲ ၀င်ရင် ကောင်းမယ် ၊ ဒီနေရာက သူ့ရဲ့ တိုးတက်မှုကို ဘယ်လိုမှ မြင့် တက်လာစေမှာ မဟုတ်ဘူး”
ချန်လုဇောင် သက်ပြင်းချနေမိပါတယ် ။ ဒီနေရာမှာ ချန်ရှန် အတွက် သင့်တော်သောပြိုင်ဘက်အား ရှာဖွေရန် တော်တော် ခက်ခဲပါတယ် ။ ဒါပေမယ့် သူသာဂိုဏ်းထဲဝင်ပါက အောက်ခြေ တစ်နေရာတော့ ကျိန်းသေ ရပေလိ့မ်မည် ။
ဒါဟာ ဘာလို့လဲဆိုတော့ လူတစ်ယောက်ဟာ သူ၏ စွမ်း အား အခြေနေတစ်ခုထိ ရောက်ရှိလာပါက အပြင်လောကမှာ မနေချင်ကြတော့ပေ ။ ဒီနေရာတွင် အရမ်းအားကြီးနေပါက သူတို့၏ စွမ်အားများဟာ ဒီလောက်နဲ့ ရပ်တန့်သွားကြမည် ဖြစ် လို့ပါပဲ ။ ဒီထက်မက ပိုမို စွမ်းအား ကြီးချင်ကြတာပါ ။
ယောင်မျိုးနွယ်ဟာ ချန်မျိုးနွယ်အောက်မှာ ပြားပြားဝပ်သွား ပါပြီ ။ တောင်ပိုင်းအင်ပါယာ တစ်ခုလုံးသို့ ယောင်မျိုးနွယ်တို့အား ချန်မျိုးနွယ်တို့ ပိုင်ဆိုင်သွားပြီ ဆိုသောသတင်းဟာ ပြန့်နှံ့သွားပါ တော့ တယ် ။ ချန်မျိုးနွယ်တို့ဟာ အင်အားအကြီးဆုံး မျိုးနွယ် အုပ်စုများထဲမှ အုပ်စုတစ်စု ဖြစ်သွားပြီဆိုတာ သံသယ ရှိဖွယ် မရှိပါဘူး ။ ဒါတင်မက တောင်ပိုင်းအင်ပါယာ တစ်ခုလုံးမှာ နံပတ် ၁ ဆေးပညာမျိုးနွယ်စုလည်း ဖြစ်လာပါတော့တယ် ။
ဒီသတင်းတွေဟာ တောင်ပိုင်းအင်ပါယာ တစ်ခုလုံးအား ရက်အတော်ကြာ ပြန့်နှံ့နေပါတယ် ။ မျိုးနွယ်စုတိုင်းဟာ ချန် နဲ့ ယောင် မျိုးနွယ်တို့ တနေ့ ဒီလိုဖြစ်ကြလိမ့်မယ်ဆို သိထားကြပါ တယ် ။ ဒါပေမယ့် ခုလောက် မြန်မြန်ပြီးဆုံးသွားမယ်လို့ မမျှော် လင့်ကြပါဘူး ။ ဒါတင်မက ချန်ရှန်၏ သူ၏ အံ့အားသင့်ဖွယ် အစွမ်းတွေကြောင့် နာမည်ကျော်ကြားသည်ထက် ကျော်ကြား လာပါတော့တယ် ။
တော်ဝင်နန်းတော်ထဲမှာတော့ ရုပ်ရည်ကြည့်ကောင်းသော လူ တစ်ယောက်ဟာ ဖြူဖတ်ဖြူလျော် ပုံစံဖြင့် သက်လတ်ပိုင်း အရွယ်လူတစ်ယောက်ကို ပြောလိုက်ပါတယ် ။
“အဖေ ၊ ကျွန်တော်တို့ ရဲ့ နဂါးသိုင်းစွမ်းရည်ကို ချန်ရှန် ခိုးယူ ထားတယ်ဆိုတာ တကယ်ပဲမေ့နေကြတာလား ၊ နောက်ပြီး ကျွန်တော့်ကိုလည်း ပြင်းပြင်းထန်ထန်ကို ဒဏ်ရာရစေသေး တယ်လေ ။”
ဆောင်ဝု က ကျယ်လောင်စွာ ပြန်ပြောလိုက်ပါတယ် ။
“ငါတို့ဘာလုပ်ရမှာလဲ ၊ တပ်သားတွေလွှတ်ပြီး ချန်မျိုးနွယ် ကို ဖျက်ဆီးခိုင်းရမှာလား ၊ သူတို့မှာ အဆင့် ပညာရှင် ၆ ယောက် ရှိတယ် ။ နောက်ပြီး ချန်ရှန်ဆိုတာ အဆင့် ၁၀ ပညာရှင်လို့ တောင် ပြောလို့ရတယ် ။ ချန်ရှန်မင်းကို တကယ်မသတ်သွားတာ ပဲ ကျေးဇူတင် ၊ မင်းက မင်းကိုယ်မင်း တော်လှပြီ ထင်နေတယ် ဒါပေမယ့် မင်းဟာ အပေါ်ယံပဲ”
ဆောင်ဝုဟာ ဧကရာဇ် ဖြစ်ပါတယ် ။ ဒါပေမယ့် ချန်မျိုးနွယ် နဲ့ ရင်ဆိုင်နေရပြီး သိက္ခာတောင် ကျခဲ့တယ် ။ သူနဲ့ ချန်မျိုးနွယ် ဟာ ရန်ငြိုးမရှိပါဘူး ။ ပြိုင်ပွဲနေ့က သူဟာ ဒဏ်ရာရနေတယ့် သူ့ သားနဲ့ ထိုနေရာမှာ ဆက်မနေခဲ့တာဟာ တော်တော်မှန်တဲ့ ဆုံး ဖြတ်ချက်တစ်ခုပါပဲ ။ တကယ်လို့ သူသာ ဆက်နေခဲ့ပါက သူတို့ ၂ ယောက်လုံး ယောင်မျိုးနွယ်နဲ့အတူ သေလမ်းသွားရ နိုင် ပါတယ် ။
“ကျွန် . . . ကျွန်တော်ကတော့ သူနဲ့ တည့်မှာမဟုတ်ဘူး”
ဆောင်နန်မင်း အံ့ကြိတ်ကာ ပြောလိုက်ပါတယ် ။ အဲဒိတုန်း က သူဟာ သူ၏ ကိုယ်တစ်ခုလုံး ရစရာမရှိအောင် တိုက်ခိုက်ခံခဲ့ ရတာပါ ။ ကောင်းမွန်တဲ့ ဆေးအကူအညီသာ မရရှိခဲ့ပါက ပြန် ကောင်းဖို့ မျှော်လင့်ချက် လုံးဝကို မရှိပါဘူး ။
“ဟဟ ၊ အဲဒိတော့ ဘာကို မသင့်မြတ်နိုင်မှာလဲ ၊ ခု ယောင် မျိုးနွယ်လဲ ပျက်ဆီးသွားပြီ ၊ ချန် တွေက ဧကရာဇ်တွေ ဘာတွေ လည်း ဂရုစိုက်တာမဟုတ် ၊ သူတို့တိုက်စရာရှိတာ တိုက်ကြတာ။ ဒီအချိန်မှာ မင်းက အမိန့်သွားပေးချင်နေသေးတာလား”
ဆောင်ဝုလည်း ပြောပြီး ထွက်သွားပါတော့တယ် ။
ယောင်မျိုးနွယ်ရဲ့ ဥယျာဉ်ခြံဝန်း ကြီးဟာ ခုတော့ ချန်မျိုးနွယ် ၏ နားခိုရာ အသစ် ဖြစ်သွားပါပြီ ။ စစ်ဖြစ်ကြတုန်းက ပျက်ဆီး သွားသော ၀င်ပေါက်နဲ့ အရှေ့ ပိုင်း တို့ဟာ ချန်မျိုးနွယ်တို့ ဘုရင့် မြို့ တော်မှာ နားခိုနိုင်ရန် ရည်ရွယ်ချက်ဖြင့် ပြင်လိုက်ကြသော ကြောင့် ကောင်းမွန်သွားပြီ ဖြစ်ပါတယ် ။
အရင်တုန်းက ယောင်မျိုးနွယ်နှင့် ပနံသင့်ခဲ့သည့် အင်အားစု များဟာ အလျင်အမြန်ပဲ ချန်မျိုးနွယ်တို့ထံ ချဉ်းကပ်လာကြပါ တယ် ။ ဒီရက်တွေမှာ များစွာသော လူများဟာ ဆေးဘုရင်ခန်းမ သို့ လက်ဆောင်များလာပေးကြပြီး ၎င်းလက်ဆောင်များဟာ အလွန် ကောင်းမွန်ကြတယ် ။ ဒီထဲမှ ချန်ရှန်ဟာ ဆေးပင်အနည်း ငယ်ကိုသာ ယူပြီး အနားယူဖို့ ပြန်ခဲ့ပါတယ် ။
ချန်ဖုယွန်ကို သတ်ပြီးနောက် ချန်ရှန်ဟာ ၎င်း၏ အိတ်အ တွင်းမှ စစ်မှန်တယ့် ဝိဉာဉ်တော်ဒြပ်စင်ဆေးကို တွေ့ ခဲ့ပါတယ် ။ ဒါဟာ အဆင့်မြင့် ဝိဉာဉ်တော်ဆေးပဲ ဖြစ်ပြီး အရမ်းကို ရှားပါးလွန်း တယ် ။ တောင်ပိုင်းအင်ပါယာ၏ ဆေးဘုရင်ဖြစ်တဲ့ မန်ဘိုတောင် ဒီလိုဆေးကို အောင်မြင်စွာ ပြုလုပ်နိုင်ရန် အလွန် ခက်ခဲလှပါ တော့တယ် ။
“ဒီဆေးမှာ အလွန်ကိုများပြားလှတယ့် သန့်စင်သော ချီ ဓာတ်တွေ ပါဝင်တယ် ။ ဒါကိုစားပြီးရင် ဒီထဲပါတယ့် ချီဓာတ်တွေ က အရမ်းကို အကျိုးရှိစေတယ် ။ တကယ့်ကို ကောင်းမွန်တဲ့ ဆေး ပဲ ။ ငါဒါကို ကိုယ်တိုင်လုပ်နိုင်ရင် တော်တော် ပျော်မိမှာပဲ”
ချန်ရှန်ဟာ ထွင်းဖောက်မြင်နိုင်သော အခွံပုံစံ ရှိတယ့် ဆေး ကို ကြည့်နေပါတယ် ။ အလယ်မှာတော့ သန့်စင်သော အဖြူ ရောင် ချီ အလုံးလေးတစ်ခု ရှိနေတယ် ။
စုမေးယိုဟာ ချန်ရှန်၏ နဂါးမီးတောက် မီးဖိုအား ကိုင်ထား လျက်ရှိပြီး ဘိုင်ယုယုကတော့ ဘေးနားမှာ ရပ်နေပါတယ် ။ ဒီမီး ဖိုအား ချန်ရှန်မှ သွေးစက်ချကာ ပိုင်ရှင်အဖြစ် သတ်မှတ်ပြီး တည်းက ဘိုင်ယုယုဟာ သိပ်တော့ မလန့်တော့ပါဘူး ။
စုမေးယိုက ပြောပါတယ် ။
“ဂိုဏ်းက ဆေးဆရာတွေသာ ဒီလို အဆင့်မြင့် ဝိဉာဉ်တော်ဆေးကို လုပ်နိုင်ကြတယ် ၊ ဒါကလည်း တော်တော် ခက်ခဲပါပေတယ် ။ ဒီလို ဆေးတွေ လုပ်နိုင်တယ့် ဆေးဆရာမှ လည်း တကယ်ကို တော်တယ့် ဆေးဆရာလို့ ခေါ်နိုင်မှာ ဖြစ် တယ်”
လက်ရှိမှာ ချန်ရှန်ဟာ အလယ်အလတ်တန်းစား ဆေးများ ကိုသာ ကောင်းကောင်းလုပ်နိုင်သေးတာဖြစ်ပြီး အဆင့်မြင့် ဆေးတွေနဲ့ အဆင့်နိမ့် ဝိဉာဉ်တော်ဆေးများ လုပ်နည်းကိုတော့ သင်တုန်းပါ ။ ဒီအရာတွေ အောင်မြင်သွားရင်တော့ အင်အား ကြီးမားတဲ့ ဂိုဏ်းတွေထဲကို ဦးတည်တော့မှာပါ ။
“အမတော်တို့ ၊ ဒီသိုင်းပညာဂိုဏ်းတွေထဲ ရောက်နေတဲ့ ယောင်မျိုးနွယ် စီနီယာကြီးတွေက ချန်မျိုးနွယ်ကို ကလဲ့စားချေ ဖို့ ပြန်လာနိုင်လား”
ချန်ရှန်မေးလိုက်ပါတယ် ။ သူဟာ ဒီလူတွေ ပြန်လာပြီး ကလဲ့စားချေမှာကို စိုးရ်ိနေပါတယ် ။
“မင်းဒီမှာဖြစ်ပျက်တာတွေကို ဂိုဏ်းတွေက ကြားမှာကို မစိုးရိမ်ပါနဲ့ ၊ အဲဒိတုန်းက ချန်ဖုယွန် နဲ့ ဇန်လောင် တို့ စည်းကမ်း အရင်ဖောက်ပြီး အပြင်လောက က လူတွေကို တိုက်ခိုက်တာ ၊ သူတို့သေရင်တောင် လာစုံစမ်းနေမှာမဟုတ်ဘူး ။ ဘာလို့လဲ ဆိုတော့ သူတို့ ၂ ယောက်ဟာ ဂိုဏ်းရဲ့ အမြင်မှာ ဘာမှ မဟုတ် လို့ပဲ ။ သူတို့ ၂ ယောက် အသက်အတွက် စည်းကမ်းတွေ ဖောက်ကြမှာ မဟုတ်ဘူး ။ တကယ်လို့ သူတို့လုပ်ရင်လည်း တခြား ဂိုဏ်းတွေက သူတို့ကို ရှုံ့ ချအပစ်တင် ကြမှာမို့ပဲ”
စုမေးယို က ရှင်းပြလိုက်ပါတော့တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset