Switch Mode

Chapter – 203.1

နတ်ဆိုးရဲ့ဒေါသအကြည့်

အပိုင်း ၂၀၃•၁

” နတ်ဆိုးရဲ့ဒေါသအကြည့် ”
°°°
ဟို့ယွိဟောင် ခေါင်းသာညိတ်ပြလိုက်ပါတယ်။

” အကယ်၍ ကျွန်တော်အချိန်ရခဲ့မယ်ဆိုရင်တောင် ဒါမျိုးနောက်တစ်ခုထပ်လုပ်နိုင်မယ်လို့မထင်ဘူး…ကျွန်တော်ရိုးရိုးသားသားပြောပြပါ့မယ်…ဒီအထဲမှာ ဆရာနားမလည်နိုင်တဲ့ အသိပညာတွေရှိနေတယ်…ပြောရမယ်ဆိုရင် ၀ိညာဥ်လက်နက်အတတ်ပညာရှင်တစ်ယောက်နားလည်နိုင်မဲ့အရာမျိုးမဟုတ်ဘူး…အဆင့်ကိုး၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေတောင် ဒါမျိုးကိုနားမလည်လောက်ဘူး ”

ရွှမ်ကျင့်၀မ်ကတော့ ခါးသီးတဲ့အပြုံးနဲ့သာရှိနေခဲ့ပါတယ်။

” မင်းငါရဲ့စိတ်ကိုလှုပ်ရှားနိုင်အောင်လုပ်နိုင်တယ်လို့ ၀န်ခံရမှာပဲ ဒီအံ့အားသင့်စရာနှစ်ခုက ငါတစ်ခါထဲလက်ခံဖို့အတွက် ကြီးမားလွန်နေတယ်…ငါအရင်ဆုံးစဥ်းစားရဦးမယ် ”

” ဆရာစဥ်းစားလို့ရပါတယ်…ထန်မျိုးနွယ်ရဲ့တံခါးတွေက ဆရာအတွက် အမြဲတမ်းဖွင့်ထားပေးမှာပါ အကယ်၍ ဆရာသာလိုလိုလားလားနဲ့၀င်ရောက်ချင်တယ်ဆိုရင် ဆရာအလိုရှိတဲ့နေရာထိုင်ခင်းကို ရွေးချယ်လို့ရတယ်…ဒါ့အပြင် ကျွန်တော်လဲဖော်ပြသင့်သလောက် ဖော်ပြမှာပါ လွန်ခဲ့တဲ့နှစ်တစ်သောင်းတုန်းက ထန်မျိုးနွယ်ဆိုတာ ပထမမျိုးနွယ်သခင်ရဲ့လက်ထဲမှာအများကြီးကြွယ်၀တိုးတက်ခဲ့တဲ့မျိုးနွယ်စုကြီးတစ်ခုပါပဲ ဒါ့အပြင် ဒီတိုက်ကြီးတစ်ခုလုံးမှာ ထင်ရှားတဲ့ဒဏ္ဍာရီကိုတောင် ဖန်တီးနိုင်ခဲ့သေးတယ်…မျိုးနွယ်စုရဲ့တိုးတက်မှုက အဓိကအားဖြင့် လျှို့၀ှက်လက်နက်တွေမှာ တည်ရှိနေခဲ့တာ ဒါ့အပြင် ၀ိညာဥ်လက်နက်တွေပေါ်လာပြီတဲ့နောက် လျှို့၀ှက်လက်နက်တွေကိုအသုံးပြုတာကလဲ ဖြည်းဖြည်းချင်းလျော့ပါးသွားခဲ့တယ်…ကျွန်တော်ရဲ့သုတေသနပြုမှုတွေအားလုံးက ထန်မျိုးနွယ်ရဲ့လျှို့၀ှက်လက်နက်တွေကို အခြေခံထားတာပါပဲ ဒါ့အပြင် သူတို့ရဲ့အဓိကပုံစံတွေကို ၀ိညာဥ်လက်နက်တွေနဲ့ ကျွန်တော်ပေါင်းစည်းလိုက်တယ်..၀ိညာဥ်လက်နက်တွေကို လျှို့၀ှက်လက်နက်တွေနဲ့ဖြည်းဖြည်းချင်းပေါင်းစည်းပြီတဲ့နောက် အံ့ဩစရာကောင်းတဲ့တီးထွင်ဖန်တီးမှုတွေကို အများကြီးကျွန်တော်ဖန်တီးနိုင်လိုက်တယ် ”

” ကျွန်တော် ဆရာကိုရိုးရိုးသားသားပြောပြနိုင်ပါတယ်…ဒီပစ္စည်းနှစ်ခုက ကျွန်တော်အဓိကရည်မှန်းချက်တွေထားနေတဲ့သုတေသနရဲ့အဓိကကနဦးပုံစံတွေပဲ ကျွန်တော်ရဲ့၀ိညာဥ်လက်နက်အတတ်ပညာက ဆရာနဲ့တော့ယှဥ်လို့ရနိုင်မှာမဟုတ်ဘူး…အကယ်၍ ဆရာသာထန်မျိုးနွယ်ထဲကိုရောက်လာနိုင်ခဲ့မယ်ဆိုရင် သေချာပေါက် ကျွန်တော်ထက်ပိုပြီးကောင်းအောင်လုပ်နိုင်ဦးမှာပါ ”

” ဒီအမြောက်ခွံကိုသိမ်းထားလိုက်တော့ နောက်ထပ်ဘယ်တော့မှထုတ်မလာနဲ့ ငါသွားတော့မယ် ”

ရွှမ်ကျင့်၀မ်က ပြောပြီတဲ့နောက် ချက်ချင်းလှည့်ထွက်လို့သွားပါတော့တယ်။ တစ်ချက်လေးတောင်သူလှည့်မကြည့်ခဲ့ပါဘူး။

ဟို့ယွိဟောင်လဲ သူ့ရဲ့နတ်ဆိုးဒေါသအကြည့်အမြောက်ဆံကိုပြန်သိမ်းလိုက်ပြီတဲ့နောက် သက်ပြင်းချလိုက်မိပါတယ်။ တကယ်တော့ ဒါကလဲမပြီးပြည့်စုံသေးတဲ့ပစ္စည်းတစ်ခုပါ သူ့ရဲ့အဓိကဗဟိုချက်ကိုပြီးမြောက်အောင်မလုပ်ရသေးပါဘူး။ အရမ်းကိုရှုပ်ထွေးနေခဲ့သလို လက်ရှိကျင့်ကြံဆင့်နဲ့လဲ ပြီးမြောက်အောင်လုပ်ဖို့ ခက်ခဲနေခဲ့ပါတယ်။ အနည်းဆုံး၀ိညာဥ်စက်ကွင်းခုနှစ်ကွင်းရှိမှသာ သူဒါကိုဆက်ပြီလုပ်နိုင်မှာပါ။ အဆင့်ရှစ်အမြောက်တစ်ခုကို အပေါ်ယံအခွံလုပ်နိုင်ဖို့ဆိုတာတောင် လွယ်တဲ့ကိစ္စမဟုတ်ပါဘူး။

ဘာကြောင့် ရွှမ်ကျင့်၀မ်က ဒါကိုမခွဲခြားနိုင်ရတာလဲ အကြောင်းအရင်းကတော့ ဟို့ယွိဟောင်က အကြီးအကဲလျှပ်စီးဧကရာဇ်သင်ကြားပေးထားတဲ့ အောက်လမ်းပညာကိုဒီအမြောက်ဆံထဲမှာထည့်သွင်းထားလို့ပါပဲ။ အဲ့ဒီလိုမျိုးမှော်ပညာနဲ့ပေါင်းစည်းထားတဲ့၀ိညာဥ်လက်နက်ဆိုတာက ဒီလောကမှာဘယ်တုန်းကမှမတည်ရှိဖူးတဲ့အတွက် ကျန်းဟုန်ချန် ဒီနေရာမှာရှိနေမယ်ဆိုရင်တောင် ခွဲခြားပြီပြောနိုင်မှာမဟုတ်ပါဘူး။ သေချာပေါက် လူတွေကိုခြောက်လန့်စေဖို့အတွက်အရမ်းကိုအသုံး၀င်ပါတယ်။

နောက်တစ်နည်းပြောရမယ်ဆိုရင် ဟို့ယွိဟောင်က လိမ်ညာမနေခဲ့ပါဘူး။ အကယ်၍ ဒီအမြောက်သာပြီးမြောက်သွားမယ်ဆိုရင် သူကအဆင့်ကိုးရွေ့လျားအမြောက်တွေနဲ့ယှဥ်နိုင်သွားပါလိမ့်မယ်။ ပိုပြီးတော့တောင် သန်မာနိုင်သေးတယ်။ ဒါပေမယ့် သူ့ရဲ့အစွမ်းသတ္တိကို လေ့လာဖို့အတွက်နည်းလမ်းမရှိခဲ့ပါဘူး။ ဘယ်လက်နက်မဆိုအသုံးချကြည့်မှသာ သူ့ရဲ့အင်အားကိုသိနိုင်မှာပါ။ မဟုတ်ရင် သူ့ရဲ့စစ်မှန်တဲ့အင်အားကိုဘယ်သူမှနားလည်နိုင်မှာမဟုတ်ပါဘူး။

ရွှမ်ကျင့်၀မ်ထွက်ခွာသွားပေမဲ့လဲ ဟို့ယွိဟောင်အေးအေးဆေးဆေးရှိနေခဲ့ပါတယ်။ ရွှမ်ကျင့်၀မ်ကို သူဆွဲဆောင်နိုင်လိုက်ပြီမှန်းနားလည်ပြီသားပါ။ ဒီလိုမျိုး၀ိညာဥ်လက်နက်တွေကို အရူးအမူးစွဲလမ်းပြီချစ်မြတ်နိုးတဲ့သူက အခုလိုဖန်တီးမှုနဲ့တွေ့ကြုံရချိန်မှာ ဘယ်လိုလုပ်ဆွဲဆောင်မှုမခံရပဲနေမှာလဲ သူ့ရဲ့တီးထွင်ဖန်တီးမှုတွေနဲ့ ဆန်းသစ်တဲ့လက်ရာတွေက ရွှမ်ကျင့်၀မ်ရဲ့သုတေသနတွေကို သေချာပေါက် အများကြီးသက်ရောက်စေနိုင်မှာပါ။ ရွှမ်ကျင့်၀မ်ရဲ့ကိုယ်ပိုင်ဖန်တီးနိုင်စွမ်းနဲ့ ပေါင်းလိုက်မယ်ဆိုရင်၀ိညာဥ်လက်နက်တွေက နောက်ထပ်ခေတ်သစ်ကြီးတစ်ခုဆီတိုးတက်လို့သွားနိုင်ပါတယ်။

ရိုးရှင်းတဲ့ညစာကိုစားပြီတဲ့နောက် ဟို့ယွိဟောင်ပြန်ပြီအိပ်ပါတော့တယ်။ သူ့ရဲ့ပစ္စည်းတွေက တစ်၀က်တစ်ပျက်နဲ့သာဖြစ်ပေမဲ့လဲ ဒါတွေကိုဖန်တီးဖို့အတွက် သူအများကြီးကြိုးစားထားခဲ့ရတာပါ။ ဒါကြောင့် အတော်လေးသူမောပန်းလို့နေခဲ့ပါပြီ။

နောက်တစ်နေ့မနက်အထိကို သူဆက်ပြီအိပ်နေခဲ့ပါတယ်။

မနက်ခင်းနေရောင်ခြည်ဖြာလာချိန်မှာ ပြတင်းပေါက်ဖွင့်ပြီတဲ့နောက် လေအေးအေးတွေကို ရှုရှိုက်လို့နေခဲ့ပါတော့တယ်။ ဒီလိုရှုရှိုက်ပြီတော့မှသာ သူလဲသက်သောက်သက်သာဖြစ်သွားခဲ့ရပါတယ်။ သက်သောက်သက်သာနေရတဲ့အချိန်ဆိုတာက တကယ်ကောင်းမွန်လွန်တဲ့ခံစားချက်ပါပဲ။ နေရောင်ထွက်ခါစဖြူဖွေးနေတဲ့ ကောင်းကင်ကြိီးကိုကြည့်လိုက်ရင်း ခရမ်းရောင်အလင်းတန်းတွေက သူ့မျက်လုံးတွေထဲမှာတောက်ပလာခဲ့ပြန်ပါပြီ။ ဒီနှစ်တွေမှာခရမ်းရောင်နတ်ဆိုးမျက်လုံးကို သူမရပ်မနားတမ်းဆက်တိုက်လေ့ကျင့်လို့နေခဲ့ပါတယ်။

ငါမကြာခင်အိမ်ပြန်ရတော့မယ်နှစ်နှစ်ခွဲတောင်ရှိခဲ့ပြီ အစ်ကိုကြီး တတိယအစ်ကိုကြီး စတုတ္ထအစ်မကြီး ငါးယောက်​မြောက်အစ်မကြီးမင်းတို့တွေအဆင်ရောပြေကြရဲ့လား ပြီတော့၀မ်သုန့်ရော ငါ့နဲ့ ဒုတိယအစ်ကိုကြီးကို စောင့်နေကြပါဦး။

အမျက်ဒေါသရဲ့မိစ္ဆာခုနှစ်ဖော်က မကြာခင်မှာပြန်ဆုံဆည်ကြတော့မယ်။ ဆရာသာအသက်ရှင်လျက်ရှိနေသေးရင် ဘယ်လောက်တောင်ကောင်းလိုက်မလဲ သေချာပေါက်ကျွန်တော် ဆရာကိုစိတ်မပျက်စေရဘူး။ ဒီနှစ်နှစ်အတွင်းမှာ ကျွန်တော်တစ်စက္ကန့်လေးကိုမှ အချိန်မဖြုန်းပဲနေခဲ့တယ်။ နောက်ဆုံးတော့ ကျောင်းတော်ရဲ့၀ိညာဥ်လက်နက်အတတ်ပညာရှင်ဌာနအတွက် ကျွန်တော်စွမ်းဆောင်ပေးနိုင်ခဲ့ပြီ ဆရာမြင်တွေ့ရမှာပါ။ တစ်နေ့မှာကျွန်တော်တို့ရဲ့၀ိညာဥ်လက်နက်အဆင့်အတန်းက နေလနိုင်ငံတော်ထက်ကို ပိုပြီးသာလွန်သွားစေရမယ်။

ဟို့ယွိဟောင် ခရမ်းရောင်နတ်ဆိုးမျက်လုံးကိုလေ့ကျင့်ပြီတဲ့နောက် အလောတကြီးမနက်စာကိုသွားမစားခဲ့ပါဘူး။ အေးအေးဆေးဆေးအိပ်ရာပေါ်ပြန်ထိုင်နေရင်း နောက်နှစ်နာရီတိတိတရားထိုင်နေခဲ့ပါတယ်။ ဒီလိုမျိုးနှစ်နှစ်ခြိုက်ခြိုက်အိပ်စက်ပြီ တရားထိုင်တာက သူ့ရဲ့စိတ်၀ိညာဥ်ပင်လယ်ကြီးကို အများကြီးငြိမ်သက်လို့သွားစေခဲ့တယ်။ တစ်ခါတစ်လေမှာခန္ဓာကိုယ်ကလဲ အပြောင်းအလဲတွေလုပ်ဖို့လိုအပ်နေပါသေးတယ်။

ဟို့ယွိဟောင်ရဲ့၀ိညာဥ်စွမ်းအားတွေက ဒီအချိန်တိုလေးအတွင်းမှာ အထင်ကြီးစရာကောင်းတဲ့အရှိန်နှုန်းနဲ့အတူ တိုးတက်လို့လာနေခဲ့ပြီးပါပြီ။ သာမန်၀ိညာဥ်ပညာရှင်တွေက အဆင့်ငါးဆယ်ကိုရောက်ပြီချိန်မှာ ကျင့်ကြံတဲ့အရှိန်နှုန်းလဲ လျော့ကျသွားပါတယ်။ ပုံမှန်အချိန်မှာဆိုရင်တော့ သူလဲအတူတူဖြစ်နေမှာပါ။

နှစ်နာရီကြာပြီတဲ့နောက် ဆေးကြောသုတ်သင်ပြီး ကျောင်းကန်တင်းမှာပဲမနက်စာစားလိုက်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ဟို့ယွိဟောင် ဖန်းယွီနဲ့ ဒုတိယအစ်ကိုကြီးကိုမတွေ့ခဲ့ပါဘူး။ ဒါပေမယ့် သူ မတွေ့ချင်တဲ့လူတွေကိုတွေ့လာရတာပါ။

ကျန်းကျင့်ယန်ရော ကျွီကျွယ်ချန်နှစ်ယောက်စလုံးက ဒီနေ့အနည်းငယ်ထူးဆန်းလို့နေခဲ့ပါတယ်။ သူတို့နှစ်ယောက်စလုံးက မသာမယာမျက်နှာထားတွေနဲ့စူပုတ်လို့နေခဲ့ကြပြီ ​အရေးကြီးတဲ့ကိစ္စကို အောင့်အီးကြိတ်မှိတ်ထားရပုံပါပဲ။ ဟို့ယွိဟောင်ဆီကို တန်းတန်းမတ်မတ်ရောက်လာကြပြီ သူ့လမ်းကိုပိတ်ထားကြပြန်ပါတယ်။

ဟို့ယွိဟောင်ကတော့ စိတ်ပျက်လက်ပျက်နဲ့သာပြောနေခဲ့တယ်။

” မင်းတို့နှစ်ယောက်စိတ်မရှည်လှချေလား ဘာဖြစ်လို့အဲ့လောက်စူပုတ်နေကြတာလဲ တိုက်ခိုက်ချင်ကြတယ်မလား နေရာတစ်ခုသာပြောလိုက် သေချာပေါက် ငါမသွားခင်မှာမင်းတို့တွေကို စိတ်လှုပ်ရှားစရာကောင်းအောင် လုပ်ပေးသွားမယ် ”

ပုံမှန်အချိန်မှာဆိုရင်တော့ ကျန်းကျင့်ယန်က အဓိကဦးဆောင်ပြီစကားပြောတဲ့သူပါ။ ဒီတစ်ကြိမ်မှာတော့ ကျွီကျွယ်ချန်က ပြောလာခဲ့ပါတယ်။

” လေ့ကျင့်ရေး နယ်မြေဆီကိုသွားမယ် ”

ပြောပြီတာနဲ့ချက်ချင်းထွက်သွားပါတော့တယ်။

ကျန်းကျင့်ယန်ကလဲ ဟို့ယွိဟောင်ကိုလေးလေးနက်နက်စိုက်ကြည့်ရင်းနဲ့ ပြောလာခဲ့တယ်။

” ငါတို့တွေဒီနေ့တော့အလေးအနက်လုပ်မှာ ”

ဟို့ယွိဟောင်ကတော့ နှုတ်ခမ်းတောင်တွန့်နေခဲ့ပါပြီ။

” ဘယ်တုန်းကများ မင်းတို့တွေအလေးအနက်မလုပ်ကြလို့လဲ အစောပိုင်းကာလတစ်လျှောက်လုံးမှာ ငါ့ကိုညှာတာပြီထိန်းထိန်းသိမ်းသိမ်းလုပ်နေကြတယ်လို့ မင်းတို့ပြောချင်တာလား သွားကြမယ်လေ ဒီနေ့တိုက်ပွဲကိုမြန်မြန်ပြီးအောင်လုပ်မယ်..ငါအထုတ်ပြင်ဖို့အချိန်ယူရဦးမှာ ”

ကျန်းကျင့်ယန်လဲ ခေါင်းညိတ်ရင်း ကျွီကျွယ်ချန်နောက်ကိုလိုက်သွားပါတော့တယ်။

°°°
သူတို့တွေနယ်မြေထဲမှာ ကိစ္စတွေကိုပြင်ဆင်ထားပုံရပါတယ်။ ဒီနေရာကိုအဓိကထိန်းချုပ်တဲ့ တာ၀န်ကျဆရာတွေတောင်သူ့တို့ကိုမတားဆီးခဲ့ပဲအထဲကို၀င်ခွင့်ပြုထားခဲ့တယ်။

” ဘယ်လောက်လဲ ”

ဟို့ယွိဟောင်က ကျွီကျွယ်ချန်ကို မေးလိုက်တယ်။

” နှစ်နာရီအတွက် ၀ိညာဥ်ရွှေပြားအပြားတစ်ရာ ”

” မင်းတို့နှစ်ယောက်နဲ့ ငါအချိန်ဖြုန်းဖို့ နှစ်နာရီမလိုပါဘူး ”
ဟို့ယွိဟောင်က ရယ်ရင်းနဲ့ပြောလာခဲ့တယ်။

” သိပ်ပြီအထင်ကြီးမနေနဲ့ အမှန်တကယ်ကတော့ အစောပိုင်းတိုက်ပွဲတွေမှာ ငါတို့တိုက်ခိုက်တဲ့အချိန် အစွမ်းကုန်မတိုက်ခိုက်ခဲ့ဘူး…ငါရဲ့၀ိညာဥ်စွမ်းအားက မင်းထက်သန်မာတာကြောင့် အမြဲတမ်းမင်းကိုညှာညှာတာတာလုပ်ထားခဲ့တာ ဒါကြောင့် ငါရဲ့အစွမ်းအစအကုန်လုံးကိုမထုတ်ရသေးတာပဲ ဒီနေ့တော့ ငါအစွမ်းကုန်တိုက်ခိုက်မယ်…အကယ်၍ မင်းလက်မခံနိုင်တဲ့အ​နေအထားရောက်လာပြီဆိုရင် အရှုံးကို၀န်ခံလိုက် ”

ကျွီကျွယ်ချန်ကတော့ တောက်ပနေတဲ့မျက်လုံး၀ိုင်းကြီးတွေနဲ့ ပြောလာခဲ့တယ်။

ဟို့ယွိဟောင်လဲ လန့်သွားခဲ့ပါတယ်။

” ငါတို့တကယ်ကြီးတိုက်ကြမှာလား ”

အစောပိုင်းတိုက်ခိုက်တဲ့အချိန်တွေမှာ ကျွီကျွယ်ချန် ၀ိညာဥ်စွမ်းအားတွေကို ဖိနှိမ့်ထားခဲ့တာကိုသူသိခဲ့ပါတယ်။ ကျန်းကျင့်ယန်က အဲ့ဒီလိုမလုပ်ခဲ့ပေမဲ့ သူတို့တိုက်ခိုက်တဲ့အချိန်မှာ၀ိညာဥ်လက်နက်တွေသုံးတာက အတော်ကိုရှားပါးလွန်ခဲ့တယ်။ အမြဲတမ်းသူမရဲ့၀ိညာဥ်စွမ်းရည်တွေကိုပဲအသုံးပြုခဲ့တာပါ။

ကျွီကျွယ်ချန်က ခေါင်းညိတ်နေခဲ့သလို ကျန်းကျင့်ယန်ကလဲ တစ်ဖက်မှာသူ့ရဲ့၀ိညာဥ်လက်နက်တွေကို တပ်ဆင်နေခဲ့ပါပြီ။ သူတို့နှစ်ယောက်ကြည့်ရတာဒီနေ့နောက်ဆုံးလေ့ကျင့်မှုတိုက်ပွဲအဖြစ်ရှိသမျှအရာအားလုံးကိုထုတ်သုံးတော့မဲ့ပုံပါပဲ။

ဟို့ယွိဟောင်လဲ အလေးအနက်ပုံစံဖြစ်သွားပါတော့တယ်။

” ကောင်းပြီလေ ”

” မင်းကိုယ်ဘာသာကိုပြင်ဆင်ဖို့အချိန်လိုသေးလား ”
ကျွီကျွယ်ချန်က မေးလာခဲ့ပါတယ်။

ဟို့ယွိဟောင်ကတော့ခေါင်းသာခါလိုက်တယ်။

” မင်းငါ့အတွက်ပေးပြီးပြီလား ”

” ဘာပြောတယ် ”
ကျွီကျွယ်ချန်က မျက်လုံးပြူးသွားခဲ့တယ်။

” ၀င်ကြေးကိုပြောတာလေ အဲ့ဒီ၀ိညာဥ်ရွှေပြားတစ်ရာကိုပြောတာ ငါအတွက်ပေးပြီးပြီလား ”

” ပေးပြီးပြီ ”

ကျွီကျွယ်ရဲ့အသံကပိုပြီးအေးစက်လို့သွားခဲ့ပါတယ်။

” ဒါဆိုရင် ကောင်းပြီလေ ”

ဟို့ယွိဟောင်ကတော့ အခုအချိန်မှသာ ရင်ထဲစိတ်ပူနေတာရပ်သွားပုံပေါ်ပါတယ်။ ကျွီကျွယ်ချန်က ကျန်းကျင့်ယန်ကိုခေါင်းညိတ်ပြလိုက်ပြီတဲ့နောက် ပြောလိုက်တော့တယ်။

” မင်းအရင်သွား ”

” ဒါကအဲ့ဒီလောက်စိတ်လှုပ်ရှားစရာကောင်းမယ်မထင်ဘူး…ငါတို့တွေလောင်းကြေးထပ်ရအောင် ဒီတစ်ခေါက်လောင်းကြေးကို ပိုက်ဆံပဲထားကြမယ် ဘယ်လိုထင်လဲ ”

” မင်းအဲ့ဒီလောက်ကြီးမွဲနေပြီလား ”

ကျန်းကျင့်ယန်က ထပြီအော်တော့တယ်။ ဟို့ယွိဟောင်ကတော့ခေါင်းသာညိတ်နေခဲ့ပါတယ်။

” ကောင်းပြီ ဒါဆိုရင် မင်းဘယ်လောက်လောင်း​ချင်လဲ မင်းနိုင်မှာရောသေချာရဲ့လား ”

ကျွီကျွယ်ချန်က ဒေါသတကြီးမေးတော့တယ်။

” သေချာတာပေါ့ ”

” ငါရှိသမျှအရာအားလုံးကို ပုံအောပြီလောင်းလိုက်မယ် ”
ကျွီကျွယ်ချန်က ပြောလာခဲ့ပါတယ်။ ဒါကဟို့ယွိဟောင်ကို လန့်သွားစေခဲ့တယ်။

” သေချာရဲ့လား မင်းမှာဘယ်လောက်ရှိလို့လဲ ”

” မင်းတွေးထားတာထက်တော့များပါသေးတယ် ”
ကျွီကျွယ်ချန်က ပြောလာခဲ့တာကြောင့် ဟို့ယွိဟောင်လဲ ကျန်းကျင့်ယန်နဲ့ ကျွီကျွယ်ချန်တို့ကိုခေါင်းညိတ်ပြလိုက်တော့တယ်။

” ဒါဆိုရင် ဒီတစ်ခေါက်တော့ငါဘယ်လိုအပြတ်ရှင်းထုတ်ပြစ်ရမလဲ ”

” ကြည့်ရတာမင်းတို့နှစ်ယောက်အတွက် သိပ်ပြီမတရားဘူးလို့ငါထင်မိတယ် ”
ဟို့ယွိဟောင်ကတော့သိပ်ပြီ သဘောမတူချင်ပါဘူး။

” အကယ်၍ မင်းတို့တွေငါ့ကိုအနိုင်ယူနိုင်တယ်ဆိုရင် ငါမှာပေးစရာဘာမှသိပ်မရှိဘူး…ဒါပေမယ့် အကယ်၍ ငါသာနိုင်သွားမယ်ဆိုရင်တော့ မင်းတို့နှစ်ယောက်စလုံးဆီက ပိုက်ဆံတွေကိုအကုန်ယူမှာ ”

” ကိစ္စမရှိဘူးရတယ် ငါတို့တွေအဲ့ဒါကိုဂရုမစိုက်ဘူး ”
ကျန်းကျင့်ယန်က ပြောလာခဲ့ပါတယ်။

” ဒါပေမယ့် မင်းတို့နှစ်ယောက်စလုံးမွဲပြာကျသွားတဲ့အထိ ငါအဲ့ဒီလောက်မလုပ်ချင်ပါဘူးလေ မင်းတို့နှစ်ယောက်ကို အတူတူပဲတစ်ပြိုင်နက်ထဲတိုက်ခိုက်လိုက်မယ်ဆိုရင် ဘယ်လိုလဲဒါဆိုရင်တရားသွားတာပေါ့ ”

ချက်ချင်းဆိုသလို နေရာတစ်ခုလုံးက တိတ်ဆိတ်လို့သွားပါတော့တယ်။

” နောက်ဆုတ် နောက်ဆုတ် ငါတို့တွေဝေးဝေးနေရမယ်ဆိုတာ မသိဘူးလား ”

သူတို့နှစ်ယောက်က လက်ခါပြရင်းနဲ့ သူ့ဘာသာသူဂျောင်းတစ်ခုဆီကိုကပ်လာပါတော့တယ်။

” မင်းတကယ်ကြီးပြောနေတာလား ”
ကျွီကျွယ်ချန်က ထအော်တော့တယ်။

” မင်းတို့တွေပဲ အလေးအနက်လုပ်ကြမယ်ဆို ငါကအမြဲတမ်းအင်အားကိုချွင်းချန်ထားတတ်တဲ့သူလို့ထင်နေတာလား ”

” ကောင်းပြီ ကျင့်ယန် ငါတို့အတူတူတိုက်ခိုက်မယ် ”

ကျွီကျွယ်ချန်က ပြောလိုက်ပါတော့တယ်။

ကျန်းကျင့်ယန်အနေနဲ့လဲ ဟို့ယွိဟောင်ပြောတဲ့ နှစ်ယောက်တစ်ယောက်တိုက်မယ်ဆိုတဲ့အကြံကို လက်ခံလိုက်မယ်လို့မထင်ထားခဲ့မိပါဘူး။ ဒါက မမျှော်လင့်ထားတဲ့ကိစ္စဖြစ်သလို အမြဲတမ်းမောက်မာနေတတ်တဲ့ ကျွီကျွယ်ချန်စရိုက်နဲ့လဲ မကိုက်ညီနေလို့ပါ။

” ကျွယ်ချန် မင်းသေချာရဲ့လား ”

” ဆုံးဖြတ်ချက်ချပြီးပြီဆိုမှ​တော့ ငါတို့တွေရှင်းလင်းအောင်လုပ်ရမယ် ”

” ကောင်းပြီလေ ”

ကျန်းကျင့်ယန်လဲ အသင့်ပြင်လိုက်ပါတော့တယ်။

အပိုင်း ၂၀၃•၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset