Chapter – 61 နိဂုံး
ချန်ရှန်ဟာ ထာဝရမိစ္ဆာ ခန္ဓာကိုယ် ရဲ့ ပထမ အဆင့်ပဲ ရှိပါသေး တယ် ။ သူ့မှာ ကောင်းကင်လိုစွမ်းအားကြီးမားလှသော ယင် နဲ့ ယန် နတ်အတွင်းအားများလည်း ရှိကာ ကြောက်မက်ဖွယ် နတ် မိစ္ဆာ ကျင့်စဉ်များကိုလည်း ပိုင်ဆိုင်ထားတာပါ ။ ဒီအချက်တွေ ကြောင့်ပဲ သူဟာ အဆင့် ၈ သာ ရှိသေးပေမယ့် အဆင့် ၉ ရှိတဲ့ ပညာရှင်ကို ရှုံးနိမ့်သွားစေခဲ့ပါတယ် ။
ချန်ရှန်ကိုယ်တိုင်ပင် ချီဒြပ်စင် ၅ ခု ပေါင်းစပ်ရာမှ ထွက်ပေါ်လာ တဲ့ အနှိုင်းမဲ့ စကြာဝဠာ စွမ်းအင်ဟာ ဒီလောက်ထိပြင်းထန်လိမ့် မယ်လို့ မမျှော်လင့်ခဲ့ပါဘူး ။ နတ်အတွင်းအားကျင့်စဉ်ရဲ့ သင်္ကေ တ လေးခုကို အသုံးပြုတယ့်အခါ ထွက်ပေါ်လာတယ့် စွမ်းအား ဟာလည်း ချန်ရှန်ကို ဆွံအပြီး အံ့အားသင့်စေခဲ့ပါတယ် ။
“ဘာ . . . မင်းဘာလုပ်မလို့လဲ ၊ ငါက စစ်မှန်သောသိုင်းပညာ ဂိုဏ်းရဲ့ နောက်လိုက်ပဲ ၊ တကယ်လို့ မင်း . . .”
ချန်ဖုယွန် ချန်ရှန်ဆီမှ ချီဓာတ်များစွာ ထွက်နေသည်ကို မြင် ရသောအခါ သေခြင်းတရားတော့ သူ့ဆီရောက်လို့လာပြီ ဆိုတာ သဘောပေါက်လိုက်ပါပြီ ။ ချန်ရှန်ဟာ သူ့ခြေထောက်နဲ့ လက်ကို ဖျက်ဆီးလိုက်သော်လည်း ချန်ရှန်ဟာ သူ့ထက်ပိုမို စွမ်းအားကြီး တယ်ဆိုတာကို လက်မခံနိုင်ဖြစ်နေပါတယ် ။
“မဖြစ်နိုင်ဘူးးးးး . . . မဖြစ်နိုင်ဘူး ၊ ငါက သိုင်းပညာအဆင့် ၉ ရှိတယ့်လူ ၊ အဆင့် ၁၀ ရှိတယ့် ပညာရှင်သာ ငါ့ကို ထိခိုက် အောင် လုပ်နိုင်မှာ ၊ မင်းက ၁၆ နှစ်ပဲရှိသေးတာ ဘယ်လိုမှ အဆင့် ၁၀ မဖြစ်နိုင်ဘူး”
ချန်ဖုယောင် မြေကြီးပေါ်တွားသွားလျက် ပြောနေပါတယ် ။
ချန်ရှန် လည်း အေးစက်စွာ ပြန်ပြောလိုက်တယ် ။
“ကျွန်တော်သာ အဆင့် ၁၀ ဆို ခုချိန် ခင်ဗျား အသားတုံး ဖြစ်နေပြီ ။ ငရဲကိုသွားပေတော့”
ချန်ရှန်လည်း ပြောပြီးနောက် ဟိန်းဟောက်သံတစ်ခု ပြုကာ သူ၏ ပါးစပ်မှ ချီဓာတ်များ ကို မိုးပြာရောင် လျှပ်စီးများ အဖြစ် ထုတ်လိုက်ပါတယ် ။ မုန်တိုင်းလိုလေပြင်းများထဲ လျှပ်စီး များ လက်သွားကာ ချီငွေ့ တွေ ပါ ထွက်နေတာပါ ။၎င်းဟာ ကောင်းကင်ဘုံမှ ရေတံခွန်ကြီး မြေကြီးပေါ်ကျလာသလို ချန်ဖု ယွန် ကိုယ်ပေါ်သို့ ချီဓာတ်များဟာ ထိမှန်သွားပါတော့တယ် ။ မိုးခြိမ်းသံများလို ကျယ်လောင်သော အသံများဟာ ကွင်းပြင်တစ် ခုလုံးကို ဖုံးလွှမ်းနေပြီး ထိုအသံများထဲတွင် ချန်ဖုယွန် ၏ စူးစူး ဝါးဝါး အော်သံများပါ ပါဝင်နေပါတယ် ။
ချန်ရှန်၏ ပုံစံဟာ အေးစက်ခက်ထန်နေပုံပါပဲ ။ သူ့ အဖေကို ထိခိုက်အောင် လုပ်ကတည်းက ချန်ဖုယွန်အား သတ် မည်ဟု ကျိန်ဆိုထားပြီးသားပါပဲ ။
“ခင်ဗျား က အဆင့် ၉ ပညာရှင် ဖြစ်တယ် ဒါပေမယ့် ကျွန်တော့်မျက်လုံးထဲမှာတော့ ပုရွက်ဆိတ် တစ်ကောင်လိုပဲ ၊ မသေခင် ပျော်ရွှင်စရာလေးတွေ ခံစားသွားပါဦး”
ချန်ရှန် ရက်စက်ဟန်ပြောကာ နောက်ထပ် မိုးပြာနဂါး ဟိန်းဟောက်သံကို ပြုလုပ်ကာ ဒါတင်မက မိုးပြာနဂါးလက် သည်း ၊ မုန်တိုင်းဖြိုလက်သီး ၊ ကောင်းကင်ကျား မုန်တိုင်းဖြို လက်သီး နဲ့ မီးဘုရင် လက်သီး စသည့် များစွာသော တိ်ုက်ကွက် များကို ဆက်တိုက်ထုတ်လွှတ်ပြီး ချန်ဖုယွန်အား ရက်စက်စွာ ထိုးနှက်ပါတော့တယ် ။
ဒီမြင်ကွင်းဟာ လူတိုင်းရဲ့ ရှေ့ မှာ မြင်တွေ့ နေရတာဖြစ် ပြီး အားလုံး လိပ်ပြာလွင့်မတတ်ကို ခံစားနေကြရတယ် ။ အားလုံး စိတ်ထဲ ၁၆ ၊ ၁၇ အရွယ် လူငယ်လေးဟာ အဆင် ၉ သိုင်းပညာ ရှင်ကြီးအား ဒီလို ပြင်းထန်လှတယ့် ချီဓာတ်များကို ထုတ်လွှတ် ပြီး တိုက်ခိုက်ခြင်းအား တခါမှ မမြင်ဘူးသောကြောင့် ထိတ်လန့် တုန်လှုပ်နေကြပါတယ် ။
ချန်ဖုယွန်ဟာ ခုတော့ ဘောလုံးတစ်လုံးလိုပါပဲ ။ သူ၏ ခေါင်းမှ ခြေထောက်ထိ တစ်ကိုယ်လုံးဟာ ချန်ရှန်၏ အဆင့်မြင့် သိုင်းကွက်များကြောင့် ပျက်စီးသွားခဲ့ရပါပြီ ။ ထိုသို့ နာကျင်စွာ ခံစားရင်းဖြင့် ချန်ဖုယွန်၏ ဇာတ်သိမ်းဟာ မလှပခဲ့ပါဘူး ။ ချန်ရှန် ချန်ဖုယွန်၏ အိတ်အား ဖြုတ်လိုက်ပြီး အလောင်းအား ပြာအဖြစ် ပြောင်းလဲလိုက်တယ် ။ ဒါပြီးနောက်မှာတော့ ချန်ရှန် လည်းယောင်မျိုးနွယ်၏ ပျက်ဆီးနေတယ့် တံခါးမကြီး မှ ၀င်သွားပါတော့တယ် ။
“သေပြီ ၊ သူသတ်လိုက်တာပဲ ၊ ဒီကောင်လေးဟာ တော်တော်စွမ်းတယ်”
လူကြီးတစ်ယောက်ပြောစကားပါ ။ တကယ်လို့ သူသာ ခုနက ချန်ရှန်စွမ်းအားကို မမြင်ပါက ဒီလို အဆင့် ၉ ပညာရှင်ကို သတ်လိုက်တယ်ဆိုတာ ယုံနိုင်မည်မဟုတ်ပေ ။ ခုတော့ သတ်ပြီး ပြာတောင် ကျသွားပါပြီ ။
ခုနက ချန်ရှန်ရဲ့ အစွမ်းပြချက်ဟာ တော်တော်ကို မယုံ ကြည်နိုင်စရာပါပဲ ။ လူတိုင်းဟာယောင်မျိုးနွယ်၏ စံအိမ်တွင်းသို့ ထိတ်လန့်တကြားလှမ်းကြည့်နေကြပါတယ် ။ သူတို့အတွက် နေ့ ခင်းကြောင်တောင် အိပ်မက်မက်နေသလိုပါပဲ ။
သိုင်းမျိုးနွယ် ၂ ခုကြားက တိုက်ပွဲဟာ ပြင်းထန်လှပြီး ကွင်းပြင်ထဲတွင် အလောင်းများ အပုံလိုက်ပါပဲ ။ အင်အားကြီးသူ က အနိုင်ရမှာ ဖြစ်ပါတယ် ။
ချန်ရှန် အထဲရောက်တယ့်အခါမှာတော့ အလောင်းများ စွာ ပုံလျက်သား ရှိနေတာကို မြင်လိုက်ရပါတယ် ။ သူအော်ပြော လိုက်တယ် ။
“အဖေ ၊ ကျွန်တော် လာကူပြီဗျို့ ”
ချန်ရှန် နောက်ရောက်တယ့်အခါမှာတော့ ချန်တျန်းဟူ နဲ့ ချန်ဟွာဟိုင်းတို့ မျက်လုံး အပြူးသားဖြစ်နေတာကို တွေ့လိုက် ရပါတယ် ။ ချန်ရှန်ရောက်လာတယ်ဆိုတော့ ချန်ဖုယွန်ဟာ မရှိ တော့လို့ပေါ့ ။ ဒါဆို ချန်ဖုယွန်ဟာ ချန်ရှန်ကို ရှုံးသွားပြီပေါ့ ။
ယောင်မျိုးနွယ်အားလုံးဟာ ချန်ရှန် နှင့် ချန်ဖုယွန်တို့ တိုက်ခိုက်နေကြတယ် ဆိုတာ သိပါတယ် ။ခုတော့ ချန်ရှန် နိုင်သွားပြီ ၊ တနည်းအားဖြင့် ချန်ရှန်အားကို အဆင့် ၉ ပညာရှင် တောင် မယှဉ်နိုင်ဘူး ၊ ယောင်မျိုးနွယ်တို့ ကြမ္မာဆိုးဖြင့် နိဂုံး ချုပ် ကြရတော့မည် ။
“ဒါဘယ်လိ်ုမှ မဖြစ်နိုင်ဘူး ၊ မင်း အဆင့် ၉ ပညာရှင်ကို နိုင်တယ်ဆိုတာ ငါမယုံဘူး ။ အဆင့် ၁၀ ပညာရှင်မှသာ နိုင်နိုင်မှာပဲ”
ယောင်ဟွန် အော်လိုက်ပါတယ် ။ သူဟာ မျိုးနွယ်စု ခေါင်းဆောင်ဖြစ်ပြီး ခု ယောင်မိသားစု ကြုံနေရတယ့် ပြသနာ အားလုံးဟာ သူ့ကြောင့်ပါပဲ ။ ချန်မျိုးနွယ်ကို အမြစ်ဖြတ်မယ်ဆို တဲ့ သူ၏ ဆုံးဖြတ်ချက်ကြောင့် ဖြစ်ပါတယ် ။
ချန်ရှန် လေထဲ ခုန်ဝင်လာပြီး မိုးပြာရောင် အလင်းတန်း တစ်ခုကို ထုတ်လွှတ်လိုက်တယ် ။ အဆုံးမရှိတဲ့ ချီဓာတ်များဟာ မိုးပြာရောင် အလင်းတန်းအဖြစ် ထွက်ပေါ်လာတာ ဖြစ်ပါတယ် ။ ၎င်းတို့ဟာ ကောင်းကင်မှာ ပေါ်လာတဲ့ တောင်ကြီး တစ်လုံးလို ပါပဲ ။ ထို့နောက် ယောင်မျိုးနွယ်တို့ ထံသို့ ကျရောက်သွားပါတော့ တယ် ။
များစွာသော ချီအငွေ့ များဟာ ဥယျာဉ်တစ်ခုလုံးအား ဖုံးလွှမ်းသွားပြီး အကြည့်တစ်ချက်နှင့်ပင် လူတိုင်းဟာ ချန်ရှန်၏ ချီစွမ်းအင် ဘယ်လောက်ပြင်းကြောင်း တွေ့ နိုင်ပါတယ် ။
ကြီးမားလှတယ့် မိုးပြာရောင်စွမ်းအင်များ ကောင်းကင် မှ ကျလာသောကြောင့် များစွာသော အိမ်များနဲ့ ယောင်မျိုးနွယ် ရာပေါင်းများစွာတို့ဟာ ၎င်း၏ ဖိအားအောက်မှာ ပြားပြားဝပ်ခဲ့ ရပါပြီ ။ အိမ်များစွာ ပြားကျေပျက်စီးရုံမက လူများစွာ၏ အရိုးများ ဟာ ကျိုးလျက် သွေးများဟာ ပါးစပ်မှ ထွက်ကုန်ကြပါတော့တယ် အသားစများဟာလည်း ဟိုတစဒီတစ ပါပဲ ။
လူတိုင်းဟာ ဒီဟာကို မြင်ပြီး ရှော့ရကုန်ပါတယ် ။ တချို့ ဟာလည်း လက်နက်တွေကို လွှတ်ပစ်လျက် တချို့ မှာတော့ ကြောက်လန့်တကြား အော်ဟစ်ကာ ယောင်မျိုးနွယ်တို့ ထွက် ပြေးကုန်ကြပါပြီ ။
ချန်တျန်းဟူ ပါးစပ်အဟောင်းသားဖြင့် ဒီလို လအနည်း ငယ်အတွင်း သူ့သားဟာ ဒီလောက် စွမ်းအားကြီးမားလွန်းသွား မည်ဟု မထင်မှတ်ခဲ့ပါဘူး ။ လှုပ်ရှားမှုလေးတစ်ချက်နဲ့ ချန်ရှန် ဟာ လူရာပေါင်းများစွာကို သတ်နိုင်ပါပေတကား ။
ခုနကပဲ ချန်ရှန်ဟာ မိုးပြာနဂါးချီဓာတ်များ ထုတ်ခဲ့တာ ကို မြင်သောကြောင့် ဒီလိုမျိုးကောင်းကင်ပေါ်မှ တိုက်ကွက်ပါ ထပ်မြင်ရသောအခါ လူတိုင်းဟာ ချန်ရှန်မှာ ချီဓာတ်များစွာကို အသုံးပြုနေတယ်ဆိုတာ ခန့်မှန်းမိကြပါတယ် ။
“အားလုံးကို သတ် ၊ ချန်မျိုးနွယ် တို့ ချီဓာတ်တွေကို အများ ကြီးသုံးပြီးလောက်ပြီ ၊ မင်းတို့ အားအင်ကို ထုတ်ပြရမယ့် အချိန်ရောက်ပဲ ၊ ဒီခွင့်ရေးကို လက်လွတ်မခံကြနဲ့”
ယောင်ဟွန် အော်လိုက်တာပါ ၊ ထို့နောက် သူလည်း ဓားပြားရှည်ကြီးကို ဆွဲလျက် ၀င်လာပါတော့တယ် ။
ခုနက ယောင်မျိုးနွယ် ထောင်ပေါင်းများစွာ အား ချန်မျိုး နွယ် ၃၀၀ ဖြင့် ရင်ဆိုင်ခဲ့ရသည့်အတွက် ၎င်းတို့ရဲ့ ချီဓာတ်များ ကုန်ဆုံးတော့မလိုပါပဲ ။ ချန်တျန်းဟူ နှင့် တခြား အဆင့် ၈ တို့ ဟာ ယောင်မျိုးနွယ် အဆင့် ၆ ၊ ၇ များဖြင့် ရင်ဆိုင်ခဲ့ရပါတယ် ။ ဒါတင်မက ၎င်းတို့၏ ချန်မျိုးနွယ်ဝင်များကို ကာကွယ်ရန် ဒဏ်ရာ ရသူများအားပြုစုရန်မှာလည်း သူတို့ တာဝန်ပါပဲ ။ ဒါကြောင့်ပဲ ၎င်းတို့ ချန်မျိုးနွယ် ၀င်တို့ဟာ တယောက်မှ မသေသေးပဲ ရင်ဆိုင် နေနိုင်တာပဲ ဖြစ်ပါတယ် ။
“ချန်မျိုးနွယ်တို့ ၊ အားလုံး ကျွန်တော့နောက်မှာ နေပါ”
ချန်ရှန် အော်လိုက်တယ် ။ အားလုံးသော ချန်မျိုးနွယ် တို့ဟာ သူ့နောက်သို့ ရောက်လာကြပါတယ် ။ ဒီလိုအချက် ကြောင့်ပဲ အားလုံးဟာ ချန်ရှန်ကို လေးစားမိကြပါတယ် ။
“အဖေ ၊ ဒီလူကြီးကို ကျွန်တော့တာဝန်ထားပါ ၊ ကျန်တဲ့ အငယ်တွေသာ အဖေတာဝန်ယူလိုက်”
ချန်ရှန်လည်း ပြောပြောဆိုဆို ယောင်ဟွန်နဲ့ တခြား အဆင့်မြင့် ယောင်မျိုးနွယ်တို့ထံ ပြေးဝင်သွားပါတယ် ။ ချန်တျန်း ဟူနဲ့ တခြားလူများဟာ မူလက အနည်းငယ် စိုးရိမ်မိသော်လည်း ခုနက ချန်ရှန်၏ အားအင်ကို မြင်သောကြောင့် စိတ်သက်သာရာ ရသွားကြတယ် ။ ဒါပေမယ့် သူတို့ စိတ်ထဲ အံ့သြနေတယ့် အချက် တစ်ခုကတော့ ချန်ရှန် ကိ်ုယ်မှာ ဘယ်လောက်များတဲ့ ချီဓာတ်များရှိလဲဆိုတာကို မခန့်မှန်နိုင်အောင် ဖြစ်နေလို့ပါပဲ ။
“အဖြူရောင်ကျား နတ် လက်သီး”
ချန်ရှန် ရန်သူများထံ ပျံသွားပြီး ရုတ်တရက် ပြင်းထန်လှ တဲ့ လက်သီးချက်ကို ထိုးလွှတ်ပါတယ် ။များစွာသော ရွှေရောင် ချီဓာတ်များဟာ လက်သီးမှ ထွက်လာပြီး မျက်စိတမှိတ်အတွင်း မှာ ကြီးမားတဲ့လက်သီးကြီးအဖြစ်သို့ ပြောင်းလဲသွားကာ အမဲလိုက်ခြင်းနဲ့ဆိုင်သော ချီဓာတ်များ များစွာ ထွက်လာပါတော့ တယ် ။
ခုနကပဲ မိုးပြာနဂါးစွမ်းရည်ကိုမြင်ရပြီးခုတော့ ရွှေရောင် လက်သီးကြီ ထွက်ပေါ်လာပြန်ပါပြီ ။ ပိုမို စွမ်းအားပြင်းသော သစ်သား ချီဓာတ်မှ ဖြစ်ပေါ်လာသော ဒီလက်သီးဟာ ခုနက ဟာ ထက် ပိုမိုကြောက်စရာကောင်းမှာပါပဲ ။
ဒီအဖြူရောင်ကျားတိုက်ကွက်မှာ လွှမ်းမိုးစေတတ်တဲ့ အမဲလိုက်ခြင်းဆိုင်ရာ ချီဓာတ်များ ပါဝင်လျက်ပါ ။
ကြီးမားလှတယ့် ရွှေရောင်လက်သီးကြီး ပျံသန်းလာပုံ မှာ တိမ်တိုက်များအား တိုင်ဖွန်းမုန်တိုင်းကြီး ဖြိုခွင်းလာပုံနဲ့ တူနေ ပါတယ် ။ ဒီမုန်တိုင်းကြီးဟာ ယောင်မျိုးနွယ်စုများထံ ဦးတည် လာနေပါပြီ ။ ရွှေရောင်လက်သီးကြီး မြေကြီးကို ဖြတ်သန်းသွား ရာတစ်လျှောက် ထိမှန်သမျှဟာ ပျောက်ကွယ် ပျက်ဆီးသွားကာ အမှုန်များပင် ဖြစ်ပေါ်နေပါတော့တယ် ။
ယောင်ဟွန် သူတို့ထံသို့ ပြင်းထန်ကြီးမားလှတယ့် လက်သီးကြီးလာနေတာကို ကြည့်ရင်း အံ့သြထိတ်လန့်ကာ နေကြပါတယ် ။ ယောင်မျိုးနွယ်တို့ စူးစူးဝါးဝါး အော်ဟစ်ကာ ထွက်ပြေးကုန်ကြပါပြီ ။ သို့သော် ဒီလိုပြေးနေပေမယ့်လည်း ချီလှိုင်းများဟာ သူတို့ကိုယ်အား ထိမှန်လျက် ၎င်းတို့အားလုံး မလွတ်မြောက်နိုင်ကြပဲ ရှိနေကြပါတော့တယ် . . . ။