အပိုင်း ၂၀၃
” နတ်ဆိုးတစ်ကောင်ရဲ့ မျက်မှောင်ကြုတ်ခြင်း ”
°°°
ဒါပေမယ့် ဒီတွေဝေမှုက သူ့စိတ်ထဲမှာတခဏတာသာကြာမြင့်နေပြီတဲ့နောက် ချက်ချင်းဆိုသလို အကြံပြုချက်ကို သူငြင်းပယ်လိုက်ပါတော့တယ်။ ဘာကြောင့်လဲဆိုတော့ ဒီနို့ပုလင်းတွေကိုချိတ်ပိတ်တဲ့အကြောင်းအရာတွေက အရေးကြီးပေမဲ့ သူကရွှမ်ကျင့်၀မ်ကို လိုအပ်တာပါ။ ရွှမ်ကျင့်၀မ်ရဲ့ ၀ိညာဥ်လက်နက်သုတေသနပြုနိုင်တဲ့အရည်အချင်းက အရမ်းကိုမြင့်မားလွန်လှပါတယ်။
” မင်းလဲလှယ်ချင်လား ”
ရွှမ်ကျင့်၀မ်က အခုလက်ရှိအချိန်မှာ မေးလာခဲ့ပါတယ်။
” ငါရဲ့သုတေသနက မင်းကိုမမီသေးဘူးလို့ထင်မိတာ ငါပြောနိုင်တယ်…မင်းလူသားအသွင်၀ိညာဥ်လက်နက်က မပြီးပြည့်စုံသေးဘူး..ဒါကအစပိုင်းပုံစံပဲရှိသေးတာ အကယ်၍ ငါကိုသာဆက်ပြီတိုးတက်အောင်လုပ်ခွင့်ပြုပေးမယ်ဆိုရင် သုံးနှစ်အတွင်းမှာတင် ပြီးပြည့်စုံတဲ့အခြေအနေကို ရောက်အောင်ပြုလုပ်ပေးနိုင်တယ် ”
” ဒါပေါ့ ဆရာပြီးအောင်လုပ်နိုင်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်…ဒါပေမယ့် ဒီ၀ိညာဥ်လက်နက်တစ်ခုထဲကိုတင် လိုချင်နေလိမ့်မှာမဟုတ်ဘူးလို့ ကျွန်တော်တွေးမိတယ်…ဒီနေ့ ကျွန်တော်ဆရာကို ပစ္စည်းနှစ်မျိုးပြမယ်လို့ပြောထားတာ မေ့သွားပြီလား ”
ရွှမ်ကျင့်၀မ်က မျက်လုံးပြူးသွားခဲ့ပါတယ်။
” ဒီလိုသုတေသနပြုတဲ့အဆင့်ရောက်နေတဲ့ နောက်ပစ္စည်းတစ်ခုမင်းမှာရှိသေးတယ်လို့ ပြောချင်တာလား ”
ဟို့ယွိဟောင်က ခေါင်းခါလိုက်ပါတယ်။
” သူတို့က အမျိုးအစားမတူဘူး ဒါပေမယ့် ဒုတိယပစ္စည်းကလဲ ကျွန်တော်ကြိုးစားထားသမျှအရာအားလုံးကို ထည့်သွင်းထားတာ ဆရာအခုပဲပြောတာမှန်ပါတယ်…ဒီလူသားအသွင်၀ိညာဥ်လက်နက်က တစ်၀က်ပဲပြီးပြည့်စုံသေးတယ်…အကယ်၍ ကျွန်တော်သာပြီးမြောက်အောင်လုပ်ချင်တယ်ဆိုရင် နောက်ထပ်စိတ်ကူးအသစ်တွေနဲ့ အတွေ့အကြုံထပ်ပြီလိုချင်သေးတယ်…ကျွန်တော်ပြမဲ့ဒုတိယပစ္စည်းကတော့ ပြီးပြည့်စုံသွားပြီးပြီ ”
” ဒါဆိုထုတ်လာလိုက်တော့လေ ”
ရွှမ်ကျင့်၀မ်အလောတကြီးနဲ့ ပြောလိုက်ပါတယ်။ ဟို့ယွိဟောင် ခေါင်းညိတ်ရင်းညာဘက်လက်ကိုမြောက်လိုက်ချိန်မှာတော့ အစောပိုင်းတုန်းက ပုံရိပ်ယောင်ထဲမှာမြင်ခဲ့ရတဲ့ကြယ်အလင်းနီလာလက်စွပ်ကြီးက ဟို့ယွိဟောင်ရဲ့လက်ပေါ်မှာပေါ်လာခဲ့ပါပြီ။
ရွှမ်ကျင့်၀မ် ဒီလက်စွပ်ကိုမြင်ချိန်မှာတော့ သူမျက်လုံးကလောဘကြောင့် တောက်ပလာပါတော့တယ်။ ဒါပေမယ့် ဟို့ယွိဟောင်ရဲ့ တီးထွင်ဖန်တီးမှုတွေက သူ့အတွက်အရမ်းကိုအရေးကြီးနေတာကြောင့် ချက်ချင်းဆိုသလို လောဘတွေကိုပြန်ရုတ်သိမ်းလိုက်ရင်း စိတ်ကောင်းနှလုံးကောင်းထားဖို့သူပြန်ပြီဖျောင်းဖျရပါတော့တယ်။
ဒီတစ်ကြိမ် ဟို့ယွိဟောင်ထုတ်လာတဲ့ပစ္စည်းက အတော်ကိုကြီးမားပြီလေးလံပါတယ်။ သူ့ရဲ့ကျင့်ကြံမှုနဲ့ ခန္ဓာကိုယ်အင်အားသုံးတာတောင် အတော်လေးထိန်းရခက်ဆဲပါ။ ဒါကတော့ အရမ်းကိုကြီးမားလွန်တဲ့ ရွေ့လျား၀ိညာဥ်အမြောက်ခွံကြီးပါပဲ။ ဒါကြီးပေါ်လာချိန်မှာ ရွှမ်ကျင့်၀မ်တောင်နောက်ဆုတ်လို့သွားခဲ့ရတယ်။ သူသရဲမြင်တဲ့အတိုင်းဖြစ်သွားတာပါ။ အစောပိုင်းတုန်းက သူမြင်ခဲ့ရတဲ့လူသားအသွင်၀ိညာဥ်လက်နက်နဲ့ယှဥ်မယ်ဆိုရင် ဒီတစ်ကြိမ်မှာတော့ အကြောက်တရားက စိတ်လှုပ်ရှားမှုထက် ပိုပြီးကြီးမားလို့နေခဲ့ပါတယ်။ မှန်ပါတယ် ကြောက်လန့်နေတာပါ။
ဒီအမြောက်ခွံကြီးက လုံး၀ကိုမီးတွေတောက်လောင်နေတဲ့အတိုင်းနီရဲလို့နေခဲ့ပါတယ်။ ကြည့်လိုက်ရုံနဲ့တင် တလက်လက်တောက်ပနေသလိုအပေါ်ယံမှာလက်ရာမြောက်တဲ့ အသွင်သဏ္ဍာန်တွေအများကြီးကို ထွင်းထုလို့ထားခဲ့တယ်။ ဒါ့အပြင် ထွင်းထုထားတာတွေက အပြင်တွေမကပဲ အဆင့်ရှစ်၀ိညာဥ်လက်နက်အတတ်ပညာရှင်တစ်ယောက်ရွှမ်ကျင့်၀မ်တောင်မှ နားမလည်တဲ့အဆင့်တောင်ပါနေခဲ့ပါသေးတယ်။
ဒီအမြောက်ဆံကြီးရဲ့အရှေ့ပိုင်းက ကန်တော့ချွန်ပုံသဏ္ဍာန်ဖြစ်ပြီ အနောက်ပိုင်းကတော့လုံး၀ိုင်းပါတယ်။ ဒါကအားလုံးစံသတ်မှတ်ထားတဲ့ပုံစံပါပဲ။ သူ့ရဲ့ခန္ဓာကိုယ်ဘေးပတ်လည်မှာကတော့ အဖြူရောင်အလင်းတန်းတွေက ဖြာထွက်လို့နေခဲ့သေးတယ်။ ဒီအလင်းတန်းတွေကိုမြင်ချိန်မှာ ရွှမ်ကျင့်၀မ်ကပိုပြီးလန့်လာခဲ့ရပါပြီ။
ဒီလို၀ိညာဥ်အမြောက်ခွံမျိုးက သေချာပေါက် အနည်းဆုံးအဆင့်ရှစ်အခြေအနေလောက်ဖြစ်နေမှာပါ။ တစ်ချက်ကြည့်လိုက်ရုံနဲ့တင် ဒါကအဆင့်ရှစ်၀ိညာဥ်လက်နက်အမြောက်ခွံကြီးဆိုတာ သိသာနေခဲ့တယ်။
နေလနိုင်ငံတော်မှာတောင် ဒီလိုမျိုးအင်အားကြီးတဲ့ ပစ္စည်းမျိုးက အရမ်းကိုရှားပါးပါတယ်။ အဆင့်ခုနှစ်အထက် ရွေ့လျား၀ိညာဥ်အမြောက်တွေက စစ်ပွဲအတွက် အဓိကသုံးဖို့သတ်မှတ်ခံထားရတာပါ။ သူတို့တွေအားလုံးက သေစေနိုင်လောက်သလို အရမ်းလဲရှားပါးပါတယ်။
ရွေ့လျား၀ိညာဥ်လက်နက်ရဲ့အမြောက်ခွံတစ်ခုက ပိုပြီးအင်အားကြီးလေလေ သူ့ကိုတည်ဆောက်ဖို့လိုအပ်တဲ့သတ္ထုပမာဏတွေက သေချာလောက်အောင် မြင့်မားလေပါပဲ။ ဒါ့အပြင် ဒီလိုရှူပ်ထွေးတဲ့လက်ရာမျိုးကို ဖန်တီးနိုင်ဖို့အတွက် ကျရှုံးနိုင်တဲ့အလားအလာက ပိုပြီးတော့တောင် မြင့်မားပါသေးတယ်။
ဖန်တီးပြုလုပ်တဲ့နေရာမှာ အမှားအယွင်းဖြစ်သွားခဲ့မယ်ဆိုရင် သေချာပေါက် တန်ဖိုးရှိပစ္စည်းတွေအားလုံးကိုဖြုန်းတီးလိုက်တာနဲ့အတူတူပါပဲ။ ဒါကြောင့်သာ တကယ်တမ်းအသုံးချလိုက်မယ်ဆိုရင် ကိုယ်ဖက်ကနေပေါက်ကွဲမှုအရင်ဖြစ်လာမှာပါ။
ဘယ်လိုအဆင့်ရှိတဲ့၀ိညာဥ်လက်နက်အတတ်ပညာရှင်ဖြစ်ပါစေ သူနဲ့အဆင့်တူအောင်တည်ဆောက်ထားတဲ့ ရွေ့လျား၀ိညာဥ်အမြောက်ခွံသာပေါက်ကွဲမယ်ဆိုလို့ကတော့ သေချာပေါက် သေခြင်းတရားက လွှတ်မြောက်နိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့်သာ ၀ိညာဥ်လက်နက်အတတ်ပညာရှင်အများစုက အဆင့်မြင့်တဲ့အမြောက်ခွံတွေကို မဖန်တီးချင်ကြတာပါပဲ။ အကယ်၍ လိုလိုလားလားဖန်တီးချင်တယ်ဆိုရင်တောင် သေချာပေါက်အများကြီးအာရုံစိုက်ဖို့လိုပါတယ်။
လက်ရှိအချိန်မှာ နေလနိုင်ငံတော်ရဲ့စစ်တပ်အတွက် အရမ်းကိုလုံခြုံရေးတင်းကျပ်တဲ့နယ်မြေမှာ လျှို့၀ှက်ပြီဖန်တီးထားတဲ့ အဆင့်ကိုးရွေ့လျား၀ိညာဥ်လက်နက်အမြောက်ခွံကို သုံးခုတိတိရှိတာကို ရွှမ်ကျင့်၀မ်သိထားပါတယ်။ ကျန်းဟုန်ချန်လိုမျိုး ပုံရိပ်ယောင်အစစ်အမှန်ခန်းမဆောင်ရဲ့ ခန်းမသခင်အဖြစ်နေတဲ့သူတောင် ဒီအမြောက်ဆံထဲကတစ်ခုကိုသာ အသုံးပြုခွင့်ရနိုင်မှာပါ။ ဒါ့အပြင် နိုင်ငံတော်ရဲ့အဆင့်အမြင့်ဆုံးဆိုတာက အဆင့်ကိုးမှာရှိနေပါတယ်။ နိုင်ငံတော်ထဲမှာ အဆင့်ခုနှစ်နဲ့ အဆင့်ရှစ်ဘယ်နှစ်ခုရှိလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။
ဒါကြောင့်သာ ဟို့ယွိဟောင်အနေနဲ့ အဆင့်ရှစ်အမြောက်တစ်ခုကိုထုတ်ယူလာမယ်လို့ မထင်ထားခဲ့မိတာပါပဲ။ ဒီအမြောက်ခွံထဲကနေ ထုတ်လွှတ်လိုက်တဲ့ဘယ်စွမ်းအားကပဲဖြစ်စေ ကျောင်းတော်တစ်ခုလုံးပြာကျသွားအောင်လုပ်နိုင်မှာလား။ ဟို့ယွိဟောင်အနေနဲ့ သူ့ကိုဒီလူသားအသွင်း၀ိညာဥ်လက်နက်ထုတ်ပြသ၀ံ့တယ်ဆိုတာ သတ္တိရှိနေတာအံ့ဩစရာမရှိပါဘူး။ ဒါ့အပြင် သေစေနိုင်လောက်တဲ့လက်နက်ကို ပိုင်ဆိုင်ထားမှတော့ ကြောက်စရာမလိုတာသိသာနေခဲ့တယ်။
အသက်အန္တရာယ်လုံခြုံစိတ်ချမှုနဲ့ ပတ်သက်တဲ့ကိစ္စမှာပြောရမယ်ဆိုရင်တော့ရွေ့လျား၀ိညာဥ်လက်နက်တွေကိုသူ့ဘာသာသူအလိုအလောက်ပျက်စီးနိုင်အောင် လုပ်နိုင်ဖို့အတွက် အနည်းဆုံးနည်းလမ်းခုနှစ်ခု ရှစ်ခုလောက်ရှိပါတယ်။ သူတို့ကိုဒီအတိုင်းပြစ်လွှတ်လိုက်တာနဲ့တင် အသုံးပြုနိုင်တာမဟုတ်ပါဘူး။
” မင်း မင်းဒါကြီးကို လုပ်ထားတာလား ”
ရွှမ်ကျင့်၀မ်က အထိတ်တလန့်နဲ့မေးလိုက်ပါတယ်။ ဒီကလေးအဆင့်ရှစ်၀ိညာဥ်လက်နက်အမြောက်ကို ဘယ်လိုဖန်တီးလိုက်လဲဆိုတာကို သူမသိပါဘူး။ သူကိုယ်တိုင်းလဲမကြိုးစားကြည့်မှာအမှန်ပါ။ သူ့ရဲ့သုတေသနတွေမှာ ဘယ်လိုပဲရူးသွပ်ပါစေဦးတော့ သူ့အသက်ကိုယ်သူသေချာပေါက် တန်ဖိုးထားပါသေးတယ်။
ရွှမ်ကျင့်၀မ်အံ့ဩနေချိန်မှာ ဟို့ယွိဟောင်ကတော့ ခေါင်းညိတ်ရင်းနဲ့သာပြန်ဖြေခဲ့ပါတယ်။
” ဆရာရွှမ် ဒါကိုအခွံတစ်ခုလိုပဲဆရာထင်လား ”
” မင်းငါရဲ့အသက်မွေး၀မ်းကြောင်းအလုပ်ကအသိပညာကို လာပြီမေးခွန်းထုတ်နေတာလား အပေါ်ယံပုံပန်သဏ္ဍာန်ကိုတော့ အတုလုပ်ချင်လုပ်လို့ရမယ်…ဒါကိုတော့အတုလုပ်လို့မရပါဘူး…အဆင့်ခုနှစ်ရဲ့အထက်မှာရှိနေတဲ့ ၀ိညာဥ်လက်နက်တစ်ခုချင်းဆီတိုင်းမှာကိုယ်ပိုင်စိတ်၀ိညာဥ်နဲ့ သူ့နဲ့သက်ဆိုင်တဲ့အငွေ့အသက်အရှိန်အ၀ါရှိတယ်…ဒီအမြောက်ခွံရဲ့ အရှိန်အ၀ါကထူးဆန်းပေမဲ့ အင်အားကောင်းတယ်…ငါသံသယအရဆိုရင် ဒါကအဆင့်ကိုးတောင်ဖြစ်နိုင်တယ်..ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ”
” လောကမှာမဖြစ်နိုင်တဲ့အရာဆိုတာ ဘာမှမရှိဘူးဆရာ ဒါကကျွန်တော်ကြိုးစားအားထုတ်မှုရဲ့ အနှစ်သာရပါပဲ အပြည့်အ၀တော့ကျွန်တော်ဖန်တီးထားတာတော့မဟုတ်ဘူး…အကယ်၍ ကျွန်တော်တစ်ယောက်ထဲသာဖြစ်မယ်ဆိုရင် သူ့ရဲ့အပေါ်ယံပုံကြမ်းကိုပြီးပြည့်အောင်လုပ်ဖို့တောင် ခက်ခဲလိမ့်မယ်…ကျွန်တော်မျိုးနွယ်စုကနေ အကူအညီတချို့ရလို့ဒီလိုဖန်တီးနိုင်တာ မစိုးရိမ်ပါနဲ့ ဆရာဒါကိုလေ့လာကြည့်လို့ရတယ်…သေချာပေါက် ကျွန်တော်ရဲ့လူသားအသွင်း၀ိညာဥ်လက်နက်ထက်ကို ပိုပြီးစိတ်ကျေနပ်စရာကောင်းမှာပါ ”
သူပြောရင်းနဲ့ ဟို့ယွိဟောင်က အမြောက်ခွံကိုမြေပြင်ကနေမရင်အနီးကပ်ကြည့်ဖို့ လုပ်နေပါတော့တယ်။
ရွှမ်ကျင့်၀မ်ကတော့ ဟန်ဆောင်ပန်ဆောင်မလုပ်နိုင်ပါဘူး။ ချက်ချင်းဆိုသလို အရှေ့ကိုတိုးလိုက်ရင်း သေချာလေ့လာပါတော့တယ်။ သူ့ရဲ့လက်နဲ့အသုံးပြီတော့လဲ သေချာထိကိုင်နေခဲ့ပါတယ်။
အမြောက်ဆံကိုထိထိချင်မှာတင် သူချက်ချင်းဆိုသလို တုန်ရီလို့သွားပါတော့တယ်။ လက်နှစ်ဖက်ကိုမြောက်ရင်း ခေါင်းပေါ်မှာအုပ်ကာသူစတင်ပြီချီးမွမ်းတော့တယ်။
” တကယ်သန်မာလိုက်တဲ့ အရှိန်အ၀ါပါလား လုံး၀ကို ကြမ်းတမ်းနေလိုက်တာ အကယ်၍ ဒါသာသူ့ကိုယ်သူပျက်စီးသွားမယ်ဆိုရင် သေချာပေါက်မရေမတွက်နိုင်တဲ့လူတွေ သေကုန်ကြတော့မှာပဲ ဒီလိုမျိုးသေစေနိုင်လောက်တဲ့ လက်နက်ကိုဖန်တီးပြီအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုမျိုးဖြစ်စေနိုင်မှာကို မင်းမကြောက်ဘူးလား ”
ဟို့ယွိဟောင်ကတော့ အေးစက်တဲ့လေသံနဲ့သာရယ်မောရင်းနဲ့သာ ပြန်ပြောလာခဲ့တယ်။
” ဒီလိုလုပ်လိုက်မယ်ဆိုရင်ကော ပုံရိပ်ယောင်အစစ်အမှန်ခန်းမဆောင်ကနေ အခုလိုလက်နက်တွေထုတ်နေတာရပ်သွားမှာလား တကယ်အားကောင်းတဲ့၀ိညာဥ်လက်နက်က ငြိမ်းချမ်းသာယာမှုအတွက် အသုံးပြုလို့ရတယ်…ဒါကြောင့်သာ ဘယ်သူကမှ ဒီလိုလက်နက်မျိုးကိုအသုံးပြုပြီး မတိုက်ခိုက်သလို စစ်ပွဲကိုမစတင်၀ံ့တာပဲ လက်နက်တစ်ခုရဲ့သေစေနိုင်လောက်တဲ့အစွမ်းအစက ကြောက်စရာကောင်းတာမဟုတ်ဘူး…အသုံးပြုနိုင်သူလူရဲ့စိတ်ကသာကြောက်စရာကောင်းတာပါ ”
ရွှမ်ကျင့်၀မ်က အခုလက်ရှိအချိန်မှာ ဘာမှမပြောတော့ပါဘူး။ ဒီအတိုင်းလေးလေးနက်နက်နဲ့သာလေ့လာနေခဲ့တယ်။
အမြောက်ခွံကြီးတစ်ခုလုံးက မီးလိုနီရဲနေခဲ့သလို အဖြူရောင်အလင်းတန်းကလဲ အသက်ရှိတဲ့အတိုင်းလှည့်ပတ်လို့နေခဲ့ပါတယ်။ မကြာခင်မှာပဲ ရွှမ်ကျင့်၀မ်ရဲ့စိတ်ထဲကို ဒီအမြောက်ခွံကြီးရဲ့ပုံရိပ်က ကောင်းကောင်းနေရာယူသွားခဲ့ပါပြီ။
ပွင့်လန်းနေတဲ့ကြာပန်းတစ်ခုလိုမျိုးတောက်ပနေတဲ့ဒီပုံရိပ်က ဘာဗျူဟာမှမရှိသလို အရမ်းကောင်းမွန်တဲ့လက်ရာမြောက်ပစ္စည်းတစ်ခုဖြစ်နေတာရုံကလွဲပြီရင် ထူးခြားမှုသိပ်မရှိပဲသလိုပါပဲ။ ဒါပေမယ့် ကြာပန်းက အနက်ရောင်တောက်ပလို့နေခဲ့ပြီ ဒီမီးလျှံအမြောက်နဲ့ လုံး၀ကိုဆန့်ကျင်ဖက်ဖြစ်နေခဲ့တယ်။ ဒါကြောင့်သာ ပိုပြီးထင်ရှားလို့နေခဲ့တာပါ။
ဒီကြာပန်းကြီးရဲ့အလယ်ဗဟိုမှာတော့ ပန်းကြာ၀တ်ဆံရှိမနေခဲ့ပဲ အနက်ရောင်ဦးခေါင်းခွံတစ်ခုရှိနေခဲ့ပါတယ်။ ကြောက်စရာအငွေ့အသက်က အဲ့ဒီနေရာမှာအားအကောင်းဆုံးပါ။
ရွှမ်ကျင့်၀မ်လဲ သူ့ရဲ့အပေါ်ယံထွင်းထုထားတဲ့ပုံရိပ်တွေကို ဖြည်းဖြည်းချင်းလေ့လာနေခဲ့ပါတယ်။ ဒီအတိုင်းကြည့်ရုံနဲ့တင် သူ့စိတ်တစ်ခုလုံးအေးချမ်းသွားသလိုပါပဲ။ ဒါပေမယ့် တစ်ခုခုအမှားအယွင်းဖြစ်မှာစိုးလို့ အားသုံးပြီတော့တောင် ဖိမကြည့်၀ံ့ပါဘူး။
ရွေ့လျား၀ိညာဥ်အမြောက်တိုင်းက ကိုယ်ဘာသာကိုယ်ဖျက်ဆီးနိုင်တဲ့အစွမ်းအစရှိပါတယ်။ အကယ်၍ သူတို့ကိုဖြုတ်တပ်လိုက်တာမျိုးလုပ်လိုက်မယ်ဆိုရင် သေချာပေါက် အလိုအလောက်ပျက်စီးသွားမှာပါ။ ရွှမ်ကျင့်၀မ်လဲ ဒါကိုရှင်းရှင်းလင်းလင်းသိပါတယ်။
ဆယ့်ငါးမိနစ်ကြာပြီချိန်မှသာ ရွှမ်ကျင့်၀မ်ထိတွေ့နေတာ ရပ်တန့်လိုက်ပြီပြောလာခဲ့တယ်။
” မင်းဘယ်လိုဖန်တီးထားလဲဆိုတာကို ငါမပြောနိုင်ဘူး ”
သူ့အကြည့်က ပြောင်းလဲလို့သွားခဲ့သလို ရပ်တည်ချက်တူနေတဲ့ အဆင့်တူလူတွေကြားထဲက ဆွေးနွေးလိုတဲ့ပုံစံကိုပြောင်းသွားပါတော့တယ်။ ဒါကဆရာနဲ့တပည့်ကြားက ပုံစံမျိုးမဟုတ်ခဲ့ပါဘူး။
” ကြည့်ရတာငါမင်းရဲ့ပါရမီကို လျှော့တွက်မိခဲ့ပုံပဲ မင်းတကယ်ပဲ ငါ့ကိုအံ့အားသင့်စေတယ် ”
ဟို့ယွိဟောင်က လက်နှစ်ချောင်းကိုဆန့်ထုတ်ပြရင်းနဲ့ ပြောလာခဲ့တယ်။
” တကယ်တော့အံ့အားသင့်စရာကနှစ်ခုပါ ကျွန်တော်ဒီ၀ိညာဥ်အမြောက်ရဲ့နာမည်ကို နတ်ဆိုးရဲ့မျက်မှောင်ကြုတ်မှုလို့ ပေးထားတယ်…နောက်တစ်နည်းပြောရမယ်ဆိုရင် နတ်ဆိုးရဲ့ဒေါသအကြည့်ပေါ့ ဒါကိုစစ်မြေပြင်ထဲမှာမသုံးရပါစေနဲ့လို့ကျွန်တော်မျှော်လင့်မိပါတယ်…ဘယ်တော့မှမပေါ်လာခဲ့ရင် ပိုကောင်းလိမ့်မယ် ”
” ငါလဲထပ်တူမျှော်လင့်မိတယ် ”
ရွှမ်ကျင့်၀မ်က တွေးဆရင်ပြောနေခဲ့ပါတယ်။ သူ့ရဲ့အစောပိုင်းလေ့လာမှုအရဆိုရင် ဒါကသူမြင်ဖူးခဲ့သမျှအရာအားလုံးကွာခြားနေခဲ့သလို ဖြစ်တည်မှုတစ်ခုပါပဲ။ အစောပိုင်းတုန်းက ပဲ့တင်သံတွေကိုလဲ သူရှာဖွေလို့မရနိုင်ခဲ့ပါဘူး။ လုံး၀ကို ဖန်တီးမှုအသစ်တစ်ခုဖြစ်နေခဲ့တယ်။ သူ့ရဲ့အစွမ်းအစကိုလဲ လေ့လာမှုခက်ခဲနေခဲ့သလို ကြောက်စရာကောင်းတဲ့အငွေ့အသက်နဲ့တင် အနည်းဆုံးအဆင့်ရှစ်အထက်ဆိုတာ သိသာနေခဲ့တယ်။
” ဒါကအဆင့်ရှစ်လား ကိုးလား ”
ရွှမ်ကျင့်၀မ်ရဲ့အသက်ရှုသံတွေက မြန်ဆန်နေခဲ့ပါပြီ။ ဟို့ယွိဟောင်ကတော့ တစ်ခဏတာတွေးပြီတော့မှပြန်ဖြေခဲ့ပါတယ်။
” အကယ်၍ ဒါကိုအဆောက်အအုံတစ်ခုကနေပစ်လွှတ်မယ်ဆိုရင်တော့ အဆင့်ရှစ်ဖြစ်လိမ့်မယ်…ဒါပေမယ့် စစ်တပ်ထဲကနေပစ်မယ်ဆိုရင်တော့ အဆင့်ကိုးဆိုတာသံသယဖြစ်ဖွယ်နိုင်ရာမရှိဘူး…ဒါကိုဖြေရှင်းဖို့အတွက် ကျွန်တော်တစ်နှစ်ကျော်ကျော်သုတေသနပြုပြီး လုပ်ခဲ့ရတယ်…အဲ့ဒါပြီးတော့မှ အခြေခံအကျဆုံးစမ်းသပ်ချက်လေးတွေကို ဆက်တိုက်လုပ်ရင်းနဲ့ ကျွန်တော်အားလပ်ရက်ပြန်ပြီနောက်မှသာ တစ်ခုချင်းဆီပြန်တပ်ခဲ့ရတာ ”
” ဒါဆိုရင် လွန်ခဲ့တဲ့လတွေမှာမင်းအရမ်းအလုပ်များအောင် ဖန်တီးနေတာဒါပေါ့ ”
အပိုင်း ၂၀၃ ပြီး၏။