Switch Mode

Chapter – 12.3

" ရှုစန်းရှီနဲ့ ကျန်းနန်နန် "

Chapter – 12.3 ” ရှုစန်းရှီနဲ့ ကျန်းနန်နန် ”
°°°
” ဆရာရှောင်ယာ့ ကျောင်းကတော့ အတော်ပိုက်ဆံရတော့မှာပဲ ”

ဟို့ယွိဟောင်ကတော့ ထန်ယာ့ရဲ့ မိတ်ဆက်ပေးမှုကို ကြားချိန်မှာ ပြောလာခဲ့ပါတော့တယ်။

ထန်ယာ့က ပြန်ဖြေလိုက်တယ်။

” ဒါက ကျောင်းတော်အနေနဲ့ ရသင့်ရထိုက်တဲ့ ကိစ္စပဲလေ ကျောင်းတော်က အရမ်းကို ကြီးမားလွန်တာကြောင့် သူ့ရဲ့ကုန်ကျစရိတ်ကလဲ များပြားတယ်…အကယ်၍ သူတို့သာ ဒီလိုနည်းနဲ့ ပိုက်ဆံမရှာဘူးဆိုရင် ကျောင်းကိုဘယ်လိုလုပ် ထိန်းထားနိုင်မှာလဲ ဒါပေမယ့် ကျောင်းတော်အဆောင်ရတဲ့အခွန်တွေကလဲ မသေးဘူးလေ မဟုတ်လို့ကတော့ ငါတို့ကျောင်းတော်က တိုက်ကြီးတစ်ခုလုံးမှာ အချမ်းသာဆုံးဖြစ်နေပြီး အခုတော့ ယွိဟောင် လက်ရှိအချိန်မှာ ငါးကင်ရဲ့အရေးအသွေးကိုပိုပြီး မြင့်တင်ပြီသား ဖြစ်သွားတာပေါ့ ဒါနဲ့လက်ရှိ ငါးရဲ့အရသာက တော်တော်လေးကောင်းလာတယ်…ပါ၀င်ပစ္စည်းတွေလဲ ကောင်းလို့ဖြစ်လိမ့်မယ် ”

ထန်ယာ့က ငါးကင်နှစ်ကောင်လုံးကို ၀ိညာဥ်လက်ရည်ယှဥ်တဲ့ နေရာမရောက်ခင်မှာ အပြောင်စားလိုက်ပြီးပါပြီ။ ဟို့ယွိဟောင်လဲ အတော်လေး ဆာနေခဲ့ပြီး ဒါကြောင့်ညစာ၀ယ်ဖို့အတွက် ထမင်းစားဆောင်ကိုသွားပါတော့တယ်။ သူနဲ့ထန်ယာ့ ၀ိညာဥ်လက်ရည်ယှဥ်တဲ့ နယ်မြေကိုရောက်ချိန်မှာတော့ လူအုပ်ကြီးက အတော်ကို ပြုံအောလို့နေခဲ့ပါပြီ။ ရှုစန်းရှီနဲ့ ပေ့ပေ့တို့ရဲ့ ပြိုင်မဲ့သတင်းက တောမီးလောင်သလို ပြန့်နှံ့လို့သွားခဲ့တာကြောင့် ကျောင်းသားတွေအများကြီးက ပုံအောပြီလာရောက်ကြတာပါ။

ထန်ယာ့လဲ ငွေပြားနှစ်ပြားကိုပေးပြီး ဟို့ယွိဟောင်ကိုပါ လက်ရည်ယှဥ်တဲ့နယ်မြေထဲကို ခေါ်လာခဲ့ပါတယ်။ ဒီနယ်မြေကြီးက ရှစ်ထောင့်အဠဂံပုံစံရှိနေခဲ့ပြီး သူတို့မနက်တုန်းက ပြေးခဲ့တဲ့ ရင်ပြင်ကြီးလို ကျယ်ပြန့်လွန်လှပါတယ်။ ဒါ့အပြင် ဟင်လင်ပြင်ကြီးလိုဖွင့်ထားခဲ့တာကြောင့် ကျောင်းသားတွေက အထဲကိုရောက်ဖို့အတွက် သိပ်ပြီတွန်းကန်စရာမလိုပါဘူး။ ဒါ့အပြင် ကျယ်ပြန့်လွန်လှတဲ့ နယ်မြေကြီးရဲ့ ဘေးပတ်လည်မှာ ကျောင်းသားတွေထိုင်ဖို့အတွက် ထိုင်ခုံသုံးထောင်ကိုလဲ ထားထားပါသေးတယ်။ အဲ့ဒီထိုင်ခုံတွေက တဖြည်းဖြည်း အပေါ်ကိုမြင့်တက်သွားတဲ့အတိုင်း တည်ရှိနေခဲ့တယ်။

သူတို့၀င်ရောက်ချိန်မှာ ကျောင်းသားသုံးထောင်နီးပါးက ထိုင်နေခဲ့ကြပါပြီ။ ထန်ယာ့နဲ့ ဟို့ယွိဟောင်တို့ကလဲ နည်းနည်းစောစော ရောက်လာခဲ့တာကြောင့် စစ်မြေပြင်နဲ့အနီးဆုံးထိုင်ခုံကို ၀င်ထိုင်လိုက်ပါတော့တယ်။ တစ်ဖက်မှာကတော့ သူတို့အရှေ့နယ်မြေကြီးက ဗလာဟင်လင်ဖြစ်နေခဲ့ပြီး ပေ့ပေ့နဲ့ ရှုစန်းရှီတို့နှစ်ယောက်ပဲ ရောက်နေမှန်းလဲ ဘယ်သူမှမသိနိုင်ပါဘူး။

စည်းမျဥ်းတွေအကြောင်း ဟို့ယွိဟောင် သိပ်မနားလည်တာ သိတဲ့အတွက် ထန်ယာ့က သူ့ကို ရှင်းပြလို့နေခဲ့တယ်။

“‘ဒီနေရာက နေ့တိုင်းဖွင့်ပြီ ညသံခေါင်ယံအချိန်ကြမှပိတ်တယ် ..ဒါကြောင့် ပြိုင်ပွဲပြိုင်ချင်းတဲ့ ကျောင်းသားတွေအားလုံးက စာရင်းသွင်းရတယ်လေ နှစ်ဖက်စလုံးက အတော်လေးကျော်ကြားတဲ့ ကျောင်းသားတွေဆိုရင် ကျောင်းတော်က အသံလွှင့်လက်နက်လို့ခေါ်တဲ့ ၀ိညာဥ်လက်နက်တစ်ခုကို အသုံးပြုပြီး ကြည့်တဲ့သူတွေကို ပိုပြီးဆွဲဆောင်ဖို့အတွက် အပြင်မှာကြော်ငြာပေးတယ်…ဒါ့အပြင် ကျောင်းတော်က လက်နက်ဖိုးတွေရဲ့တစ်၀က်ကိုယူပြီး အနိုင်ရတဲ့သူကတော့ နောက်တစ်၀က်ကိုရတယ် ..ဒီလိုတိုက်ခိုက်တာကြောင့် နင်ရဲ့ ဆရာတူအစ်ကိုကြီးက အတော်လေး ပိုက်ဆံရပြီးပြီ ဒါ့အပြင် သူက စတုတ္ထနှစ်ကနေ တက်ရောက်တဲ့​ကျောင်းတော်သားလေ သူတို့တွေက ကြားထဲမှာကွာခြားချက်လဲ တစ်နှစ်လုံးလုံးရှိနေသေးတယ်…ဒီလိုမျိုးကိစ္စက ကျောင်းသားအငယ်က ကျောင်းသားကြီးကို စိန်ခေါ်တယ်လို့ သတ်မှတ်လို့ရမှာပဲ အဲ့ဒီလိုဖြစ်တာကြောင့် အကယ်၍ ရှုစန်းရှီသာ ရှုံးနှိမ့်သွားမယ်ဆိုရင် သူက ပေ့ပေ့ကို ၀ိညာဥ်ရွှေပြားဆယ့်ပြားတိတိ ထပ်ပြီး ပေးရဦးမယ်…ဒါ့အပြင် အပြင်နယ်မြေမှာ ရှုစန်းရှီရော မင်းရဲ့ဆရာတူအစ်ကိုကြီးရော နှစ်ယောက်စလုံးက ကျော်ကြားတဲ့သူတွေကြီးပဲ ပါရမီရှင်တွေလို့တောင် သတ်မှတ်ကြသေးတယ်…ဒါကြောင့် ဒီနေရာကိုလာတဲ့သူက အနည်းဆုံးတော့ လူငါးရာကျော်နေမှာပဲ ”

“‘ဒါဆိုရင် ကျန်းနန်နန်က ဘယ်သူလဲ “‘

ဟို့ယွိဟောင်က ထပ်ပြီးမေးလိုက်မိပါတယ်။ ထန်ယာ့ကတော့ လက်မြောက်ရင်း ဟို့ယွိဟောင်ရဲ့ ခေါင်းကိုပုတ်လိုက်တယ်။

” ဒီလောက်အသက်ငယ်ငယ်လေးနဲ့တင် မကောင်းတဲ့အရာတွေ သင်နေပြီလား မိန်းမချောတွေကို ကြည့်တတ်နေပြီပေါ့ ”

ဟို့ယွိဟောင်လဲ ခေါင်းနာသွားပါတော့တယ်။ နောက်ထပ် ဆက်ပြီးမမေး၀ံ့တော့ပါဘူး။ အဲ့ဒီအစား သူ၀ယ်လာခဲ့တဲ့ နေ့လည်စာထမင်းဘူးကိုသာယူရင်း စားပါတော့တယ်။

သူ့ရဲ့ ကြောင်အအပုံစံကို မြင်ချိန်မှာ ထန်ယာ့ကတော့ ရယ်မောနေပါတော့တယ်။

” ကောင်းပြီလေ ပြောပြမယ် ကျန်းနန်နန်ဆိုတာက အပြင်နယ်မြေမှာ နံပါတ်တစ် မိန်းမချောပဲ သူက သာမန်မိသားစုက လာတဲ့အတွက်ကြောင့်မလို့ လူတိုင်းကို ကြင်ကြင်နာနာ ဆက်ဆံတယ်…ကျောင်းတော်ထဲမှာ သူရဲ့ ပရိတ်သတ်တွေဆိုတာ အများကြီးပဲ သူက ငါ့ထက်လှတယ်လို့ထင်လား ”

ဟို့ယွိဟောင်လဲ ချက်ချင်းခေါင်းခါလိုက်ပါတော့တယ်။

ထန်ယာ့က ကျေနပ်သွားတာကြောင့် ပြောလိုက်တယ်။

” အမှန်ပဲသူက ငါ့ထက် တခြားနေရာတွေမှာ သာတယ်လို့ငါလဲမတွေးမိပါဘူး…အဲ့ဒီရှုစန်းရှီက အရမ်းကို သန်မာတဲ့အသွင်ပြောင်း၀ိညာဥ်ကို ပိုင်ဆိုင်ထားတယ်…အဲ့ဒါက မြေအောက်လောကလိပ်နတ်ကြီးပဲ ဒါ့အပြင် သူပိုင်ဆိုင်ထားတဲ့ သိုင်းပညာ၀ိညာဥ်မှာ ဂုဏ်သတ္တိနှစ်မျိုးရှိတယ်…အဲ့ဒါက မြေစွမ်းအားနဲ့ ရေစွမ်းအား နှစ်ခုစလုံးကလဲ ခုခံတဲ့နေရာမှာအတော်ကို အားကောင်းလွန်တယ်…ပြောရမယ်ဆိုရင် ထိုးဖောက်လို့မရနိုင်ဘူးတဲ့ ကျင့်ကြံဆင့်က ပေ့ပေ့နဲ့အတူတူလောက်ရှိပေမဲ့ သူတို့နှစ်ယောက်စလုံးက ပထမတန်းစား၀ိညာဥ်သိုင်းပညာကို ပိုင်ဆိုင်ထားတယ်လေ မစိုးရိမ်နဲ့ ငါနင့်အတွက် ဒေါသကိုချေပြီးပြီ အဲ့ဒီကောင်ကို နဂါးမုတ်ဆိတ်လက်နက်နဲ့ ပြစ်ထားတယ်…သူ့အတွက်တော့ အဲ့ဒါ မခန့်မရပ်နိုင်ကိစ္စပဲ အကယ်၍ သူသာ ကျန်းနန်နန်ကို ဆက်ပြီးလိုက်ချင်တယ်ဆိုရင်လဲ သူ့ကိစ္စနဲ့သူပေါ့ ဒါပေမယ့် လူတွေအများကြီးကို ထိခိုက်စေနိုင်တော့မှာမဟုတ်ဘူး….ထူးခြားတာ ပြောရဦးမယ်..ကျန်းနန်နန်က သူ့ရဲ့ခံယူမှုနဲ့ပတ်သက်ပြီ ပြဿနာတစ်ခုခု ရှိနေတယ်လို့ ငါထင်ခဲ့တာ သူ့ကို ဒီလောက်သဘောကျနှစ်သက်တဲ့ အမျိုးသားတွေ အများကြီးရှိနေတာတောင် ဘယ်သူကိုမှ ပြန်သဘောမကျဘူး….ဒါ့အပြင် လူတွေကို ငြင်းပယ်တဲ့အချိန်မှာ အမြဲတမ်းနူးနူးညံ့ညံ့ပဲ ငြင်းပယ်တာ ဒါပေမယ့် ရှုစန်းရှီကိုတော့ ထူးထူးခြားခြား အေးစက်လွန်တယ်…ရှုစန်းရှီက သူ့ကို အပြစ်ပြုမိထားတာဆိုတော့ ငါလဲမသိဘူး…နောက်တစ်နည်းပြောရမယ်ဆိုရင် ပေ့ပေ့နဲ့ ရှုစန်းရှီတို့ကို လာကြည့်တဲ့သူတွေကတော့ တကယ်အပြစ်ကင်းတဲ့သူတွေပဲ ပေ့ပေ့နဲ့ ရှုစန်းရှီတို့က အပြင်နယ်မြေမှာ အတော်ကို ကျော်ကြားတဲ့ တိုက်ခိုက်ရေးသမားနဲ့ ခုခံရေးသမားတွေလေ ဒါပေမယ့် သူတို့တွေ တစ်ယောက်ကိုတစ်ယောက် သိကြတာကိုတော့ လာကြည့်တဲ့သူတွေ ဘယ်သိကြမလဲ ဒါ့အပြင် အတော်များများက စိတ်၀င်စားကြလို့ ပြေးလာကြတာ ”

” အစ်ကိုကြီးနဲ့ ရှုစန်းရှီ နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် သိကြလား ”

ဟို့ယွိဟောင်က တအံ့တဩမေးလိုက်ပါတယ်။

ထန်ယာ့ကလဲ မေးလိုက်တယ်။

” ယွိဟောင် ဘာမှမစိုးရိမ်နဲ့ သူတို့တွေ တစ်ယောက်နဲ့တစ်ယောက် သိပေမဲ့ မင်းရဲ့ဆရာတူအစ်ကိုကြီးက သူ့ပြိုင်ဘက်ကို အပြည့်အ၀ ယှဥ်ပြိုင်မှာ ရှုစန်းရှီကို နောက်ထပ် အနိုင်ကျင့်ခွင့်ပြုမှာမဟုတ်ဘူး ”

” ပေ့ပေ့ မင်းရဲ့ထန်ယာ့က တကယ်ရူးနေတာပဲ ကြည့်လိုက်ပါဦး ကြည့်လိုက်ပါဦး ”

ရှုစန်းရှီက မကျေမနပ်ပုံစံနဲ့ သူ့ရဲ့အင်္ကျီကိုမရင်း ပေ့ပေ့ထုတ်ပြနေခဲ့ပါတယ်။ လက်သီးဆုပ်အရွယ် သူ့ရဲ့လက်သီးကြီးက ရုတ်တရက်ဆိုသလို ပွင့်လာခဲ့ပါပြီ။ အဲ့ဒီနောက် သိုင်းပညာ၀ိညာဥ်ကို ထုတ်လွှင့်ရင်း ဖောင်ကြွနေတဲ့ ကြွက်သားတွေကလဲ ပေါ်လာတော့တယ်။

ပေ့ပေ့က ပြန်ဖြေလိုက်ပါတယ်။

” ကိုယ်နဲ့တန်တာ ကိုယ်နဲ့ရတာပဲလေ ဘယ်သူက ငါတို့ရဲ့ ဆရာတူညီလေးကို အနိုင်ကျင့်ခိုင်းခဲ့လဲ ပေါက်ကရတွေ ပြောမနေနဲ့ ငါ့ကို ထူးဆန်းရေဆေးလုံး ပေးလိုက် ဒါဆိုရင် အဲ့ဒီနဂါးမုတ်ဆိတ်အပ်ကို ဖယ်ပေးမယ်…မဟုတ်လို့ကတော့ ကိုယ်ဘာသာကိုယ်ပဲ အသားကို ဖဲ့ပြီးထုတ်လိုက်ပေါ့ အဲ့ဒီနဂါးမုတ်ဆိတ်အပ်က ငါတို့ဘိုးဘေးကြီးတွေ ကျန်ရစ်ထားခဲ့တဲ့အပ် ဒါ့အပြင် အောင်မြင်တဲ့မျိုးနွယ်စုခေါင်းဆောင်တွေပဲ လက်ခံလို့ရတာ ရှောင်ယာ့ ဒီတစ်ခေါက် တော်တော်လေး ဒေါသထွက်သွားတယ်နဲ့တူတယ် ”

” အဲ့ဒီကောင်စုတ်လေးက တကယ်ပဲ မင်းတို့ထန်မျိုးနွယ်ကလား သူ့ကြည့်ရတာ ဘာအစွမ်းအစမှရှိနေပုံလဲ မပေါ်ဘူး…ထူးဆန်းနဂါးဆေးလုံးကို မေ့ထားလိုက်စမ်းပါ ငါ့ကို မြန်မြန်ကူညီဦး ဒီအပ်က အရမ်း အဆိပ်ပြင်းလွန်တယ်…နာလိုက်တာမှ သေလုမတတ်ပဲ ဒါ့အပြင် ၀ိညာဥ်စွမ်းအားနဲ့လဲ သူက ထိန်းချုပ်လို့ထားသေးတာကြောင့် ပိုပိုပြီး နာလာတယ်….အဲ့ဒီ ထန်ယာ့ရဲ့ ထောင်ချောက်ထဲရောက်သွားတာ ငါသတိမထားမိလို့ပဲဖြစ်မှာပါ စိတ်ညစ်စရာကောင်းလိုက်တာ ”

” ဘာပဲဖြစ်ဖြစ် မပေးချင်လဲ မပေးနဲ့လေ ငါ့ရဲ့ ဆရာတူညီလေးကို ရိုက်ထားပြီမှတော့ ဒီကိစ္စက ဖြစ်သင့်တဲ့ကိစ္စပဲ အကယ်၍ ထူးဆန်းရေဆေးလုံးကို မပေးဘူးဆိုရင် အဲ့အပ်ကပေးတဲ့ နာကျင်မှုကို ကိုယ်ဘာသာကိုယ် ခံစားလိုက်ပေါ့ မကြာခင်ပြိုင်ပွဲက စတော့မှာပဲလေ ဒီနဂါးမုတ်ဆိတ်အပ်သာ ရှိနေရင်း ငါ့ကို ယှဥ်ပြိုင်နိုင်မယ်လို့ ငါတော့မထင်ပါဘူး ”

“ငါမင်းကို လုံး၀ သက်ညှာပေးမှာ မဟုတ်ဘူး ”

” ငါက မင်းသက်ညှာတာကို လိုအပ်နေလို့လား ”
ပေ့ပေ့က ပြန်ပြောလိုက်ပါတယ်။

” ကောင်းပြီ ပေ့ပေ့ မင်းစောင့်နေလိုက် နယ်မြေထဲမှာ ငါမင်းကို ဘယ်လိုအနိုင်ယူပြမလဲဆိုတာ ကြည့်နေလိုက် ”

အဲ့ဒီနောက် လက်တစ်ဖက်ကို ဆန့်ထုတ်ရင်း ရှုစန်းရှီကို လက်ညိုးညွှန်ပြီ စိန်ခေါ်တဲ့ပုံစံ ပြုလုပ်လိုက်တယ်။

ရှုစန်းရှီကတော့ နူးညံ့တဲ့ ပုလင်းလေးတစ်ပုလင်းကို ထုတ်လာခဲ့ပါပြီ။ အဲ့ဒီနောက် အဖြူရောင်ပုလင်းကိုယူရင်း ပေ့ပေ့ဆီ ပြစ်ပေးလိုက်ပါတော့တယ်။

” ကျေးဇူးအများကြီးတင်ပါတယ် …အခုမင်းရဲ့သိုင်းပညာ၀ိညာဥ်ကို ပြန်ပြီးသိမ်းလိုက် ငါ အဲ့ဒီအပ်ကို ထုတ်ပေးမယ် ”

ပြောပြီတာနဲ့ ရှုစန်းရှီလဲ သူ့ရဲ့သိုင်းပညာ၀ိညာဥ်ကို ပြန်သိမ်းလိုက်ပါတယ်။ သိုင်းပညာ၀ိညာဥ်အကူအညီမရှိတော့တာနဲ့ ချက်ချင်းဆိုသလို မခံမရပ်နိုင်တဲ့ နာကျင်မှုက သူ့ခန္ဓာကိုယ်ဆီကို ရောက်ရှိလာပါတော့တယ်။ ကျင့်ကြံဆင့်ရော စိတ်စွမ်းအားနဲ့ပါ ဒီနာကျင်မှုကို မတောင့်ခံနိုင်ပဲ တုန်ရီလို့နေခဲ့ပါတယ်။

ပေ့ပေ့လဲ ညာလက်ကိုအသုံးပြုရင်း နေရာတစ်ချို့ကို ဖိနှိမ့်ပြီး ရှုစန်းရှီရဲ့ ဒဏ်ရာကို ထိန်းချုပ်လိုက်တယ်။ ချက်ချင်းဆိုသလို လက်နှစ်ဖက်ကို အသုံးချပြီး နူးညံ့တဲ့၀ိညာဥ်စွမ်းအားကိုအသုံးပြုရင်း ရှုစန်းရှီရဲ့ ကြွက်သားတွေထဲကို ထည့်သွင်းပေးပါတယ်။ တခဏတာကြာအောင် လှုပ်ရှားပြီချိန်မှာတော့ ဆံပင်ချည်လိုမျိုး ရှည်လျားပြီ ရွှေရောင်တောက်ပနေခဲ့တဲ့ အမျှင်လေးတစ်မျှင်က ရှုစန်းရှီရဲ့ လက်ကောက်၀တ်ကြွက်သားတွေထဲကနေ ထွက်ပေါ်လာခဲ့ပါပြီ။

ပေ့ပေ့က ဖြည်းဖြည်းချင်းဆိုသလို ဆွဲထုတ်လို့နေခဲ့ရင်း အာရုံစိုက်လို့နေခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အဲ့ဒီရွှေရောင်အမျှင်ကလေးက ပဲစေ့အရွယ်အလုံးလေးတစ်လုံးအဖြစ်ကို ပြောင်းလဲလို့သွားပါတော့တယ်။ ပေ့ပေ့လဲ ခပ်မြန်မြန်ပဲ လက်ကောက်၀တ်ကို ပြန်ခါလိုက်တယ်။

ရှုစန်းရှီကတော့ သက်ပြင်းချနေခဲ့ပါပြီ။ ဒီပြင်းထန်လွန်လှတဲ့ နာကျင်မှုက ပုခုံးတစ်ခုလုံးကို ဖိထားသလိုပါပဲ။ အခုမှသက်သာသွားခဲ့တာပါ ဒါပေမယ့် သူဒေါသထွက်နေဆဲဖြစ်တဲ့ အမူအရာနဲ့ ဆက်ပြီးပြောလိုက်ပါတယ်။

” ပေ့ပေ့ မင်းက ငါ့ကို အခွင့်ကောင်းယူသွားတာပဲ ဒီဆေးလုံးဘယ်လောက်တန်ကြေးကြီးမှန်း မင်းသိတယ်မလား ဘယ်လိုလဲ ငါတို့ လောင်းကြေးထပ်ရအောင် အကယ်၍ နောက်ပြိုင်ပွဲကိုသာ ငါနိုင်မယ်ဆိုရင် ဆေးလုံးငါ့ဆီပြန်ပေး “‘

အပိုင်း ၁၂•၃ ပြီး၏။
BOOK. 3 // The End.

Comment

Leave a Reply

Options

not work with dark mode
Reset