အပိုင်း ၂၀၂•၃
” လူအသွင်သဏ္ဍာန်၀ိညာဥ်လက်နက် ”
°°°
ဟို့ယွိဟောင်ရဲ့ထိန်းချုပ်မှုက အစပိုင်းမှာအနည်းငယ်ကြမ်းတမ်းလို့နေခဲ့ပါတယ်။ သူ့သတ္ထုလူသားကြီးရဲ့ လှုပ်ရှားမှုတွေက ထိန်းချုပ်မှုနဲ့အကျွမ်းတ၀င်ဖြစ်လာတာနဲ့အမျှ ပိုပြီးချောမွေ့လို့လာခဲ့ပါတယ်။
ဒီသတ္ထုလူသားကြီးရဲ့လှုပ်ရှားမှုက အနည်းငယ်နှေးကွေးလို့လိုနေသလို လူသားအစစ်တစ်ယောက်လှုပ်ရှားနေတဲ့ပုံစံနဲ့လဲ အနည်းငယ်သွယ်ဖယ်လို့နေခဲ့ပါသေးတယ်။ ဒါပေမယ့် ဟို့ယွိဟောင်က ခလုတ်တွေအများကြီးသုံးပြီတော့ ထိန်းချုပ်နေတာလဲဖြစ်တဲ့အတွက် ဒီလောက်အခြေအနေဖြစ်တာကတော့ လက်ခံနိုင်စရာရှိပါသေးတယ်။ ဒီလိုမျိုးဆက်သွားနေရင်းမျှချေညီအောင်ထိန်းထားနိုင်တဲ့အစွမ်းအစက ရွှမ်ကျင့်၀မ်ကိုပိုပြီးအံ့အားသင့်လာစေခဲ့ပါပြီ။
အချိန်တွေကတော့ တစ်စက္ကန့်ပြီတစ်စက္ကန့်ကုန်ဆုံးလို့လာနေခဲ့ပါတယ်။ ဆယ်မိနစ်ကြာပြီချိန်မှသာ သတ္ထုလူသားကြီးက ရပ်တန့်လိုက်ပါပြီ။ နောက်ဆုံးမှာတော့ တခဏတာကြာအောင် မြင်းထိုင်ထိုင်လိုက်ပြီတဲ့နောက် ခန္ဓာကိုယ်ကိုပြန်မတ်လိုက်ပါတော့တယ်။
အဲ့ဒီနောက် ဟို့ယွိဟောင်က သူ့ရဲ့လက်နဲ့ခြေထောက်တွေကို လွတ်နေတဲ့နေရာတွေဆီမှာထည့်သွင်းပြီနေရာယူလိုက်ပါတော့တယ်။ အစောပိုင်းတုန်းက သူ့ရှေ့မှာရှိနေခဲ့တဲ့ထိန်းချုပ်ရေးကိရိယာတွေကလဲ သူ့ရဲ့ခါးဖင်ဖက်ကိုရွေ့သွားခဲ့ပြီ ၀ိညာဥ်လက်နက်ကြီးကတော့နောက်တစ်ကြိမ် ရွေ့လျားလို့သွားခဲ့ပြန်ပါပြီ။
အမြင်နှစ်ခုရှု့ထောင့်နှစ်ခုကြောင့်ရွှမ်ကျင့်၀မ်လဲ လက်ရှိအချိန်မှာဟို့ယွိဟောင်၀ိညာဥ်စွမ်းအားကိုအသုံးပြုပြီး စတင်ထိန်းချုပ်မှာဖြစ်မှန်းနားလည်သွားခဲ့ပါတယ်။ ဒါကြောင့် လက်ရှိအချိန်မှာ လိုက်လျောညီထွေဖြစ်နိုင်စွမ်းကတိုးလာခဲ့ပါပြီ။
ဟို့ယွိဟောင်က သတ္ထုလူသားကြီးကိုထိန်းချုပ်ရင်းနဲ့ သရဲအရိပ်ခြေရာကိုပါ အသုံးပြုလိုက်ပါတယ်။ ရွှမ်ကျင့်၀မ်ကတော့ အခုလက်ရှိအချိန်မှာ စိတ်လှုပ်ရှားလွန်တာကြောင့် တုန်လှုပ်လို့နေခဲ့ပါပြီ။
သူက အပြင်ဖက်ကနေ ရလဒ်တွေကိုမြင်နေခဲ့ရတာပါ။ ဒါ့အပြင် အထဲမှာဘယ်လိုလှုပ်ရှားလဲဆိုတာကို ကြည့်နေခဲ့ရပါသေးတယ်။ ဒီလူသားအသွင်း၀ိညာဥ်လက်နက်က တိုက်ခိုက်ရေး၀ိညာဥ်အစွမ်းအစတွေပါ တစ်ခုမှသုံးမထားပေမဲ့ ရွှမ်ကျင့်၀မ်ကို အများကြီးလှုပ်ရှားသွားအောင် လုပ်နိုင်ခဲ့ပါတယ်။
ပုံရိပ်ယောင်တွေက စတင်ပြီဝေ၀ါးလို့လာခဲ့ပါပြီ။ အရာအားလုံးကလဲ ပုံမှန်အတိုင်းပြန်ဖြစ်လို့သွားပါတော့တယ်။ ရွှမ်ကျင့်၀မ်ရဲ့စိတ်၀ိညာဥ်ပင်လယ်ထဲကို ၀င်ရောက်လာနေတဲ့စွမ်းအားတွေကလဲ ဖြည်းဖြည်းချင်းပြန်လည်ပျောက်ကွယ်လို့သွားခဲ့ပါပြီ။
” မဖြစ်နိုင်လိုက်တာ ”
ရွှမ်ကျင့်၀မ်လဲ ဟို့ယွိဟောင်ပြသထားခဲ့တဲ့ ပုံရိပ်တွေကိုပြန်စဥ်းစားရင်းတစ်ခွန်းသာပြောနိုင်ပါတော့တယ်။ လက်ရှိအချိန်မှာ သူမတ်တပ်ထရပ်နေပြီဖြစ်သလို သူ့ခန္ဓာကိုယ်အပြင်ဘက်မှာလဲ သန်မာတဲ့၀ိညာဥ်စွမ်းအားတွေကလဲ လှည့်ပတ်လို့နေခဲ့ပါသေးတယ်။ မြေပြင်မှာပြန့်ကျဲနေတဲ့ ရှားပါးတ္ထုတွေက လေထဲအထိတွန်းထွက်လို့လာခဲ့ပြီ ဟို့ယွိဟောင်နောက်ကိုခြေလှမ်းအနည်းငယ်ဆုတ်ပြီမှသာ သူကိုယ်သူတည်ငြိမ်အောင်ထိန်းထားလို့နေခဲ့ရပါတယ်။
ရွှမ်ကျင့်၀မ်က တစ်ကိုယ်လုံးချွေးတွေပျံနေခဲ့သလို မျက်လုံးတွေကလဲ နီရဲလို့နေခဲ့ပါပြီ။ သူက ယှဥ်ပြိုင်လိုစိတ်အပြည့်နဲ့ နတ်ဆိုးကြီးတစ်ကောင်လိုပါပဲ။ ဟို့ယွိဟောင်ကို သူလေးလေးနက်နက်စိုက်ကြည့်နေရင်း တစ်ခွန်းချင်ပြောလာခဲ့ပါတယ်။
” ဒါကြီးက မဖြစ်နိုင်လိုက်တာ ဒါတွေအားလုံးအစစ်အမှန်မဟုတ်ဘူးလို့ ငါကိုပြောစမ်း ”
ဟို့ယွိဟောင်ကတော့ အေးအေးဆေးဆေးပါပဲ။
” ဆရာရွှမ် ဆရာရွှမ်ကအဆင့်ရှစ်၀ိညာဥ်လက်နက်အတတ်ပညာရှင်တစ်ယောက်ပါ ဒီတော့ အဆင့်ကိုး၀ိညာဥ်ပညာရှင်တွေနဲ့သိပ်ပြီအလှမ်းမကွာတော့ပါဘူး..ကျွန်တော်ပြခဲ့တဲ့ကိစ္စက အစစ်အမှန်ဟုတ်မဟုတ်ဆိုတာ ဆရာမပြောနိုင်ဘူးလား ပုံရိပ်ယောင်တစ်ခုပဲဖြစ်ခဲ့မယ်ဆိုရင် ကျွန်တော်မှာဒါကိုအမှန်တကယ်ဖြစ်အောင်လုပ်ဖို့ အစွမ်းအစရှိနေတယ်ဆိုတာ သိနေတယ်မလား ”
” ဒီပုံရိပ်ယောင်တွေကို မင်းဘယ်လိုဖန်တီးလိုက်တာလဲ ဒါ့အပြင် မတူညီတဲ့ရှု့ထောင့်နှစ်ခုကနေ မြင်ရအောင်ဘယ်လိုလုပ်လိုက်တာလဲ ”
” ဒီမေးခွန်းကို ကျွန်တော်မဖြေနိုင်ပါဘူး…ဒါကကျွန်တော်၀ိညာဥ်စွမ်းရည်နဲ့ပတ်သက်ပြီ လျှို့၀ှက်ချက်တွေနဲ့သက်ဆိုင်နေတယ် ”
ရွှမ်ကျင့်၀မ်လဲ အသက်ပြင်းပြင်းရှုသွင်းရင်းနဲ့ သူ့ကိုယ်သူတည်ငြိမ်အောင်ထိန်းချုပ်လို့နေခဲ့ရပါတယ်။ အခန်းထဲကိုလျှောက်လာနေရင်းနဲ့ သူ့ရဲ့စိတ်ကလဲ အတော်ကိုမတည်မငြိမ်ဖြစ်နေခဲ့ပါပြီ။ လက်ရှိအချိန်မှာသူကန်ထုတ်မိတဲ့သတ္ထုတွေကိုတောင် ဂရုမစိုက်နိုင်ပါဘူး။
ဟို့ယွိဟောင်လဲ ဒီရလဒ်ကိုမျှော်လင့်ထားပုံပေါ်ပါတယ်။ ရွှမ်ကျင့်၀မ် အစောတုန်းကသုံးနေခဲ့တဲ့ စားပွဲခုံမှာအေးအေးဆေးဆေးထိုင်နေခဲ့တယ်။ အခန်းထဲမှာတော့ တစ်ယောက်ကအေးအေးဆေးဆေးထိုင်နေခဲ့သလို နောက်တစ်ယောက်ကတော့ရူးရူးသွပ်သွပ်အခန်းထဲမှာပတ်ရှာနေခဲ့ပါတယ်။ ဒါကလဲ တခြားလှုပ်ရှားဖို့မရှိခဲ့ပါဘူး။
အချိန်တွေဖြည်းဖြည်းချင်းကုန်ဆုံးလာနေခဲ့သလို ရွှမ်ကျင့်၀မ်ကလဲ ပိုပြီးတော့ ချွေးပျံလာနေခဲ့ပါတယ်။ အခုအချိန်မှာချွေးတွေက သူ့မေးရိုးတစ်လျှောက်မှာကျဆင်းလို့နေခဲ့ပါပြီ။ အင်္ကျီရဲ့နောက်ကျောဖက်ကလဲ ချွေးတွေကြောင့်စိုရွှဲလို့နေခဲ့ပါတယ်။
သူကလုံး၀ကို လေးလေးနက်နက်တွေးတောနေခဲ့တာပါ။ ဒီလိုမျိုးအပြင်းအထန်စဥ်းစားပြီအားထုတ်နေခဲ့တဲ့အတွက် ခန္ဓာကိုယ်ကလဲပင်ပန်းလာနေခဲ့ပါတယ်။
ဒီအတိုင်းဆယ်ငါးမိနစ်တိတိဆက်သွားပြီချိန်မှာ ရွှမ်ကျင့်၀မ်က ရပ်တန့်လိုက်ပါတယ်။ အဲ့ဒီနောက် ဟို့ယွိဟောင်ဆီကို လှည့်လာရင်းနဲ့ သူမေးတော့တယ်။
” ဒီအထဲမှာဗျူဟာဘယ်နှစ်ခုကိုမင်းထည့်ထားတာလဲ ”
ရွှမ်ကျင့်၀မ်ရဲ့အသံက တုန်တောင်တုန်နေခဲ့တယ်။
” သုံးဆယ်နှစ်ခု ”
” မဖြစ်နိုင်လိုက်တာ အဲ့ဒီလောက်နည်းနေရတာလဲ မင်းမသိဘူးလား မင်းမသိလောက်ဘူးလား ”
ရွှမ်ကျင့်၀မ်က သူ့ဘာသာသူပြောနေခဲ့ပါတယ်။
” ဆရာရွှမ် ကျွန်တော်ကအများဆုံးမှာ အဆင့်ခြောက်၀ိညာဥ်လက်နက်အတတ်ပညာရှင်လောက်ပဲ ရှိသေးတာပါ ”
” ဒီ၀ိညာဥ်လက်နက်ကို ပြီးပြည့်စုံအောင်လုပ်ဖို့အတွက် ဗျူဟာဘယ်လောက်တောင်ထပ်ထည့်ဖို့မင်းဘယ်လိုထင်မိလဲ ဒါ့အပြင် အရွယ်အစားကော အတွင်းပိုင်းဖွဲ့စည်းပုံရော ပြင်ပအသွင်သဏ္ဍာန်ရောပါ ဘာတိုက်ခိုက်ရေးပစ္စည်းမှမရှိပဲနဲ့တောင် ဒီလိုဗျူဟာတွေကို နေရာတကျထည့်ပေးဖို့တင် အတော်လေးများနေပြီ ဘယ်လောက်လောက်ဗျူဟာတွေထပ်ထည့်လို့ရဦးမယ်ထင်လဲ ”
” ပြီးရင်သူ့ကိုလှုပ်ရှားစေဖို့အတွက် မင်းဘယ်လိုလုပ်လိုက်တာလဲ မင်းပျံသန်းနိုင်အောင်လုပ်လိုက်သေးတယ်…ဒါ့အပြင် ၀ိညာဥ်စွမ်းအားလဲမသုံးထားဘူး ”
ဟို့ယွိဟောင်လဲ အမှန်တရားကိုဖုံးကွယ်လို့မထားခဲ့ပါဘူး။ သာမန်လေသံနဲ့သာပြန်ဖြေလိုက်ပါတယ်။
” နို့ပုလင်းတွေလေ ကျွန်တော်အဆင့်ခြောက်နို့ပုလင်းဆယ်နှစ်ခုကိုထည့်ထားတယ်လေ နို့ပုလင်းထဲမှာရှိနေတဲ့ ၀ိညာဥ်စွမ်းအားတွေက မြန်မြန်ဆန်ဆန်အရည်ပျော်နိုင်တယ်…ဒါပေမယ့် တခြား၀ိညာဥ်လက်နက်တွေနဲ့ယှဥ်မယ်ဆိုရင် အများကြီးနှေးတာပေါ့ နည်းလမ်းတကျတွေးရမယ်ဆိုရင် ကျွန်တော်ရဲ့ကိုယ်ပိုင်စွမ်းအားတွေကိုမသုံးပဲနဲ့ ဒီနို့ပုလင်းဆယ်နှစ်ခုမှာ ၀ိညာဥ်စွမ်းအားအပြည့်ဖြစ်ပြီ နှစ်နာရီတိတိကျွန်တော်ပျံသန်းနိုင်တယ်..မဟုတ်ရင် ပြင်းထန်တဲ့တိုက်ပွဲတစ်ခုမှာ ကျွန်တော်ဆယ်မိနစ်လောက်တိုက်ခိုက်လို့ရသေးတယ်…ဒါကတခြားတိုက်ခိုက်ရေး၀ိညာဥ်လက်နက်တွေထည့်လို့ရှိနေရင်တော့ ပိုပြီးတော့ပျံနိုင်တာပေါ့ အတွင်းပိုင်းဖန်တီးမှုနဲ့ပတ်သက်ပြီရင်တော့ ကျွန်တော်မပြောချင်ဘူး…ဘာကြောင့်လဲဆိုတော့ ၀ိညာဥ်ပညာရှင်တွေပဲ ဒီ၀ိညာဥ်လက်နက်ကိုထိန်းချုပ်နိုင်မယ်ဆိုရင် ကျွန်တော်အသုံးမကျတဲ့ဖန်တီးမှုဖြစ်သွားလိမ့်မယ်…နောက်ဆုံးတော့လဲ နို့ပုလင်းတွေဆိုတာက ၀ိညာဥ်ပညာရှင်တွေပဲ အားဖြည့်နိုင်တာလေ ”
” ငါက နို့ပုလင်းတွေမှာ စွမ်းအားအလွန်အမင်စီးဆင်းမှုဖြစ်တာကိုကာကွယ်ဖို့သုသေသနပြုနေတယ်ဆိုတာ ဘယ်လိုသိတာလဲ ”
” ကျွန်တော်မသိခဲ့ပါဘူး ”
” မင်းမသိဘူးလား ”
ရွှမ်ကျင့်၀မ်က အခုလက်ရှိအချိန်မှာ အံ့ဩသွားတဲ့သူဖြစ်ခဲ့ပါတယ်။
” ဒါဆိုရင် ဘာဖြစ်လို့နို့ပုလင်းတွေကိုအသုံးပြုပြီး ဒီလူသားအသွင်၀ိညာဥ်လက်နက်ကိုအားဖြည့်ဖို့လုပ်တာလဲ ”
” ဒါကကျွန်တော်တွေးလို့ရနိုင်တဲ့ တစ်ခုတည်သောနည်းလမ်းလေ ဆရာရွှမ်တကယ်ပဲနို့ပုလင်းတွေထဲကနေ ၀ိညာဥ်စွမ်းအားတွေအများကြီးကုန်ဆုံးတာကို တကယ်နည်းလမ်းရှာတွေ့ပြီလား တကယ်ကောင်းတာပဲ ”
အကယ်၍ ရွှမ်ကျင့်၀မ်လိမ်နေတာသာမဟုတ်ဘူးဆိုရင် သေချာပေါက် ဒီလူသားအသွင်၀ိညာဥ်လက်နက်ရဲ့အနာဂတ်အလားအလာကအများကြီးတိုးတက်သွားမှာပါ။
ရွှမ်ကျင့်၀မ်က ချက်ချင်းဆိုသလို စကားလမ်းကြောင်းပြောင်းလိုက်ပါတော့တယ်။
” ဒါကအဓိကကိစ္စမဟုတ်ဘူး…အဓိကကိစ္စက ဒီ၀ိညာဥ်လက်နက်ကို မျှချေညီအောင်မင်းဘယ်လိုထိန်းထားတာလဲ သူ့မှာအသုံးပြုထားတဲ့ အဆင့်တစ်ခုချင်းဆီတိုင်းက ဗျူဟာနဲ့ထိန်းချုပ်ရတာမလား ဒါ့အပြင် တစ်ခုချင်းဆီတိုင်းမှာ ပူးပေါင်းဆောင်ရွက်မှုကလဲရှိရဦးမယ်…သေချာပေါက် ပြဿနာဖြစ်မှာပဲ ဒီပြဿနာတွေအားလုံးကို မင်းစဥ်းစားပြီးပြီလား ”
” ကျွန်တော်အားလုံးကို စဥ်းစားပြီးပြီ ဒါပေမယ့် အရာအားလုံးက ဗျူဟာတွေထည့်ဖို့လိုနေတာမဟုတ်ဘူး ”
” ဒါဆိုရင်မင်းဘာကိုသုံးလိုက်လဲ ”
” တောင်းပန်ပါတယ်…ဆရာရွှမ် ကျွန်တော်မပြောနိုင်ဘူး…ဒါကလျှို့၀ှက်ချက်တစ်ခုပဲ ”
ရွှမ်ကျင့်၀မ်ရဲ့မျက်နှာက ပိုပြီးမဲမှောင်လို့လာခဲ့ပါပြီ။ အစပိုင်းမှာဟို့ယွိဟောင်က သူ့ရဲ့မေးခွန်းတွေကို ဖြေနေခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ အရေးကြီးမေးခွန်းတွေရောက်လာချိန်မှာလျှို့၀ှက်ချက်ကြီးသာပြောနေခဲ့တယ်။ ဒါကသူ့ကိုလာကစားနေတာပါပဲ။
ရွှမ်ကျင့်၀မ်က ၀ိညာဥ်လက်နက်တွေနဲ့ပတ်သက်လာရင်း အတော်ကိုကျွမ်းကျင်ပါတယ်။ သူကိုယ်တိုင်းလဲ နို့ပုလင်းတွေကိုအသုံးပြုပြီး လူသားအသွင်ရှိတဲ့၀ိညာဥ်လက်နက်တွေကိုအသုံးပြုချင်နေခဲ့တာပါ။ ဒါပေမယ့် ပုံရိပ်ယောင်အစစ်အမှန်ခန်းမရဲ့ရှာဖွေနေတဲ့သုတေသနနယ်ပယ်တွေက အရမ်းကိုကျယ်ပြန့်လွန်လှပါတယ်။ အကယ်၍ သူသာနို့ပုလင်းတွေကိုပဲ အသုံးမယ်ဆိုရင်တောင် သေချာပေါက် နို့ပုလင်းတွေကို ဖန်တီးနိုင်မှာမဟုတ်ပါဘူး။ အကယ်၍ အဆင့်ရှစ်တွေကိုအသုံးပြုမယ်ဆိုရင်တောင် သေချာပေါက် စမ်းသပ်မှုလုပ်ဖို့အတွက်ဆယ်ခုလောက်လိုအပ်မှာပါ။ ဒါကအရင်ဆုံးအားဖြည့်ပေးဖို့တောင် တစ်နာရီလောက်လိုပါလိမ့်မယ်။
၀ိညာဥ်လက်နက်တစ်ခုကိုအသုံးပြုဖို့အတွက် ၀ိညာဥ်စက်ကွင်းရှစ်ကွင်းရှိတဲ့ ၀ိညာဥ်သော့်လော့ဆယ်ယောက်နီးပါးက ကြိုတင်ပြီပြင်ဆင်ရဦးမှာပါ ဒါ့အပြင် ရွှမ်ကျင့်၀မ်ကိုယ်တိုင်းကလဲ သေချာသိနေခဲ့ပါတယ်။ သူတို့ဆီမှာရှိတဲ့ ၀ိညာဥ်လက်နက်တွေက ဟို့ယွိဟောင်ရဲ့သတ္ထုလူသားကြီးကို လှုပ်ရှားတဲ့နေရာမှာမမီနိုင်ပါဘူး။
ရွှမ်ကျင့်၀မ်က ဟို့ယွိဟောင်ရဲ့ လက်မှုပညာကိုသိပ်ပြီဂရုမစိုက်မိတာအမှန်ပါ။ သတ္ထုလူသားကြီးမှာ ပြဿနာတွေအများကြီးရှိနိုင်ပါတယ်။ အခုလက်ရှိအချိန်မှာ သူချက်ချင်းမဖြေရှင်းနိုင်တဲ့ ပြဿနာငါးခု ခြောက်ခုတောင်လောက်ရှာတွေ့ခဲ့ပါပြီ။ ဒါပေမယ့် အဓိကတော့ သူ့ရဲ့အတွေးအခေါ်ပါပဲ။
သတ္ထုလူသားကြီးကို လှုပ်ရှားစေနိုင်ဖို့အတွက် ဗျူဟာသုံးဆယ်နှစ်ခုထဲကိုသာ သူအသုံးပြုခဲ့ပါတယ်။ လက်တွေကျကျစဥ်းစားပြီဟို့ယွိဟောင်က သူ့ရဲ့၀ိညာဥ်စွမ်းအားကို လုံး၀မသုံးနိုင်ပဲနဲ့ မလှုပ်ရှားနိုင်အောင် လုပ်ထားခဲ့တာပါ။ အနည်းဆုံးတော့ ဒါကိုထွက်ပြေးဖို့အတွက် သုံးလို့ရပါသေးတယ်။ ဒါတွေအားလုံးကြောင့်သာ ရွှမ်ကျင့်၀မ်က ပဟေဠိဖြစ်နေခဲ့ရပါပြီ။ သူစဥ်းစားလေ စဥ်းစားလေ ရင်တက်မအေးပါပဲ။
” အထင်ကြီးစရာကောင်းတယ်..ဟို့ယွိဟောင်မင်းလုပ်ဆောင်မှုကတကယ်ပဲအထင်ကြီးစရာကောင်းလွန်တယ် ”
ရွှမ်ကျင့်၀မ်က အတော်ကိုစိတ်လှုပ်ရှားနေခဲ့ပြီ စိတ်ထိခိုက်တဲ့ပုံစံနဲ့ပြောနေခဲ့ပါတယ်။ ဟို့ယွိဟောင် မလိမ်နေတာသူသိသလို လူသားအသွင်၀ိညာဥ်လက်နက်က သူတစ်ယောက်ထဲနဲ့မဖန်တီးနိုင်တာနားလည်နေခဲ့တယ်။ ဒီလိုရှုပ်ထွေးတဲ့တည်ဆောက်ဖို့က နှစ်နှစ်အချိန်အတွင်းမှာ အပြီးဆုံးတာအမှန်ပါ။ သေချာပေါက် သူ့မျိုးနွယ်နဲ့ဆက်စပ်နေပါလိမ့်မယ်။ ဒါဆိုရင် သူဘယ်လိုမေးရမှာလဲ။
ရွှမ်ကျင့်၀မ်လဲ သိထားတာတွေရှိနေခဲ့ပါတယ်။ ဒါက သူ့ကိုဆွဲဆောင်ဖို့အတွက် ဟို့ယွိဟောင်သေချာအကွက်ချထားတာပါ။ အပေါ်ယံမှာတော့ သူ့မှာဖန်တီးမှုအသစ်ဆယ်ခုမရှိသေးဘူးလို့ပြောခဲ့ပါတယ်။ ဒါပေမယ့် ရွှမ်ကျင့်၀မ် စိတ်ရောလူပါအားသုံးပြီး မြုပ်နှံလေ့လာနေတဲ့ သူ့ရဲ့အရင်းအမြစ်တွေအားလုံးကို ကောင်းကောင်းအသုံးချပေးနိုင်မဲ့နောက်ဆုံးဖန်တီးမှုတစ်ခုကို သူကထုတ်လုပ်ပြီးခဲ့ပါပြီ။ ဒါကိုဘယ်လိုလုပ်စိတ်မ၀င်စားပဲနေမှာလဲ။
ရွှမ်ကျင့်၀မ် နောက်ဆုံးမှာတော့ အသက်ပြင်းပြင်းတစ်ချက်ရှုသွင်းရင်းနဲ့ ပြောလာခဲ့ပါတယ်။
” ယွိဟောင် ဒီကိစ္စကိုသဘောတူနိုင်မလားဆိုတာ ငါ့ကိုပြောပေး ငါမင်းရဲ့ထုတ်ကုန်အသေးစိတ်ကိုငါမလိုချင်ဘူး..သူ့ရဲ့အဓိကအတွေးအခေါ်နဲ့ လူသားအသွင်၀ိညာဥ်လက်နက်ကိုဘယ်လိုဖန်တီးလဲဆိုတဲ့ အကြံအညံကိုပဲ သိချင်တယ်…ဒါကိုငါအခုဖန်တီးပြီသွားတဲ့ နို့ပုလင်းကိုချိတ်ပိတ်ရတဲ့ နည်းစနစ်နဲ့လဲလှယ်မယ်…ဒီနည်းစနစ်က ၀ိညာဥ်လက်နက်တွေရဲ့ဖွံ့ဖြိုးတိုးတက်မှုအားလုံးကို ပြောင်းလဲပေးနိုင်တယ်ဆိုတာ မင်းသိမှာပါ လက်ရှိအချိန်အထိ ငါခန်းမထဲကိုသတင်းမပို့ရသေးဘူး…ဒါပေမယ့် အချက်အလက်တစ်ခုကို စုဆောင်းပြီတာနဲ့ ဒီနည်းလမ်းကသေချာပေါက် ပုံရိပ်ယောင်အစစ်အမှန်ခန်းမအတွက် အရေးကြီးဆုံးသုတေသနပြုမှုထဲက တစ်ခုဖြစ်လာလိမ့်မယ်လို့ ငါအာမခံနိုင်တယ်…ဒီလိုအလဲအလှယ်ကိုမင်းလုပ်ချင်တာလား ”
ဟို့ယွိဟောင်ကတော့ အခုအချိန်မှာအနည်းငယ်တွေးဝေနေခဲ့ပါတယ်။ အဆင့်ခြောက်၀ိညာဥ်လက်နက်အတတ်ပညာရှင်တစ်ယောက်အနေနဲ့ ရွှမ်ကျင့်၀မ်အမှန်ပြောတာသူသိနေခဲ့တယ်။
နို့ပုလင်းတွေကို ချိတ်ပိတ်လို့ရနိုင်တဲ့တိုးတက်မှုကြီးဆိုတာက ၀ိညာဥ်လက်နက်တွေရဲ့လောကတစ်ခုလုံးကိုပြောင်းလဲပေးနိုင်မှာပါ။ သန်မာလူတွေအတွက် ၀ိညာဥ်လက်နက်တွေကိုထိန်းချုပ်ဖို့ကိစ္စက အဲ့ဒီလောက်ကြီးခက်ခဲနေတော့မှာမဟုတ်ပါဘူး။ နို့ပုလင်းတွေရဲ့စျေးက အရမ်းကိုမြင့်မားနိုင်ပေမဲ့ သေချာပေါက်လူသားအသွင်း၀ိညာဥ်လက်နက်တွေကို အသုံးပြုချိန်မှာကြီးမားတဲ့စွမ်းအားလိုအပ်မှုပြဿနာကို ဖြေရှင်းပေးနိုင်မှာပါ။
ဒါကပြဿနာရဲ့ အရင်းအမြစ်တွေကိုမဖြေရှင်းနိုင်သေးပေမဲ့ သေချာပေါက် စမ်းသပ်ပစ္စည်းနံပါတ်တစ်အတွက်တော့ သေချာတဲ့ပြဿနာကြီးတွေကို ဖြေရှင်းနိုင်ပါလိမ့်မယ်။ ဒါကိုတွေးရုံနဲ့တင် ဟို့ယွိဟောင်ရဲ့ကျောရိုးတွေတောင် စိမ့်ချမ်းလို့လာခဲ့ပါပြီ။
အပိုင်း ၂၀၂•၃ ပြီး၏။