အပိုင်း ၂၀၂•၁
” လူအသွင်သဏ္ဍာန်၀ိညာဥ်လက်နက် ”
°°°
” ဆရာရွှမ် ”
ရွှမ်ကျင့်၀မ်က သူ့ရဲ့နေ့စဥ်လုပ်ငန်းစဥ်တွေကို ပုံရိပ်ယောင်အစစ်အမှန်ခန်းမထဲမှာ လုပ်ဆောင်နေတာပါ။ ဟို့ယွိဟောင်ရဲ့စားပွဲနားကို သူလျှောက်လာပြီချိန်မှာပဲ ရပ်တန့်လိုက်ပါတော့တယ်။
သူပြုံးလိုက်ပြီတဲ့နောက် ပြန်ဖြေလာခဲ့တယ်။
” ယွိဟောင် မင်းငါ့ကိုဒီလိုမျိုးတက်တက်ကြွကြွနဲ့စကားမပြောတာ တစ်လကျော်နေပြီ နောက်ဆုံးတော့ ငါ့ကိုမေးစရာရှိလာပြီလား ”
ဟို့ယွိဟောင်က အတော်ကိုမောပန်းနေပုံပေါ်ပါတယ်။ ဒါပေမယ့် သူ့မျက်လုံးတွေကတော့ တောက်ပနေဆဲပါ။
” ဆရာရွှမ် ဒီနေ့ညအလုပ်ချိန်တွေပြီတဲ့နောက် ကျွန်တော်ဆရာရဲ့ရုံခန်းဆီကို တခဏတာလောက်လာလို့ရမလား ကျွန်တော်တို့ရဲ့ ကျောင်းပြောင်းသင်ကြားမှုက အဆုံးသတ်တော့မှာဆိုတော့ ကျွန်တော်ပြောစရာတစ်ချို့ရှိပါတယ် ”
ရွှမ်ကျင့်၀မ်လဲ တခဏတာမျက်လုံးပြူးသွားခဲ့ပါတယ်။ ဟုတ်ပါတယ် သူတို့စာသင်ကြားမှုက ပြီးဆုံးတော့မှာပါ။
လွန်ခဲ့တဲ့လတွေမှာ သူအများကြီးစကားမပြောခဲ့ပေမဲ့လဲ ဟို့ယွိဟောင်ရဲ့ဇွဲလုံလ၀ိရိယကတော့ သူရှင်းရှင်းလင်လင်းမြင်နေခဲ့ရပါတယ်။ ဒါ့အပြင် ဟို့ယွိဟောင်က တကယ်ကိုထူးချွန်တဲ့၀ိညာဥ်ပညာရှင်တစ်ယောက်ပါပဲ။ ဘယ်ဆရာကများ ဒီကျောင်းသားကိုမနှစ်သက်ပဲနေနိုင်မှာလဲ။
” ကောင်းပြီလေ ”
သူမတွေးဝေပဲနဲ့ ဟို့ယွိဟောင်ရဲ့တောင်းဆိုချက်ကို ချက်ချင်းသဘောတူလိုက်ပါတယ်။
ဟို့ယွိဟောင်ကတော့ ယုံကြည်ချက်အပြည့်နဲ့ ပြုံးလို့နေခဲ့တော့တယ်။ နေ့လည်ခင်းအချိန်သာဖြစ်ပေမဲ့သူက သူစားပွဲခုံကိုရှင်းနေခဲ့ပါပြီ။ ပတ်၀န်းကျင်ကို လေ့လာ့ပြီတဲ့နောက် သူ့ရဲ့အထုတ်ကိုဆွဲကာ ရွှမ်ကျင့်၀မ်ကိုနှုတ်ဆက်စကားဆိုရင် အပြင်ကိုထွက်လာပါတော့တယ်။ သူက နောက်နှစ်ရက်အကြာမှာတင် ထွက်ခွာသွားရတော့မှာပါ။ မထွက်ခွာခင်အချိန်မှာ ဒီအရေးကြီးတဲ့ကိစ္စကို ဖြေရှင်းဖို့လိုအပ်ခဲ့ပါတယ်။
” ငါနောက်ဆုံးတော့ မင်းကိုတွေ့ပြီ မင်းဘယ်ပြေးနိုင်မလဲကြည့်ကြသေးတာပေါ့ ”
ခန်းမထဲကထွက်ထွက်ချင် ဟို့ယွိယောင်ပြဿနာနဲ့ တိုးပါတော့တယ်။
ကျန်းကျင့်ယန်ကတော့ သူ့ကိုမကောင်းတဲ့မျက်လုံးတွေနဲ့ကြည့်နေခဲ့တယ်။ သူမနဲ့မနီးမဝေးနေရာမှာတော့ အစဥ်အမြဲအေးစက်နေတဲ့ ကျီကျွယ်ချန်က သူ့ရဲ့ဥက္ကာပျံဓားကြီးကိုကိုင်ရင် ရှိနေခဲ့ပါတယ်။
” မိတ်ဆွေတို့ငါဒီနေ့မတိုက်ခိုက်ချင်ဘူး အရမ်းကိုပင်ပန်းနေပြီ ဒီလပိုင်းမှာလုံး၀မနားရသေးဘူး သေတော့မလိုပဲ ဒီတစ်ကြိမ်မှာအလွှတ်ပေးနိုင်မလား ”
” ဒီလတွေထဲမှာမင်းမနားရသေးဘူးတဲ့လား ငါတို့တွေမင်းကိုဒီလထဲမှာပြဿနာရှာဖို့တောင် ရှာလို့ကိုမတွေ့ဘူး…မင်းပြောတော့တခြားအချိန်တွေမှာအရေးကြီးတဲ့ကိစ္စတွေကို သွားလုပ်နေရတယ်တဲ့ ငါတို့မင်းကိုအလွှတ်ပေးထားတယ်မလား ဒီလောက်အချိန်အကြာကြီးငါတို့ကိုရှောင်နေပြီတော့ ဒီနေ့တော့နောက်ဆုံးတွေ့လာပြီ ဒီတစ်ကြိမ်တော့ ဘာအကြောင်းပြချက်မှပေးမယ် မစဥ်းစားနဲ့ ”
ဟို့ယွိဟောင်လဲ ကူကယ်ရာမဲ့တဲ့လေသံနဲ့သာ ပြန်ဖြေလာခဲ့ပါတယ်။
” အဲ့ဒီလောက်ကြီးလဲ ဖိအားပေးစရာမလိုပါဘူး နောက်တစ်ကြိမ် လက်ရည်ယှဥ်ဖို့အတွက် အခွင့်အရေးလဲရှိတော့မှာမဟုတ်ဘူး..ငါက နှစ်ရက်အတွင်းပြန်တော့မှာ နှစ်ယောက်စလုံးကိုကတိပေးနိုင်ပါတယ်…မထွက်ခွာခင်အချိန်မှာ သေချာပေါက် နောက်ဆုံးတစ်ခေါက်တစ်ပွဲတစ်လှမ်းနွှဲကြမယ် ”
” မင်းသွားတော့မှာလား ”
ကျန်းကျင့်ယန်ရဲ့တင်းမာတဲ့အကြည့်က ပျောက်ကွယ်လို့သွားခဲ့ပါပြီ။ သူမယုံနိုင်တဲ့ပုံစံနဲ့ ဖြစ်နေခဲ့တယ်။ ကျီကျွယ်ချန်ကလဲ သူဓားသူပြန်ချရင်းစိုက်ကြည့်နေတော့တယ်။
” ဟုတ်တယ်ကျောင်းပြောင်းသင်ကြားမှုက မကြာခင်မှာအဆုံးသတ်တော့မှာ နှစ်ရက်အတွင်းမှာအမျက်ဒေါသကျောင်းတော်ကို ပြန်ရတော့မယ်…မင်းတို့နှစ်ယောက်က ငါကိုတော်တော်လေးစိတ်အနှောင့်အယှက်ဖြစ်ပေမဲ့ ငါအတွက်သူငယ်ချင်းတွေအဖြစ် သတ်မှတ်ထားပါတယ်..ဒါကြောင့်သာ ဘာမှမလုပ်ခဲ့တာ မထွက်ခွာအချိန်အတွင်းမှာ နှစ်ယောက်ကိုတော့ ကောင်းကောင်းသင်ခန်းစာပေးခဲ့ဦးမယ် ”
ဟို့ယွိဟောင် အလေးအနက်နဲ့ပြန်ဖြေလာခဲ့ပါတယ်။
ကျန်းကျင့်ယန်က မျက်မှောင်ကြုတ်နေခဲ့သလို ကျွီကျွယ်ချန်ကတော့ လှည့်ထွက်လို့သွားခဲ့ပါပြီ။ သူဘာမှတောင်ပြောမနေတော့ပါဘူး။ ကျန်းကျင့်ယန်ကတော့ ဟို့ယွိဟောင်ကိုတစ်ချက်မျက်စောင်းထိုးပြီမှသာ ကျွီကျွယ်ချန်ကိုနောက်ကိုလိုက်သွားပါတော့တယ်။
” ဒီလိုအချိုးမျိုးဘာလို့ချိုးရတာလဲ ”
ဟို့ယွိဟောင်က ဒေါသတကြီးနဲ့ ထအော်ပါတော့တယ်။
” ငါ့ကိုဘာတစ်ခွန်းမှမပြောကြတော့ဘူးလား အနည်းဆုံးတော့ နှုတ်ဆက်စကားပြောသင့်တယ်မလား ”
ဒါပေမယ့် ကျန်းကျင့်ယန်ရော ကျွီကျွယ်ချန်နှစ်ယောက်စလုံးကပါ သူ့ကိုအာရုံစိုက်မနေခဲ့ပါဘူး။ အရှိန်နှုန်းကို မြန်မြန်မြင့်လိုက်ကြပြီ အရေးကြီးတဲ့ကိစ္စတစ်ခုကိုလုပ်စရာရှိတဲ့အတိုင်း ပြေးသွားကြပါတော့တယ်။
” ဒီနှလုံးသားမရှိတဲ့ နှစ်ကောင်တော့ကလား ”
ဟို့ယွိယောင် ပြောလိုက်မိပါတယ်။ ဒီနေရာကြီးမှာ နှစ်နှစ်တိတိနေပြီတဲ့နောက် ထွက်ခွာရမှာက အနည်းငယ်မခွာနိုင်စရာဖြစ်နေတာကို သူသတိထားမိလို့သွားခဲ့တယ်။ ဒီနေရာက ရန်သူရဲ့တပ်စခန်းဖြစ်နေပေမဲ့ အမှတ်ရစရာကိစ္စတွေကတော့ အများကြီးပါပဲ။ ဆရာရွှမ် ခက်ခက် ကျင်းမုနဲ့ အဲ့ဒီနှစ်ယောက်အပြင် ကျွီးကျင့်လဲရှိနေခဲ့သေးတယ်။
နေလကျောင်းတော်ထဲမှာသူမနားမနေကြိုးစားအားထုတ်ရင်း လေ့ကျင့်သင်ကြားနေခဲ့သလို အမျက်ဒေါသကျောင်းတော်ရဲ့ရန်သူဖြစ်တဲ့ ဒီကျောင်းမှာနှစ်နှစ်တိတိနေလိုက်ရတဲ့အတွက် ဒီနေရာကြီးမှာ အမှတ်တရနဲ့ လွမ်းဆွတ်စရာတွေအပြင် ခံစားချက်တွေကတော့ ရှိနေစမြဲပါ။ ကျောင်းတော်ကိုလွမ်းတာမဟုတ်ပေမဲ့ လူတွေကိုတော့လွမ်းပါတယ်။
အခန်းကိုပြန်ပြီတဲ့နောက် တရားမထိုင်ခဲ့ပါဘူး။ အိပ်ရာပေါ်မှာသာ ဒီအတိုင်းပြစ်လှဲရင်းနဲ့ အိပ်ပျော်လို့သွားပါတော့တယ်။ လွန်ခဲ့တဲ့လတွေမှာပင်ပန်းတဲ့အထိ ကြိုးကြိုးစားစားလုပ်ဆောင်ခဲ့တာကြောင့် သူအနားယူဖို့အချိန်လိုနေခဲ့ပါတယ်။
အိပ်ပြီတဲ့နောက် ချက်ချင်းဆိုသလို သတိလစ်သွားတဲ့အတိုင်းအရာအားလုံးနဲ့အဆက်ပြတ်သွားပါတော့တယ်။ တံခါးအပြင်ကနေ တံခါးခေါက်သံကိုသူကြားမှသာ သူနိုးလာခဲ့တာပါ။
” ဘယ်သူလဲ ”
သူမျက်လုံးတွေကိုပွတ်ရင်းနဲ့ ကြိုးကြိုးစားစားမနည်းထလာခဲ့ရပါတယ်။ အရမ်းကိုသက်သောက်သက်သာဖြစ်လွန်သွားတာကြောင့် တစ်ကိုယ်လုံးအားမရှိတော့တာကို သူနားလည်နေခဲ့တယ်။
” ငါပါ ”
တင်းမာပြတ်သားပြီရင်းနှီးတဲ့အသံက ထွက်ပေါ်လာခဲ့ပါတယ်။ ဟို့ယွိဟောင် လန့်နိုးသွားခဲ့ပါပြီ။ မိုးကောင်းကင်ရဲ့မှောင်မိုက်နေတဲ့အခြေအနေကို မြင်ချိန်မှာတော့ သူထပြီကျိန်ဆဲမိမတတ်ဖြစ်သွားခဲ့ပါတော့တယ်။ အိပ်ရာပေါ်ကနေ ကုန်ရုန်းထရင်း တံခါးကိုဖွင့်လိုက်ချိန်မှာတော့ တကယ်ပဲ ဆရာရွှမ်ကျင့်၀မ်က အပြင်မှာရောက်နေခဲ့ပါပြီ။
” ဆရာရွှမ် ကျွန်တော်တောင်းပန်ပါတယ်…ကျွန်တော်အအိပ်လွန်သွားမိတယ် ”
ဟို့ယွိဟောင်က သူ့ကိုသွားဖြဲပြရင်းနဲ့သာ အခန်းထဲကိုဖိတ်ခေါ်လိုက်ပါတယ်။ ရွှမ်ကျင့်၀မ်ကတော့ ဒေါသထွက်ပြီနေပုံမပေါ်ပါဘူး။ ဒါပေမယ့် အံ့ဩသွားတဲ့ပုံနဲ့မေးလာခဲ့တယ်။
” မင်းက အအိပ်လွန်သွားတယ်တဲ့လား ”
ဟို့ယွိဟောင်ကလဲ တောင်းပန်တဲ့ပုံစံလေးနဲ့သာ ခေါင်းညိတ်နေခဲ့ပါတယ်။
ရွှမ်ကျင့်၀မ်ကတော့ သူ့ကိုသေသေချာချာစိုက်ကြည့်လို့နေခဲ့ပြီ ဘာပြောလို့ပြောရမှန်းတောင်မသိခဲ့ပါဘူး။ သူက ဟို့ယွိဟောင်ရဲ့ဆရာတစ်ယောက်ဖြစ်ပေမဲ့ လွန်ခဲ့တဲ့နှစ်၀က်လုံးလုံးလျှိူ့၀ှက်လက်နက်တွေနဲ့တကယ်စစ်မှန်တဲ့ပညာတွေကို ဖြည်းဖြည်းချင်းသာသင်ကြားပေးနေခဲ့ပါတယ်။ ဒါပေမယ့် ပုံရိပ်ယောင်အစစ်အမှန်ခန်းမဆောင်ရဲ့ အဓိကအသိပညာတွေတော့မပါ၀င်ခဲ့ပါဘူး။ ဘယ်လိုပဲဖြစ်ပါစေ ဟို့ယွိဟောင်နားလည်သဘောပေါက်စေဖို့အတွက် ၀ိညာဥ်လက်နက်တွေရဲ့အရေးကြီးဆုံးအသိပညာတွေကိုတော့သူသင်ကြားပေးခဲ့ပါသေးတယ်။ ဒါ့အပြင် ကျင့်ကြံဆင့်က ကိုယ်ရဲ့ကိုယ်ပိုင်သင်ကြားမှုနဲ့ သုတေသနပြုမှုတွေအပေါ်မှာမူတည်နိုင်မဲ့ဆိုတဲ့အကြောင်းကိုလဲ ရှင်းပြနေခဲ့တယ်။
အချိန်တွေကုန်ဆုံးလာပြီတဲ့နောက် ဟို့ယွိဟောင်က သူ့ကိုနေ့စဥ်နေ့တိုင်းမေးခွန်းတွေအများကြီးမေးပါတယ်။ တချို့အရေးကြီးတဲ့ကိစ္စတွေက လွဲပြီရင် တော်တော်များများကိုလဲ သူဖြေပေးခဲ့တယ်။ ဒီအတိုင်းနေ့၀က်ကုန်ဆုံးသွားပြီတဲ့နောက် ဟို့ယွိဟောင်ရဲ့မေးမြန်းမှုက နည်းလာခဲ့ပါပြီ။ အစပိုင်းမှာတစ်ရက်ကို မေးခွန်းဆယ်ခုလောက်သာမေးတော့ပေမဲ့ နောက်ပိုင်းမှာတော့ ရက်အနည်းငယ်ကြာပြီမှသာ မေးခွန်းတစ်ခုလောက်လာမေးပါတော့တယ်။ လွန်ခဲ့တဲ့လပိုင်းတွေမှာဆိုရင် ဘာမှကိုမမေးတော့ပါဘူး။
ဟို့ယွိဟောင်ရဲ့ပါရမီကို ရွှမ်ကျင့်၀မ်လဲ သံသယမရှိခဲ့ပါဘူး။ ဒါပေမယ့် ဟို့ယွိဟောင်အနေနဲ့ ထိပ်တန်းအဆင့်၀ိညာဥ်လက်နက်အတတ်ပညာရှင်ဖြစ်လာမယ်လို့ သူမထင်တာတော့အမှန်ပါ။ အကြောင်းအရင်းကတော့အရမ်းကိုရိုးရှင်းပါတယ်။ သူ့ရဲ့သိုင်းပညာ၀ိညာဥ်က သန်မာလွန်လို့ပါပဲ။
သန်မာတဲ့၀ိညာဥ်ပညာရှင်တွေက သူတို့ကိုအသုံးပြုပြီး တိုက်ခိုက်ကြတယ်ဆိုတာ အရိုးထဲအထိစွဲနေခဲ့တာပါ။ ဒါ့အပြင် ဟို့ယွိဟောင်က ၀ိညာဥ်လက်နက်တွေကို သုတေသနပြုတဲ့နေရာမှာ အားသန်နေပေမဲ့လဲ သိုင်းပညာ၀ိညာဥ်တွေအပေါ်မှာရှိတဲ့အသုံးပြုတဲ့နေရာမှာလဲ စိတ်အားထက်သန်မှုလောက် မပြင်းပြတာကိုမြင်နိုင်ပါတယ်။
လူတိုင်းရဲ့အစွမ်းအစက တကယ်ကန့်သတ်ချက်ရှိနေခဲ့တယ်။ ကျင့်ကြံဆင့်က မြင့်မားလေလေ အဆင့်မြင့်သဘောတရားတွေကို နားလည်သဘောပေါက်ဖို့အတွက် အချိန်ယူဖို့အတွက်လိုလေပါပဲ။ ဟို့ယွိဟောင်က အမြွှာသိုင်းပညာ၀ိညာဥ်ပိုင်ဆိုင်ထားရုံတင်မက အဆုံးစွန်းသိုင်းပညာ၀ိညာဥ်ကိုပါ ပိုင်ဆိုင်ထားတဲ့အတွက် ဘယ်လိုလုပ်၀ိညာဥ်လက်နက်တွေကို လေ့လာတဲ့နေရာမှာသူအာရုံစိုက်နိုင်မှာလဲ။
ဒါပေမယ့် ရွှမ်ကျင့်၀မ်က သူ့အကြောင်းကိုအတော်လေးသိချင်နေဆဲပါ။ အတိအကျပြောရမယ်ဆိုရင် သူ့ရဲ့သိုင်းပညာ၀ိညာဥ်အကြောင်းကို ပိုသိချင်နေပါတယ်။ ကျူးကော်နတ်လေးမြားကို ဖန်တီးပြီချိန်ကထဲက ဟို့ယွိဟောင်ရဲ့သုတေသနပြုမှုတွေအကြောင်းကို သူသေချာလေ့လာနေခဲ့တာပါ။ ဒါပေမယ့် ဟို့ယွိဟောင်ရဲ့ဖုံးကွယ်မှုက အတော်လေးကောင်းနေခဲ့တယ်။ ရွှမ်ကျင့်၀မ်လိုလူတောင်မှ သူဘာလုပ်နေလဲဆိုတာ မပြောနိုင်ပါဘူး။
နှစ်နှစ်တာသင်ကြားမှုက အဆုံးသတ်ပါတော့မယ်။ ဟို့ယွိဟောင်လဲ သူ့ကျောင်းသူပြန်တော့မှာပါ။ ရွှမ်ကျင့်၀မ်ကိုယ်တိုင်လဲ စဥ်းစားရခက်နေခဲ့ပါတယ်။ သူကိုယ်တိုင်းက နေလနိုင်ငံတော်ရဲ့လူမဟုတ်တဲ့အတွက် ရွှမ်ကျင့်၀မ်က ဟို့ယွိဟောင်ကို ဘာမှမကောင်းတဲ့စိတ်ထားမရှိပါဘူး။ ဒီလောကကြီးထဲမှာ သူ့ရဲ့စိတ်၀င်စားမှုကို ဖမ်းစားလိုက်တဲ့တစ်ခုတည်သောအရာကတော့ ၀ိညာဥ်လက်နက်တွေပါပဲ။ ဒါ့အပြင် ဟို့ယွိဟောင်ရဲ့ပါရမီတွေကိုလဲ သူသဘောကျပါတယ်။ ဖြစ်နိုင်တာကိုသိပေမဲ့လဲ ဟို့ယွိဟောင်အများကြီးတိုးတက်လာစေဖို့အတွက် သူအများကြီးမျှော်လင့်နေခဲ့တယ်။
” ငါကိုဘာကြောင့်တွေ့ချင်လဲဆိုတာပြောပြပါဦး ”
ရွှမ်ကျင့်၀မ်လဲ တခဏတာရပ်နေပြီတော့မှသာ မေးလာခဲ့ပါတယ်။ ဒီနေရာမှာ သူထိုင်ဖို့နေရာမရှာချင်တာမဟုတ်ပါဘူး။ ဟို့ယွိဟောင်ရဲ့အခန်းက အရမ်းကိုရှုပ်ပွလွန်နေခဲ့သလို ရှိသမျှသတ္ထုတွေအားလုံးကလဲ ကြမ်းပျင်းပေါ်မှာပြန့်နေခဲ့ပါတယ်။ ၀မ်သုန့်လာတုန်းကထက်တောင် ပိုပြီးရှုပ်ပွနေခဲ့တာပါ။ သူ့ရဲ့အိပ်ရာတောင်မှ သပ်သပ်ရပ်ရပ်ရှိမနေပါဘူး။
ဟို့ယွိဟောင်ကတော့ ခြေထောက်နဲ့ကန်ပြီ ပစ္စည်းတွေကိုဖယ်ရှားနေရင်း ထိုင်ခုံတစ်လုံးကို ဆွဲထုတ်လာခဲ့တယ်။
” ဆရာရွှမ် ခဏလောက်ထိုင်ပါ ”
ရွှမ်ကျင့်၀မ်လဲ မျက်မှောင်ကြုတ်ရင်းနဲ့ ပြောလာခဲ့ပါတယ်။
” ယွိဟောင် မင်းကြည့်ရတာပုံမှန်အချိန်တွေမှာ ရှုပ်ပွအောင်နေတတ်သူမဟုတ်ပါဘူး…ဘာဖြစ်လို့မင်းအခန်းကဒီလောက်ရှုပ်နေရတာလဲ ”
” ကျွန်တော်လဲ ရွေးစရာမရှိဘူးလေ အကယ်၍ ကျွန်တော်လုပ်တဲ့ပစ္စည်းတွေကို လျှို့၀ှက်ပြီလုပ်ချင်တယ်ဆိုရင် အခန်းထဲမှာလုပ်မှပဲရမှာ ဒါကြောင့် အခန်းထဲမှာအဲ့လောက်ရှုပ်နေတာ ”
ရွှမ်ကျင့်၀မ်ရဲ့စိတ်၀င်စားမှုက မြင့်တက်လာခဲ့ပါပြီ။
” မင်းငါ့ကိုဒီနေ့ခေါ်တယ်ဆိုတာ မင်းရဲ့လျှို့၀ှက်လုပ်ငန်းစဥ်ကို ပြချင်လို့လား ”
ဟို့ယွိဟောင် တခဏတာစဥ်းစားပြီတဲ့နောက် သူ့ကိုယ်သူလန်းဆန်းတက်ကြွအောင်၀ိညာဥ်စွမ်းအားတွေကို လှည့်ပတ်လိုက်ပါတော့တယ်။ စိတ်၀ိညာဥ်မျက်လုံးတွေရဲ့ အလင်းတန်းကလဲ တောက်ပလာခဲ့ပါပြီ။
” ဆရာရွှမ် ကျွန်တော်တို့ရဲ့လောင်းကြေးကို မှတ်မိသေးလား ”
” ဒါပေါ့ မှတ်မိတာပေါ့ ဘာလဲမင်းကအဲ့ဒီအဆင့် ပစ္စည်းဆယ်ခုကိုထုတ်ယူလာနိုင်ပြီလား ငါကစကားတည်တဲ့လူပါ အကယ်၍ မင်းလုပ်နိုင်တယ်ဆိုရင် မင်းသွားချင်တဲ့နေရာကို ငါသွားမယ်.မင်းလုပ်စေချင်တဲ့ကိစ္စကို ငါလုပ်မယ် ငါမင်းနောက်ကိုလိုက်လာမယ် ”
ဟို့ယွိဟောင်က ခေါင်းခါလိုက်ပါတယ်။
” ကျွန်တော်မလုပ်နိုင်သေးဘူး…ဒါပေမယ့် ကျွန်တော်ရဲ့ဒီပစ္စည်းနှစ်ခုကို ညွှန်ကြားပြသပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်..ဒါကကျောင်းတော်ကိုလာပြီတဲ့နောက် ကျွန်တော်ကြိုးစားထားသမျှအရာအားလုံးရဲ့အနှစ်သာရပါပဲ တစ်ချိန်ထဲမှာပဲ ဆရာအတွက် အသုံး၀င်နိုင်မယ်လို့ မျှော်လင့်ပါတယ် ”
ရွှမ်ကျင့်၀မ်ရဲ့မျက်လုံးတွေကတော့ ပိုမိုတောက်ပလာခဲ့ပါပြီ။
” မင်းပြောတာ ၀ိညာဥ်လက်နက်အသစ်နှစ်ခုတီးထွင်ထားတယ်လားငါ့ကိုမြန်မြန်ထုတ်ပြတော့ ”
သူ့ရဲ့စိတ်အားထက်သန်မှုကြောင့် အရာအားလုံးကိုသူမေ့သွားပါတော့တယ်။
” ဆရာရွှမ် ကျွန်တော်ရဲ့ ပစ္စည်းနှစ်ခုနောက်ဆုံးရလဒ်ကိုပြနိုင်တယ်…ကျွန်တော်အနေနဲ့ ဒုတိယပစ္စည်းတစ်ခုကိုနောက်တစ်ကြိမ် ကြည့်ဖို့တော့မျှော်လင့်နေသေးတယ်…ဒါပေမယ့် ဒီနေရာကြီးက သေးလွန်တာကြောင့် ကျွန်တော်ရဲ့ပထမပစ္စည်းကိုမပြနိုင်ဘူး..ဒါကလဲကျွန်တော်ရဲ့လျှို့၀ှက်ချက်ပဲလေ အကယ်၍ဒါကိုမြင်ချင်တယ်ဆိုရင် ထူးဆန်းတဲ့နည်းလမ်းတစ်ခုကိုအသုံးပြုမှရမယ် ”
” ဘာထူးခြားတဲ့နည်းလမ်းလဲ ”
ရွှမ်ကျင့်၀မ်က သံသယအပြည့်နဲ့မေးလာခဲ့ပြန်ပါတယ်။
အပိုင်း ၂၀၂•၁ ပြီး၏။