Switch Mode

Chapter – 201.1

ဧကရီရဲ့ဓား ဧကရီရဲ့လက်ဝါး ဧကရီရဲ့အအေးဓာတ်

အပိုင်း ၂၀၁•၁

” ဧကရီရဲ့ဓား ဧကရီရဲ့လက်၀ါး ဧကရီရဲ့အအေးဓာတ် ”
°°°
ဟို့ယွိဟောင်က ခေါင်းညိတ်နေခဲ့တယ်။ ဒီအချိန်မှာပဲ နျိုထန်က ဆက်ပြောလာခဲ့ပါတယ်။

” မြောက်၀င်ရိုးစွန်းမှာ မြောက်၀င်ရိုးစွန်းရဲ့ ကောင်းကင်အရှင်သခင်သုံးပါးလို့ လူသိများတဲ့ပထမဆုံးသားရဲကောင်သုံးကောင်ရှိတယ်…ဒါကိုတော့ မင်းသိမှာပါ နှင်းဧကရီ ရေခဲဧကရီနဲ့ နှင်းနတ်ဆိုးဘုရင်တို့ပဲ ဒီသုံးယောက်ထဲမှာ နှင်းဧကရီနဲ့ ရေခဲဧကရီနှစ်ယောက်က ထိပ်တန်းရူးသွပ်သားရဲကောင်ဆယ်ကောင်ရဲ့မှတ်တမ်းထဲမှာပါ၀င်ကြတယ်…ဒါ့အပြင် သူတို့လိုအမျိုးအစားတူသားရဲကောင်တွေကလဲ အတော်ကိုရှားပါးတယ် ”

” မင်းရဲ့ရေခဲဧကရီက ရေခဲကျောက်စိမ်းဧကရီကင်းမြီးကောက်ဆီကပဲ လာတာဖြစ်လိမ့်မယ်..ဒီတော့သူတို့ရဲ့အစွမ်းအစတွေအကြောင်းကို ရှင်းရှင်လင်လင်းသိမှာပါ နှင်းဧကရီက ရေခဲဧကရီထက်တောင် ပိုပြီးတော့ ဒဏ္ဍာရီပုံပြင်တွေထဲမှာထင်ရှားသေးတယ်…ဒါ့အပြင် နှင်းဧကရီရဲ့ ပြိုင်ဘက်ကင်းအစွမ်းအစသုံးခုကို ဖော်ပြထားတာက ဒီလိုမျိုးရှိတယ်..ဓားနဲ့လက်၀ါးက ကောင်းကင်တစ်ခွင်ကိုအေးခဲစေလိမ့်မယ်တဲ့ နှင်းဧကရီရဲ့ဓား နှင်းဧကရီရဲ့လက်၀ါးနဲ့ နှင်းဧကရီရဲ့အအေးဓာတ်ပဲ ”

” နှင်းဧကရီရဲ့ အအေးဓာတ်က မင်းနဲ့သူပေါင်းစည်းလိုက်တဲ့အချိန်မှာထုတ်သုံးနိုင်တဲ့ နယ်မြေကို ထိန်းချုပ်နိုင်တဲ့အစွမ်းအစ စွမ်းရည်ပဲ ဒါပေမယ့် ဒီစွမ်းရည်ကမင်းရဲ့ရေခဲကျောက်စိမ်းဧကရီကင်းမြီးကောက်နဲ့ ပေါင်းစည်းပြီချိန်မှာ အပြောင်းအလဲတချို့က ဖြစ်သွားတယ်..ပိုပြီးတော့သန်မာတယ် မဟုတ်ရင် မင်းအနေနဲ့ လက်ရှိကျင့်ကြံဆင့်လောက်မှာ ဒီလောက်သန်မာတဲ့ နယ်မြေအမျိုးအစား၀ိညာဥ်စွမ်းရည်ကို ပိုင်ဆိုင်နိုင်မှာမဟုတ်ဘူး ”

” အဲ့ဒီ ဧကရီရဲ့အအေးဓာတ်လို့ခေါ်တဲ့နယ်မြေအမျိုးအစား၀ိညာဥ်စွမ်းရည်ကို ငါတို့နောက်တစ်နည်းခေါ်ကြတာရှိသေးတယ်…အဆုံးစွန်းရေခဲကြားက နှင်းမှုန်အကတဲ့ ဒဏ္ဍာရီတွေအရဆိုရင် နှင်းဧကရီက သူမအတွက် သင့်တော်တဲ့တိုက်ခိုက်ရေးနယ်မြေတစ်ခုဖြစ်လာစေဖို့အတွက် မြောက်၀င်ရိုးစွန်းရဲ့ဘယ်နယ်မြေကိုမဆို ရာသီဥတုပြောင်းလဲပြီ သူ့အတွက်အသားစီးရအောင် ဖန်တီးနိုင်တယ်တဲ့ လေထဲမှာကျဆင်းနေတဲ့ နှင်းမှုန်တွေအားလုံးက သူမရဲ့လက်နက်တွေပဲ ဒါ့အပြင် အဲ့ဒီနယ်မြေကလဲ ဘယ်သူမှမသွား၀ံ့တဲ့ ကန့်သတ်နယ်မြေကြီးတစ်ခုဖြစ်သွားလိမ့်မယ်..နေရောင်ခြည်တောင်မှ မထိုးဖောက်နိုင်လောက်တဲ့အထိ အဲ့ဒီနယ်မြေကြီးတစ်ခုလုံးက အေးခဲသွားမှာ ”

” ဧကရီရဲ့လက်၀ါးက အစောပိုင်းထိုက်တန်ကို မင်းသုံးပြီတိုက်ခိုက်လိုက်တာပဲ ဧကရီရဲ့လက်၀ါးနဲ့ပတ်သက်ပြီတော့ ငါတို့ကြားဖူးနား၀ရှိတဲ့ပုံပြင်တွေအများကြီးရှိတယ်..ပြောကြတာကတော့ ဒီလက်၀ါးကို ဘယ်သက်ရှိကမှ မခုခံနိုင်ဖူးတဲ့ ဒီလက်၀ါးနဲ့ထိမိမယ်ဆိုရင် ဘယ်သက်ရှိမဆိုသေဆုံးကြရလိမ့်မယ်…အသက်ရှင်သန်ဖို့အတွက် တစ်ခုတည်သောရွေးချယ်မှုက အဲ့ဒီလက်၀ါးနဲ့အရိုက်ခံရအောင်ရှောင်နိုင်ဖို့ပဲ ဒီစွမ်းရည်ကအတော်ကြီးကို သန်မာသလို သူ့မှာလဲအကန့်အသတ်ရှိနေသေးတယ်…ပြိုင်ဘက်ရဲ့စွမ်းအားတွေမထုတ်ရင်မှာအရင်ဆုံးပြိုင်ဘက်ကို ရိုက်ချပြစ်ဖို့လိုအပ်တယ်…ဒါမှသာ အစွမ်းအစအပြည့်ရနိုင်မှာ ရေခဲဧကရီရဲ့လက်၀ါးကို ငါတို့ခေါ်ကြတဲ့နောက်နာမည်တစ်ခုကတော့ နှင်းမဲ့ရေခဲတောင်ပဲ နှင်းမရှိတဲ့ရေခဲတောင်ကြီးပေါ့ ဒါ့အပြင် အဆုံးစွန်းရေခဲကြားက နှင်းမှုန်အကနဲ့ ပြီးပြည့်စုံအောင်လိုက်ဖက်ညီနေပြီတော့ မင်းသုံးတဲ့အချိန်တိုင်းမှာလဲ သူက ပိုပြီးတော့သန်မာလာလိမ့်မယ်…ဒါ့အပြင် နယ်မြေတစ်ခုလုံးမှာပါ သူ့ရဲ့လွှမ်းမိုးမှုက ကြီးမားနိုင်သေးတယ် ”

” ငါအနေနဲ့ ဘ၀မှာဒီနှင်းမဲ့ရေခဲတောင်ကို မျက်မြင်ထင်ရှားတွေ့ရတာပထမဆုံးအကြိမ်ပဲ အကယ်၍ နှင်းဧကရီကိုယ်တိုင်သာသုံးပြီဒါမျိုးကိုတိုက်ခိုက်လာခဲ့မယ်ဆိုရင် ငါတို့အကောင်းဆုံးကြိုးစားမယ်ဆိုရင်တောင် သူတို့လက်ထဲကနေ လွှတ်မြောက်နိုင်မယ်လို့မထင်ဘူး ”

” နှင်းဧကရီရဲ့ဓားက မင်းသုံးလိုက်တဲ့နောက်ဆုံးစွမ်းရည်ပဲ မယှဥ်သာနိုင်လောက်အအေးဓာတ် ရေခဲဧကရီရဲ့ဓားဆိုတာက သူ့ကိုဒီလောကမှာဘယ်ဓားကမှ မယှဥ်နိုင်လောက်တဲ့အထိ အရမ်းကိုသန်မာတယ်…ထိုက်တန်တောင် မင်းအဲ့ဒီစွမ်းရည်ထုတ်အသုံးခင်အချိန်မှာ သိုင်းပညာ၀ိညာကိုထုတ်လိုက်ရတယ်…ဒါပေမယ့် နေရာမှာတင် သူခဲသွားတယ်မဟုတ်လား ၀ိညာဥ်ဧကရာဇ်တစ်ယောက်တောင်မှ မင်းရဲ့ဒီစွမ်းရည်တွေကို ခုခံနိုင်ဖို့အင်မတန်ကိုခက်ခဲလိမ့်မယ်…ဒီစွမ်းရည်သုံးခုနဲ့ဆိုရင် သေချာပေါက် ရေခဲတွေရဲ့အစွမ်းအစကို အဆုံးစွန်းအထိ မင်းသုံးနိုင်မယ်လို့ငါယုံကြည်တယ် ”

ဟို့ယွိဟောင်ကတော့ နျိုထန်ရဲ့စကားတွေကို သေချာမှတ်သားပြီ နောက်ကနေလိုက်ပြီရေရွတ်နေခဲ့မိပါတယ်။

” ဓားနဲ့လက်၀ါးက ကောင်းကင်တစ်ခွင်ကိုအေးခဲစေတယ်…ဧကရီရဲ့ဓား ဧကရီရဲ့လက်၀ါးနဲ့ ဧကရီရဲ့အအေးဓာတ် ”

နှင်းဧကရီရဲ့ပြိုင်ဘက်ကင်းနည်းလမ်းသုံးသွယ်က တကယ်ကိုကြောက်စရာကောင်းလွန်လှပါတယ်။ ဒါပေမယ့် နှင်းဧကရီက ၀ိညာဥ်စက်ကွင်းလေးခုကို သူ့ခန္ဓာကိုယ်ထဲမှာပေါင်းထည့်ထားတာပါ။ နောက်ဆုံးတော့ ၀ိညာဥ်စက်ကွင်းက ဘာကိုများကိုယ်စားပြုမှာလဲ။

အစောပိုင်းတုန်းက သူအသုံးပြုလိုက်တဲ့၀ိညာဥ်စွမ်းရည်သုံးခုဘယ်လောက်အထိသန်မာလဲဆိုတာကို ဟို့ယွိဟောင် နားလည်ပြီသွားပါပြီ။ သူတို့ရဲ့စွမ်းအားတွေက ဟို့ယွိဟောင်ပိုင်ဆိုင်ထားဖူးတဲ့ ရေခဲအမျိုးအစား၀ိညာဥ်စွမ်းရည်တွေအားလုံးထက်ကို ပိုပြီးကြီးမားပါတယ်။ ဒါတင်မကသေးပါဘူး နှင်းလုံးလေးရဲ့အကူအညီနဲ့ ဒီစွမ်းရည်တွေသူ့ရဲ့အင်အားတွေအကုန်လုံးကို မြင့်တင်လာစေခဲ့ပါတယ်။ ကံကြမ္မာမျက်လုံးက စိတ်၀ိညာဥ်စွမ်းရည်တွေအားလုံးကိုတိုးတက်စေတာနဲ့အတူတူပါပဲ။ မျိုးနွယ်သခင်နှစ်ယောက်တောင်မှ အခုအချိန်မှာအံ့ဩထိတ်လန့်နေခဲ့ရပါတယ်။ ဒီတစ်ကြိမ်မှာ ဟို့ယွိဟောင်ရဲ့ရရှိလာတဲ့အကျိုးအမြတ်တွေက မျှော်လင့်ထားတာထက်ကို ကြီးမားလို့နေခဲ့တယ်။ နှင်းဧကရီရဲ့စိတ်၀ိညာဥ်နဲ့ ပေါင်းစည်းမှုက နှင်းဧကရီကိုစုပ်ယူပြီ သူမရဲ့၀ိညာဥ်အရိုးတွေကို သူ့ခန္ဓာကိုယ်ထဲထည့်သွင်းတာထက်တောင် ပိုပြီးတော့အကျိုးအမြတ်ကောင်းနေပါသေးတယ်။

ရေခဲဧကရီနဲ့ပေါင်းစည်းချိန်တုန်းကရော နှင်းဧကရီနဲ့ပေါင်းစည်းချိန်ကပါ ၀ိညာဥ်စွမ်းရည်လေးခုကို သူရခဲ့ပါတယ်။ နှင်းဧကရီဲရဲ့စိတ်၀ိညာဥ်ကတော့ ၀ိညာဥ်စက်ကွင်းလေးခုကို နေရာယူထားခဲ့ပြီ သူမရဲ့အထောက်အကူပြုစွမ်းရည်တွေက ဘယ်၀ိညာဥ်စွမ်းရည်ထက်မဆို သာလွန်လို့နေခဲ့ပါတယ်။ ဒါ့အပြင် နှင်းလုံးလေးကလဲ သူ့နဲ့အတူဆက်ပြီ အင်အားကြီးထွားနေဦးမှာပါ။ သူသာထူးကဲသာလွန်သော့်လော့တစ်ယောက်သာ ဖြစ်လာခဲ့မယ်ဆိုရင် နှင်းဧကရီဲကိုလဲ ပြီးပြည့်စုံအောင်ပြန်လည်ရှင်သန်လာစေနိုင်လိမ့်မယ်။

ထိုက်တန်ကတော့ ခုအချိန်မှသာ သူ့ခန္ဓာကိုယ်အအေးဓာတ်တွေကို တွန်းထုတ်လို့သွားခဲ့ပါပြီ။ သူ့ရဲ့ညာဘက်လက်ကလဲ ဖြည်းဖြည်းချင်းဆိုသလို ထုံကျင်လာတာသက်သာလာပါတော့တယ်။

” အဲ့ဒီအအေးဓာတ်က တကယ်အင်အားကြီးတာပဲ ငါရဲ့နှလုံးအထိတောင်ရောက်လာတာ အကယ်၍ ငါသာသွေးစီးဆင်းတာကိုမချိတ်ပိတ်လိုက်ဘူးဆိုရင် ပြဿနာအကြီးကြီးတက်ပါလိမ့်မယ် ”

ထိုက်တန်က အတော်ကိုစိတ်ဆတ်တဲ့လူတစ်ယောက်ဖြစ်ပေမဲ့လဲ မှန်ကန်ဖြောင့်မတ်ပြီ တည်ငြိမ်တဲ့သူပါ။

နျိုထန်က ပြန်ဖြေလာခဲ့တယ်။

” အဲ့ဒါမင်းရဲ့တိုက်ခိုက်တဲ့အလေ့အကျင့်တွေကြောင့် ဖြစ်လာတာလေ မင်းက ခန္ဓာကိုယ်သန်မာတယ်ဆိုတော့ ရှိသမျှတိုက်ခိုက်မှုတွေအားလုံးကို ကြိုးစားပြီခုခံဖို့လုပ်တတ်တယ်မလား အခုတော့မင်းဒုက္ခခံလိုက်ရပြီ အကယ်၍ တကယ်နှင်းဧကရီနဲ့သာ မင်းတိုက်ခိုက်ရမယ်ဆိုရင် မသေရင်တောင် တကယ်ပြဿနာအကြီးကြီးတက်ပြီ ”

ထိုက်တန်ကတော့ ရယ်မောနေခဲ့ပါတယ်။

” ကျွန်တော်က ဟို့ယွိဟောင်နဲ့ တိုက်ခိုက်နေတာလေ အကယ်၍ နှင်းဧကရီသာဖြစ်မယ်ဆိုရင် သေချာပေါက် ကျွန်တော်ကိုအလွယ်တကူထိစေအောင်လုပ်မှာမဟုတ်ဘူး…ရိုးရိုးသားသားပြောရမယ်ဆိုရင် ဒီတိုက်ကွက်သုံးကွက်ကို မြင်ပြီတဲ့နောက် နှင်းဧကရီလောက်နဲ့ တစ်ပွဲလောက်တော့နွှဲချင်မိသား ဘယ်သူပိုသန်မာလဲဆိုတာ သိချင်မိတယ် ”

နျိုထန်ကတော့ သတိပေးလိုက်ပါတယ်။

” ယွိဟောင် နှင်းလုံးလေး မင်းကိုပေးထားတဲ့ ဒီ၀ိညာဥ်စွမ်းရည်သုံးခုကို သေချာပေါက် တက်မြောက်ကျွမ်းကျင်လာအောင် လုပ်ရမယ်…သူတို့ကို မင်းရဲ့ကိုယ်ပိုင်စွမ်းရည်တွေအတိုင်း သေချာအသုံးချနိုင်ဖို့အတွက် ပိုလေ့ကျင့်​ပြီတော့ပေါင်းစည်းရမယ်..ဒီနေရာမှာတော့ ဆက်ပြီလေ့ကျင့်နေလိုက်..ငါတို့အရင်ပြန်တော့မယ် ”

” ခဏနေပါဦး ”

ထိုက်တန်က ရုတ်တရက်ပြောလာခဲ့ပါတယ်။ ကြည့်ရတာ သူ မကျေနပ်သေးတဲ့ပုံပါပဲ။

” ယွိဟောင် အစောပိုင်းတုန်းက သုံးချင်နေခဲ့တာဘာစွမ်းရည်မျိုးလဲ ဒါက မင်းရဲ့ကိုယ်ပိုင်စွမ်းရည်ဖြည်းဖြည်းချင်းဖြစ်လာမှာမဟုတ်လား ငါ့ကိုထိခိုက်အောင်လုပ်နိုင်မဲ့စွမ်းရည်က ဘာစွမ်းရည်လဲဆိုတာငါသိချင်တယ်…ဒါပေမယ့် မင်းက သူ့ကိုတားလိုက်တယ်လေ ဒါက မင်းအတွက်ကြီးအဲ့ဒီလောက်အားနည်းနေလို့လား ”

ဟို့ယွိဟောင်ကတော့ ခေါင်းသာကုတ်နေခဲ့မိပါတယ်။ ထိုက်တန်ရဲ့မျက်လုံးကိုစိုက်ကြည့်လိုက်မိချိန်မှာတော့ လိမ်ညာဖို့မဖြစ်နိုင်မှန်း သူသိသွားခဲ့ပါပြီ။ ဒါကြောင့် သူရိုးရိုးသားသားသာပြန်ဖြေလိုက်ပါတယ်။

” သူက ကျွန်တော်ရဲ့ရေခဲပေါက်ကွဲမှုနည်းလမ်းကို အသုံးပြုချင်နေတာလေ ဦးလေးရဲ့ခန္ဓာကိုယ်နဲ့ ဦးလေးရဲ့လက်မောင်းကိုမယှဥ်သာနိုင်တဲ့ အအေးဓာတ်က အအေးခံလိုက်ရပြီးပြီ ဒါ့အပြင် နှင်းမဲ့ရေခဲတောင်ကလဲ ဒီအသွေးထဲအသားအထိကို စိမ့်၀င်ပြီမလား ကျွန်တော်က ရေခဲဧကရီရဲ့ ဘယ်ဘက်လက်မောင်းအရိုးနဲ့ပေါင်းစည်းထားတာကြောင့် ရေခဲဖောက်ခွဲမှုနည်းလမ်းကိုဖန်တီးနိုင်တယ်…သူက ဦးလေးကို အတွင်းနဲ့အပြင် နှစ်ခုစလုံးဖောက်ခွဲပြစ်ချင်နေတာ ”

” ဒီရေခဲဖောက်ခွဲမှုနည်းလမ်းက နှင်းမဲ့ရေခဲတောင်လိုမျိုး ပစ်မှတ်ကိုထိတွေ့လိုက်ပြီဆိုတာနဲ့ ရပ်တန့်လို့မရနိုင်အောင် အပြည့်အ၀ဖောက်ခွဲပြစ်နိုင်တဲ့ ထူးခြားတဲ့အစွမ်းအစရှိနေတယ်…ဒါကြောင့်သာ ဦးလေးရဲ့လက်မောင်းမှာရှိနေတဲ့ ၀ိညာဥ်စွမ်းအားတွေအားလုံးကို ရေခဲဖောက်ခွဲမှုနည်းလမ်းက အသုံးပြုပြီအေးခဲပြစ်လိုက်တာပဲ ဒီတော့ဦးလေးရဲ့၀ိညာဥ်စွမ်းအားတွေကို အသုံးပြုပြီး ဖောက်ခွဲအောင်လုပ်မှာလေ ဒီလိုမျိုးအနှုတ်ကိုရောက်နေတဲ့ အအေးဓာတ်နဲ့ဆိုရင် ကျွန်တော်စိုးရိမ်မိတာက ”

ထိုက်တန် သူ့ရဲ့စကားတွေကိုကြားလေလေ ပိုပြီးထိတ်လန့်လာလေပါပဲ။ နှင်းလုံးလေးကိုကြည့်ရင်းနဲ့ သူမျက်လုံးပြူးလာပါတော့တယ်။ အခုအချိန်မှာတော့ သူနှုတ်ခမ်းတွေတွန့်ရင်းနဲ့ ပြောလာခဲ့ပါပြီ။

” ဒီကလေးစုတ်ကတော့လေ ရက်စက်လှချေလား ”

သူနှုတ်ခမ်းတွေတွန့်ပြီပြောနေတာကြောင့် တံတွေးတွေတောင်အပြင်ကိုစင်ထွက်လာခဲ့ပါတယ်။

နှင်းလုံးလေးရဲ့ ပြန်ဖြေမှုကတော့ အရမ်းကိုရိုးရှင်းနေခဲ့တယ်။ သူ့ခေါင်းကိုငုံ့ပြီတဲ့နောက် လက်ညိုးနှစ်ချောင်းကို ထိရင်းနဲ့မကျေမနပ်ဖြစ်နေတဲ့မျက်နှာပါ။ အကယ်၍ သူမသာမှားတာတစ်ခုခုလုပ်ခဲ့တယ်ဆိုရင် သူ့ကိုအပြစ်ပေးနိုင်တဲ့ပုံစံပါပဲ။

ဒါကိုမြင်ချိန်မှာတော့ ထိုက်တန်လဲလေပူတွေကိုမှုတ်ထုတ်ပြီ ဒေါသတွေကိုလျှော့လိုက်ပါပြီ။ ဘယ်လောက်ပဲစိတ်မသက်မသာဖြစ်ပါစေ နောက်ဆုံးတော့လဲ ဒီကလေးရှေ့မှာသွားပြီဒေါသထွက်လို့တော့မရပါဘူး။

နျိုထန်ကတော့ တခြားတစ်ဖက်မှာရယ်နေခဲ့ပေမဲ့ သူကိုယ်တိုင်လဲ အံ့အားသင့်နေခဲ့ပါတယ်။ ဒီရေခဲပေါက်ကွဲမှုနည်းလမ်းက အံ့ဩစရာကောင်းနေလို့ပါ။ သူ့နဲ့ထိုက်တန်နှစ်ယောက်စလုံးလဲ ဒါကဘယ်လိုအစွမ်းအစမျိုးလဲဆိုတာ သိပါတယ်။ နှင်းဧကရီရဲ့ပြိုင်ဘက်ကင်းနည်းလမ်းသုံးခုက နှင်းလုံးလေးကိုကိုယ်စားပြုပြီး ထွက်ပေါ်လာတာပါ။ ရေခဲကျောက်စိမ်းဧကရီရဲ့ မျိုးဆက်ကတော့သူတို့ရဲ့အဓိကပြရုပ်ဖြစ်တဲ့ ၀ိညာဥ်စွမ်းရည်တွေအသီးသီးရှိကြပါတယ်။ ရေခဲကျောက်စိမ်းဧကရီကင်းမြီးကောက်တို့ရဲ့မျိုးရိုးတွေက ရေခဲကောင်းကင်တို့ရဲ့ နှင်းသခင်မမျိုးဆက်တွေထက်ကို ၀ိညာဥ်စွမ်းရည်တွေအများကြီးပိုပြီးအားကောင်းကြပါတယ်။ ရေခဲပေါက်ကွဲမှုနည်းလမ်းဆိုတာကလဲ ဟို့ယွိဟောင် လက်ရှိအချိန်မှာကျွမ်းကျင်တဲ့တတ်မြောက်တဲ့အသန်မာဆုံးတွေထဲကတစ်ခုဆိုတာ ယုံမှားဖွယ်ရာမရှိပါဘူး။

ရေခဲပေါက်ကွဲမှုနည်းလမ်းကို အသုံးပြုဖို့ ၀ိညာဥ်စွမ်းအားကို အအေးခံလိုက်ရမယ်ဆိုရင် ဘယ်လောက်သန်မာသူဖြစ်ပါစေ သူတို့ရဲ့ကိုယ်ပိုင်၀ိညာဥ်စွမ်းအားပေါက်ကွဲမှုကို အလူးအလဲခံရမှာပါ။ ကိုယ်ရဲ့ခုခံမှုက ဘယ်လောက်ပဲသန်မာပါစေ အတွင်းကလီစာတွေရဲ့ပေါက်ကွဲမှုကတော့ ခုခံဖို့နိုင်ရာနည်းလမ်းမရှိပါဘူး။

အကယ်၍ ဒီရေခဲပေါက်ကွဲမှုနည်းလမ်းကို အသုံးပြုမယ်ဆိုရင်နျိုထန်နဲ့ ထိုက်တန်နှစ်ယောက်စလုံးက သူတို့ရဲ့ကျင့်ကြံမှုတွေကို တကယ်အပြည့်အ၀ထုတ်သုံးရပါလိမ့်မယ်။ ရေခဲပေါက်ကွဲမှုနည်းလမ်းက ၀ိညာဥ်စွမ်းအားရဲ့ပြင်ပအကူအညီကို သုံးပြီခုခံလို့မရတော့ပါဘူး။ အကယ်၍ သူတို့သာ အေးခဲမခံရဘူးဆိုရင်တော့ ဒီနည်းလမ်းကအလုပ်မဖြစ်မှာ အသေအချာပါ။

ရေခဲပေါက်ကွဲမှုနည်းလမ်းက ဧကရီရဲ့လက်၀ါး နှင်းမဲ့ရေခဲတောင်နဲ့ပေါင်းစည်းပြီချိန်မှာတော့ သူ့ကိုဖယ်ရှားဖို့အင်မတန်ကိုခက်ခဲလို့သွားပါလိမ့်မယ်။ ဒါကိုရှောင်ရှားနိုင်ဖို့နည်းလမ်းကလဲ တစ်ခုထဲသာရှိမှာပါ။ ဟို့ယွိဟောင်ရဲ့ဘယ်ဘက်လက်နဲ့အထိမခံဖို့ပါပဲ။

လျှို့၀ှက်ချက်ကို သိပြီသွားပြီဆိုရင်တော့ သေချာပေါက် လွှတ်အောင်ရှောင်ဖို့နည်းလမ်းကရှိလာပါလိမ့်မယ်။ ဒါပေမယ့် လျှို့၀ှက်ချက်တွေဆိုတာက လူတိုင်းသိနိုင်တဲ့အရာမဟုတ်ပါဘူး။

ထိုက်တန်ကတော့ နှင်းလုံးလေးကိုအချိန်အကြာကြီးစိုက်ကြည့်လို့နေခဲ့ပါတယ်။ ဒါပေမယ့် သူကြမ်းကြမ်းတမ်းတမ်းစကားတွေကိုဘာမှမပြောနိုင်ပါဘူး။ နောက်ဆုံးမှာတော့ သူစိတ်လျှော့လို့သွားပြီ တစ်ခွန်းသာပြောလာပါတော့တယ်။

” ကောင်းပါပြီ ကောင်းပါပြီ မင်းနိုင်ပါတယ် ”

သူပြောပြီတဲ့နောက် သူတို့ရဲ့ကြည်လင်ကောင်းကင်ရဲတိုက်ဆီကို ပြန်လည်​ထွက်လို့လာခဲ့ပါပြီ။ ထိုက်တန်ထွက်သွားတာကိုကြည့်ရင်း ဟို့ယွိဟောင်က အနည်းငယ်စိတ်ပူလို့နေခဲ့ပါတယ်။ ဒါပေမယ့် သူလိုက်မသွားခဲ့ပါဘူး။ ထိုက်တန်က နှင်းလုံးလေးကို ဘာမှမလုပ်ရဲ့ပေမဲ့ သူ့ကိုတော့ပြဿနာမရှာ၀ံ့ဘူးလို့ အာမမခံနိုင်တာ သူသိနေခဲ့တယ်။ ဒါကြောင့် အကူအညီတောင်းနဲ့အတိုင်း မျက်နှာငယ်လေးနဲ့ နျိုထန်ဖက်ကိုလှည့်ကြည့်လိုက်မိပါတယ်။

” ဦးလေးနျို ဦးလေးထိုက်က ”

နျိုထန်ကတော့ ရယ်မောရင်းနဲ့သာ ပြန်ဖြေလာခဲ့တယ်။

” မစိုးရိမ်နဲ့ သူအဆင်ပြေတယ်…နည်းနည်းပါးပါးဒေါသထွက်နေရုံပဲ ထူးတော့ထူးဆန်းသား ကြည့်ရတာဒီကောင်က နှင်းလုံးလေးကိုအတော်ကြီးချစ်တယ်ပုံပေါ်တယ်…အကယ်၍ တခြားသူသာဒီနေရာမှာရှိနေခဲ့မယ်ဆိုရင် သူဒေါသထွက်လို့ပြီးတော့မှာမဟုတ်ဘူး သူဒေါသပြေသွားရင် အားလုံးအဆင်ပြေမှာပါ ”

သူပြောလိုက်ချိန်မှာပဲ ရုတ်တရက်ဆိုသလို မိုးခြိမ်းသံကြီးက ကြည်လင်ကောင်းကင်ရဲတိုက်ထဲကနေ ထွက်ပေါ်လာပါတော့တယ်။ တစ်စုံတစ်ယောက်ကတော့ သူ့ဗိုက်သူပုတ်ရင်းနဲ့ အေးအေးဆေးဆေးပြောနေခဲ့တယ်။

” နောက်ဆုံးတော့ လွှင့်ထုတ်လိုက်ရတာအကောင်းသားပဲ ”

ဟို့ယွိဟောင်ရဲ့မျက်နှာကတော့ မသာမယာဖြစ်သွားခဲ့ပါပြီ။ ဒါက သူဒေါသထွက်တဲ့ပုံစံလား နှင်းလုံးလေးကတော့ ပိုပြီးတိုက်ရိုက်ဆန်ပါတယ်။ သူမကတော့ နှာခေါင်းကိုပိတ်ထားရင်းနဲ့သာ ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ထဲကို ပြန်၀င်သွားခဲ့ပါပြီ။

နျိုထန်ကတော့ နှုတ်ခမ်းတွေတွန့်ရင်း ဟို့ယွိဟောင်ရဲ့ပုခုံးကိုပုတ်ပြီပြောလာခဲ့တယ်။

” မစိုးရိမ်နဲ့ သူအဆင်ပြေမှာပါ ဒါပေမယ့် ရေခဲပေါက်ကွဲမှုနည်းလမ်းနဲ့ နှင်းမဲ့ရေခဲတောင်နှစ်ခုစလုံးက အတော်ကိုကောင်းမွန်တယ်…ဒီစွမ်းရည်နှစ်ခုကိုပေါင်းစည်းပြီ အနာဂတ်မှာအသေသတ်တိုက်ကွက်အဖြစ်တောင်သုံးလို့ရတယ်…ဒါပေမယ့် လျှို့၀ှက်ချက်က ဘယ်သူကိုမှမပြောပြနဲ့ နောက်ဆုံးတော့လဲ ဒါကအနီးကပ်ပဲသုံးနိုင်တယ်မလား ”

အပိုင်း ၂၀၁•၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset