Chapter – 12.2 ” ရှုစန်းရှိီနဲ့ ကျန်းနန်နန် ”
°°°
” ကောင်စုတ်လေး မင်းက သေချင်နေတယ်ပေါ့ ”
အနက်ရောင်၀တ်ရုံ၀တ်ထားတဲ့ လူငယ်ကတော့ ဒေါသတကြီးနဲ့ အော်လိုက်ပါတယ်။ သူက လက်ကိုအသုံးပြုပြီး မီးသွေးတွေကို ချေမွပြစ်နေခဲ့တယ်။ လက်ရှိအချိန်မှာ မီးတောက်တွေက နေရာအနှံ့ကို ပြန့်နှံ့နေခဲ့ပါပြီ။ ဒါပေမယ့် သူ့ကတော့ လုံး၀ ပူလောင်တဲ့ပုံမပေါ်ပါဘူး။ ညာဘက်ခြေထောက်ကို သုံးရင်း ဟို့ယွိဟောင်ရဲ့ မီးဖိုကို ကန်ချပြစ်လိုက်ပါတယ်။ တစ်ချိန်ထဲမှာပဲ ဟို့ယွိဟောင်ရဲ့အင်္ကျီကို လာပြီးဆွဲတော့တယ်။
ဟို့ယွိဟောင်ကတော့ တစ်ဖက်လူငယ်အကြောင်းကို သူ့ရဲ့ စိတ်၀ိညာဥ်ထောက်လှမ်းမှုနဲ့ နားလည်သဘောက်ပေါက်လို့ နေပါတော့တယ်။ ဒီလိုရိုးရှင်းတဲ့ ဆွဲယူမှုက မရေမတွက်နိုင်တဲ့ တုန်ခါမှုတွေ ပါ၀င်နေခဲ့တယ်။
ဒါ့အပြင် ဟို့ယွိဟောင်အနေနဲ့လဲ သူ့ရဲ့ကျင့်ကြံမှုက အားနည်းလွန်နေတာကြောင့် ဒီအရာကို ရှောင်ရှားနိုင်မှာမဟုတ်ပါဘူး။
အနက်ရောင်၀တ်ရုံ၀တ်လူငယ်ရဲ့ ညာလက်ထဲမှာ ဟို့ယွိဟောင်က လေထဲကိုမြောက်တက်သွားခဲ့ပါပြီ။ တစ်ချိန်ထဲမှာပဲ ငါးကင်နှစ်ခုကိုလဲ ဆွဲယူခံလိုက်ရပါတော့တယ်။
ဒီလိုပေါ်ထွက်လာခဲ့မှုက ပတ်၀န်းကျင်ကလူတွေအတွက် မြန်ဆန်းလွန်နေတာကြောင့် သူတို့ရပ်တန့်သွားတော့မှသာ သဘောပေါက်ကြတာပါ။
ရုတ်တရက်ဆိုသလို အသံနှစ်သံက တစ်ပြိုင်နက်ထွက်ပေါ်လာပါတော့တယ်။
” မင်းဘာလုပ်နေတာလဲ ”
” လက်ကို ပြန်ရုတ်လိုက်စမ်း ”
ပထမပြောလိုက်သူကတော့ သူမတူအောင် ထူးထူးခြားခြားလှပတဲ့ အမျိုးသမီးလေးပါပဲ။ သူက အတော်လေးကို ဒေါသထွက်နေခဲ့တယ်။ ဒုတိယတစ်ခွန်းကို ပြောတဲ့လူကတော့ ပြောရုံတင်မကပဲ လျှပ်စီးလက်သလို ပြေး၀င်လို့သွားခဲ့ရင်း အနက်ရောင်လူငယ်ကို တိုက်ရိုက်တိုက်ခိုက်ပါတယ်။
အနက်ရောင်၀တ်ရုံ၀တ်ထားတဲ့လူငယ်ကတော့ သူ့ကိုတစ်ယောက်ယောက် သူ့ကို တိုက်ခိုက်လာမယ်လို့ မထင်မှတ်ထားတာကြောင့် ကိုယ့်ကိုကိုယ် မကာကွယ်နိုင်လိုက်ပါဘူး။ ဒါကြောင့် ဟို့ယွိဟောင်ကို တစ်ဖက်က ကိုင်ထားရင်း နောက်တစ်ဖက်က ငါးကင်ကို ဆွဲထားရတာကြောင့် သူကိုယ်တိုင်းကလဲ လက်မအားနိုင်ဖြစ်နေခဲ့ပါတယ်။ အကယ်၍ သူ့ရဲ့ပြိုင်ဘက်ကို ကာကွယ်ချင်တယ်ဆိုရင် တစ်ခုခုကိုလက်လွှတ်ရမှာပါ။ ဒါကြောင့် ဟို့ယွိဟောင်ကို လွှတ်ချဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဟို့ယွိဟောင်ကတော့ လေထဲကို လွှင့်သွားခဲ့ပါပြီ။ သူ့ရဲ့ ညာဘက်လက်ကတော့ သူ့ကို လာတိုက်ခိုက်တဲ့လက်နဲ့ ပြန်တိုက်မိပါတော့တယ်။
လူနှစ်ယောက်စလုံးက တုန်ရီလို့သွားခဲ့ပြီး ခြေတစ်လှမ်းဆုတ်သွားခဲ့ရတယ်။ ဘယ်သူကမှ အသားစီးမရခဲ့ပါဘူး။
ဒီလိုလာပြီ တိုက်ခိုက်တဲ့သူကတော့ ဟို့ယွိဟောင်ရဲ့ ဆရာတူအစ်ကိုကြီးပေ့ပေ့ ဖြစ်နေခဲ့ပါတယ်။ လေထဲမှာလွှင့်သွားတဲ့ ဟို့ဟွိဟောင်ကတော့ နှစ်ပတ်တိတိကို လိမ့်သွားခဲ့ရပါတယ်။ ဒါပေမယ့် ဆွဲဆောင်မှုရှိတဲ့ လူတစ်ယောက်က ပေါ်လာခဲ့ပြီး ချက်ချင်းဆိုသလို သူ့ကို ပြန်ဖမ်းဆွဲလိုက်ပါတယ်။ အဲ့ဒီလိုကူညီတဲ့သူကတော့ ထန်ယာ့ပါပဲ။ အခုအချိန်မှာသူက အတော်ကို ဒေါသထွက်နေခဲ့တယ်။
” ရှုစန်းရှိီ နင်က ငါ့လူကို အနိုင်ကျင့်၀ံ့တယ်ဟုတ်လား ငါနင့်ကို သေတဲ့အထိ ရိုက်သတ်ပြစ်မယ် ”
သူပြောပြီတာနဲ့ ချက်ချင်းဆိုသလို ရွှေရောင်အလင်းတန်းတွေထုတ်လွှတ်ပြီး တိုက်ခိုက်ပါတော့တယ်။
အနက်ရောင်၀တ်ရုံ၀တ်ထားတဲ့ လူငယ်ကတော့ ရွှေရောင်အလင်းတန်းတွေကို ပြန်ဖယ်ရှားဖို့လုပ်နေခဲ့တယ်။ ဒါပေမယ့် လန့်စရာကောင်းတဲ့ မြင်ကွင်းက ထွက်လာခဲ့ပါပြီ။ ရွှေရောင်အလင်းတန်းတွေ တောက်ပလို့လာချိန်မှာတော့ သန်မာတဲ့ အနက်ရောင်၀ိညာဥ်စွမ်းအားက ချက်ချင်းဆိုသလို အနက်ရောင်လူငယ်ရဲ့ ခန္ဓာကိုယ်ထဲမှာ ပြန်လည်ပျောက်ကွယ်သွားပါတော့တယ်။
အနက်ရောင်၀တ်ရုံ၀တ်ထားတဲ့ လူငယ်ကတော့ တုန်ရီလို့နေခဲ့ရင်း သူ့အကြည့်က တောင့်တင်းအေးခဲလို့သွားတော့တယ်။ အရမ်းကို ဒေါသထွက်လွန်တာကြောင့် ၀ိညာဥ်စက်ကွင်းသုံးခုက ချက်ချင်းထွက်ပေါ်လို့လာခဲ့ပါပြီ။ အ၀ါရောင်စက်ကွင်းနှစ်ခုနဲ့ ခရမ်းရောင်၀ိညာဥ်စက်ကွင်းတစ်ခုပါပဲ။ သူ့ရဲ့ ဖြူဖျော့တဲ့အသားအရေက ချက်ချင်းဆိုသလို မှောင်မိုက်သွားခဲ့ပြီး ကြွက်သားတွေကလဲ ကြီးထွားလို့လာပါတာ့တယ်။ ခန္ဓာကိုယ်တစ်ခုလုံးက လိပ်ခွံကြီးလိုမျိုးဖောင်ကြွလို့လာခဲ့ရင်း ပတ်ပတ်လည်တစ်မီတာအတွင်းကို အရှိန်အ၀ါက လွှမ်းခြုံလို့ သွားတော့တယ်။
ဒီလိုလိပ်ခွံအကာအကွယ်က သူ့အတွက်တော့ ဒိုင်းကာကြီးလိုပါပဲ။ ဟို့ယွိဟောင်က စိတ်၀ိညာဥ်ထောက်လှမ်းမှုကို အသုံးပြုနေတဲ့အတွက် တစ်ဖက်လူရဲ့ သိုင်းပညာ၀ိညာဥ်က ပေ့ပေ့ ပိုင်ဆိုင်ထားတဲ့ လျှပ်စီးပြာနဂါးခန္ဓာကိုယ်ထက် အားမနည်းမှန်း သိနေခဲ့တယ်။
” ပေ့ပေ့က မင်းကို ကာကွယ်နေတာနဲ့ ငါမင်းကို ဘာမှမလုပ်နိုင်ဘူးလို့ ထင်မနေနဲ့ ထန်ယာ့ ”
တစ်ဖက်လူငယ်က ဒေါသတကြီးနဲ့ အော်လိုက်ပါတယ်။
” လာလိုက်စမ်းပါ ငါက နင့်လို အမှိုက်သရိုက်မျိုးကို ကြောက်နေမယ်ထင်နေလား ”
ထန်ယာ့က ပြန်အော်တယ်။
” ရှုစန်းရှီ မင်းက ငါ့ရဲ့ဆရာတူညီလေးကို အနိုင်ကျင့်တယ်…ဒီနေ့ကိစ္စအတွက် မင်းငါ့ကို သေချာပေါက် အကြောင်းပြချက်ကောင်းကောင်းပေးရမယ်…မဟုတ်ရင် ငါတို့တွေ ၀ိညာဥ်လက်ရည်ယှဥ်တဲ့ နယ်မြေကိုသွားပြီ တရား၀င်တိုက်ပွဲနဲ့ ဖြေရှင်းမယ် ”
ရှုစန်းရှီက ဟို့ယွိဟောင်ကို လက်ညိုးထိုးပြရင်းနဲ့ မေးလိုက်ပါတယ်။
” သူက မင်းရဲ့ဆရာတူညီလေးလား ”
ပေ့ပေ့က ခေါင်းညိတ်လိုက်ပါတယ်။
” အဲ့ဒီတော့ ဘာဖြစ်လဲ သူက ကျန်းနန်နန်ကို လုံး၀မျက်နှာသာမပေးခဲ့သလို ငါ့ကိုလဲ မျက်နှာသာမပေးခဲ့ဘူးလေ ဒီငါးကင်လေးနှစ်ကောင်အတွက် ငါက သူ့ကို ပိုက်ဆံပေးပြီသားပဲ ”
ထန်ယာ့က ဒေါသတကြီးနဲ့ ပြောလာပါတော့တယ်။
” အဲ့ဒီငါးတွေက ငါ့အတွက် သူ့သီးသန့်ပေးထားတာ ပေ့ပေ့ ဒီအမှိုက်သရိုက်ရဲ့စကားကို ဘာဖြစ်လို့နားထောင်ရမှာလဲ သူ့ကို ရိုက်ပြစ်လိုက် နောက်ထပ် မလုပ်တဲ့အထိ ရိုက်ပြစ် ဒါဆို နင့်ကို အနမ်းတစ်ပွင့်ပေးမယ် ”
အစောပိုင်းက သူ့ကိုသူ ထိန်းချုပ်ထားခဲ့တဲ့ ပေ့ပေ့ကတော့ ဒီစကားကိုကြားချိန်မှာ ချက်ချင်းအမူအရာ ပြောင်းသွားပါတော့တယ်။ လက်ရှိအချိန် ထန်ယာ့ကတော့ တစ်လောကလုံးကို ပြာချပြစ်နေပုံပါပဲ။
ရှုစန်းရှီကတော့ ပေ့ပေ့ကို လှောင်ပြုံးနဲ့သာ ပြုံးပြနေခဲ့တယ်။
“‘မင်းရဲ့ထန်ယာ့က တကယ်အရူးမပဲ ငါသိပြီ ငါမင်းနဲ့ လက်ရည်ချင်ယှဥ်ပြီမရတာ ကြာလှပြီပဲ ၀ိညာဥ်လက်ရည်ယှဥ်တဲ့ နယ်မြေကို သွားကြမယ်…အခုသွားကြမယ် ”
သူပြောပြီတာနဲ့ ချက်ချင်းဆိုသလို လှည့်ထွက်သွားပါတော့တယ်။ ကျန်းနန်နန်ခေါ်တဲ့ မိန်းမချောရဲ့ရှေ့မှာတော့ သူ့ရဲ့ခြေလှမ်းတွေက ပိုပြီးတော့တောင် အားကောင်းလို့လာခဲ့တယ်။ ဒေါသတကြီးဖြစ်နေခဲ့တဲ့ အမူအရာကတော့ ပျောက်ကွယ်လို့သွားခဲ့ပါပြီ။ အဲ့ဒီနောက် ငါးကင်နှစ်ခုကို အမျိုးသမီးဆီ သူပေးလိုက်ပါတော့တယ်။
” နန်နန် ဒီငါးတွေအရင်စားလိုက် ပြန်လာခဲ့မယ် ”
ဒါပေမယ့် ကျန်းနန်နန်ကတော့ လုံး၀ကို ကျေးဇူးမတင်ခဲ့ပါဘူး။ သူမက အမြဲတမ်းလူတိုင်းကို ကြင်နာတတ်တဲ့ပုံပေါ်ပေမဲ့ ရှုစန်းရှီနဲ့ ပတ်သက်လာရင်တော့ ရေခဲတုံးတစ်တုံးလို အေးစက်လို့နေခဲ့တယ်။ ဒါကြောင့် သူမပြန်အော်ပါတယ်။
” ရှုစန်းရှီ ငါနင့်ကိုပြောပြီသား ငါတို့နှစ်ယောက်ကြား ဘာမှဖြစ်လာမှာမဟုတ်ဘူး…ငါ့ကို ဒီလိုလိုက်ရှုပ်နေတာရပ်လိုက်တော့ ”
သူပြောပြီတာနဲ့ ချက်ချင်းဆိုသလို လှည့်ထွက်သွားပါတော့တယ်။
ရှုစန်းရှီက ရှက်ရွံ့သွားခဲ့ပေမဲ့ သူ့ဒေါသကို ကြည့်နေတဲ့သူတွေဆီသာ လွှဲကျလိုက်တယ်။
” မင်းတို့ဘာလာကြည့်နေတာလဲ သွားကြစမ်း ပေ့ပေ့ ငါတို့သွားမယ် ”
ပြောပြီတဲ့နောက် ကျောင်းထဲကို ၀င်သွားပါတော့တယ်။ ငါးကင်တွေကိုလဲ ဟို့ယွိဟောင်ဆီကို ပြန်ပြစ်ပေးလိုက်တယ်။ ဟို့ယွိဟောင်ရှေ့မှာ ရှိနေခဲ့တဲ့ထန်ယာ့ကတော့ ငါးကင်တွေကို အရင်ဆုံးဖမ်းလိုက်ပါတယ်။ အဲ့ဒီနောက် ငါးကင်ကိုကိုက်ရင်းနဲ့ လက်တစ်ဖက်ကို အသုံးပြုပြီ ဟို့ယွိဟောင်ကို ပြန်ထူးပေးလိုက်တယ်။
” ပွဲကြီးပွဲကောင်း သွားကြည့်ရအောင် ”
၀ိညာဥ်လက်ရည်ယှဥ်တဲ့နယ်မြေက ကျောင်းတော်ရဲ့အရေးကြီးတဲ့နေရာပါပဲ။ သိုင်းပညာ၀ိညာဥ် အသက်မွေး၀မ်းကြောင်းရဲ့ အနောက်မြောက်နယ်မြေမှာ တည်ရှိပြီး ကျောင်းတော်နဲ့ အတော်လေးကို နီးပါတယ်။ ဟို့ယွိဟောင် သွားရောက်ခဲ့ဖူးတဲ့ ၀ိညာဥ်စမ်းသပ်ရေးနယ်မြေနဲ့လဲ သိပ်မကွာပါဘူး။ အဲ့ဒီနေရာမှာ တစ်နှစ်ပတ်လုံးကျောင်းသားတွေအမြဲတမ်း ၀င်လိုက်ထွက်လိုက် လုပ်နေခဲ့ကြတယ်။ ဒါ့အပြင် သူတို့တွေက ဒီအဆောက်အဦးထဲမှာ အမျိုးမျိုးယှဥ်ပြိုင်နေခဲ့ကြတာပါ။ သူတို့ရဲ့ ဆရာတွေအထူးပြုတဲ့ နယ်မြေပေါ်မူတည်ပြီ ဒိုင်တွေအဖြစ် ဆုံးဖြတ်ချက် ချပါတယ်။ ဒါ့အပြင် ဒိုင်တွေကတော့ အနိုင်အရှုံးကို အကဲဖြတ်ပေးတဲ့အချိန်မှာ အဓိက တာ၀န်ရှိကြတယ်။ ဒါ့အပြင် သူတို့တွေက ကျောင်းသားတွေလိုအပ်တဲ့ အထောက်အပံ့ကိုလဲ ပေးအပ်ရသလို ကျောင်းသားတွေ ဒဏ်ရာရရင်လဲ ကုသပေးရတာကြောင့် ဒီကိစ္စတွေအားလုံးက သေချာပေါက် ပိုက်ဆံပေးဖို့လိုတဲ့ ကိစ္စတွေကြီးပါပဲ။
၀ိညာဥ်လက်ရည်ယှဥ်တဲ့ နယ်မြေမှာ ပြိုင်ပွဲတစ်ခု ဖြစ်ပြီးဆိုရင် တိုက်ခိုက်မဲ့သူတိုင်းက အနည်းဆုံး၀ိညာဥ်ရွှေပြားဆယ့်ပြားအထိကို ပေးအပ်ရပါတယ်။ ဒါပေမယ့် ဒီပြိုင်ပွဲတွေကို ဘယ်သူမှလဲ မပျင်းရိကြပါဘူး။ ဒါ့အပြင် ယှဥ်ပြိုင်ဖို့အတွက် ကန့်သတ်ချက်တွေကလဲ မရှိသလောက် ဖြစ်နေခဲ့ပါတယ်။ အကယ်၍ လက်လွန်သွားမယ်ဆိုရင်တောင် ဆရာတွေရဲ့အောက်မှာ ထိန်းချုပ်မှုကရှိနေတာကြောင့် အန္တရာယ်များမှာ စိုးရိမ်ဖို့မလိုပါဘူး။ တစ်ချိန်ထဲမှာပဲ ဒီနယ်မြေမှာ အနိုင်ရတဲ့သူက အမှတ်တွေအများကြီး ရနိုင်ပါသေးတယ်။ ဒီအမှတ်တွေက နှစ်စဥ်နှစ်တိုင်း တိုးတက်မှုစာရင်းထဲမှာ ၀င်ရောက်သွားမှာပါ။
သူတို့တွေရဲ့ လေးနှစ်မြောက်ကို ဖြတ်သန်းပြီချိန်မှာတော့ ငါးနှစ်နဲ့ ခြောက်နှစ်ကျောင်းတော်သားတွေအနေနဲ့ ၀ိညာဥ်လက်ရည်ယှဥ်ပွဲရဲ့ အမှတ်တွေကို အများကြီးလိုအပ်ပါတယ်။ စတုတ္ထကျောင်းတော်သားတွေအနေနဲ့ ပဥ္စမနှစ်ကျောင်းတော်သားဖြစ်ချင်တယ်ဆိုရင် ၀ိညာဥ်လက်ရည်ယှဥ်တဲ့ ပွဲမှာအနည်းဆုံးဆယ်ကြိမ်တိတိ အနိုင်ရရှိထားရမှာပါ။ သူ့ရဲ့ နှစ်တူတဲ့ ကျောင်းသားတွေအချင်းချင်း တိုက်ပွဲမှာကို အနိုင်ရမှဖြစ်ပါတယ်။ စတုတ္ထနှစ်ကနေ အပေါ်ကို တက်သွားတဲ့ နှစ်နှစ်ခုမှာကတော့ ဒီလိုအမှတ်တွေ ပိုပြီး လိုအပ်ပါတယ်။ ၀ိညာဥ်လက်ရည်ယှဥ်တဲ့ အမှတ်တွေက အတွင်းနယ်မြေကို ၀င်ရောက်ဖို့အတွက် အရေးကြီးဆုံးဖြစ်ပြီး ဆတ္ထမနှစ်ကျောင်းတော်သားတွေအတွက်တော့ အခွင့်အရေးကောင်းတွေကြီးပါပဲ။
ဒီပြိုင်ပွဲတွေက ကျောင်းတော်သားတွေအားလုံးအတွက် ဖွင့်ပေးထားပြီး ၀င်ခွင့်တန်ကြေးကတော့ ၀ိညာဥ်ငွေပြားတစ်ပြားအထိ ကျသင့်ပါတယ်။
ဟို့ယွိဟောင်ကို ပိုပြီး လန့်စေတဲ့အရာကတော့ ပေ့ပေ့နဲ့ ရှုစန်းရှီရဲ့ ပြိုင်ပွဲက ကျောင်းသားတွေအများကြီးရဲ့ အာရုံကိုဖမ်းစားလိုက်တာပါပဲ။ ကျောင်းသားတွေအများကြီးက ဒီပြိုင်ပွဲကို ဘယ်လောက်ပဲကုန်ကျပါစေ စိတ်လှုပ်ရှားမှုအပြည့်နဲ့ လာကြည့်ဖို့ရွေးချယ်ကြပါတယ်။
အပိုင်း ၁၂•၂ ပြီး၏။