Switch Mode

Chapter – 200.3

ပြီးပြည့်စုံတဲ့ လိုက်ဖက်ညီမှုအဆုံးစွန်းရေခဲကြားက နှင်းမှုန်အက

အပိုင်း ၂၀၀•၃

” ပြီးပြည့်စုံတဲ့ လိုက်ဖက်ညီမှုအဆုံးစွန်းရေခဲကြားက နှင်းမှုန်အက ”
°°°
ပတ်၀န်းကျင်တိမ်တွေက သူ့ရဲ့ဒီနယ်မြေအတွက် အသင့်တော်ဆုံးနေရာဖြစ်နေခဲ့တယ်။ တိမ်တွေအားလုံးက ရေငွေ့တွေနဲ့ပြည့်နေခဲ့လို့ပါ။ အကယ်၍ သူတို့သာ ခြောက်သွေ့ပြီလုံး၀ရေမရှိတဲ့နေရာမျိုးမှာရောက်နေခဲ့မယ်ဆိုရင်တော့ သူ့ရဲ့ဒီအဆုံးစွန်းရေခဲအစွမ်းကလဲ အတော်လေးကိုလျော့ကျလို့သွားပါလိမ့်မယ်။

လက်ရှိအချိန်မှာတော့ ဟို့ယွိဟောင်က သူ့ရဲ့နယ်မြေထဲမှာထောင်သောင်းနဲ့ချီတဲ့ နှင်းမှုန်တွေကိုဖန်တီးပြီ သူ့ကိုယ်သူလုံး၀အပြည့်အ၀ဖုံးကွယ်ထားနိုင်နေခဲ့ပါပြီ။

နှင်းလုံးလေးရဲ့အသံက ဟို့ယွိဟောင်ရဲ့ခေါင်းထဲမှာပဲ့တင်ထပ်လို့နေခဲ့ပါတယ်။ သူမက သူ့ကိုသူ့ရဲ့ညွှန်ကြားမှုအတိုင်းတိုက်ခိုက်ဖို့ပြောနေခဲ့တာပါ။

နှင်းလုံးလေးက အခုမှမွေးဖွားလာခါစဖြစ်ပေမဲ့ သူမရဲ့တည်ရှိမှုက သိုင်းပညာ၀ိညာဥ်ပေါင်းစည်းစွမ်းရည်တစ်ခုနဲ့ တူညီပါတယ်။ ၀မ်သုန့်နဲ့အတူတူတိုက်ခိုက်တဲ့အချိန်ကနဲ့ပုံစံအတူတူပါပဲ။

ဟို့ယွိဟောင်လဲ သူ့စိတ်ကိုဖွင့်ပေးပြီတဲ့နောက် သူမရဲ့စိတ်သဘောအတိုင်းလိုက်လုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူမဘယ်လိုအစွမ်းအစတွေပြသမလဲဆိုတာ သူမြင်ချင်လို့ပါ။

နှင်းလုံးလေးလှုပ်ရှားချိန်မှာ သူ့ရဲ့ခန္ဓာကိုယ်ကလဲ သူမနဲ့အတူတူလှုပ်ရှားပါတယ်။ ဟို့ယွိဟောင် ချက်ချင်းဆိုသလို သူ့ခန္ဓာကိုယ်ပေါ့ပါးသွားတာကို ခံစားလိုက်ရပြီတဲ့နောက် နှင်းတွေနဲ့အတူလွှင့်မျောသွားတာကို သိလိုက်ရပါတော့တယ်။ သူ့ရဲ့လှုပ်ရှားမှုတွေအားလုံးက ဒီလွှင့်နေတဲ့နှင်းတွေနဲ့အတူ တစ်သားထဲဖြစ်သွားခဲ့တာပါ။

ဟို့ယွိဟောင်လဲ ဒီနှင်းဖြူရောင်လောကကြီးထဲမှာ သူ့ကိုသူမိုးကောင်းကင်နဲ့ မြေပြင်ကြီးလိုခံစားရပါတယ်။ တခဏတာကြာပြီတဲ့နောက် ထူးဆန်းတဲ့အင်အားတစ်ခုက ဘယ်ဘက်လက်မှာရောက်ရှိလာတာကို သိလိုက်ရတော့တယ်။ ဒီအင်အားက သူ့ခန္ဓာကိုယ်ကနေ ဗဟိုပြုလာတာမဟုတ်ပါဘူး။ အဆုံးစွန်းရေခဲကနေရောက်ရှိလာတဲ့ အအေးဓာတ်ပါ။

ဟို့ယွိဟောင်ရဲ့လက်တွေက ထူးဆန်းကျောက်စိမ်းလက်ကိုအသုံးပြုချိန်မှအရမ်းကိုချောမွေ့ပြီ တောက်ပလာပါတယ်။ ရေခဲဧကရီရဲ့ဆူးချွန်ကို အသုံးပြုချိန်မှာတော့ လက်တစ်ခုလုံးကရေခဲကျောက်စိမ်းအစိုင်အခဲတွေနဲ့ဖုံးလွှမ်းပြီ စိန်ပွင့်လိုအသွင်ပြောင်းသွားခဲ့ပါတယ်။

ဒီအချိန်မှာတော့ ထူးဆန်းကျောက်စိမ်းလက်ကော ရေခဲဧကရီရဲ့ဆူးချွန်ပါ အသက်၀င်နေကြပေမဲ့ သူတို့ကထူးခြားတဲ့ပုံစံအဖြစ်ကို ပြောင်းလဲသွားပါတယ်။ ဟို့ယွိဟောင်ရဲ့ဘယ်ဘက်လက်ကကျောက်စိမ်းတစ်ခုလိုမျိုး ချောမွေ့ပြီတောက်ပနေရုံတင်မက နှင်းဖြူရောင်လိုပြောင်းသွားခဲ့ပါပြီ။ အတော်ကိုတန်ဖိုးကြီးရှားပါးတဲ့နှင်းဖြူရောင်ကျောက်စိမ်းနဲ့ ထွင်းထုထားတဲ့ရုပ်ထုတစ်ခုလိုပါပဲ။

ထိုက်တန်ကတော့ ကြောက်စရာကောင်းတဲ့အအေးဓာတ်ခန္ဓာကိုယ်၀င်မလာနိုင်အောင် ၀ိညာဥ်စွမ်းအားကိုအသုံးပြုရင်းခုခံနေခဲ့ပါတယ်။ သူတို့ရဲ့အာရုံတွေကို အပြည့်အ၀လွှင့်ထုတ်လို့ထားခဲ့ပြီ ဟို့ယွိဟောင်ဘယ်နေရာမှာရှိနေလဲဆိုတာ ရှာဖွေနိုင်ဖို့လဲကြိုးစားနေခဲ့တယ်။

အကယ်၍ အစောပိုင်းတုန်းကဟို့ယွိဟောင်ရဲ့စွမ်းရည်တွေကို သဘောကျခဲ့တယ်လို့ပြောရမယ်ဆိုရင် အခုအချိန်မှာတော့ ထိတ်လန့်လို့နေခဲ့ပါပြီ။ သူ့ရဲ့စိတ်၀ိညာဥ်အာရုံခံနိုင်စွမ်းက ဒီလောကထဲမှာထိပ်တန်းဆယ်ဦး၀င်ပါတယ်။ ဒါပေမယ့် လက်ရှိအချိန် ဒီနယ်မြေထဲမှာတော့ ဟို့ယွိဟောင်ကို အစက်အ​ပြောက်လေးတစ်ခုဖြစ်အောင် ဖမ်းလို့တောင်မမီနိုင်ခဲ့ပါဘူး။ ဒီနှင်းနဲ့ ရေခဲလောကကြီးမှာဟို့ယွိဟောင်က သူ့ကိုယ်သူကိုယ်ယောင်ဖျောက်သွားသလိုပါပဲ။ သိမ့်မွေ့နူညံ့တဲ့နှင်းမှုန်လေးက လေထဲမှာဆက်တိုက်ဆိုသလို လှည့်ပတ်လို့နေခဲ့ရင်း ပြင်းပြင်းထန်ထန်တိုက်ခိုက်လို့နေခဲ့ပါတယ်။ အအေးဓာတ်တွေ​ကြားမှာ သူတို့ကမီးပွားတွေလိုမျိုးပုံစံနဲ့ထိုက်တန်ကို သိသိသာသာကြီးဖြတ်သန်းပြီ တိုက်ခိုက်လို့နေခဲ့တယ်။

နျိုထန်ကိုယ်တိုင်လဲ အံ့အားသင့်နေခဲ့ပါပြီ။ သူက သူ့ညီနောင်ထိုက်တန်နဲ့ နှစ်ပေါင်းများစွာကြာအောင်ရှိခဲ့တာပါ။ ဒါ့အပြင် အရမ်းကိုနီးနီးကပ်ကပ်လဲရပ်ခဲ့တာဖြစ်ပေမဲ့ ဒီနယ်မြေထဲမှာ ထိုက်တန်ဘယ်နေရာတကယ်ရောက်နေလဲဆိုတာ သူမပြောနိုင်ပါဘူး။ ထိုက်တန်မလှုပ်ရှားနိုင်တာကိုတော့ သူသိပါတယ်။ ဒါကြောင့် ထိုက်တန်ရဲ့အနားကိုရောက်တဲ့အထိ ခန္ဓာကိုယ်လူရိပ်ကို၀ိုးတ၀ါးမြင်ရတဲ့အထိ ခြေလှမ်းတွေဆုတ်ရင်အနားကိုကပ်လာခဲ့ပါတယ်။

ရုတ်တရက်ဆိုသလို ပြင်းထန်နေတဲ့မုန်တိုင်းကြီးက မဖော်ပြနိုင်လောက်တဲ့ပုံစံမျိုးနဲ့ ရပ်တန့်လို့သွားခဲ့ပါပြီ။ ဒီအချိန်အတွင်းမှာအရာအားလုံးက အေးခဲပြီရပ်တန့်သွားသလိုပါပဲ။ လေထဲမှာရှိနေခဲ့တဲ့နှင်းမုန်တိုင်းတစ်ခုချင်းဆီတိုင်းက ရုတ်တရက်ရပ်တန့်လို့သွားပါတော့တယ်။

ဒီလိုဖြစ်ပေါ်လာမှုက နျိုထန်နဲ့ ထိုက်တန်နှစ်ယောက်စလုံးကိုတခဏတာကြောင်အလို့သွားစေခဲ့ပါပြီ။ သတိပေးမှုအလင်းမရှိပဲ နှင်းမှုန်တွေရဲ့တိုက်ခိုက်မှုကြောင့် သူတို့ရဲ့စွမ်းအားတွေက တခဏတာကွယ်ပျောက်လို့သွားခဲ့ရတယ်။ ကောင်းကင်မှာကြီးစိုးနေခဲ့တဲ့ နှင်းမှုန်တွေကသူတို့ရဲ့မြင်ကွင်းကို နောက်တစ်ကြိမ်ဝေ၀ါးသွားစေခဲ့ပါပြီ။ ဒါ့အပြင် အအေးဓာတ်ကလဲ ပျောက်ကွယ်သွားပုံပေါ်သလို လေထုကလဲ ရုတ်တရက်ဆိုသလို နွေးထွေးလို့လာပါတော့တယ်။

” သတိထား ဒါက နွေးထွေးမှုကြားက နူးညံ့သိမ့်မွေ့မှုပဲ နှင်းမဲ့ရေခဲတောင်လာတော့မယ် ”

နျိုထန်က ရုတ်တရက်အော်လိုက်ပါတယ်။ ထိုက်တန်လဲ တုန်သွားခဲ့ပါပြီ။ နျိုထန် သူ့ကိုသတင်းပေးတယ်ဆိုမှတော့ သေချာပေါက် လေးနက်တဲ့ကိစ္စဖြစ်တော့မှာပါ။ နောက်ဆုံးတော့လဲ သူ့ရဲ့အာရုံခံနိုင်စွမ်းက အမြဲတမ်းတိကျပါတယ်။ ဒီလိုအန္တရာယ်ကြုံတော့မယ်လို့ အာရုံခံစားမိချိန်မှာ ချက်ချင်းဆိုသလို ညာဘက်လက်ကိုမြောက်ရင်းနဲ့ လေထဲဲကိုတွန်းသွားပါတော့တယ်။

ရုတ်တရက်ဆိုသလို သူ့ရဲ့ညာဘက်လက်တစ်ခုလုံးအေးကျလို့သွားခဲ့ပါပြီ။ သူလဲထအော်လိုက်ရင်းနဲ့ မျက်စိရှေ့မှာရှိတဲ့အရာကို ဆွဲဖယ်လိုက်ပါတယ်။

မြင်ကွင်းရှင်းလင်းသွားချိန်မှာတော့ ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်လွှင့်သွားတာကို မြင်လိုက်ရပါတယ်။ ဒါ့အပြင် သူ့လက်မောင်းတစ်ခုလုံးကလဲ ထုံသွားခဲ့ပါပြီ။

ဒီပြင်းထန်လွန်လှတဲ့အအေးဓာတ်က ထိုက်တန်ရဲ့လက်မောင်းအပူချိန်ကို သုညဒီဂရီအထိရောက်သွားစေခဲ့ပါတယ်။ သူ့ရဲ့ကျင့်ကြံဆင့်နဲ့တောင် ၀ိညာဥ်စွမ်းအားတွေရှိသမျှအကုန်သုံးပြီးတော့မှသာ အေးခဲသွားတဲ့လက်မောင်းကို ဖြည်းဖြည်းချင်းအရည်ပြန်ဖျော်နိုင်ခဲ့တာပါ။

သူ့သွေးတင်အေးခဲသွားတာမဟုတ်ပဲ ၀ိညာဥ်နဲ့ စိတ်၀ိညာဥ်စွမ်းအားတွေအားလုံးကပါ အေးခဲတဲ့အစိုင်အခဲအဖြစ်ကို ပြောင်းလဲလို့သွားပါတော့တယ်။ သူ့လက်မောင်းတစ်ခုလုံး မတည်ရှိတော့တဲ့အတိုင်းကို ဖြစ်သွားခဲ့ရတာပါ။ ရေခဲတုံးအသွင်ပုခုံးကနေစတင်ပြီပြောင်းလဲလာတာကို သူခံစားမိခဲ့ရပါတယ်။

ဟို့ယွိဟောင်ကတော့ မီတာနှစ်ဆယ်အကွာမှာ ပေါ်လာခဲ့ပါပြီ။ သူဒီလိုပေါ်လာချိန်မှာ အံ့ဩစရာကောင်းလောက်အောင်နှင်းမှုန်တွေအတိုင်း ထပ်မံပျောက်ကွယ်လို့သွားရင်း လွှင့်မျောလို့သွားပြန်ပါတယ်။

သူ့ရဲ့နောက်ဖက်မှာကတော့ လိမ္မော်ရွှေရောင်အလင်းတန်းက လွှင့်မျောလို့နေခဲ့ပြီ ထူးခြားတဲ့မြင်ကွင်းက ဖြစ်ပေါ်လို့လာပါတော့တယ်။ နှင်းလုံးလေးရဲ့ခန္ဓာကိုယ်က စတင်တောက်ပလို့လာခဲ့ပြီ သူမရဲ့ခန္ဓာကိုယ်က ဖြည်းဖြည်းချင်းဆိုသလို ရှည်ထွက်လာခဲ့ပါပြီ။ တခဏတာအတွင်းမှာပဲ သူမကအသက်ဆယ်ခြောက်နှစ် ဆယ်ခုနှစ်အရွယ်ကောင်မလေးတစ်ယောက်အဖြစ်ကိုပြောင်းလဲသွားပါတော့တယ်။

မျက်လုံးတွေကတော့ ပြာလဲ့နေဆဲဖြစ်သလို တောက်ပတဲ့အလှတရားက နှင်းဧကရီနဲ့အဆင့်တူပါတယ်။ သူမကတော့ ပိုပြီးအပြစ်ကင်းစင်ပုံစံရှိသလို တစ်ကြိမ်တစ်ခါတုန်းက ရေခဲကောင်းကင်ဧကရီပိုင်ဆိုင်ခဲ့တဲ့ ကျက်သရေရှိမှုကိုလဲ ပိုင်ဆိုင်လို့ထားခဲ့တယ်။

အရာအားလုံးက တခဏတာအတွင်းဖြစ်သွာခဲ့တာပါ။ ဟို့ယွိဟောင်နဲ့ နှင်းလုံးလေးတို့ပုံစံပြောင်းသွားတာကို ထိုက်တန်မြင်ချိန်မှာတော့ ဟို့ယွိဟောင်ရဲ့ညာဘက်လက်က လေထဲကိုရောက်သွားခဲ့ပါပြီ။

လက်ရှိအချိန်မှာတော့ အရွယ်ရောက်သွားတဲ့ပုံစံနဲ့ နှင်းလုံးလေးကလဲ သူ့ရဲ့ညာဘက်လက်ကိုမြောက်လိုက်ပါတယ်။ သူမရဲ့ခန္ဓာကိုယ်က ဟို့ယွိဟောင်ရဲ့ပေါင်းစည်းထားပုံပါပဲ။ အပြာရင့်ရောင်ဓားတစ်လက်က ဟို့ယွိဟောင်လက်ထဲမှာထွက်ပေါ်လို့လာခဲ့ပါတယ်။ ဒီဓားက ရေခဲသားတွေနဲ့ပြုလုပ်ထားခဲ့တာပါ။

နျိုထန်နဲ့ ထိုက်တန်နှစ်ယောက်စလုံးက ဒီဓားကိုသေချာမမြင်လိုက်ရသေးတဲ့အချိန်မှာပဲ ဟို့ယွိဟောင်ကတော့ ခုတ်ချလိုက်ပါပြီ။ အပြာရင့်ရောင်အလင်းတန်းက အောက်ဖက်ကိုကျဆင်းလာခဲ့တာဖြစ်သလို ယပ်တောင်အသွင်သဏ္ဍာန်အလင်းတန်းပုံရိပ်ကလဲ ဆန့်ထွက်လို့လာပါတော့တယ်။ ဒီကြောက်စရာဓားအလင်းတန်းက လေထုထဲကိုကျရောက်လာချိန်မှာ လိပ်ရဲ့ကျောခွံလိုမျိုးအက်ကွဲမှုတွေက လေထဲမှာပေါ်လာခဲ့ပါတယ်။ လေဟာနယ်ကြီးတစ်ခုလုံး အစိတ်စိတ်အမွှာမွှာခွဲထုတ်ခံနေရသလိုပါပဲ။

” တုနှိုင်းမဲ့အအေးဓာတ် ဧကရီရဲ့ဓား ”

နျိုထန် ချက်ချင်းပြောလိုက်မိတယ်။ နှင်းလုံးလေးက ဟို့ယွိဟောင် ဓားနဲ့ခုတ်ချလိုက်ချိန်မှာပဲ သူ့ခန္ဓာကိုယ်နဲ့ ပြန်ခွဲလို့သွားခဲ့ပါပြီ။ အဲ့ဒီနောက် သူမကဘယ်ဘက်လက်ကို အသုံးပြုရင်း ထိုက်တန်ကိုညွှန်ပြလို့နေခဲ့ပါတယ်။ ဟို့ယွိဟောင်ကတော့ မသိလိုက်မသိဘာသာနဲ့ ဘယ်ဘယ်လက်ကိုမြောက်လိုက်မိတယ်။ ဒါပေမယ့် တစ်စုံတစ်ရာလွဲမှားနေတာကို သတိထားမိလိုက်တဲ့အတွက် သူပြောလိုက်မိပါတယ်။

” နှင်းလုံးလေး ငါတို့ဒီလိုလုပ်လို့မရဘူး ”

နှင်းလုံးလေးကတော့ သူ့ဖက်ကိုပြန်လှည့်ကြည့်ပါတယ်။

ထိုက်တန်ရဲ့ဖက်မှာတော့ ကျယ်လောင်တဲ့ပေါက်ကွဲသံကြီးက ဖြစ်ပေါ်လာခဲ့ပါပြီ။ သူကတော့ သူ့ရဲ့ဘယ်ဘက်လက်ကိုအသုံးပြုရင်း ဒီနှင်းဖြူရောင်ဓားအလင်းတန်းကို ခုခံနေခဲ့တာပါ။ ဟို့ယွိဟောင်ရဲ့ဓားကလဲ ဓားအလင်းတန်းကိုဖန်တီးပြီတာနဲ့ ပျောက်ကွယ်သွားခဲ့ပြန်ပါပြီ။

ဟို့ယွိဟောင်ရဲ့တိုက်ခိုက်မှုကို ခုခံရင်း ထိုက်တန်ရဲ့လေထဲမှာတင်နှစ်ဆကြီးမားလို့လာခဲ့ပါတယ်။ ဒါ့အပြင် အနက်ရောင်အမွေးအမျှင်တွေကလဲ သူ့ခန္ဓာကိုယ်မှာဖြစ်ပေါ်လို့လာခဲ့ပါပြီ။ သူ့ရဲ့ကြီးမားတဲ့ခန္ဓာကိုယ်ကြီးက ချက်ချင်းဆိုသလို ကြောက်စရာကောင်းတဲ့အရှိန်အ၀ါတွေနဲ့ ပြည့်နှက်လို့သွားခဲ့ပြီ ညာဘက်လက်မောင်းကလဲ ချက်ချက်းဆိုသလို မူလအခြေအနေကိုပြန်ရောက်လို့သွားခဲ့ပါတယ်။

ဒါပေမယ့် အပြာရင့်ရောင်အလင်းတန်းသူ့ကိုတိုက်ခိုက်ချိန်မှာတော့ ရေခဲရုပ်ထုကြီးအဖြစ်ပြောင်းလဲလို့သွားဆဲပါ ဒီတစ်ကြိမ်မှာတော့ သူ့ရဲ့သိုင်းပညာ၀ိညာဥ်ကို သူ မထုတ်လွှတ်လိုက်ရသေးပါဘူး။ ရေခဲထဲကနေ အပြည့်အ၀ဖောက်ထွက်ဖို့အတွက် တစ်စက္ကန့်အထိကြာမြင့်ခဲ့ပါတယ်။

ဒီတစ်စက္ကန့်က အရမ်းအရေးကြီးလွန်တဲ့ကိစ္စပါ။ ဘာကြောင့်လဲဆိုတော့ ဒီစက္ကန့်ကိုကျော်လွန်ပြီတာနဲ့ ထိုက်တန် သူ့ရဲ့သိုင်းပညာ၀ိညာဥ်ကို ထုတ်လိုက်ရလို့ပါပဲ။ ထူးကဲသာလွန်သော့်လော့တစ်ယောက်ဖြစ်တဲ့သူ့ရဲ့အစွမ်းအစတွေက သိသိသာသာကြီးကို မြင့်မားပါတယ်။ ဒါပေမယ့် ဟို့ယွိဟောင်နဲ့ နှင်းဧကရီရဲ့စိတ်၀ိညာဥ်နှစ်ခုထဲကြောင့်တင် သူ့ကတစ်စက္ကန့်လောက်အထိအေးခဲသွားတာပါ။

” အထင်ကြီးစရာပဲ ”

ထိုက်တန်က ဟို့ယွိဟောင်ကိုမတိုက်ခိုက်ခဲ့ပါဘူး။ အခုအချိန်မှာတိုက်ခိုက်လိုစိတ်လဲမရှိတော့ပဲဖြစ်ခဲ့ပါတယ်။ သူလန့်သာလန့်နေခဲ့တယ်။

နှင်းဧကရီရဲ့စိတ်၀ိညာဥ်ကတော့ နှင်းလုံးလေးအဖြစ်ကို ​ပြန်ကျုံ့လို့သွားခဲ့ပါပြီ။ သူက ဟို့ယွိဟောင်ရဲ့ဘေးကို ပြန်ရောက်လို့သွားပါတော့တယ်။ သူ့ကြည့်ရတာ အတော်မောပန်းသွားပုံပါပဲ။ ဟို့ယွိဟောင်ကို သိပ်ပြီစိတ်မကြည်တဲ့ပုံရတဲ့အတွက် သူ့ရဲ့လက်နှစ်ဖက်ကိုအသုံးပြုရင်း ဟို့ယွိဟောင်ရဲ့ဆံပင်တွေကို သွားပြီဖွနေတော့တယ်။

” ဦးလေးထိုက်က ရန်သူမဟုတ်ဘူးလေ ”
ဟို့ယွိဟောင်က အလေးအနက်ပြောလာခဲ့ပါတယ်။

” ငါတို့သူ့ကိုဘယ်လိုလုပ်ထိခိုက်အောင်လုပ်လို့ရမလဲ ”

ထိုက်တန်ကတော့ ဒါကိုကြားချိန်မှာ သွေးအန်လုမတတ်တောင်ဖြစ်သွားခဲ့ပါတယ်။

” မင်းဘာတွေပြောနေတာလဲ ငါကိုထိခိုက်အောင်လုပ်မယ်တဲ့လား ငါကသော့်လော့ကွ သော့်လော့ ဒါ့အပြင် ငါကထူးကဲသာလွန်သော့်လော့လဲဖြစ်နေသေးတယ်…မင်းကိုယ်မင်းသော့်လော့များထင်နေတာလား ”

ထိုက်တန်ကတော့ မကျေမနပ်နဲ့ ထအော်ပါတော့တယ်။

” ကောင်စုတ်လေး မင်းရှိသလောက်အစွမ်းထုတ်စမ်း ငါကိုထုတ်ပြစမ်း ”

” ဘာထုတ်ပြရဦးမှာလဲ မင်းရှုံးသွားပြီလေ ”

နျိုထန်က ထိုက်တန်ရဲ့တင်ပါးကိုကန်ရင်း သူ့ကိုပြန်အော်ပါတော့တယ်။

” ငါဘယ်လိုလုပ်ရှုံးရမလဲအစ်ကိုကြီးရဲ့ ”

ထိုက်တန်က သူ့ကိုမျက်စောင်းထိုးပေမဲ့ ချက်ချင်းနားလည်လို့သွားပါတော့တယ်။

” အဲ့ဒါမသိလိုက်ပဲဖြစ်တာ မသိလိုက်ပဲဖြစ်တာ ”

” မင်းအဲ့ဒီလိုပဲ ကပ်သီးကပ်ဖက်လုပ်နေဦးမှာလား မင်းရှုံးတယ်ဆိုက ရှုံးသွားတာပဲ ဘာကြောင့်ပြချက်မှပေးစရာမှမလိုဘူး ဒါ့အပြင် ရှုံးတာကတရားမျှမျှတတနဲ့ရှုံးတာ အစောပိုင်းတုန်းက နှင်းလုံးလေးကမင်းကိုသူ့ရဲ့၀ိညာဥ်စွမ်းရည်တစ်ခု ဆက်တိုက်မသုံးခဲ့လို့သာ မင်းအထိမနာခဲ့တာ အဲ့ဒီတိုက်ခိုက်မှုကိုသာ သူလုပ်လိုက်မယ်ဆိုရင် မင်းတော်တော်လေးထိခိုက်သွားနိုင်တယ်…အစောပိုင်းတုန်းက အန္တရာယ်အငွေ့အသက်ကိုခံစားမိလို့ သိုင်းပညာ၀ိညာဥ်ကိုတောင် ထုတ်လိုက်ရတယ်မလား ဟုတ်တယ်ဟုတ် မဟုတ်ရင် မင်းရဲ့မသိစိတ်ကသတိပေးတဲ့ခံစားချက်ဆိုတာ ဘာများအသုံး၀င်ဦးမှာလဲ ”

” အဲ့ဒီလိုဖြစ်သွားတာကို ”

ထိုက်တန်လဲ ရိုးရိုးသားသားနဲ့ မငြင်းပယ်ခဲ့ပါဘူး။ နျိုထန်ကတော့ ဟို့ယွိဟောင်ကိုပြောလာခဲ့တယ်။

” ဘယ်လိုလုပ်လိုက်တာလဲ ဘယ်လိုခံစားရလဲ မင်းမသုံးရသေးတာရှိသေးလား အကယ်၍ ငါထင်သာမမှားဘူးဆိုရင် မင်းတို့နှစ်ယောက်က ၀ိညာဥ်စွမ်းရည်သုံးခုကိုပဲသုံးရသေးတယ်တစ်ခုကျန်သေးတယ်ဟုတ် ”

နှင်းလုံးလေးက ဟို့ယွိဟောင်ဆီကို၀ိညာဥ်စက်ကွင်းလေးခုတိတိ ထည့်ပေးနေခဲ့တာပါ။ ဟို့ယွိဟောင်လဲ ခေါင်းခါလိုက်ပါတယ်။

” ကျွန်တော်လဲအကြောင်းအရင်းတော့မသိရသေးဘူး…နှင်းလုံးလေးက သူ့ရဲ့လေးခုမြောက်၀ိညာဥ်စက်ကွင်းကိုမသုံးလိုက်ဘူး.. သူလဲဘာတွေဖြစ်နေလဲမသိဘူးတဲ့ ”

နျိုထန်ကတော့ ခေါင်းညိတ်လိုက်ပါတယ်။ အဲ့ဒီနောက် ချက်ချင်းဆိုသလို အနားကိုလျှောက်လာခဲ့တယ်။ ဟို့ယွိဟောင်ကို သူလေးလေးနက်နက်သူစိုက်ကြည့်ပြီတဲ့နောက် တကယ်ကိုစိတ်ရင်မှန်ကန်ပြီ လေးနက်တဲ့စကားလုံးတွေသူပြောလာခဲ့ပါတယ်။

” မင်းအခုအချိန်ကနေစပြီ ကိုယ့်ဘာသာကိုယ်ဆက်လက်ရှင်သန်နိုင်ပြီ အစွမ်းအစရှိတယ်လို့ပြောရမယ်…နှင်းဧကရီရဲ့ ပြိုင်ဘက်ကင်းနည်းလမ်းသုံးသွယ်က တကယ်ကိုအထင်ကြီးစရာကောင်းတာပဲ နှင်းဧကရီကိုကျော်ကြားစေတဲ့ ဒီပြိုင်ဘက်ကင်းအစွမ်းအစသုံးမျိုးက ဒီစိတ်၀ိညာဥ်စွမ်းအားကနေတစ်ဆင့် လွဲပြောင်းသွားမယ်လို့ ငါတကယ်မမျှော်လင့်ထားခဲ့မိဘူး ”

” သူတို့က ၀ိညာဥ်စက်ကွင်းလေးခုအဖြစ် ပေါက်ကွဲထွက်လို့သွားခဲ့ပေမဲ့ ဘယ်၀ိညာဥ်စွမ်းရည်မဆို နှင်းဧကရီရဲ့နှစ်ခုနှစ်သိန်းကျင့်ကြံမှုကနေရရှိလာတဲ့၀ိညာဥ်စွမ်းရည်နဲ့ အနှစ်သာရတွေကြီးပဲ ဒါ့အပြင် သာမန်နှစ်တစ်သိန်း၀ိညာဥ်စွမ်းရည်ထက်ကိုအများကြီးထူးကဲသာလွန်နေသေးတယ်…ဒါ့အပြင် သူကမင်းနဲ့ပြီးပြည့်စုံအောင် လိုက်ဖက်ညီနေတာ ”

” နှင်းဧကရီကို ကျော်ကြားစေတဲ့ နည်းလမ်းသုံးခုလား ”

ဟို့ယွိဟောင်လဲ နျိုထန်ကိုကြည့်ရင်း နားမလည်နိုင်ဖြစ်နေခဲ့ပါတယ်။ အစောပိုင်းတုန်းက သူသုံးခဲ့တဲ့စွမ်းအားတွေကို နျိုထန်အော်နေခဲ့ပေမဲ့ သူဘာမှန်းမသိလိုက်ရပါဘူး။ ဒါကြောင့် ဒီအချိန်မှာတော့ လေ့လာဖို့အချိန်ရောက်ပြီလို့တွေးလိုက်မိပါတယ်။

” ကြည့်ရတာ အမျက်ဒေါသကျောင်းတော်က မဟာရူးသွပ်သားရဲကောင်ဆယ်ကောင်နဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေကို အများကြီးမရှင်းပြရသေးတဲ့ပုံပဲ ”

နျိုထန်က ပြန်ဖြေလာခဲ့ပါတယ်။

အပိုင်း ၂၀၀•၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset