Switch Mode

Chapter – 200.2

ပြီးပြည့်စုံတဲ့ လိုက်လျောညီထွေဖြစ်မှု အဆုံးစွန်းရေခဲကြားက နှင်းမှုန်အက

အပိုင်း ၂၀၀•၂

” ပြီးပြည့်စုံတဲ့ လိုက်လျောညီထွေဖြစ်မှု အဆုံးစွန်းရေခဲကြားက နှင်းမှုန်အက ”
°°°
ပုံရိပ်ယောင်တွေကြားမှာဖုံးကွယ်ရင် ဟို့ယွိဟောင်က ထိုက်တန်ရဲ့ဘေးကို အရောက်သွားခဲ့ပါပြီ။ သူကရုတ်တရက်ဆိုသလို ခုန်ပျံလိုက်ပြီတဲ့နောက် ထိုက်တန်ရဲ့ပုခုံးကို ညာဘက်လက်နဲ့အသုံးပြုရင်း ရိုက်ချဖို့လုပ်ပါတယ်။

ထိုက်တန်ကတော့ ဒီအတိုင်းရိုက်ခွင့်ပြုလိုက်တယ်။ အဲ့ဒီနောက် သူ့ရဲ့ဘယ်ဘက်လက်မောင်းကို ခါထုတ်လိုက်ပြီ ဟို့ယွိဟောင်ကို တန်ပြန်တိုက်ခိုက်ပါတယ်။ ကြည့်ရုံနဲ့တင် နှစ်ဖက်စလုံးက ဒီတိုက်ခိုက်မှုကြောင့်ထိခိုက်မဲ့ပုံပါပဲ။ ဒါပေမယ့် ဟို့ယွိဟောင်ကတော့ တကယ်တမ်းထိမိခိုက်မိဖြစ်မယ်ဆိုရင် သူသာလွှင့်သွားမဲ့သူဖြစ်တယ်လို့ နားလည်နေခဲ့တယ်။ ဒါပေမယ့် မြစိမ်းရောင်အလင်းတန်းက အရမ်းကိုပြင်းပြင်းထန်ထန် တောက်ပလို့လာခဲ့ပြီတဲ့နောက် ဟို့ယွိဟောင်ရဲ့အနားမှာရှိတဲ့ နယ်မြေတွေအားလုံးက အင်မတန်ကိုအေးစက်လို့သွားပါတော့တယ်။ ဒါကတော့ ရေခဲရုပ်ထုနယ်မြေပါ။

ထိုက်တန်ရဲ့ကျင့်ကြံဆင့်က အင်မတန်ကိုမြင့်မားပေမဲ့ ဒီလိုနယ်မြေထဲကို ရောက်သွားချိန်မှာတော့ သူကိုယ်တိုင်းလဲအတော်လေးကို ခိုက်ခိုက်တုန်အေးသွားခဲ့ရပါတယ်။ ချွန်ထက်တဲ့ဓားသွားတွေကတော့ ဟို့ယွိဟောင်ရဲ့ညာဘက်လက်ဆီကနေ ထွက်လာခဲ့ပါပြီ။ ဒါကတော့ ရွှေအိုရောင်အကြောက်တရားလက်သည်းတွေပါ။

ထိုက်တန်နဲ့ တိုက်ခိုက်ချိန်မှာ ဟို့ယွိဟောင်ဘာမှချုပ်တည်းထားစရာမလိုပါဘူး။ ချက်ချင်းဆိုသလို ရွှေအိုရောင်အကြောက်တရားလက်သည်းတွေရဲ့အပြည့်အစုံပုံစံကို စတင်အသုံးပြုပါတော့တယ်။ သူဒီတိုက်ခိုက်မှုအတွက် အတော်လေးကို ထိန်းချုပ်ထားခဲ့ရတာပါ။ ကြီးမားတဲ့လက်သည်းကြီးတွေက ဆယ်မီတာကျော်အထိ ရှည်လျားလို့သွားခဲ့ပြီတဲ့နောက် ရွှေအိုရောင်ရင့်ရင့်အလင်းတန်းတွေကလဲ မိုးကောင်းကင်နဲ့ မြေပြင်ကိုဖြတ်ထုတ်ချင်တဲ့အတိုင်း ဖြစ်ပေါ်လာပါတော့တယ်။

ထိုက်တန်ကတော့ ထိတ်လန့်နေခဲ့ရပါပြီ။ သူ့လန့်သွားပြီချိန်မှာပဲ ဘယ်ဘက်လက်မောင်းကိုမြောက်ရင်းတားဆီးလိုက်ပါတော့တယ်။

” သတိထား ”

ဟို့ယွိဟောင်စိတ်မထိန်းနိုင်ပဲ အော်ဟစ်ပြီသတိပေးလိုက်မိတယ်။ ထိုက်တန်ကိုစိန်ခေါ်တဲ့အချိန် သူ့မှာရည်ရွယ်ချက်တစ်ခုသာ ရှိပါတယ်။ ထိုက်တန်ရဲ့သိုင်းပညာ၀ိညာဥ်ထွက်လာအောင် စိန်ခေါ်နိုင်နေသရွေ့ သူ့စိတ်အဆင်ပြေမှာပါ။ ဒါပေမယ့်တစ်ဖက်လူက ဒီလိုအခြေအနေမျိုးမှာတောင် သူ့ရဲ့သိုင်းပညာ၀ိညာဥ်ကို ထုတ်မသုံးခဲ့ပါဘူး။ ခန္ဓာကိုယ်ကိုသာအသုံးပြုရင်း ရွှေအိုရောင်အကြောက်တရားလက်သည်းတွေကို ရင်ဆိုင်နေခဲ့တယ်။

ဒါပေမယ့် ဟို့ယွိဟောင်ရဲ့စကားတွေကတော့ ဒီအတိုင်းလေထဲမှာပျောက်သွားခဲ့ပါပြီ။ အကြောက်တရားလက်သည်းတွေက မြေပြင်ပေါ်မှာနက်ရှိုင်းတဲ့အမှတ်အသားငါးခုကို ကျန်ရှိစေခဲ့သလို တောင်ထိပ်တစ်ခုလုံးကလဲ အနည်းငယ်တုန်ခါသွားခဲ့တယ်။ ထိုက်တန်ကရောအခြေအနေဘယ်လိုပါလဲ သူကတော့ဘာမှမဖြစ်သွားတဲ့အတိုင်း အဲ့ဒီနေရာမှာရပ်နေခဲ့တာပါ။ သူ့အင်္ကျီသာ နည်းနည်းပြဲသွားခဲ့ပါတယ်။

” ကောင်စုတ်လေး မင်းတော့ဒီအင်္ကျီအတွက် လျော်ကြေးပေးရတော့မယ် ”
ထိုက်တန်က ရယ်မောလိုက်ပါတယ်။

သူအဆင်ပြေတယ်ဆိုတာကို သိသွားပြီတဲ့နောက် ဟို့ယွိဟောင်လဲ ချက်ချင်းဆိုသလို တန်ပြန်တိုက်ခိုက်ပါတော့တယ်။ မြစိမ်းပြာရောင်အလင်းတန်းက သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံသွားပြီတဲ့နောက် ရေခဲအလင်းတန်းတွေက သူနောက်ကျောအရိုးဖက်တွေမှာ စတင်ပြီပေါ်ထွက်လာပါတော့တယ်။ ရေခဲရုပ်ထုနယ်မြေထဲကို ၀င်ရောက်ပြီချိန်မှာတော့ ဒီမြစိမ်းပြာရောင်အလင်းတန်းက ထိုက်တန်ရဲ့အရေပြားပေါ်မှာရှိတဲ့ ရေဓာတ်တွေအားလုံးကို စုပ်ယူလိုက်ပါပြီ။

ထိုက်တန်လဲ နောက်တစ်ကြိမ်မျက်လုံးပြူးသွားခဲ့ပြန်ပါတယ်။ ဒါပေမယ့် ရေခဲဧကရီရဲ့အမျက်ဒေါသက သူ့ကိုဘာထိခိုက်စေမှုမှ မဖြစ်စေနိုင်ပါဘူး။ တားဆီးဖို့တောင် မဖြစ်နိုင်ခဲ့ပဲ ထိုက်တန်က အေးအေးဆေးဆေးရှိနေခဲ့ပါတယ်။

ဟို့ယွိဟောင်ကတော့ မကျေမနပ်ဖြစ်လာခဲ့ပါပြီ။ သူရှိသမျှနည်းလမ်းအားလုံးကို အသုံးပြုနေခဲ့တာပါ။ အကယ်၍ စိတ်၀ိညာဥ်ထိတ်လန့်မှုကိုသုံးမယ်ဆိုရင် သူ့ဘာသာသူပြဿနာတက်သွားနိုင်တာကို သိတဲ့အတွက် မသုံးပဲချန်ထားခဲ့ပါတယ်။

၀ိညာဥ်လက်နက်တွေကို ထုတ်မသုံးသရွေ့သော်လည်းကောင်း ပိုသန်မာတဲ့စွမ်းရည်တွေမရှိရင်သော်လည်းကောင်း အခုလက်ရှိအချိန်မှာ သူဘာမှလုပ်လို့မရပါဘူး။ တကယ်သန်မာတဲ့လူတစ်ယောက်ရဲ့အရှေ့မှာ သူ့ရဲ့အစွမ်းအစတွေအားလုံးက အလာဟသဖြစ်သွားရပါလိမ့်မယ်။

သူတို့တွေက အရမ်းကြီးကွာခြားချက်များနေတယ်ဆိုတာ သူ့ရဲ့ကျင့်ကြံဆင့်နှိမ့်နေခဲ့လိုပါ။ ဒါပေမယ့် ဒါကလဲဆိုးတဲ့သတင်းတော့မဟုတ်ခဲ့ပါဘူး။ ဒီတော့ ဆက်တိုက်တိုက်ခိုက်ပြီတဲ့နောက် သူ့ရဲ့ငါးခုမြောက်၀ိညာဥ်စက်ကွင်းရပြီချိန်မှာ တိုးတက်လာတဲ့ကျင့်ကြံဆင့်ကတော့ ဟို့ယွိဟောင် ခံစားမိနေခဲ့ပါတယ်။ ၀ိညာဥ်စွမ်းရည်တွေသုံးချိန်မှာ စိတ်၀ိညာဥ်စွမ်းအားကုန်ဆုံးမှုက သိသိသာသာကို လျော့ကျလို့သွားခဲ့တယ်။ အစောပိုင်းတိုက်ခိုက်မှုပြီးဆုံးချိန်မှာ နှစ်ဆယ်ရာခိုင်နှုန်းသာ ကုန်ဆုံးပါသေးတယ်။ ဒါ့အပြင် သူအသုံးပြုလိုက်တဲ့ ၀ိညာဥ်စွမ်းအားအားလုံးကလဲ အတော်ကိုသန်မာတဲ့၀ိညာဥ်စွမ်းရည်တွေပါ။ ကံကြမ္မာမျက်လုံးကိုတောင် အသုံးပြုခဲ့ပါပြီ။ အရင်တုန်းကသုံးခဲ့မယ်ဆိုရင် ကံကြမ္မာမျက်လုံးတစ်ခုထဲနဲ့တင် ၀ိညာဥ်စွမ်းအားတစ်၀က်နီးပါးက ကုန်သွားပါလိမ့်မယ်။

ဒါပေမယ့် ဘယ်အရာကမှထိုက်တန်ကို ထိခိုက်တဲ့ပုံမပေါ်ပါဘူး။

” ကလေး မင်းလုပ်နိုင်တာဒါအကုန်ပဲလား နောက်ထပ် ထပ်မရှိတော့ဘူးလား ”

ထိုက်တန်ကတော့ သူ့ခန္ဓာကိုယ်ပေါ်က ရေခဲတွေကိုလက်နဲ့ခါချနေရင်း သူ့ရဲ့ပြဲသွားတဲ့အင်္ကျီလက်ကိုကြည့်ကာ ပြောလာခဲ့ပါတယ်။ ဒီဆက်တိုက်တိုက်ခိုက်မှုတွေကြောင့် ဟို့ယွိဟောင်ရဲ့ကျင့်ကြံဆင့်ကို သူပိုပြီးနားလည်လာခဲ့ပါပြီ။

ဟို့ယွိဟောင် အသုံးပြုလိုက်တဲ့၀ိညာဥ်စွမ်းရည်တွေကအဆုံးသတ်မှာလဲ သိပ်ပြီအထင်ကြီးစရာမကောင်းခဲ့ပါဘူး။ သူ့ရဲ့အဆုံးစွန်းရေခဲကလဲ မခြိမ်းခြောက်နိုင်ပဲရှိခဲ့ပါတယ်။

သူ့ကိုလန့်သွားစေတဲ့တစ်ခုတည်သောအရာကတော့ ပထမဆုံးအကြိမ်မှာအသုံးပြုလိုက်တဲ့လက်သီးပါ။ ဒီလက်သီးက စိတ်၀ိညာဥ်စွမ်းအားအရှိန်အ၀ါနဲ့ ၀ိညာဥ်စွမ်းအားတွေအားလုံးပါ ပူးပေါင်းပါ၀င်နေခဲ့တာကြောင့် ထိုက်တန်ကို အထင်ကြီးသွားစေခဲ့ပါတယ်။ ဒီလက်သီးတစ်ချက်ထဲနဲ့တင် ၀မ်သုန့်က ဟို့ယွိဟောင်ရဲ့ပြိုင်ဘက်မဟုတ်ဘူးလို့ ထိုက်တန်အတည်ပြုသွားနိုင်ခဲ့ပါပြီ။ ဟို့ယွိဟောင်ကတော့ ရယ်မောရင်းပြန်ဖြေလိုက်ပါတယ်။

” ကျွန်တော်က ဦးလေးထိုက်နဲ့ယှဥ်လိုက်ရင်း အတော်ကိုနှိမ့်ပါးလွန်နေပါသေးတယ် ”

ဒီအချိန်မှာ နှင်းလုံးလေးရဲ့အသံက ထွက်ပေါ်လာခဲ့ပါပြီ။ သူမက ဟို့ယွိဟောင်အရှေ့ကိုလွှင့်မျောလာခဲ့ရင်း မကျေမနပ်ပုံစံနဲ့ သူမကိုသူမလက်ညိုးထိုးပြီပြောနေခဲ့ပါတယ်။

” မင်းရှိသေးတယ်လို့ ပြောချင်တာလား ဒါဆိုရင် ခုနတုန်းကဘယ်ပျောက်သွားတာလဲ ”

နှင်းလုံးလေးကတော့ ထိုက်တန် အင်မတန်ကိုသဘောကျသွားစေတဲ့သေးငယ်တဲ့လှုပ်ရှားမှုကို လုပ်နေခဲ့ပါတယ်။ သူမက ခေါင်းငုံ့ရင်းလက်ညိုးနှစ်ချောင်းကို အရှေ့ဖက်ဆီထိုးကာ မကျေမနပ်ပုံစံရှိနေခဲ့တယ်။

ဟို့ယွိဟောင်ကတော့ သူ့ကိုချက်ချင်းသွားပြီ နှစ်သိမ့်ရပါပြီ။

” မစိုးရိမ်နဲ့ ငါတို့က ဦးလေးထိုက်နဲ့ အရမ်းအလှမ်းဝေးကွာလွန်တာကြောင့် ငါတို့ရှုံးတာပုံမှန်ပဲလေ ”

နှင်းလုံးလေးကတော့ ထပ်ပြီအော်နေခဲ့ပါပြီ။ သူမ ဘယ်လောက်အထိမကျေမနပ်ဖြစ်နေလဲဆိုတာ သူပြောတဲ့စကားကိုနားမလည်တဲ့ ထိုက်တန်တောင်သိနေခဲ့တယ်။

” သူဘာတွေပြောနေတာလဲ ”
ထိုက်တန်က မေးလာခဲ့ပါတယ်။

” သူပြောတာနောက်တစ်ခေါက်လောက်ကြည့်တဲ့ ”

” လာလိုက်လေ နောက်တစ်ခေါက်ကြိုးစားကြည့်တာပေါ့ အားဟုတ်သား ငါကမင်းရဲ့အစွမ်းအစတွေကို နားလည်အောင်လုပ်ဖို့အာရုံစိုက်နေရတာနဲ့ ​ဒေါသထွက်ဖို့မေ့သွားတာ ”

ဟို့ယွိဟောင်လဲ ရယ်နေခဲ့ပါတယ်။ ထိုက်တန်ရဲ့စိတ်အပြောင်းအလဲက အတော်ကိုမြန်တဲ့ပုံပါပဲ။ ဒါကလဲ အတော်ကိုချစ်စရာကောင်းပါတယ်။

ဟို့ယွိဟောင်ကတော့ နှင်းလုံးလေးကိုကြည့်ရင်း ပြောလာခဲ့တယ်။

” ဒါဆိုအားလုံးမင်းကိုပဲမှီခိုရတော့မှာပေါ့ ဟုတ်တယ်ဟုတ် ”

နှင်းလုံးလေးကတော့ ခေါင်းမော့ရင်ကော့ရင်းအာမခံနေခဲ့ပါတယ်။ သူမရဲ့၀တ်ရုံဖြူလေးကတော့ လေထဲမှာဆက်တိုက်လှုပ်ရှားနေခဲ့ပါပြီ။ အကယ်၍ တစ်စုံတစ်ရာသာသူမကို၀ိညာဥ်မှန်းမသိဘူးဆိုရင် ဒီကလေးမလေးတစ်ယောက် ခြေထောက်တွေလက်တွေအတော်အေးနေမှာပဲလို့ တွေးမိမှာအမှန်ပါ။

ဟို့ယွိဟောင်လဲ ချက်ချင်းဆိုသလို မျက်မှောင်ကြုတ်ရင်းနဲ့ သူမရဲ့စိတ်ချင်းဆက်သွယ်လိုက်ပါတယ်။ လက်ရှိအချိန်မှာ သူမရဲ့ အမြင်နဲ့တိုက်ခိုက်လိုစိတ်ကို အာရုံခံနေခဲ့တာပါ။ ချက်ချင်းဆိုသလို သူ့ရဲ့မျက်လုံးတွေက အရောင်လက်လာပါတော့တယ်။ မကြာခင်မှာပဲ နှင်းလုံးလေးက သူမရဲ့ညာဘက်လက်ကိုမြောက်လိုက်ပါပြီ။ သူမက ဒီညာလက်ကိုအတော်ကိုအားသုံးပြီ မြောက်နေရပုံပါပဲ။ အဲ့ဒီနောက် သူ့ရဲ့လက်ကလေးတွေကိုမိုးကောင်းကင်ဆီဆန့်ထုတ်လိုက်ပါတယ်။ ပြာလဲ့နေတဲ့မျက်လုံးတွေက အင်မတန်ကိုအလေးအနက်ထားဟန်ပုံပေါ်နေခဲ့ပေမဲ့ ဒီလိုအသွင်သဏ္ဍာန်လေးကို ဖော်ပြနိုင်တဲ့စကားကတစ်ခွန်းသာရှိပါတယ်။ အင်မတန်ကို​ချစ်စရာကောင်းလွန်လှတယ်။

ထိုက်တန်လဲ ဒီကလေးမလေးကို မချစ်ပဲမနေနိုင်ပါဘူး။ သူဘယ်လိုပဲကြည့်ပါစေ ကလေးမလေးက အင်မတန်ကိုချစ်စရာကောင်းနေခဲ့ပါတယ်။ ဒါ့အပြင် သူ့ကိုအနိုင်ကျင့်တဲ့ပုံစံလေးကိုလဲ သဘောကျနေခဲ့တယ်။

နှင်းလုံးလေးက အော်ဟစ်လိုက်ချိန်မှာ အံ့ဩစရာကောင်းတဲ့မြင်ကွင်းတစ်ခုက ဖြစ်ပေါ်လို့လာခဲ့ပါပြီ။

ဟို့ယွိဟောင်ခန္ဓာကိုယ်ပေါ်မှာရှိနေတဲ့ မြစိမ်းပြာရောင်အလင်းတန်းက အပြင်ကိုအများကြီးဆန့်ထွက်လို့လာခဲ့ပါတယ်။ ဒါကတော့ ရေခဲရုပ်ထုနယ်မြေပါ။ တစ်ချိန်ထဲမှာပဲ သိပ့်သည်းတဲ့လိမ္မော်ရွှေရောင်အလင်းတန်းတွေက နှင်းလုံးလေးရဲ့ခန္ဓာကိုယ်ဆီကနေ အပြင်ကိုပြန့်ထွက်လာခဲ့ပါတယ်။ ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ပေါ်မှာရှိနေတဲ့ လိမ္မော်ရောင်၀ိညာဥ်စက်ကွင်းလေးခုထဲမှာ ဒုတိယမြောက်တစ်ခုက စတင်ပြီတောက်ပလို့လာခဲ့ပါပြီ။

ပြင်ပလေအပူချိန် သိသိသာသာကိုလျော့ကျသွားပြီတဲ့နောက် အနှုတ်နှစ်ဆယ်ဒီဂရီအောက်အထိကို ရောက်ရှိလို့သွားပါတော့တယ်။ ဒါ့အပြင် ဒီအပူရှိန်အသစ်က ကြည်လင်ကောင်းကင်တောင်ထိပ်တစ်ခုလုံးကို လွှမ်းခြုံလို့သွားခဲ့တာပါ။

တောင်တစ်ခုလုံးက ရေခဲတွေနှင်းတွေအပြည့်နဲ့ လောကကြီးကို ပြောင်းလဲလို့သွားပါတော့တယ်။ သိပ့်သည်းတဲ့နှင်းမုန်တိုင်းကြီးက သန်မာအားကောင်းတဲ့လေတွေနဲ့အတူ ပြင်းပြင်းထန်ထန်ဒေါသပုန်ထနေခဲ့ပါတယ်။ သူတို့သုံးယောက်တောင်မှ တစ်ယောက်ကိုတစ်ယောက်မမြင်နိုင်အောင်ဖြစ်နေခဲ့ပါပြီ။

ဒီလိုအခြေအနေမျိုးမှာ ထိုက်တန်နဲ့ နျိုထန်တို့တောင်သူတို့ရဲ့၀ိညာဥ်စွမ်းအားကိုလှည့်ပတ်ရင်း အအေးဓာတ်ကိုခုခံနေခဲ့ရပါတယ်။ လက်ရှိအချိန်မှာ ဟို့ယွိဟောင်ရဲ့တည်နေရာကို မထောက်လှမ်းနိုင်တော့တဲ့အတွက် ထိုက်တန်လဲ အံ့အားသင့်သွားခဲ့ရတယ်။

သူ့လိုအဆင့်မျိုးက ပြိုင်ဘက်ရဲ့တည်နေရာကိုသိဖို့ မျက်လုံးကိုသုံးစရာမလိုပါဘူး။ သူဒီအတိုင်းခံစားနိုင်ပါတယ် ဒါပေမယ့် ဒီနှင်းမုန်တိုင်းက အရှိန်ပြင်းလွန်လှတာကြောင့် ဘာကိုမှအာရုံမခံမိပါဘူး။ သူ့ရဲ့အာရုံခံနိုင်စွမ်းတွေကို ချိတ်ပိတ်ခံလိုက်ရတဲ့အတိုင်းပါပဲ။

ဒီအချိန်မှာပဲ ဟို့ယွိဟောင်လဲ နှင်းလုံးလေးရဲ့အကြီးမားဆုံးအင်အားကို နားလည်လို့သွားပါတော့တယ်။ ဒါကတော့ သူမနဲ့ သူကပြီးပြည့်စုံအောင် လိုက်လျောညီထွေဖြစ်နေခဲ့တာပါ။

နှင်းလုံးလေးက သူ့ရဲ့၀ိညာဥ်စွမ်းရည်တွေတင်ပေးစွမ်းတာမဟုတ်ပါဘူး။ သူမရဲ့၀ိညာဥ်စွမ်းရည်တွေအားလုံးကို အသုံးပြုပြီး ဟို့ယွိဟောာင်ကိုလဲ အထောက်အပံ့ပေးနိုင်သလို ၀ိညာဥ်စွမ်းရည်တွေအားလုံးကိုလဲ အားဖြည့်ပေးနိုင်ပါတယ်။

အမျက်ဒေါသကျောင်းတော်ရဲ့အတွင်းနယ်မြေထဲမှာ လူတစ်ယောက်ရဲ့ရှိသမျှ၀ိညာဥ်စွမ်းရည်တွေအားလုံးကို သူ့တို့ခန္ဓာကိုယ်နဲ့လိုက်လျောညီထွေဖြစ်စေနိုင်ဖို့ အသုံးပြုလို့ရတယ်လို့ လျှို့၀ှက်မန္တန်တစ်ခုရှိပါတယ်။ ဒါပေမယ့် ဒီ၀ိညာဥ်စွမ်းရည်တွေရဲ့ အစွမ်းသတ္တိက ထပ်ပေါင်းထည့်လို့ရအောင် ထပ်ဆင့်သုံးလို့ရတဲ့အရာတွေဖြစ်မှ အဆင်ပြေလိမ့်မယ်။ နှင်းလုံးလေးရဲ့အကူအညီကတော့ ဟို့ယွိဟောင်ရဲ့၀ိညာဥ်စွမ်းအားတွေအားလုံးကို သူမတစ်ယောက်ထဲနဲ့ အဆပေါင်းစွာတိုးမြင့်ပေးလိုက်တာပါ။

ဟို့ယွိဟောင် လက်ရှိကျင့်ကြံဆင့်ဆိုရင် ရေခဲရုပ်ထုနယ်မြေကို မီတာဒါဇင်ချီလောက်ပတ်လည်မှာသာ အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် အခုသူမ လုပ်လိုက်သလိုမျိုး နေရာအကျယ်ကြီးကိုတော့ဖုံးလွှမ်းမပေးနိုင်ပါဘူး။ နယ်မြေရဲ့အပူရှိန်ကိုလဲ သိသိသာသာမလျော့ကျပေးနိုင်ပါဘူး။ နှင်းလုံးလေးနဲ့အတူ ဒီနယ်မြေကိုပြီးပြည့်စုံအောင်ဖန်တီးပြီချိန်မှာတော့ သူကုန်ဆုံးတဲ့၀ိညာဥ်စွမ်းအားက မျှော်လင့်ထားတာထက်တောင် နည်းနေပါသေးတယ်။

ဒီပတ်ပတ်လည်မှာရှိတဲ့ တောင်ထိပ်ကတိမ်တွေနဲ့ လေထုတွေအားလုံးက သူ့အင်အားရဲ့တစ်စိတ်တစ်ပိုင်းဖြစ်သွားခဲ့ပါပြီ။ သူတို့တွေအားလုံးက အေးစက်တဲ့လေထုနဲ့အတူ ဆက်တိုက်ကူပြောင်းလို့နေခဲ့ကြပြီ ထက်ရှလွန်လှတဲ့နှင်းပွင့်လွှာတွေအဖြစ်ကို ရောက်ရှိလို့သွားပါတော့တယ်။

လက်ရှိအချိန်မှာတော့ တကယ်ရေခဲနဲ့နှင်းတွေကို ထိန်းချုပ်မှုအပြည့်အ၀ရသွားတဲ့အတိုင်း ဟို့ယွိဟောင်ခံစားနေခဲ့ရပါတယ်။
ဒါက နှင်းလုံးလေး လေးခုထဲကပေးတဲ့၀ိညာဥ်စွမ်းအားဒုတိယတစ်ခုပါ။ ရေခဲနဲ့နှင်းတို့ရဲ့ခိုင်မာတဲ့အကာပဲဖြစ်ပါတယ်။ ရေခဲရုပ်ထုနယ်မြေနဲ့ ပေါင်းလိုက်မယ်ဆိုရင်တော့ အဆုံးစွန်းကြားကနှင်းမှုန်အကလို့ခေါ်ရမှာပါ။

ဒါကရေခဲနယ်မြေကို နှင်း​နယ်မြေအသစ်တစ်ခု ဖန်တီးမှုပါပဲ။ အရမ်းကိုသန်မာရုံတင်မက ဟို့ယွိဟောင်ရဲ့ ၀ိညာဥ်စွမ်းအားတွေအများကြီးကုန်ဆုံးမှုသက်သာစေပါတယ်။

ဒီနယ်မြေက သူ့ပြိုင်ဘက်ကိုထိန်းချုပ်ပေးရုံတင်မက ရေခဲဧကရီရဲ့ ၀ိညာဥ်စွမ်းရည်တွေကို မြင့်တင်ပေးကာ သူ့နေရာတွေကိုလဲဖုံးကွယ်ပေးပါတယ်။ ထိုက်တန်တောင်မှ သူနေရာကိုမရှာနိုင်တော့ပါဘူး။

ဟို့ယွိဟောင်လဲ အကြမ်းဖျင်းတွက်ချက်မှုလုပ်နေခဲ့ပါတယ်။ လက်ရှိနယ်မြေရဲ့စွမ်းအားနဲ့ဆိုရင် သူဒါကိုဆယ်မိနစ်လောက်ထိန်းထားနိုင်မှာပါ။ ဒီနယ်မြေတစ်ခုလုံးက ပတ်ပတ်လည်အချင်းမီတာငါးရာအထိကို လွှမ်းခြုံလို့ထားခဲ့ပါပြီ။ တကယ်ကို စစ်မှန်တဲ့နယ်မြေ၀ိညာဥ်စွမ်းအားအမျိုးအစားပါပဲ။ ဟို့ယွိဟောင်လဲ ဒီ၀ိညာဥ်စွမ်းရည်တစ်ခုထဲနဲ့တင် အတော်ကိုကျေနပ်လို့သွားပါတော့တယ်။ ဒါပေါ့ အဆုံးစွန်းရေခဲကြားက နှင်းမှုန်အက ဒီလောက်အထိသန်မာလာတယ်ဆိုတာ ပတ်၀န်းကျင်ရဲ့အခြေအနေနဲ့လဲ သက်ဆိုင်မှုကြီးမှန်း သူကောင်းကောင်းကြီးလဲ နားလည်ထားပါသေးတယ်။

အပိုင်း ၂၀၀•၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset