Switch Mode

Chapter – 200.1

ပြီးပြည့်စုံတဲ့လိုက်ဖက်ညီမှု အဆုံးစွန်းရေခဲရဲ့ နှင်းမှုန်အက

အပိုင်း ၂၀၀•၁

” ပြီးပြည့်စုံတဲ့လိုက်ဖက်ညီမှု အဆုံးစွန်းရေခဲရဲ့ နှင်းမှုန်အက ”
°°°
ဟို့ယွိဟောင်ကတော့ ကျေချမ်းနေခဲ့ပါပြီ။ ဒါကြောင့် သူပြုံးပြရင်းနဲ့ ပြောလာခဲ့တယ်။

” ဦးလေးထိုက် ကျွန်တော်ကိုအနိုင်မကျင့်လောက်ဘူး ဟုတ်တယ်ဟုတ် ”

” စစ်မြေပြင်ထဲမှာ ဘယ်သူက၀ါစဥ်ကြီးငယ်ကို ဂရုစိုက်မှာလဲ မင်း၀ိညာဥ်သားရဲကောင်တွေကို အမဲလိုက်တဲ့အချိန်မှာ နှစ်တစ်သောင်း၀ိညာဥ်သားရဲကောင်တွေက မင်းအသက်ငယ်နေတာကြောင့် ညှာတာလိမ့်မယ်များထင်နေလားအကောင်းဆုံးထဲက အကောင်းတကာဖြစ်ဖို့အတွက် ဘယ်လိုအခက်အခဲမျိုးကိုမဆို ရင်ဆိုင်နိုင်လိမ့်မယ်…လာသွားကြမယ် ”

အပြာရင့်ရောင်အလင်းတန်းက ရုတ်တရက်ဆိုသလို ထွက်ပေါ်လို့လာခဲ့ပြီ တစ်စုံတစ်ယောက်ကတော့ ရေခဲရုပ်ထုကြီးဖြစ်သွားခဲ့ပါပြီ။ နှင်းလုံးလေးကတော့ ပျော်ပျော်ကြီးဟို့ယွိဟောင်ခေါင်းပေါ်မှာ ပျံသန်းလို့နေခဲ့ပါတယ်။ ဟို့ယွိဟောင်ရဲ့ဆံပင်တွေကိုဖွနေရင်း ထိုက်တန်ရဲ့ရေခဲရုပ်ထုကြီးကိုကြည့်ကာ သူကတော့ ပြုံးပျော်လို့နေခဲ့ပါတော့တယ်။

ဟို့ယွိဟောင်လဲ ရယ်ချင်စိတ်ကိုထိန်းပြီးတဲ့နောက် လှည့်ပြီထွက်ပြေးခဲ့ပါပြီ။ ရေခဲတွေမြေပြင်ပေါ်ကို ကျိုးကြေပြီကျလာချိန်မှာပဲ ထိုက်တန်ရဲ့အော်သံကြီးကလဲ ထွက်ပေါ်လို့လာပါတော့တယ်။

” ကောင်စုတ်လေးတွေ သတိထားနေကြစမ်း ”

°°°
ကြည်လင်ကောင်းကင်တောင်ထိပ်မှာ ဒီနေရာကြီးတစ်ခုလုံးက အရမ်းကိုစိုစွတ်ပြီ လေအေးအေးတွေကလဲ တိုက်ခတ်လို့နေခဲ့ပါတယ်။ ဒီတောင်ထိပ်ကြီးရဲ့တည်ရှိမှုက ဟိုကောင်းကင်အထက်မှာရှိတာကြောင့် အမြဲတမ်းစိုစွတ်ပြီ အေးစိမ့်လွန်နေခဲ့ဝာာပါ။ ဒါ့အပြင် နံရံတွေကိုကျော်ဖြတ်ဖို့အတွက် ကြည့်လိုက်ရုံတင် စိတ်မသက်မသာဖြစ်စေပါတယ်။

ဟို့ယွိဟောင်အတွက်တော့ ဒါကဘာမှမဟုတ်ခဲ့ပါဘူး။ အဆုံးစွန်းရေခဲရှိတဲ့သူက ဒီလိုအေးစက်တဲ့ရာသီဥတုနဲ့ ပတ်၀န်းကျင်အခြေအနေမျိုးမှာ တိုက်ခိုက်ရတာပိုအဆင်ပြေသူပါ။

နှင်းလုံးလေးကလဲ ရဲတိုက်ကြီးရဲ့အပြင်ကိုထွက်လာပြီတဲ့နောက် အေးတဲ့ပုံမပေါ်ပါဘူး။ သူမရဲ့ခန္ဓာကိုယ်ပေါ်မှာ လိမ္မော်ရွှေရောင်အလင်းတန်းက ပိုပြီးတော့တောင် တောက်ပလာပါသေးတယ်…ဒါ့အပြင် နူးညံ့တဲ့အလင်းတန်းတွေကလဲ ခန္ဓာကိုယ်ပေါ်မှာစုစည်းလို့နေတာကြောင့် လူတိုင်းကတော့သူ့ကိုအာရုံစိုက်နေခဲ့ပါပြီ။

နျိုထန်က ပြောလာခဲ့တယ်။

” ယွိဟောင် ငါကိုတိုက်ခိုက်အကောင်းဆုံးကြိုးစား ငါမင်းကိုသင့်တော်သလိုပြန်ပြီတုန့်ပြန်ပေးမယ် ”

” မဟုတ်ဘူးအစ်ကိုကြီး ကျွန်တော်လုပ်မယ် ”

ထိုက်တန်ကတော့ ပွဲကိုရပ်ကြည့်နေဖို့စိတ်ကူးမရှိပါဘူး။ နှင်းလုံးလေးကြောင့် သူအကြိမ်ကြိမ်အအေးခံခဲ့ရတာပါ။ ဒါကြောင့် သူဒေါသထွက်နေခဲ့ပါတယ်။

” မင်းလုပ်လို့ရတယ်…ဒါပေမယ့် အခြေအနေတစ်ခုရှိတယ်..သိုင်းပညာ၀ိညာဥ်ကို ထုတ်မသုံးရဘူး…ကိုယ်ရဲ့ကိုယ်ပိုင်စွမ်းအားကိုပဲသုံးရမယ် ”

နျိုထန်က ပြောလာခဲ့ပါတယ်။

ထိုက်တန်လဲတစ်ချက်လေးမှမတွေးဝေပဲ ခေါင်းညိတ်လိုက်ပါပြီ။ သူ့ရဲ့ကျင့်ကြံဆင့်နဲ့ဆိုရင် သိုင်းပညာ၀ိညာဥ်ကိုတောင် ထုတ်မသုံးရင်တောင် အများကြီးသန်မာနေဦးမှာပါ။ ၀ိညာဥ်သူ​တော်စင်အများစုနဲ့ သိုင်းပညာ၀ိညာဥ်ထုတ်မသုံးထားတဲ့သူ့ကိုတိုက်ခိုက်နိုင်ဖို့အတွက် အစွမ်းအစရှိကြတာတော့မဟုတ်ပါဘူး။

နျိုထန်က ဟို့ယွိဟောင်ဖက်ကိုလှည့်ရင်း ပြန်ပြီပြောလာခဲ့တယ်။

” ၀မ်သုန့်​ပြောတာကတော့ မင်းရဲ့၀ိညာဥ်လက်နက်အတတ်ပညာရှင်လဲဟုတ်သေးတယ်တဲ့ ထိုက်တန်ကို တိုက်ခိုက်ဖို့အတွက်မင်းသုံးနိုင်သလောက်အားလုံးသုံးလို့ရတယ်..သူ့ကိုထိခိုက်မှာမစိုးရိမ်နဲ့ အစွမ်းကုန်ကြိုးစားပြီ ဒီကလေးမရဲ့အစွမ်းအစဘယ်လောက်ရှိလဲဆိုတာ သိအောင်လုပ် ထိုက်တန်လဲ မင်းကိုအမှန်တကယ်ထိခိုက်စေမှာမဟုတ်ဘူး..ငါကလဲ ဘေးကနေသူ့ကိုစောင့်ကြည့်ပေးနေမယ် ”

” ကျေးဇူးတင်ပါတယ် ဦးလေးနျို ”

ဟို့ယွိဟောင်လဲ အများကြီးတော့ စိုးရိမ်မနေခဲ့ပါဘူး။ အကယ်၍ ဒီမျိုးနွယ်သခင်နှစ်ယောက်သာ သူ့ကိုထိခိုက်စေချင်တယ်ဆိုရင် အစောကြီးကထဲက သူ့ကိုတိုက်ခိုက်ပြီနေလောက်ပါပြီ။

ထိုက်တန်ကတော့ အကြောလျှော့နေခဲ့ပါတယ်။ အခုလက်ရှိအချိန်မှာ သူ့ရဲ့စိတ်အာရုံက ဟို့ယွိဟောင်ဆီကနေ နှင်းလုံးလေးဆီကိုရောက်ရှိလို့နေခဲ့ပါပြီ။ လက်ညိုးကိုရှေ့ထုတ်ကာ စိန်ခေါ်သလိုပုံစံမျိုးနဲ့ လက်ဟန်ပြုပြီးသူမကို ရန်စနေခဲ့ပါတယ်။

နှင်းလုံးလေးတော့ သူ့ကိုပြန်ပြီဒေါသမထွက်ပဲ လျှာထုတ်ပြီတော့သာ ပြောင်ပြနေပါတော့တယ်။ ဟို့ယွိဟောင်အနေနဲ့ နှင်းလုံးလေးနဲ့တိုက်ခိုက်တာပထမအဆုံးအကြိမ် ဖြစ်နေပေမဲ့ သူစိတ်ပူနေတာမျိုးမရှိခဲ့ပါဘူး။ အဲ့ဒီအစားစိတ်လှုပ်ရှားတက်ကြွလို့နေခဲ့ပါတယ်။ အသက်ကိုပြင်းပြင်းရှုသွင်းလိုက်ပြီတဲ့နောက် သူ့ရဲ့အငွေ့အသက်ကလဲ ပြောင်းလဲလို့သွားခဲ့ပါပြီ။ တစ်ကိုယ်လုံးရွှေရောင်အလင်းလွှာတွေထွက်လာပြီတဲ့နောက် သူ့ရဲ့စိတ်၀ိညာဥ်စွမ်းအားက စတင်ပြီအလုပ်လုပ်ပါတော့တယ်။

နျိုထန်လဲ ကြည့်နေရင်းခေါင်းညိတ်လိုက်ပါတယ်။ သူ့လဲ စိတ်၀ိညာဥ်စွမ်းအားနဲ့ ၀ိညာဥ်စွမ်းအားတို့ကို ပေါင်းစည်းမှုက တိုက်ခိုက်ရေးစိတ်ဆန္ဒတစ်ခုကို ဖြစ်ပေါ်လာစေခဲ့ပါတယ်။ သံသယရှိစရာမလိုလောက်အောင်ပဲ ဟို့ယွိဟောင်ရဲ့တိုက်ခိုက်လိုတဲ့စိတ်ဆန္ဒက လူအများစုထက်ကို သာလွန်နေခဲ့ပါပြီပါပြီ သူက ထိတ်လန့်ကြောက်ရွံ့နေတဲ့ပုံလုံး၀မပေါ်သလို ထိုက်တန်ရဲ့အရှေ့မှာရပ်နေတာတောင် ဖိအားလဲမရှိခဲ့ပါဘူး။ အဲ့ဒီအစား တိုက်ခိုက်လိုစိတ်က ပိုပြီးတော့တောင် ကြီးမားလို့လာနေပါသေးတယ်။ အခုလက်ရှိအချိန်မှာတင် သူ့ကိုချီးကျူးဖို့လုံလောက်နေခဲ့ပါပြီ။

” လာစမ်းပါကောင်လေး ”

ထိုက်တန်က သူ့ရဲ့လက်နှစ်ဖက်ကို ဘေးမှာကပ်ထားရင်းနဲ့ သူ့မျက်လုံး၀ါ၀ါတွေက တိုက်ခိုက်လိုစိတ်အပြည့်နဲ့ တောက်ပလို့နေခဲ့ပါပြီ။ ဒီအချိန်မှာ ဟို့ယွိဟောင်လဲ ပထမဆုံးအကြိမ် ရဲတိုက်ထဲကို၀င်ချိန်တုန်းက ခံစားရတဲ့ခြိမ်းခြောက်မှုကိုစတင်တွေ့ကြုံရပါတော့တယ်။ ထိုက်တန်က သိုင်းပညာ၀ိညာဥ်ကို ထုတ်မသုံးထားပေမဲ့ စိတ်၀ိညာဥ်ဖိအားကတော့ သက်ရောက်လို့နေခဲ့တယ်။

ဟို့ယွိဟောင်လဲ သူ့ရဲ့စိတ်၀ိညာဥ်မျက်လုံးနဲ့အတူ ရွှေရောင်အလင်းတန်းတွေကို ပြန်လည်ထုတ်လွှတ်လိုက်ပါပြီ။ နျိုထန်နဲ့ထိုက်တန်တို့အရှေ့မှာသူဘာမှဖုံးကွယ်ထားဖို့မလိုပါဘူး။ အဖြူရောင်တစ်ကွင်းနဲ့ အနက်ရောင်သုံးကွင်းတို့က သူ့ခန္ဓာကိုယ်အပြင်မှာထွက်ပေါ်လို့လာတော့တယ်။

အကြီးအကဲနှစ်ယောက်ရဲ့အာရုံကိုဖမ်းစားနိုင်တာက အနက်ရောင်၀ိညာဥ်စက်ကွင်းသုံးကွင်းမဟုတ်ပဲ အဖြူရောင်ိညာဥ်စက်ကွင်းကိုပါ။ သူတို့အစွမ်းအစနဲ့ဆိုရင် ဒါက ဆယ်နှစ်၀ိညာဥ်စက်ကွင်းမဟုတ်မှန်ပြောနိုင်ပါတယ်။ ဒါပေမယ့် အဆင့်အတန်းကိုတော့ မသိနိုင်ပါဘူး။

လိမ္မော်ရွှေရောင်နှင်းဧကရီရဲ့ စိတ်၀ိညာဥ်ကလဲ သူတို့ကိုထိတ်လန့်စေဖို့လုံလောက်ပါတယ်။ ဒါပေမယ့် ဟို့ယွိဟောင်မှာ နောက်ထပ်အဆင့်မြင့်တဲ့ ၀ိညာဥ်စက်ကွင်းရှိနေတယ်ဆိုတာကိုတော့ သူတို့မတွေးခဲ့ပါဘူး။

ထိုက်တန်ရဲ့အရှိန်အ၀ါတွေကလဲ အနည်းငယ်ပြန်လျော့လို့သွားခဲ့ပါတယ်။ ဟို့ယွိဟောင်ကတော့ ဒီအခွင့်အရေးကို အသုံးပြုပြီး လျှပ်စီးလက်သလိုမျိုးပြေးထွက်လို့လာခဲ့ပါပြီ။ သူအစောတုန်းက အင်အားကိုသုံးထားခဲ့တာပါ။

၀မ်သုန့်ပြောခဲ့တာကို သူသတိရပါတယ်။ ၀ိညာဥ်ပညာရှင်တစ်ယောက်အဖြစ် တိုက်ခိုက်တဲ့အချိန်မှာ ၀ိညာဥ်လက်နက်တွေကိုအသုံးမပြုသင့်ပါဘူး။ အခုလက်ရှိအချိန်မှာတော့ သူကတော့ကျားသစ်တစ်ကောင်လိုမျိုး အရှေ့ကိုကျော်တက်လာနေခဲ့ပါတယ်။ ရွှေရောင်အလင်းတန်းတွေက ပိုမိုပြီးပြင်းပြင်းထန်ထန်နဲ့တောက်ပလို့လာခဲ့ပါပြီ။ ညာဘက်လက်သီးကို အရှိန်ပြုလိုက်ရင်းနေမင်းတစ်စင်းလို အလင်းတန်းမျိုးကစတင်ထွက်ပေါ်လို့လာပါတော့တယ်။

ဒီအချိန်မှာဟို့ယွိဟောင်က ထိုက်တန်ရဲ့စိတ်၀ိညာဥ်ဖိအားကို ကျော်လွှားနိုင်နေခဲ့ပြီဖြစ်သလို ဥက္ကာပျံတစ်ခုလိုမျိုးပြေးထွက်လို့လာနေခဲ့ပါတယ်။

” လှုပ်ရှားတာအကွက်ကောင်းတယ် ”
ထိုက်တန်က ​အော်လိုက်ပါတယ်။

ဟို့ယွိဟောင်ရဲ့လက်သီးကရိုးရှင်းပြီတိုက်ရိုက်ကြသလို စိတ်၀ိညာဥ်စွမ်းအားနဲ့ ဧကရာဇ်နယ်မြေကို သူ့ရဲ့နားလည်သဘောပေါက်မှုလဲ ထည့်သွင်းလို့ထားခဲ့ပါတယ်။ ပထမဆုံးအနေနဲ့ ခန္ဓာကိုယ်ဆင့်ကဲတိုးတက်မှုဖြစ်ပြီတဲ့အချိန်မှာ ဒီလိုအစွမ်းအစအကုန်လုံးကို အသုံးပြုပြီး သူတိုက်ခိုက်တာပါ။

ဒီလန့်စရာကောင်းတဲ့လက်သီးကို ထိုက်တန်ရဲ့ညာလက်က တားဆီးလိုက်ပါတယ်။ ဒီလက်သီးကိုကြက်သွေးနီရောင်နဲ့ ရွှေရောင်လွှမ်းထားတဲ့အလင်းတန်းက တားဆီးလိုက်တာပါ။ သူ့ရဲ့ပစ်မှတ်က ထိုက်တန်ရဲ့ရင်ဘတ်ဖြစ်ပေမဲ့ ထိုက်တန်ရဲ့ညာဘက်လက်က သူ့ကိုလမ်းမှာတားဆီးလို့နေခဲ့ပါတယ်။ ဆက်တိုက်ဖြစ်ပေါ်လာတဲ့ ပေါက်ကွဲအားက ရွှေရောင်အလင်းတန်းတွေအဖြစ် အပြင်ဘက်ကိုရောင်စဥ်ဖြာလို့ထွက်လာခဲ့ပါပြီ။ ပတ်၀န်းကျင်မှာရှိတဲ့လေထုတစ်ခုလုံးလဲ တ၀ုန်း၀ုန်းမြည်သံတွေဖြစ်ပေါ်လို့လာပါတော့တယ်။

ရွှေရောင်အလင်းတန်းက ထိုက်တန်ရဲ့ခန္ဓာကိုယ်ကိုဖြတ်ထွက်လို့မသွားခဲ့ပါဘူး။ ပေါက်ကွဲမှုလှိုင်းတွေအားလုံးက သူ့ဆီမရောက်ခင်အချိန်မှာ ပျောက်ကွယ်လို့သွားပါတော့တယ်။

ဟို့ယွိဟောင်လဲ ဖြတ်သန်းလို့မရတဲ့တောင်တန်းကြီးတစ်ခုကို ဒီအတိုင်း၀င်တိုက်နေသလို ခံစားမိလိုက်တယ်။

” ကောင်းတဲ့လက်သီးပဲ နောက်တစ်ကြိမ် ထပ်ပြီတိုက်ခိုက်လိုက် ”
ထိုက်တန်က ပြုံးပြရင်းနဲ့ ညာဘက်လက်ကိုလှုပ်ရှားလိုက်ချိန်မှာ ဟို့ယွိဟောင်က နောက်ကိုလှည့်ထွက်လို့သွားခဲ့ပါပြီ။ ဒါပေမယ့် သူ့ကိုမထိခိုက်ခဲ့ပါဘူး။

ဟို့ယွိဟောင် လေထဲမှာဂျွန်းပြစ်လိုက်ရင်း မြေပြင်ပေါ်ကိုပြန်ကျလာခဲ့ပါတယ်။ သူ့ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ ရွှေရောင်အလင်းတန်းတွေကတော့ အနည်းငယ်အားနည်းသွားခဲ့ပါပြီ။ ဒါပေမယ့် မျက်လုံးအလင်းတန်းကတော့ ပိုမိုတောက်ပလို့လာပါတော့တယ်။ တတိယမျက်လုံးက ဖြည်းဖြည်းချင်းပွင့်လာပြီတဲ့နောက် ထူးဆန်းရွှေရောင်အလင်းလွှာတွေက ထိုက်တန်အပေါ်ကိုကျဆင်းလို့သွားပါတော့တယ်။

ထိုက်တန်လဲ အနည်းငယ်ခန္ဓာကိုယ်တုန်ရီလို့သွားခဲ့သလို သူ့ရဲ့ခေါင်းပေါ်မှာလဲ ရွှေရောင်ဦးခေါင်းခွံကြီးတစ်ခုက ထွက်ပေါ်လို့လာခဲ့ပါပြီ။ ဒါကတော့ အဆင့်တက်သွားခဲ့တဲ့ကံကြမ္မာမျက်လုံးရဲ့၀ိညာဥ်ကြည့်ပါ။ ဟို့ယွိဟောင်က အကြီးအကဲမုရဲ့တိုက်ရိုက်ညွှန်ကြားမှုအောက်မှာ ရှိနေခဲ့တဲ့အတွက် နေလနိုင်ငံတော်ကျောင်းတော်မှာရှိနေတဲ့ ကာလပတ်လုံးဒါမျိုးကိုအသုံးမပြုခဲ့ပါဘူး။ ဒါပေမယ့် ၀မ်သုန့်ရဲ့ဦးလေးကိုတိုက်ခိုက်ချိန်မှာတော့ အဲ့ဒီလောက်အထိသတိကြီးကြီးထားမနေတော့ပဲ အသုံးပြုခဲ့ပါတယ်။

ဒါကိုမြင်ချိန်မှာတော့ နျိုထန်လဲ အနည်းငယ်လန့်နေခဲ့ပါတယ်။ ဒီအလင်းတန်းရဲ့ အင်အားက ဘာကိုဆိုလိုတယ်ဆိုတာကို သူတို့နှစ်ယောက်လုံးနားလည်ကြပုံပါပဲ။ ကံကြမ္မာမျက်လုံးရဲ့အကြည့်ကနေ ထွက်ပေါ်လာတဲ့အစွမ်းအစက အစုလိုက်အပြုံလိုက်ချည့်နဲ့အားနည်းစေမှုပါ။ သူက ၀ိညာဥ်တစ်ခုထဲကိုသာအဓိကပစ်မှတ်ထားခဲ့တဲ့အတွက် သက်ရောက်မှုကလဲပိုပြီးကြီးမားပါတယ်။

စိတ်၀ိညာဥ်စွမ်းအားရဲ့မြင့်မားလာမှုနဲ့အတူ ဟို့ယွိဟောင်ရဲ့၀ိညာဥ်စွမ်းအားကလဲ တိုးမြင့်လို့လာခဲ့ပါတယ်။ သူ့အနေနဲ့ လူပေါင်းများစွာကိုထိန်းချုပ်နိုင်တဲ့စွမ်းရည်တစ်ခုကို ထိန်းချုပ်ပြီအသုံးပြုတာ ပထမဆုံးအကြိမ်ပါ။ အောင်မြင်ဖို့လဲ မမျှော်လင့်ထားပါဘူး။ ဒါပေမယ့် ဒီစွမ်းရည်ကိုအသုံးပြုတာ မပြီးဆုံးသေးခင်အချိန်မှာပဲ ကံကြမ္မာမျက်လုံးဖွင့်ဖို့လိုအပ်လာတာကို ခံစားမိလိုက်ပါတယ်။ ဒါမှသာလက်ရှိအချိန် စိတ်၀ိညာဥ်စွမ်းအားကိုအသုံးပြုပြီး ထိန်းချုပ်လို့ရမှာပါ။

သူ့ခေါင်းပေါ်မှာရှိနေခဲ့တဲ့ ရွှေရောင်ဦးခေါင်းခွံကြီးကလဲ ပိုမိုအားဖြည့်ပေးလို့နေခဲ့ပြီ။ ထိုက်တန်ရဲ့ခန္ဓာကိုယ်ပေါ်မှာ မှုန်၀ါးတဲ့အဖြူရောင်အလွှာတစ်ခုက နောက်တစ်ကြိမ်ပေါ်လာပါတော့တယ်။ အခုလက်ရှိအချိန်မှာ သူ့ရဲ့သန်မာတဲ့ဖိအားကတောင် အနည်းငယ်အားနည်းလို့သွားခဲ့ပါပြီ။ သူကဂရုမစိုက်ခဲ့ပါဘူး ဟို့ယွိဟောင်ကို လှောင်ပြုံးပြုံးရင်းနဲ့သာ ကြည့်နေခဲ့ပါတယ်။

ဟို့ယွိဟောင်လဲ ဒီအချိန်မှာတော့ သူ့ရဲ့သိုင်းပညာ၀ိညာဥ်ကို ပြောင်းလဲလိုက်ပါပြီ။ အနီရောင်တစ်ကွင်းနဲ့ လိမ္မော်ရောင်၀ိညာဥ်စက်ကွင်းလေးကွင်းတို့က သူ့ခန္ဓာကိုယ်ဘေးပတ်လည်မှာပေါိလာပါတော့တယ်။ အရှိန်အ၀ါကလဲ လုံး၀ပြောင်းလဲသွားခဲ့သလို အေးစက်နေတဲ့တောင်ထိပ်လေတွေကလဲ ပိုပြီးကြမ်းတမ်းလို့လာခဲ့ပါပြီ။ ဒီလေတွေက ပိုမိုအားကောင်းလာရုံတင်မက အပူရှိန်ကလဲလျော့ကျလို့သွားခဲ့ပါတယ်။

ထိုက်တန်က သူ့မျက်လုံးတွေကို မှိတ်ထားပြီအော်လိုက်ပါတယ်။

” ဖွင့်လိုက်တော့ ”

တကယ်တော့ သူဘာမှမလုပ်ခဲ့ပါဘူး။ ဒါပေမယ့် အဖြူရောင်အလင်းတန်းတွေအားလုံးကတော့ သူ့ခန္ဓာကိုယ်ဘေးပတ်လည်မှာဆက်ပြီ၀န်းရံလို့မထားနိုင်တော့ပဲ ပြိုကွဲလို့သွားခဲ့ပါတယ်။ ဒါကတော့ သူတို့ကြားမှာရှိနေတဲ့ အစွမ်းအစကွာခြားချက်ကြောင့်ပါ။ သိုင်းပညာ၀ိညာဥ်ကို သူမထုတ်သုံးပေမဲ့ ၀ိညာဥ်နဲ့ စိတ်၀ိညာဥ်စွမ်းအားတွေက ဟို့ယွိဟောင်ထိန်းချုပ်တာထက် အများကြီးသာလွန်ပါတယ်။ ဟို့ယွိဟောင်ရဲ့ အစုလိုက်အပြုံလိုက် ချည့်နဲ့စေမှုက သန်မာပေမဲ့လဲ ဒီကျင့်ကြံဆင့်ကွာခြားချက်ကို လိုက်မမီနိုင်ခဲ့ပါဘူး။

ဒီအချိန်မှာတော့ ကံကြမ္မာမျက်လုံးရဲ့၀ိညာဥ်အကြည့်က သူ့အင်အားနဲ့ အစွမ်းအစတွေကို ထုတ်ဖော်ပြသနိုင်ခဲ့ပါပြီ။ အစုလိုက်အပြုံလိုက်ချည့်နဲ့စေမှုကို ကျော်ဖြတ်ပြီချိန်မှာ ရွှေရောင်ဦးခေါင်းအခွံကြီးက ထိုက်တန်အပေါ်မှာရောက်ရှိလာဆဲပါ။

ဟို့ယွိဟောင်ကလဲ ထိုက်တန်ကိုနောက်တစ်ကြိမ် တိုက်ခိုက်ပြန်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ သူ့ရဲ့မျက်လုံးတွေက မြစိမ်းရောင်အလင်းတန်းတွေအဖြစ်ကိုပြောင်းလဲနေခဲ့ပါပြီ။

တစ်ကိုယ်လုံးစိန်ပွင့်လိုအစိုင်အခဲတွေကလဲ ၀န်းရံလို့ထားခဲ့ပါတော့တယ်။ ဒါကတော့ ရေခဲဧကရီရဲ့သံချပ်ကာပါ ရေခဲဧကရီရဲ့ဆူးချွန်ကိုလဲ သူထုတ်သုံးလို့ထားခဲ့ပြီ အဆုံးစွန်းတဲ့အအေးဓာတ်က သူ့ခန္ဓာကိုယ်အပြင်ဆီကို ထုတ်လွှတ်လို့နေခဲ့ပါတယ်။

သူ့ရဲ့ပြိုင်ဘက်ကိုရိုးရိုးတိုက်ခိုက်ရေးနည်းလမ်းတွေနဲ့ ခြိမ်းခြောက်လို့မရနိုင်မှတော့ နည်းလမ်းပြောင်းရပါတော့မယ်။ သရဲအရိပ်ခြေရာနည်းလမ်းကိုအသုံးပြုပြီး ခန္ဓာကိုယ်ကိုဝေ၀ါးအောင်သူလုပ်လိုက်ပါတယ်။ ထိုက်တန်နဲ့ နျိုထန်တို့ကတော့ သရဲအရိပ်ခြေရာကိုမြင်ချိန်မှာ ပြုံးနေခဲ့ကြတယ်။ သူတို့အရမ်းရင်းနှီးတဲ့တစ်စုံတစ်ရာကို ပြန်တွေ့လိုက်ရသလိုပါပဲ။

အပိုင်း ၂၀၀•၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset