Switch Mode

Chapter – 199.3

လိမ္မော်ရောင်ဝိညာဉ်စက်ကွင်း

အပိုင်း ၁၉၉•၃

” လိမ္မော်ရောင်၀ိညာဥ်စက်ကွင်း ”
°°°
နျိုထန်က သူ့ရဲ့ခန္ဓာကိုယ်အခြေအနေအကြောင်းပြောပြပြီချိန်မှာ ဟို့ယွိဟောင် မလန့်ပဲမနေနိုင်ခဲ့ပါဘူး။ သူ့ရဲ့ခန္ဓာကိုယ်က သိုင်းပညာ၀ိညာဥ်စစ်မှန်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့၀ိညာဥ်ပညာရှင်တစ်ယောက်နဲ့တောင် နီးစပ်နေပြီတဲ့လား ဒါကနှစ်တစ်သောင်း၀ိညာဥ်သားရဲကောင်ရဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားတဲ့ နှစ်တစ်ထောင်၀ိညာဥ်သားရဲကောင်နဲ့ အခြေအနေတူညီပါတယ်။

” မစိုးရိမ်နဲ့ ငါဘယ်တုန်းကမှ ချဲ့ကားပြီမပြောဘူး…ဒါကငါရဲ့အရိုးသားဆုံးကိုယ်ပိုင်အမြင်ပဲ ဒါပေါ့ မင်းမှာသိုင်းပညာ၀ိညာဥ်စစ်မှန်ခန္ဓာကိုယ်ရဲ့ အစွမ်းအစတွေတော့ပိုင်ဆိုင်သေးမှာမဟုတ်ဘူး…ခန္ဓာကိုယ်ကသာ ၀ိညာဥ်သူတော်စင်တစ်ယောက်ရဲ့ စွမ်းအားတွေကို တုန့်ပြန်ပြီတန်ပြန်တိုက်ခိုက်နိုင်တဲ့ အနေအထားမှာရှိနေမှာ ဒါက မင်းရဲ့ကျင့်ကြံမှုအတွက်အများကြီးအကျိုးရှိနေလိမ့်မယ်…အဆုံးစွန်းသိုင်းပညာ၀ိညာဥ်ကြောင့် မင်းရဲ့ကျင့်ကြံဆင့်အရှိန်နှုန်းက သိသိသာသာလျော့ကျသွားတာကိုသတိထားမိတယ်မလား ”

ဟို့ယွိဟောင်လဲ ခေါင်းကုတ်နေရင်း ပြန်ဖြေလာခဲ့ပါတယ်။

” မနေ့တုန်းက ကျွန်တော်ဆက်တိုက်လေ့ကျင့်ပြီတဲ့နောက် နည်းနည်းလေးအိပ်ငိုက်ပြီ တရားထိုင်တဲ့အနေအထားကိုရောက်သွားကြောင့် ကျွန်တော်အပြောင်းအလဲတွေကို သိပ်ပြီမခံစားမိပါဘူး ”
” ဒါပုံမှန်ပဲ မင်းရဲ့စွမ်းအားတွေက ဒီတစ်ကြိမ်မှာသိသိသာသာတိုးတက်လာနေပြီ လူတစ်ယောက်ရဲ့ရုပ်ရည်သွင်ပြင်ပြောင်းလဲမှုတွေက စတင်အခြေခံလာတယ်…ဒီရုပ်ရည်သွင်ပြင်ပြောင်းလဲမှုကို သေးငယ်တဲ့ပြောင်းလဲမှုဆိုပြီ အထင်မသေးလိုက်နဲ့ မင်းရဲ့ခန္ဓာကိုယ်က ရုပ်ရည်သွင်ပြင်ပြောင်းလဲမှုမဖြစ်ပေါ်ခင်မှာ အရင်ဆုံးဆင့်ကဲပြီ တိုးတက်ပြောင်းလဲသွားပြီးပြီ ငါမင်းကိုဥပမာပြောပြမယ် ”

” ၀ိညာဥ်သားရဲကောင်တွေရဲ့ လောကမှာ၀ိညာဥ်သားရဲကောင်တွေရဲ့ အများစုကျင့်ကြံဆင့်ကို သူတို့ရဲ့ရုပ်သွင်ပိုင်နဲ့ အဓိကခွဲခြားကြတယ်…ဥပမာအားဖြင့် တချို့၀ိညာဥ်သားရဲကောင်တွေက နှစ်တစ်ထောင်အဆင့်ကိုရောက်သွားချိန်မှာ အရွယ်အစားတိုးလာတယ်…သွေးသားသန့်စင်ပြီ ပိုအားကောင်းတဲ့သူတွေကတော့ ဒီလိုမျိုးအဆင့်တက်တဲ့ဖြစ်စဥ်မှာ ကြီးမားတဲ့အပြောင်းအလဲတွေတွေ့ကြုံရတာရှားပါးတယ်…ဘာကြောင့်လဲဆိုတော့ သူတို့တွေရဲ့ခန္ဓာကိုယ်တွေက ပြီးပြည့်စုံလုနီးပါးအခြေအနေကို ပိုင်ဆိုင်ထားလို့ပဲ ”

” လူသားတွေကလဲ ဒီလိုအခြေအနေနဲ့တူညီတယ်…ဒါကြောင့်သာ ငါရဲ့ကျင့်ကြံဆင့်တိုးတက်လာပြီမပြောင်းလဲကြတာပဲ မင်းရဲ့ကျင့်ကြံမှုကြောင့် ရုပ်ရည်မှာအပြောင်းအလဲတွေစဖြစ်လာပြီဆိုရင် မင်းရဲ့ခန္ဓာကိုယ်က ကြီးကြီးမားမားပြောင်းလဲပြီလို့ဆိုလိုတာပဲ ဒီလိုအပြောင်းအလဲတွေကလဲ တကယ်အကျိုးရှိတယ်…စွမ်းအားတွေကို ပိုပြီးတော့အားကောင်းလာအောင် မီးထိုးပေးလိမ့်မယ်အပြင် မင်းအသက်သုံးဆယ်မတိုင်ခင်မှာ ၀ိညာဥ်စက်ကွင်းခုနှစ်ကွင်းရှိတဲ့ ၀ိညာဥ်သူတော်စင်ဖြစ်လာနိုင်တယ်လို့ ငါအတည်ပြုပေးရလိမ့်မယ်…အဲ့ဒီလိုဖြစ်လာမဲ့အချိန်မှာ မင်းရဲ့အမြွှာသိုင်းပညာ၀ိညာဥ်ရော အဆုံးစွန်းသိုင်းပညာ၀ိညာဥ်နှစ်ခုစလုံးရော ပြီးပြည့်စုံအောင်နားလည်သဘောပေါက်သွားပြီတဲ့နောက်မှာ တကယ်သန်မာတဲ့သူဖြစ်လာလိမ့်မယ်…မင်းအသက်လေးဆယ်မတိုင်ခင်မှာ သော့်လော့အဆင့်ကိုရောက်လိမ့်မယ် ”

” ဒီတိုက်ကြီးထဲမှာတော့ အသက်လေးဆယ်မတိုင်ခင်မှာ သော့်လော့ဖြစ်တယ်ဆိုတာက သိပ်ပြီငယ်ရွယ်တာတော့မဟုတ်ဘူး…ဒါပေမယ့် အသက်လေးဆယ်မတိုင်ခင်မှာ အဆုံးစွန်းသိုင်းပညာ၀ိညာဥ်ပိုင်ဆိုင်ထားတဲ့သူတစ်ယောက်၀ိညာဥ်သော့်လော့ဖြစ်လာဆိုတာတော့ ငါမကြားဖူးတဲ့ကိစ္စပဲ ဒီဆင့်ကဲပြောင်းလဲတိုးတက်လာမှုက တကယ်ကိုအဲ့ဒီလိုအကျိုးကျေးဇူးတွေရှိလိမ့်မယ် ”

ဟို့ယွိဟောင်ကတော့ နျိုထန်သူ့ကိုဆက်တိုက်ချီးမွမ်းပြီ ပြောပြနေတာကြောင့် သိပ်ပြီမပျော်နိုင်သေးပါဘူး။ အဲ့ဒီအစား သူအတော်လေး တွေးတောနေခဲ့ရပါတယ်။

” ဦးလေးနျို ဒါဆိုရင် ဒီလိုမျိုးကျင့်ကြံဆင့်ကြောင့် တခြားမလိုလာအပ်တဲ့အပြောင်းအလဲတွေရော ဖြစ်ပေါ်လာနိုင်သေးလား ”

” ငါတို့ရဲ့လောကမှာကျင့်ကြံတဲ့နည်းလမ်းတွေက အများကြီးရှိတယ်…နည်းလမ်းတစ်ခုချင်းဆီတိုင်းမှာလဲ မတူညီကွဲပြားတဲ့အခြေအနေတွေရှိနေတယ်..မင်း ခန္ဓာကိုယ်မျိုးနွယ်အကြောင်းကို ကြားဖူးတယ်ဟုတ် သူတို့လဲ မင်းကြုံတွေ့ရသလိုအပြောင်းအလဲကိုလဲ တွေ့ကြုံတတ်ကြတယ်…ဒါကြောင့်သာ သူတို့တွေအင်အားကြီးနေကြတာ သူတို့ရဲ့ဆင့်ကဲတိုးတက်မှုကို ခန္ဓာကိုယ်မျိုးနွယ်ရဲ့ဒုတိယနိုးထမှုလို့ခေါ်ကြတယ် ”

” သူတို့တွေဘယ်လိုနည်းလမ်းကို အသုံးပြုပြီး တိုးတက်အောင်လုပ်ကြလဲ ငါမသိပေမဲ့ ဒီလိုမျိုးဒုတိယအကြိမ် အသက်သွင်းထားဖို့ကတော့ သူတို့ရဲ့အစွမ်းအစတွေကို သိသိသာသာကြီးတိုးတက်လာစေတယ်..သူတို့ရဲ့၀ိညာဥ်စက်ကွင်းတွေတောင်မှ ဆင့်ကဲတိုးတက်ကြတယ်တဲ့ ဒါ့အပြင် သိုင်းပညာ၀ိညာဥ်ကလဲ တိုးတက်သွားကြတယ်..ဒါကြောင့်သာ ခန္ဓာကိုယ်မျိုးနွယ်ရဲ့ လူတွေအတွက်လူတွေရဲ့ပြီးပြည့်စုံတဲ့အချိုးအစားက ကွာခြားနေတာပဲ ခန္ဓာကိုယ်မျိုးနွယ်ရဲ့ ၀ိညာဥ်ပညာရှင်တွေက တစ်ယောက်ချင်းဆီတိုက်ခိုက်နိုင်တဲ့စွမ်းအားမှာဆိုရင် မိစ္ဆာ၀ိညာဥ်ပညာရှင်တွေနဲ့ယှဥ်လို့ရနေခဲ့တယ် ”

” ဦးလေးနျို ဒါဆိုရင် မိစ္ဆာ၀ိညာဥ်ပညာရှင်တွေကရော သူတို့ရဲ့ကျင့်ကြံဆင့်ကြောင့် ဒီလိုအပြောင်းအလဲတွေကို ကြုံတွေ့ရနိုင်လား ”

ဟို့ယွိဟောင်လဲ ဒီအချက်ကြောင့်တွေးဆပြီမေးလိုက်မိပါတယ်။

” ဒါပေါ့ ဒါ့အပြင် မိစ္ဆာ၀ိညာဥ်ပညာရှင်တွေက ပြောင်းလဲမှုတွေကိုအများဆုံးခံရတယ်..များသောအားဖြင့် မိစ္ဆာ၀ိညာဥ်ပိုင်ရှင်အများစုက မူလအခြေအနေမှာသိပ်ပြီဆိုးယုတ်ကြတာမဟုတ်ဘူး..၀ိညာဥ်ပညာရှင်တွေလဲ အတူတူပဲ သူတို့ကိုမိစ္ဆာ၀ိညာဥ်ပညာရှင်အဖြစ် သတ်မှတ်လိုက်တယ်ဆိုတာ သူတို့ရဲ့သိုင်းပညာ၀ိညာဥ်မှာထူးခြားဆင့်ကဲတိုးတက်လာမှုက ဥပမာဆိုရင်တချို့သိုင်းပညာ၀ိညာဥ်တွေက သူတို့ရဲ့ကျင့်ကြံဆင့်မြင့်တင်ဖို့အတွက် လတ်လတ်ဆတ်ဆတ်သွေးတွေကို လိုအပ်တယ်…ဒါကြောင့် ဆက်တိုက်သတ်ဖြတ်နေဖို့လိုတယ်…ဒီလိုသိုင်းပညာ၀ိညာဥ်က စပြီလောဘတက်လာပြီဆိုရင် သူတို့က ဆိုးယုတ်တဲ့ကိစ္စတွေထဲမှာ ပိုပိုနစ်မြုပ်သွားလိမ့်မယ်…ဒီလိုအခြေအနေရောက်လာရင်တော့ သူတို့တွေလုံး၀ကိုမိစ္ဆာ၀ိညာဥ်ပညာရှင်တွေအဖြစ် ပြောင်းလဲသွားတာပေါ့ ”

” သူတို့ရဲ့ကျင့်ကြံဆင့်မြင့်တက်လာလေလေဆိုးယုတ်တဲ့ အရှိန်အ၀ါက ပိုကြီးထွားလာလေပဲ…ရုပ်ရည်သွင်ပြင်ရော အကျင့်စရိုက်ရောဒီအပြောင်းအလဲတွေရဲ့လွှမ်းမိုးမှုအောက်မှာ စတင်ပြီတော့လုံလုံလားလားပြောင်းလဲလာလိမ့်မယ်..ဒါကြောင့်သာ တစ်ချက်ကြည့်လိုက်တာနဲ့ ဘယ်သူကမိစ္ဆာ၀ိညာဥ်ပညာရှင်လဲဆိုတာ ပြောဖို့လွယ်တာပေါ့ သူတို့ရဲ့ကြောက်စရာကောင်းပြီ ဆိုးယုတ်တဲ့အငွေ့အသက်ဆိုတာက အစိမ်းရင့်ရောင်တွေနဲ့ စွန်းထင်းနေတယ်..မင်းရဲ့ ထောက်လှမ်းရေးစွမ်းရည်နဲ့ဆိုရင် အနာဂတ်မှာသတိထားမိလာမှာပါ ၀ိညာဥ်ပညာရှင်ရဲ့မျက်နှာပေါ်မှာ အစိမ်းရင့်ရောင်အလင်းတန်းတွေဖြတ်ပြီဆိုတာနဲ့ သူကမိစ္ဆာ၀ိညာဥ်ပညာရှင်ဆိုတာသေချာသလောက်နီးပါးပါပဲ ”

ဟို့ယွိဟောင်ကတော့ ခေါင်းညိတ်နေခဲ့ပါတယ်။ နျိုထန်ရဲ့လမ်းညွှန်ပြသပေးမှုတွေက သူတို့ရဲ့သိုင်းပညာ၀ိညာဥ်တွေအပေါ် ပိုပြီးနက်ရှိုင်းသွားစေခဲ့ပါပြီ။ ကြည်လင်ကောင်းကင်မျိုးနွယ်စုသခင်ကို ပိုပြီးအထင်ကြီးလေးစားသွားမိခဲ့ပါတယ်။

” မင်းတို့တွေပြောလို့ပြီးသွားပြီလား ယွိဟောင် ကလေးကိုငါဆီခေါ်ခဲ့ဦး ဒီကလေးက လျှောက်ပြီပျံနေတာငါမူးတောင်မူးနေပြီ”

ထိုက်တန်ကတော့ ဟို့ယွိဟောင်ကိုကြည့်ရင်း မကျေမနပ်နဲ့ပြောနေခဲ့ပါတယ်။

” ဦးလေးထိုက်က တကယ်ပဲနှင်းလုံးလေးကို သဘောကျတာပဲ နှင်းလုံးလေးလာပါဦး ”

ဟို့ယွိဟောင်က သူမကိုလှမ်းခေါ်လိုက်ပါတယ်။ ချက်ချင်းဆိုသလို အလင်းတန်းက ဟို့ယွိဟောင်ပုခုံးပေါ်ကိုပြန်ရောက်သွားခဲ့ပါပြီ။ ပုခုံးပေါ်မထိုင်ခင် သူ့လက်ကိုလဲဆွဲခေါ်သွားခဲ့ပါသေးတယ်။ ဒီတစ်ကြိမ်မှာတော့ ထိတွေ့လို့ရတဲ့လူသားတစ်ယောက်လိုမျိုးထိတွေ့လို့ရတဲ့စွမ်းအားတွေက အားကောင်းနေခဲ့တယ်။ ချောမွေ့အသားအရေးနဲ့ ဟို့ယွိဟောင်ရဲ့လက်မောင်းကိုတင်းတင်းကျပ်ကျပ်ဆွဲထားခဲ့ပါ။ အရမ်းကိုသက်သောက်သက်သာရှိနေပုံပါပဲ။

ဟို့ယွိဟောင်လဲ ကလေးလေးပါးကိုခပ်ဖွဖွလေးပွတ်လိုက်ပါတော့တယ်။ နူးညံ့တဲ့အသားအရေးနဲ့ မွှေးပျံ့တဲ့အနံ့က သူ့နှာခေါင်းထဲကို၀င်ရောက်လို့လာခဲ့ပါပြီ။

ဒီလိုမျိုးသူ့မျက်နှာကိုလာပြီတော့ ပွတ်သပ်တဲ့အတွက် နှင်းလုံးလေးကမကျေမနပ်ဖြစ်ကာ လက်သီးကိုဝှေ့ရမ်းရင်းနဲ့ ရန်တွေ့နေပါတော့တယ်။

” မင်းပဲငါ့ကိုဖေဖေကြီးလို့ခေါ်တာမလား ငါအဲ့ဒီလောက်ညစ်ပတ်လို့လား ”

နှင်းလုံးလေးကတော့ နောက်တစ်ကြိမ်အော်နေပြန်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ သူမပြောချင်တာကို သူနားလည်နေခဲ့တယ်။ သူမပြန်ဖြေ​တာကတော့ ရှင်းရှင်းလင်လင်းလေးပါပဲ သူမကို ဒီလိုမျိုးထိပါးစော်ကားလို့မရဘူးဆိုတာပါပဲ။

ထိုက်တန်ကတော့ ဟို့ယွိဟောင်သူ့ရဲ့ပုခုံးဖက်မှာရှိနေတဲ့နှင်းလုံးလေးရဲ့ပါးကို ခပ်ဖွဖွလေးနမ်းလိုက်တာ မြင်ချိန်မှာတော့ မေးလာပါတော့တယ်။

” နှင်းလုံးလေး ဒီဘိုးဘိုးကြီးလဲ နမ်းချင်တယ်…လိုချင်တာကိုပေးပါ့မယ် ဘယ်လိုလဲ ”

သူ့ရဲ့အသက်အရွယ်ကိုထောက်ပြီတော့ သူချက်ချင်းဆိုသလို သူ့ကိုယ်သူဘိုးဘိုးကြီးတော်ပြစ်လိုက်ပါတယ်။ နှင်းလုံးလေးက သူ့စကားကိုနားလည်ပါတယ်။ ချက်ချင်းဆိုသလို ခေါင်းလှည့်လာပြီတဲ့နောက် ထိုက်တန်ရဲ့အပြုံးကိုကြည့်ရင် ထအော်ပါတော့တယ်။ ချက်ချင်းဆိုသလို ထိုက်တန်က ရေခဲရုပ်ထုကြီးဖြစ်သွားခဲ့ပြန်ပါပြီ။

” ကလေးမဘာပြောတာလဲ ”
နျိုထန်က မေးလာခဲ့တယ်။

ဟို့ယွိဟောင်ကတော့ ရယ်နေခဲ့ပါတယ်။ ထိုက်တန် ရေခဲထဲကထွက်မလာခင်မှာ သူခပ်တိုးတိုးပြောပြလိုက်တယ်။

” သူပြောတာနှာဘူးကောင်ကြီးတဲ့ ”

နျိုထန်ကတော့ အော်ရယ်နေခဲ့ပါပြီ။ တကယ်ကြောက်စရာကောင်းတဲ့နှင်းလုံးလေးပါလား။ မကြာခင်မှာပဲ ဟို့ယွိဟောင်ရဲ့ပုလက်မောင်းဆီကို တွားသွားပြီဆင်းလာခဲ့ပါတယ်။

ထိုက်တန်ကတော့ ရေခဲတွေဆီကနေ ထိုးဖောက်ပြီထွက်လာခဲ့ပြန်ပါပြီ။

” ကလေးလေး ဒါမတရားဘူးနော် သူကမင်းကိုနမ်းပေမဲ့ သူ့ရဲ့မျက်နှာကိုရိုက်ရုံပဲရိုက်တယ်..ငါကိုဘာဖြစ်လို့ ရေခဲရုပ်ထုကြီးဖြစ်အောင် ရိုက်ပြစ်တာလဲ ငါရုပ်ဆိုးနေတာက ငါရဲ့အမှားလား ”
နှင်းလုံးလေးကတော့ ဟို့ယွိဟောင်ရဲ့လက်မောင်းမှာတွားသွားနေရင်း ထိုက်တန်ကိုအော်ပြန်ပါတယ်။

” ဒီတစ်ခေါက်ရော ဘာပြောတာလဲ ”

ထိုက်တန်က မေးလာချိန်မှာတော့ ဟို့ယွိဟောင်ရဲ့မျက်နှာအမူအရာက အနည်းငယ်ပြောင်းလဲသွားခဲ့ပါပြီ။ သူကြည့်ရတာ မပြောထွက်တဲ့ပုံပါပဲ။

” ဘာများပြောလို့လဲ ”

” ဦးလေးထိုက် တကယ်သိချင်လို့လား စိတ်ဆိုးလို့မရဘူးနော် ”

ထိုက်တန်က ခေါင်းမော့ရင်ကော့ရင် သူရင်ဘတ်သူပုတ်ကာ​အာမခံလာခဲ့ပါတယ်။

” ငါအဲ့ဒီလောက် ဒေါသလွယ်လွယ်ထွက်တတ်တဲ့သူလို့ ထင်လို့လား ”

” သူပြောတာကတော့ ရုပ်ဆိုးတာကဦးလေးရဲ့အပြစ်မဟုတ်ပေမဲ့ ဦးလေးရဲ့ရုပ်က သူများကိုလန့်စေတာ အပြစ်ဖြစ်နေတယ်တဲ့ ”

ထိုက်တန်ရဲ့ မျက်နှာကြောကတင်းသွားခဲ့ပါပြီ။ နျိုထန်လဲအော်ရယ်တာကိုရပ်လိုက်ပြီ ခပ်တိုးတိုးသာရယ်နေပါတော့တယ်။ လက်ရှိအချိန်မှာ သူရဲ့လက်တစ်ဖက်ကို ထိုက်တန်ရဲ့ပုခုံးပေါ်တင်ထားရင် သူ့ဗိုက်ကိုသူ့နောက်လက်တစ်ဖက်နဲ့ဖိထားနေခဲ့ပါတယ်။ အခုလက်ရှိအချိန်မှာ သူအော်ရယ်ချင်ပေမဲ့လဲ မလုပ်နိုင်ခဲ့ပါဘူး။

ထိုက်တန်ကတော့ နှင်းလုံးလေးကိုမျက်စောင်းတထိုးထိုးဖြစ်နေခဲ့ပါပြီ။ နေ့၀က်လုံးလုံး သူ့မျက်နှာကြီးကတော့ နီရဲနေခဲ့ပါတယ်။ ဒါပေမယ့် သူဒေါသမထွက်၀ံ့ပါဘူး။

” ကောင်းပြီ ကောင်းပြီ သူ့ကိုမင်းလက်ထဲပဲအပ်ထားတော့မယ် ”

နှင်းလုံးလေးက သူ့ကိုလျှာထုတ်ပြီ ပြောင်ပြသွားခဲ့ပါတယ်။ ဟို့ယွိဟောင်ရဲ့ပုခုံးမှာ အေးအေးဆေးဆေးပါပဲ။ ဒီလိုမျိုးရှိနေတဲ့ ကလေးလေးရဲ့ပုံစံက အရမ်းကိုချစ်စရာကောင်းလွန်လို့နေခဲ့ပါတယ်။

ထိုက်တန်ကတော့ နျိုထန်ဖက်ကိုလှည့်သွားခဲ့ပါပြီ။

” အစ်ကိုကြီး ကျွန်တော်သည်းမခံနိုင်တော့ဘူး…မဖြစ်ဘူး နည်းလမ်းတစ်ခုခုတွေးမှဖြစ်မယ်…ကျွန်တော်လဲစိတ်၀ိညာဥ်တစ်ခုလိုချင်တယ်…တကယ်စိတ်၀င်စားစရာကောင်းလိုက်တာ သိုင်းပညာ၀ိညာဥ်တွေက ဒီလိုမျိုးပျော်စရာကောင်းနိုင်တယ်ဆိုတာကျွန်တော်မသိခဲ့ဘူးပဲ ”

” တစ်ခုခုကိုဖန်တီးဖို့ အဲ့ဒီလောက်လွယ်မယ်ထင်နေလား မင်းရဲ့လက်ရှိ၀ိညာဥ်စက်ကွင်းတွေကို မင်းဖြုတ်ပြစ်လို့ရမလား ဒါ့အပြင် ဒီစိတ်၀ိညာဥ်တွေက ၀ိညာဥ်သားရဲကောင်ကနေဖြစ်ပေါ်လာတာ ဒီလိုမျိုးလှပပြီလူသားဆန်တဲ့ နှင်းလုံးလေးလို ၀ိညာဥ်သားရဲကောင်ကိုဘယ်မှာသွားရှာမလဲ အကယ်၍မင်းကျားတစ်ကောင် ခြင်္သေ့တစ်ကောင်ကို ရှာနိုင်မယ်ဆိုရင်တောင် မင်း၀ိညာဥ်ကအဲ့ဒီလိုတူနေဦးမှာလား ငါတို့က ဟို့ယွိဟောင်ကိုကူညီပြီ အခုလက်ရှိအချိန်မှာ ဖြစ်ပေါ်လာတဲ့စိတ်၀ိညာဥ်ရဲ့ထူးဆန်းတဲ့၀ိသေသနလက္ခာဏာတွေကို လေ့လာရမှာ အဲ့ဒါမှသာ အနာဂတ်နောင်လာနောင်သားတွေအတွက် စိတ်၀ိညာဥ်တစ်ခုဖန်တီးနိုင်ဖို့ အစပျိုးပေးခဲ့လို့ရမယ်…မင်းအတွက်ကတော့မေ့ထားလိုက်ပါတော့ ”

ထိုက်တန်ကတော့ မကျေနပ်ခဲ့ပါဘူး။

” အကယ်၍ ငါသာသိခဲ့မယ်ဆိုရင် သေချာပေါက်၀မ်သုန့်ကိုငါးခုမြောက်၀ိညာဥ်စက်ကွင်းရဖို့ သွားပြောမှာမဟုတ်ဘူး…စိတ်၀ိညာဥ်ဆိုတာပိုပြီးကောင်းတာမဟုတ်ဘူးလား ”

နျိုထန်ကတော့ မျက်မှောင်ကြုတ်နေခဲ့ပါတယ်။

” ကိစ္စတွေကို လွယ်လွယ်လေးပြောမနေနဲ့ ဒီစိတ်၀ိညာဥ်က တော်တော်လေးအံ့ဩစရာကောင်းလွန်တယ်…တစ်ခုခုကိုဖန်တီးဖို့ လွယ်တယ်များမှတ်နေလား ယွိဟောင် သွားကြမယ်…မင်းရဲ့ဒီလိမ္မော်ရောင်ကလေးလေးက တကယ်တိုက်ပွဲတစ်ခုမှာဘယ်လောက်အသုံး၀င်နိုင်လဲဆိုတာစမ်းသပ်ကြည့်ကြတာပေါ့ ဘယ်လိုအပြောင်းအလဲတွေကို သူဖန်တီးနိုင်မလဲဆိုတာလဲ စောင့်ကြည့်ရအောင် ”

ဟို့ယွိဟောင် သဘောတူလိုက်ပါတယ်။ မျိုးနွယ်စုသခင်နှစ်ယောက်က သူ့ရဲ့စိတ်၀ိညာဥ်ဘယ်လောက်အထိ ကောင်းမွန်လဲဆိုတာ လိုလိုလားလားစမ်းသပ်ချင်နေကြတာ ကောင်းမွန်တဲ့ကိစ္စပါပဲ။ သူတို့ရဲ့၀ိညာဥ်စွမ်းအားကိုထိန်းချုပ်နိုင်တဲ့အတိုင်းအတာနဲ့ဆိုရင် သူထိခိုက်မှာစိုးရိမ်စရာမလိုပါဘူး။

ထိုက်တန်ကတော့ အနည်းငယ်မနာလိုနေခဲ့ပါတယ်။

” ကောင်လေး ငါဒီကလေးအသေးလေးကို ထိခိုက်အောင်မလုပ်နိုင်ဘူး…သူ့ရဲ့အဖေဖြစ်တဲ့ မင်းကတော့ဒီကလေးကိုမထိခိုက်အောင် သည်းခံပြီကာကွယ်ရမယ် ဟုတ်တယ်ဟုတ် ”

အပိုင်း ၁၉၉•၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset