Switch Mode

Chapter – 199.2

လိမ္မော်ရောင်ဝိညာဉ်စက်ကွင်း

အပိုင်း ၁၉၉•၂

” လိမ္မော်ရောင်၀ိညာဥ်စက်ကွင်း ”
°°°
နှင်းဧကရီရဲ့ စိတ်၀ိညာဥ်နဲ့အပြည့်အ၀ပေါင်းစပ်ပြီတဲ့အချိန်မှသာ သူ့ခန္ဓာကိုယ်အပြောင်းအလဲတွေကို ဟို့ယွိဟောင်စတင်ပြီ အာရုံခံမိလာခဲ့ပါပြီ။ မျိုးနွယ်ခေါင်းဆောင်နှစ်ယောက်ကို နှုတ်ဆက်ပြီတဲ့နောက် သူခပ်မြန်မြန်ပဲ အိပ်ရာပေါ်ပြန်ကာတင်ပလ္လင်ခွေချိတ်ထိုင်ရင် တရားထိုင်ဖို့လုပ်ပါတော့တယ်။ စိတ်ကိုစုစည်းပြီတဲ့နောက် ၀ိညာဥ်စွမ်းအားတွေကို စတင်လှည့်ပတ်လိုက်ပါပြီ။

သူတို့ရဲ့အသိစိတ်နဲ့ ထူးဆန်းကောင်းကင်နည်းလမ်းရဲ့ ၀ိညာဥ်စွမ်းအားကို ပေါင်းစည်းလိုက်ချိန်မှာတော့ ရုတ်တရက်ဆိုသလို ကြည်လင်ပြတ်သားမှုကိုခံစားလိုက်ရပါတော့တယ်။ နှင်းဧကရီနဲ့ ပေါင်းစည်းမှုကြောင့် စိတ်၀ိညာဥ်ပင်လယ်ထဲမှာရှိနေတဲ့ ပြဿနာတွေက ဖြေရှင်းပြီသားဖြစ်သွားခဲ့ပါပြီ။ သူ့ရဲ့စိတ်၀ိညာဥ်စွမ်းအားကလဲ နှိမ့်ဆင်းသွားမဲ့အစား ပြန်ပြီတိုးတက်လို့လာခဲ့ပါတယ်။ လက်ရှိအချိန်မှာ အဆုံးမဲ့ပင်လယ်သမုဒ္ဒရာကြီးအဖြစ်ကို ပြန်လည်ရောက်ရှိခဲ့ပါပြီ။

နှင်းလုံးလေးကတော့ သူ့စိတ်၀ိညာဥ်ပင်လယ်ထဲမှာလိမ္မော်ရောင်အလုံးတစ်လုံးအဖြစ် ကူးခတ်လို့နေခဲ့ပါတယ်။

သူဒီလိုမျိုးလေ့ကျင့်နေတဲ့အချိန်မှာ မိုးကောင်းကင်နဲ့ မြေကမ္ဘာရဲ့စွမ်းအားမူလအရင်းအမြစ်တွေက နှင်းလုံးလေးရဲ့ခန္ဓာကိုယ်နဲ့ပေါင်းစည်းပြီ သူမကိုအာဟာရဖြည့်တင်းပေးနေတာကို ဟို့ယွိဟောင်ခံစားမိပါတယ်။ ဒါ့အပြင် ဒီစွမ်းအားတွေက သူ့ရဲ့ကျင့်ကြံတဲ့အရှိန်နှုန်းနဲ့ မသက်ရောက်စေပါဘူး။ ဒါ့အပြင် သူမရှိလာတဲ့အတွက် ထူးဆန်းကောင်းကင်နည်းလမ်းရဲ့လှည့်ပတ်မှုက ပိုပြီးမြန်ဆန်လာခဲ့ပါပြီ။ နှင်းလုံးလေးရဲ့စွမ်းအားအစိတ်အပိုင်းတချို့ကိုစုပ်ယူထားတာကြောင့် သူ့ရဲ့ကိုယ်ပိုင်ကျင့်ကြံဆင့်ကလဲ သိသိသာသာကိုမြင့်တက်လာခဲ့ပါတယ်။

ဒါ့အပြင် ငါးခုမြောက်၀ိညာဥ်စက်ကွင်းကိုရပြီတဲ့နောက် သူက၀ိညာဥ်ဘုရင်လဲဖြစ်သွားခဲ့ပါပြီ။ သူ့ရဲ့၀ိညာဥ်စွမ်းအားတွေက တစ်သတ်မှတ်ထဲရှိနေခဲ့ပေမဲ့ အားလုံးခြုံကြည့်လိုက်မယ်ဆိုရင်လှည့်ပတ်မှုကတော့ ပိုပြီးအရှိန်အဟုန်ကောင်းလာပါတော့တယ်။

သူ့ရဲ့ခန္ဓာကိုယ်အတွင်းပိုင်းက ရွှေရောင်တောက်နေခဲ့ပါပြီ။ ဒါကထူးဆန်းကောင်းကင်နည်းလမ်းကြောင့်တင်မဟုတ်ပဲ စိတ်၀ိညာဥ်စွမ်းအားကြောင့်လဲ ပါနေခဲ့တယ်။ ဒါ့အပြင် ကြီးမားတဲ့စိတ်၀ိညာဥ်စွမ်းအားနဲ့ ၀ိညာဥ်စွမ်းအားတို့ကြောင့် ခန္ဓာကိုယ်ရဲ့အပြောင်းအလဲတွေကြီးကြီးမားမားဖြစ်လာတာကို သိသိသာသာခံစားနေခဲ့ရပါတယ်။ သူ့ရဲ့ခန္ဓာကိုယ်က အဆင့်ကျော်တိုးတက်သွားသလိုပါပဲ။

ဒါဘယ်လောက်အထိအချိန်ကြာမလဲဆိုတာမသိပေမဲ့ တစ်သက်တာပတ်လုံးကြာမြင့်နေဖို့တောင် သူမျှော်လင့်နေခဲ့ပါတယ်။ ဒီအတိုင်းသာသူ့ခန္ဓာကိုယ်က တိုးတက်နေမယ်ဆိုရင် ခံနိုင်ရည်စွမ်းအားကလဲမြင့်တက်လာမှာပါ။ စိတ်၀ိညာဥ်ပင်လယ်ကလဲ သူ့ခန္ဓာကိုယ်ပိုမိုသန်မာလာမှုနဲ့အတူ ပိုအားကောင်းလာပါလိမ့်မယ်။ ဒါပေမယ့် မကြာခင်အတွင်းမှာပဲ ဒီခံစားချက်က​ဖြည်းဖြည်းချင်းပျောက်ကွယ်စပြုလာခဲ့ပါပြီ။

နှင်းလုံးလေးနဲ့ပေါင်းစည်းပြီတဲ့နောက် ဟို့ယွိဟောင်ရဲ့ဖြစ်လာတဲ့ခန္ဓာကိုယ်အခြေအနေကို ပြောပြဖို့ကတော့စကားတစ်ခွန်းသာရှိပါတယ်။ ပင်ကိုယ်သဘာ၀ပြောင်းလဲမှုပါပဲ ဟို့ယွိဟောင်ဒီနေ့တစ်နေ့လုံးနက်နက်ရှိုင်းရှိုင်းတရားထိုင်ပြီတဲ့နောက် နောက်တစ်ကြိမ်မျက်လုံးပြန်ဖွင့်လာချိန်မှာတော့ မိုးလင်းနေခဲ့ပါပြီ။ သူ့ခန္ဓာကိုယ်ရဲ့ပင်ကိုယ်သဘာ၀ပြောင်းလဲမှုက ဆက်တိုက်ဖြစ်နေဆဲပါပဲ။ ဒါပေမယ့် အရှိန်ကတော့ သိသိသာသာကိုလျော့ကျသွားခဲ့ပါတယ်။ ဟို့ယွိဟောင် အိပ်ရာပေါ်က ခုန်ထပြီတဲ့နောက်အကြောအချဥ်တွေကို ဆန့်ထုတ်လိုက်ချိန်မှာ အရိုးကနေတစ်ဖြောင့်ဖြောင့်မြည်တဲ့အသံကိုကြားလိုက်ရပါတော့တယ်။ သူအရပ်ရှည်လာတာကို သတိထားမိလိုက်တဲ့အတွက် မျက်လုံးတောင်ပြူးနေခဲ့ပါပြီ။ အခုလက်ရှိအချိန်မှာ ဖွံ့ဖြိုးနေဆဲဖြစ်တဲ့ကြွက်သားတွေက လက်ရှိအချိန်မှာ အတော်ကိုပျော့ပျော့ပြောင်းပြောင်းဖြစ်သွားခဲ့သလို အရေပြားကလဲပိုပြီးကျန်းမာလာခဲ့ပါတယ်။

နှစ်တွေအများကြီးကြာအောင် မနားမနေလေ့ကျင့်ပြီတော့မှ ကြေးနီရောင်လိုညိုမှောင်ပြီကျန်းမာတဲ့အသားအရေးကိုရရှိခဲ့တာပါ။ ဒီအသားအရေးက သူ့ကိုပိုပြီးယောကျ်ားပီသစေပါတယ်။ ဒါ့အပြင် လက်ရှိအချိန်မှာတော့ သူအရေပြားကကြည့်လိုက်မယ်ဆိုရင် အနည်းငယ်ကြမ်းရှရှတောင်နိုင်နေခဲ့တယ်။

တစ်နေ့နဲ့တစ်ညတရားထိုင်ပြီတဲ့နောက် သူ့ရဲ့အသားအရေးက အနည်းငယ်ဖြူဖျော့လို့နေခဲ့ပါပြီ။ ညိုမှောင်နေဆဲဖြစ်ပေမဲ့လဲ အသားအရေးရဲ့ တောက်ပတဲ့အလွှာတစ်ခုက သိသိသာသာကိုထင်ထင်ရှားရှားအပေါ်ယံမှာပေါ်နေခဲ့ပါတယ်။ လက်ရှိအချိန်မှာ လူကြီးတစ်ယောက်လိုမျိုးအရွယ်ရောက်လာတဲ့ အသားအရေးပုံစံက ပြောင်းလဲလို့သွားခဲ့ပြီ ချောမွေ့ပြီနူးညံ့အေးစက်တဲ့အနေအထားဆီကို ရောက်ရှိလို့သွားပါတော့တယ်။

ငါမျက်စိများမှားနေတာလား ဟို့ယွိဟောင် ပထမဆုံးဒီလိုတုန့်ပြန်မိပါတယ်။ ချက်ချင်းဆိုသလို ရေချိုးခန်းထဲကိုပြေးရင်း သူ့ဘာသာသူမှန်ထဲပြန်ကြည့်လိုက်ချိန်မှာတော့ မျက်စိရှေ့မှာရှိနေတဲ့ လူကိုတောင်မမှတ်မိချင်တော့ပါဘူး။

ရုပ်ကတော့ ဟို့ယွိဟောင်ရဲ့ရုပ်ဖြစ်နေခဲ့ပေမဲ့ မျက်နှာနဲ့ခန္ဓာကိုယ်နှစ်ခုကတော့ သေးငယ်ပြီထူးဆန်းတဲ့အရာတွေကို ကြုံတွေ့ထားရပါတယ်။ ဒီသေးငယ်တဲ့အပြောင်းအလဲတွေကလဲ သူ့ရဲ့ရုပ်ရည်ကို အနည်းငယ်ထူးဆန်းလို့သွားစေခဲ့တယ်။

သူ့မျက်နှာရဲ့မေးရိုးလိုအစိတ်အပိုင်းတွေက ပိုပြီးသိသာထင်ရှားလို့လာခဲ့ပါပြီ။ မျက်လုံးထဲမှာတော့ တည်ငြိမ်နေတဲ့အကြည့်ကရှိနေဆဲဖြစ်သလို နှင်းဧကရီရဲ့ဂုဏ်ကျက်သရေရှိပြီ နူးညံ့တဲ့အကြည့်လဲပါနေခဲ့တယ်။ အသားအရေးက ချောမွေ့လို့နေခဲ့ပြီ တောက်ပတဲ့ပျားရည်လိုအယောင်ဆောင်နေခဲ့ပါတယ်။ ဒီအပြောင်းအလဲပြီတဲ့နောက် အရင်ကထက်ပိုပြီးခန့်ညားလာတယ်လို့ သူ့ကိုယ်သူခံစားနေခဲ့ရတယ်။

မှန်ကိုကြည့်ရင်းနဲ့ သူ့ဘာသာသူပြန်ပြီမေးခွန်းထုတ်နေခဲ့မိပါပြီ။

” ဒါတကယ်ပဲ ငါရောဟုတ်ရောဟုတ်သေးရဲ့လား ”

ကျင့်ကြံဆင့်မြင့်မားလာတာနဲ့ ဒီလိုအပြောင်းအလဲတွေက ဖြစ်မလာသင့်ပါဘူး။ နောက်ဆုံးမှာတော့ နားလည်သွားခဲ့ပါပြီ နှင်းလုံးလေးကသာ သူ့အပြောင်းအလဲတွေရဲ့နောက်ကွယ်က အကြောင်းအရင်းပါ။

သူကငါ့ကိုအဖေလို့ခေါ်ပေမဲ့ အစောတုန်းက ငါရုပ်ရည်ကြောင့်သူရုပ်ရည်နဲ့တစ်စက်လေးမှတူမနေဘူး…ကြည့်ရတာ သူကြောင့် ငါအပြောင်းအလဲတွေဖြစ်ကုန်ပြီနဲ့တူတယ်။

ဒီအထိတွေးပြီတဲ့နောက် သူရယ်ရမလား ငိုရမလားတောင် သူမသိတော့ပါဘူး။ ဘယ်လိုလုပ်သမီးတစ်ယောက်က သူ့အဖေရဲ့ရုပ်ရည်သွင်ပြင်ကို ပြောင်းလဲစေနိုင်ရတာလဲ။ ဒါပေမယ့် အဲ့ဒီလိုအခြေအနေကတော့ ​ဖြစ်လာခဲ့ပါပြီ။ သူအရင်ပုံစံက ရုပ်ဆိုးတာ​ကြောင့်ဒီကလေးမက သူ့ကိုအဖေမတော်ချင်တာလား။

တွေးရင်းတွေးရင်းနဲ့ ဟို့ယွိဟောင် ထရယ်မိပါတော့တယ်။ ဒီလိုတွေးပြီချိန်မှာပဲ အလင်းရောင်တွေကတောက်ပလာပြီ နှင်းလုံးလေးက ထပ်မံထွက်ပေါ်လာခဲ့ပြန်ပါပြီ။ ဒီတစ်ကြိမ်မှာတော့ သူ့ရဲ့ကံကြမ္မာမျက်လုံးထဲက ထွက်လာတာမဟုတ်ပဲ ရင်ဘတ်ထဲကထွက်လာခဲ့တာပါ။ သူ့ခန္ဓာကိုယ်ကတင် ထိုးထွက်လာတာမဟုတ်ပဲ နှင်းလုံးလေးကလဲ သူ့နဲ့ပိုပြီးရင်းနှီးကျွမ်း၀င်လာပါတော့တယ်။

အရှေ့ရက်ကနဲ့ယှဥ်လိုက်မယ်ဆိုရင် သူကနည်းနည်းလေးပိုပြီး အရွယ်ရောက်လာခဲ့ပါပြီ။ ကလေးအရွယ်သာဖြစ်သေးပေမဲ့ ပိုပြီးချစ်စရာကောင်းလာခဲ့ပါတယ်။ မှန်ထဲမှာရှိတဲ့ဟို့ယွိဟောင်ရဲ့ရုပ်ရည်ကိုမြင်ချိန်မှာတော့ သူမစတင်ပြီလက်ခုပ်လက်၀ါးတီးကာရယ်မောပါတော့တယ်။

” ကလေးလေ ဒီအဖေကြီးက ရုပ်ဆိုးလို့မင်းကဒီလိုပုံစံပြောင်းပေးလိုက်တာလား ”

နှင်းလုံးလေးကတော့ ခေါင်းခါနေခဲ့ပါတယ်။ ဒါပေမယ့် သူမရဲ့မျက်လုံးပြာပြာတွေကတော့ ရယ်ချင်စိတ်အပြည့်ရှိနေဆဲပါ။ နှင်းလုံးလေးကို ပွေ့ဖက်ချင်ပေမဲ့လဲသူမကအလင်းတန်းတစ်ခုအသွင်ကို ပြောင်းလဲလို့သွားပါတော့တယ်။ သူဘယ်လိုပဲလိုက်ဖမ်းဖို့ကြိုးစားပါစေ အလင်းတန်းကိုသာ ဖမ်းဆုပ်မိပြီကျန်တဲ့ဘယ်အရာကိုမှ မဖမ်းမိခဲ့ပါဘူး။

သူမကတော့ ပါးစပ်အပြည့်ရေတွေကိုငုံလိုက်ရင်း ဟို့ယွိဟောင်ရဲ့မျက်နှာကို ရေနဲ့ထွေးထုတ်လို့နေခဲ့ပါတယ်။

ဟို့ယွိဟောင် ဘယ်လိုပဲအဆုံးစွန်းရေခဲကိုပိုင်ဆိုင်ထားပါစေ ဒီရေတွေနဲ့ထိမိချိန်မှာတော့ ချမ်းလို့တုန်သွားပါတော့တယ်။ နှင်းလုံးလေးကတော့ ရယ်ရင်းနဲ့ထွက်ပြေးနေဆဲပါ။ ဒီလိုပျံသန်းနေရင်းအတော်ကိုပျော်နေတဲ့ပုံပေါ်ပါတယ်။

ဟို့ယွိဟောင်လဲ ဒီကလေးနဲ့ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ မတွေးတတ်တော့ပါဘူး။ သူမရဲ့ပျော်ရွှင်နေပုံကိုကြည့်ရင်း ဟို့ယွိဟောင်လဲ ပိုပြီးစိတ်အေးလက်အေးဖြစ်လာပါတော့တယ်။ အခုလက်ရှိအချိန်မှာ တကယ်ပဲသမီးတစ်ယောက်ကောက်ထားရတဲ့အဖေကြီးလိုမျိုး အတွေး၀င်လာခဲ့မိပါပြီ။ ဒီ

အတွေးကိုတွေးမိပြီချိန်မှာပဲ ဟို့ယွိဟောင်ရဲ့စိတ်ထဲကိုလူတစ်ယောက်ရဲ့ရုပ်သွင်က ၀င်ရောက်လာခဲ့ပါတယ်။ ၀မ်သုန့် မင်းရဲ့အမြွှာအစ်မကရော ဒီလိုကြီးချစ်စရာကောင်းတဲ့ကလေးကို မွေးနိုင်မှာလား။

သူ့မျက်နှာက တွေးရင်းနဲ့နီရဲလို့သွားခဲ့ပါပြီ။ နှလုံးခုန်သံတွေကလဲ မြန်ဆန်လာခဲ့ပါတယ်။ နောက်ဆုံးတော့လဲ သူက အသက်ဆယ့်ခုနှစ်သာရှိသေးတဲ့သူပါ။ ပုံမှန်လေ့ကျင့်နေချိန်မှာခံစားချက်တွေသိပ်မရှိပေမဲ့ ကျွီးကျင့်နဲ့တွေ့ဆုံပြီတဲ့နောက် အလင်းတန်းနတ်မိမယ်ကိုမြင်ပြီတဲ့အချိန်ကာလတွေမှာ သူ့ရဲ့ခံစားချက်တွေက ပြောင်းလဲလို့လာပါတော့တယ်။

” မျိုးနွယ်စုသခင်နှစ်ယောက် ရောက်နေတာကြာပြီလား ”

စိတ်၀ိညာဥ်ထောက်လှမ်းမှုကို မသုံးပဲနဲ့တောင် အပြင်မှာရှိနေတဲ့လူတွေကို ဟို့ယွိဟောင် ချက်ချင်းရှာဖွေတွေ့ရှိလို့သွားခဲ့ပါတယ်။ ဘယ်သူတွေမှန်းတောင်သူသိလို့နေခဲ့တယ်။

သူတို့နှစ်ယောက်တံခါးမခေါက်ခင်အချိန်မှာ သူ့ဘာသာသူတံခါးဖွင့်ပေးလိုက်ပါတယ်။

နျိုထန်က ပြုံးပြရင်းနဲ့မေးလာခဲ့ပါတယ်။

” မင်းရဲ့ကျင့်ကြံမှုပြီးဆုံးသွားပြီလား ”

ဟို့ယွိဟောင်ကိုကြည့်ရင်း သူအနည်းငယ်အံ့အားသင့်နေခဲ့တယ်။

” ယွိဟောင် ဘာဖြစ်လို့မင်းမနေ့ကနဲ့မတူတော့ဘူးလို့ငါထင်နေရတာလဲ ”

ယွိဟောင်လဲ သူတို့နှစ်ယောက်အခန်းထဲကို၀င်ခိုင်းလိုက်ပြီတဲ့နောက် သူပြောလာခဲ့တယ်။

” ဦးလေးနျို ကျွန်တော်တော့ ဦးလေးနဲ့အတူတူပဲတွေးမိတယ်…ကြည့်ရတာကျွန်တော်ခန္ဓာကိုယ်က နှင်းလုံးလေးရဲ့လွှမ်းမိုးမှုကြောင့် ပြောင်းလဲသွားတဲ့ပုံပဲ ဘယ်လောက်ပြောင်းလဲသွားမလဲဆိုတာကို ကျွန်တော်မသေချာသေးဘူး…ဒါပေမယ့် ခန္ဓာကိုယ်နဲ့ စိတ်၀ိညာဥ်စွမ်းအားကလဲ ပိုပြီးသန်မာလာတယ်…ဒါနဲ့ဆက်သွယ်မှုကလဲ ကြီးထွားနေပြီ စိတ်ပိုင်ဆိုင်ရာဆက်သွယ်မှုကလဲ ပိုပြီးတော့နက်ရှိုင်းလာနေပြီ ကျွန်တော်ရဲ့ရုပ်ရည်နဲ့ အသားအရေးတောင်မှ နည်းနည်းပြောင်းသွားသေးတယ် ”

” အမှန်ပဲ ”

နျိုထန်က ခေါင်းညိတ်ရင်းဟို့ယွိဟောင်ရဲ့ပုခုံးကိုလက်နဲ့ဖိလိုက်ပါတယ်။ ညင်သာတဲ့၀ိညာဥ်စွမ်းအားတွေက သူ့ခန္ဓာကိုယ်ထဲကို ၀င်ရောက်လာခဲ့ပါပြီ။ နောက်တစ်ကြိမ် စွမ်းအားဖြတ်သန်းမှုလမ်းကြောင်းတွေကို သန့်စင်ပေးပြန်ပါတော့တယ်။ ဒီနွေးထွေးနူးညံ့တဲ့ ခံစားချက်က လူကိုအများကြီးသက်သောက်သက်သာရှိစေတာအမှန်ပါ။

” ယွိဟောင် မင်းရဲ့စိတ်၀ိညာဥ်စွမ်းအားက အထင်ကြီးစရာကောင်းလိုက်တာ ”

နျိုထန်က အံ့အားသင့်နေတဲ့ပုံစံနဲ့ ချီးမွမ်းနေခဲ့ပါတယ်။ ဟို့ယွိဟောင်လဲ ဒါကိုကြည့်ရင်းပဟေဠိဖြစ်နေခဲ့တယ်။

နျိုထန်က ထိုက်တန်ကို လှမ်းပြီကြည့်လိုက်ပါတယ်။ ဒါပေမယ့် ထိုက်တန်ကတော့ သူတို့ကိုအာရုံမစိုက်တဲ့ နှင်းလုံးလေးကိုသာ ကြည့်နေခဲ့တာပါ။

” ကြည့်ရတာငါတို့က တော်တော်လေးတစ်ယောက်ထဲနေရတာ ကြာသွားလို့ အထီးကျန်သွားတဲ့ပုံနဲ့တူတယ် ”

” ယွိဟောင် အခုမင်းရဲ့ခန္ဓာကိုယ်အခြေအနေတွေကို ငါစစ်ဆေးပြီးပြီ ၀ိညာဥ်ပညာရှင်တွေရဲ့ ကျင့်ကြံဆင့်မှာမတူညီတဲ့အဆင့်အလိုက်မတူညီတဲ့ရပ်တန့်တဲ့နေရာတွေရှိတယ်ဆိုတာ မင်းသိတယ်မလား ဒီရပ်တန့်တဲ့နေရာတွေကို ကျော်ဖြတ်ပြီတာနဲ့ကျင့်ကြံမှုကလဲ သိသိသာသာကို တက်လာလိမ့်မယ်…ဒါကြောင့်သာ ၀ိညာဥ်စက်ကွင်းခြောက်ကွင်းနဲ့ ခုနှစ်ကွင်းကြားမှာအကြီးမားဆုံးအတားအဆီးကြီးက ရှိနေတာပဲ ၀ိညာဥ်ပညာရှင်တွေက ၀ိညာဥ်စက်ကွင်းခြောက်ကွင်းနဲ့ ခုနှစ်ကွင်းကိုကျော်ဖြတ်ပြီတဲ့အချိန်မှာ သူတို့ရဲ့သိုင်းပညာ၀ိညာဥ်အစွမ်းအစကို အပြည့်အ၀လုပ်နိုးနိုင်လိုက်မယ်..ဒါဆိုရင် သိုင်းပညာ၀ိညာဥ်စစ်မှန်ခန္ဓာကိုယ်ကိုလဲ ရရှိလိမ့်မယ်”

ဟို့ယွိဟောင်လဲ ခေါင်းညိတ်နေခဲ့ပါတယ်။

” အခုမင်းရဲ့ခန္ဓာကိုယ်ကို ငါကြည့်ပြီးပြီ မင်းရဲ့ခန္ဓာကိုယ်အပြောင်းအလဲက သိုင်းပညာ၀ိညာဥ်စစ်မှန်ခန္ဓာကိုယ်ကို မပိုင်ဆိုင်ထားတဲ့ ၀ိညာဥ်ပညာရှင်တစ်ယောက်နဲ့ အခြေအနေတူလောက်သွားပြီဖြစ်နေတယ် ”

” တကယ်ကြီးလား ”

ဟို့ယွိဟောင်မျက်လုံးပြူးသွားပါတော့တယ်။ သူက အမျက်ဒေါသကျောင်းတော်ရဲ့ ပါရမီရှင်တစ်ယောက်ဖြစ်တာကြောင့် နျိုထန်ရဲ့စကားတွေကိုနားမလည်တာတစ်လုံးမှတောင်မရှိခဲ့ပါဘူး။ သူက အဆင့်ငါးဆယ်သာရှိသေးတဲ့သူပါ ဒါ့အပြင် အမြွှာသိုင်းပညာ၀ိညာဥ်နဲ့ အဆုံးစွန်းသိုင်းပညာ၀ိညာဥ်ကိုပိုင်ဆိုင်ထားတဲ့အတွက် အဆင့်ခုနှစ်ဆယ်ကိုရောက်ဖို့ဆိုတာအဝေးကြီးလိုပါသေးတယ်။

သူနဲ့၀မ်သုန့်နှစ်ယောက်က ၀ိညာဥ်စက်ကွင်းခုနှစ်ကွင်းရှိတဲ့ ၀ိညာဥ်သူတော်စင်ကျောက်ယန်ကို အစောပိုင်းမှာတိုက်ခိုက်ခဲ့ပါတယ်။တစ်ဖက်လူက ကြမ်းတမ်းတဲ့ရွှေ၀က်၀ံကိုပိုင်ဆိုင်ထားတာပါ။ ဒါ့အပြင် ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ရဲ့သိုင်းပညာ၀ိညာဥ်တွေထက်လဲ ပိုပြီးသန်မာပါသေးတယ်။

သူတို့တွေအစွမ်းကုန်သုံးပြီတော့မှသာ ဒီလူကိုအလဲထိုးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အဲ့ဒီလိုအလဲထိုးနိုင်ခဲ့တာကလဲ သိုင်းပညာ၀ိညာဥ်ပေါင်းစည်းစွမ်းရည်တွေနဲ့ ဧကရာဇ်နယ်မြေကိုနားလည်နေခဲ့လို့ပါ။ ဒါက ဘာကြောင့်လဲဆိုရင် ကျောက်ယန်ကသိုင်းပညာ၀ိညာဥ်စစ်မှန်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားလို့ဒီလောက်အထိ တိုက်ခိုက်ရခက်ခဲနေတာပါပဲ။

ရိုးရိုးရှင်းရှင်းပြောရမယ်ဆိုရင် အကယ်၍ သူသာအဆင့်ခြောက်ဆယ်ကိုးမှာရှိနေခဲ့မယ်ဆိုရင် ဟို့ယွိဟောင်အနေနဲ့ ကျောက်ယန်ကို လက်ရည်ချင်းယှဥ်နိုင်လောက်ပါတယ်။ ဒါပေမယ့် ကျောက်ယန်သာသိုင်းပညာ၀ိညာဥ်စစ်မှန်ခန္ဓာကိုယ်ကို အပြည့်အ၀ရရှိသွားပြီရင်တောင် သူ့ရဲ့အဆင့်ကလုံး၀ကိုကွာခြားသွားမှာပါ။ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့နှစ်ယောက်ပဲ ပါရမီရှိပါစေ ၀ိညာဥ်စစ်မှန်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ကိုတော့အလဲမထိုးနိုင်လောက်ပါဘူး။ အားကုန်သုံးပြီ ခုခံရုံသာတတ်နိုင်ပါလိမ့်မယ်။

အပိုင်း ၁၉၉•၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset