အပိုင်း ၁၉၉•၁
” လိမ္မော်ရောင်၀ိညာဥ်စက်ကွင်း ”
°°°
ဒါပေမယ့် နှင်းလုံးလေးက သော့်လော့တိုက်ရဲ့သက်ရှိတစ်ယောက်ဖြစ်နေဆဲပါ။ သူမက ထူးကဲသစ်လွင်တဲ့တည်ရှိမှုတစ်ခုဖြစ်သလို လောကကြီးရဲ့ လောကနိယာမတရားတွေနဲ့ အပြည့်အ၀မကိုက်ညီသေးဘူး။ ဒါကြောင့်သာ ၀ိညာဥ်ပညာရှင်တွေနဲ့ ပေါင်းစည်းဖို့လိုပြီ သူမရဲ့အစွမ်းအစတွေကို အသုံးပြုဖို့အကူအညီလိုအပ်ပါတယ်။ ဒါ့အပြင် သူ့မဘာသာသူမရှင်သန်ဖို့အတွက် ခက်ခဲနေဆဲပါ။
အကယ်၍ တခြားသူတွေသာဖြစ်ခဲ့မယ်ဆိုရင် နှင်းလုံးလေးအတွက် ၀ိညာဥ်စက်ကွင်းနေရာတစ်ခုကိုသာ ချန်ရစ်ထားနိုင်ပါလိမ့်မယ်။ ဒီလိုသာဖြစ်ခဲ့မယ်ဆိုရင် သူမရဲ့အင်အားကလဲ တစ်စိတ်တစ်ပိုင်းဆုံးရှုံးလို့သွားမှာပါ။ ရိုးရိုးရှင်းရှင်းပြောရမယ်ဆိုရင် ၀ိညာဥ်ပညာရှင်တွေက ၀ိညာဥ်သားရဲကောင်တွေရဲ့ ခန္ဓာကိုယ်ဆီကနေ သေဆုံးပြီချိန်မှာသာ ၀ိညာဥ်စက်ကွင်းတွေကိုစုပ်ယူနိုင်ပါတယ်။
ဒါကြောင့် ၀ိညာဥ်သားရဲကောင်မှာရှိတဲ့ ၀ိညာဥ်စွမ်းအားတွေအားလုံးကို ၀ိညာဥ်ပညာရှင်တွေကမရရှိကြပါဘူး။ သူ့အတွက်သင့်တော်တဲ့အရာကိုသာ ရွေးချယ်ပြီစုပ်ယူနိုင်တာပါ။ ဒါပေမယ့် နှင်းလုံးလေးမှာတော့ သက်ရှိခန္ဓာကိုယ်တစ်ခုရှိပါတယ်။ ဘာကြောင့် သူမရဲ့အင်အားတွေအားလုံးကို ထိန်းသိမ်းထားဖို့မျှော်လင့်ချက်ရှိနေခဲ့ပါပြီ။ ဘယ်လိုပဲဖြစ်ပါစေ ဒါကိုသူတစ်ယောက်ထဲနဲ့တော့ မလုပ်နိုင်ပါဘူး။ သူ့ရဲ့ဆန္ဒကိုဖြည့်စည်းပေးဖို့အတွက် ဟို့ယွိဟောင်ရဲ့အကူအညီကိုလိုအပ်ပါသေးတယ်။ ဒါကြောင့်သာ နေရာတွေအများကြီးကိုလိုအပ်လာခဲ့တာပါ။
သူဖြစ်ပေါ်လာခဲ့တဲ့အခြေအနေကလဲ အတော်ကိုပြိုင်ဘက်ကင်းလွန်လှပါတယ်။ ဟို့ယွိဟောင်လဲ သူ့လိုသက်ရှိမျိုးကိုနောက်တစ်ကြိမ်ထပ်မံဖန်တီးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။
အကယ်၍ ဟို့ယွိဟောင်သာ အကြီးအကဲလျှပ်စီးဧကရာဇ်ချန်ရစ်ထားခဲ့တဲ့ ချိတ်ဆက်ရေးမှော်ပညာကိုနောက်တစ်ကြိမ် သုံးလိုက်မယ်ဆိုရင်တောင် နှင်းဧကရီလိုမျိုးနောက်ထပ်စိတ်၀ိညာဥ်သက်ရှိတစ်ကောင်ကိုရဖို့ဆိုတာ မလွယ်လှပါဘူး။
၀ိညာဥ်ပညာရှင်တွေတိုင်းမှာ များပြားတဲ့စိတ်၀ိညာဥ်တွေကို လက်ခံနိုင်ဖို့လုံလောက်တဲ့၀ိညာဥ်စွမ်းအားတွေ ရှိမနေခဲ့တာအသိအသာကြီးပါပဲ။
ဒါ့အပြင် ၀ိညာဥ်သားရဲကောင်တစ်ကောင်ရဲ့ အင်အားတွေကိုပေါက်ကွဲမထွက်နိုင်အောင် အဆပေါင်းများစွာသိပ့်သည်းတဲ့အထိ ဖိနှိမ့်ပြီထိန်းသိမ်းထားရတဲ့ကိစ္စက တွေးမကြည့်နိုင်လောက်အောင်ခက်ခဲလွန်လှပါတယ်။ ဒါ့အပြင် အဲ့ဒီသန်မာတဲ့သားရဲကောင်ကြီးက သူ့ရဲ့နတ်အသိဉာဏ်ကိုစတေးပြီ ကိုယ့်ကိုကိုယ်စွန့်စားဖို့လဲလိုပါသေးတယ်။ ဒါတွေကိုဟို့ယွိဟောင်က နောက်တစ်ကြိမ် ထပ်မံဖန်တီးနိုင်မှာလဲ။
နောက်ရှု့ထောင့်တစ်မျိုးကနေ ကြည့်မယ်ဆိုရင် နှင်းဧကရီရဲ့အင်အားကို ဟို့ယွိဟောင်ရဲ့အစွမ်းအစတွေက တားဆီးထားနိုင်ပါတယ်။ ဒါ့အပြင် သူမလဲ သူမရဲ့အစွမ်းအစတွေကို ထုတ်ဖော်ပြသနိုင်ဖို့အတွက် အထိန်းအကွပ်လဲလိုအပ်နေခဲ့တယ်။
တတိယနဲ့ စတုတ္ထမြောက်၀ိညာဥ်စက်ကွင်းတွေက ပေါ်လာခဲ့ပါပြီ။ ၀ိညာဥ်စက်ကွင်းလေးခုက ရေခဲဧကရီနဲ့ သွေးနီရောင်၀ိညာဥ်စက်ကွင်းနဲ့အတူတူ လှည့်ပတ်လို့နေခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဟို့ယွိဟောင်လဲ ၀ိညာဥ်ဘုရင်တစ်ယောက်ဖြစ်သွားခဲ့ပါပြီ။ သူက တစ်ချိန်ထဲမှာ ၀ိညာဥ်စက်ကွင်းလေးခုကိုပေါင်းထည့်လိုက်တာပါ။ ဒါပေမယ့် သူကိုယ်တိုင်းလဲဒီ၀ိညာဥ်စက်ကွင်းလေးကွင်းကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတာ မသိတဲ့အတွက် စိတ်ညစ်လို့နေခဲ့ပါတယ်။ ဒါတွေအားလုံးကို နှင်းလုံးလေးကသာ ထိန်းချုပ်လို့ထားခဲ့တာပါ။
၀ိညာဥ်စွမ်းအားနဲ့ စိတ်၀ိညာဥ်စွမ်းအားတို့တိုးတက်လာတဲ့အခြေအနေကြီးကလဲ ဖြည်းဖြည်းချင်းငြိမ်သက်လို့လာခဲ့ပါပြီ။ ဒီပေါင်းစည်းတဲ့ပစ္စည်းက ဟို့ယွိဟောင်ထင်ထားတာထက်ကို ပိုပြီးရိုးရှင်းခဲ့ပါတယ်။ သူလဲဘာဆိုးကျိုးကိုမှမခံစားရပါဘူး။ အင်အားတွေအရမ်းကြီးတိုးလာတာကိုသာ ခံစားနေရခဲ့တယ်။
အချိန်တိုလေးအတွင်းမှာတင် သူ့ခန္ဓာကိုယ်က ၀ိညာဥ်စက်ကွင်းလေးကွင်းအသစ်ရောက်လာတဲ့အတွက် အပြောင်းအလဲတွေဖြစ်လာတာကို သိသာလာခဲ့ရပါပြီ။ ၀ိညာဥ်စွမ်းအားတိုးတက်လာရုံတင်မက အရိုးတွေစွမ်းအားဖြတ်သန်းသွားလာတဲ့လမ်းကြောင်းတွေနဲ့ စိတ်၀ိညာဥ်စွမ်းအားတွေအားလုံးကိုတက်လာခဲ့ပါတယ်။ ၀ိညာဥ်ပညာရှင်တစ်ယောက်အတွက် ၀ိညာဥ်စက်ကွင်းလေးခုကို ပေါင်းထည့်ပြီတဲ့နောက် တိုးတက်လာမှုတွေက ကြီးမားလွန်လှပါတယ်။ လက်ရှိအချိန်မှာ ဟို့ယွိဟောင်ရဲ့၀ိညာဥ်စွမ်းအားက ၀ိညာဥ်ဧကရာဇ်တစ်ယောက်ကိုယှဥ်လို့ရနေခဲ့ပါပြီ။
၀ိညာဥ်စက်ကွင်းလေးခုကိုလဲ လက်ရှိအချိန်မှာ သူထိန်းချုပ်လို့မရသေးပေမဲ့လဲ စွမ်းအားတွေကနေပေးစွမ်းလာခဲ့တဲ့အင်အားက အနည်းဆုံးနှစ်ပေါင်းတစ်သိန်းနဲ့ ညီမျှပါတယ်။ ဒါကပေါင်းစည်းတဲ့အချိန်အတွင်းမှာရှိနေသလို သူ့ရဲ့ကန့်သတ်ချက်ခံနိုင်ရည်ကြောင့်လဲ ဒီလောက်အခြေအနေမှာရပ်တန့်လို့သွားခဲ့တာပါ။
နှင်းလုံးလေးက သူ့ရဲ့အင်အားတွေအများကြီးကို အခုအထိထိန်းထားပါသေးတယ်။ နေရာလေးနေရာအထိ ယူပြီတဲ့နောက်မှာသူစိတ်ကျေနပ်လို့သွားခဲ့ပါပြီ။ ဒီ၀ိညာဥ်စက်ကွင်းလေးကွင်းရဲ့ အနာဂတ်တိုးတက်လာနိုင်တဲ့အလားအလာက ကြီးမားလွန်လှပါတယ်။ ဟို့ယွိဟောင်အနေနဲ့ ဒီနှင်းလုံးလေးက နေရာလေးခုကို သူ့ဘာသာသူယူလိုက်ပြီ ၀ိညာဥ်စွမ်းရည်လေးခုကိုတစ်ခုမှတောင်မပေးတဲ့အတွက် အနည်းငယ်တော့မကျေမနပ်ဖြစ်နေခဲ့ပါတယ်။
ဒီကလေးက တကယ်ပဲ ငါ့ကိုခြိမ်းခြောက်နေပြီ ငါရဲ့ရေခဲဧကရီရော အနာဂတ်မှာ၀ိညာဥ်စက်ကွင်းတွေက ဘယ်လိုထပ်ပြီထည့်လို့ရတော့မှာလဲ။ ဒါဆိုရင် ဒီအတိုင်းသွားလို့ကတော့ ၀ိညာဥ်စက်ကွင်းလေးကွင်းရဲ့စွမ်းအားလေးခုကို ဆုံးရှုံးရလိမ့်မယ်။ အမြွှာသိုင်းပညာ၀ိညာဥ်ရှိတဲ့ ငါရဲ့အားသာချက်တွေလဲ တော်တော်လေးတော့ထိခိုက်တော့မှာပဲ။
ဒါပေမယ့် သူမကိုသွားပြီမဆူပူ၀ံ့ပါဘူး။ အကယ်၍ ဒီကိစ္စကိုရေခဲဧကရီနိုးလာပြီသိမယ်ဆိုရင်တောင် ဘာမှမပြောမယ်မှန်းသေချာနေလို့ပါ။ နှင်းဧကရီ ဘယ်လောက်ပဲအသွင်ပြောင်းထားပါစေ သူမက သူ့မရဲ့အင်အားတွေကိုကောင်းကောင်းပိုင်ဆိုင်ထားဆဲပါပဲ။
အနီရောင်စက်ကွင်းတစ်ကွင်းနဲ့ လိမ္မော်ရောင်စက်ကွင်းလေးကွင်းက ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ဘေးပတ်လည်မှာလှည့်ပတ်နေခဲ့ပါပြီ။
ရေခဲကျောက်စိမ်းဧကရီကင်းမြီးကောက်ကြီးရဲ့ ကြောက်စရာအရှိန်အ၀ါကြီးကလဲ ပျောက်ကွယ်လို့သွားပါတော့တယ်။ အဲ့ဒီအစား အရမ်းကိုနူးညံ့ညင်သာပြီ အေးဆေးတည်ငြိမ်တဲ့အငွေ့အသက်ကသာ အစားထိုး၀င်ရောက်လာခဲ့ပါတယ်။
ဟို့ယွိဟောာင် သူ့ခန္ဓာကိုယ်သန်မာလာတာကို ခံစားမိရုံတင်မက မျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်စလုံးလဲ သူ့ခန္ဓာကိုယ်ရဲ့အပြောင်းအလဲတွေကို ခံစားမိပါတယ်။ သူတို့ရဲ့ကျင့်ကြံဆင့်နဲ့တောင် ဒီကောင်လေးဆီက အန္တရာယ်အငွေ့အသက်ကိုခံစားနေရတာပါ။ ဒီအန္တရာယ်အငွေ့အသက်မျိုးကို အရင်တုန်းက တစ်ခါမှမကြုံတွေ့ဖူးပါဘူး။
ရုတ်တရက်ဆိုသလို ကြည်လင်ပြတ်သားတဲ့ ရယ်သံတစ်သံကထွက်ပေါ်လို့လာပါတော့တယ်။ အဲ့ဒီနောက် ဟို့ယွိဟောင်ရဲ့ကံကြမ္မာမျက်လုံးထဲကနေ သေးငယ်တဲ့လိမ္မော်ရောင်ပုံရိပ်လေးတစ်ခုက တွားသွားပြီထွက်လာခဲ့ပါပြီ။ ဒါကတော့နှင်းလုံးလေးပါပဲ။
မျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်စလုံးလဲ သူမပြန်ပေါ်လာတာကိုမြင်ချိန်မှာ အံ့ဩလို့သွားခဲ့ပါတယ်။
” ကောင်လေး ဒီကလေးမက မင်းရဲ့၀ိညာဥ်စက်ကွင်းတွေအဖြစ် ပြောင်းသွားတာမဟုတ်ဘူးလား ”
ဟို့ယွိဟောင်ကတော့ နှင်းလုံးလေးအစားမေးခွန်းတွေကို ပြန်ဖြေပါတယ်။
“သူက ၀ိညာဥ်စက်ကွင်းတွေအဖြစ် ပြောင်းသွားတာမဟုတ်ဘူး…ကျွန်တော်ခန္ဓာကိုယ်မှာ သူ့နယ်မြေသူသတ်မှတ်နေရုံသက်သက်ပဲ ဒီ၀ိညာဥ်စက်ကွင်းတွေက သူ့ရဲ့သိပ့်သည်းသွားတဲ့စွမ်းအားတွေကို ထည့်သွင်းဖို့အတွက်နေရာတွေအပြည့်ဖန်တီးလိုက်တာ ဒါ့အပြင် အဲ့ဒီ၀ိညာဥ်စက်ကွင်းတွေကို အသုံးပြုပြီ စွမ်းအားကုန်တိုင်းဖြည့်လိုက်တယ်..ပြောရမယ်ဆိုရင် သူတို့တွေက တကယ်၀ိညာဥ်စက်ကွင်းတွေမဟုတ်တော့ ကျွန်တော်နဲ့လဲဘာမှမဆိုင်ဘူးလေ ”
နှင်းလုံးလေးကတော့ သူ့လေသံကြောင့်မကျေနပ်တဲ့ပုံစံပါပဲ။ ဒါကြောင့် ခေါင်းခါရင်းနဲ့ ၀ူး၀ူး၀ါး၀ါးတွေ၀င်ပြောနေခဲ့တယ်။
သူမရဲ့ခန္ဓာကိုယ်ပေါ်မှာလိမ္မော်ရွှေရောင်အလင်းတန်းတွေ တောက်ပလို့ခဲ့ပါပြီ။ ဟို့ယွိဟောင်လဲ သူမရဲ့စိတ်အကြံအစည်ကိုချက်ချင်သတိထားမိလိုက်ပါတော့တယ်။ အဲ့ဒီနောက် သူ့ရဲ့၀ိညာဥ်စက်ကွင်းအသစ်လေးကွင်းက စတင်ပြီအလင်းရောင်တောက်လာပါတော့တယ်။ ပထမဆုံး၀ိညာဥ်စက်ကွင်းကို သူမက ရောင်စဥ်တွေဖြာနေတဲ့အထိ လွှင့်ထုတ်ရင်းလက်တစ်ဖက်ကိုမြောက်ကာ ထိုက်တန်ကိုလက်ညိုးထိုးလိုက်ပါပြီ။ ရုတ်တရက်ဆိုသလို အပြာရင့်ရောင်အလင်းတန်းက သူမရဲ့လက်ကနေအပြင်ကိုပြေးထွက်ပြီ ထိုက်တန်ကို လွှမ်းခြုံလိုက်ပါတော့တယ်။ ထိုက်တန်ကတော့ နောက်ထပ်တစ်ကြိမ်ရေခဲရုပ်ထုကြီးဖြစ်သွားခဲ့ပြန်ပါပြီ။ ဒီတစ်ကြိမ်လဲ သူတန်ပြန်ပြီမခုခံမတိုက်ခဲ့ပါဘူး။
ကလေးလေးကတော့ ရယ်မောနေဆဲပါ။ ဒီတစ်ကြိမ်မှာလဲ ထိုက်တန်က ပြင်းပြင်းထန်ထန် ရုန်းကန်နေပေမဲ့ သူ့ရဲ့လှုပ်ရှားမှုတွေကတော့ အများကြီးနှေးကွေးလို့သွားခဲ့ပါတယ်။
” ငါ့ကိုခဲသေအောင်လုပ်နေတာပဲကလေးလေး ငါ့ကိုစမ်းသပ်ခံပစ္စည်းအဖြစ်လာသုံးနေတာလားဆိုးလိုက်တာ ဆိုးလိုက်တာ နောက်တစ်ခေါက်ဒီလိုလုပ်ရင်း ငါလာရိုက်တော့မှာနော် ”
ထိုက်တန်ကတော့ ခိုက်ခိုက်တုန်အောင်အေးနေတဲ့ပုံစံမျိုးနဲ့ ထအော်လို့နေခဲ့တယ်။
” ငါနားလည်သွားပြီ ”
ဟို့ယွိဟောင်က ရုတ်တရက်ထအော်ပြီတဲ့နောက် မျက်လုံးအပြူးသားနဲ့ပြောနေခဲ့တဲ့အတွက် မျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်စလုံးလဲ လန့်သွားခဲ့ပါတယ်။
” ကောင်စုတ်လေး ဘာတွေအော်နေတာလဲ ငါဒီကလေးမကိုသည်းခံနေပေမဲ့ မင်းကိုသည်းမခံနိုင်ဘူးဆိုတာသိတယ်မလား ”
ထိုက်တန်က ပြောလာခဲ့ပါတယ်။
ဟို့ယွိဟောင်ကတော့ ဒီခြိမ်းခြောက်မှုကို နားထဲတောင်မ၀င်ခဲ့ပါဘူး။
” စိတ်၀ိညာဥ်ရဲ့နောက်ကွယ်က လျှို့၀ှက်ချက်ကိုနားလည်ပါပြီနှင်းလုံးလေးက နေရာလေးခုကို၀ိညာဥ်စက်ကွင်းတွေပုံစံအဖြစ် ယူထားပေမဲ့ ဒါက သူ့၀ိညာဥ်စွမ်းအားကို ကိုယ်စားပြုတာပဲ သူ့အင်အားတွေကိုသိမ်းဆည်းထားတဲ့ နောက်ကွယ်လျှို့၀ှက်ချက်က ၀ိညာဥ်စက်ကွင်းတွေထဲမှာရှိနေတယ်..ဒီတော့ သူတို့ကိုအသုံးပြုပြီး သူ့ရဲ့အင်အားကိုလဲပြန်ပြီ ထိန်းချုပ်လို့ရတယ်…ဒါတွေက ငါနဲ့ဘာမှမဆိုင်ဘူး ”
” မင်းနဲ့ဘာမှမဆိုင်တဲ့ကိစ္စကို မင်းကဘာဖြစ်လို့အဲ့ဒီလောက်ပြောနေတာလဲ ”
ထိုက်တန်က မေးလာခဲ့ပါတယ်။
” ဒီတော့ သူ့စွမ်းအားထုတ်သုံးတဲ့အချိန်တိုင်း ကျွန်တော်ရဲ့စိတ်၀ိညာဥ်စွမ်းအားနဲ့ ၀ိညာဥ်စွမ်းအားကုန်ဆုံးမှုက အရမ်းကိုနည်းလိမ့်မယ်..ဒါ့အပြင် သူတို့ကိုလဲ ထိန်းချုပ်စရာမလိုဘူး…အဲ့ဒီအချိန်အတွင်းမှာ တခြားသူမရဲ့စွမ်းအားတွေအားလုံးကို လိုက်လျောညီထွေဖြစ်ဖို့ကျွန်တော်ရဲ့အစွမ်းအစတွေသုံးလို့တယ်…ကျွန်တော်ရဲ့စိတ်၀ိညာဥ်အသိဉာဏ်အပေါ်မူတည်ပြီ နှစ်ယောက်ပူးပေါင်းပြီးဆောင်ရွက်လို့ရသေးတယ် ”
မျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်စလုံးက အရမ်းကိုအတွေ့အကြုံကြွယ်၀တဲ့အတွက် သူချက်ချင်းဆိုသလိုနားလည်သွားတော့တယ်။
” ဒီလိုဆိုမှတော့ အခုကမင်းကသူရှိနေပြီဆိုရင် နှစ်ယောက်စာမင်းတိုက်ခိုက်နိုင်ပြီပေါ့ ”
” အဲ့ဒီလောက်ကြီးလဲမဟုတ်ပါဘူး…ဒါပေမယ့် အကယ်၍ သူသာကျွန်တော်ကို အထောက်အပံ့ပေးထားမယ်ဆိုရင် ကျွန်တော်တိုက်ခိုက်နိုင်စွမ်းက သုံးဆယ်ရာခိုင်နှုန်းတိုးလာလိမ့်မယ်…ဒါပေမယ့် ထိထိရောက်ရောက်သူကူညီပေးနိုင်ဖို့အတွက် ကျွန်တော်တို့တွေ ပိုရင်းနှီးအောင်လုပ်ဖို့လိုဦးမယ် ”
” အဲ့ဒီလောက်ကြီးမရိုးရှင်းနိုင်ဘူး…သူက မင်းနဲ့တိုက်ရိုက်ဆက်နွယ်နေပြီ မင်းရဲ့အတွေးတွေကိုပြောနိုင်ပြီဆိုမှတော့ သူက မင်းခန္ဓာကိုယ်ကနေထွက်ခွာပြီ သူ့အစွမ်းအစတွေကို စိတ်ကြိုက်သုံးနိုင်နေတာပဲ ”
” ဒီစိတ်၀ိညာဥ်စွမ်းအားက သူ့၀ိညာဥ်စက်ကွင်းတွေထက်ကိုအများကြီးသာလွန်တယ်..ငါတွေးခဲ့သလိုပဲ သူက၀ိညာဥ်သားရဲကောင်နဲ့ ၀ိညာဥ်ပညာရှင်တွေကြားမှာရှိတဲ့ ဆက်သွယ်ရေးကိုပြောင်းလဲပေးနိုင်လိမ့်မယ်…ဒါ့အပြင် တိုက်ကြီးတစ်ခုလုံးမှာရှိနေတဲ့ ၀ိညာဥ်ပညာရှင်တွေအားလုံးရဲ့ကျင့်ကြံမှုကိုလဲ သူနဲ့ရင်းနှီးအောင်နေပြီ သူ့ရဲ့ထူးခြားတဲ့အကျင့်စရိုက်တွေကို လေ့လာဖို့ပဲ သေချာပေါက် သူနဲ့ဘယ်လိုပူးပေါင်းဆောင်ရွက်ရမလဲဆိုတာလေ့ကျင့်ဖို့လဲသိလိမ့်မယ် ”
ဟို့ယွိဟောင် ဆက်တိုက်ဆိုသလိုခေါင်းညိတ်လို့နေခဲ့ပါတယ်။ အသက်စွမ်းအားအသစ်တစ်ခုကို ရှာဖွေတွေ့ရှိရတာက လေ့လာစရာကိစ္စတွေများလွန်နေပါပြီ။
နှင်းလုံးလေးကတော့ သူ့ပုခုံးပေါ်မှာအေးအေးဆေးဆေးလေး ထိုင်နေဆဲပါ။ ဒီကလေးကိုကြည့်ရင် သူစိတ်နှလုံးသားက နူးညံ့လို့သွားပါတော့တယ်။ သူ့ဘာသာသူလဲ သက်ပြင်းချနေခဲ့မိတယ်။ မြောက်၀င်ရိုးစွန်းရဲ့ကောင်းကင်ဘုရင်သုံးပါးထဲက ခေါင်းဆောင်ဖြစ်သူဒီလိုပြောင်းလဲသွားမယ်လို့ ဘယ်သူထင်မှာလဲ။
၀ိညာဥ်စက်ကွင်းငါးကွင်းကတော့ အခုလက်ရှိအချိန် ဟို့ယွိဟောင်ရဲ့ဘေးပတ်လည်မှာလှည့်ပတ်နေဆဲပါ။ အနီရောင်တစ်ကွင်းနဲ့လိမ္မော်ရောင်လေးကွင်းကတော့ သူ့လက်ရှိအချိန်မှာ ရရှိထားတဲ့မခန့်မှန်းနိုင်လောက်အောင်များပြားတဲ့စွမ်းအားတွေကိုကိုယ်စားပြုနေပါတော့တယ်။
” နှင်းလုံးလေး ပြန်လာလို့ရလား ”
သူက နှင်းဧကရီကိုမေးလိုက်ချိန်မှာတော့ သူမက ခေါင်းညိတ်လိုက်ပါတော့တယ်။ အဲ့ဒီနောက် လိမ္မော်ရောင်အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲရင်း ကံကြမ္မာမျက်လုံးထဲမှာပျောက်ကွယ်လို့သွားခဲ့ပါပြီ။ သူမက ရေခဲဧကရီနဲ့ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်တို့လိုမျိုး မဟုတ်ခဲ့ပါဘူး။ ခန္ဓာကိုယ်ထဲ၀င်ရောက်သွားချိန်မှာ အိမ်ထဲကို၀င်သလိုမျိုးတူညီလို့နေခဲ့တယ်။ ဒုတိယပင်လယ်ထဲမှာရော စိတ်၀ိညာဥ်ပင်လယ်ထဲမှာပါ သူမက လွှတ်လွှတ်လပ်လပ်လှုပ်ရှားပြီ သွားချင်တဲ့နေရာကို သွားနိုင်ပါတယ်။ ဟို့ယွိဟောင်အနေနဲ့လဲ သူမရှိတဲ့နေရာကိုသိနိုင်ပေမဲ့ မထိန်းချုပ်နိုင်ပါဘူး။ ဒါပေမယ့် လိုချင်တယ်ဆိုရင်တော့ သူမနဲ့ဆက်သွယ်လို့ရနိုင်ပါတယ်။ သူတို့တွေက စိတ်ပိုင်ဆိုင်ရာအရ ဆက်သွယ်နေတာကြောင့် အဖေနဲ့ သမီးလိုပါပဲ။
” ကောင်လေး ပြန်ခေါ်လိုက်ဦး ဒီကလေးက ချစ်စရာကောင်းလွန်တယ်…ငါတောင်မှဒီလိုစိတ်၀ိညာဥ်တစ်ခုရမယ်ဆိုရင် ငါမှာရှိတဲ့၀ိညာဥ်စက်ကွင်းတွေကိုတောင် ဖြုတ်ပြစ်လိုက်ချင်တယ် ”
ထိုက်တန်ကတော့ မကျေမနပ်သေးပါဘူး။ နျိုထန်ကတော့ သူ့ညီကိုကြည့်ရင်းနဲ့ မျက်စောင်းလှမ်းထိုးနေခဲ့ပါတယ်။
” မင်းတစ်သက်လုံးရေခဲရုပ်ထုကြီးဖြစ်ချင်နေလို့လား ဒါဆိုရင် အဲ့ဒီလိုမဟုတ်တရမ်းတာတွေဆက်ပြီလုပ်နေလိုက် သွားကြမယ်..ယွိဟောင်လဲနားဖို့လို့တယ်…သူတို့ဘယ်လိုပူးပေါင်းရမလဲဆိုတာ သူတို့ဘာသာသူတို့ အေးအေးဆေးဆေးညှိကြပါစေ မင်းနောက်တစ်ကြိမ် အေးအေးဆေးဆေးမှလာတွေ့တော့ ”
သူပြောပြီတဲ့နောက် သူညီငယ်ကိုအတင်းဆွဲခေါ်သွားပါတော့တယ်။
အပိုင်း ၁၉၉•၁ ပြီး၏။