Switch Mode

Chapter – 12.1

" ရှုစန်းရှီနဲ့ ကျန်းနန်နန် "

Chapter – 12.1 ” ရှုစန်းရှီနဲ့ ကျန်းနန်နန် ”
°°°
ရွှေညိုရောင်တောက်ပနေခဲ့တဲ့ ငါးကင်က ဆီတွေလဲ တစ်စက်စက်စီးကျလို့နေခဲ့ပါတယ်။ ဒါ့အပြင် မွှေးပျံ့လွန်လှတဲ့ ရနံ့က ငါးရဲ့ဗိုက်ထဲကနေ ထွက်ပေါ်လို့နေခဲ့တယ်။ ငါးကင်ကို တစ်ခေါက်ကိုက်လိုက်ပြီးချိန်မှာပဲ ကြွပ်ရွတဲ့အသံက ထွက်ပေါ်လာခဲ့ပါပြီ။ ငါးကင်ရဲ့အရေခွံက ကြွပ်တဲ့အထိကင်ထားခံရပေမဲ့ လုံး၀ကို မီးကျွမ်းနေတာမျိုးလဲ မရှိခဲ့ပါဘူး။ ဒါပေမယ့် ကြွပ်ရွတဲ့အရေးပြားအောက်မှာတော့ နူးညံ့ပြီအရသာရှိတဲ့ ငါးအသားလွှာတွေ ရှိနေခဲ့ပါတယ်။

တစ်ချက်ကိုက်လိုက်ရုံနဲ့တင် အ၀ါရောင်၀တ်ရုံ၀တ်ထားတဲ့ ကျောင်းတော်သားရဲ့ မျက်လုံးတွေက ထိတ်လန့်မှုကြောင့် ပြူးကျယ်လို့သွားခဲ့တယ်။ သူချီးမွမ်းဖို့တောင် စကားမဟနိုင်တော့ပဲ ငါးကင်တစ်ကောင်လုံးကုန်တဲ့အထိ အမြန်ဆုံးနီးနဲ့ စားပါတော့တယ်။

ဘေးကနေ ရပ်ကြည့်နေကြတဲ့ ကျောင်းတော်သားတွေကလဲ ဘာဖြစ်နေမှန်း ချက်ချင်းနားလည်လို့သွားခဲ့ပါပြီ။ ဟို့ယွိဟောင် ကင်ထားခဲ့တဲ့ နောက်ထပ် ငါးကင်သုံးခုကလဲ ချက်ချင်းဆိုသလို ၀ယ်ချင်ခံလိုက်ရပါတော့တယ်။ လက်ရှိအချိန်မှာတော့ သူ့ရဲ့ ၀င်ငွေက ကြေးပြားနှစ်ဆယ်အထိကို ရောက်ရှိလို့သွားခဲ့ပြီ ငွေပြားနှစ်ပြားနဲ့ ညီမျှတဲ့ ပမာဏကို ရရှိပါတော့တယ်။

ဒီငါးကင်လေးကောင်က ဟို့ယွိဟောင်ကို အချိန်အတွင်းမှာကျော်ကြားသွားစေခဲ့တယ်။ ဒါ့အပြင် ကျောင်း၀င်ပေါက်မှာ ဖြစ်နေခဲ့တာကြောင့် သူ့ကို ဖြတ်သန်းသွားလာတဲ့ လူအရေအတွက်ကလဲ အရမ်းကို များပြားလွန်လှပါတယ်။ သူ့အနားမှာ လူတွေက အုံနေခဲ့ပါပြီ။

” အရသာရှိလိုက်တာ အရမ်းအရသာရှိတာပဲ ”

ပထမဆုံးငါးကင်ကို၀ယ်တဲ့ လူငယ်က ငါးကင်ရဲ့ ကျန်ရစ်တဲ့အပိုင်းတွေကို ဖြစ်ညစ်ပြီးစားနေရင်း ခက်ခက်ခဲခဲ ပြောလာခဲ့ပါတယ်။

” ညီလေး ငါ့ကို နောက်ထပ် ငါးကင်သုံးကောင်လောက်ပေးဦး ငါဒီနေရာမှာပဲ ညစာကို အပြတ်စားသွားတော့မယ် ”

သူ့ထက် တစ်နှစ်လောက်ငယ်တဲ့ ခရမ်းရောင်၀တ်ရုံ၀တ်ကျောင်းတော်သားက သူ့ကို လှမ်းအော်ပါတယ်။

“‘နောက်ကိုသွားပြီး ပြန်တန်းဆီနေစမ်း ”

ဟို့ယွိဟောင်ကတော့ သူငါးတွေ ဒီလောက်မြန်မြန် ရောင်းကုန်မယ်လို့ မထင်ထားခဲ့ပါဘူး။ ဒါကြောင့် သူတောင်းပန်တဲ့အသံနဲ့သာ ပြောနေခဲ့ရပါတယ်။

“‘အတန်းဖော်နဲ့ အစ်ကိုကြီးတို့ ဒီနေ့ ကျွန်တော်စီးပွားရေးစတာဖြစ်လို့ ငါးကင်ဆယ့်ရှစ်ကောင်ကိုပဲ ရောင်းလို့ရနိုင်ပါတယ်…ကျွန်တော်အစောပိုင်းတုန်းက လေးကောင်ရောင်းလိုက်ပြီးပြီဆိုတော့ ဆယ်လေးကောင်ကျန်သေးတယ်….ဦးသူလာ ဦးသူရမယ်ဆိုတဲ့ စည်းမျဥ်းအတိုင်း အရှေ့ဆုံးမှာရှိနေတဲ့သူတွေကို အရင်ရောင်းမှာပါ နောက်ဖက်မှာရှိတဲ့လူတွေကတော့ မနက်ဖြန်မှ ဆက်လာခဲ့ပါ ”

သူပြောပြီတဲ့နောက် သူ့ရဲ့ ပိုက်ဆံတွေကို လမင်းဆယ့်နှစ်စင်း တံတားဆီ ပြန်ထည့်သွင်းလိုက်ပါတာ့တယ်။ ငါးကင်ဆယ့်ရှစ်ကောင် ရောင်းပြီတဲ့နောက် ငွေပြားကိုးပြားအထိကို သူရလာခဲ့ပါပြီ။ ကုန်ကျစရိတ်ကို တွက်ချက်ပြီတဲ့နောက် သူ့အစာ၀၀စားဖို့အတွက် အများကြီးကျန်နေပါသေးတယ်။ ဟို့ယွိဟောင်က လောဘကြီးတဲ့သူမဟုတ်ပါဘူး။ လက်ရှိအချိန်မှာ အရေးကြီးဆုံးအရာက ကျင့်ကြံဖို့အတွက်ဖြစ်မှန်း သူသိနားလည်နေခဲ့ပါတယ်။ ရှင်သန်ဖို့အတွက် ပိုက်ဆံလုံလုံလောက်လောက်ရှိတာက ကောင်းတဲ့အရာပါပဲ။

ဟို့ယွိဟောင်ကတော့ ကျန်ရှိနေတဲ့ငါးတွေကို အလေးအနက်ကင်နေခဲ့ပါတော့တယ်။ လူများလာတာကြောင့်လဲ အရေအသွေးကို လျော့မသွားစေရပါဘူး။ ငါးကင်တစ်ကောင်ကို ၀ယ်ပြီးစားတဲ့သူတိုင်းက နောက်နေ့မှာလဲ နောက်တစ်ကြိမ် ထပ်လာစားဖို့အတွက် အဆင့်သင့်ဖြစ်နေခဲ့ကြတယ်။ ဟို့ယွိဟောင်ကတော့ သူ့ရဲ့ ငါးကင်အရေအသွေးကို အဓိကသေချာဂရုစိုက်ထားပါတယ်။ ဒါ့အပြင် ပူပူလောလော ချက်ပြုတ်စားသောက်ထားရတဲ့ အစားအသောက်တွေက စားပြီတဲ့အချိန်ထိတောင် တသတ်သတ်အမှတ်ရစေမှာပါ။ အကယ်၍ တခြားနေရာမှာစားမဲ့ အစာစားတွေနဲ့ နှိုင်းယှဥ်လိုက်မယ်ဆိုရင်တောင် တစ်ခေါက်စားခဲ့ဖူးတဲ့ အရသာက မမေ့နိုင်ပဲ ဖြစ်နေပါလိမ့်မယ်။

ဒီတစ်ကြိမ်မှာပဲ ခရမ်း၀တ်ရုံကို ၀တ်ဆင်ထားတဲ့ အမျိုးသမီးကျောင်းတော်သားတစ်ချို့က ကျောင်းတော်အပြင်ဘက်ဆီကို လျှောက်လာခဲ့ပါတယ်။ သူ့ရဲ့ ရုပ်သွင်က လူတွေရဲ့အကြည့်ကို ချက်ချင်းဆိုသလို ဖမ်းစားလိုက်တယ်။

အသက်ဆယ့်လေးနှစ် ဆယ့်ငါးနှစ်ရှိတဲ့ ဒီအမျိုးသမီးရဲ့ ခန္ဓာကိုယ်က ပိန်ပိန်ပါးပါးနဲ့ အတော်လေးကို အချိုးကျပါတယ်။ ရွှေရောင်ဆံကေသာတွေကတော့ ပုခုံးပေါ်မှာ ကျဆင်းလို့နေခဲ့ပြီး အရေးပြားကတော့ နှင်းလိုဖြူဖွေးနေခဲ့တယ်။ မျက်လုံးတွေက ကြည်လင်တဲ့ရေလို တောက်ပလို့နေခဲ့ပြီး ကျက်သရေရှိတဲ့ ဟန်ပန်မျိုးကိုလဲ ပိုင်ဆိုင်ထားခဲ့ပါတယ်။ ကျောက်စိမ်းရုပ်ထုလိုမျိုး လှပနေတဲ့မျက်နှာက ထူးခြားတဲ့ လခြမ်းကွေးပုံစံအလင်းတန်းကိုလဲ ထုတ်လွှတ်လို့နေခဲ့တယ်။ ဒီလိုနူးညံ့ပြီး လှပနေရုံတင်မကပဲ ဆွဲဆောင်မှုရှိတဲ့အသံနဲ့ အလှပဂေးက ဘယ်နေရာမှာမှ ရှာတွေ့ဖို့မလွယ်ကူပါဘူး။ သူ့ရဲ့အလှတရားက နိုင်ငံတော်တစ်ခုကို ပျက်စီးစေနိုင်သလို မြင်ရသူတွေကိုလဲ မှိန်းမောသွားစေနိုင်ပါတယ်။

” ညီမလေးနန် ဒီနေရာမှာ အနံ့က မွှေးလိုက်တာ ဒါဘာအနံ့လဲမသိဘူး ”

သူ့ဘေးနားမှာရှိတဲ့ ကျောင်းသူကတော့ သိလိုစိတ်အပြည့်နဲ့ မေးလိုက်ပါတယ်။ သူ့ရဲ့ ရုပ်ရည်က သူမတူအောင် ထူးခြားနေခဲ့ပေမဲ့ လမင်းကြီးရဲ့ဘေးမှာ ပိုးစုန်းကြူးက ဘယ်လိုများ တောက်ပနိုင်မှာလဲ။

ထူးထူးခြားခြားလှပနေတဲ့ မိန်းမငယ်လေးကလဲ ဒီအနံ့ကိုရတာကြောင့် ဟို့ယွိဟောင်ဆီကို ရောက်ရှိလို့သွားပါတော့တယ်။

ဒီအမျိုးသမီးရဲ့ အလှကအရမ်းကို ထူးခြားလွန်တာကြောင့် အစောပိုင်းတန်းဆီနေကြတဲ့ ကျောင်းသားတွေက ချက်ချင်းဆိုသလို သူမအတွက် လမ်းဖွင့်ပေးလိုက်မိပါတော့တယ်။ ပြိုင်စံရှားတဲ့ အလှပဂေးကတော့ နွေးထွေးတဲ့အပြုံးနဲ့သာ အားလုံးကို ကျေးဇူးတင်ကြောင်းပြလိုက်တယ်။ သူမရဲ့အပြုံးကို မြင်တဲ့ကျောင်းသားတွေကတော့ အရမ်းကို စိတ်လှုပ်ရှားနေခဲ့ကြပါပြီ။

သူ့ရှေ့မှာရောက်လာတဲ့ မိန်းမချောကို မြင်ချိန်မှာ ဟို့ယွိဟောင်လဲ တခဏတာ သတိလွှတ်သွားခဲ့ရပါတယ်။ သူမြင်ဖူးသမျှအလှဆုံးမိန်းကလေးဆိုတာ ထန်ယာ့ပဲရှိခဲ့တာပါ။ သူရှေ့မှာရှိနေခဲ့တဲ့ အမျိုးသမီးကတော့ ထန်ယာ့ထက်ကို တော်တော်လေး သာနေခဲ့တယ်။ ဒါ့အပြင် နွေးထွေးပြီ ညင်းသာတဲ့အမူအရာပါ ထပ်ပေါင်းထည့်လိုက်တဲ့အတွက် လူတွေကို စိတ်လှုပ်ရှားစေနိုင်တာ မဆန်းပါဘူး။ သူနဲ့ ယှဥ်လိုက်မယ်ဆိုရင် ထန်ယာ့ကတော့ ပေါ့ပေါ့ပါးပါးနေတတ်တဲ့ မိန်းကလေးတစ်ယောက်အသွင်သာ ပေါ်နေခဲ့ပါတယ်။

” မောင်ငယ်လေး ဒီငါးကင်တွေက ဘယ်လောက်လဲ “‘

ဒီတစ်ကြိမ်မှာတော့ ဟို့ယွိဟောင်က ငါးကင်ဆယ့်ရှစ်ကောင်ကို ရောင်းပြီသားဖြစ်တာကြောင့် ကျန်ရစ်တဲ့နှစ်ကောင်က ထန်ယာ့အတွက်ပါပဲ။

” အစ်မကြီး ဒီငါးတွေက တစ်ကောင်ကို ကြေးပြားငါးပြားပါ ”

တစ်ဖက်မိန်းမလှက မျက်မှောင်ကြုတ်သွားခဲ့ပါတယ်။

” စျေးကြီးတာပဲ ဒီလောက်ပမာဏနဲ့ ကြိုးစားအားထုတ်မှုပါ ထည့်တွက်မယ်ဆိုရင်တောင် ကြေးပြားသုံးပြားလောက်ပဲ တန်တာမဟုတ်လား အမြတ်ကောင်းကောင်းရှာတတ်သား ”

ဟို့ယွိဟောင်လဲ မျက်လုံးပြူးသွားခဲ့ပါတယ်။ ဒီလှပတဲ့အမျိုးသမီးက သူ့ကို စီးပွားရေးလာဖျက်ချင်နေတယ်လို့တောင် ထင်သွားခဲ့တယ်။ ဒီလိုအပြောမျိုးကို သူ့ရဲ့ဘယ်၀ယ်ကမှ မပြောခဲ့ဖူးပါဘူး။

” အားနာပါတယ် ကျွန်တော်ရဲ့ ငါးကင်တွေက စျေးနှုန်းကို တစ်သတ်မှတ်ထဲထားပြီရောင်းချတာ ဒါ့အပြင် ကျွန်တော် ဒီနေ့အတွက် ကင်ထားတဲ့ငါးတွေအကုန်လုံးကို ရောင်းပြီးသွားပြီ ”

ဟို့ယွိဟောင်က တည်တည်ငြိမ်ငြိမ်သာ ပြောနေခဲ့ပါတယ်။ ထန်ယည့က စျေးသတ်မှတ်တဲ့သူပါ ဒါကြောင့် သူ မပြောင်းလဲနိုင်ပါဘူး။ ဒါ့အပြင် ဒီ၀င်ငွေက သူ့အတွက် အရမ်းကိုအရေး​ကြီးနေခဲ့ပါတယ်။

သူမတူအောင်လှပတဲ့ မိန်းမချောကတော့ ပြန်ပြီးတောင်းပန်လိုက်တယ်။

“‘တောင်းပန်ပါတယ်..ငါက ပုံမှန်အတိုင်းတွက်ချက်လိုက်မိတာပါ အနာဂတ်မှာ အခွင့်အရေးရှိသေးရင်တော့ ငါးကင်ကိုစားကြည့်ပါ့မယ် ”

အဲ့ဒီနောက် သူပြောရင်းလှည့်ထွက်သွားပါတော့တယ်။

ဟို့ယွိဟောင်ကလဲ ပတ်၀န်းကျင်အခြေအနေ ပုံမှန်မဟုတ်တာကို ချက်ချင်းဆိုသလို ခံစားမိလိုက်ပါတော့တယ်။ ကျောင်းတော်သားတော်တော်များများက သူ့ကို ၀ါးစားမတတ်ကြည့်နေခဲ့ကြတယ်။

” ကောင်းစုတ်လေး မင်းက မရောင်းပဲ နေ၀ံ့တယ်လား ”

ရုတ်တရက်ဆိုသလို ရွှေရောင်အလင်းတန်းတစ်ခုက ဟို့ယွိဟောင်ဆီကို ရောက်ရှိလို့လာခဲ့ပြီး ဒေါသအသံကလဲ ထွက်ပေါ်လာခဲ့ပါပြီ။

ဟို့ယွိဟောင်ရဲ့ မီးဖိုထဲကို အဲ့ဒီရွှေရောင်အရာက နစ်မြုပ်လို့သွားပါတော့တယ်။ အထင်ကြီးစရာကောင်းလောက်အောင်ပဲ အဲ့ဒါက ၀ိညာဥ်ရွှေပြားဖြစ်နေခဲ့တယ်။ ဒီစကားသံနဲ့အတူ လူတစ်ယောက်က ဟို့ယွိဟောင်ဆီကို ရောက်ရှိလို့လာခဲ့ပါပြီ။ အဲ့ဒီနောက် ငါးကင်နှစ်ခုကို လာဆွဲပါတော့တယ်။

ဒီငါးတွေက အရမ်းကို ပူနေခဲ့ပြီး ဟို့ယွိဟောင် သေချာကင်ထားခဲ့တဲ့ အရာတွေပါ။ ချက်ချင်းဆိုသလို အားကောင်းတဲ့ဖိအားတစ်ခု ရောက်ရှိလာတာကိုလဲ ဟို့ယွိဟောင်ခံစားမိလိုက်ပါတော့တယ်။ ဒါကြောင့် သူ့ရဲ့ စိတ်၀ိညာဥ်စွမ်းအားထောက်လှမ်းမှုကို ချင်ချင်းဆိုသလို ထုတ်လွှတ်မိတော့တယ်။

ငါးကင်ဆီကို အဲ့ဒီလက်ရောက်မလာခင်အချိန်မှာပဲ ဟို့ယွိဟောင်က စိတ်၀ိညာဥ်ထောက်လှမ်းရေးကို သုံးပြီ ချက်ချင်းဆိုသလို ပြန်လည်ဆွဲယူလိုက်နိုင်ပါပြီ။ ဒါ့အပြင် ဒီငါးတွေက ထန်ယာ့အတွက် အထူးကင်ထားတဲ့ငါးတွေပါ။ တခြားသူကိုဘယ်လိုများ ပေးနိုင်မှာလဲ။

ငါးကင်တွေကို ယူဖို့လုပ်ခဲ့တဲ့သူကတော့ ဟို့ယွိဟောင် နောက်ဆုတ်သွားတာကို မြင်ချိန်မှာ ပိုလို့ဒေါသထွက်လာခဲ့ပါတော့တယ်။ ဒီတစ်ကြိမ်မှာတော့ သူ့ရဲ့ ပုံစံကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရပါပြီ။ အနက်ရောင်၀တ်ရုံကို ၀တ်ထားခဲ့တဲ့ အဲ့ဒီလူက ဆတ္ထမတန်းမှာ သင်ကြားနေတဲ့ကျောင်းတော်သားဖြစ်မှာပါ။ ပေ့ပေ့အသက်အရွယ်လောက်ပဲရှိပြီး ဟယ့်ချိုက်ထို့နဲ့ တူညီတဲ့အရပ်အမောင်းကို ပိုင်ဆိုင်ထားပါတယ်။ ဒါ့အပြင် မျက်ခုံးထူးထူးနဲ့ ကျားတစ်ကောင်လိုမျက်လုံးတွေ ရှိနေခဲ့ပြီ လေးထောင့်ကျကျပါးစပ်နဲ့ မင်းညီမင်းသားတစ်ပါးလိုပုံစံမျိုးကို ပိုင်ဆိုင်လို့ထားခဲ့တယ်။ ဖြူဖွေးတဲ့အသားအရေကတော့ ဒေါသကြောင့် နီရဲလို့နေခဲ့ပါပြီ။ ဒါ့အပြင် မျက်နှာမှာတော့ အဆီအိအိတွေ ရှိနေခဲ့တယ်။

အပိုင်း ၁၂•၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset