အပိုင်း ၁၉၈•၃
” စိတ်၀ိညာဥ်တစ်ခုမွေးဖွားလာပြီ လိမ္မော်ရောင်ရတနာ ”
°°°
” နှင်းလုံးလေး ”
ဟို့ယွိဟောင်က သူမကိုခေါ်လိုက်ပြီတဲ့နောက် အခန်းရဲ့ဘေးဖက်နေရာဆီကို သူတို့တွေကပ်လာခဲ့ပါတယ်။ သူမက ထိုက်တန်တို့ကိုထိခိုက်အောင်လုပ်မှာ ဟို့ယွိဟောင်မလန့်ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုရင် သူတို့စွမ်းအားချိတ်ဆက်မှုကြောင့်သူမလှုပ်ရှားချိန်တိုင်းမှာ ခံစားမိနေခဲ့လို့ပါပဲ။ ဒါပေမယ့် သူမရဲ့အစွမ်းအစတွေက လက်ရှိအချိန်မှာ သူ့ရဲ့ထိန်းချုပ်မှုအောက်ကိုရောက်နေခဲ့တဲ့အတွက် သူ့ရဲ့ကိုယ်ပိုင်အစွမ်းအစထက်ကိုဘယ်တော့မှကျော်လွန်လောက်တဲ့အထိ မထုတ်သုံးနိုင်ပြီမှန်း သူနားလည်နေခဲ့ပါတယ်။
ဟုတ်ပါတယ် ဟို့ယွိဟောင်နောက်ဆုတ်သွားတာနဲ့ ထိုက်တန်ကလဲ ရေခဲတုံးတွေထဲကနေ ဖောက်ပြီထွက်လာခဲ့ပါပြီ။ ရေခဲအပိုင်းအစတွေက မြေပြင်ပေါ်မှာပြုတ်ကျလို့နေခဲ့ပြီ သူလဲရယ်ရမလား ငိုရမလားတောင်မသိတဲ့အခြေအနေကိုရောက်နေခဲ့ပါတယ်။
” ကလေးလေးငါမင်းကိုထိခိုက်အောင်လုပ်ဖို့စိတ်ကူးမရှိဘူး ”
ဒီလောက်သေးငယ်တဲ့ကလေးလေးကို ဘယ်သူကများထိခိုက်ချင်အောင်လုပ်ချင်စိတ်ရှိမှာလဲ။ သေချာပေါက် ရိုက်တာမျိုးဆူတာမျိုးတောင် မလုပ်နိုင်တာအမှန်ပါ။
” ငတုံးကောင် သူကမင်းရဲ့ရုပ်ဆိုးဆိုးမျက်နှာကြီးကြောင့် လန့်သွားတာပေါ့ ”
နျိုထန်က ထိုက်တန်ကိုနောက်ဖက်ဆီဆွဲလိုက်ပါတော့တယ်။ ထိုက်တန်ကတော့ မကျေနပ်ခဲ့ပါဘူး။
” အစ်ကိုကြီးကျွန်တော်အစွမ်းအစက အစ်ကိုကြီးကိုမမီပေမဲ့ ကျွန်တော်တို့ရုပ်ရည်တွေကအတူတူလောက်ပဲရှိတာလေ ဘာမှထူးထူးခြားခြားကွာခြားချက်မရှိဘူး…အစ်ကိုကြီးကမှပဲ သူ့ကိုခြောက်လိုက်တာဖြစ်ရမယ် ”
နျိုထန်က သူ့ကိုမျက်စောင်းထိုးလာခဲ့ပါတယ်။
” ငါတို့နှစ်ယောက်စလုံးဘယ်သူမှအဲ့ဒီအနားကို မကပ်ဘူး…ဒီကလေးကိုလန့်အောင်မလုပ်ရဘူး ”
အခုလက်ရှိအချိန်မှာတော့ မျိုးနွယ်စုသခင်နှစ်ယောက်စလုံးကသူတို့ပုံမှန်ရှိနေကြအတိုင်း သတိကြီးကြီးပုံစံတွေနဲ့ရှိမနေခဲ့ပါဘူး။ ဟို့ယွိဟောင်လဲ အခုအချိန်မှသာ သတိပြန်၀င်လာခဲ့တာပါ သူ့လက်တွေကိုမြောက်ရင်းနဲ့ နှင်းလုံးလေးရဲ့ပုခုံးကိုထိလိုက်ပါတယ်။
သူမက သူ့ကိုအခုအချိန်အထိ တွယ်ကပ်နေဆဲပါပဲ။ သူလက်ဆန့်ထုတ်လိုက်ချိန်မှာတော့ သူမရဲ့လက်ကိုသူ့ရဲ့ လက်ညိုးနဲ့လာထိပြီတဲ့နောက် မရပ်မနားတမ်းရယ်မောပါတော့တယ်။
သူမကအစိုင်အခဲတစ်ခုလိုမျိုး တည်ရှိမနေခဲ့ပါဘူး။ လက်ဖ၀ါးက အတော်ကိုနူးညံ့နေခဲ့ပြီ လူသားလက်နဲ့မတူပဲစွမ်းအင်အစိုင်အခဲတစ်ခုနဲ့သာတူနေခဲ့တယ်။ သိပ်ပြီမကြည်လင်တဲ့ ထိတွေ့မှုတစ်ခုပါ အပြည့်အစုံတည်ရှိတဲ့အစိုင်အခဲဖြစ်တည်မှုနဲ့ စွမ်းအင်ကြားက သက်ရှိတစ်ခုလိုပါပဲ။
” ယွိဟောင် ဒါကမင်းတို့အားလုံးဖန်တီးလိုက်တဲ့သက်ရှိလား သူမူလက၀ိညာဥ်သားရဲကောင်ဖြစ်ခဲ့တာလား ”
နျိုထန်က မေးလာခဲ့ပါတယ်။
ဟို့ယွိဟောင်ကလဲ ခေါင်းညိတ်ရင်ပြောလာခဲ့တယ်။
” ဆရာပြောတာတော့ နှင်းလုံးလေးက မိုးကောင်းကင်နဲ့ မြေကမ္ဘာစိတ်၀ိညာဥ်စွမ်းအားကနေဖြစ်ပေါ်လာတဲ့ရေခဲကောင်းကင်ရဲ့အမျိုးသမီးတဲ့ သူကထူးခြားတဲ့၀ိညာဥ်သားရဲကောင်အမျိုးအစားပဲ သူ့ကိုတကယ်တမ်းမှာတော့ ၀ိညာဥ်သားရဲကောင်လို့လဲပြောလို့မရဘူး…တွေးကြည့်ရမယ်ဆိုရင် ကျွန်တော်လဲသူကဘာနဲ့ပြုလုပ်ထားလဲမသိဘူးလေ ”
” ရေခဲကောင်းကင်ရဲ့နှင်းသခင်မလား ”
နျိုထန်ရော ထိုက်တန်နှစ်ယောက်စလုံးပါ ဒါကိုကြားချိန်မှာလန့်သွားပြီ တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း တစ်ပြိုင်နက်ထဲပြောလိုက်မိပါတော့တယ်။
” မင်းပြောတာ နှင်းဧကရီလား ”
ဟို့ယွိဟောင်လဲ မျက်လုံးအပြူးသားကြီးနဲ့ ပြန်ဖြေလိုက်ပါတယ်။
” ဒါဆိုရင် ဦးလေးတို့က သူ့ကိုသိကြတာလား ”
ထိုက်တန်ကတော့ အခုလက်ရှိအချိန်မှာ အက်ကွဲကြမ်းရှတဲ့လေသံနဲ့ပြောလာခဲ့ပါတယ်။
” ငါတို့သူ့ကိုဘယ်လိုလုပ်မသိပဲနေရမှာလဲ သူက သော့်လော့တိုက်ရဲ့ ထိပ်တန်းရူးသွပ်သားရဲကောင်ဆယ်ကောင်ထဲက တစ်ကောင်ပဲလေ ဒါ့အပြင် သူ့သက်တမ်းကနှစ်ခြောက်သိန်း နှစ်ခုနှစ်သိန်းရှိနေပြီ ၀ိညာဥ်သားရဲကောင်တွေထဲမှာဆိုရင် အင်အားအကြီးဆုံးတွေထဲကတစ်ယောက်ပဲ သူက ဘယ်လိုလုပ်ဒီလိုပုံစံဖြစ်သွားရတာလဲ ဘာတွေဖြစ်နေတာလဲ ”
တချို့သောကိစ္စတွေကတစ်သက်လုံးဖုံးကွယ်လို့မရနိုင်မှန်းသိနေခဲ့ပါတယ်။ သူခဏတာစဥ်းစားပြီတဲ့နောက် နှင်းဧကရီရဲ့သန္ဓေသားကို သူရှာတွေ့ခဲ့တဲ့အကြောင်းတွေနဲ့ သူမကိုခန္ဓာကိုယ်ထဲမှာ ချိတ်ပိတ်ပြီသူ့ဆရာရဲ့အကူအညီနဲ့ ထိန်းချုပ်ထားခဲ့တယ်ဆိုတာကိုပါပြောပြလိုက်ပါတယ်။ ဒါပေမယ့် ကောင်းကင်အိပ်မက်နဲ့ ရေခဲဧကရီတို့အကြောင်းကိုမပြောပြခဲ့ပါဘူး။
ဟို့ယွိဟောင်ရဲ့ပြန်ပြောပြတဲ့အကြောင်းကိုနားထောင်ပြီတဲ့နောက်မှတော့ မျိုးနွယ်စုသခင်နှစ်ယောက်စလုံး မယုံကြည်နိုင်ဖြစ်နေခဲ့ပါတယ်။ ဒါကသေချာပေါက်ကံကောင်းခဲ့တာမဟုတ်တာ အမှန်ပါ ဟို့ယွိဟောင်လဲ ဒီကိစ္စကြောင့်အသက်ဆုံးရှုံးမတတ်ဖြစ်နေခဲ့ရပါသေးတယ်။ ဒါပေမယ့် နှင်းဧကရီရဲ့စွမ်းအားက သူ့ကိုအများကြီးကူညီနိုင်ပါပြီ။ သူတို့တွေလဲ ဟို့ယွိဟောင်ရဲ့သိုင်းပညာ၀ိညာဥ်တိုးတက်လာမှုက နှင်းဧကရီကြောင့်ဆိုတာ နားလည်သွားပါတော့တယ်။ ဒါ့အပြင် အခုလက်ရှိအချိန်မှာ နှင်းဧကရီက လသားအရွယ်ကလေးပုံစံသာရှိသေးတာပါ။
နျိုထန်က နှင်းဧကရီကို လက်ညိုးထိုးပြရင်းမေးလာခဲ့တယ်။
” နှင်းဧကရီရဲ့လက်ရှိပုံစံက ဘယ်လိုသက်ရှိပုံစံမျိုးလဲဆိုတာ မင်းဆရာပြောပြခဲ့သေးလား ”
ဟို့ယွိဟောင် ခေါင်းခါလိုက်ပါတယ်။
” သူလဲဒီလိုမျိုးစွမ်းအားတွေပြောင်းလဲပြီ အသွင်ပြောင်းသွားတဲ့ နှင်းဧကရီက ဘယ်လိုသက်ရှိဖြစ်လာခဲ့မလဲဆိုတာမသိခဲ့ဘူး..တစ်ချိန်တုန်းက ပြောပြခဲ့ဖူးတယ်…အသစ်မွေးဖွားလာတဲ့ နှင်းဧကရီက ကျွန်တော်နဲ့နက်နက်ရှိုင်းရှိုင်းဆက်နွယ်နေလိမ့်မယ်…ဘာကြောင့်လဲဆိုတော့ ကျွန်တော်ရဲ့စိတ်၀ိညာဥ်စွမ်းအားတွေအများကြီးနဲ့သွေးတွေက သူ့ခန္ဓာကိုယ်နဲ့ ပေါင်းစည်းသွားတာကြောင့်ပါပဲ နှင်းဧကရီရဲ့မူလစွမ်းအားနဲ့ စိတ်၀ိညာဥ်အသိဉာဏ်တွေအားလုံးက ချိတ်ဆက်သွားပြီတော့ ဒီသက်ရှိအသစ်တစ်ခုပေါ်ထွက်လာတာ သူကတော့ သူမကိုစိတ်၀ိညာဥ်လို့ခေါ်တဲ့ နှင်းဧကရီရဲ့စိတ်၀ိညာဥ်လို့ပြောတာပါပဲ ”
စိတ်၀ိညာဥ်ဆိုတာက မျိုးနွယ်စုသခင်နှစ်ယောက်စလုံးအတွက် မရင်းနှီးတဲ့သက်ရှိတစ်ခုပါ ဒါ့အပြင် သော့်လော့တိုက်ကြီးတစ်ခုလုံးအတွက်လဲ အတော်ကိုအသစ်အဆန်းဖြစ်မဲ့သက်ရှိတစ်ခုဖြစ်လာခဲ့ပါတယ်။
သူတို့စကားပြောနေချိန်မှာပဲ နှင်းဧကရီရဲ့စိတ်၀ိညာဥ်က တဖြည်းဖြည်းချင်းမကျေမနပ်ဖြစ်လာခဲ့ပါပြီ။ သူမက စူးစူးရှရှစကားပြောနေခဲ့တာကြောင့် သူတို့တွေလဲ သူ့ဖက်ကိုလှည့်သွားပါတော့တယ်။ ဟို့ယွိဟောင်တစ်ယောက်သာ သူမပြောနေတာကိုနားလည်နိုင်စွမ်းရှိနေခဲ့တယ်။
ဟို့ယွိဟောင်လဲ စိတ်ရှုပ်ထွေးမှုအပြည့်နဲ့ မေးလိုက်ပါတယ်။
” ငါကမင်းကိုဘာလို့မလိုချင်ရမှာလဲ ”
နှင်းလုံးလေးကတော့ သူမရဲ့အဖေက သူမကိုမလိုချင်တော့ဘူးလို့ပြောနေခဲ့တာပါ။
နှင်းလုံးလေးက သူ့ပုခုံးတစ်ဖက်ဆီကိုပြောင်းရင်းနဲ့ သူမရဲ့လှပပြီကြီးမားတဲ့မျက်လုံးကြီးတွေထဲကနေ မျက်ရည်တွေအ၀ိုင်းသားဖြစ်ကာ သူ့ကိုစိုက်ကြည့်နေရင်းထပ်ပြီတော့ ကြီကြီကြာကြာအသံတွေအော်ာနေခဲ့ပါတော့တယ်။
” မင်းအတွက် နေရာမရှိတော့ဘူးဟုတ်လား ဘာကိုပြောချင်တာလဲ ”
သူမက သူ့ကိုလက်ညိုးထိုးပြပြီတဲ့နောက် လေထဲမှာစက်၀ိုင်းပုံတွေကို ဆွဲပြလိုက်ပါတော့တယ်။
” ဒါက၀ိညာဥ်စက်ကွင်းတွေအကြောင်းပြောနေတာလား ငါရဲ့၀ိညာဥ်စက်ကွင်းတွေကို တစ်ခုခုလုပ်ချင်လို့လား ”
သူမက ခေါင်းညိတ်လိုက်ပါတယ်။ လှပတဲ့ငွေဖြူရောင်ဆံပင်တွေက လေထဲမှာဝှေ့၀ဲနေခဲ့သလို မျက်နှာဖောင်းဖောင်းလေးက ကြည့်ရတာအင်မတန်ကိုချစ်စရာကောင်းနေခဲ့တယ်။
” မင်းပြောတာအခုလက်ရှိအချိန် မင်းထိန်းချုပ်ဖို့အတွက် ၀ိညာဥ်စက်ကွင်းတွေအလွှတ်မရှိတော့ဘူးပေါ့ ”
သူမပြောတာကိုသူဖြည်းဖြည်းချင်းနားလည်လာခဲ့ပါပြီ။ ဒါပေမယ့် သူ့ကဘယ်လိုလုပ်သူ့ရဲ့၀ိညာဥ်စက်ကွင်းကိုထိန်းချုပ်မှာလဲ အခုအချိန်အထိ သူတွေးမရသေးပါဘူး။
” နှင်းလုံးလေးငါပြောတာကိုနားထောင် ငါရဲ့ကျင့်ကြံဆင့်က အဆင့်ငါးဆယ်ရောက်နေပြီ ပြောရမယ်ဆိုရင် ၀ိညာဥ်စက်ကွင်းအတွက်သေချာပေါက် နေရာတစ်ခုရှိလိမ့်မယ်…ဘယ်လိုလုပ်မင်းအတွက်နေရာမရှိရမှာလဲ ”
သူမက ခေါင်းခါရင်းနောက်တစ်ကြိမ်ပြောပြန်ပါတယ်။
” တစ်ခုထဲကမလောက်ဘူးလား ”
ဟို့ယွိဟောင်နောက်တစ်ကြိမ်ဆက်ပြီတော့မေးရပြန်ပါတယ်။
” အကယ်၍ လုံလောက်တဲ့၀ိညာဥ်စက်ကွင်းနေရာတွေမရှိဘူးဆိုရင် မင်းရဲ့စွမ်းအားတွေကျဆင်းသွားလိမ့်လို့ပြောချင်တာလား မင်းရဲ့စွမ်းအားတွေတည်တည်ငြိမ်ငြိမ်ကြီးထွားလာဖို့အတွက် ငါရဲ့အင်အားကိုလိုအပ်တယ်ပေါ့ ”
” ဒါပေမယ့် ငါမှာ၀ိညာဥ်စက်ကွင်းလေးကွင်းရှိနေပြီးပြီလေ ဘယ်လိုလုပ်ဖျက်ဆီးပြစ်လို့ရမှာလဲ ငါမှာလဲရွေးချယ်စရာမရှိဘူး ”
ဟို့ယွိဟောင်က သူ့ဘာသာသူပြောနေခဲ့ပါတယ်။
” ငတုံးကောင် ”
ထိုက်တန်က ၀င်ပြောတော့တယ်။
” ငတုံး မင်းတကယ်တုံးလိုက်တာပဲ အကယ်၍ ဒီလိုအခြေအနေမျိုးမှာ တခြားသူတွေမှာဘာမှလုပ်လို့မရပေမဲ့ မင်းမှအမြွှာသိုင်းပညာ၀ိညာဥ်ရှိတယ်လေ မင်းရဲ့ဒုတိယသိုင်းပညာ၀ိညာဥ်မှာရော ၀ိညာဥ်စက်ကွင်းလေးကွင်းရှိလို့လား မင်းလောက်တုံးတဲ့ကောင်လောက် မင်းထက်ပိုမတုံးနိုင်တော့ဘူး ”
ဆိုးရိုးစကားရှိတဲ့အတိုင်း လူတစ်ယောက်က ကိုယ်ရဲ့ကိုယ်ပိုင်အခြေအနေမှာ စိတ်ရှုပ်ထွေးနေနိုင်ပေမဲ့ နှင်းဧကရီကတော့ ရှင်းရှင်းလင်းလင်းသိနိုင်ပါတယ်။ ထိုက်တန်ရဲ့စကားတွေက ဟို့ယွိဟောင်ကိုချက်ချင်းဆိုသလို သတိရသွားစေခဲ့ပါတယ်။ သူ့ရဲ့စိတ်၀ိညာဥ်မျက်လုံးမှာ ၀ိညာဥ်စက်ကွင်းနေရာတစ်ခုသာရှိပေမဲ့ ရေခဲဧကရီမှာတော့နေရာအများကြီးတွေရှိဆဲပါပဲ။ ရေခဲဧကရီသိုင်းပညာ၀ိညာဥ်၀ိညာဥ်စက်ကွင်းက တစ်ကွင်းသာရှိပါသေးတယ်။ ဒါ့အပြင် သေချာပေါက်ရေခဲဧကရီက နှင်းဧကရီရဲ့စွမ်းအားတွေကို ဆန့်ကျင်မှာမဟုတ်ပါဘူး။ သူတို့နှစ်ယောက်စလုံးက ရေခဲအမျိုးအစားတွေဖြစ်တာကြောင့် တစ်ဖက်နဲ့တစ်ဖက်လုံး၀ကို လိုက်လျောညီထွေရှိနေခဲ့တယ်။ ဒါပေမယ့် ဘာကြောင့်များ နှင်းဧကရီက ဒီ၀ိညာဥ်စက်ကွင်းထဲမှာနေထိုင်ချင်လဲဆိုတာကို ဟို့ယွိဟောင်နားမလည်နိုင်သေးပါဘူး။ အနာဂတ်မှာ ၀ိညာဥ်စက်ကွင်းတွေကို သူထပ်ပြီထည့်သွင်းရဦးမှာလား ဒါဆိုရင် သူနဲ့စိတ်၀ိညာဥ်ကြားမှာနေရာတွေပြည့်နှက်သွားလို့ကတော့ ဘယ်လိုဆက်သွယ်ချက်တွေဖြစ်လာမှာလဲ။
သူဒီလိုမျိုးသံသယများနေခဲ့တဲ့အချိန်မှာပဲ ဒုတိယသိုင်းပညာ၀ိညာဥ်ကိုထုတ်လွှတ်လိုက်ပါတော့တယ်။
အဆုံးစွန်းရောက်နေတဲ့အအေးဓာတ်က သူ့ခန္ဓာကိုယ်အပြင်ဖက်ဆီကိုထွက်ပေါ်လာခဲ့ပါပြီ။ ရေခဲကျောက်စိမ်းဧကရီကင်းမြီးကောက်ကြီးရဲ့ကြီးမားတဲ့အရှိန်အ၀ါက ချက်ချင်းဆိုသလို အပြင်ကိုပြန့်ထွက်လာပြီတဲ့နောက် နှစ်တစ်သိန်း၀ိညာဥ်စက်ကွင်းကလဲ တောက်ပလို့လာပါတော့တယ်။
ရွှေရောင်အစင်းကြောင်းလေးကြောင်းပါတဲ့ သွေးနီရောင်၀ိညာဥ်စက်ကွင်းကို မျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်ကတော့ စိတ်၀င်တစားကြည့်နေခဲ့ကြတယ်။ နှင်းဧကရီကလဲ ငေးမောနေဆဲပါ သူမက ဟို့ယွိဟောင်ကိုကြည့်ရင်း တစ်စုံတစ်ရာကိုအာရုံခံမိလိုက်ပုံပါပဲ။
တခဏတာကြည့်ပြီတဲ့နောက် သူမပျော်ပျော်ရွှင်ရွှင်အော်ဟစ်လိုက်ပါတော့တယ်။ အဲ့ဒီနောက် ခန္ဓာကိုယ်ကိုလိမ္မော်ရွှေရောင်ဘောလုံးတစ်လုံးပြောင်းသွားရင်နဲ့ ဟို့ယွိဟောင်ဆီကို ပျံသန်းလို့သွားခဲ့ပါပြီ။
ဟို့ယွိဟောင် သူမကိုဖမ်းချင်ပေမဲ့ ဒီဘောလုံးလေးကသူ့ခန္ဓာကိုယ်ထဲကို ဒီအတိုင်းလေးသာဖောက်၀င်သွားခဲ့ပါတယ်။ ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ကလဲတောင့်တင်းလို့သွားပြီတဲ့နောက် ဆက်တိုက်ဆိုသလို တုန်ရီလို့လာခဲ့ပြန်ပါပြီ။ သိပ့်သည်းတဲ့လိမ္မော်ရွှေရောင်အလင်းတန်းတွေက ခန္ဓာကိုယ်ဆီကနေ ထုတ်လွှတ်လာပြီတဲ့နောက် သူ့ရဲ့မျက်လုံးတွေတောင်လိမ္မော်ရောင်ပြောင်းသွားခဲ့တယ်။ ကြီးမားတဲ့၀ိညာဥ်စွမ်းအားလှိုင်းထန်မှုကြီးက ထွက်ပေါ်လာပြီတဲ့နောက် သွေးနီရောင်၀ိညာဥ်စက်ကွင်းတွေက အရင်ကထက်ပိုပြီးသုံးဆမကမြန်မြန်ဆန်ဆန်စတင်လှည့်ပတ်ပါတော့တယ်။ အဲ့ဒီနောက် လိမ္မော်ရွှေရောင်၀ိညာဥ်စက်ကွင်းတစ်ကွင်းက အနီရောင်၀ိညာဥ်စက်ကွင်းနဲ့အတူထွက်ပေါ်လာခဲ့ရင်း စည်းချက်ကျကျ လှည့်ပတ်နေခဲ့ပါပြီ။
လိမ္မော်ရောင်၀ိညာဥ်စက်ကွင်းလား ဒီကလေးက ၀ိညာဥ်စက်ကွင်းပုံစံပြောင်းသွားတာလား။ နျိုထန်နဲ့ ထိုက်တန်နှစ်ယောက်စလုံးက အခုလက်ရှိအချိန်မှာ ကြည့်ရင်းကြည့်ရင်းနဲ့ စိတ်ညစ်လာပါတော့တယ်။ နှင်းလုံးလေးက သူတို့ကိုသိပ်ပြီသဘောမကျပေမဲ့ ဒီကလေးကအရမ်းကိုချစ်စရာကောင်းတဲ့ကလေးပါ။ သူတို့ကိုရန်ပြုတယ်ပဲဆိုဦးတော့ ဒီလောက်ချစ်စရာကောင်းတဲ့ကလေးကို ဘယ်သူမှ၀ိညာဥ်စက်ကွင်းအဖြစ် ပြောင်းမသွားစေချင်ပါဘူး။
ဘယ်တုန်းကများ ၀ိညာဥ်ပညာရှင်တစ်ယောက်က လိမ္မော်ရောင်၀ိညာဥ်စက်ကွင်းကိုပိုင်ဆိုင်ဖူးလို့လဲ သူတို့ရဲ့ထိတ်လန့်မှုတွေ စိတ်ပျက်မှုတွေမပျောက်ခင်အချိန်မှာပဲ နောက်ထပ် လိမ္မော်ရွှေရောင်၀ိညာဥ်စက်ကွင်းတစ်ကွင်းကပေါ်လာပါတော့တယ်။ လက်ရှိအချိန်မှာ ၀ိညာဥ်စက်ကွင်းတွေအားလုံးက အရှိန်အဟုန်ပြင်းပြင်းနဲ့ ပိုပြီးလှည့်ပတ်နေခဲ့ပါပြီ။
ထိုက်ထန်က မေးလာခဲ့တယ်။
” အစ်ကိုကြီးဘာတွေဖြစ်နေတာလဲ ဘာဖြစ်လို့နှစ်ကွင်းတောင်လဲ ”
” ငါဘယ်လိုလုပ်သိမှာလဲ သူပြောတယ်မလား တစ်ကွင်းထဲကသူအတွက်နေရာမလောက်ဘူးလို့ သူဘာတွေလုပ်နေလဲငါသိချင်လိုက်တာ ”
” ဒီ၀ိညာဥ်စက်ကွင်းတွေက ဘယ်လိုအစွမ်းအစတွေထွက်လာနိုင်မလဲဆိုတာ ငါလဲသိချင်မိတယ် ”
ဟို့ယွိဟောင်နဲ့ မျိုးနွယ်သခင်နှစ်ယောက်စလုံးရဲ့ခံစားချက်တွေက လုံး၀ကိုမတူညီပါဘူး။ နှင်းလုံးလေးက သူ့ခန္ဓာကိုယ်နဲ့ပေါင်းစည်းသွားပြီတဲ့နောက် သူနဲ့နှင်းလုံးလေးရဲ့ကြားမှာ ဖြစ်ပေါ်လာတဲ့အသွင်သဏ္ဍာန်နဲ့ လျှို့၀ှက်ချက်တွေကို သူဖြည်းဖြည်းချင်းနားလည်လာပါတော့တယ်။
သူက တကယ်တော့သက်ရှိတစ်ခုပါ။ အကြီးအကဲလျှပ်စီးဧကရာဇ်ရဲ့ ထိန်းချုပ်တဲ့မန္တန်တွေရဲ့အောက်မှာ မတူညီတဲ့စွမ်းအားပေါင်းစုံနဲ့ မွေးဖွားလာတဲ့သက်ရှိပါပဲ။ သူက တကယ်တော့ အသက်ရှင်သန်နေတဲ့၀ိညာဥ်စက်ကွင်းတစ်ကွင်းလို့ သတ်မှတ်လို့နိုင်ပါတယ်။ အကယ်၍၀ိညာဥ်စက်ကွင်းတွေသာ အသက်ရှိနေမယ်ဆိုရင် သာမန်၀ိညာဥ်စက်ကွင်းအသေတွေထက် အများကြီးပိုပြီးအသက်၀င်နေမှာပါ။
နှင်းဧကရီက ခန္ဓာကိုယ်ရှိသလို စွမ်းအင်တွေကိုလဲပြုလုပ်နိုင်ပါတယ်။ သူ့ရဲ့အင်အားကဘယ်လောက်ပဲကြီးမားပါစေ ဆက်တိုက်ဆိုသလို ကုန်ဆုံးနေမှာပါ။ ဒါကြောင့်သာ ဟို့ယွိဟောင်ကိုမှိီခိုဖို့လိုသလို သူတို့နှစ်ယောက်ချိတ်ဆက်ပြီ အင်အားကိုပြန်လည်ဖြည့်တင်းဖို့လိုတာပါပဲ။ ဒါကအပြင်ဟို့ယွိဟောင်ကို အင်အားပိုကြီးမားစေဖို့အတွက်လဲ လိုအပ်နေပါဦးမယ်။
အပိုင်း ၁၉၈•၃ ပြီး၏။