အပိုင်း ၁၉၈•၂
” စိတ်၀ိညာဥ်တစ်ခုမွေးဖွားလာပြီ လိမ္မော်ရောင်ရတနာ ”
°°°
ရုတ်တရက်ဆိုသလို သန်မာတဲ့လိမ္မော်ရောင်နဲ့ရွှေရောင်ရောစပ်ထားတဲ့ အလင်းတန်းကသန္ဓေသားဆီကနေ ထွက်ပေါ်လာပါတော့တယ်။ ဟို့ယွိဟောင်လဲ သူ့ရဲ့စိတ်၀ိညာဥ်ပင်လယ်ကြီးတစ်ခုလုံးအရှိန်အဟုန်ပြင်းပြင်းနဲ့မြင့်တက်လာတာကို ခံစားလိုက်ရပါပြီ။ ဒါ့အပြင် အာရုံခံနိုင်တဲ့လောကကြီးတစ်ခုလုံးက လက်ရှိအချိန်မှာလိမ္မော်ရွှေရောင်ပြောင်းသွားတာကို တွေ့မြင်လိုက်ရပါတော့တယ်။
နျိုထန်နဲ့ ထိုက်တန်နှစ်ယောက်စလုံးကလဲ လိမ္မော်ရွှေရောင်အလင်းတန်းကြီးရဲ့ စူးရှလွန်လှတဲ့အလင်းစက်ကွင်းက ဟို့ယွိဟောင်ရဲ့ကံကြမ္မာမျက်လုံးကနေပြန့်လာတာကိုသာ မြင်လိုက်ရပါတယ်။ အခုအချိန်အခန်းတစ်ခုလုံးကလဲ လိမ္မော်ရွှေရောင်ပြောင်းနေပြီဖြစ်သလို အလင်းတန်းကသူတို့ဆီရောက်ရှိလာချိန်မှာတော့ ဒီစွမ်းအားကစတင်ပြီ သူတို့ကိုဖိနှိမ့်တိုက်ခိုက်ပါတော့တယ်။
ကံကြမ္မာမျက်လုံးဆီကနေ ချိုမြပြီကြည်လင်တဲ့ အသံတစ်သံကထွက်ပေါ်လို့လာခဲ့ပါတယ်။ ဟို့ယွိဟောင်လဲ ချက်ချင်းဆိုသလိုအသိစိတ်ပြန်ကပ်သွားပြီတဲ့နောက် သန္ဓေသားလောင်းရဲ့ဥပုံသဏ္ဍာန်ကအက်ကွဲကြောင်းတစ်ခုပေါ်လာပြီ သူ့ရဲ့စိတ်၀ိညာဥ်ပင်လယ်ထဲမှာစတင်တုန်ခါလာတာကို သိသိသာသာကြီးခံစားနေခဲ့ရတယ်။
အဲ့ဒီနောက် ဒုတိယအက်ကွဲကြောင်းက မျက်နှာပေါ်မှာပေါ်ထွက်လို့လာခဲ့ပြန်ပါပြီ။ သေးငယ်တဲ့အက်ကွဲသံတွေက ဆက်တိုက်ဆိုသလိုပဲ့တင်ထပ်နေခဲ့ပြီတဲ့နောက် လိပ်ခွံလိုမျိုးအက်ကွဲကြောင်းတွေစတင်ပေါ်ထွက်လာခဲ့ပါတော့တယ်။
သေးငယ်ဖြူဖွေးပြီနူညံ့တဲ့နှင်းဖြူရောင်လက်ကလေးတစ်ဖက်က ဥအခွံအပြင်ကိုဆန့်ထွက်လို့လာခဲ့တယ်။ အဲ့ဒီနောက် လက်ကလေးတွေလှုပ်ရှားလိုက်ချိန်မှာ ဥအခွံရဲ့ပျက်စီးကျိုးပဲ့နေတဲ့အပိုင်းအစတွေကို ဖြည်းဖြည်းချင်းဆွဲထုတ်နေတဲ့အသံက ထွက်လာပါတော့တယ်။
ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်မှာတောက်ပနေတဲ့အလင်းတန်းတွေကလဲ မှိန်ဖျော့သွားပြီဖြစ်သလို သူလဲပုံမှန်အခြေအနေကို မြန်မြန်ဆန်ဆန်ပဲပြန်ရောက်လို့သွားခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယစိတ်၀ိညာဥ်ပင်လယ်က အက်ကွဲသံတွေကို ဆက်တိုက်ကြားနေရဆဲပါ။ ဒါတွေအားလုံးကိုကြားနေရတာသူတစ်ယောက်ပဲရှိပါတယ်။
ဖြူဖွေးတဲ့လက်ကလေးက တခဏတာထွက်လာပြီတဲ့နောက် အပိုင်းအစတစ်ခုကို အထဲဆီပြန်ဆွဲယူလို့သွားခဲ့ပြန်ပါတယ်။ ဒီလိုမျိုးဆက်တိုက်ဆိုသလို လှည့်ပတ်မှုကဖြစ်ပေါ်လို့နေခဲ့ပါပြီ။
ဟို့ယွိဟောင်လဲ အဲ့ဒီလက်ကလေးအပေါ်ကို အာရုံစိုက်မိနေခဲ့ပါတယ်။ ဒီသက်ရှိနဲ့သူက အတော်ကိုနီးနီးကပ်ကပ်ချိတ်ဆက်နေတဲ့ပုံရတာကိုခံစားနေခဲ့မိပါတယ်။
အဲ့ဒီလက်အသေးလေးက နှင်းဖြူရောင်တောက်ပနေရုံတင်မက ကြည်လင်ပြီနို့နှစ်ရောင်လိုမျိုး နူးညံ့လို့နေခဲ့ပါတယ်။ ကြည့်လိုက်တာနဲ့ တစ်ချက်လောက်ကိုက်ကြည့်ချင်လာအောင် ဆွဲဆောင်နေတဲ့ပဲနို့ပေါင်လေတစ်ခုလိုပါပဲ။
ရွှေရောင်နဲ့လိမ္မော်ရောင်ရောစပ်ထားတဲ့ ဥအခွံတွေကဖြည်းဖြည်းချင်းဆိုသလို ချိုးဖဲ့ခံနေရပြီတဲ့နောက် သေးငယ်သထက်သေးငယ်လာခဲ့ပါတယ်။ အဲ့ဒီနောက် အထဲမှာရှိနေတဲ့သက်ရှိကတော့ ရုပ်လုံးပေါ်လာခဲ့ပါပြီ။ သူမက မွေးကင်းစအရွယ်ကလေးငယ်တစ်ယောက်ဖြစ်သလို အင်မတန်ကိုနုနယ်တဲ့အသားအရေနဲ့ ၀၀ဖိုက်ဖိုက်ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထားပါတယ်။
ဖြည်းဖြည်းချင်းဆိုသလို လသာအရွယ်ကိုကြီးပြင်းလို့လာခဲ့ပြီတဲ့နောက် သူမရဲ့မျက်နှာလုံးလုံးလေးက အင်မတန်ကို၀ဖောင်းလို့နေပါတော့တယ်။
မှိန်ဖျော့တဲ့လိမ္မော်ရွှေရောင်အလင်းတန်းတွေကလဲ ခန္ဓာကိုယ်ပေါ်ကနေဖြာထွက်လို့နေရုံတင်မက ဥအခွံကိုတမြုပ်မြုပ်ကိုက်စားနေရင်းနဲ့ နှလုံးသားတစ်ခုလုံးအရည်ပျော်သွားနိုင်တဲ့အထိ ချိုချိုမြိန်မြိန်ကြီးကို ပြုံးရွှင်ရယ်မောလို့နေခဲ့ပါသေးတယ်။ သူမရဲ့ ပါးချိုင့်နက်နက်ကလေးတွေက မြင်ရသူကိုပိုပြီးတော့ စိတ်နှလုံးချမ်းမြေ့စေခဲ့တယ်။
မျက်လုံးတွေကတော့ နက်ရှိုင်းတဲ့အပြာရောင်ဖြစ်ပြီ ကျယ်ပြန်တဲ့သမုဒ္ဒရာကြီးရဲ့အဆုံးစွန်းလိုမျိုး တောက်ပလွန်လှပါတယ်။ နေလိုသန့်စင်ပြီနက်ရှိုင်းမှုကစကားလုံးနဲ့တောင် ဖော်ပြလို့မရနိုင်ပါဘူး။ ဒါ့အပြင် ငွေဖြူရောင်ဆံပင်လေးတွေက အခွေအတွန့်လေးတွေဖြစ်နေကာ ဘယ်လိုပဲငယ်ရွယ်ပါစေ ကျက်သရေရှိမှုကလဲ အထင်သားပေါ်နေခဲ့တယ်။
” နှင်းဧကရီလား ”
ဟို့ယွိဟောင်က သူမကို သူ့ရဲ့စိတ်၀ိညာဥ်စွမ်းအားနဲ့ခေါ်လိုက်ပါတယ်။ ကလေးမလေးနဲ့လှုပ်ရှားမှုကတော့ တခဏတာနှေးကွေးလို့သွားပြီတဲ့နောက် မြန်မြန်ဆန်ဆန်ပဲ ဥအခွံကိုပါးစပ်ထဲထိုးထည့်လိုက်ပါတော့တယ်။ သူမရဲ့တောက်ပတဲ့မျက်လုံးပြာပြာတွေကတော့ စိတ်ရှုပ်ထွေးနေတဲ့အကြည့်ကို ထင်ဟပ်လို့နေခဲ့ပါပြီ။ သူမက အရမ်းကိုချစ်စရာကောင်းလွန်တဲ့အတွက် ဟို့ယွိဟောင်လဲ ဒီပါးဖောင်းဖောင်းတွေကို သွားပြီဖျစ်ညစ်ချင်လာခဲ့မိတယ်။
” နှင်းဧကရီလား ”
ဟို့ယွိဟောင် နောက်တစ်ကြိမ်ခေါ်လိုက်ပါတယ်။ အဲ့ဒီနောက် စိတ်၀ိညာဥ်စွမ်းအားတွေအားလုံးကို စုစည်းပြီသူ့ရဲ့ရုပ်သွင်ကိုဖန်တီးကာကလေးမလေးရဲ့အရှေ့မှာ ပေါ်လာစေလိုက်တော့တယ်။ သူမကတော့ ဟို့ဟွိဟောင်ကိုကြည့်ရင်း ဥအခွံတွေကို၀ါးစားနေဆဲပါပဲ။ ရှည်လျားတဲ့မျက်တောင်ရှည်ရှည်တွေကလဲ မျက်လုံးလိုနက်ပြာရောင်ဖြစ်ကာ မျက်တောင်တစ်ချက်ခတ်လိုက်ချိန်တိုင်းမှာ ဝေ့၀ဲလို့နေခဲ့ပါတယ်။
” နှင်းဧကရီ ငါကိုမှတ်မိသေးလား ”
ဟို့ယွိဟောင် နောက်တစ်ကြိမ်မေးလိုက်ပြန်ပါတယ်။ သူမကအခုအချိန်အထိ စားနေဆဲပါပဲ။
” နှင်းဧကရီ ကျွန်တော်ယွိဟောင်ပါ မှတ်မိသေးလား ရေခဲဧကရီနဲ့ကောင်းကင်အိပ်မက်တို့လဲဒီမှာရှိတယ် ”
” အခုဘယ်လိုခံစားရလဲ ဘယ်လိုရုပ်သွင်မျိုးမှာရောက်နေတာလဲ ”
ဟို့ယွိဟောင်လဲ နောက်ထပ်မေးလို့မရတော့တာကို နားလည်သွားခဲ့ပါတယ်။ သူမက သူမလက်ထဲမှာရှိတဲ့၀ါးလို့ရတဲ့အရာကိုသာစိတ်၀င်စားနေခဲ့တာပါ။ ဟို့ယွိဟောင်က သူ့လက်ထဲမှာရှိတဲ့ စားစရာကိုလုယူသွားမှာဆိုးတဲ့အတိုင်းမြန်မြန်ဆန်ဆန်ကြီးကို ၀ါးမြိုလို့နေခဲ့တယ်။
ဘာလုပ်ရမှန်းမသိအောင် ဟို့ယွိဟောင်လမ်းပျောက်လို့နေခဲ့ပါပြီ။ အရမ်းကိုချစ်စရာကောင်းသလို သူမစားသောက်တဲ့ပုံစံကိုကြည့်ရတာလဲ သူလန့်နေခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီဥအခွံကအရမ်းကိုသိပ့်သည်းလွန်တဲ့ စွမ်းအားတွေပါနေခဲ့လို့ပါပဲ။ သူမကဒီကြက်ဥအခွံကိုစားပြီချိန်မှာ သူ့ရဲ့စိတ်၀ိညာဥ်စွမ်းအားတွေကိုလာစားတော့မှာလား ဘယ်အချိန်မှသူဗိုက်ပြည့်မှာလဲ။
ကလေးမလေးက သူ့ကိုမပီပြင်၀ိုးတ၀ါးအသံနဲ့ စပြီအော်ဟစ်လာခဲ့ပါပြီ။
သူမက ဘယ်ဘာသာစကားကိုအသုံးပြုပြီးပြောနေမှန်း သူ မသိပေမဲ့ သူမပြောတဲ့စကားကိုထူးထူးဆန်းဆန်းကြီးနားလည်နေခဲ့ပါတယ်။ သူ့ကိုဒီလိုခေါ်နေခဲ့တာပါ။
” ဖေဖေကြီး ”
ဟို့ယွိဟောင်မျက်လုံးပြူးသွားခဲ့ပါတယ်။ သူ့ရဲ့အသက်ကအခုမှငယ်ငယ်လေးပဲ ရှိသေးတာပါ။ ဒါပေမယ့် သူမက သူ့ကိုဖေဖေကြီးလို့ခေါ်နေပါပြီ။ ဒါ့အပြင် သူ့ရဲ့နှလုံးသားကလဲ ဒီစကားကိုကြားချိန်မှာ အရည်ပျော်မတတ်ဖြစ်နေပါတော့တယ်။
” ငါ့ကိုခေါ်နေတာလား ”
ဟို့ယွိဟောင်ဒီလိုတုံးအတဲ့မေးခွန်းတစ်ခုကိုမေးလိုက်မိပါတယ်။
ကလေးမလေးက နောက်တစ်ကြိမ်၀ူး၀ူး၀ါး၀ါးတွေပြောလာခဲ့ပြန်ပါပြီ။
သူလုံး၀ကို ဘာဖြေရမှန်းမသိအောင်ဖြစ်သွားခဲ့ရပါတယ်။ ဒါက နှင်းဧကရီရဲ့ကလေးအရွယ်ပုံစံမျိုးပါ။ သူမက ဒီတိုက်ကြီးတစ်ခုလုံးမှာ တတိယ၀ိညာဥ်သားရဲကောင်ဟုတ်တယ်မလား အခုပုံစံအရ သူမကသူ့ကိုဒီအတိုင်းဖေဖေကြီးလို့ခေါ်နေတာအနည်းငယ်တော့ စိတ်ခြောက်ခြားစရာကောင်းပါတယ်။ နှင်းဧကရီက လေထဲမှာလွှင့်မျောလာရင်း သူ့ဆီကိုပျံသန်းလာနေခဲ့ပါပြီ။ ဟို့ယွိဟောင်လဲ သူ့ကိုခပ်မြန်မြန်ပဲချီလိုက်ပြီ ကလေးတစ်ယောက်လိုမျိုးချော့မြူးပါတော့တယ်။ ချက်ချင်းဆိုသလို ချစ်ခင်မြတ်နိုးတဲ့အငွေ့အသက်တွေက သူ့ခန္ဓာကိုယ်ထဲကနေ လှည့်ပတ်လို့လာခဲ့ပြီတဲ့နောက် သူတစ်ကိုယ်လုံးလဲလိမ္မော်ရွှေရောင်ပြောင်းလဲလို့သွားခဲ့ပါတော့တယ်။
ကလေးလေးကတော့ ရယ်မောရင်းနဲ့ ဟို့ယွိဟောင်ရဲ့ရင်ဘတ်ကိုလက်နှစ်ဖက်နဲ့ထုရိုက်နေခဲ့ပါတယ်။ အရမ်းကစားချင်နေတဲ့ပုံပါပဲ သူမကို ဒီလိုမျိုးအနီးကပ်မြင်တွေ့နေရတာက မခုခံနိုင်တော့တဲ့ချစ်စရာကောင်းမှုကိုပိုပြီးတော့လဲအနီးကပ်မြင်တွေ့နေရတာကလဲအတူတူပါ။
” ကြီကြီကြာကြာ ( ဖေဖေကြီး သမီးအပြင်ထွက်ချင်တယ် ) ”
သူ့ကိုဒီသတင်းစကားပေးပြီတဲ့နောက် သူမကသူ့ရဲ့လက်မောင်းကြားကနေ တိုးထွက်လို့သွားပါတော့တယ်။ သူ့မရဲ့ခန္ဓာကိုယ်ပေါ်မှာအပြောင်းအလဲတွေက အနည်းငယ်ပေါ်ထွက်လာခဲ့ပါပြီ။ ဒီလိုအပြင်ကိုပျံထွက်လို့သွားချိန်မှာတော့ သေးငယ်တဲ့တင်ပါးလုံးလုံးလေးနှစ်ခုက နောက်ဖက်မှာအထင်သားပေါ်နေခဲ့ပါတော့တယ်။
သူဘာမှမတုန့်ပြန်နိုင်ခင်အချိန်မှာပဲ စိတ်၀ိညာဥ်ပင်လယ်ကြီးတစ်ခုလုံးက ပြင်းပြင်းထန်ထန်လှုပ်ရှားသွားပြီတဲ့နောက် သူမရဲ့ခန္ဓာကိုယ်က ပျောက်ကွယ်လို့သွားခဲ့ပြန်ပါတယ်။ သူဒီလိုကြီးထွက်သွားနိုင်တာလား။
ဟို့ယွိဟောင် မျက်လုံးအပြူးသားနဲ့ မူလခန္ဓာကိုယ်ထဲကိုပြန်၀င်လာခဲ့ပါပြီ အဲ့ဒီနောက် မျက်လုံးတွေကိုဖွင့်လိုက်ပါတယ်။
သူသတိရရချင်ကြားလိုက်ရတဲ့အသံက သူမရဲ့ဒေါသတကြီးအော်သံတွေပါပဲ။ မျက်လုံးဖွင့်လိုက်ချိန်မှာတော့ အခန်းထဲမှာ အစိမ်းရောင်အတားအဆီးကြီးတစ်ခုရှိနေတာကိုမြင်လိုက်ရပါတယ်။ သူမကရွှေရောင်နဲ့လိမ္မော်ရောင်တောက်နေတဲ့ အလင်းလုံးထဲမှာရှိနေခဲ့ပြီ ဘယ်လိုပဲကြိုးစားပါစေ အပြင်ကိုဖောက်ထွက်လို့မရတာကြောင့် ဒေါသထွက်နေခဲ့တယ်။
” ယွိဟောင် ဘာတွေဖြစ်ကုန်တာလဲ ”
သူမဒီလိုဒေါသထွက်နေတဲ့အချိန်မှာ နျိုထန်နဲ့ ထိုက်တန်နှစ်ယောက်စလုံးကတော့ လန့်နေခဲ့တယ်။ သူမပြန်ထွက်လာချိန်တုန်းက ဟို့ယွိဟောင်ရဲ့တတိယမျက်လုံးတစ်ခုလုံးတောက်ပလာတာကိုသာ သူတို့မြင်လိုက်ရတာပါ။ ဒီကလေးမလေးက အရမ်းကိုချစ်စရာကောင်းလွန်တဲ့အတွက် မျိုးနွယ်သခင်နှစ်ယောက်စလုံးလဲ တကယ်ကိုစပ်စုချင်ခဲ့ပါတယ်။ ဒါပေမယ့် သူမက သူတို့ကိုမြင်ချိန်မှာအရမ်းရန်လိုလို့နေခဲ့တယ်။ ဆိုးဆိုး၀ါး၀ါးအော်ဟစ်ပြီတဲ့နောက် အခန်းတစ်ခုလုံးကိုနှင်းမုန်တိုင်းတွေတိုက်အောင်လုပ်ချလိုက်ပါပြီ။
ဟုတ်ပါတယ် သူမက နှင်းမုန်တိုင်းကိုစားလိုက်တာပါ။ ဒီအချိန်မှာ အခန်းတစ်ခုလုံးက အရမ်းကိုအေးစက်လို့နေခဲ့ပြီ ရေခဲရဲ့အောက်ငါးဆယ်ဒီဂရိီအထိကိုရောက်ရှိလို့နေခဲ့ပါတော့တယ်။ အခန်းတစ်ခုလုံးကလဲ နှင်းတွေအပြည့်ပါ မြူခိုတွေကတော့ နျိုထန်နဲ့ ထိုက်တန်ခန္ဓာကိုယ်အပေါ်မှာတောင်တက်နေခဲ့ပါပြီ။ အကယ်၍ နျိုထန်သာ သူ့ကိုမြန်မြန်ဆန်ဆန်မဖမ်းထားဘူးဆိုရင် သူမဘယ်လောက်အထိ အေးခဲအောင်ထပ်လုပ်ဦးမလဲဆိုတာမသိတော့ပါဘူး။ သူမ အရမ်းဒေါသထွက်နေမှန်းသိသာနေခဲ့တယ်။
” ကြီကြီကြာကြာ ကြီကြီကြာကြာ ဖေဖေကြီးဒီနှစ်ကောင်လူဆိုးတွေ သူ့တို့ကိုရိုက်ပြစ် ”
သူမက ဒေါသတကြီးပျံသန်းလာရင်းနဲ့ ဟို့ယွိဟောင်ပုခုံးပေါ်မှာထိုင်နေကာ နျိုထန်ရဲ့နှာခေါင်းတည့်တည့်ကို လက်ညိုးနဲ့ထိုးပြရင်းအော်နေခဲ့ပါတယ်။ ဒီလိုမျိုးပွစိပွစိပြောနေပြီ တိုင်တောနေတဲ့ပုံစံလေးကတောင် အင်မတန်ကိုချစ်စရာကောင်းနေခဲ့ပါတယ်။
” နှင်းလုံးလေး ငါမင်းကိုနှင်းလုံးလေးလို့ခေါ်မယ်…သူတို့တွေက ရန်သူတွေမဟုတ်ပါဘူး ”
နှင်းလုံးလေးကတော့ အတော်လေးကိုမပျော်မရွှင်ဖြစ်နေပုံပါပဲ။ နျိုထန်ကတော့ ရယ်မောရင်းနဲ့ ပြောလာခဲ့တယ်။
” ယွိဟောင် သူ့ရဲ့စွမ်းအားတွေကိုပြန်သိမ်းပေးဖို့ပြောပေးပါဦး သူလုပ်တဲ့အရှုပ်တွေကိုတစ်ချက်ကြည့်ကြည့်လိုက် ”
ဟို့ယွိဟောင်က အဆုံးစွန်းရေခဲကိုပိုင်ဆိုင်ထားတဲ့သူပါ ဒါကြောင့် သူက အလွန်အေးမြတဲ့အအေးဒဏ်ကိုမကြောက်လန့်ပါဘူး။ အခုလက်ရှိအချိန်မှာ နျိုထန်က ၀ိညာဥ်စွမ်းအားတွေကိုပြန်သိမ်းလိုက်ပါပြီ။ ဟို့ယွိဟောင်လဲ တစ်ခန်းလုံးနှင်းပြင်ကြီးဖြစ်နေတာကို မြင်လိုက်ရပါတော့တယ်။
” နှင်းလုံးလေး ”
ဟို့ယွိဟောင်လဲ သူမကိုကြည့်ရင်း အနည်းငယ်စိတ်ရှုပ်လို့သွားခဲ့ပေမဲ့ မဆူပူနိုင်ပါဘူး။ ဒီအချိန်မှာ သူမကအားလုံးကို ပလီပလာတွေပြောချင်လာအောင် ချစ်စရာကောင်းလွန်နေခဲ့ပါတယ်။
နှင်းလုံးလေးကတော့ ခေါင်းငုံ့ရင်း မကျေမနပ်နဲ့လက်ချောင်းကလေးတွေကိုလိမ်နေခဲ့တယ်။ အခုအချိန်အထိ မကျေနပ်သေးတဲ့ပုံပါပဲ။
” ကောင်းပါပြီ ကောင်းပါပြီ သူဒါကိုတမင်တကာလုပ်တာမဟုတ်ဘူး ကလေးကငယ်သေးတယ်မဟုတ်လား ဘယ်လိုလုပ်သူ့ကိုအပြစ်တင်လို့ရမှာလဲ ”
အစောပိုင်းတုန်းက ဟို့ယွိဟောင်နဲ့ပတ်သက်ပြီ အတော်လေးစိုးရိမ်နေခဲ့တဲ့ထိုက်တန်ကတော့ အခုလက်ရှိအချိန်မှာ တကယ်အဖေကြီးတစ်ယောက်လိုမျိုး ဖြစ်နေခဲ့ပါတယ်။ ဟို့ယွိဟောင်အရှေ့ကိုရောက်လာပြီ နှင်းလုံးလေးကိုကြည့်ရင်းနဲ့ အရူးတစ်ယောက်လိုမျိုးရယ်ရယ်မောမောပြောင်ပြလို့နေခဲ့တယ်။
ဒီလိုနှစ်မီတာကျော်မြင့်မားပြီ ကြံ့ခိုင်သန်မာလွန်တဲ့လူကြီးက ရယ်ရင်ဘယ်လိုပုံစံမျိုးဖြစ်မလဲဆိုတာ တွေးကြည့်လို့တောင်မရနိုင်တော့ပါဘူး။
နှင်းလုံးလေးကတော့ ခေါင်းမော့ကြည့်ရင်း သူ့အနားကပ်လာတာကိုလူကြီးကို စိုက်ကြည့်လို့နေခဲ့တယ်။ သူမရဲ့နက်ရှိုင်းတဲ့မျက်လုံးပြာပြာတွေကတော့ ထူးဆန်းတဲ့အပြာရောင်အလင်းတန်းတွေနဲ့တောက်ပလာခဲ့ပါတယ်။ အလင်းတစ်ချက်လက်သွားမှုနဲ့အတူ ထိုက်တန်က ရေခဲရုပ်ထုကြီးဖြစ်သွားခဲ့ပါပြီ။
အပိုင်း ၁၉၈•၂ ပြီး၏။