အပိုင်း ၁၉၈•၁
” စိတ်၀ိညာဥ်တစ်ခုမွေးဖွားလာပြီ လိမ္မော်ရောင်ရတနာ ”
°°°
နျိုထျန်က ပြုံးနေခဲ့ပါတယ်။
” ကိစ္စမရှိဘူး မင်းဒီကိစ္စနဲ့ပတ်သက်ပြီ ဘယ်လိုခံစားရလဲဆိုတာသိချင်တာ လက်ရှိအချိန်မှာ ဒီတိုက်ကြီးမှာရှိနေတဲ့ နိုင်ငံတွေရဲ့ပြဿနာကိုသိတယ်မလား ဒါပေမယ့် ဘယ်သူမှလဲ မထိန်းချုပ်နိုင်သလို ဘယ်သူမှလဲထိန်းချုပ်နိုင်စွမ်းမရှိကြဘူး…နောက်ဆုံးတော့လဲ နိုင်ငံတော်တွေဆိုတာက တစ်ခုနဲ့တစ်ခုယှဥ်ပြိုင်နေကြတာပဲလေ ၀ိညာဥ်ပညာရှင်တွေက သူ့တို့နိုင်ငံတစ်ခုချင်းဆီတိုင်းရဲ့ အင်အားကြီးတဲ့လက်နက်တွေအပြည့်ရှိနေကြတယ်…ဒါ့အပြင် ဘယ်သူကများ လက်လျှော့ဖို့စိတ်ကူးရှိကြမှာလဲ ငါတို့တွေအနေနဲ့ ၀ိညာဥ်စက်ကွင်းတွေ ဒါမှမဟုတ်ရင် ၀ိညာဥ်ပညာရှင်တွေကို လိုအပ်နေတဲ့ကိစ္စကနေ အစားထိုးဖို့အတွက် တစ်ခုခုရှာတွေ့ဖို့မျှော်လင့်ထားကြတယ်…အကယ်၍ ငါတို့အဲ့ဒီလိုလုပ်နိုင်မယ်ဆိုရင် တိုက်ကြီးတွေရဲ့ဇီ၀ဗေဒအရသဟဇာတဖြစ်မှုကိုရော ၀ိညာဥ်ပညာရှင်တွေရဲ့ ဆက်လက်ပြီတိုးပွားမှုကိုရော အများကြီးအကျိုးရှိလာစေလိမ့်မယ် ”
ဟို့ယွိဟောင် ထိတ်လန့်သွားခဲ့မိပါတယ်။
” မျိုးနွယ်သခင်ပြောတာမှန်ပါတယ်…ကျွန်တော်လဲဒီပြဿနာနဲ့ ပတ်သက်ပြီတော့ စဥ်းစားဖူးတယ်…အမျက်ဒေါသကျောင်းတော်မှာရှိတဲ့ ကျွန်တော်တို့ရဲ့ဆရာက ဒီအကြောင်းကိုသင်ဖူးတယ်…ကျွန်တော်တို့တွေ ၀ိညာဥ်သားရဲကောင်တွေကိုမလိုအပ်ပဲသတ်ဖြတ်တာမျိုးလုံး၀မလုပ်ရဘူး…ကျွန်တော်တို့အတွက် သင့်တော်တဲ့သတ္တ၀ါတွေကိုပဲသတ်ဖြတ်ရမယ်…ဒါပေမယ့် ၀ိညာဥ်သားရဲကောင်တွေရဲ့မူလသဘာ၀ကအတော်ကြီးကိုကြမ်းတမ်းလွန်တယ်…သူတို့တွေတိုက်ခိိုက်ခံရပြီဆိုရင် သေချာပေါက် ပြန်လည်တုန့်ပြန်ကြမှာပဲ ကောင်းပါပြီ ကျွန်တော်ကတိပေးပါတယ်…အကယ်၍ ဒီ၀ိညာဥ်သားရဲကောင်ရဲ့သန္ဓေသားကသာအပြောင်းအလဲဖြစ်လာခဲ့မယ်ဆိုရင် သေချာပေါက်အပြောင်းအလဲတွေကို သတင်းပို့ပေးပါမယ်…ဒါပေမယ့် ဒီလျှို့၀ှက်ချက်ကို ကျွန်တော်အတွက်ကျေးဇူးပြုပြီး ထိန်းသိမ်းပေးထားပါ ”
နျိုထန်က ကျေကျေနပ်နပ်နဲ့ပြုံးပြရင် ခေါင်းညိတ်လာခဲ့ပါတယ်။
” ဒီကိစ္စနဲ့ပတ်သက်ပြီ စိတ်ချထားနိုင်တယ်… ငါတို့တွေက ကြည်လင်ကောင်းကင်ရဲတိုက်ကနေ အပြင်ကိုထွက်တဲ့သူမဟုတ်ဘူး ”
” အခုအတော်လေးညဥ့်နက်နေပြီဆိုတော့ ကျွန်တော်ဆက်ပြီမနှောင့်ယှက်တော့ပါဘူး..ဦးလေးနျိုကျွန်တော်ကိုကုသပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်…အကယ်၍ ကျွန်တော်ဘာသာကိုယ်တော်သာ ကုသမယ်ဆိုရင်သေချာပေါက် နောက်နှစ်နှစ် သုံးနှစ်လောက်မှ ဒီဒဏ်ရာနဲ့ပျက်စီးမှုကိုကုသလို့ပြီးဆုံးမှာပါ အဲ့ဒီအတွက် အများကြီးကျေးဇူးတင်ပါတယ်”
” ကောင်းပြီ သွားတော့ ကျင့်ကြံမှုရဲ့လမ်းခရီးဆိုတာက ဇွဲလုံလ၀ီရိယရဲ့အပေါ်မှာမူတည်တာ ”
နျိုထန်က လက်ကိုဝှေ့ရမ်းလိုက်ပါတယ်။ ဟို့ယွိဟောင်သူ့အခန်းသူပြန်ရောက်သွားချိန်မှာတော့ နျိုထန်က ထိုက်တန်ဖက်ကိုလှည့်လာခဲ့တယ်။
” ဒုတိယညီလေး မင်းဘယ်လိုထင်လဲ ”
” အဆင်ပြေတယ်လို့ထင်တာပဲ နောက်ဆုံးတော့လဲသူကတခြားသူမတူတောင်ထူးခြားနေတာပဲလေ ဒါ့အပြင် ၀မ်သုန့်ကိုတော်တော်လေး ညီအစ်ကိုရင်းတစ်ယောက်လိုခင်မင်နေတာ သတိထားမိတယ်…ဒါပေမယ့် ဒီကောင်ငတုံးပဲ ”
” မင်းလဲသူ့ကိုဘယ်လိုလုပ်အပြစ်တင်လို့ရမလဲလေ လူတွေဆိုတာက ပထမဆုံးတွေ့ဆုံကြတဲ့အမြင်မှာ အရေးကြီးဆုံးပဲ ဒါ့အပြင် သူက အခုအချိန်အထိလူငယ်လေးပဲမဟုတ်လား သူ့ရဲ့စိတ်၀ိညာဥ်ပင်လယ်ကိုငါအခုပဲသေချာကြည့်လာခဲ့တာအတော်လေးအထင်ကြီးစရာကောင်းတယ်…မပျက်စီးခင်တုန်းကဆိုရင် သေချာပေါက် နှစ်တစ်သိန်း၀ိညာဥ်သားရဲကောင်ရဲ့အဆင့်အတန်းအထိကိုရောက်နေပြီ ဒါ့အပြင် သူထိန်းချုပ်ထားနိုင်တဲ့ပုံစံကအတော်လေးကိုသန်မာတယ်…တစ်ခုရှိတာ အစွမ်းအစတွေက အဲ့ဒီအဆင့်ကိုမရောက်သေးတာတစ်ခုပဲ ဒါကြောင့်သာစိတ်၀ိညာဥ်စွမ်းအားတွေကို အဲ့ဒီလောက်ကြီးအပြည့်အ၀မသုံးနိုင်သေးတာ”
ထိုက်တန်က ပြောလာခဲ့တယ်။
” ၀မ်သုန့်က တကယ်ပဲသူများတွေကိုအရူးလုပ်ရတာ အတော်ကြိုက်တာပဲ ”
” ထားလိုက်တော့ အခုအချိန်မှာပြောနေလဲအရေးမကြီးတော့ဘူး…၀မ်သုန့်လဲ သူ့အတိုင်းအတာသူသိပါတယ်…ဒါ့အပြင် ဘယ်သူမှလဲ သူ့အနားကပ်၀ံ့မဲ့ပုံမပေါ်ဘူး မင်းမေ့သွားပြီလား ”
သူပြောပြီတဲ့နောက် သူ့နဖူးသူထိလိုက်ပါတော့တယ်။
ထိုက်တန်လဲ တစ်စုံတစ်ရာကိုသတိရသွားခဲ့တယ်။
” အားဟုတ်သား အဲ့ဒီအကြောင်းမေ့သွားတာ ဟို့ယွိဟောင်က ပထမအချီကိုတော့ ဖြတ်သန်းသွားပြီးပြီ ဒါပေမယ့် ပိုပြီးတော့လေ့လာဖို့လိုသေးတယ် ”
” ၀မ်သုန့်ကိစ္စကို ငါတို့အများကြီးမနှောင့်ယှက်ပဲနေနေကြမယ်…ယွိဟောင်ရဲ့ အစွမ်းအစတွေကကျေနပ်ဖို့တော့ကောင်းပါတယ်လေ အကယ်၍ ဒီအတိုင်းသာသူဆက်ပြီတော့ တိုးတက်နေဦးမယ်ဆိုရင် ၀မ်သုန့်ကိုလိုက်မီဖို့သိပ်လိုတော့မှာမဟုတ်ဘူး..သူတို့အတွက် သိုင်းပညာ၀ိညာဥ်ပေါင်းစည်းစွမ်းရည်လေးခုကို ဖန်တီးနိုင်တာနဲ့တင် ကံကြမ္မာရဲ့လက်ဆောင်ဖြစ်နေပြီးပြီ “:
ပြောရင်းနဲ့ နျိုထန်ရဲ့အမူအရာက ပြောင်းလဲလို့သွားပါတယ်။ အဲ့ဒီနောက် သူမျက်လုံးအပြူးသားနဲ့ပြောလာတော့တယ်။
” ဒီလောက်မြန်လှချေလား ဒုတိယညီငယ် မြန်မြန်သွားယွိဟောင်ရဲ့ ၀ိညာဥ်သားရဲကောင်ရဲ့သန္ဓေသားလောင်းက မွေးတော့မယ် ”
သူပြောပြီတဲ့နောက် သူလဲပြေးထွက်လို့သွားပါတော့တယ်။ ဟုတ်ပါတယ် ဟို့ယွိဟောင် သူ့အခန်းသူပြန်ပြီသိပ်ပြီမကြာခင်မှာပဲ သူကစပြီတရားထိုင်လိုက်တာပါ။ အဲ့ဒီအချိန်မှာ ပြင်းထန်တဲ့မူးဝေနှောက်ကျိမှုကိုခံစားလိုက်ရပါတော့တယ်။ အိပ်ရာပေါ်ကို ချက်ချင်းအားပြုလိုက်ပြီတဲ့နောက် သူ့ရဲ့စိတ်၀ိညာဥ်စွမ်းအားတွေကို အာရုံစိုက်လိုက်ရင်ဘာတွေဖြစ်လာလဲဆိုတာကို အာရုံခံလိုက်ပါတယ်။
သူ့ရဲ့စိတ်၀ိညာဥ်ပင်လယ်ထဲမှာ အားကောင်းတဲ့စိတ်၀ိညာဥ်စွမ်းအားတွေက တစ်ရိပ်ရိပ်ထိုးတက်လာနေပြီ ထူးဆန်းတဲ့အငွေ့အသက်တစ်ခုကိုပြောင်းလဲနေခဲ့တာပါ။
ဒုတိယစိတ်၀ိညာဥ်ပင်လယ်ကံကြမ္မာမျက်လုံးက ဒီထူးဆန်းတဲ့မူလရဲ့အစဖြစ်နေခဲ့တာကို ဟို့ယွိဟောင်ရှာလို့တွေ့သွားခဲ့ပါတယ်။ နှင်းဧကရီရဲ့ သန္ဓေသားလောင်းက ကံကြမ္မာမျက်လုံးထဲမှာကူးခတ်လို့နေခဲ့ပါတယ်။ လူသားကလေးငယ်တစ်ယောက်ရဲ့ရုပ်သွင်က ခပ်ဖျော့ဖျော့ပေါ်လာခဲ့ပြီတဲ့နောက် သူ့ရဲ့လက်နဲ့ ခြေထောက်တွေကို ဆန့်ထုတ်လိုက်ပါပြီ။ အဲ့ဒီနောက် အပေါ်ယံအလွှာပါးကာကွယ်ထားမှုကို ထိုးဖောက်ပြီ ထွက်တော့မလိုပြင်နေခဲ့ပါတယ်။
နှင်းဧကရီရဲ့သန္ဓေသားလောင်းလှုပ်ရှားမှုက ဒုတိယစိတ်၀ိညာဥ်ပင်လယ်ထဲမှာ အလင်းတန်းတွေကိုရောင်စဥ်ဖြာနေစေခဲ့တယ်။ ဒီအချိန်မှာတော့ စိတ်၀ိညာဥ်ပင်လယ်ကြီးကလဲ တ၀ုန်း၀ုန်းလှိုင်းတွေထနေခဲ့ပါပြီ။ တကယ်ပဲထွက်လာတော့မှာလား။
ဟို့ယွိဟောင်က စိတ်၀ိညာဥ်တွေနဲ့ပတ်သက်တဲ့ကိစ္စမှာ အတော်ကိုမသက်မသာရှိတတ်တဲ့သူပါ ဒီစိတ်၀ိညာဥ်က သူကနေဖန်တီးထားတဲ့ထူးခြားသက်ရှိဖြစ်နေခဲ့တဲ့အပြင် နှင်းဧကရီ ကောင်းကင်အိပ်မက်ရေခဲပိုးကောင် ရေခဲဧကရီနဲ့ ဆုံးပါးသွားပြီဖြစ်တဲ့လျှပ်စီးဧကရာဇ်တို့ရဲ့စွမ်းအားတွေအားလုံးလဲ ရောနှောပေါင်းစည်းပြီပါ၀င်နေခဲ့ပါသေးတယ်။
ဒီစိတ်၀ိညာဥ်တစ်ခုလှုပ်ရှားလိုက်တိုင်းမှာသူ့ရဲ့အင်အားတွေက အများကြီးသက်ရောက်ခံနေရတာကို ဟို့ယွိဟောင်နားလည်နေခဲ့တယ်။ သူအစွမ်းကုန်ကြိုးစားပြီ အာရုံစိုက်နိုင်ဖို့လုပ်ခဲ့ပေမဲ့လဲ လုံး၀ကိုအာရုံမစိုက်နိုင်ပါဘူး။
လျှပ်စီးဧကရာဇ် ချန်ထားပေးတဲ့မှတ်ဉာဏ်တွေအရ ဒီလိုဖြစ်ရတဲ့အဓိကအကြောင်းအရင်းကတော့ သူ့တို့ကြားမှာရှိနေတဲ့ဆက်သွယ်ကြောင့်ပါပဲ။ သူတို့တွေက သွေးချင်ချိတ်ဆက်နေတာပါ ဒါ့အပြင် ဒီစိတ်၀ိညာဥ်ဖြစ်ပေါ်လာမှုက နှင်းဧကရီရဲ့မူလစွမ်းအားအရင်းအမြစ်ကျုံ့၀င်သွားမှုကနေ ဖြစ်ခဲ့သလို ဟို့ယွိဟောင်ရဲ့သွေးနဲ့ စိတ်၀ိညာဥ်စွမ်းအားတွေကလဲ ပေါင်းစည်းနေခဲ့ပါသေးတယ်။
လျှပ်စီးဧကရာဇ်က ဟို့ယွိဟောင်ကို ပြောခဲ့ဖူးတယ်။ ဒီတစ်ခေါက် သူချန်ရစ်ထားခဲ့တဲ့ အတွေ့အကြုံတွေက ၀ိညာဥ်သားရဲကောင်တစ်ကောင်နဲ့ ချိတ်ဆက်တဲ့မှော်စွမ်းအားတွေလဲပါ၀င်နေတယ်ဆိုတဲ့အကြောင်းပါ။ ဒါပေမယ့် ဘယ်လိုသင်ကြားရမလဲဆိုတာကို ဟို့ယွိဟောင်အပေါ်သာမူတည်နေပါတယ်။ ရိုးရိုးရှင်းရှင်းပြောရမယ်ဆိုရင် ၀ိညာဥ်သားရဲကောင်တစ်ကောင်နဲ့ ၀ိညာဥ်ပညာတွေကြားထဲမှာရှိနေတဲ့ ကြီးမားတဲ့ကွာခြားချက်ကို သူတို့က ညှိယူပြီတော့အလုပ်လုပ်ရမှာပါ။
ဟို့ယွိဟောင်အနေနဲ့လဲ ဒီ၀ိညာဥ်သားရဲကောင်အနေနဲ့ ကိုယ်ပိုင်အသိဉာဏ်နဲ့အစွမ်းအစတွေကို ဘယ်လိုရရှိနိုင်မလဲဆိုတာကို သူဘာသာသူရှာဖွေရပါလိမ့်မယ်။ ဒါ့အပြင် ၀ိညာဥ်ပညာရှင်တစ်ယောက်ရဲ့၀ိညာဥ်စက်ကွင်းတစ်ကွင်းဖြစ်လာနိုင်မလားဆိုတာကလဲ သူ့ဆန္ဒရဲ့အပေါ်မှာသာမူတည်နေတာပါ။
နှင်းဧကရီရဲ့အခြေအနေက အတော်ထူးခြားပါတယ်။ သူမရဲ့ အင်အားကကြောက်စရာကောင်းလောက်အောင် တိုးတက်ပြီပြောင်းလဲသွားပြီဖြစ်သလို လျှပ်စီးဧကရာဇ်ရဲ့မီးလျှံတွေလဲ သူ့ခန္ဓာကိုယ်ထဲမှာရှိနေခဲ့ပါသေးတယ်။ လျှပ်စီးဧကရာဇ်က ဟို့ယွိဟောင်ကိုပြောခဲ့ဖူးတယ်။ သူ့ရဲ့လက်ရှိစိတ်၀ိညာဥ်စွမ်းအားနဲ့ဆိုရင် ဒီတစ်ခေါက်ရဲ့ချိတ်ဆက်မှုကို ပြီးမြောက်အောင်လုပ်နိုင်မှာပါ။
ဒါကြောင့်သာ မသက်မသာဖြစ်နေခဲ့ပေမဲ့လဲ ဟို့ယွိဟောင်အရမ်းကိုစိတ်လှုပ်ရှားလာခဲ့ပါတယ်။ သူကိုယ်တိုင်လဲအတော်လေးကို သိချင်နေခဲ့တယ်။
သန္ဓေသားလောင်းရဲ့လှုပ်ရှားမှုက ပိုပိုပြီးပြင်းထန်လာခဲ့သလို ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်စွမ်းအားတွေကလဲ ဒုတိယပင်လယ်ထဲမှာအများကြီးစုစည်းလို့နေခဲ့ပါပြီ။ စိတ်၀ိညာဥ်သန္ဓေသားလောင်းနေရာကို သူ့ရဲ့အင်အားတွေအားလုံးကျွေးမွေးလို့နေခဲ့ရပြီ အဲ့ဒီသန္ဓေသားလောင်းကလဲ အရာအားလုံးကို၀ါးမြိုလို့နေခဲ့တော့တယ်။
ဟို့ယွိဟောင်ရဲ့ခံစားချက်တွေက ပိုပြီးထူးဆန်းလာနေခဲ့ပါပြီ။ အကယ်၍ ဒီသန္ဓေသားလောင်းသာ ဒီအတိုင်းဆက်ပြီတော့စားသောက်နေမယ်ဆိုရင် သူဆက်ပြီထိန်းထားနိုင်မှာမဟုတ်ပါဘူး။ သူ့ရဲ့ စိတ်၀ိညာဥ်စွမ်းအားတွေကို စုစည်းဖို့ဆိုတာက မလွယ်ကူတဲ့ကိစ္စဖြစ်လာမှာပါ။ အကယ်၍ စိတ်၀ိညာဥ်စွမ်းအားတွေအားလုံးကိုသာ ဒီအတိုင်းစုပ်ယူလိုက်မယ်ဆိုရင် နေ့တိုင်းအစုပ်ခံနေလို့ကတော့ သူကသတိရတစ်ချက် မရတစ်ချက်အခြေအနေမှာကျန်ရှိလို့သွားပါလိမ့်မယ်။
ကြည်လင်ကောင်းကင်မျိုးနွယ်စုရဲ့ မျိုးနွယ်သခင်က သူ့ရဲ့စိတ်၀ိညာဥ်ပင်လယ်ကို ပြန်လည်ပြုပြင်ပေးခဲ့ပေမဲ့လဲ ဒီသန္ဓေသားလောင်းရဲ့စားသုံးမှုကအရမ်းကိုကြီးမားနေခဲ့တယ်။
ကံကြမ္မာမျက်လုံးက ရုတ်တရက်ပွင့်လာခဲ့ပါပြီ။ ရွှေရောင်အလင်းတန်းတွေကလဲ ဟို့ယွိဟောင် ခန္ဓာကိုယ်ဘေးပတ်လည်မှာစတင်ပြီကခုန်ပါတော့တယ်။ သူကတော့ ရွှေသားရုပ်ထုကြီးအသွင်ကိုပြောင်းလဲလို့သွားခဲ့ပါပြီ။
နျိုထန်နဲ့ ထိုက်တန်တို့နှစ်ယောက်ကလဲ ဟို့ယွိဟောင်ရဲ့အခန်းထဲကို တိတ်တဆိတ်၀င်လာခဲ့ပါတယ်။ ဒါပေမယ့် ဘယ်သူမှအသံမထွက်ကြပါဘူး။ သူတို့တွေ စောင့်လဲစောင့်ကြည့်နေကြသလို စိုးလဲစိုးရိမ်နေခဲ့ကြပါတယ်။ တစ်စုံတစ်ရာအမှားအယွင်းဖြစ်သွားမှာကို စိတ်ပူနေခဲ့ကြတာပါ။ တစ်ခုခုဖြစ်လာမယ်ဆိုရင်လဲ ကူညီဖို့အသင့်ပါပဲ။
မကြာခင်မှာဖြစ်ပေါ်လာတဲ့ကြီးမားတဲ့ဆွဲငင်မှုကြီးက ဟို့ယွိဟောင်ရဲ့လက်ရှိစိတ်၀ိညာဥ်စွမ်းအားခြောက်ဆယ်ရာခိုင်နှုန်းကို စုပ်ယူလို့သွားခဲ့ပြီ ရပ်တန့်လို့သွားခဲ့ပါပြီ။ ဒါ့အပြင် ဒုတိယစိတ်၀ိညာဥ်ပင်လယ်ထဲမှာ ရှိနေတဲ့သန္ဓေသားမြန်မြန်ဆန်ဆန်တည်ငြိမ်လို့သွားခဲ့တဲ့အတွက် ဟို့ယွိဟောင်တောင်အံ့ဩလို့သွားခဲ့ရတယ်။ လိမ္မော်ရောင်နဲ့ ရွှေရောင်ပေါင်းစပ်ထားတဲ့အလင်းတန်းက သူ့ခန္ဓာကိုယ်အပြင်ဘက်ဆီဆန့်ထွက်လို့လာခဲ့ပြီတဲ့နောက် လန့်စရာတစ်စုံတစ်ရာကဖြစ်လာပါတော့တယ်။
အစောပိုင်းတုန်းက သူ့ရဲ့စိတ်၀ိညာဥ်စွမ်းအားတွေကို သန္ဓေသားကစုပ်ယူနေခဲ့တာပါ။ ဒါပေမယ့် ဒီရွှေရောင်အလင်းတန်းဆန့်ထွက်လာချိန်မှာတော့ ဒီစွမ်းအားတွေက ခပ်မြန်မြန်ပဲပြန်ပြည့်လာပါတော့တယ်။ သူ့ရဲ့စိတ်၀ိညာဥ်ပင်လယ်ကြီးတစ်ခုလုံးက လှိုင်းတွေမြင့်မားလို့လာပြီတဲ့နောက် ဒီရောင်စဥ်တန်းကြီးကိုကျော်ဖြတ်ပြီတော့ ရိုက်ခတ်လို့နေခဲ့တယ်။ စိတ်၀ိညာဥ်ပင်လယ်ထဲမှာလဲ ပိုမိုသိသာထင်ရှားတဲ့ခံစားချက်တွေကို စတင်ပြီ အာရုံခံမိနေခဲ့ရပါပြီ။
စိတ်၀ိညာဥ်ပင်လယ်က ဒီလှိုင်းတွေကိုအကြိမ်ကြိမ်ကျော်ဖြတ်ပြီတဲ့အချိန်မှာတော့ အပြည့်အ၀ဆုံးအခြေအနေကို ပြန်လည်ရောက်ရှိလို့သွားပါတော့တယ်။ ဒါ့အပြင် ဒီရောင်စဥ်တန်းကြီးရဲ့အားဖြည့်ပေးမှုအောက်မှာ အရင်ကထက်ပိုပြီးတော့အားကောင်းလို့လာနေခဲ့တယ်။
သူထွက်မလာသေးဘူးလား ငါရဲ့စိတ်၀ိညာဥ်စွမ်းအားတွေကို ပိုအားကောင်းလာအောင်ကူညီပေးနေတာလား ဟို့ယွိဟောင်ရဲ့ စိတ်ခံစားချက်တွေက ရှုပ်ထွေးလာပါတော့တယ်။ ဒါပေမယ့် သူ့ရဲ့စိတ်၀ိညာဥ်စွမ်းအားတွေကို ဒီအတိုင်းအားကောင်းလာစေဖို့ မျှော်လင့်စေပါတယ်။ လက်ရှိအချိန်ဒီအတိုင်းသာဆက်သွားမယ်ဆိုရင် နှင်းပုလဲမပေါက်ကွဲခင်အခြေအနေလောက်ကအတိုင်း အဆုံးမဲ့တဲ့ပင်လယ်ကြီးအဖြစ်ကို ပြန်လည်ရောက်ရှိနိုင်ပါတယ်။
အချိန်တွေက တစ်စက္ကန့်ပြီစက္ကန့် ဖြတ်ကျော်နေခဲ့သလိုအလင်းတန်းကြီးကျယ်ပြန့်လာချိန်မှာလိမ္မော်ရောင်အလင်းတန်းကလဲ ပိုပြီးတော့အားကောင်းလာနေခဲ့ပါတယ်။ ဟို့ယွိဟောင်အနေနဲ့လက်ရှိအချိန်မှာသန္ဓေသားကိုတောင်မမြင်ရတော့ပါဘူး။ သန္ဓေသားက လိမ္မော်ရောင်နဲ့ရွှေရောင်ပေါင်းစည်းထားတဲ့ ဥတစ်လုံးလိုအသွင်ပြောင်းလဲလာပြီတဲ့နောက် နောက်ထပ်ပုံသဏ္ဍာန်ဆက်ပြီတော့မပြောင်းလဲတော့ပါဘူး။ ဥအသွင်မှာပဲ ရပ်တန့်လို့နေပါတော့တယ်။
ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်ပင်လယ်ကတော့ ပိုပိုအားကောင်းလာခဲ့ပြီ မှိန်ဖျော့ဖျော့ရွှေရောင်အလွှာကအပေါ်ယံမှာကာရန်လို့ထားခဲ့တယ်။ အဆုံးမဲ့တဲ့ပင်လယ်သမုဒ္ဒရာကြီးက ပြန်လည်ဖြစ်ပေါ်လာခဲ့ပါပြီ။ အရင်ကထက်တောင် ပိုပြီးသန်မာလာတယ်လို့ ဟို့ယွိဟောင်ခံစားနေခဲ့ရပါတယ်။ မကြာခင်မှာ နောက်အဆင့်တစ်ဆင့်ကိုအသစ်တက်တော့မယ်လို့တောင်ထင်နေခဲ့ရတယ်။
စိတ်၀ိညာဥ်ပင်လယ်ထဲမှာတင် အပြောင်းအလဲဖြစ်ရုံတင်မက ၀ိညာဥ်စွမ်းအားကလဲတိုးတက်လာခဲ့ပါတယ်။ သူတို့တွေက အတူတူပေါင်းစည်းသွားကြတဲ့အတွက် ဦးလေးနျိုထန် ဘယ်အဆင့်ရောက်နေလဲဆိုတာကိုတောင် သူဖြည်းဖြည်းချင်းနားလည်လာသလိုပါပဲ။ အတော်လေး အလှမ်းဝေးနေသေးပေမဲ့ ဒီအခွင့်အရေးကိုအရယူပြီ အဆင့်တက်နိုင်မယ်ဆိုရင် သူမမျှော်လင့်ထားတဲ့အဆင့်ကို ရောက်သွားနိုင်ပါတယ်။
အပိုင်း ၁၉၈•၁ ပြီး၏။