အပိုင်း ၁၉၇•၃
” နှင်းဧကရီရဲ့စိတ်၀ိညာဥ် ”
°°°
ဒုတိယမျိုးနွယ်သခင်က အထိတ်တလန့်နဲ့ မေးလာခဲ့ပါတယ်။
” မင်းတို့နှစ်ယောက်က ကျောင်းဆောင်ရဲ့အခန်းတစ်ခုထဲမှာအတူနေကြတာလား ဒါကတစ်ယောက်ခန်းတွေဖြစ်သင့်တာမဟုတ်ဘူးလား ”
ဟို့ယွိဟောင်လဲ စိတ်ရှုပ်ထွေးသွားပြီတဲ့နောက် ပြန်ဖြေလာခဲ့ပါတယ်။
” ကျွန်တော်တို့တွေတစ်ခန်းထဲနေကြတာပါ ”
မျိုးနွယ်စုသခင်နှစ်ယောက်စလုံးရဲ့အမူအရာကပြောင်းလဲလို့သွားခဲ့ပြန်ပါတယ်။ ဒုတိယမျိုးနွယ်သခင်ကတော့ စိုးရိမ်ပူပန်းမှုအပြည့်နဲ့မေးလာခဲ့တယ်။
” အခန်းထဲမှာအိပ်ရာဘယ်နှစ်ခုရှိလဲ ”
ဟို့ယွိဟောင်ကတော့ ပြန်ဖြေရင်းနဲ့ပိုပြီးတောကြောင်တောင်တောင်ဖြစ်လာခဲ့ပါပြီ။
” အိပ်ရာကတော့ နှစ်ခုရှိပါတယ်…ကျွန်တော်တို့တွေက အမျိုးသားတွေဖြစ်ပေမဲ့ အိပ်ရာတစ်ခုထဲတော့အတူတူဘယ်လိုအိပ်လို့ရမှာလဲ ”
ဒီအချိန်မှသာ မျိုးနွယ်သခင်နှစ်ယောက်စလုံးလဲ သက်ပြင်းချရင်းတစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်မိပါတော့တယ်။ သူတို့ရဲ့မျက်နှာပေါ်က ကူကယ်ရာမဲ့မှုတွေကို အချင်းချင်းအထင်သားမြင်နေခဲ့ပြီသားပါ။
ဟို့ယွိဟောင်က နားမလည်ခဲ့ပါဘူး။
” မျိုးနွယ်ခေါင်းဆောင်တို့ ဘာများမသင့်တော်တာရှိလို့လဲ ”
” မဟုတ်ပါဘူး ၀မ်သုန့်ကအမြဲတမ်းငယ်ငယ်ကလေးထဲက အရမ်းအသန့်အရှင်းကိုကြိုက်တဲ့သူဖြစ်ခဲ့တာလေ သူတစ်ယောက်ထဲနေမယ်လို့ ငါတို့ကတွေးထားခဲ့တာ မင်းတို့တွေအခန်းတစ်ခန်းထဲမှာနေမယ်လို့ မမျှော်လင့်ထားခဲ့မိဘူး…သေချာပေါက် ပြဿနာတော်တော်များများဖြစ်စေလိမ့်မယ်နဲ့တူတယ် ”
မျိုးနွယ်သခင်ကတော့ အားတင်ပြီပြုံးပြနေရင်း ပြန်ဖြေလာခဲ့ပါတယ်။ ဟို့ယွိဟောင်ကတော့ ဒီအချိန်မှသာ ရယ်နိုင်တော့တယ်။
” သူက တကယ်ကိုအသန့်အရှင်းကြိုက်တတ်တဲ့သူပဲ ဒါပေမယ့် အရမ်းပျင်းလွန်တယ်…သူ့အိပ်ရာကလွဲပြီ တခြားအခန်းထဲကကျန်တဲ့ဘယ်ကိစ္စကိုမှ ဂရုမစိုက်ဘူးရှင်းရှင်းလင်းလင်းလဲမလုပ်ဘူး…ကျွန်တော်ပဲ မနက်တိုင်းမနက်တိုင်းထပြီ အခန်းတစ်ခုလုံးကိုသန့်ရှင်းရေးလုပ်ရတာ ”
အဲ့ဒီနောက် သူတို့တွေဘယ်လိုတွေ့ဆုံခဲ့လဲဆိုတာနဲ့ အတန်းဖော်တွေဖြစ်လာကြပြီတဲ့နောက် ကျောင်းတော်ရဲ့ပြိုင်ပွဲမှာအတူတူယှဥ်ပြိုင်ခဲ့တဲ့အကြောင်းတွေကိုပါပြောပြလိုက်ပါတယ်။ ဒါ့အပြင် ဒီကိစ္စတွေအားလုံးဖြစ်ပြီတဲ့နောက် သူတို့တွေဘယ်လောက်အထိ ရင်းနှီးနီးကပ်တဲ့သူငယ်ချင်းတွေဖြစ်လာခဲ့လဲဆိုတာကိုပါ ပြောပြခဲ့တယ်။
မျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်ကလဲ သူ့ကိုအတော်လေးစိတ်၀င်တစားနဲ့နားထောင်ပေးနေခဲ့ပါတယ်။ အစောပိုင်းမှာစကားဖြတ်ပြောလိုက်တာကလွဲပြီ နောက်ထပ်ဖြတ်မပြောတော့ပါဘူး။ သူပြောတဲ့စကားတွေကိုအတော်လေးစိတ်၀င်စားနေပုံရပါတယ်။
ဒီလိုပြန်ပြောနေရင်းနဲ့ ဖြစ်ခဲ့တဲ့ကိစ္စတွေကို ဟို့ယွိဟောင်လဲ ပြန်လည်သတိရနေမိတယ်။ အထူးသဖြင့် တိုက်ကြီးရဲ့ကျောင်းတော်အဆင့်တက်၀ိညာဥ်လက်ရည်ယှဥ်ပွဲက ကိစ္စတွေကိုပြန်ပြောချိန်မှာသူလဲစိတ်လှုပ်ရှားပြီ အားတက်သရောဖြစ်နေခဲ့ပါသေးတယ်။ အရာအားလုံးကို အသေးစိတ်ပုံဖော်ပြသနေရုံတင်မက သူတို့အတူတူပေါင်းစည်းပြီရရှိထားတဲ့သိုင်းပညာ၀ိညာဥ် ပေါင်းစည်းစွမ်းရည်လေးခုကိုပါ အသေးစိတ်ပြောပြနေခဲ့တာပါ။
မျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်ကလဲ သူပြောတဲ့စကားတွေကိုနားထောင်ရင်ပိုပြီးစိတ်အေးလာပါတော့တယ်။ အခုအချိန်အထိ သူတို့တွေက ပြုံးပြတာတွေ ခေါင်းညိတ်တာတွေ မလုပ်သေးပေမဲ့ အကြည့်တွေကတော့ အတော်လေးကိုနူးညံ့လာခဲ့ပါပြီ။ ဟို့ယွိဟောင်က ၀မ်သုန့်ကိုဘယ်လိုကယ်ခဲ့လဲဆိုတာ သူ မပြောပြပေမဲ့ မျိုးနွယ်သခင်နှစ်ယောက်ရဲ့အမူအရာတွေအရ သူတို့တွေအတော်လေး ပွင့်ပွင့်လင်းလင်းရှိလာပြီဆိုတာကိုတော့ ခံစားမိနေခဲ့တယ်။
အချိန်တွေကုန်ဆုံးတာက မြန်ဆန်လွန်လှပါတယ်။ မကြာခင်မှာပဲ နေ့လည်အချိန်ကိုရောက်သွားခဲ့ပါပြီ။ မျိုးနွယ်ခေါင်းဆောင်နှစ်ယောက်ကလဲ ဟို့ယွိဟောင်ကိုနေ့လည်စာစားဖို့ဆွဲခေါ်သွားပြီတဲ့နောက်မှသာ နောက်နှစ်နာရီတိတိဆက်ပြီစကားပြောခိုင်းပါတော့တယ်။ အဓိကအချိန်မှာတော့ ဟို့ယွိဟောင်က သူ့အကြောင်းသူဂုဏ်ဖော်ပြီမပြောပြခဲ့ပါဘူး။ သူနဲ့၀မ်သုန့်ဖြစ်ခဲ့တဲ့ကိစ္စတွေကိုသာ ဘေးလူတစ်ယောက်ပုံစံနဲ့သာ အဓိကပြောပြခဲ့ပါတယ်။
” အကြမ်းဖျင်းဖြစ်သွားခဲ့တဲ့ကိစ္စတွေကတော့ ဒီလိုပါပဲ ”
ဟို့ယွိဟောင်စကားပြောရလွန်လို့ လည်ချောင်းတွေတောင်ခြောက်နေခဲ့ပါပြီ။ ဒါပေမယ့် တစ်ဖက်လူနှစ်ယောက်ရဲ့ အပြုအမူကအတော်လေးပြောင်းလဲလာတာကို သူရှင်းရှင်းလင်းလင်းသိနေခဲ့ပါတယ်။ သူတို့တွေက ပိုမိုနီးကပ်လာကြတဲ့ပုံပေါ်သလို အရာအားလုံးက အမှန်ဟုတ်မဟုတ်ကိုသေချာလေ့လာနေပုံလဲပေါ်ပါတယ်။
မျိုးနွယ်သခင် အရင်ဆုံးပြုံးပြရင်းနဲ့ ပြောလာခဲ့တယ်။
” ယွိဟောင် မင်းနဲ့၀မ်သုန့်ရဲ့ အတွေ့အကြုံတွေက တကယ်ကိုများပြားခဲ့တာပဲ မင်းတို့နှစ်ယောက်ဒီလောက်ကြီးရင်းနှီးနေကြတာ ဘယ်အံ့ဩစရာရှိမလဲ ”
” ၀မ်သုန့်ကို ကျွန်တော်ရဲ့ညီနောင်ကောင်းအဖြစ်ပိုင်ဆိုင်ရတာ ကျွန်တော်ကံကောင်းတယ်လို့ပဲ ပြောရမှာပါ ”
” ငါတို့တွေကို မျိုးနွယ်သခင်လို့မခေါ်သင့်တော့ဘူး…ငါရဲ့မျိုးနွယ်နာမည်က နျိုထန်တဲ့ ငါရဲ့ဒုတိယညီငယ်ရဲ့မျိုးရိုးနာမည်ကထိုက် သူ့ရဲ့နာမည်အပြည့်အစုံက ထိုက်တန် ငါတို့နှစ်ယောက်ကိုမင်းဦးလေးလို့ခေါ်လို့ရတယ် ”
ဟို့ယွိဟောင် အခုအချိန်မှသာ သက်ပြင်းချလိုက်ပါတယ်။ အကယ်၍ ဒီနေရာမှာသာသူတို့တွေကတခြားသူဖြစ်ခဲ့မယ်ဆိုရင် ဒီလောက်ကြီးအထိ သူလဲသတိကြီးကြီးထားနေမိမှာမဟုတ်ပါဘူး။ ဒါပေမယ့် ဒီနှစ်ယောက်က ၀မ်သုန့်ရဲ့ဦးလေးတွေဖြစ်ခဲ့တာကြောင့် သူ့အနေနဲ့ ဘယ်လိုပဲဖြစ်ဖြစ်သည်းခံနေခဲ့ရပါတယ်။ အခုအချိန်မှာတော့ သူတို့ရဲ့အသိအမှတ်ပြုမှုကိုရသွားလောက်ပါပြီ။
” ဟုတ်ကဲ့ပါ နျို ”
ဟို့ယွိဟောင်ချက်ချင်းဆိုသလိုပြန်ဖြေလိုက်ပါတယ်။
နျိုထန်က လေးနက်တဲ့လေသံနဲ့ပြောလာခဲ့တယ်။
” ယွိဟောင် ငါနဲ့ ဒုတိယညီငယ်နှစ်ယောက် မင်းအဲ့ဒီနေ့တုန်းက ဖြစ်ခဲ့တဲ့ကိစ္စတွေကိုမြင်ခဲ့တယ်…မင်းရဲ့ခန္ဓာကိုယ်ထဲမှာ နစ်မြုပ်နေတဲ့စွမ်းအားက တစ်ခုမကရှိနေတယ်…မင်းရဲ့ဆရာဖြစ်သွားတဲ့ကိစ္စကတော့ တကယ်၀မ်းနည်းစရာပါပဲ ”
ဟို့ယွိဟောင်က ဒါကိုကြားချိန်မှာ သူ့မျက်နှာအနည်းငယ်အရောင်ဖျော့သွားခဲ့ပါတယ်။ သူတကယ်ကြီး၀မ်းနည်းနေတာ ကြည့်ရုံနဲ့သိသာနေခဲ့တယ်။
” ဆရာက ကျွန်တော်ကိုကယ်တင်ခဲ့တယ်..ဦးလေးတို့တောင်းပန်ပါတယ်…ကျွန်တော် ဒီကိစ္စနဲ့ပတ်သက်ပြီထပ်မပြောချင်ဘူး ”
” လူတိုင်းမှာလျှို့၀ှက်ချက်တွေရှိကြတာပုံမှန်ပဲ ငါတို့လဲအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီ အတင်းအကြပ်ကြီးမမေးတော့ပါဘူး…ဒါပေမယ့် အဲ့ဒီနေ့တုန်းကမင်းတော်တော်လေး ဒဏ်ရာပြင်းထန်သွားတာကို ငါတို့သတိထားမိတယ်…မင်းအပေါ်မှာရောက်ရှိနေတဲ့ဖိအားဆိုတာက အရမ်းများလွန်တယ်မဟုတ်လား အခုရောအခြေအနေဘယ်လိုလဲ ”
” ကျွန်တော်ရဲ့ခန္ဓာကိုယ်ကတော့ အဆင်ပြေပါတယ်…ဒါပေမယ့် စိတ်၀ိညာဥ်ပင်လယ်က အတော်လေးပျက်စီးသွားခဲ့တာကြောင့်အခုအချိန်မှာအရွယ်ကျုံ့သွားပါပြီ ကျွန်တော်လေ့ကျင့်နေရင်းနဲ့ ပြန်ပြီ ကောင်းမွန်အောင်လုပ်ဖို့ကြိုးစားနေဆဲပါ ”
” မင်းရဲ့စိတ်၀ိညာဥ်ပင်လယ်က ပျက်စီးသွားတာလား ”
နျိုထန်က အထိတ်တလန့်ဖြစ်သွားခဲ့ပေမဲ့ ထိုက်တန်ကတော့ တိုက်ရိုက်သာမေးပါတယ်။
” ကလေးရိုးသားတဲ့လူတွေရှေ့မှာ မလိမ်ရဘူး…အကယ်၍ မင်းရဲ့စိတ်၀ိညာဥ်ပင်လယ်သာပျက်စီးသွားတယ်ဆိုရင် ဘယ်လိုလုပ်ဒီနေရာမှာထိုင်နေလို့ရမှာလဲ ”
” ကျွန်တော်ရဲ့စိတ်၀ိညာဥ်ပင်လယ်ကတကယ်ပျက်စီးသွားခဲ့တယ်…ဒါပေမယ့် စိတ်၀ိညာဥ်မူလအရင်းအမြစ်က အဆင်ပြေနေတုန်းပဲ စိတ်၀ိညာဥ်အစွမ်းအစနည်းနည်းလေးကျသွားရုံပဲရှိတာပါ ”
ထိုက်တန်ကတော့ အခုအထိမယုံသေးပါဘူး။
” စိတ်၀ိညာဥ်ပင်လယ်နဲ့ စိတ်၀ိညာဥ်မူလအရင်းအမြစ်ဆိုတာကအတူတူရှိကြတာမဟုတ်လား မင်းသူတို့ကို ခွဲထားတယ်လို့ ပြောချင်တာလား ”
ဟို့ယွိဟောင်က ခေါင်းခါလိုက်ပါတယ်။
” မဟုတ်ဘူး ဒါပေမယ့် ကျွန်တော်ရဲ့စိတ်၀ိညာဥ်ပင်လယ်ပျက်စီးမှုပါ ကျွန်တော်ရဲ့မူလအရင်းအမြစ်ကို မထိခိုက်တာတော့အမှန်ပါပဲ ”
နျိုထန်က ပြောလာခဲ့တယ်။
” မင်းရဲ့စိတ်၀ိညာဥ်ပင်လယ်ကို တစ်ချက်ကြည့်လို့ရမလား ငါကုသပေးနိုင်မလားဆိုတာ ကြည့်ချင်ရုံသက်သက်ပဲ တခြာစိတ်မကြံအစည်မရှိပါဘူး ”
” ကောင်းပါပြီ ကျေးဇူးတင်ပါတယ် ဦးလေးနျို ”
ဟို့ယွိဟောင်လဲ ဒီလူတွေကိုအပြည့်အ၀မယုံသေးပေမဲ့ ၀မ်သုန့်တောင်သူလျှို့၀ှက်ချက်ကိုမသိသေးတဲ့အတွက် လက်ရှိအချိန်မှာတော့ လိုလိုလားလားပူးပေါင်းဖို့ကိုသာ ရွေးချယ်လိုက်ပါတယ်။
နျိုထန်က ထရပ်လာပြီတဲ့နောက် ဟို့ယွိဟောင်ဆီကိုရောက်လာရင်း သူ့နဖူးပေါ်ကိုညာဘက်လက်နဲ့ဖိချလိုက်တော့တယ်။
ဟို့ယွိဟောင်ကလဲ အေးအေးဆေးဆေးရှိနေဆဲပါ။ ဒီမျိုးနွယ်သခင်နှစ်ယောက်ရဲ့အစွမ်းအစနဲ့ဆိုရင် အကယ်၍ သူတို့သူ့ကိုထိခိုက်အောင်လုပ်ချင်လို့ကတော့ သူဘာမှတောင်ပြန်လုပ်နိုင်မှာမဟုတ်ပါဘူး။ ဒီလူတွေက အကြီးအကဲရွှမ်နဲ့ အဆင့်လူတွေဖြစ်နေခဲ့သလို ကြည်လင်ကောင်းကင်မျိုးနွယ်ဆိုတာက တိုက်ကြီးတစ်ခုလုံးရဲ့ထိပ်ဆုံးမှာရပ်တည်နေတာပါ။
နျိုထန်ရဲ့မျက်လုံးတွေက အစိမ်းရောင်ပြောင်းသွားခဲ့ပါပြီ။ ဟို့ယွိဟောင်လဲ နူးညံ့တဲ့အငွေ့အသက်တစ်ခုစိတ်ထဲ၀င်လာတာကို ခံစားလိုက်ရပါတယ်။ ဒီအငွေ့အသက်က သူ့တစ်ကိုယ်လုံးကို စိမ့်၀င်ပျံ့နှံ့သွားပြီတဲ့နောက် နွေးနွေးထွေးထွေးနဲ့စတင်လှည့်ပတ်တော့တယ်။
အရမ်းသက်သောက်သက်သာရှိနေခဲ့သလို စွမ်းအင်ဖြတ်သန်းသွားတဲ့လမ်းကြောင်းတွေကလဲ မြန်မြန်ဆန်ဆန်ပြန်လည်ကောင်းမွန်လာနေတာကို သူခံစားနေခဲ့ရပါတယ်။ အဲ့ဒီနောက် နွေးနွေးထွေးထွေးအရှိန်အ၀ါတွေက စိတ်၀ိညာဥ်ပင်လယ်ထဲကို ၀င်ရောက်လာခဲ့ပါပြီ။ ဟို့ယွိဟောင်လဲ မျက်လုံးတွေကို ပိတ်လိုက်ပါတော့တယ်။ ဒီအရှိန်အ၀ါတွေက စိမ်းစိုလန်းဆန်းတဲ့မြက်ခင်းလှိုင်းကြီးတွေလိုမျိုး သူဆီ၀င်ရောက်လာနေတာကို သိနေခဲ့တယ်။ ဒါက စိတ်၀ိညာဥ်စွမ်းအားလား ၀ိညာဥ်စွမ်းအားလားဆိုတာကိုတော့ သူမသိတော့ပါဘူး။
မြက်ခင်းစိမ်းလိုစွမ်းအားတွေ စိတ်၀ိညာဥ်ပင်လယ်ထဲ၀င်ရောက်လာချိန်မှာ စိတ်၀ိညာဥ်ပင်လယ်ကတော့လှိုင်းတစ်ချက်တောင်ရှိမနေခဲ့ပါဘူး။ အဲ့ဒီနောက် ပင်လယ်တစ်ခုလုံးကိုစတင်ပြီ လွှမ်းခြုံလာပါတော့တယ်။ နဖူးတစ်ခုလုံးသက်သောက်သက်သာအေးမြလာတာကိုလဲ ဟို့ယွိဟောင်ခံစားနေခဲ့ရပြီ စိတ်၀ိညာဥ်ပင်လယ်ကြီးတစ်ခုလုံးက သန့်စင်ခံနေရသလိုပါပဲ။ ပျက်စီးသွားတဲ့စိတ်၀ိညာဥ်ပင်လယ်ကတော့ ဒီထူးဆန်းတဲ့စွမ်းအားရဲ့အောက်မှာဖြည်းဖြည်းချင်းဆိုသလို ပြန်လည်ကောင်းမွန်လာနေခဲ့ပါပြီ။
သူ့ရဲ့စိတ်၀ိညာဥ်ပင်လယ်ကလဲ တိုးတက်လာခဲ့ပါတယ်။ ဒါကတကယ်ကိုအံ့ဩစရာကောင်းပြီ ပျော်စရာကောင်းတဲ့ခံစားချက်ပါပဲ။ ကြည်လင်ကောင်းကင်တောင်ထိပ်ရဲ့အထက်မှာရှိတဲ့တိမ်ပင်လယ်ကြီးထဲလွှင့်မျောနေသလိုမျိုးတောင်ခံစားနေခဲ့ရပါတယ်။
တခဏတာကြာပြီတဲ့နောက် ဒီလိုလန်းဆန်းတဲ့ခံစားချက်ကလဲဖြည်းဖြည်းချင်းပျေက်ကွယ်သွားခဲ့ပါပြီ။ သူ့ရဲ့ပျက်စီးသွားတဲ့စိတ်၀ိညာဥ်ပင်လယ်ကလဲ အတော်လေးအခြေအနေပြန်ကောင်းသွားတာကို ဟို့ယွိဟောင်တွေ့လိုက်ရပါတော့တယ်။ အဆုံးမဲ့တဲ့ပင်လယ်အခြေအနေလောက်ကိုပြန်မရောက်သေးပေမဲ့ မူလအနေအထားအထိကိုရောက်ရှိလို့သွားခဲ့တာပါ။ ဒါဆိုရင် လေးလေးနက်နက်တရားထိုင်မှုလုပ်လိုက်လို့ကတော့ လအနည်းငယ်အတွင်းမှာတင် မူလအထွဋ်အထိပ်အခြေအနေကို ပြန်ရောက်သွားနိုင်ပါတယ်။
သူအစောပိုင်းတွက်ချက်ထားသလောက်အရဆိုရင် ဒီလိုပြန်ကောင်းဖို့အတွက် အနည်းဆုံးအချိန်သုံးနှစ်ကျော်လောက် လိုဦးမှာပါ။ သူမျက်လုံးဖွင့်လိုက်ချိန်မှာတော့ အရင်ကထက်အကြည့်ကပိုပြီးတောက်ပလာပါတော့တယ်။ နျိုထန်ကတော့သူ့ရှေ့မှာရပ်ရင်း ပြုံးပြနေဆဲပါ။
” ကျေးဇူးတင်ပါတယ် ဦးလေးနျို ”
ဟို့ယွိဟောင်ထရပ်လိုက်ပြီတဲ့နောက် သူ့ကိုတလေးတစားနဲ့ဦးညွတ်လိုက်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ သူလုံး၀ကို ယုံကြည်သွားခဲ့ပါပြီ သူ့ရဲ့စိတ်၀ိညာဥ်ပင်လယ်ပျက်စီးသွားတာကို ဘယ်သူမှကုသပေးနိုင်မယ်မထင်ထားခဲ့မိပါဘူး။ အကြီးအကဲမုရှိနေခဲ့မယ်ဆိုရင်တော့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကြည်လင်ကောင်းကင်မျိုးနွယ်ရဲ့ မျိုးနွယ်သခင်ကတော့ အသာအယာလေးလုပ်ပေးနိုင်ခဲ့တယ်။ ဟို့ယွိဟောင်ရဲ့စိတ်ထဲမှာတော့ ဒီလူကသုပုစီးနဲ့အဆင့်တူဖြစ်သွားခဲ့ပါပြီ။
” ယွိဟောင် မင်းရဲ့စိတ်၀ိညာဥ်ပင်လယ်က ငါတွေးထားတာထက်ကို အတော်ကြီးကိုသန်မာနေတယ်…ဒါ့အပြင် ထိန်းချုပ်နိုင်စွမ်းကလဲ အတော်ကောင်းတာကိုခံစားမိတယ်..ဒါကောင်းတဲ့ကိစ္စပဲ မင်းကပါရမီရှိတယ်လို့ ၀မ်သုန့်ပြောခဲ့တာ အံ့ဩစရာတော့ဘယ်ရှိမလဲ ဒါ့အပြင် မင်းရဲ့စိတ်၀ိညာဥ်ပင်လယ်ထဲမှာ ဒုတိယပင်လယ်တစ်ခုထပ်တည်ရှိနေတာကိုပါငါခံစားမိတယ်…စိတ်၀ိညာဥ်ပင်လယ်ပျက်စီးသွားတဲ့ မင်းရဲ့မူလစိတ်၀ိညာဥ်စွမ်းအားကိုဒုတိယပင်လယ်ကနေကာကွယ်လိုက်တယ်…ဒါကြောင့် အားလုံးပြီးဆုံးသွားပြီတဲ့အချိန်မှာစိတ်၀ိညာဥ်မူလအရင်းအမြစ်က မူလအရင်းအမြစ်ပင်လယ်ထဲကိုပြန်ရောက်သွားတာပဲ ဒါကိုမင်းတောင်မှနားမလည်လောက်ဘူး ”
” ဦးလေးနျိုရဲ့ စိတ်၀ိညာဥ်စွမ်းအားက တကယ်သန်မာပါတယ်..ဒီလောက်ရှာဖွေရုံနဲ့တင် ဒီလောက်အများကြီးသိနိုင်နေပြီ ဒီလိုဖြစ်သွားခဲ့တာ ကျွန်တော်မသိတာအမှန်ပါပဲ ”
” ယွိဟောင် ငါမှာတောင်းဆိုစရာတစ်ခုရှိတယ်…မင်းသဘောတူနိုင်မယ်လို့ ငါမျှော်လင့်ပါတယ် ”
” ကျွန်တော်ကိုပြောနိုင်ပါတယ်…ကျွန်တော်လုပ်နိုင်တယ်ဆိုရင်သေချာပေါက်လုပ်မှာပါ ”
ဟို့ယွိဟောင်က သူလေးစားထိုက်တဲ့သူတွေကို တကယ်ပဲလေးစားပါတယ်။ ဒါ့အပြင် တကယ်ပဲအင်အားကောင်းလွန်လှတဲ့ သူတစ်ယောက်ရဲ့အစွမ်းအစတွေကို သူကအများကြီးအားကိုးယုံကြည်တတ်တဲ့သူပါ ဒါ့အပြင် နျိုထန်က သူ့ကိုကုသပေးပြီတဲ့အချိန်မှသာ တောင်းဆိုမှုတစ်ခုလုပ်နေသလို ဒီအကူအညီအတွက်လဲ ဘာမှမတောင်းခဲ့ပါဘူး။ ဟို့ယွိဟောင် ဒီအတွက်ပိုပြီးလေးစားမိပါတယ်။
” မင်းရဲ့ဆရာက မင်းခန္ဓာကိုယ်ထဲမှာအင်အားအရမ်းကြီးတဲ့၀ိညာဥ်သားရဲကောင်တစ်ကောင်ရဲ့အင်အားကိုချိတ်ပိတ်ထားတာ ငါခံစားမိတယ်…ဒါ့အပြင် သူ့ကိုန္ဓေသားလောင်းတစ်ခုအဖြစ်ပုံသဏ္ဍာန်ပြောင်းလဲသွားတဲ့အထိ လုပ်ပေးခဲ့ပြီးပြီ သူ့ရဲ့တည်ရှိမှုကလုံး၀သန့်စင်တဲ့စွမ်းအားတစ်ခုဖြစ်နေတယ်…ဒီသန္ဓေသားက ဘယ်လိုအရာမျိုးဖြစ်လာမလဲဆိုတာကို ငါသိချင်မိတယ်…ဒါ့အပြင် အနာဂတ်မှာဘယ်လိုအပြောင်းအလဲတွေတွေ့ကြုံရမလဲဆိုတာကိုရောပဲ ပထမဆုံးအကြိမ် တိုက်ကြီးတစ်ခုလုံးမှာပေါ်ထွက်လာတဲ့အရာတစ်ခုလို့လဲ ငါခံစားမိတယ်…ဒါကြောင့်သာ အကယ်၍ မင်းရဲ့ဒုတိယပင်လယ်ထဲမှာရှိနေတဲ့ ၀ိညာဥ်သားရဲကောင်သန္ဓေသားအလောင်းတစ်ခုကို အပြောင်းအလဲဖြစ်လာရင်း ငါတို့လဲကူညီလို့ရအောင်ပြောပြစေချင်တာပဲ ဒါပေါ့ ပြဿနာတစ်ခုခုဖြစ်လာမယ်ဆိုရင် ငါတို့ကအမြဲတမ်းအသင့်ရှိနေမှာအနည်းဆုံးတော့မင်းကိုမထိခိုက်စေရဘူး…ဒါဆိုရင်ဘယ်လိုတွေးလဲ ”
ဟို့ယွိဟောင် တခဏတာတွေဝေနေပြီတဲ့နောက် ပြောလာခဲ့ပါတယ်။
” ဒါပေမယ့် ကျွန်တော်ဒီနေရာကနေ မကြာခင်သွားရတော့မှာ၀မ်သုန့်ပြန်လာပြီရင် ကျွန်တော်တို့ထွက်သွားမှာဆိုတော့ ဒီကိစ္စက စဥ်းစားရပါဦးမယ် ”
အပိုင်း ၁၉၇•၃ ပြီး၏။