Switch Mode

Chapter – 197.2

နှင်းဧကရီရဲ့ စိတ်ဝိညာဉ်

အပိုင်း ၁၉၇•၂

” နှင်းဧကရီရဲ့ စိတ်၀ိညာဥ် ”
°°°
” ကောင်းပါပြီ ”

ဟို့ယွိဟောင်က ခေါင်းညိတ်ရင်သဘောတူလိုက်ပါတယ်။ ဒါပေမယ့် နှလုံးသားထဲက နာကျင်မှုတွေကို စကားလုံးတွေနဲ့ ဘယ်လိုများဖော်ပြလို့ရနိုင်မှာလဲ။ ဒီလိုစကားတချို့က ဘယ်လိုလုပ်ဒီနာကျင်မှုတွေကို ပျောက်ကင်းစေနိုင်မှာလဲ။

၀မ်သုန့်က အပြင်ကိုထွက်မသွားခင်အချိန်ဟို့ယွိဟောင်အနားကိုကပ်လာခဲ့ပြီ တခြမ်းဖက်ခဲ့ပါတယ်။ ၀မ်သုန့်ရဲ့စာနာမှုကိုခံစားရပြီချိန်မှာတော့ ဟို့ယွိဟောင်ရဲ့နာကျင်မှုလဲအနည်းငယ်တော့လျော့ပါးသွားခဲ့ပါပြီ။ သူမတ်တပ်ထရပ်လိုက်ပြီတဲ့နောက် အိပ်ရာဘေးကိုလျှောက်သွားရင်အရှေ့မှာရှိနေခဲ့တဲ့ တိမ်ပင်လယ်ကြီးကိုကြည့်ကာ လက်သီးတွေကိုကျစ်ကျစ်ပါအောင်ဆုပ်လိုက်ပါတော့တယ်။

” ဆရာကျွန်တော်သေချာပေါက် ကြိုးစားပြီ ကျန်ရစ်တဲ့နတ်အသိဉာဏ်တွေကို ပြန်စုစည်းပေးပါ့မယ် ”

အကြီးအကဲလျှပ်စီးဧကရာဇ်ရဲ့အသံတွေက သူ့ရဲ့နားထဲမှာကြားယောင်နေဆဲဖြစ်နေသလို အပြုံးရဲ့မျက်နှာကိုလဲ မြင်နေရဆဲပါပဲ။

အဲ့ဒီနောက် ဟို့ယွိဟောင်ရဲ့မျက်လုံးတွေက မကြာခင်မီးခိုရောင်အဖြစ်ကိုပြောင်းလဲလို့သွားခဲ့ပါပြီ။ သူ့ရဲ့အငွေ့အသက်ကလဲ ပြောင်းလဲလို့သွားပါတော့တယ်။ ဒီမှိန်ဖျော့ဖျော့အလင်းတန်းတောက်ပလာချိန်မှာတော့ သူ့ရဲ့ခန္ဓာကိုယ်က ထူးခြားတဲ့အရှိန်အ၀ါတစ်ခုကိုထုတ်လွှတ်လာခဲ့ပါတယ်။ ဒါကတော့ အေးစက်ပြီစိတ်ခံစားချက်မဲ့နေတာပါပဲ။

မီးခိုရောင်၀ိညာဥ်စက်ကွင်းကလဲ ခြေထောက်အောက်ဖက်မှာဖြည်းဖြည်းချင်းဆိုသလိုမြင့်တက်လို့လာခဲ့ပါပြီ။ ပုံမှန်၀ိညာဥ်စက်ကွင်းတွေနဲ့ယှဥ်ရမယ်ဆိုရင် ဒီမီးခိုရောင်၀ိညာဥ်စက်ကွင်းက ငါးဆယ်ရာခိုင်နှုန်းနီးပါးကို ပိုကြီးမားပါတယ်။ ဒါ့အပြင် သူ့ရဲ့အနောက်ကျောဖက်မှာကလဲ မှိန်ဖျော့ဖျော့အလင်းတန်းပုံရိပ်တစ်ခုက ထွက်ပေါ်လို့လာပါတော့တယ်။ ဒါကတော့ လျှပ်စီးဧကရာဇ်ရဲ့ ရူးသွပ်တဲ့ပုံရိပ်ကြီးပါ။

ဟို့ယွိဟောင်ရဲ့မီးခိုရောင်မျက်လုံးတွေက လုံး၀အဖြူရောင်ပြောင်းလဲလို့သွားခဲ့ပါပြီ။ သူ့ရဲ့ရုပ်သွင်ကိုကြည့်ရတာအတော်လေးကြောက်စရာကောင်းနေခဲ့ပါတယ်။ ဒီဝေ၀ါးတဲ့ပုံရိပ်ယောင်ကို သူမြင်တွေ့လိုက်ရချိန်မှာတော့ သူ့ရဲ့အဖြူရောင်မျက်လုံးတွေကနေ စတင်ပြီမျက်ရည်တွေစီးကျလာပါတော့တယ်။

” ဆရာရဲ့ပညာရပ်တွေကိုဒီလောကမှာပိုမိုရှင်းလင်းပြတ်သားပြီ လူတွေလက်ခံလာနိုင်အောင်လုပ်ပေးပါ့မယ်…မကောင်းတဲ့မိစ္ဆာ၀ိညာဥ်ပညာရှင်တွေကို အောက်လမ်းပညာအသုံးပြုပြီးတော့ ကျွန်တော်ခုခံပြစ်မယ်…ဒါ့အပြင် ဒီလောကကြီးရဲ့၀မ်းနည်းပူပန်းမှုတွေကိုလဲ ကျွန်တော်အင်အားနဲ့လျှော့ချပေးပါ့မယ် ”

°°°
နှစ်ရက်ကြာပြီတဲ့နောက် ဟို့ယွိဟောင်လဲ သူ့အခန်းထဲကနေတည်တည်ငြိမ်ငြိမ်ထွက်လာခဲ့ပါပြီ။ ၀မ်သုန့်က ချက်ချင်းဆိုသလို သူ့ဆီအပြေးရောက်လာရင်း မေးပါတော့တယ်။

” ယွိဟောင် အခြေအနေဘယ်လိုလဲ ”

၀မ်သုန့်က ယွိဟောင်ရဲ့ပြုံးနေတဲ့မျက်နှာကိုမြင်ရတာ မျက်လုံးအပြူးသားဖြစ်နေဆဲပါ။ ဒါပေမယ့် မျက်လုံးထဲမှာရှိနေတဲ့ အကြည့်ကတော့လုံး၀မတူညီမှန်းသိနေခဲ့တယ်။ အရင်ကနဲ့မတူတော့အောင် ပိုမိုရင့်ကျက်ပြီတောက်ပမှုတွေကလဲ ပျောက်ကွယ်သွားသလိုပါပဲ။ တစ်ညတာအတွင်းမှာငါးနှစ်လောက်ပိုပြီးအသက်အရွယ်ကြီးရင့်သွားသူတစ်ယောက် တူနေခဲ့တယ်။

အကြီးအကဲမုဆုံးပါးသွားတဲ့အချိန်မှာ ဟို့ယွိဟောင်က ရူးရူးသွပ်သွပ်ပုံစံနဲ့ စိတ်လွှတ်ထွက်သွားခဲ့ပါတယ်။ ဒါ့အပြင် ၀မ်းနည်းပူဆွေးမှုကိုရင်ဆိုင်ဖို့အတွက် ကျင့်ကြံမှုမှာသာရင်းနှီးမြုပ်နှံခဲ့တယ်။ ဒီတစ်ကြိမ်မှာတော့ သူ့ရဲ့တုန့်ပြန်မှုက အနည်းငယ်ပိုရင့်ကျက်လို့လာခဲ့ပါပြီ။ ၀မ်းနည်းပူပန်းမှုကိုနောက်တစ်ကြိမ်မခံစားရတော့ပါဘူး။ ဆုံးဖြတ်ချက်ခိုင်မာပြတ်သားမှုနဲ့ မယိုင်လဲတဲ့ပုံစံကိုသာမြင်တွေ့ရပါတော့တယ်။

” ငါအဆင်ပြေတယ် ”
ဟို့ယွိဟောင်က ပြန်ဖြေလိုက်ပါတယ်။

” ငါစားဖို့အတွက် တစ်ခုခုရှာပေးလို့ရမလား မင်းအိမ်ရောက်ပြီကထဲက ငါအခုအချိန်အထိဘာမှမစားရသေးဘူး…ဆာလို့သေတော့မယ် ”

၀မ်သုန့်လဲ ဒါကိုကြားပြီချိန်မှာ အနည်းငယ်စိတ်သက်သာရာရသွားခဲ့မိပါတယ်။

” ယွိဟောင် မင်းကိုယ့်ကိုကိုယ်တအားကြီးဖိးပေးမနေ​နဲ့ ”

ဟို့ယွိဟောင်လဲ ခေါင်းခါလိုက်ပါတယ်။

” မစိုးရိမ်နဲ့ ငါတွေးပြီးပြီ ၀မ်းနည်းမှုဆိုတာက အားနည်းတာကိုပြတာပဲ ငါပြုပြင်လို့မရတော့တဲ့ကိစ္စတွေကိုရင်ဆိုင်ရတော့မဲ့အချိန်မှာ ပိုပြီးတော့ဆုံးဖြတ်ချက်ခိုင်မာပြတ်သားရမယ်…တစ်နေ့တော့ ဒီ၀မ်းနည်းမှုတွေအားလုံးကို ပျော်ရွှင်မှုအဖြစ်ပြောင်းလဲကောင်းပြောင်းလဲနိုင်မှာပါလေ ”

” သိပ်ပြီတော့ပြောဖို့မသင့်တော်ပေမဲ့လဲ ငါပြောတော့ပြောရဦးမယ်…မင်းတကယ်ကြီးရင့်ကျက်သွားတယ် ”

” ငါရင့်ကျက်သွားလား မရင့်ကျက်သွားဘူးလားဆိုတာ မသိပေမဲ့ အခုတော့ဗိုက်တော်တော်ဆာနေပြီ ”

” သွားစို့ စားဖို့သောက်ဖို့ငါခေါ်သွားပေးမယ် ”

ကြည်လင်ကောင်းကင်ရဲတိုက်ထဲမှာ အစားအသောက်တွေက ဟို့ယွိဟောင်ထင်ထားတာထက်ပိုပြီးရိုးရှင်းပါတယ်။ တန်ဖိုးကြီးတာတွေမပါသလို စားကောင်းသောက်ဖွယ်တွေလဲမပါပါဘူး။ မွှေးကြိိုင်ပြီအရသာရှိတဲ့ မှိုဟင်းရည်တစ်ခွက်က ဟို့ယွိဟောင်ရဲ့စိတ်ထဲကို စွဲထင်လို့သွားစေခဲ့ပါပြီ။

၀မ်သုန့်ကတော့ ရှင်းပြခဲ့တယ် ဒီမှိုတွေက ကြက်ပြုတ်ရည်ထဲမှာအချိန်အကြာကြီးပြုတ်ထားခဲ့တာပါ။ အဲ့ဒီနောက်မှသာ အရသာရှိအောင်ပြန်ပြီပြင်ဆင်ထားပါတယ်။ ဒီစွတ်ပြုတ်ကိုသူတို့တွေနေ့တိုင်းသောက်တယ်လို့လဲပြောနေခဲ့သေးတယ်။

အစားသောက်တွေအားလုံးစားသောက်ပြီချိန်မှာ ဟို့ယွိဟောင်ဘာမှမူမမှန်တာကိုသိလိုက်ပြီချိန်မှသာ ၀မ်သုန့်လဲ အနည်းငယ်စိတ်အေးလို့သွားခဲ့ပြန်ပါတယ်။ ဟို့ယွိဟောင်က သူ့ဗိုက်သူပုတ်လိုက်ပြီတဲ့နောက် ၀မ်သုန့်ကိုမေးလာခဲ့တယ်။

” ၀မ်သုန့် မင်း၀ိညာဥ်စက်ကွင်းရပြီးပြီလား ငါသတိလစ်နေတာအချိန်ဘယ်လောက်ကြာပြီလဲ ”

” ငါဘယ်လိုလုပ်၀ိညာဥ်စက်ကွင်းရဦးမှာလဲ မင်းအခြေအနေကိုငါမသိရသေးလို့ ဘယ်လိုလုပ်စိတ်အေးအေးနေနိုင်မလဲ ၀ိညာဥ်စက်ကွင်းသွားရှာဖို့ဆိုတာ ဝေးလာဝေးရောပေါ့ မင်းအခုအခြေအနေကောင်းသွားပြီဆိုတော့ ငါစိတ်အေးသွားရပြီပေါ့လေ ဒီလိုမျိုးငါကိုနောက်တစ်ကြိမ် ထပ်ပြီမခြောက်လန့်နဲ့တော့ ”

ဟို့ယွိဟောင်က ၀မ်သုန့်ကိုအလေးအနက်ကြည့်ရင်းနဲ့ ပြောလာခဲ့တယ်။

” ၀မ်သုန့် ငါမှာလျှို့၀ှက်ချက်တစ်ခုရှိတယ်…ဒါပေမယ့် ငါမင်းကိုပြောမပြနိုင်ဘူး…မင်းဒီကိစ္စနဲ့ပတ်သက်ပြီ စိတ်ဆိုးမှာလား ”

၀မ်သုန့်က ထူးထူးဆန်းဆန်းကြီးရယ်မောရင်း ပြန်ဖြေလာခဲ့ပါတယ်။

” ငါမှလဲမင်းကိုမပြောပြတဲ့လျှို့၀ှက်ချက်တွေရှိတာပဲ မစိုးရိမ်နဲ့ ငါတို့က အခုငယ်ငယ်ရွယ်ရွယ်လေးပဲရှိသေးတယ်…လျှို့၀ှက်ချက်တွေဆိုတာ ထာ၀ရတည်မြဲနိုင်မှာမဟုတ်ဘူး…မဟုတ်ရင် တစ်သက်လုံးလျှို့၀ှက်ထားမယ်ဆိုရင်တောင် ငါမင်းကိုအပြစ်မတင်ဘူး ”

ဒီစကားတွေကိုကြားပြီချိန်မှာ ဟို့ယွိဟောင်လဲ အနည်းငယ်မူးဝေသွားခဲ့ပါတယ်။

” ဘယ်လိုဖြစ်လို့မင်းက ငါထက်နှုတ်သီးကောင်းလျှာပါးဖြစ်နေရတာလဲ တစ်ယောက်နဲ့တစ်ယောက်ဖိအားမပေးကြရအောင် အကယ်၍ မင်းသိသင့်ပြီလို့ထင်လာခဲ့ရင်း ငါဒီကိစ္စမင်းကိုပြောပြမယ်..အကယ်၍ ငါရဲ့လျှို့၀ှက်ချက်ကိုလူတစ်ယောက်ဆီ ဖွင့်ဟပြရမယ်ဆိုရင် ပထမဆုံးသိတဲ့လူက မင်းပဲဖြစ်ရလိမ့်မယ်လို့ငါအာမခံနိုင်တယ် ”

၀မ်သုန့်ကတော့ရယ်မောရင်းပြောလာခဲ့ပါတယ်။

” ကောင်းပြီလေ ဒါဆိုရင်ကတိတစ်ခုလုပ်ကြရအောင် မင်းငါရဲ့အိမ်မှာနောက်ရက်နည်းနည်းတော့နေရဦးမယ်…အဲ့ဒါပြီတော့မှ ၀ိညာဥ်စက်ကွင်းသွားရှာကြတာပေါ့ဟုတ်ပြီလား ဒီကိစ္စပြီတဲ့နောက် ငါရဲ့ဘကြီးရော ဒုတိယဦးလေးရော မင်းကိုစမ်းသပ်ဖို့စိတ်မ၀င်စားတော့ဘူး. ”

” မင်းရဲ့၀ိညာဥ်စက်ကွင်းရအောင်ယူဖို့ ငါလိုက်လာဖို့လိုသေးလား ”

၀မ်သုန့်က ခေါင်းခါလိုက်ပါတယ်။

” ငါတစ်ယောက်ထဲဲလဲသွားလို့ရတယ်…အနည်းဆုံးတစ်ရက်ကနေအများဆုံးသုံးရက်လောက်ပဲကြာမှာလေ ငါအိမ်နဲ့နီးနီးနားနားလေပဲ သွားရှာရမှာ အဲ့ဒီနေရာက ငါတို့ကြည်လင်ကောင်းကင်မျိုးနွယ်ရဲ့ကန့်သတ်နယ်မြေဖြစ်နေတယ်…မဟုတ်ရင် ငါမင်းကိုအတူခေါ်သွားမိမှာ ”

” မစိုးရိမ်နဲ့ ငါဒီမှာမင်းကိုစောင့်နေရင်းနဲ့လေ့ကျင့်နေမယ်…မင်းကိုယ့်ကိုကိုယ်ဂရုစိုက် ”

” မစိုးရိမ်နဲ့ ငါမကြာခင်ပြန်လာမှာပါ ”

” ဒါဆိုရင် မင်းဘယ်အချိန်သွားမလဲ ”

” မနက်ဖြန်မနက်သွားဖို့ အစီအစဥ်ချထားတယ် ”

” ငါတို့လေ့ကျင့်ဖို့ကိုရော ဘယ်လိုလုပ်မလဲ အခုကိစ္စက ငါရဲ့လူခန္ဓာကိုယ်အခြေအနေကိုထိခိုက်သွားစေပေမဲ့လဲ ၀ိညာဥ်စွမ်းအားကတော့ တိုးတက်လာတယ်…ငါရဲ့ကျင့်ကြံဆင့်ကလဲ အခုလက်ရှိအချိန်မှာ ရပ်တန့်တဲ့အခြေအနေကိုရောက်နေပြီ ဒါပေမယ့် ငါတို့အမျက်ဒေါသကျောင်းတော်ကိုရောက်မှပဲ ၀ိညာဥ်စက်ကွင်းတစ်ကွင်းကိုထည့်ရမယ်. ”

” ဘာဖြစ်တယ် ”

၀မ်သုန့်က ဒါကိုကြားချိန်မှာလန့်သွားခဲ့ပါတယ်။ ဟို့ယွိဟောင်ရဲ့၀ိညာဥ်စွမ်းအားတွေက ဒီနှစ်ပိုင်းမှာတိုးတက်မှုနှုန်းအရမ်းကိုနှေးကွေးတာကိုသူကောင်းကောင်းသတိထားမိတယ်။ အမျက်ဒေါသရဲ့မိစ္ဆာခုနှစ်ဖော်ထဲမှာသူတို့ရဲ့ကွာခြားချက်က အတော်ကိုကြီးနေခဲ့ပါပြီ။ အခုဟို့ယွိဟောင် အဆင့်ငါးဆယ်ကိုရောက်သွားတာကိုသိလိုက်ရတဲ့အတွက် ၀မ်သုန့်အံ့အားသင့်နေခဲ့မိပါတယ်။

နောက်ဆုံးတော့လဲ ဟို့ယွိဟောင်ရဲ့ကျင့်ကြံဆင့်က အတော်ကိုနောက်ကျကျန်ရစ်နေခဲ့တာပါ။ သူ့မှာများပြားကြွယ်၀ပြီတိုက်ခိုက်နိုင်စွမ်းရှိပေမဲ့ သူ့ရဲ့အပေါင်းအဖော်တွေက ၀ိညာဥ်စက်ကွင်းခုနှစ်ကွင်း၀ိညာဥ်သူတော်စင်တွေဖြစ်သွားခဲ့မယ်ဆိုရင်တော့ သူလိုက်မီနိုင်တော့မှာမဟုတိပါဘူး။ ဒါပေမယ့် အခုသူ၀ိညာဥ်ဘုရင်ဖြစ်တော့မယ်ဆိုရင် သေချာပေါက်ကွာဟချက်ကိုလိုက်မီလာနိုင်တော့မှာပါ။

” အဲ့ဒီလောက်ကြီး မြန်မြန်ဆန်ဆန်တက်လာတယ်လား ”

ဟို့ယွိဟောင်က ခါးသီးမှုအပြည့်နဲ့သာ ရယ်မောနေခဲ့ပါတယ်။

” ကျောက်စိမ်းအဆီအနှစ်ရေခဲအိပ်ရာကိုပဲ ကျေးဇူးတင်ရမှာပေါ့ ငါအဲ့ဒီလိုရတနာမျိုးကိုဖျက်ဆီးလိုက်တဲ့အတွက် တကယ်တော့အတော်လေးမျက်နှာပူမိသား ဒါပေမယ့် ငါဘယ်လောက်အထိမွဲတေနေလဲဆိုတာ မင်းသိသားပဲငါခန္ဓာကလွဲပြီ မျိုးနွယ်စုအတွက် လျော်ကြေးပေးဖို့တခြားဘာမှမရှိဘူးလေ ”

” ဒါဆိုရင်မင်းခန္ဓာကိုယ်နဲ့ပေးလို့ရတယ်လေ ”

၀မ်သုန့်က ရယ်မောနေခဲ့ပါတယ်။ ဟို့ယွိဟောင်လဲ ရယ်မောနေခဲ့သလို သူ့ရဲ့စိတ်အခြေအနေက အနည်းငယ်ပြန်လည်ကောင်းမွန်လာခဲ့ပါပြီ။

” ကောင်းပြီလေ ဒါဆိုရင်ငါခန္ဓာကိုယ်ကို မင်းဆီရောင်းတာပေါ့ ငါကိုတခြားသူဆီသာပြန်မရောင်းနဲ့တော့ ”

” မရောင်း၀ံ့ပါဘူး မရောင်း၀ံ့ပါဘူး ”

၀မ်သုန့်က ချက်ချင်းပြန်ဖြေလိုက်ပေမဲ့ သူ့မျက်နှာကတော့နီရဲနေခဲ့ပြီ ခပ်မြန်မြန်ပဲ စကားလမ်းကြောင်းကိုပြောင်းလိုက်ပါတော့တယ်။

” ယွိဟောင် ဒီညတော့ငါမင်းနဲ့အတူမလေ့ကျင့်နိုင်တော့ဘူး ”

ဟို့ယွိဟောင်ကတော့ တခဏတာရပ်တန့်သွားပြီတဲ့နောက် ပြောလာခဲ့ပါတယ်။

” အကယ်၍ ငါတို့ဒီညသာအတူတူလေ့ကျင့်လိုက်မယ်ဆိုရင် မင်းရဲ့စွမ်းအားအပြည့်အ၀ဆုံးအချိန်ကိုပြန်လည်ရောက်ရှိလိမ့်မယ်…ဒါဆိုရင် မနက်ဖြန်အတွက်ပိုပြီးတော့ အကျိုးရှိမှာမဟုတ်ဘူးလား ”

၀မ်သုန့်ကတော့ ခေါင်းခါနေခဲ့ပါတယ်။

” မဟုတ်ဘူး ငါဒီတစ်ညတော့ငါအေးအေးဆေးဆေးကောင်းကောင်းအိပ်ချင်သေးတယ်…ဒီနေ့ညမလေ့ကျင့်ချင်ဘူး ”

ဟို့ယွိဟောင်လဲ သူ့ကိုဖိအားမပေးတော့ပါဘူး…ဒါကြောင့် အေးအေးဆေးဆေးသာပြန်ဖြေလိုက်ပါတယ်။

” ကောင်းပြီလေ ”

သူတို့နှစ်ယောက်လဲ ကိုယ့်အခန်းကိုယ်ပြန်ပြီတဲ့နောက် အနားယူလိုက်ကြပါတယ်။ နောက်တစ်နေ့မနက်မှာတော့ ၀မ်သုန့်က ဟို့ယွိဟောင်ကိုနှုတ်ဆက်ပြီတဲ့နောက် အပြင်ကိုထွက်သွားခဲ့ပါပြီ။ ဟို့ယွိဟောင်လဲ မျိုးနွယ်ခေါင်းဆောင်နှစ်ယောက်နဲ့အတူ သူ့ကိုလိုက်ပို့ခဲ့ပါတယ်။

၀မ်သုန့် ထွက်သွားပြီချိန်မှာပဲ မျိုးနွယ်ခေါင်းဆောင်က ဟို့ယွိဟောင်ပုခုံးကိုလာပုတ်ကာပြောလာခဲ့ပါတယ်။

” လူငယ်လေး စကားပြောရအောင် ”

ဟို့ယွိဟောင်လဲ လိမ်လိမ်မာမာလေးလိုက်သွားခဲ့ပါတယ်။ မျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်က ရဲတိုက်ထဲကိုပြန်ခေါ်လာပြီတဲ့နောက် သူ့ကိုတတိယအလွှာမှာရှိတဲ့ခန်းမဆီတိုက်ရိုက်ခေါ်သွားခဲ့တယ်။

” ထိုင်လိုက်ပါဦး ”

မျိုးနွယ်သခင်က ကျောက်တုံးထိုင်ခုံတစ်ခုကိုညွှန်ပြရင်းပြောလာခဲ့ပါတယ်။

” မျိုးနွယ်သခင်နဲ့ ဒုတိယမျိုးနွယ်သခင် ကျွန်တော်တကယ်ပဲတောင်းပန်ပါတယ်…နှစ်ယောက်စလုံးကို ကျွန်တော်ပြဿနာအများကြီးဖြစ်စေခဲ့တယ်…ဒီကျောက်စိမ်းအိပ်ရာကို ပြန်လျော်ကြေးပေးဖို့အတွက် ကျွန်တော်နည်းလမ်းတစ်ခုစဥ်းစားနေပါတယ်…ကျွန်တော်တကယ်ပဲတောင်းပန်ပါတယ် ”

သူပြောပြီတဲ့နောက် မျိုးနွယ်ခေါင်းဆောင်နှစ်ယောက်စလုံးကို ဦးညွတ်နေခဲ့ပါတယ်။

မျိုးနွယ်ခေါင်းဆောင်တွေကတော့ သူ့ကိုမတားခဲ့ပါဘူး။ သူထိုင်ပြီတဲ့အချိန်မှသာ မျိုးနွယ်ခေါင်းဆောင်အကြီးက ပြုံးပြရင်းပြောလာခဲ့တယ်။

” ဒီရေခဲအိပ်ရာကအတော်လေးတန်ဖိုးကြီးပေမဲ့ ငါတို့မျိုးနွယ်အတွက်တော့ သိပ်ပြီအသုံးမ၀င်လောက်ဘူး…အဲ့ဒီတော့ လျော်ကြေးပေးစရာမလိုဘူး…ဒီနေ့ခေါ်လိုက်တာ လျော်ကြေးတောင်းဖို့ကိစ္စလဲမဟုတ်ဘူး ”

” ငါတို့တွေဒီနေ့ ပေါ့ပေါ့ပါးပါးပဲစကားပြောကြမယ်…၀မ်သုန့်ကို မင်းဘယ်လိုသိခဲ့လဲဆိုတာနဲ့ သူပုံမှန်အချိန်မှာဘယ်လိုပြုမူလဲဆိုတာ ငါတို့ကိုပြောပြ ဒီကိစ္စနဲ့ပတ်သက်ပြီတော်တော်လေးစိတ်၀င်စားတယ် ”

ဟို့ယွိဟောင်ကတော့ သူတို့နှစ်ယောက်ကိုကြည့်ရင်းနဲ့ တအံ့တဩဖြစ်နေခဲ့ပါတယ်။

” ကျောင်းတော်ထဲမှာ သူတွေ့ကြုံရတဲ့အတွေ့အကြုံတွေကို ပြောပြစေချင်တာလား ”

မျိုးနွယ်သခင်ကတော့ ရယ်မောနေခဲ့ပါတယ်။

” လူငယ်တွေဆိုတာ ငါတို့မျှော်လင့်ထားသလိုမျိုး ပြုမူနေထိုင်ကြတာမဟုတ်ဘူးလေ သူကငါတို့ကိုလဲ သိပ်ပြီစကားမပြောချင်ဘူး…တစ်နှစ်မှာရက်နည်းနည်းလောက်ပဲပြန်လာပြီ သူနေချင်သလိုနေပြီ ပြန်သွားတတ်တယ်…ဒါပေမယ့် မင်းဆီကနားထောင်မယ်ဆိုရင်တော့ မတူညီတဲ့ကိစ္စတွေကြားရမယ်လို့မျှော်လင့်တယ်…မင်းရဲ့အမြင်ရှု့ထောင့်ကနေ သူ့ဘ၀ကိစ္စအကြောင်းငါတို့ကြားချင်တယ်..ငါတို့တွေဒီရဲတိုက်ထဲမှာနေရတာ အတော်ကြီးပျင်းစရာကောင်းတယ်မဟုတ်လား ”

တခြားရှေ့ရက်တုန်းက ဖြစ်ခဲ့တဲ့ကိစ္စတွေနဲ့ပတ်သက်ပြီ မျိုးနွယ်သခင်ကသူတို့ကို ခေါ်တယ်လို့ထင်ခဲ့တာပါ။ ဒါပေမယ့် ၀မ်သုန့်အကြောင်း​မေးလာခဲ့မယ်လို့ မတွေးထားခဲ့မိပါဘူး။

” ကျွန်တော်က ၀မ်သုန့်နဲ့ကျောင်းတော်ထဲမှာတွေ့ခဲ့တာ ကျွန်တော်တို့တွေကျောင်းတော်ထဲကို၀င်တဲ့အချိန်ကအတူတူပဲ ပထမဆုံးတွေ့တဲ့အချိန်မှာ သိပ်ပြီမတည့်ကြပေမဲ့ သေချာတွေးကြည့်မယ်ဆိုရင် ကံကြမ္မာအရတွေ့ဆုံကြတယ်လို့ပဲ ပြောရမယ်…ကျွန်တော်တို့တွေက ကျောင်းဆောင်မှာအခန်းတစ်ခန်းထဲအတူတူနေကြရတာလေ ”

” ဘာဖြစ်တယ် ”

မျိုးနွယ်စုသခင် နှစ်ယောက်စလုံးက တအံ့ဩထအော်လိုက်ကြတဲ့အတွက် ဟို့ယွိဟောင်တောင်လန့်သွားခဲ့ရပါတယ်။

အပိုင်း ၁၉၇•၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset