Switch Mode

Chapter – 60

အဖြူရောင်ကျားနက်လက်သီး

Chapter – 60 အဖြူရောင်ကျားနတ်လက်သီး

ယောင်မျိုးနွယ်တို့ဟာ လူအင်အားများစွာ သာလွန်နေပါတယ် ။ ဒါပေမယ့် ချန်မျိုးနွယ်ရဲ့ အဆင့် ၈ သိုင်းပညာရှင် ၆ ယောက်နဲ့ ၃၀၀ သော မျိုးဆက်သစ် လူငယ်ဂျူနီယာ များနဲ့ နှိုင်းယှဉ်မယ် ဆိုရင်တော့ဖြင့် သူတို့ဟာ လူသာများပြီး အားနည်းနေပါတယ် ။ ယောင်မျိုးနွယ်များဟာ တဖြည်းဖြည်းချင်း သူတို့၏ နယ်မြေများမှ ဆုတ်ခွာလာနေရပြီး သူတို့ရဲ့ ခြံထဲတောင် ရောက်တော့မှာပါ ။ ကြီးမားခိုင်ခံ့လှတယ့် ယောင်မျိုးနွယ်တို့ရဲ့ တံခါးကြီးဟာလည်း ချန်တျန်းဟူရဲ့ အားကြောင့်ပွင့်သွားခဲ့ပြီး ချန်မျိုးနွယ်တို့ အထဲသို့ ၀င်နိုင် သွားပါပြီ ။
ကွင်းပြင်ကျယ်ကြီးဟာ ချန်ရှန် နဲ့ ချန်ဖုယွနတို့ သီးသန့် တိုက်ခိုက်နိုင်စေရန် ရှင်းလင်းပေး လိုက်သလို ဖြစ်သွားပါတယ် ။
ချန်ဖုယွန်၏ လက်များနှင့် ခြေထောက်များမှ အနီရောင် စစ်မှန်သော ချီဓာတ်များ ထုတ်နေပြီး ဒါတင်မက အရိုင်းဆန်လှတယ့် အသက်ရှူပုံတွေဟာလည်း ၎င်းတို့ ၂ ဦးစလုံးဆီ မှ ထွက်နေကြပါတယ် ။ အနီရောင် ချီဓာတ်တွေဟာ ချန်ဖုယွန်၏ လက်များမှ ဖြည်းညင်းစွာ သားရဲတစ်ကောင်အသွင်သို့ စတင် ပြောင်းလဲလာပြီး ဒီသန်မာလှတယ့် လက် ၂ ဖက်ဟာ ချွန်ထက်သော လက်သည်းများ ဖြစ်သွားကြပါတယ် ။အရမ်းကို ကြောက်မက်ဖွယ်ရာပါပဲ ။
သူ၏ခြေထောက်များဟာလည်း ထို့အတူပါပဲ ။ ခြေချောင်းတွေမှာ အနီရောင်ချီငွေ့ တွေ များစွာ ထွက်နေပြီးအံအားသင့်ဖွယ် သားရဲကြီး အသွင် ဖြစ်ပေါ်နေလျက် ရှိပါတယ် ။ အားပြင်း လှပြီး ကြောက်စရာကောင်းလှတယ့် ချီဓာတ်လှိုင်းများဟာ ချန်ရှန် ဆီိသို့ လာနေပါပြီ ။
ချန်ရှန် မျက်မှောင်ကြုတ်ရင်း နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ပါတယ် ။ သူဟာ ချန်ဖုယွန် ကို ကြည့်လိုက်တယ့် အခါ ၎င်း၏ မျက်လုံးများ အနီရောင်အဖြစ် ပြောင်းလဲသွား ကာ ကြောက်စရာ ၀ံပုလွေတစ်ကောင်နဲ့ တူနေတာကို သတိပြုမိလိုက်ပါတယ် ။
“ဒါဟာ အဆင့် ၉ သိုင်းပညာဖြစ်တယ့် စစ်မှန်သော ပုံစံအဆင့် အမှန်ပဲပေ့ါ”
ချန်ရှန် စိတ်ထဲ ရေရွတ်မိပါတယ် ။ အဆင့် ၉ သိုင်းပညာဆိုတာ တနည်းအားဖြင့် စစ်မှန်သော ပုံစံအဆင့် လို့ ခေါ်ပါတယ် ။ တစ်ဦးချင်းစီရဲ့ ကျင့်စဉ်များကို အခြေခံပြီး ၎င်းတို့၏ စွမ်းအင် သိုလှောင်ရာမှ ချီဓာတ်များဟာ ပုံပြောင်းစေတာ ဖြစ်ပါတယ် ။ ပုံမှန်အားဖြင့် အမျိုးအစား ၂ မျိုး ခွဲခြားနိုင်ပါတယ်။ တစ်ခုကတော့ ငှက် သို့မဟုတ် သားရဲကြီး အသွင်ဖြစ်ပြီးနောက်တစ်ခုကတော့ လက်နက် ပုံစံ ဖြစ်ပါတယ် ။ အခြားပုံစံများစွာလည်းရှိပါသေးတယ် ။ အဲဒါတွေကတော့ – ကြာပန်းပုံ ၊ ကြယ် သို့မဟုတ် လျှပ်စီးပုံ စတာတွေပဲ ဖြစ်ကြတယ် ။ ဒီလိုပုံစံ ၁ ခုချင်းဆီဟာ လေ့ကျင့်သူ ကျင့်ကြံခဲ့တယ့် ကျင့်စဉ်များအပေါ် မူတည်ပြောင်းလဲ တာပါ ။
ချီဓာတ်များဟာ ငှက် သို့မဟုတ် သားရဲပုံပြောင်းပါက ၎င်းအကောင်များ၏ အထူးစွမ်းအားများ ကို သုံးလို့ရမှာဖြစ်ပြီး လက်နက်ပုံပြောင်းရင်တော့ အရမ်းကို စွမ်းအင် ကြီးမား လှတယ့် ဆန်းကြယ်သော လက်နက်ရုပ်ပုံလွှာအဖြစ် ပြောင်းလဲနိုင်မှာ ဖြစ်ပါတယ် ။ ဒီအချိန်မှာ လက်နက်အဖြစ် အသုံးပြုလို့ ရရုံသာမက ထိုလက်နက်များ စုပေါင်းကာ ပိုမို စွမ်းအား ကြီးမားသော ပုံစံဖြင့်လည်း တိုက်ခိုက်လို့ ရပါသေးတယ် ။
ခုချန်ရှန် ရှေ့ က ချန်ဖုယွန် ပုံကတော့ ၀ံပုလွေ အမျိုးအစား ချီဓာတ်ပဲ ဖြစ်ပါတယ် ။
“၀ံပုလွေ ဒေါသလက်သီး”
ချန်ဖုယွန် လေထဲကို လက်သီး ထိုလွှတ်ပြီး ချက်ချင်းပဲ သူရပ်နေတယ့်နေရာဟာ အားကောင်းလှတယ့် ချီဓာတ်များ ရုတ်တရက် ထွက်လာမှုကြောင့် မတည်ငြိမ်တော့ ပါဘူး ။
သူ၏ခြေထောက်မှာ ချိုင့်ကြီး ၂ ခု ဖြစ်ပေါ်ပြီး အနီရောင်အလင်းတန်းတစ်ခုဟာ မျက်စိတမှိတ် အတွင်းမှာ မရေတွက်နိုင်သော ၀ံပုလွေခေါင်းများ ပါးစပ်များဟလျက် နံရံတစ်ခုအသွင် ဖြစ်ပေါ်လျက် ချန်ရှန်ဆီသို့ နီးကပ်လာနေပါပြီ ။
ဒီဝံပုလွေခေါင်းများမှာ ကြောက်စရာစွမ်းအင်တွေနဲ့ ဖန်တီးထားတာပါ ။ ချန်ရှန်သာ တိုက်ရိုက် ထိမှန်ပါက မာလှပါချည်ရဲ့ ဆိုသည့် သူ၏ကိုယ်ပင် တော်တော် ထိခိုက်သွားစေလောက်ပါတယ် ။ ချန်ရှန်လည်း လက်များကို တွန်းထုတ်ကာ စုဆုံလျက် သူ၏ စွမ်းအင်သို လှောင်ရာမှ အနှိုင်းမဲ့ စကြာဝဠာ ချီဓာတ်တွေကို အပြင်သို့ ထုတ်လိုက်ပါ တော့တယ် ။ ဒီချီငွေ့ တွေဟာ သူ၏ ရှေ့ တွင် နံရံတစ်ခုအလား ကာရံစေလိုက်ပါတယ် ။
ဒီအနှိုင်းမဲ့ ချီဓာတ်တွေကိုတော့ ချီဒြပ်စင် ၅ ခု ပေါင်းစပ်ခြင်းမှ ဖန်တီးထားတာဖြစ်ပြီး ၎င်းဟာ အရောင်မရှိသောကြောင့် မမြင်နိုင်ပါ ။ ဒါပေမယ့်လည်း လူတိုင်းဟာ ၎င်း၏ ပြင်းအားကို မြင် တွေ့ နိုင်ကြပါလိ့မ်မည် ။
စစ်မှန်သော ချီဓာတ်များမှ ဖြစ်ပေါ်လာတဲ့ များစွာသော ၀ံပုလွေခေါင်းများဟာ ချီငွေ့ လှိုင်းများ ထုတ်လွှတ်ပြီး ချန်ရှန်ဆီသို့ ပျံသန်းလာနေကြပါတယ် ။ ဒီလိုလှိုင်းတွေနဲ့ ထိတွေ့ တဲ့မြေပြင် ဟာ အပိုင်းအစများစွာ ဖြစ်လျက် ပေါက်ကွဲထွက်နေကြတယ် ။
ဒီများစွာသော ချီဓာတ်များမှ ဖန်တီးထားတဲ့ ၀ံပုလွေခေါင်းများဟာ ချီအကာကွယ် နံရံကို ရိုက်ခတ် သွားပါတော့တယ် ။ ချီဓာတ် ၂ ခုလုံးရဲ့ စွမ်းအားဟာ တူလုနီးပါး ဖြစ်နေပြီး မိုးကြိုး ပစ်ချသံထက်ပင် ပိုမိုကျယ်လောင်စွာ မြည်ဟည်းသွားတယ် ။ ဒီလိုတိုက်မိခြင်းကြောင့် ချီဓာတ်လှိုင်းတစ်ခု ဖြစ်ပေါ်သွားပြီး ပင်လယ်လှိုင်းတံပိုးကြီးအလား အရပ်မျက်နာ အားလုံးကို ပြန့်နှံ့ သွားသလိုပါပဲ ။ ကွင်းကို ကာရံထားတယ့် အုတ်နံရံများဟာ လှိုင်းနဲ့အတူ ပါသွားပြီး အမှုန်များအဖြစ် ကွဲထွက်သွားကြပါတော့တယ် ။
မူလက ကွင်းကို အုတ်ခဲများဖြင့် အပြည့်ကာရံထားတာဖြစ်ပြီး ယခုအချိန်မှာတော့ အကာအရံ မရှိတယ့် ကွင်းပြင်ကြီး ဖြစ်နေပါပြီ ။ ချန်ရှန်အေ၇ှ့ မှာလည်း တွင်းနက်ကြီးတစ်ခု ဖြစ်နေလျက်ပါ ။
ချန်ဖုယွန်ဟာ သု၏ စစချင်းတိုက်ကွက် ဘာမှမထူးခြားတာကို မြင်တယ့်အခါ ချက်ချင်း ပဲ နောက်ဆုန်ခုန်ကျော်သွားပြီး သူသွားရာလမ်းတစ်လျှောက် ချိုင့်ကွက်များ ဖြစ်လို့ ကျန်နေခဲ့ ပါတယ် ။ ခြေတလှမ်း လှမ်းလိုက်တိုင်း မြေကြီးဟာ တုန်နေကာ အသံများလည်း မြည်လျက် ပါပဲ ။ ဒါဟာ စိတ်တိုနေတဲ့ ကြီးမားသော ဆင်ရိုင်းကြီး ကွင်းထဲ လျှောက်ပြေးနေသလိုပါ ။
ချန်ဖုယွန်ဟာ ချန်ရှန် ဒီလိုကြီးမားလှသော စွမ်းအင်ရှိသည့် ချီဓာတ်များကို ထုတ်လွှတ်တိုက် ခိုက်တာတောင် ခံနိုင်နေသောကြောင့် အံ့အားသင့်လို့ နေပါတယ် ။ ဒါပေမယ့် ဘယ်လိုပဲဖြစ် ဖြစ် ကိစ္စမရှိပါဘူး ။ ချန်ရှန်ဟာ အဆင့် ၈ သာ ဖြစ်သောကြောင့် အတွေ့အကြုံနုနယ်ကာ သူ၏ နောက်ထပ် တိုက်ကွက်များကို ယှဉ်နိုင်မည်မဟုတ်ဟု ထင်ကာ နိုင်မယ်လို့သာ ယုံကြည်နေပါတယ် ။
“စိတ်ကြီးဝင်နေတယ့် ကောင်လေး ၊ ဒီနေ့မင်းကိုငါ ငရဲ ပို့ပေးမယ်”
ချန်ဖုယွန် ကြောက်မက်ဖွယ် ကြုံးဝါးကာ ခုန်တက်သွားပါတယ် ။ သူ၏ ခြေ ၂ ဖက်လုံးဟာ ပူးကာ အနီရောင် အလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်ပြီး လျှပ်စီးလို အဟုန်ဖြင့် အမြင့်မှ ထောင့်ဖြတ်အနေအထား လာနေပါတယ် ။
“ခင်ဗျားဟာ ၀ံပုလွေ တစ်ကောင်သာဖြစ်ပြီး ဝဲစားတစ်ကောင်ထက် မပိုပါဘူး ၊ ဒါကိုများ ဘာတွေ အထင်ကြီးနေတာလဲ”
ချန်ရှန် ခနဲ့တဲ့တဲ့ ပြောလိုက်တယ် ။ ချန်ဖုယွန် ကောင်းကင်ပေါ်မှ ကျလာတာ ကြည့်ရင်း အနှိုင်းမဲ့စွမ်းအားကို တဖန်ပြန်လည် စုစည်းကာ ချက်ချင်းပင် အမဲလိုက်ခြင်း ချီဓာတ်များ ထပ်ဖြည့်ပြီး ထိုးလိုက်ပါတော့တယ် ။
“အဖြူရောင် ကျားနတ် လက်သီး”
ချန်ရှန် ချန်ဖုယွန်၏ တောင်တစ်လုံးပြိုကျလာသလို လာနေသော တိုက်ခိုက်မှုကို ကြိုဆို လျက်ပါ ။ ဒီတိုက်ခိုက်မှုမှာတော့ ချန်ရှန် လက်သီးဟာ ချန်ဖုယွန်၏ ခြေဖဝါးအလယ်တည့်တည့်ကို ထိမှန်သွားပါတယ် ။ရုတ်တရက် ကျားဟိန်းသံကြီးတစ်ခု ကောင်းကင်ထက် လွင့်ပျံသွားပြီး ချီလှိုင်းတွေဟာလည်း အဖက်ဖက်ကို ပြန့်ထွက်သွားပါ တော့တယ် ။ သဲများလေနဲ့အတူ လွင့်ထွက်သွားပြီး မြေကြီးပေါ်မှ အက်ကွဲကြောင်း အချို့ ကို လည်း မြင်နိုင်မှာပါ ။
ချန်ဖုယွန် ဒီတိုက်ခိုက်မှုဟာ ချန်ရှန်၏ အကာကွယ် အားလုံးကို ထိုးဖောက်ဖျက်ဆီးသွားပြီး ချန်ရှန်အား အဆုံးသတ်နိုင်လိ့မ်မည်ဟု ထင်တာပါ ။ မျက်စိတမှိတ်တွင်းမှာ ချန်ဖုယွန်၏ ခြေထောက်ဟာ ပြင်းထန်လှတယ့် ကြောက်မက်ဖွယ်အတွင်းအားများကြောင့် ကျိုးသွားကာ ပေါင် အထိတိုင် ထိခိုက်နာကျင်သွားလိမ့်မယ်ဆိုတာ ဘယ်သူထင်အံ့နည်း ။
သူ၏ခြေထောက်ဟာ ချန်ရှန်၏ အဖြူရောင် ကျားနတ် လက်သီးကြောင့် ကျိုးသွားပါပြီ ။ လူအုပ်ကြီး တစ်ခုလုံး လန့်သွားကြပြီး အံ့သြသွားကြပါတယ် ။ ချန်ဖုယွန် ၏ ခြေထောက်မှာ အရိုးများကို ယူပစ်လိုက်သလိုကို ဖြစ်သွားခြင်းပါ ။ ဒါဟာ အဖြူရောင်ကျားလက်သီးရဲ့ အစွမ်းပါပဲ ။ ချန်ရှန်ဟာ ဒီစွမ်းအင်ကို ယခုမှ ပထမဆုံး အကြိမ် စတင်သုံးတာဖြစ်ပြီး ဒီစွမ်းအင်သုံးပါက ပြင်းထန်လှသော စွမ်းအားများ ထွက်လာရုံ သာမက အဆုံးမရှိတယ့် အမဲလိုက်ခြင်း ချီဓာတ်များဟာလည်း ထွက်ပေါ်လာကာ တဖက် ရန် သူကို လွှမ်းမိုးသွားစေပါတယ် ။
“ဝဲစားကြီး ၊ ဒါဟာ ရန်သူကို အထင်သေးခြင်း အကျိုးဆက်ပဲ”
ချန်ရှန်ဟာ အေးစက်စွာ ပြောလိုက်ပြီး ရုတ်တရက်ပဲ ချန်ဖုယွန်ရှေ့ သို့ ရောက်သွားတယ် ။ ချန်ဖုယွန်ဟာ ဒေါသမျာ ၊ အမုန်းတရားများ ၊ ရှက်ရွံ့ ခြင်းများ ကို တချိန်ထဲ ခံစားနေရပြီး ချန်ရှန် သုံးသွားသည့် အကွက်ကို ခုထိ မသိသေးပါ .။ ဒီလိုအရာမျိုးအား ကြုံလည်းမကြုံ ၊ ကြားလည်းမကြားဖူးပါ ။ ဒါဟာ ရုပ်ပိုင်းဆိုင်ရာအားများနှင့် ဆင်တူသော အားမျိုးမသုံးပါပဲ တချိန်ထဲ ဘယ်လိုများ ဖြစ်ပေါ်လာတာပါလိမ့်ဟု တွေးနေမိပါတယ် ။
“သိပ်လည်း ကျေနပ်မနေနဲ့ ၊ ခု မင်းကို မီးလောင်တိုက်သွင်းမယ်”
ချန်ဖုယွန် လက်သီးများ ဆုပ်ကာ ချန်ရှန်အား ထိုးလိုက်ပါတယ် ။သူဟာ ခုနက ချန်ရှန် သုံးလိုက်သော စွမ်းအားများကြောင့် ချန်ရှန် တစ်ယောက် ချီဓာတ်များ ကုန်ခမ်းသွားလောက် ပြီ ဟု ထင်နေပါတယ် ။ ဒါတင်မက အဆင့် ၈ ပဲရှိသေးသူဟာ သူ့လောက် ချီဓာတ်စွမ်းအားများ မများပြား မပြင်းထန်လောက်ဘူးဟု တွေးနေပါသေးတယ် ။
ချန်ဖုယွန် ၏ အတွေး အမှားကြီး မှားသွားပါပြီ ။ သူ၏ လက်သီး ချန်ရှန်ဆီ ထိုးလိုက်တယ် ဆို ရင်ပဲ ချန်ရှန်ဟာ ခုနကလို အဖြူရောင်ကျားနတ်လက်သီးမျိုး နောက်တစ်လုံး ကို တန်ပြန် ထိုးလိုက်တာကို ကြုံလိုက်ရပါတယ် ။ ကျားဟိန်းသံတစ်ခု ထပ်မံ ဖြစ်ပေါ်လာပြီး ချန်ဖုယွန် ခမျာ လက်ပါကျိုးသွား ရ ရှာပါပြီ ။
“မင်းးးးးးးးး”
ပြင်းထန်လှသည့် အားကြောင့် ချန်ဖုယွန် လွင့်ထွက်သွားကာ သွေးများ အန်ထွက်လာပါတော့တယ် ။ သူဟာ ခြေတစ်ချောင် လက်တစ်ချောင်းတင်မက ချန်ရှန် ခုနက လက်သီးကြောင့် အတွင်းကလီစာများလည်း ရစရာ မရှိတော့ပါ ဘူး ။
ရပ်ကြည့်နေတယ့် လူစုဝေးကြီးဟာဆိုရင် ထိတ်လန့်တုန်လှုပ်လျက် ရှိနေကြတယ် ။ ချန်ရှန် ဆီမှ ထွက်ပေါ်လာတဲ့ ဒီလက်သီးဟာ ပြည့်စုံကောင်းမွန်လွန်းရုံသာမက ချီဓာတ်များဟာလည်း အားကောင်းလှပါတယ် ။ ဒီလို တိုက်ခိုက်မှုမျိုးအတွက် ချီဓာတ်များစွာ သုံးစွဲရမည် ဖြစ်ပြီး တစ်ကြိမ်သုံးရုံနဲ့တင် လုံလောက်ပါပေတယ် ဟု ယူဆနေကြပါတယ် ။ သို့သော် ချန်ရှန် ဒီလို မျိုး နောက်တစ်ကြိမ် သုံးနိုင်လိမ့်မယ်လို့ မထင်ကြပါဘူး ။
ချန်ရှန် ချန်ဖုယွန်ဆီ ဖြည်းညင်းစွာ လျှောက်သွားပါတယ် ။သူသွား ရာ လမ်းတလျှောက် သဲမုန်တိုင်းများပင်ဖြစ်ပေါ်လျက် ခံစားချက်မဲ့သော မျက်နာအား အဝေးမှပင် မြင်နိုင်ပါတယ် ။ သူ၏ ဒေါသများဟာလည်း ပြေပုံမရသေးပါဘူး ။
“ခင်ဗျား ကျွန်တော့ အဖေကို ထိခိုက်အောင်လုပ်တယ် ၊ ကျွန်တော်တို့ ဆေးဆိုင်ကို လူတွေလွှတ်ပြီး ဖျက်ဆီးခိုင်းတယ် ၊ ယောင်မျိုးနွယ်နဲ့ ပူးပေါင်းပြီး ချန်မျိုးနွယ်ကို ပျက်ဆီး အောင်လုပ်တယ် ။ ဒီလိုသစ္စာဖောက်ကို လွယ်လွယ်နဲ့တော့ သေခွင့်မပေးနိုင်ဘူး”
ချန်ရှန်ဟာ ဒေါသတကြီး ပြောလိုက်ပါတော့တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset