Switch Mode

Chapter – 59

နောက်ဆုံးတိုက်ပွဲ၏အစ

Chapter – 59 နောက်ဆုံးတိုက်ပွဲ၏အစ

ယောင်ဟွန်တစ်ယောက် ဒေါသများ ထွက်လို့နေပါတယ် ။ ထို့နောက် အော်ပြောလိုက်တယ်။
“ချန်ရှန် ၊ မင်းနောက်ဆုံးအချိန်ထိ ငါတို့ ချန်မျိုးနွယ်အကြီးတစ်ယောက်ကို ဘယ်လိုထူးဆန်းတဲ့ နတ်ဆိုး နည်းလမ်းတွေ သုံးနေတာလဲ”
“ချန်ရှန် မင်းဟာ ငါတို့ရဲ့ ပြိုင်ဘက်ကင်းပါရမီရှင်လေးကို သတ်ခဲ့ပြီး ခုလဲ ငါတို့ကို စွပ်စွဲပြန်ပြီ ။ ငါတို့ ယောင်မျိုးနွယ် မင်းတို့ ချန်မျိုးနွယ်ကို အမြစ်ဖြတ်ပစ်မယ်”
ချန်ရှန် အေးစက်စွာ ရယ်မောကာ ပြန်ပြောလိုက်ပါတယ် ။
“ယောင်တျန်းဟွာက ပြိုင်ဘက်ကင်းပါရမီရှင်တဲ့လား ၊ ဒါဆို ကျွန်တော့ကို ဘာလို့ ရှုံးသွား တာလဲ ။ ပြီးတော့ ခင်ဗျားတို့ဘာလို့ ချန်မျိုးနွယ်ကို ဆေးမလုပ်စေချင်ကြတာလဲ ။ ကြည့်ရတာ တော့ ကျွန်တောတို့ ချန်မျိုးနွယ် က ယောင်မျိုးနွယ်ရဲ့ ဆေးဈေးကွက်ကို လုမှာ ဆိုးလို့ ထင်တယ်”
ဒီအချိန်မှာ ပရိတ်သတ်များဟာ ယောင်မျိုးနွယ်ကို ကျိန်ဆဲနေကြတယ် ။ ဆေးဘုရင်ခန်းမ ဖွင့်တဲ့အခါ သူတို့ဟာ သက်သာစွာ ၀ယ်နိုင်ကြတယ် ။ လူများစွာဟာ ချန်ှရှန်ပြောတာကို နားထောင်ရင်း ယောင်မျိုးနွယ်၏ ယုတ်မာပုံများကို သိရှိနေကြပါပြီ ။
“ချန်ရှန် သူ့ကို လွှတ်လိုက် ။မင်းဟာ သိုင်းပညာရှင် ပီပီ ငါတို့ မျှတစွာ တိုက်ခိုက်ကြတာပေါ့”
ချန်ဖုယွန် ချန်ရှန်၏ အားကို ခန့်မှန်းမိနေပါပြီ ။ ယောင်မျိုးနွယ်ရဲ့ လူကြီးတစ်ယောက်တောင် မှ ချန်ရှန်၏ လှုပ်ရှားမှုကို မကာကွယ်နိုင်တာဟာ တော်တော် စဉ်းစားစရာပါပဲ ။ ချန်ရှန်လည်း အေးစက်စွာ ပြန်ပြောလိုက်တယ် ။
“ချန်ဖုယွန် ၊ ခင်ဗျားဟာ ချန်မျိုးနွယ်ဝင်မဟုတ်ဘူး ။ ခင်ဗျားကို ကျွန်တော်တို့က နှင်ဒဏ် ပေးပြီးနှင့်ပီ ။ ခင်ဗျားဟာ ချန်မျိုးနွယ် သစ္စာဖောက်ပဲ ။ ကျွန်တော်တို့ ချန်မျိုးနွယ်ရဲ့ စည်းမျဉ်း ကို ဖောက်ဖျက်တဲ့ သစ္စာဖောက် မှန်သမျှ သေရမယ်”
ချန်ရှန် လည်း ပြောပြီးနောက် ယောင်လူကြီး၏ခေါင်းအား ရိုက်ထုတ်လိုက်ပါတော့တယ် ။ ဂေါက်သီး ရိုက်လိုက်သလိုပါပဲ အတော်ဝေးဝေးကို လွင့်စင်သွားပြီး ဦးနှောက်များပါ ထွက်ကျ လာပါတယ် ဒီမြင်ကွင်းကို ကြည့်ရင်း ပရိတ်သတ်များဟာ ကြောင်အလျက် ရှိနေကာ ဒီအပြုမူဟာ ချန်ရှန်မှ ယောင်မျိုးနွယ်အား စစ်ဖြစ်ရန် ကြေညာလိုက်သလိုပါပဲ ။
“ဟဟ ၊ ခုတော့ ငါ ယောင်မျိုးနွယ် ၂ ယောက်ကို သတ်လိုက်မိပြီ ။”
ချန်ရှန် တည်တည်ငြိမ်ငြိမ်ပါပဲ ။
ယောင်မျိုးနွယ်ဟာ အင်အားတောင့်တင်းလှပြီး ချန်ရှန်ဟာ ၎င်းတို့ရှေ့ မှာ ယခု တစ်ကိုယ်တည်း ရပ်နေတာပါ ။ ချန်ရှန်ရဲ့ အပြုအမူဟာ သေမင်းကို စိန်ခေါ်နေသလိုပါပဲ ။
မျှော်လင့်ထားတယ့် အတိုင်းပါပဲ ။ ယောင်ဟွန် အော်ပါလေတော့တယ် ။
“သူ့ကို ဝိုင်းကျ ၊ ငါသူ့ကို အပိုင်းပိုင်းဖြစ်တာ မြင်ချင်တယ်”
ချန်ဖုယွန်ဟာ သစ္စာဖောက်အဖြစ် ကျူးလွန်မိပေမယ့် ကြောက်ရွံ့ ခြင်းတော့ မရှိလှပါဘူး ။ ဒီအပြင်လောကမှာ ချန်မျိုးနွယ်မှ သူ့ကို ရင်ဆိုင်နိုင်မယ့်လူဟာ နည်းနည်းလေးပါ ။
ချန်ရှန်ဟာ ချက်ချင်းပဲ လူများစွာ ဝိုင်းထားတာ ခံနေရတယ် ။ ဒီလူတွေဟာ ယောင်မျိုးနွယ် လူကြီးများဖြစ်ပြီး ၎င်းတို့ထဲမှ ၂ ယောက်မှာ အဆင့် ၈ ဖြစ်ကြတယ် ။ ဘယ်လိုပဲဖြစ်ဖြစ် ချန်ရှန်ကတော့ ထိုနေရာမှာပင် တည်ငြိမ်စွာ ရပ်နေလျက်ပါပဲ ။
ကွင်းထဲမှ လူများစွာဟာ လျင်မြန်စွာ နောက်ဆုတ်သွားကြတယ် ။ ဒါပေမယ့် လူ ၃၀၀ လောက်ကတော့ မလှုပ်ကြပါဘူး ။ ယောင်ဟွန်ဟာ အဆိုပါ လူ ၃၀၀ ကို စူးစိုက်ကြည့်နေ တယ် ။ ထိုလူများမှ ထွက်နေတယ့် ချီဓာတ်များဟာ အားကောင်းနေပြီး တမျိုးတဖုံ ထူးဆန်း နေပါတယ် ။
“ချန်တျန်းဟူ”
ချန်ဖုယွန် ထိုအထဲမှ တစ်ယောက်ကို သတိထားမိသွားပြီး ထအော်ပါတယ် ။ သူဟာ များစွာသော အဆင့် ၈ သိုင်းပညာရှင်များကို မြင်တယ့်အခါမှာတော့ အရူးတစ်ယောက်လို တောင် ဖြစ်သွားပါတယ် ။ ဒီမတိုင်ခင် သူချန်အိမ်တော် ဆီ သွားတုန်းက ဒီလိုလူတွေ မတွေ့ ခဲ့ရပါဘူး ။
“သစ္စာဖောက် ၊ ဒီနေ့က မင်းသေမယ့် နေ့ပဲ”
ချန်တျန်းဟူ ကျားခေါင်းပုံ ဓားပြားကြီးကို ဆွဲထုတ်ကာ ချန်ရှန်၏ တည်နေရာသို့ လျှောက် လာနေပါပြီ ။ ချန်မျိုးနွယ်ဟာ ယောင်မျိုးနွယ်၏ ၀င်ပေါက်ကို ရောက်နေကြပြီး လူတိုင်းဟာ ဒီလို လူ ၃၀၀ လောက် ရောက်နေမယ် မထင်သောကြောင့် အံ့သြနေကြပါတယ် ။
ဒါတင်မက ယောင်မျိုးနွယ်ရဲ့ လက်ရွေးစင်များဟာလည်း ဖိအားများစွာ ခံစားနေရပါတယ် ။ အဘယ်ကြောင့်ဆိုသော် တဖက်ပြိုင်ဖက်တွင် အဆင့် ၈ ခြောက်ယောက်အား တွေ့ လိုက် ရ သောကြောင့်ဖြစ်ပြီး သူတို့မှာတော့ ၄ ယောက်သာရှိနေတာပါ ။
“ချန် လူကြီးမင်း ၊ ဒါ . . . ဒါ . . .”
ယောင်ဟွန် ချန်ဖုယွန်ကို ကြည့်လိုက်ပါတယ် ။ ချန်ဖုယွန်ဟာ အဆင့် ၉ ပညာရှင်ဖြစ်ကာ ယောင်မျိုးနွယ်အား ကာကွယ်ပေးမှာဖြစ်ပါတယ် ။ ဒါကြောင့်ပဲ သူတို့ဟာ ချန်မျိုနွယ်နဲ့ ရင်ဆိုင် တိုက်ခိုက်ကြတော့မှာပါ ။
“ငါ့ကို ထားခဲ့ပါ”
ချန်ဖုယွန် ပြောလိုက်ပြီးနောက် ချက်ချင်းပဲ ပျံဝဲသွားကာ ချန်တျန်းဟူ ဆီသို့ ရောက်သွားပါ တယ် ။ ဒီချိန်မှာပဲ ချန်ရှန်ဟာ သူ၏နေရာမှ ချက်ချင်းပျောက်သွားကာ လေထဲသို့ အရှိန်ပြင်း စွာ ခုန်တက်သွားပြီး ချန်ဖုယွန် ရှေ့ သို့ ရောက်သွားပါတော့တယ် ။ ချန်ရှန် ဟိန်းဟောက်သံ ကြီးကို ပြုလုပ်လိ်ုက်ပြီး များစွာသော လျှပ်စီး နဲ့ လေ များဟာ မိုးပြာရောင် ချီဓာတ်များ ပါဝင် လျက် သူ၏ပါးစပ်မှ ထွက်လာပါတော့တယ် ။ဒီလို ဒေါသထွက်နေသော နဂါးကြီးအသွင် ကြောက်စရာ ဟိန်းဟောက်မှုကြီးကြောင့် ချီငွေ့ တွေဟာ ချန်ဖုယွန် ကို ဖုံးလွှမ်းသွားပါ တော့တယ် ။
“ချန်မျိုးနွယ် အားလုံးကိုသတ် ၊ တစ်ယောက်မှ အရှင်မထားနဲ့ ။”
ယောင်ဟွန် အော်လိုက်တာဖြစ်ပါတယ် ။ ဒီအချိန်မှာပဲ ကျားခေါင်းဓားကြီးကို ဆွဲကိုင်ထားသည့် ချန်တျန်းဟူ ဦးဆောင်သော ချန်မျိုးနွယ် ၅၀ တို့ဟာ ယောင်ဟွန်ဆီ ပြေး လာနေကြပါတယ် ။ လူတိုင်းရဲ့ ချီဓာတ်များဟာလည်း သူတို့၏ ကိုယ်မှာ အရှိအဟုန်ပြင်းစွာ ထွက်ပေါ်လျက်ပါပဲ ။
သူတို့၏ မျိုးနွယ်စုခေါင်းဆောင်၏ လှုပ်ရှားမှုကို ကြည့်ရင်း တခြားသော ချန်မျိုးနွယ်ဝင်တိုင်း ဟာ စိတ်ဓာတ်တက်ကြွလျက် အော်သံများပေးကာ သူတို့၏ ဓားများကိုထုတ်ပြီး ကောင်းကင်ကြီးကို ရင်ဆိုင်ရန် ထွက်လာကြပါပြီ ။ ယောင်မျိုးနွယ်ထောင်ပေါင်းများစွာ ရှေ့ မှာချန်မျိုးနွယ်ဝင်တို့ဟာ မှန်မှန်ကြီး ချီတက်လာတာပါ ။
ချန်မျိုးနွယ်ဝင် ၃၀၀ ၏ အော်သံကြီးဟာ ဘုရင့်မြို့ တော်ကြီး တစ်ခုလုံးကို ပင် မြည်ဟည်း သွားစေပါတယ် ။ ခြေလှမ်းတိုင်းမှာ ကွင်းဟာ ငလျင်လှုပ်သလို လှုပ်ခါနေပါတော့တယ် ။ သေခြင်းတရားကို ကြောက်ရွံ့ ခြင်းမရှိတော့တဲ့ ချန်မျိုးနွယ်ဝင်တို့ဟာ ဘာကိုမှ ဂရုစိုက်နေမှာ မဟုတ်တော့ပါဘူး ။ သူတို့ဟာ ချန်မျိုးနွယ်နဲ့တကွ သူတို့မိသားစုများကို ကာကွယ်ရန် အထူး ရွေးချယ်ခြင်း ခံထားရသူတွေပါ ။
လူ ၃၀၀ က ထောင်ပေါင်းများစွာကို ရင်ဆိုင်မှာဖြစ်ပြီး ယောင်မျိုးနွယ်စုများဟာ အင်အား များပြားလှပါတယ် ။ တခြားကွင်းထဲရှိ ပရိတ်သတ်များဟာ မကူညီကြပေမယ့် ချန်မျိုးနွယ် ဘက်မှ အားပေးလျက်ပါပဲ ။
ချန်ရှန်နဲ့ ချန်ဖုယောင်တို့ တိုက်ခိုက်ချိန်မှာပဲ လူ ထောင်ပေါင်းများစွာနှင့် လူ ၃၀၀ တို့ဟာ စတင် တိုက်ခိုက်ကြပါတော့တယ် ။ တိုက်ခိုက်မှုမျာဟာ တချိန်တည်း ဖြစ်ပွားတာဖြစ်ပြီး အော်သံများဟာလည်း ရောထွေးလျက်ရှိကြတယ် ။ စတိုက်ခိုက်ပြီးနောက်မှာပဲ ကွင်းတစ်ခု လုံးဟာ ရောထွေးရှုပ်ယှက်ခတ်နေကာ ကွင်းပြင်ကို ကာရံထားတယ့် အုပ်များ တ၀က်လောက် ဟာ ကျိုးကြေကုန်ပါပြီ ။
ချန်ဖုယွန်ကို သူရင်ဆိုင်နေတယ့်အတွက် ချန်ရှန်ဟာ သူ့အဖေနဲ့ တခြားလူတွေကို မစိုးရိမ် တော့ပါဘူး ။ သူတို့ဟာ အဆင့် ၈ ရှိသူတွေမို့ ကောင်းကောင်းရင်ဆိုင်နိုင်မယ်ဆိုတာ သူသိနေပါတယ် ။
ချန်ဖုယွန်ဟာ မိုးပြာနဂါးဟောက်သံကို ထိမှန်ခဲ့ပြီးနောက်မှာ သိပ်တော့ တုန်လှုပ်ပုံမရပါဘူး။ သူဟာ ချန်ရှန်ကို အဆင့် ၈ ရှိနေမယ်ဆိုတာ အသေအချာသိထားတယ့်အတွက်ကြောင့်ပါ ။ ချန်ရှန်ဟာ ဒီလိုအသက်အရွယ်နဲ့ ဒီလိုစွမ်းအားမျိုးကိုပိုင်ဆိုင်တာဟာ အပြင်လောကမှာ တကယ့်ကို ရှာမှရှားတဲ့ လူတစ်ယောက်ပါပဲ ။ ဒါ့အပြင် သူဟာ ဆေးပညာရှင်တစ်ယောက် ဖြစ်သေးတယ်ဆိုတာ ပြောစရာမလိုတော့ပါဘူး ။
“ချန်ရှန် ၊မင်းဟာ အရမ်းပါရမီကောင်းလှတယ်ဆိုတာကိုတော့ ငါဝန်ခံပါတယ် ။ ဒါပေမယ့် ဒါမင်းကိစ္စ နဲ့ ချန်မျိုးနွယ် ကိစ္စ ပဲ ငါ့ကိုတော့ ဘာမှ ဖြစ်စေမှာမဟုတ်ဘူး ။ ငါဟာ ခုကိစ္စတွေ ကိုလုပ်တာဟာ ဂိုဏ်းထဲမှာ ငါ့အတွက် အကျိုးရှိလို့ပဲ ။ ငါဒီမှာ ယောင်မျိုးနွယ်ကို ကူညီရင် ငါဟာ သိုင်းကညာဂိုဏ်းထဲမှာ အမျိုးမျိုးသော ကောင်းကျိုးတွေကို ရတယ် ။ ဒါကြောင့် ငါမင်းကို သတ်ရလိ့မ်မယ် ။ နောက်ပြီး ချန်မျိုးနွယ်နဲ့ပတ်သက်တဲ့ဘာခံစားချက်မှလည်း ငါ့မှာ မရှိဘူး ။ ချန်မျိုးနွယ်ကို ငါမုန်းတယ်”
ချန်ဖုယွန်ဟာ မဲ့ပြုံးပြုံးလျက် အော်လိုက်ပါတယ် ။
ချန်ရှန်ဟာ ဘာမှပြန်မပြောပဲ သူ၏ ချီ ဒြပ်စင် ၅ ခုအား ပေါင်းစပ်နေပါတယ် ။ သူဟာ ယခု အဆင့် ၉ ရှိသူနဲ့ရင်ဆိုင်ရမှာ ဖြစ်ပြီး ၎င်းဟာ သိုင်းပညာဂိုဏ်းကြီးတစ်ခုမှလဲ ဖြစ်နေပါတယ်။ ဒါကြောင့် သူဟာ သူ၏ အနှိုင်းမဲ့စွမ်းအားဖြင့်သာ ဒီပြိုင်ဖက်ကို ရင်ဆိုင်နိုင်မှာပါ ။
လူတိုင်းဟာ သိုင်းပညာဂိုဏ်းကလူများသည် ပြိုင်ပွဲအား လာရောက်ကြည့်ရှူကာ နောက်လိုက် အဖြစ် ရွေးချယ်ဖို့ဆိုတာ သိကြပါတယ် ။ ဒီလူတွေဟာ အနည်းဆုံး အဆင့် ၉ ရှိ သူများဖြစ်ကြပြီး ဒီလိုအားများဟာ တောင်ပိုင်းအင်ပါယာမှာ အလွန်အင်မတန်ကို ရှားပါးလွန်း ပြီး သူတို့ရဲ့ စွမ်းအားဟာလည်း တကယ်ကြောက်စရာပါ ။
ဒီလိုလူငယ်လေးဖြစ်တယ့် ချန်ရှန်ဟာ အဆိုပါ ပညာရှင်မျိုးနဲ့ ရင်ဆိုင်တော့မှာ ဖြစ်ပါတယ် ။ လူများစွာဟာ ချန်ရှန်၏ စွမ်းအားသည်လည်း အရမ်းကိုကြီးမားလိမ့်မယ်ဆိုတာ ခန့်မှန်းမိကြ တယ် ။ ခုနကပဲ သူဟာ ဂိုဏ်းရဲ့ အပြင်စည်းနောက်လိုက်တပည့်တစ်ယောက်ကို လက်သီးတစ်ချက်တည်းဖြင့် သတ်လိုက်တာဖြစ်ပြီး အဆိုပါ သေသွားသူ၏ သိုင်းပညာဟာ လည်း အဆင့် ၈ ပါ ။
“ဟဟ ၊ ချန်မျိုးနွယ်ဝင်တွေ ဒီလောက် ရူးနေလိ့်မ်မယ်လို့ ငါမထင်ခဲ့ဘူး ။ မင်းတို့ အဆင့် ၈ ခြောက်ယောက် ရှိနေတယ့်အတွက် မင်းတော့လွတ်ကောင်းလွတ်နိုင်မယ် ။ ခုတော့ ငါ့ရှေ့ ရောက်လာတဲ့အတွက် မင်းသာမက ဟိုလူတွေလဲသေပြီပဲ ၊ ချန်မျိုးနွယ် အဆုံးသတ်ပြီ”
ချန်ဖုယွန်ကိုယ်မှ အနီရောင် ချီဓာတ်များ ထွက်လာပြီးသူ၏ လက်များနဲ့ ခြေထောက်များပါ ဖုံးအုပ်လျက် မျက်လုံးများဟာလည်း နီရဲလာပါတယ် ။ ဒါကိုမြင်ပြီးနောက် ချန်ရှန်ဟာ နောက်သို့ အနည်းငယ် ဆုတ်လိုက်ပါတယ် ။ ပထမဆုံးအကြိမ် အဆင့် ၉ ရှိသူနဲ့ တိုက်ခိုက်ရ မှာဖြစ်ပါတယ် ။ ဒါဟာ သူကြုံခဲ့ဖူးသမျှထဲမှာ စွမ်းအားအကြီးဆုံးရန်သူပါပဲ ။ ချန်ရှန်လည်း သူ၏ ချီဓာတ်များကို အာရုံခံရင်း တည်ငြိမ်လာပါတော့တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset