Switch Mode

Chapter – 11.3

" အား အနည်းဆုံး ကျောင်းအတန်းခေါင်းဆောင် "

Chapter – 11.3 ” အား အနည်းဆုံး ကျောင်းအတန်းခေါင်းဆောင် ”
°°°
ရှိနေတဲ့ ကျောင်းသားတွေအားလုံးလဲ ချက်ချင်းဆိုသလို ကြည်လင်လန်းဆန်းတဲ့ ခံစားချက်ကို ခံစားလိုက်ရပါတော့တယ်။ ဒီကြည်လင်လန်းဆန်းမှုက သူတို့ရဲ့ ခန္ဓာကိုယ်တစ်လျှောက်ကို ပြန့်နှံ့သွားခဲ့ပြီး ကိုက်ခဲနေတဲ့ ကြွက်သားတွေ ဒဏ်ရာတွေပါ ယူပြစ်လိုက်သလို ပျောက်ကွယ်သွားပါတော့တယ်။ သံကြိုးတွေကို သယ်ဆောင်ထားခဲ့ရတာကြောင့် ကျောပေါ်မှာဖြစ်ပေါ်နေခဲ့တဲ့ ဒဏ်ရာတွေပါ ချက်ချင်းဆိုသလို ပျောက်ကွယ်လို့သွားခဲ့ရတယ်။ ဒါ့အပြင် ခန္ဓာကိုယ်စွမ်းအားကလဲ မျက်တောင်တစ်ခတ်အချိန်အတွင်းမှာတင် ပြန်လည်ရရှိလို့လာခဲ့ပါပြီ။ ၀ိညာဥ်စွမ်းအားကသာ လုံး၀ ဗလာဟင်လင်ဖြစ်နေခဲ့ပြီး ကျန်တဲ့အရာတွေအားလုံးကတော့ ပြန်လည်ဖြည့်တင်းသွားပါတော့တယ်။

၀မ်သုန့်ကတော့ လူတွေအားလုံးထဲမှာ အမြင့်ဆုံးကျင့်ကြံဆင့်ကို ပိုင်ဆိုင်လို့ထားခဲ့တာကြောင့် အမြန်ဆုံးပြန်လည်ကောင်းမွန်လာသူဖြစ်ခဲ့ပါတယ်။ သူ့ရှေ့မှာရှိနေခဲ့တဲ့ သစ်ပင်ကြီးကိုကြည့်ရင်း စိတ်လှုပ်ရှားမှု့အပြည့်နဲ့ ပြောနေခဲ့တယ်။

” ဒါက သစ်ပင်အမျိုးအစား သိုင်းပညာ၀ိညာဥ်တွေထဲမှာ နံပတ်တစ်ဖြစ်တဲ့ သိုင်းပညာ၀ိညာဥ်ပဲ အသက်သစ်ပင် ဒါကို ၀ိညာဥ်ကိုယ်စားပြုထဲမှာဆိုရင် အဆင့်ဆယ့်ခုနှစ်အဖြစ် သတ်မှတ်ထားတာပဲ ဆရာကျိုးက အဆင့်ခုနှစ်ဆယ့်ထက်မှာရှိတဲ့ သစ်ပင်အမျိုးအစား ၀ိညာဥ်ပညာရှင်ကို ဖိတ်ခေါ်ပြီး ငါတို့ကို ပြန်လည်ကုသပေးတယ်ပေါ့ ”

အစိမ်းရင့်ရောင် အလင်းတန်းက နယ်မြေတစ်ခွင်လုံးကို လွှမ်းခြုံပြီတဲ့နောက် မကြာခင်အချိန်အတွင်းမှာပဲ သစ်ပင်ကြီးကနေ အဖြူရောင်၀တ်ရုံ၀တ်ထားတဲ့လူအဖြစ်ကို ပြောင်းလဲလို့သွားခဲ့ပါပြီ။ အဲ့ဒီနောက် သူက ကျိုးယိကို တလေးတစားနဲ့ ဦးညွတ်လိုက်ပါတော့တယ်။ လေလိုရောက်လာတဲ့သူက လေနဲ့အတူ ပြန်လည်ထွက်ခွာသွားခဲ့ပါပြီ။ အစကနေအဆုံးအထိ စကားတစ်ခွန်းတောင် မပြောခဲ့ပါဘူး။

ကျောင်းသားတွေလဲ တစ်ယောက်ပြီတစ်ယောက် ပြန်လည်ထလာခဲ့ပါတော့တယ်။ မောပန်းနေဆဲဖြစ်ပေမဲ့ ခန္ဓာကိုယ်ရဲ့ သက်သောက်သက်သာ ဖြစ်မှုက ဖော်ပြလို့တောင် မရနိုင်ခဲ့ပါဘူး။

ဟို့ယွိဟောင်ကလဲ မူးဝေပြီ မေ့မြောနေမတတ်ဖြစ်နေတဲ့ အနေအထားကနေ ပြန်လည်သက်သာလို့လာခဲ့ပါတယ်။ နတ်ဘုရားအဆင့်ရှိနေတဲ့ ၀ိညာဥ်စွမ်းရည်နဲ့ အားဖြည့်ခံလိုက်ရတာကြောင့် သူ့ရဲ့ ကြွက်သားတွေက မောပန်းနာကျင်မှုမရှိတော့ပဲ ချက်ချင်းဆိုသလို ပြန်လည်ကောင်းမွန်လာခဲ့တယ်။ ဒါ့အပြင် စွမ်းအားကလဲ ဖြတ်သန်းသွားလာတဲ့ နယ်မြေတွေကလဲ ထူးဆန်းကောင်းကင်နည်းလမ်းကြောင့် အတော်ကို သက်သောက်သက်သာ ဖြစ်နေဆဲပါ။ လက်ရှိအချိန်မှာတော့ အပူအအေး နှစ်မျိုးစလုံးရဲ့ ကောင်းမွန်နူးညံ့တဲ့ ခံစားချက်ကို ခံစားနေခဲ့ရပါတော့တယ်။ သူ့ဘ၀တစ်လျှောက်လုံးမှာ ဒီလောက်အထိ သက်သောက်သက်သာ ဖြစ်တာမျိုးကို မကြုံခဲ့ဖူးပါဘူး။ ဒါကြောင့် လေးဖက်ထောက်ရင်း ပြန်လည်ရပ်လိုက်ပါတော့တယ်။ ခန္ဓာကိုယ်တစ်ခုလုံး ချွေးတွေနဲ့စိုရွှဲနေပေမဲ့ စိတ်၀ိညာဥ်မျက်လုံးကတော့ အတော်ကြီးကို တောက်ပလို့လာတယ်။ ဒါ့အပြင် သူ့ရဲ့၀ိညာဥ်စွမ်းအားကို ချက်ချင်းဆိုသလို နိုးထရင်း ထူးဆန်းကောင်းကင်နည်းလမ်းကိုလဲ လှည့်ပတ်လိုက်ပြန်ပါပြီ။ သူတရားမထိုင်ပဲနဲ့တောင် ဒါကို လုပ်နိုင်နေမှန်း သူသတိထားမိသွားပါတော့တယ်။ ဒါ့အပြင် ခန္ဓာကိုယ်ရဲ့ အပြောင်းအလဲတွေက စွမ်းအင်ဖြတ်သန်းတဲ့ လမ်းကြောင်းတွေကို ပိုလို့အားကောင်းအောင် ကူညီပေးနိုင်ဆဲပါ။ ဒါ့အပြင် ထူးဆန်းကောင်းကင်နည်းလမ်းရဲ့ စွမ်းအင်တွေက မူလစွမ်းအားအရင်းအမြစ်တွေဆီ အပြည့်အ၀လှည်ပတ်ရင်း မြန်လာခဲ့ပါတယ်။

ဖြည်းဖြည်းချင်း ထရပ်လာတဲ့ ကျောင်းသားတွေကိုကြည့်ရင်း ကျိုးယိက ပြောလာခဲ့တယ်။

” ငါမင်းတို့ကို ပြောစရာရှိတယ်..မင်းတို့အားလုံးက ဒီနေ့ငါ့ကို အတော်လေး ထိတ်လန့်စေတာပဲ ဒီနေ့ ဘယ်သူမှမထုတ်ပယ်ခံရဘူး ”

သူပြောပြီတာနဲ့ ကျောင်းသားတွေအားလုံးက ပျော်ပျော်ကြီးအော်မိပါတော့တယ်။ အထူးသဖြင့်နောက်ဆုံးမှာရောက်နေခဲ့တဲ့ သူတွေပါပဲ။ သူတို့စိတ်ထဲမှာရှိနေခဲ့တဲ့ ကြီးမားတဲ့ ၀န်ထုတ်၀န်ပိုးကြီးတွေက ပျောက်ကွယ်လို့သွားခဲ့ပါပြီ။

ကျိုးယိက အထူးပြုပြီ ပြောလာခဲ့တယ်။

” မင်းတို့တွေအားလုံး ဟို့ယွိဟောင်ကို ကျေးဇူးတင်ရမယ်…ငါအစောပိုင်းတုန်းက မင်းတို့အားလုံးကို အပြစ်ဒဏ်ပေးဖို့ စီစဥ်ထားခဲ့တာ မင်းတို့အားလုံးကို ငါပေးတဲ့တာ၀န်က ခေါင်းလောင်းမတီးခင်အထိ ပြေးဖို့ပဲ ပြီတော့မှာသာ ပြေးနိုင်မဲ့အရေအတွက်ကို ရေးတွက်လိမ့်မယ်…ဒါပေမယ့် ဟို့ယွိဟောင်ကနေလွဲပြီး ဘယ်သူကမှ အဆုံးအထိ မပြေးခဲ့ကြဘူးလေ ဒါပေမယ့် သူက မင်းတို့အားလုံးကိုပြန်ပြီ ထရပ်စေနိုင်ခဲ့တယ် ..ဒါကြောင့် အပြစ်ဒဏ်မခံရဘူး…၀မ်သုန့် အရှေ့ထွက်လာခဲ့ ”

ကျိုးယိက ဆက်ပြီးပြောပါတယ်။

” အတန်းနံပါတ်တစ်ရဲ့ အတန်းခေါင်းဆောင်အနေနဲ့ မင်းကိုယ်မင်းပဲ ဂရုစိုက်တယ်…တခြားသူတွေအတွက် ဥပမာကောင်းဖြည့်မပေးနိုင်ဘူး…အခုအချိန်ကနေစပြီး အတန်းခေါင်းဆောင်နေရာကို မင်းဆီကနေ ပြန်လည်သိမ်းယူပြီ ဟို့ယွိဟောင်ကို လွှဲအပ်မယ်…နောက်တစ်ကြိမ် ခန္ဓာကိုယ်အတန်းမစသေးသရွေ့ ဟို့ယွိဟောင်က ကျောင်းအတန်းခေါင်းဆောင်ပဲ အကယ်၍ တစ်ယောက်ယောက်ကသာ သူ့ကို စိန်ခေါ်ချင်တယ်ဆိုရင် လက်ခံလိုက် “‘

ဒါကိုပြောပြီချိန်မှာ ၀မ်သုန့်က မျက်လုံးပြူးသွားပါတော့တယ်။

” ဘာတုန်းမင်းမှာ စောဒက ထပ်တက်စရာရှိသေးလို့လား “‘

အဲ့ဒီအချိန်မှာသာ ၀မ်သုန့်က ခေါင်းခါလိုက်ပါတယ်။

” မရှိပါဘူးဆရာ ကျွန်တော်လိုလိုလားလား လက်ခံပါတယ် ”

” သံကြိုးကို ပြန်ယူသွားလိုက် မနက်ဖြန်မှာ နောက်ထပ်ဆရာက မင်းတို့ကို အတွေးအခေါ်နည်းလမ်းတွေနဲ့ ပတ်သက်ပြီး အတန်းသင်ကြားလိမ့်မယ်…အားလုံးဒီနေ့ ခန္ဓာကိုယ်အတန်းရဲ့ သိသာထင်ရှားတဲ့ တိုးတက်မှုတွေကို ​ကျေနက်အောက်လုပ်နိုင်ဖို့ ကောင်းကောင်းတရားထိုင်ကြ ငါ့ရဲ့အတန်းက သဘက်ခါနေ့လည်မှာ စလိမ့်မယ်…အဲ့ဒီအချိန်မှာ ဘယ်လိုအမှိုက်သရိုက်မျိုးမှ ငါမမြင်ချင်ဘူး ”

ကျောင်းသားတွေအားလုံးက တစ်ညီတစ်ညာထဲ သဘောတူလိုက်ကြပါတယ်။ အဲ့ဒီနောက် ဟို့ယွိဟောင်ဆီကို ရုတ်တရက်ပြေးသွားကြပြီ သူ့ကို ကောင်းကင်ပေါ် မြောက်ပြစ်ကြတော့တယ်။

ဒီလူငယ်တွေကတော့ အတော်လေးကို ပျော်ရွှင်နေခဲ့ကြတာပါ။ ဟို့ယွိဟောင်ကြောင့်သာ ဘယ်သူမှမထုတ်ပယ်ခံရခဲ့သလို အပြစ်ဒဏ်ကိုလဲ ရှောင်ရှားနိုင်ခဲ့ပါတယ်။ ဒါကြောင့် လက်ရှိအချိန်မှာ ဟို့ယွိဟောင်က သူတို့အတွက်တော့ သူရဲကောင်းပါပဲ။

ဒါ့အပြင် နာကျင်ပြီ ခက်ခဲတဲ့ အတန်းပြီမြောက်ချိန်မှာ ဆရာကျိုးက သူတို့ကို ၀ိညာဥ်သူတော်စင်အဆင့် ပညာရှင်တစ်ယောက် ခေါ်ပြီးတော့လဲ ပြန်လည်အားပြည့်အောင် လုပ်စေခဲ့ပါတယ်။ ဒါကြောင့် အဆင့်မြင့်တဲ့ ၀ိညာဥ်ပညာရှင်တွေရဲ့ စွမ်းအားကိုလဲ သူတို့ရှင်းရှင်းလင်းလင်း နားလည်သွားခဲ့ရတယ်။ ခန္ဓာကိုယ် နာကျင်မှုတွေ ပျောက်ကွယ်သွားပြီတဲ့နောက် ဆရာကျိုးအပေါ်ထားရှိခဲ့တဲ့ သူတို့ရဲ့မကောင်းတဲ့စိတ်တွေကလဲ အတော်လေးကို လျော့ပါးသွားခဲ့ပါပြီ။

ကျောင်းသားတွေက ဆယ့်မိနစ်လောက်အထိ လူစုစည်းနေပြီတဲ့နောက် သူတို့အခန်းသူတို့ ပြန်သွားကြပါတော့တယ်။ လက်ရှိအချိန်မှာ တစ်ကိုယ်လုံးချွေးတွေ ရွှဲနစ်ပြီ စုတ်ပြတ်နေကြတဲ့အတွက် သန့်ရှင်းရေးလုပ်မှ ဖြစ်တော့မှာပါ။

ဒီတစ်ခေါက် လေ့ကျင့်ခန်းက သူတို့ကိုးဆယ့်တစ်ယောက်စလုံးကို ပေါင်းစည်းညီညွတ်စေတဲ့ စိတ်ဓာတ်တစ်ခုဖြစ်သွားစေခဲ့တယ်ဆိုတာ ဘယ်သူမှမသိလိုက်ကြပါဘူး။ တစ်ရက်ထဲနဲ့တင် တစ်ယောက်နာမည်တစ်ယောက် မသိကြတဲ့ကျောင်းသားတွေက ပေါင်းစည်းညီညွတ်လို့သွားခဲ့ပါပြီ။ ဒါက ဆရာကျိုးရဲ့ သင်ကြားရေးနည်းလမ်းပါပဲ။ ဟို့ယွိဟောင်ကလဲ အတော်လေးကို ကံကောင်းတဲ့သူဖြစ်နေခဲ့ပြီး မကြာခင်အချိန်မှာ တခြားအတန်းတွေထက်ကို သူတို့က ခေါင်းတစ်လုံးသာနေတော့မှာပါ။

ဟို့ယွိဟောင်နဲ့ ၀မ်သုန့်နှစ်ယောက်စလုံးက သူတို့အခန်းသူတို့ ပြန်လာရင်း သံကြိုးတွေလဲ သယ်လာခဲ့ကြပါတယ်။ အဲ့ဒီနောက် သူတို့တွေက စင်္ကြန်ရဲ့အဆုံးမှာရှိနေတဲ့ ရေချိုးခန်းတွေမှာ သန့်ရှင်းရေးလုပ်ရမှာပါ။ ၀မ်သုန့်က ဟို့ယွိဟောင်ကို အရင်ဆုံးသန့်ရှင်းရေးလုပ်ခိုင်းပါတယ်။ သူ့ကိုယ်တိုင်းကတော့ ရေတစ်ဇလုံးကို ယူသွားပြီ အခန်းထဲမှာပဲ သန့်ရှင်းရေးလုပ်တယ်။

ဒီတစ်ကြိမ်မှာတော့ ဟို့ယွိဟောင်က ထူးဆန်းကောင်းကင်နည်းလမ်းရဲ့ လေ့ကျင့်မှုထဲမှာသာ စိတ်ကနစ်မြုပ်နေတာပါ။ ဒါကြောင့် ဘာကိုမှအများကြီး မစဥ်းစားပဲ အေးအေးဆေးဆေးသာ သူ့ဘာသာသူ ရေသွားချိုးပါတော့တယ်။ ဒါပေမယ့် သူအသစ်ရှာတွေ့ထားတဲ့ နည်းလမ်းနဲ့ ထူးဆန်းကောင်းကင်နည်းလမ်းကို လေ့ကျင့်နေတာကတော့ ဘယ်တုန်းကမှ မရပ်တန့်ခဲ့ပါဘူး။ အဲ့ဒီနောက် နွေးထွေးနူးညံ့တဲ့ စွမ်းအင်က လက်ရှိအချိန်မှာ အတော်လေး အားနည်းလာနေတာကိုတော့ ခံစားလိုက်မိပါတယ်။

ခန္ဓာကိုယ်စွမ်းအင် ပြန်လည်အားကောင်းသွားလို့ ဒီလိုဖြစ်ရတာလား။ ဟို့ယွိဟောင်လဲ အတော်လေး ပဟေဠိဖြစ်နေခဲ့တယ်။ သူ့ဘာသာသူ သန့်ရှင်းရေးလုပ်ပြီတဲ့နောက် ဖြစ်ပေါ်လာတဲ့အကြောင်းအရင်းကို အနည်းငယ်တော့ ခန့်မှန်းမိပါတယ်။ ဒီနူးညံ့နွေးထွေးတဲ့ ခံစားချက်က ၀ိညာဥ်စွမ်းအားနဲ့ခန္ဓာကိုယ်စွမ်းအား နှစ်ခုစလုံး မောပန်းနေတဲ့အချိန်မှသာအဓိကထွက်ပေါ်နိုင်တာပါ။ လက်ရှိအချိန်မှာ သူ့ခန္ဓာကိုယ်က အတော်လေးကို သက်သောက်သက်သာ ရှိနေတာကြောင့် နွေးထွေးနူးညံ့တဲ့ စီးဆင်းမှုကလဲ နောက်ထပ် ထွက်ပေါ်မလာတော့ပါဘူး။ ဒါကိုသိခဲ့မယ်ဆိုရင် အစောကြီးကထဲက စွမ်းအား​ပြန်မကောင်းဖို့ လုပ်မှာပါ။ ဟို့ယွိဟောင်က သူ့ဘာသာသူ တွေးနေခဲ့မိပါတယ်။ ဒီလိုသာ လုပ်မယ်ဆိုရင် သူခန္ဓာကိုယ်ရဲ့ ဖြတ်သန်းစီးဆင်းတဲ့ လမ်းကြောင်းတွေလဲ ပိုပြီး အကျိုးအမြတ်ရလာလောက်တယ်။

ဒါပေမယ့် ဆရာကျိုးက သူတို့အတွက် သံကြိုးတွေကို ပေးထားပြီသားပါ နောက်မှသူထပ်ဆက်လို့ရပါတယ်။ သူတွေးမိတာနဲ့ ချက်ချင်းဆိုသလို စိတ်လှုပ်ရှားနေခဲ့ပါပြီ။

” ဟို့ယွိဟောင် ”

ရုတ်တရက်ဆိုသလို အော်သံတစ်သံက သူ့ရဲ့အတွေးကို နှောင့်ယှက်လိုက်ပါတော့တယ်။

ဟို့ယွိဟောင် သူ့ဘာသာသူ ပြန်ပြီးအပြစ်တင်မိပါတော့တယ်။ ဘယ်လိုလုပ်ပြီ သူမကို မေ့သွားရတာလဲ။

” ဆရာရှောင်ယာ့ ကျွန်တော်ပြန်လာမယ် ”

အဲ့ဒီနောက် သူချက်ချင်းဆိုသလို အတန်းအပြင်ကို ထွက်သွားရင်း သူ့ရဲ့ကျောင်း၀တ်စုံတစ်ခုကို ၀တ်ဖို့လုပ်ပါတော့တယ်။

သူအရမ်းကို အလျင်လိုနေတာကြောင့် တံခါးမခေါက်လိုက်မိပဲ ချက်ချင်းဆိုသလို တံခါးတွန်းပြီ ၀င်သွားခဲ့မိတယ်။ အဲ့ဒီနောက် ဖြူဖွေးနေတဲ့ မြင်ကွင်းတစ်ခုကို မြင်လိုက်ရပါပြီ။

ဟို့ယွိဟောင်လဲ သူ့ရှေ့မှာရှိနေတဲ့ ပုခုံးကျဥ်းကျဥ်း ၀ိုင်း၀ိုင်းနဲ့ အသားဖြူဖြူလူကို ကြည့်နေခဲ့မိပါတယ်။ ဒီလိုရှည်လျားပြီ သေးသွယ်တဲ့ခြေထောက်တွေက သာမန်လူတွေထက် ပိုပြီး နူးညံ့နေတာကို ခန့်မှန်းမိလိုက်တယ်။ သူအသက်အရွယ်နဲ့ ဘယ်ခန္ဓာကိုယ်ပုံရိပ်ကမှ အရမ်းကြီးမကြီးထွားသေးပါဘူး။ ဒါပေမယ့် ဖြူဖွေးတဲ့အသားအရေးကတော့ ရေစက်ရေပေါက်တွေနဲ့အတူတူ ကြည်လင်တောက်ပလို့နေခဲ့တယ်။ ဒါက ဟို့ယွိဟောင်ရဲ့ မျက်၀န်းထဲမှာ အတော်ကြီးကို ထင်ထင်ရှားရှားဖြစ်နေခဲ့တဲ့အရာပါ။

အပိုင်း ၁၁•၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset