Chapter – 58 တိုက်ပွဲကိုပြင်ဆင်ခြင်း
ချန်ရှန် သူ့ဆီလာနေတာကိုကြည့်ရင်း မည်သည့်အသက်ရှူမှုများပင် မပြုလုပ်ပဲ နှုတ်ခမ်းများကို တင်းတင်းစေ့လျက် လှောင်ပြုံးပြုံးနေပါတယ် ။ ချန်ရှန်၏ အရှိန်ဟာ မမြန်ပါ ဘူး ။ နောက်ပြီး သူ ဟာ ရပ်နေတယ့် ပစ်မှတ်ကို တိုက်ခိုက်မှာဖြစ်ပြီး ဒါပေမယ့် သူ၏ လက်သီးကတော့ ချီဒြပ်စင် ၅ ခု ပေါင်းစပ်ခြင်းမှ ဖြစ်ပေါ်လာတယ့် အနှိုင်းမဲ့စွမ်းအင်တွေ စီးဆင်နေပါတယ် ။
“ကောင်းကင်ကျားမုန်တိုင်းဖြိုလက်သီး”
ချန်ရှန် ဇန်လောင်၏ရှေ့ ရောက်သွားပြီး လက်သီးများ ပစ်သွင်းလိုက်ပါတော့တယ် ။ ရုတ်တရက်ပဲ သူ၏လက်သီးများဟာ ကျားခေါင်းများအသွင်ပြောင်းသွားပြီး ကျားခေါင်းများ မှ ပါးစပ်ကြီးများဟကာ ဇန်လောင်၏ ချီအကာကွယ်ကို ထိုးဖောက်ဝင်ရောက်သွားကာ ရင်ဘတ်အား ထိမှန်သွားပါတော့တယ် ။
ချီ အကာအကွယ်ဟာ ချက်ချင်းကွဲထွက်သွားပြီး ချန်ဖုယွန်နဲ့ ဇန်လောင်တို့ ၂ ယောက်လုံး ဟာ ရင်ခုန်သံတွေမြန်သွားကြပါတယ် ။ ဒီလို အံ့သြနေတုန်းမှာပဲ ချန်ရှန်၏ လက်သီးများဟာ ဇန်လောင်ရှေ့ သို့ ရောက်ရှိနေပါပြီ ။ များစွာသောချီဓာတ်များပါဝင်လျက် ဇန်လောင်၏ ရင်အုံ သို့ ထိသွားပါတော့တယ် ။
လက်သီးချက်ဟာ ဇန်လောင်ကို ထိသွားတယ် ဆိုရင်ပဲ အဆုံးမရှိတဲ့ စွမ်းအင်များ သူ၏ ကိုယ်ထဲသို့ ထိုးဖောက်သွားသလို ခံစားလိုက်ပြီး သူ့ကိုယ်တစ်ခုလုံးသို့ ချီဓာတ်များဟာ ပြန့်သွားပါတော့တယ် ။ ဒီအချိန်မှာ ဇန်လောင်ဟာ မျိုးစုံသော နာကျင်မှုများကို ခန္ဓာကိုယ် တစ်လျှောက် ခံစားလိုက်ရပြီး အသိစိတ်ပါ လွတ်ထွက်သွားပါတော့တယ် ။
လူအုပ်ကြီးဟာ ဒီအဖြစ်ပျက်ကို မိန်းမောမှင်သက်ပြီး ကြည့်နေကြပါတယ် ။ ချန်ရှန်၏ လက်သီးဟာ ချီအကာကွယ်ကို ဖြတ်သွားရုံမက ဇန်လောင်ရင်ဘတ်ကို ပြင်းထန်စွာ ထိမှန်သွားခဲ့တာပါ ။ သွေးများဟာ အလိမ်းလိမ်းထွက်သွားပြီး ဇန်လောင်၏ ကိုယ်ဟာ ခရမ်းချဉ်သီးအား မြေပေါ်နင်းချေထားသကဲ့သို့ ရှိနေပါတော့တယ် ။
ဒီလိုလက်သီးတစ်ချက်နဲ့ ဇန်လောင်လို အဆင့် ၈ ပညာရှင်တောင် အသားတုံးတစ်တုံး ဖြစ်သွားတာပါပဲ ။ သွေးမှုန်များဟာ လေထဲမှာ ပင်ပြန့်ကုန်လျက် သွေးညှီနံ့များ လှိုင်ထွက် လာပါတယ် ။ လူတိုင်းရဲ့ လည်ချောင်းမှ ပျို့ တက်လာကြပြီး ၎င်းတို့ဟာ ဒီမြင်ကွင်းကို သူတို့ တစ်သက်မေ့နိုင်တော့မှာ မဟုတ်ပေ ။
“ဟဟ”
ချန်ရှန် လှောင်သံ တိုးတိုးလေး ထွက်ပေါ်လာကာ သူ၏လက်များကို လှုပ်ရမ်းကာ မီး ချီဓာတ် များကို ထုတ်လိုက်ပြီး မြေပေါ်က အသားတုံးကြီးကို လောင်ကျွမ်းသွားစေပါတော့တယ် ။ ထို့ နောက် ဇန်လောင်၏ အိတ်ကိုယူကာ –
“ကျွန်တော် နိုင်သွားပြီ ၊ ခု ဆေးကိုပေးတော့”
ချန်ရှန် ချန်ဖုယွန်အား အေးစက်စွာကြည့်လိုက်တယ် ။ သူဟာ ဇန်လောင်အား သတ်လိုက်သော်လည်း အပြစ်ပေးခံရမှာ မဟုတ်ကြောင်း သိပါတယ် ။ သူ့စိတ်ထဲ ဒီလို ဘ၀င်လေဟပ်ကာ ကိုယ့်ကိုကိုယ် အထင်ကြီးလွန်းသော လူမျိုး သိုင်းပညာဂိုဏ်းမှာ မရှိသင့်ဘူးလို့ ထင်နေမိ တယ် ။
ချန်ဖုယွန်၏ အဖြူရောင် မျက်ခုံးများ မြင့်တက်သွားကာ မျက်လုံးများ နီရဲလျက် ကြည့်နေတယ် ။ သူ့ပုံစံဟာ တင်းမာပြီး ကြောက်စရာပါပဲ ။ သူဟာ ချန်ရှန် ဒီလောက်သန်မာ မယ် မထင်မိသောကြောင့် ဒေါသထွက်နေတယ် ။ လက်သီးတစ်ချက်တည်းဖြင့် ဇန်လောင် သေဆုံးခဲ့ရပြီ ။ ချန်ဖုယွန် အတွက်တောင် ဒီလိုလုပ်နိုင်မလုပ်နိုင်ဆိုတာ မသေချာပါဘူး ။
“ငါမင်းကို မပေးနိုင်ဘူး”
ချန်ဖုယွန် အော်လိုက်တယ် ။
“ဘာလို့လဲ”
ချန်ရှန် အေးဆေးပဲ ပြန်မေးလိုက်ပါတယ် ။
“ဘာလို့လဲဆိုတော့ မင်းက ယောင်တျန်းဟွာ နဲ့ ယောင်မိသားစုရဲ့ အကြီးတစ်ယောက်ကို သတ်လိုက်တယ် ။ ဒီလို သိုင်းပြိုင်ပွဲ စီစဉ်သူတွေရဲ့ မိသားစုဝင်တွေကို သတ်တာကြောင့် မင်းကို ဆုမပေးနိုင်ဘူး”
ချန်ဖုယွန် ကျယ်လောင်စွာ အော်ပြောလိုက်တယ် ။ ကွင်းတစ်ခုလုံး ဟိန်းထွက်သွားလျက် အရင်က သူတို့ဟာ ယောင်တျန်းဟွာကို ချန်ရှန်သတ်တယ်လို့ မသိခဲ့ကြဘူး ။ အခုတော့ ချန်ရှန်ရဲ့ စွမ်းအားကိုမြင်ကြပြီးနောက် မငြင်းနိုင်အောင် ဖြစ်သွားကြတယ် ။
“ခင်ဗျားမှာ သက်သေမရှိဘူး ၊ တာဝန်မဲ့တဲ့စကား မပြောပါနဲ့”
ချန်ရှန် ပြန်ပြောလိုက်တာပါ ။ အရင်က ယောင်မျိုးနွယ်နှင့် သူနဲ့ဟာ ပတ်သတ်မှု မရှိခဲ့ရင် တောင် ခုခြေနေအရ မျိုးနွယ် ၂ ခုကြားမှာ စစ်ပွဲဟာ ဖြစ်ကိုဖြစ်တော့မယ့် သဘောပါ ။
ချန်ဖုယွန်က ခနဲ့တဲ့တဲ့ဖြင့် –
“ရှေးဟောင်း လျို့ ဝှက်နည်းလမ်းကိုသုံးပြီး ငါတို့ဟာ ယောင်တျန်းဟွာရဲ့ ဝိဉာဉ်ကို ဖမ်းနိင် ခဲ့တယ် ။ သူ ငါတို့ကို ပြောပြတာပဲ ၊ မင်းကြားချင်သလား”
ပြောပြီးနောက် ချန်ဖုယွန်ဟာ အဝါရောင် စက္ကူစပေါ်တွင် အင်းကွက်များ ရေးဆွဲထားတာကို ထုတ်လိုက်တယ် ။ အဲဒိအပေါ်ကို ကြည့်ရင်း ချန်ရှန် အရမ်းအံ့သြသွားပါတယ် ။ အဘယ်ကြောင့်ဆိုသော် ဒါဟာ ခါးလှည့်အဆောင် တစ်ခု ဖြစ်နေလို့ပါပဲ ။ ၎င်းဟာ အရမ်းရှား ပါးပြီး ဒဏ္ဍာရီဆန်ကာ ကြောက်စရာကောင်းလှပါတယ် ။ လူနည်းစုသာ ဒီလိုအရာ ဘယ်လို ပြုလုပ်သလဲဆိုတာ သိကြတာပါ ။
“ခါးလှည့်အဆောင် ပါရဂူ”
သူဒီအကြောင်းကို စုမေးယိုနဲ့ ဘိုင်ယုယု တို့ထံမှ မကြာခဏ ကြားဖူးနေကြပါ ။ သူတို့ အလှပဂေး ၂ ယောက်တောင် ဒီပညာကို လေ့လာဆဲပါ ။
ချန်ဖုယွန် အသံထွက်လျက် သူ၏ ချီဓာတ်များကို ထိုအဆောင်ထဲသို့ ထည့်နေပါတယ် ။ ထို့ နောက်မှာတော့ ထိုအဆောင်မှာ ရုတ်တရက် မြင့်တက်သွားပြီးနောက် အလွန်ကြောက်စရာ ကောင်းသော အသံများကို လူတိုင်းကြားရပါတော့တယ် ။
“ငါတို့ကို ချန်ရှန်သတ်တာ ၊ ငါတို့ကို ချန်ရှန် သတ်တာ”
ဒီအသံဟာ ငရဲပြည်မှ လာသောအသံများလိုပါပင် အရမ်းကိုကြက်သီးထစရာ ကောင်းလှပါ တယ် ။
“မင်းအခု ဘာပြောချင်သေးလဲ”
ချန်ဖုယွန် အေးစက်စွာ ပြောပါတယ် ။ ခုတော့ သူ့ ၀ှက်ဖဲကို ထုတ်ပြပါလေပြီ ။ ဒီဝှက်ဖဲဟာ ချန်မျိုးနွယ်နဲ့ ယောင်မျိုးနွယ်အကြား အမုန်းတရားကို ပိုမိုပြင်းထန်လာစေတော့မှာပါ ။ သူဟာ ချန်မျိုးနွယ်ကို ရှင်းပစ်ဖို့ ယောင်မျိုးနွယ်ကို ကူညီတယ့်အတွက် ယောင်မျိုးနွယ်မှ သူ့ကို ကျေးဇူးတင်နေမှာပါ ။
လူတိုင်းဟာ အံ့အားသင့်လျက် မူလက လူအချို့ သာ ထင်ကြေးပေးကြသော်လည်း ယခုတော့ တိတိကျကျကို သိလိုက်ကြရပါပြီ ။
“မှန်တယ် ၊ ကျွန်တော် ယောင်တျန်းဟွာနဲ့ ယောင်လူကြီးမင်းတို့ကို သတ်ခဲ့တယ်”
ချန်ရှန် တည်ငြိမ်စွာ ပြောလိုက်ပါတယ် ။ လူတိုင်းဟာ ဒီလိုအချိန်မှာတောင် ချန်ရှန်အနေနဲ့ တည်ငြိမ်စွာရှိနေတာကို လေးစားမိကြတယ် ။
“ငါ . . .ငါ . . . ငါတို့ ယောင်မျိုးနွယ်တွေ သူသေကိုယ်သေ တိ်ုက်ကြမယ်ကွ”
သက်လတ်ပိုင်းအရွယ် ယောင်တျန်းဟွာနဲ့ ခပ်ဆင်ဆင် တူသော လူတစ်ယောက် အော်ပြီး ခုန်ဝင်လာပါတယ် ။ ဒါကတော့ ယောင်မျိုးနွယ်စု ခေါင်းဆောင် ယောင်ဟွန် ပါပဲ ။
“သူတို့က ကျွန်တော့ကို အရင်သတ်ဖို့ကြိုးစားတဲ့လူတွေပဲ ၊ သူတို့ဟာ လူသတ်သမားတွေ လွှတ်ခဲ့တယ် ။ အဲဒိတုန်းက ကျွန်တော်တို့ ချန်မျိုးနွယ်ဟာ စားသောက်ပွဲတစ်ခု ကို ပြုလုပ်ပြီး များစွာသော မျိုးနွယ်တွေကို ဖိတ်ကြားခဲ့တယ် ။ ခင်ဗျားတို့ ယောင်မျိုးနွယ်က တော်တော် မွှေတာပဲ ။ အမျိုးမျိုးသော လူသတ်သမားတွေ လွှတ်ပြီး တခြားမျိုးနွယ်က ကလေးတွေ လူငယ်တွေကို သတ်ခိုင်းတယ် ။ အဲလိုနည်းနဲ့ ခင်ဗျားတို့ဟာ တခြားမျိုးနွယ်တေက ကျွန်တော်တို့ အပေါ် အထင်လွဲအောင် လုပ်တာ”
ချန်ရှန် ပြောစကားများ ဖြစ်ပါတယ် ။ သူ့ မှာ လက်ဆုပ်လက်ကိုင်ပြစရာ မရှိသော်ငြားလည်း သူပြောခဲ့တာတွေဟာ အမှန်တွေချည်းပါပဲ ။
“စွပ်စွဲချက်တွေပဲ ၊ ငါတို့ ယောင်မျိုးနွယ် ဟာ ဒီလိုအလုပ်မျိုး ဘယ်တော့မှ မလုပ်ဘူး”
ယောင်ဟွန် အော်လိုက်ပါတယ် ။ သူဟာ ချန်ရှန်မှာ သက်သေမရှိတာကို သိပါတယ် ။ ယောင်မျိုးနွယ်ရဲ့ လူသတ်သမားများဟာ အရမ်းပိရိပြီး သူတို့ရဲ့ သဲလွန်စများကို ကာကွယ်မှာ သေချာလို့ပါပဲ ။
ချန်ရှန်အေးစက်စွာ ပြုံးလိုက်တယ် ။ ရုတ်တရက်ပဲ သူ့ကိုယ်ဟာ ရုတ်တရက် ပျောက်ကွယ် သွားပြီး လူကြီးတစ်ယောက်ရှေ့ မှာ ချက်ချင်း ပြန်ပေါ်လာပါတယ် ။ ဒီလူကြီးကတော့ ယောင်မျိုးနွယ် ကပဲဖြစ်တယ် ။ ဒီယောင်လူကြီးဟာ သူ့ဆီကို တစ်ယောက်ယောက် နီးလာတာ ခံစားမိသော်လည်း ခန့်မှန်းချိန်တောင်မရလိုက်ပါဘူး ။ ချန်ရှန်ရဲ့ လှုပ်ရှားမှုဟာ အရမ်းကိုလျင်မြန်ကာ လှုပ်ရှားမှုတစ်ချက်မှာပဲ ယောင်လူကြီးမင်းအား ချုပ်ကိုင်နိုင်လိုက် ပါတယ် ။
“ငါ့အနား ဘယ်သှူမှ မကပ်ကြနဲ့ ၊ မဟုတ်ရင် ဒီလူကို သတ်လိုက်မယ်”
ချန်ရှန် ပြောလိုက်တာပါ ။ သူဟာ ယောင်လူကြီးရဲ့ ခေါင်းကို ချုပ်ထားတာဖြစ်တယ် ။ ယောင်လူကြီးမင်းတွေဆိုတာ ယောင်မျိုးနွယ်ရဲ့ ရင်းမြစ်တွေပါပဲ ။ဒါကြောင့် ယောင်မျိုးနွယ် ၀င်တို့ဟာ ကြမ်းကြမ်းတမ်းတမ်း မလှုပ်ဝံ့ကြပါဘူး ။
“ချန်ရှန် ၊ မင်းတော့ ဒီနေ့ ကျိန်းသေ သေပြီပဲ ။ မင်းခုနေ အရှုံးပေးရင် မင်းရဲ့ အလောင်း အကောင်းအတိုင်း ပြန်ရမယ်လို့ အာမခံတယ်”
ချန်ဖုယွန် ပြောလိုက်ပါတယ် ။ ဒါပေမယ့် ခုတော့ သူဘာမှ မလုပ် နိုင်ပါဘူး ။ ချန်ရှန်ဟာ ယောင်လူကြီးကို သတ်လိုက်နိုင်ပြီး သူသာ တစ်ခုခုလုပ်လို့ သေသွားပါက သူ့တာဝန် ဖြစ်ပေ လိမ့်မည် ။
အားလုံးဟာ ချန်ရှန်တော့ ယောင်လူကြီးကို ဓားစာခံ လုပ်ထားပြီဆိုတာ သဘောပေါက်ကြပါ တယ် ။ ဒါပေမယ့် ဒါဟာ အမှန်တရားတစ်ခုတော့ မဟုတ်ပါဘူး ။ သူဟာ ဘိုင်ယုယုရဲ့ ထူးဆန်းသော ကျင့်စဉ်ဖြင့် ယောင်လူကြီး သူ့ဘာသာ အမှန်တရားကို ပြောလာအောင် လုပ်မလို့ပါပဲ ။
ချန်ရှန် သူ၏ နတ်အတွင်းအားအာရုံတွေကို ယောင်လူကြီး၏ ခေါင်းအတွင်း ထည့်လိုက်ပြီး နေရာချထားလိုက်ပါတယ် ။ ယောင်လူကြီးဟာ လုံးဝ မလှုပ်နိုင်အောင်ပါပဲ ။
“ကျွန်တော် ခင်ဗျားကိုမေးမယ် ။ ခင်ဗျားတို့ ယောင်မျိုးနွယ် တခြားမျိုးနွယ်စုက ကလေးတွေကို သတ်ဖို့ လူသတ်သမားတွေ စေလွှတ်ခဲ့သလား”
ချန်ရှန် မေးလိုက်ပါတယ် ။
“ဟုတ်တယ်”
ယောင်လူကြီးကလည်း ပြန်ဖြေပါတယ် ။ ဒီအဖြေကို ကြားလိုက်ရပြီးတဲ့အချိန်မှာ ယောင်ဟွန်ဟာ မျက်နာပျက်သွားကာ လူစုကြီးမှလည်း မကျေနပ်သံများ ထွက်ပေါ်လာ ပါတယ် ။ ခုနက ချန်ရှန်ပြောပြတုန်းက သူတို့ဟာ မယုံခဲ့ကြပါဘူး ဒါပေမယ့် ယခု ယောင်မျိုးနွယ်ရဲ့ လူကြီးတစ်ယောက်၏ ၀န်ခံမှုဟာ အံ့အားသင့် မယုံနိုင်ဖွယ်ရာပါပဲ .။
“ဘာလို့လဲ”
ချန်ရှန် ဆက်မေးလိုက်တယ် ။
“ဘာလို့လဲဆိုတော့ ချန်မျိုးနွယ်ရဲ့ ဂုဏ်သတင်းဟာ မကြီးလှပေမယ့် တဖြည်းဖြည်း ကျော်ကြား လာတယ် ။ ချန်မျိုးနွယ်ဟာ ဆေးလုပ်ငန်းကိုတောင် ၀င်ရောက်လာပြီး ဒါဟာ ငါတို့ ယောင်မျိုးနွယ်ကို ထိခိုက်စေတယ် ။ ဒါကြောင့်ငါတို့ဟာ ချန်မျိုးနွယ် စားသောက်ပွဲမှာ ပါဝင်ကြတယ့် တခြားမျိုးနွယ်စုတွေရဲ့ ကလေးတွေကို သတ်ပြီး ချန်မျိုးနွယ်အပေါ် အထင်လွဲ အောင် လုပ်ခဲ့ကြတယ် ။ ဒါဟာ ငါတို့ ယောင်မျိုးနွယ်အတွက် များစွာ အကျိုးရှိမှာ မို့လို့ပဲ”
ယောင်လူကြီးက ပြန်ဖြေတာပါ ။
ချန်ရှန် လှောင်ပြီး ခနဲ့တဲ့တဲ့လေသံဖြင့် –
“ဂုဏ်သရေ ရှိ လူကြီးမင်း အပေါင်းတို့ ၊ယောင်မျိုးနွယ်ဟာ တော်တော် စက်ဆုပ်ဖွယ် အရာတွေကို လုပ်ခဲ့ကြပါတယ် ။ ကျွန်တော်တို့ ချန်မျိုးနွယ်ကတော့ လူတန်းစားမရွေးအတွက် ဈေးသက်သာစွာဖြင့် ဆေးတွေကို ရောင်းချပေးသော ဆေးဘုရင် ခန်းမကို တည်ထောင်ခဲ့တယ် ။ ယောင်မျိုးနွယ်က ကျွန်တော်တို့ကို ပိတ်ဖို့ ကြိုးစားခဲ့ပါတယ် ၊ သူတို့ရဲ့ ရည်ရွယ်ချက်တွေဟာ ရှင်းလင်းပြီး ရိုးစင်းလှပါတယ် ။ သူတို့ဟာ လူတိုင်း ခက်ခက်ခဲခဲဖြင့် ရှာထားတဲ့ ငွေစတွေကို လောဘတကြီးနဲ့ သူတို့ရဲ့ ဆေးဆိုင်မှာပဲ ၀ယ်အောင် ကျွန်တော်တို့ကို ပိတ်သိမ်းစေတာပါပဲ”
ချန်ရှန် အသံမှာ ဟိန်းလို့ နေပါတော့တယ် . . . ။