Switch Mode

Chapter – 57

ကောင်းကင်၏ အလွန်မှကောင်းကင်

Chapter – 57 ကောင်းကင်၏အလွန်မှကောင်းကင်

ချန်ရှန်ဟာ စင်ပေါ်မှာ ရှိနေသော လူကြီးထံသို့လျှောက်သွားကာ မေးလိုက်ပါတယ် ။
“ကျွန်တော်က ခုပွဲရဲ့ အနိုင်ရသူပဲ ၊ အခု ဆုယူလို့ရနိုင်ပြီလား”
လူကြီးရဲ့ မျက်နာမှာ အံ့သြနေတယ့်အရိပ်အယောင်များ အပြည့်ကို ရှင်းလင်းစွာ မြင်နိုင်ပါ တယ် ။ ထို့နောက် –
“ငါကပွဲကိုကြေညာပေးတယ့် သဘာပတိသာလျှင်ဖြစ်တယ် ။ ဆုကလည်း ငါပေးတာမဟုတ် ဘူး ၊ဒီဝိဉာဉ်တော်ဆေးက ဂိုဏ်းတွေမှ ပေးခြင်းဖြစ်တယ် ။ မင်းသူတို့ ဆုံးဖြတ်မှုကို အောင် မြင်ရင် ရမယ်”
အပြုံးတစ်ခု ချန်ရှန်မျက်နာတွင် တောက်ပသွားပါတယ် ။ ၎င်းဟာ အလွန်ဆွဲဆောင်မှုရှိလှတဲ့ အပြုံးဖြစ်ပေမယ့် လူကြီးကတော့ ထိတ်လန့်နေဟန်ပါ ။ ခုနက ချီဓာတ်တွေထွက်ပြီး ပြုမူခဲ့ပုံ များကြောင့် သူသေမလောက်နီးပါး သွေးပျက်နေတာပါပဲ ။ တကယ်တော့ ခုနက ချန်ရှန်ဟာ အလွန်ကို ဒေါသထွက်နေသောကြောင့် ကြောက်မက်ဖွယ် အမဲလိုက်ခြင်းနဲ့ဆိုင်သော ချီဓာတ်တွေကို အများအပြာ ထုတ်လွှတ်ခဲ့တာပါ ။ ယခုအချိန်မှာမှ သူ့လုပ်ရပ်ဟာ လူအများအား အတော်ထိန်လန့်သွားစေတယ်ဆိုတာ သိလိုက်ရပါတယ် ။ ပွဲမှာ အနိုင်ရရှိပြီး တာတောင် ဒီဆေးကို ရရှိရန် ဘယ်လောက်ခက်ခဲတယ်ဆိုတာ တွေ့ နိုင်မှာပါ ။
ချန်ဖုယွန် ရောက်ရှိလို့လာပါပြီ ။ သူဟာ ချန်မျိုးနွယ်ဝင် ဖြစ်ပေမယ့်လည်း ယောင်မျိုးနွယ် ၏ အားပေးမှုကို ခံယူကာ ကိုယ့်မျိုးနွယ်ရဲ့ တိုးတက်မှုကို တားဆီးချင်နေသူပါ ။ မျိုးနွယ်စု ခေါင်းဆောင်ကိုတောင် တိုက်ခိုက်ကာ ရူးသွပ်စွာ ဟန့်တားနေသူပဲ ဖြစ်ပါတယ် ။
ချန်တျန်းဟူကို ဒဏ်ရာရစေတုန်းကတည်းက ချန်မျိုးနွယ်တစ်ခုလုံးမှ ကြီးကြီးငယ်ငယ် မှန်သမျှတို့ ဟာ ချန်ဖုယွန်ကို သူတို့မျိုးနွယ်ဝင်တစ်ယောက်ဟု မသတ်မှတ်ကြတော့ပါဘူး၊ ချန်ဖုယွန်နဲ့အသားခပ်လတ်လတ် လိမ်မာပါးနပ်ဟန်ရှိသော လူတစ်ယောက် ပါလာပါတယ် ။ သူဟာ အလွန်တည်ငြိမ်ပြီး ၎င်း၏ကိုယ်မှ အရမ်းကို သန့်စင်လှသော ချီဓာတ်များဟာ ထွက်နေတယ် ။ အံ့အားသင့်စရာကောင်းလှအောင်ကို ၎င်း၏ ချီဓာတ်များဟာ သန့်စင်ကာ အားကောင်းနေတာကို တွေ့ မြင်ကြရမှာ ဖြစ်ပါတယ် ။
“ချန်ရှန် မင်း ဆေးဘုရင်ခန်းမကို အောင်အောင်မြင်မြင်နဲ့ ဖွင့်ခဲ့နိုင်မယ်လို့ မထင်ထားဘူး ၊ ဒါတင်မကဘူး မင်းငါ့ရဲ့ တပည့်ကိုလည်း သေအောင် . . . .”
ယောင်ချွန်၏ ဆရာမှာ ချန်ဖုယွန် ဖြစ်နေတာပါပဲ ။
“ပါးစပ်ပိတ်ထား ၊ ခင်ဗျားဟာ မျိုးမစစ်ပဲ ။ ခင်ဗျားဟာ ချန်မျိုးနွယ် က မဟုတ်ဘူး ။ ကျွန်တော့ စီးပွားရေး ကျွန်တော်လုပ်တာ ခင်ဗျား ကိစ္စလား ၊ ဆေးဆိုင်ဖွင့်တာများ ခင်ဗျားလို ခွေးအို ကြီးရဲ့ ခွင့်ပြုချက်တောင်းနေရမှာလား ၊ ခင်ဗျားကိုခင်ဗျား ဘာထင်နေတာလဲ ၊ ခင်ဗျားဟာ တခြားလူတွေရဲ့ ဖိနပ်ကို လိုက်ဆွဲနေတယ့် ခွေးအိုကြီးပဲ”
ချန်ရှန် ကျယ်လောင်စွာ အော်လိုက်တာဖြစ်ပြီး သူ့အသံဟာ တကွင်းလုံး ဟိန်းသွားပါတော့ တယ် ။ ပုန်းကွယ်နေတယ့် ချန်မျိုးနွယ်ဝင် တစ်ယောက်ချင်းဆီပင် သဲသဲကွဲကွဲ ကြားရတာ ဖြစ်ပြီး သူတို့ဟာ ကျေနပ်နေကြပါတယ် ။
“မင်းးးးး . .. မင်းးးးး . . . .သူတောင်းစားလေး သေချင်နေတာပဲ”
ချန်ဖုယွန် ဒေါသကြောင့် မျက်နာများ နီရဲကာ ဘာကိုမှ ဂရုမစိုက်ပဲ ချန်ရှန်ဆီ လာတိုက်ခိုက် တော့မှာပါ ။ ဒါပေမယ့်လည်း သူဘာမှမလုပ်ခင် ဘေးမှလူရဲ့ ဟန့်တားခြင်းကို ခံလိုက်ရပါ တယ် ။
“ဒီတောင်ပိုင်းအင်ပါယာရဲ့ စွမ်းအားအကြီးဆုံး ကောင်လေးနဲ့ ကျွန်တော့ကို ရင်ဆိုင်ခွင့်ပြုပါ။ သူ ဒီဝိဉာဉ်တော်ဆေးကို ယူရလောက်အောင် ဘယ်လိုအစွမ်းတွေများရှိလဲဆိုတာ မြင်ချင် စမ်းပါဘိ”
ထိုလူက အေးစက်စက် ဖြင့် ပြောပါတယ် ။ သူ့ပုံစံက သူသာလျှင် လောကကြီးမှာ စွမ်းအား အကြီးဆုံး အထင်ရောက်နေပြီး အားလုံးအပေါ် အထင်သေးနေပုံပါပဲ ။ ချန်ရှန်လဲ လေသံ အေးအေးဖြင့် မချေမငံ ပြန်ပြောလိုက်ပါတယ် ။
“ခင်ဗျားတို့ ၂ ယောက်လုံးက ဂိုဏ်းကဖြစ်ပြီး ခင်ဗျားက ဒီကိစ္စမှာ ပါဝင်ရတယ့် လူပဲဖြစ်တယ် ၊ ခင်ဗျားဟာ ဂိုဏ်းရဲ့ စည်းမျဉ်းစည်းကမ်းတွေကို စောင့်ထိန်းရမှာပဲ”
“မင်းနိုင်ရင် ဒီဆေးက မင်းအပိုင်ပဲ ၊ မင်းရှုံးရင်တော့ သေရမှာပဲ”
ထိုလူက အေးစက်စွာ ပြန်ပြောပါတယ် ။
“ကျွန်တော် ရှုံးတာနဲ့ ဘာကြောင့် သေရမှာလဲဗျ”
ချန်ရှန် ခနဲ့တဲ့တဲ့ ပြောလိုက်ပါတယ် ။
“ဘာလို့လဲဆိုတော့ သိုင်းပြိုင်ပွဲပြီးလို့ ငါနဲ့ ယှဉ်ပြိုင်ရတယ့်လူဟာ အသက်ရှင်ရိုးထုံးစံ မရှိလို့ ပဲ ၊ ငါ့နာမည် ဇန်လောင် ပဲ”
ဇန်လောင်မှ ဂုဏ်ယူဟန်ဖြင့် ပြောတာပါ ။
ချန်ရှန် ကမ္ဘာ့အရယ်ရဆုံး ဟာသပျက်လုံးတစ်ခု ကြားလိုက်ရသလို ရယ်ပါတော့တယ် ။
“ခင်ဗျားက အဆင့် ၈ တောင် မရှိဘူးမလား ၊ အတွင်းစည်းတပည့်ရင်းတွေရဲ့ မျက်လုံးထဲမှာ ခင်ဗျားဟာ ခွေးမစင် သာသာပါ ။ အပြင်ဂိုဏ်းက လူတစ်ယောက်က ကျွန်တော့ကို နိုင်မယ် မစဉ်းစားလေနဲ့ ၊ ခင်ဗျားရဲ့ အားအင်တွေကို ဒီမှာ လာမဖြုန်းသင့်ဘူး ။ ဒါပြီးရင် အများအမြင်မှာ ခင်ဗျားဟာ ကိုယ်မလုပ်နိုင်ပဲ လျှောက်ပြောနေသလို ဖြစ်နေမယ်”
ဇန်လောင် စိတ်ဆိုးသွားပုံရပြီး အအေးချီငွေ့ တွေကို သူ့တစ်ကိုယ်လုံးမှ ထုတ်လိုက်ပါတယ် ။ သူ၏ မျက်လုံးများမှာလည်း ရက်စက်မှုတွေ ပြည့်နေသလိုပါပဲ ။
“ဒီနေ့ မင်း သေချာပေါက် သေရမယ်”
ချန်ရှန် ဟာ ချန်ဖုယွန် ဒီလိုလူမျိုး ဘယ်လိုရှာတွေ့ လာလဲဆိုတာ မသိပါဘူး ။ သူ၏ မျက်လုံး ထဲမှာတော့ အတွင်းစည်းတပည့်မဟုတ်သူဟာ ပုရွတ်ဆိတ်သာသာ သဘောထားတာပါ ။
ဒီအချိန်မှာ လူစုဝေးကြီးဟာ နောက်ဆုတ်သွားပါတယ် ။အဆင့် ၈ ရှိသူတွေ ကြားက တိုက်ပွဲ ဟာ တော်တော့ကို ပြင်းထန်မှာပါ ။ တချိန်ထဲမှာပဲ စိတ်လှုပ်ရှားကြလျက် လည်း ရှိနေပါ တယ် ။ သူတို့ကြားတာအမှန်ဖြစ်နေပြီး ချန်ရှန်ဟာ ဂိုဏ်းအပြင်စည်းတပည့်ကို ရင်ဆိုင်ရမှာ မို့ပဲ ဖြစ်ပါတယ် ။ ၎င်းတို့ ၂ ယောက်ကြားတိုက်ပွဲဟာ မှန်းဆမရနိုင်တော့ပါဘူး ။ ဒီပွဲဟာ သူတို့အတွက် သိုင်းပညာအစစ်မှန်များကို မြင်တွေ့ ခွင့်ရမှာဖြစ်ပြီး များစွာသောအကျိုးကျေး ဇူးများကို ရရှိမှာ ဖြစ်ပါတယ် ။
စင်ဟာ သစ်သားဖြင့် ပြုလုပ်ထားတာ ဖြစ်ပြီး ယဲ့ယဲ့ပဲ ကျန်ပါတော့တယ် ။ ချန်ရှန် ခုနက ခြေကန်ချက်ကြောင့် ပျက်ဆီးခဲ့တာ ဖြစ်ပါတယ် ။ ချန်ဖုယွန် နောက်ဆုတ်လိုက်ပြီး သူဟာ ဇန်လောင်အပေါ် တော်တော် ယုံကြည်ပုံပါပဲ ။ ချန်ရှန်တော့ ဒီတချီ အသေပဲဖြစ်မယ်လို့ ကျိန်းသေပေါက်ကို တွေးနေပါတယ် ။ ဒါတင်မက ချန်ရှန်သေပြီးရင် ချန်မျိုးနွယ်ဟာလည်း ယောင်မျိုးနွယ်ရဲ့ သိမ်းပိုက်ခြင်းကို ခံရမယ်လို့ ထင်နေတာပါ ။ ဒီလိုသာဖြစ်ပါက သူနဲ့ ဂိုဏ်းအတွင်းက ယောင်မျိုးနွယ်တို့ များစွာ ဆက်ဆံရေးကောင်းမွန်လာမှာ ဖြစ်ပါတယ် ။
“ခင်ဗျားက ကျွန်တော့ထက်တော့ အသက်ကြီးပုံပါပဲ ၊ ခင်ဗျားကျွန်တော်ကို အခုနိုင်ရင် တော်တော် ဂုဏ်တက်မယ်လို့ ထင်နေလား ၊ ကျွန်တော်က ၁၆ နှစ်ပဲ ရှိသေးတယ် ။”
ချန်ရှန် ပြုံးလျက် ပြောလိုက်ပါတယ် ။ ဒီလိုသာ မပြောခဲ့ရင် လူတိုင်းဟာ တကယ်ကို သူ့အသက်အား မေ့နေကြမှာပါ ။ ဒါကိုစဉ်းစားမိပြီးနောက်မှာ လူတိုင်း ချန်ရှန်ဟာ ဒီလိုအရွယ်နဲ့ ဒီလိုအောင်မြင်မှုတွေရတယ် ၊ အရမ်းကို စွမ်းအားကြီးတယ့် လူငယ်ပါတကား ဟု သတ်မှတ်မိကြပါတော့တယ် ။
“ကောင်းပြီ ၊ ငါမင်းကို တစ်ကွက် အလျော့ပေးမယ် ။ ဒီနေရာမှာ မလှုပ်ပဲ ရပ်နေမယ် ။ ဒါပြီးရင်တော့ ငါညှာမှာမဟုတ်တော့ဘူး”
ဇန်လောင်ဟာ ရှေ့ ထွက်လာပါတယ် ။ ချန်ရှန်ဟာ အဆင့် ၇ သာရှိတယ်လို့ ဇန်လောင်အား ချန်ဖုယွန်မှ ပြောကြားထားခဲ့တာပါ ။ ဇန်လောင်ကတော့ အဆင့် ၈ ဖြစ်ပြီး တဖက်လူဟာ ဆေးပညာရှင်တစ်ယောက် ဖြစ်သောကြောင့် ဒီသိုင်းပညာမှာ အားနည်းလိမ့်မယ်ဟု ထင်ကာ အထင်သေးနေပုံပါပဲ ။
အပြင်ဘက် လောကမှာ အဆင့် ၈ ဆိုတာ ထိပ်သီးသိုင်းပညာရှင်လို့ သတ်မှတ်ထားကြတာ ပါ ။ ဒါပေမယ့် သိုင်းပညာဂိုဏ်းတွေမှ တပည့်ရင်းတွေကတော့ ချီဓာတ်များကို များစွာ စုပ်ယူ နိုင်ကြပြီး ဝိဉာဉ်တော်ဆေးတွေ အစားအစာတွေ စားနိုင်တဲ့အတွက် ၎င်းတို့ရဲ့ ချီဓာတ်များ ဟာ အရမ်းကောင်းမွန်ကြပါတယ် ။ ဒါကြောင့် ဒီလို အပြင်လောကက လူတွေဟာ အတွင်းစည်းက တပည့်ရင်းများကို ဘယ်လိုမှ ယှဉ်ပြိုင်နိုင်မည် မဟုတ်ပါပေ ။
“ခင်ဗျားက ကျွန်တော့ကို တစ်ကွက်အကျောပေးတယ် ဟုတ်လား”
ချန်ရှန် အသံဟာ ခံစားချက်မဲ့နေပုံပါ ၊ ဒါပေမယ့် သူစိတ်ထဲမှာတော့ အဆင့် ၈ သိုင်းပညာ ရှိတယ့် သူ၏လက်သီးကို အကာကွယ်မပါပဲ အထိုးခံရပါက ဇန်လောင် သာမက အဆင့် ၉ ရှိသူပင် တော်တော် ထိခိုက်နိုင်စေမှာ အမှန်ပါပဲ ။
ဇန်လောင် လှောင်ပြီး ပြောလိုက်ပါတယ် ။
“မင်း ဒီတစ်ချက်မှာ အားကုန်သာသုံးပြီးတိုက်ပေတော့ ၊ ဘာလို့လဲဆိုတော့ ဒါမင်းရဲ့ နောက်ဆုံး တစ်ချက်မို့ပဲ ။ ဒါပြီးရင်တော့ မင်းသေပြီလေ”
“ဟုတ်ပြီ ကျွန်တော် တိုက်မယ်”
ချန်ရှန် ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ပါတယ် ။သူ၏ စိတ်ထဲမှာတော့ ကြိတ်ပြီး ကျေနပ်နေတယ် ။ ဒီလိုအရူးမျိုး ဒီလောကမှာ ရှိမယ်လို့ မထင်ခဲ့မိဘူးလေ ။
ဇန်လောင် အထင်သေးစွာ ပြုံးလိုက်တယ် ။ သူ၏ ကိုယ်တစ်ခုလုံးအဖြူရောင်အခိုးများ ထွက်ပေါ်လာပြီး ထို့နောက်မှာတော့ ချီအငွေ့ များ အဖြစ် ပြောင်းသွားပါတယ် ။ ဒါဟာ သူ့ကိုယ်တစ်ခုလုံးအား ချီအကာကွယ်ဖြင့် ဖုံးလိုက်တာပါပဲ ။ ကွင်းထဲရှိလူတိုင်းဟာ ၎င်း ချီ အကာကွယ် ရဲ့ ပြင်းထန်ပြီး ထူထဲခိုင်ခန့်မှုကို မြင်တွေ့ နေကြရတယ် ။ အဘယ်ကြောင့်ဆိုသော် ထိုအကာအကွယ် ဖြစ်လာတဲ့အခါ ထိမိတယ့် သစ်သားအပိုင်းအစ များဟာ အမှုန့်အဖြစ် ပြောင်းသွားလို့ပါပဲ ။
“မင်းကိုယ်မင်း လုံလောက်တယ်ထင်နေတယ်ပေါ့ ။ ဒီအဆင့်နဲ့ သင့်ရုံလောက်ပဲ ရှိတယ် ၊ မင်းကို ငါအဆုံးသတ်မယ်”
ချန်ရှန် စိတ်ထဲမှ တွေးနေတာပါ ။ ထို့နောက် ထိုက်ကျိကျင့်စဉ်ကို ထုတ်ကာ ချီဒြပ်စင် ၅ ခုကို သူ၏ကိုယ်တွင် နေရာချထားနေပါတော့တယ် ။
အရင်က သူ အဆင့် ၅ ပဲရှိတုန်းကတောင်ချန်ရိဟန်အား တူညီသော ချီဒြပ်စင် ၅ ခုအား ပေါင်းစပ်ကာ အနှိုင်းမဲ့စွမ်းအားဖြင့် ရှုံးနိမ့်စေခဲ့ပါတယ် ။ ကောင်းကင်နဲ့ မြေကြီးမှ ဖြစ်တည် လာသော စွမ်းအားဖြစ်ပြီး အဆုံးမရှိ စွမ်းအားကြီးမားလှပါတယ် ။ ဒါတင်မကသေးပါဘူး အရင်တခေါက် သူသုံးတုန်းက သူ့ကိုယ်တစ်ခုလုံး မခံမရပ်နိုင်လောက်အောင် နာကျင်အားကုန်သွားခဲ့တာ ဖြစ်ပြီး ခုတခေါက်ကတော့ မတူပါဘူး ။ သူဟာ ယခု အဆင့် ၈ ဖြစ်နေရုံမက သူ၏ ကိုယ်အားလည်း ထာဝရမိစ္ဆာ ရေကန်ထဲ သန့်စင်ထားသောကြောင့် ၎င်း ခန္ဓာကိုယ်ဟာ ထာဝရမိစ္ဆာ ကိုယ် ဖြစ်လို့နေပါပြီ ။ ဒါကြောင့် သူဟာ ခုနကလို အနှိုင်းမဲ့ စွမ်းအားဖြင့် ထိုးနှက်ခြင်းကိုတောင် ခံနိုင်ရည် ရှိနေမှာပါပဲ ။
သူဟာ တဖက်ရန်သူမှ ဒီလိုမိုက်ရူးရဲဆန်စွာ သေချင်နေတော့လည်း သူတို့ဆန္ဒပြည့်ဖို့အ တွက် မငြင်းဆန်တော့ပါဘူး ။ သူ့ပြိုင်ဖက် သေသွားပါက လူတိုင်းဟာ ကောင်းကင်ရဲ့ အလွန်မှာ ကောင်းကင်ရှိသေးတယ်ဆိုတာ သိသွားပါလိ့်မ်မယ် ။
(ဆိုလိုသည်မှာ သင်ဘယ်လိုပင် အကောင်းဆုံးဟုတွေးထင်ထားသော်လည်း ၎င်းထက် ပိုမို ကောင်းမွန်သောအရာဆိုတာ အမြဲ ရှိတယ်ဟု ဆိုလိုခြင်းပါ)
ချီဒြပ်စင် ငါးခုလည်း ချန်ရှန်ဆီ ပေါင်းဆုံလျက် အနှိုင်းမဲ့ စွမ်းအင်အဖြစ် ပြောင်းလဲသွားပါ တယ် ။ ၎င်းစွမ်းအင်ဟာ သူ၏ လက်မှ ထွက်ပေါ်နေပြီး ၎င်း၏ တည်ရှိမှုကို ထုတ်ဖော်မပြ သနိုင်လောက်အောင်ပါပဲ ။ ထို့နောက်မှာတော့ ချန်ရှန်ဟာ ခုန်လျက် ဇန်လောင် ဆီသို့ တဟုန်ထိုး လာလျက် ရှိနေပါတော့တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset