Switch Mode

Chapter – 56

ရည်ရွယ်ချက်ရှိရှိ အပြစ်ပေးခြင်း

Chapter – 56 ရည်ရွယ်ချက်ရှိရှိအပြစ်ပေးခြင်း

ပရိတ်သတ်များဟာ မင်းသား၏ လျင်မြန်တဲ့ ထိုးချက်များကို ရှင်းလင်းစွာ မမြင်နိုင်ပါဘူး ။ သူတို့ပတ်လည်မှာ စွမ်းအားကြီးလှတယ့် ချီအငွေ့ များဟာ ကာနေလို့ပါပဲ ။ ဒါပေမယ့် ချန်ရှန် ကတော့ သူ့ပြိုင်ဖက်၏ အမြန်နှုန်းကို သိနေပါတယ် ။ တကယ်တော့ လက်သီးတစ်ချက်ချင်း ဆီ၏ အဆုံးသတ်ကို တိကျစွာ ခန့်မှန်းနိုင်ပြီး သူ၏ လက်သီးများဖြင့် တုံ့ပြန်နိုင်နေတာပါ ။
ချန်ရှန်ဟာ မိုးပြာနဂါးချီဓာတ်ကို သုံးနေတာဖြစ်ပြီး လျှပ်စီးများဟာ ပုံရိပ် ၂ ခုကြားမှာ လင်းလတ်လျက် ရှိနေပါတယ် ။ တုံ့ပြန်မှု တစ်ချက်ဆီတိုင်းမှာ ဟိန်းဟောက်သံများကို ကြားနိုင်ပြီး တစ်ဦးချင်းဟာ သူတို့ရဲ့ ကိုယ်ပိုင် ချီအငွေ့ မုန်တိုင်းများအား ထုတ်လွှတ်နေကြ တာပါ ။ ချန်ရှန်၏ မိုးပြာနဂါးကတော့ ပိုမို အစွမ်းထက်ပုံပါပဲ ။
စင်မြင့်ပေါ်မှာ ရှိနေတယ့် မြင်ကွင်းကတော့ မျက်စိကျိန်းစရာ ရင်သပ်ရှုမောဖွယ်ရာပါပဲ ။ လူ ၂ ယောက်ဟာ ကြီးမားပြင်းထန်တယ့် စစ်ပွဲတစ်ခုကို မီးစွမ်းအားများဖြင့် တိုက်ခိုက်နေကြ ပါတယ် ။ မရေတွက်နိုင်သော လက်သီး ၂ ခု ဆန့်ကျင်ထိခိုက်ရာမှ သေစေနိုင်လောက်သော ပေါက်ကွဲမှုများဟာ လည်း ဖြစ်ပေါ်နေလျက် ရှိပါတယ် ။
တိုက်ခိုက်မှုကို စတင်ခဲ့တဲ့ ဆောင်နန်မင်းဟာ အခုတော့ တဖြည်းဖြည်း နောက်ဆုတ် နေရပါပြီ ။ ဒါပေမယ့် သူဟာ တုန့်ပြန်တိုက်ခိုက်နေတုန်းပါပဲ ။ သူ၏ လက်သီး ၂ ဖက်လုံးဟာ ယခု ထုံကျင်ကျင် ဖြစ်နေပါပြီ ။ ချန်ရှန်၏ တန်ပြန်တိုက်ခိုက်မှုများမှ အားကောင်းလှသော ချီဓာတ်များကိုလည်း အာရုံခံစားမိနေပါတယ် ။ ဒီထက်အရေးကြီတာကတော့ ဆောင်နန်မင်း ဟာ ချန်ရှန်ကို နဂါးငွေ့လက်သီးသုံးပြီး မြန်မြန် အနိုင်ယူတော့မယ်လို့ တွေးလိုက်တယ် ။ ဒါကြောင့် သူဟာ များစွာသော ချီဓာတ်များကို တိုက်ကွက်အတွက်သုံးလိုက်ပြီး ဒီတိုက်ကွက် ကြောင့် ခန်ရှန် ခုခံနေမှုများ အဆုံးသတ်သွားမယ်လို့ ထင်နေပါတယ် ။
“ဒီပျောက်ဆုံးနေတယ့် တိုက်ကွက်ကို မင်းကောင်းကောင်းမသုံးနိုင်ပါဘူး ။ ဒီ နဂါးစွမ်းရည် တိုက်ကွက်က မင်းနဲ့လုံးဝ မတန်ဘူး”
ချန်ရှန် ရုတ်တရက် လှောင်ပြောင်လိုက်ပြီး သူ၏ တိုက်ခိုက်မှုများဟာ ပိုမို ပြင်းထန်လာပါ တော့တယ် ။ ရုတ်တရက် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး ရွှေရောင်ချီဓာတ် များဟာ သူ၏ခန္ဓာကိုယ် တစ်ခုလုံးမှ ထွက်လာပါတယ် ။
သူ၏ လက်သီး ၂ ဖက်လုံးမှာ စစ်မှန်သော ရွှေရောင် ချီဓာတ်များဟာ စီးဆင်းနေပြီး ဆောင်နန်မင်း အသုံးပြုခဲ့တယ့် နဂါးစွမ်းရည် တိုက်ကွက်နဲ့ တူနေပါတော့တယ် ။ ဒါပေမယ့် ယခင်က မြင်ကွင်းနဲ့ နှိုင်းယှဉ်ပါက ယခုမြင်ကွင်းမှာ ပိုမို အံ့သြ တုန်လှုပ်စရာ ကောင်းနေပါ တယ် ။
ရွှေရောင်အငွေ့ တွေဟာ ပြင်းထန်စွာထွက်နေပြီး ချန်ရှန်၏ မျက်လုံးထဲကိုပင် ဟပ်လို့ နေပါတယ် ။ သူ၏လက်များဟာ ရွှေရောင်အတုံးကြီးဖြင့် ကာထားသလိုပုံစံရှိပြီး ပုံရိပ်ယောင် များထင်နေကာ ၎င်းတို့ဟာ ကြောက်မက်ဖွယ် စွမ်းအားပြည့်ဝလှတယ့် သိမ်းငှက်လက်သည်း များအသွင် ပြောင်းသွားပါတော့တယ် ။ တကယ်တော့ ရွှေရောင် ပုံရိပ် များဟာ တစ်ယောက်ချင်းဆီမှာ ပေါ်နေပြီး ချီဓာတ်များ ပေါင်းစည်းသွားကြပုံမှာ ပရိတ်သတ် များ၏ စိတ်နှလုံးကို ကိုင်လှုပ်နေသလိုပါပင် ။
နဂါးစွမ်းရည် တိုက်ကွက်ဟာ သတ္တုချီဓာတ်အသုံးပြုသူ ပညာရှင်အတွက်သာ သင့်တော်တာ ဖြစ်ပြီးချန်ရှန်၏ အဖြူရောင်ကျား ဟာလည်း သတ္တုချီဓာတ်ပါ ။ ဒါကြောင့် သူ၏ ထိုချီဓာတ်ဟာ ပြင်းထန်နေတာဖြစ်ပြီး သူ ဒီ နဂါးစွမ်းရည် အကွက်ကို သုံးတဲ့အခါ သူ၏ ချီဓာတ်များဟာ ကြောက်မက်ဖွယ် ဖြစ်နေပြီး ပိုမိုအားကောင်းလာပါတော့တယ် ။ သူ၏ စွမ်းအင်သိုလှောင်ရာဟာလည်း ကြီးမားလာပြီး ချီဓာတ်များ ပိုမို ထုတ်လွှတ်ပေးကာ တလောက လုံးရဲ့ စွမ်းအင်များကို ရလိုက်သလိုပါပဲ ။
မနီးမဝေးရှိ မျှော်စင်မှာတော့ ဧကရာဇ်ဟာ ရာဇပလ္လင်ပေါ်မှ ထလိုက်ပါတယ် ။ သူ၏ မျက်လုံး များဟာ ကျယ်လျက်ရှိပြီး အံ့အားသင့်မှုများကိုလည်း အထင်းသား မြင်တွေ့ နိုင်ပါတယ် ။
“မဖြစ်နိုင်ဘူး ၊ လုံးဝကို မဖြစ်နိုင်ဘူး ။ ဒီကျင့်စဉ်ဟာ ငါတို့ တော်ဝင်မျိုးနွယ်ပဲ ပိုင်ဆိုင်တာ ဒီကောင်လေးဟာ ဘယ်လိုများ တတ်မြောက်နေရတာလဲ”
ချန်ရှန်အားကြည့်ရင်း ဧကရာဇ်ဟာ တီးတိုးရေရွတ်နေပါတယ် ။ ရုတ်တရက် ပဲ အရိုင်းစိတ်များ ၀င်သွားဟန်မျက်နာဖြင့် –
“ဒီတောင်ပိုင်း အင်ပါယာ တစ်ခုလုံးမှာ ငါတို့ဟာ ဒီကျင့်စဉ်ကို တခြားလူ လုပ်နိုင်တာ ခွင့်မပြုဘူး ။ ငါတို့ တော်ဝင်မျိုးနွယ်သာ ဒီကျင့်စဉ်ကို သားစဉ်မြေးဆက် အသုံးပြုလာတာပဲ”
ချန်ရှန် ဒီကျင့်စဉ်ဟာ ဒီလောက် လေးနက်လှမယ်လို့ မထင်ခဲ့ပါဘူး ။ နောက်ပြီး သူဟာ ဆောင်နန်မင်း ပြုမူခဲ့တယ့်အတိုင်း သူ၏ ချီဓာတ်များကို အတိအကျ လည်ပတ်စေခဲ့တာဖြစ်ပြီး ဒါကိုရှင်းပြဖို့တော့ နည်းနည်း ခက်ခဲပါတယ် ။ ချန်ရှန်မှာ ပြင်းထန်လှတယ့် စွမ်းအားများနဲ့ နတ်အတွင်းအားများ ရှိနေသောကြောင့် သူဟာ လွယ်ကူစွာ လေ့လာမှတ်သားနိ်ုင်ကာ သူ၏စိတ်ထဲ သိမ်းဆည်းနိုင်တာဖြစ်ပါတယ် ။ ခုတော့ မမျှော်လင့်ပဲ တိုက်ကွက်စွမ်းရည်တစ်ခုကို ရရှိခဲ့တာဖြစ်ပြီး အံ့သြစရာပြင်းထန်လှတယ့် ချီဓာတ်များဟာ သူ့ကိုယ်တစ်ခုလုံးမှ ထွက်နေပါတော့တယ် ။
“မင်းးးးးး . . . မင်းးးးးးးးးးး . . . ဘယ်လိုလုပ်နိုင်ရတာလဲ ၊ ကမ္ဘာကြီးရဲ့ ဘယ်နေရာကများ သင် လာတာလဲ ။ ငါတို့လို မွေးရာပါ နဂါးသွေး ရှိသူတွေသာ ဒီလိုသင်ယူနိုင်တာ ၊ မင်းလို အပြင်လူ တစ်ယောက်က . . .”
ချန်ရှန် ခြေလှမ်းမလှမ်းခင်မှာပင် မင်းသား၏ စကားမဆုံးလိုက်ပါဘူး ။ တကယ်တော့ ပြိုင်ပွဲ စင်တစ်ခုလုံး ခိုင်ခန့်လှသော သစ်သားများဖြင့် ပြုလုပ်ထားသော်လည်း ကျိုးသွားခဲ့ပါပြီ ။ ဒီလိုခြေလှမ်းလေးနဲ့ပင် လုံးဝ ကျိုးကြေပျက်ဆီးသွားတာပါ ။ မီးခိုးများ ဖုန်မှုန့်များဟာလည်း အရပ်မျက်နာ အဖက်ဖက်ကို လွင့်စင်လျက် ငရဲကျနေသလိုဖြစ်နေတာကို ပရိတ်သတ်များ မြင်တွေ့ နေရပါတယ် ။
ဒီလိုစွမ်းအားပြင်းထန်လှသောအခြေနေများဟာ စင်အနားရှိလူတွေပါ နောက်ကို ကမန်းကတန်း ဆုတ်ခွာ သွားစေကြပါတယ် ။ သူတို့ အနီးမှာဆက်နေပါက သူတို့ အသက် အန္တရာယ်ကို ကို ထိခိုက်မှာကြောက်ကြသောကြောင့်ပါ ။
“ဟမ် ၊ ချီဓာတ်အများကြီး ကုန်ပေမယ့် စွမ်းအားကလည်း ပြောစရာမလိုဘူးပဲ ။ တကယ် တော့ ပျောက်ကွယ်နေတယ့် ဒီစွမ်းရည်ဟာ နာမည်နဲ့ တကယ်ကို လိုက်ပါပေတယ်”
ချန်ရှန်ဟာ သူယခုပိုင်ဆိုင်သွားတယ့် စွမ်းအားနဲ့ပတ်သတ်ပြီး အံ့သြနေပါတယ် ။ သူ့အတွက် တော့ တကယ်ကို ကြီးမားတယ့် အကျိုးရလဒ် ဖြစ်ပေါ်ခဲ့ပါပြီ ။
ဆောင်နန်မင်းဟာ တော်တော် အံ့သြနေပါတယ် ။ ချန်ရှန်သူ့ကို လိုက်လုပ်တာကို မုန်းတီး လျက် မနာလိုဖြစ်ကာနေပါတော့တယ် ။ သူနဲ့ချန်ရှန်ဟာ တိုက်ကွက်ခြင်း တူပေမယ့်လည်း အားခြင်းကတော့ ကွာနေတာပါ ။
“ချန်ရှန် ၊ ငါ့ကို အပြစ်မတင်နဲ့နော် ၊ မင်းရဲ့ စွမ်းရည်တွေ ထုတ်မပြခြင်းအတွက် မင်းကိုမင်းပဲ အပြစ်တင်ပါ”
ဆောင်နန်မင်းမျက်လုံးများဟာ ရုတ်တရက် တောက်ပသွားပြီး အငွေ့ များ ထွက်ပေါ် လာသလိုပါပဲ ။ သူဟာ လက်များကို လှုပ်ရှားလိုက်ပြီး အရမ်းသေးငယ်ကာ ကောင်းမွန်လှတဲ့ အပ် ၁၀ ချောင်းကို ဖုန်များ မီးခိုးများကို ဖြတ်လျက် ချန်ရှန်ဆီ ပစ်လိုက်ပါတော့တယ် ။
မီးခိုးငွေ့ များဟာ နေရာတိုင်းပြန့်နှံ့နေသော်လည်း ချန်ရှန်၏ နတ်အတွင်းအား အာရုံများဟာ ကြောက်စရာကောင်းလောက်အောင် တိကျမှုရှိနေတယ် ။ သူဟာ သူ့ပတ်လည်မှာရှိတယ့် လှုပ်ရှားမှုမှန်သမျှကို ရှင်းလင်းစွာ တွေ့နေရပါတယ် ။ သူ့ဆီကို ပျံသန်းလာတယ့် ဒီအပ်လေး များ အပါအ၀င်ပေါ့ ။
အပ်လေးများဟာ ချန်ရှန်ဆီ ပျံသန်းလာတာကြောင့် သူဟာ မီးနံရံတစ်ခုကို ရုတ်တရက် အော်ပြီး အရှေ့ မှာ ကာရံစေလိုက်ပါတယ် ။ ဒါဟာ ဆေးပညာနဲ့ဆိုင်တယ့် စစ်မှန်သော မီး ချီဓာတ်ပါပဲ ။ ဒီအရာဟာ သံထက်မာတယ့် အရာတွေကိုတောင် အရည်ပျော်စေနိုင်တယ့် မီးတောက်တွေပါ ။ ဒီလို အပ်သေးသေးလေးတွေ လောက်ကတော့ စာဖွဲ့ စရာ မလိုတော့ချေ။
အပ်များဟာ အရည်ပျော်လျက် မီးနံရံကို ထိမှန်သွားကြပါတယ် ။ မီးနံရံလည်း ပျောက်ကွယ် သွားကာ မီးခိုးများ ရှင်းလင်းသွားချိန်မှာတော့ စွမ်းအားပြင်းထန်လှတယ့် နဂါးချီအငွေ့တွေ ဟာ သူ၏ လက်သီးများမှာ ထွက်လို့နေတာကို မြင်နိုင်ပါတယ် ။ ချန်ရှန်ဟာ ဆောင်နန်မင်း ဆီသို့ တလှမ်းခြင်း လျှောက်သွားကာ –
“နဂါးငွေ့လက်သီး”
ချန်ရှန် အေးစက်စွာ အော်လိုက်ပါတယ် ။ သူ၏လက်သီးများဟာ သူ၏ ပြိုင်ဖက်ရှိရာသို့ တဟုန်ထိုး ၀င်ရောက်သွားပါတယ် ။ ၎င်းဟာ ထောင်ပေါင်းများစွာသော ရွှေရောင် ဥက္ကာခဲ များ မင်းသားပေါ်သို့ မိုးရွာချနေသလိုပါပဲ ။
ဆောင်နန်မင်းဟာ ချန်ရှန် ဒီလိုသေးငယ်လှတယ့် အပ်လေးများကို ရှောင်တိမ်းနိုင်တာ တွေ့ လိုက်၇သောကြောင့် မိန်းမောနေလျက်ရှိနေတာပါ ။ သူဟာ သူ့ဆီသို့ မိုးရွာသလို ကျလာမယ့် နဂါးငွေ့လက်သီးချက်များကို တောင် မြင်နိုင်စွမ်းမရှိတော့ပါဘူး ။ မျက်စိတမှိတ်အတွင်းမှာပဲ သူ၏ကိုယ်တစ်ခုလုံးဟာ ဒီလိုပြင်းထန်လှတယ့် ရွှေရောင်လက်သီးတွေ ရာပေါင်းများစွာ ထိုးနှက်ခြင်းကို ခံလိုက်ရပါပြီ ။ အရေပြားပေါ်ကို ထိမှန်ချက်များမှ အသံများဟာ ကောင်းကင် တိုင်အောင် ထွက်လျက် ပေါက်ကွဲမှုများဟာလည်း ဆက်တိုက်ဆိုသလိုပါပဲ ။
ဆောင်နန်မင်းရဲ့ ခန္ဓာကိုယ်တစ်ခုလုံးဟာ ရစရာမရှိအောင် ထိုးခံထားရတာ ဖြစ်ပြီး သူ၏ အရေပြားများ ၊ အရိုးများနဲ့ စွမ်းအင်သိုလှောင်ရာနေရာများပါမကျန် အားလုံးပျက်ဆီးကုန်ပါ ပြီ ။ မြေကြီးပေါ်တွင်လဲလျက် အသားတုံးကြီးတစ်ခုလိုပါပဲ ။ ဒါပေမယ့် အသက်တော့ ရှင်နေ ပါသေးတယ် ။ စည်းမျဉ်းအရ သူဟာ မသေသောကြောင့် ဒီလိုတိုက်ခိုက်ခံတာဟာ စည်းကမ်းဖောက်ခြင်း မရှိခဲ့ပါဘူး ။
ဆောင်နန်မင်းဟာ ရှင်လျက်နဲ့ သေသလိုကို ဖြစ်ခဲ့တာပါ ။ လူဟု ခေါ်ဆိုရအောင် နေရာပင် မကျန်တော့ပေ ။ အချဉ်ရည်စမ်းထားသော အသားတုံးကြီးနဲ့သာ တူပါတော့တယ် ။
ကွင်းထဲရှိလူတိုင်းနီးပါး အန် ကုန်ကြပြီး ။ တချို့ ကတော့ အန်နေရင်းပင် ကြောက်ရွံ့ မှုကြောင့် တုန်နေလျက် ရှိကြပါတယ် ။
ချန်ရှန်ဟာ သူ့လုပ်ရပ်သူ မှန်တယ်လို့ ထင်မိနေတယ် ။ ဒီလို ဘ၀င်လေဟပ်နေတယ့် မင်းသားကို သင်ခန်းစာကောင်းကောင်းပေးသင့်တာပါ ။ မူလက သူဟာ အနိုင်ယူရုံသာ တိုက်ခိုက်မယ်လို့ ဆုံးဖြတ်ထားသော်လည်း မင်းသားရဲ့ ယုတ်မာသောပင်အပ် တိုက်ခိုက်မှု ကြောင့် ချန်ရှန်ဟာ ထိုမင်းသား သူ၏ စွမ်းအားများ ပြန်မရနိုင်တော့အောင်ကို နှိပ်ကွပ်ခဲ့တာ ဖြစ်ပါတယ် ။
“နန်မင်းးးးးးးးးးးးးး”
အော်သံတစ်ခု မနီးမဝေးမှ ထွက်ပေါ်လာပြီး ကွင်းထဲမှ လူများ၏ နားများပင် လှုပ်ခတ်သွား မယောင်ပါ ။ အရမ်းကို ဒေါသထွက်နေတယ့် သက်လတ်ပိုင်းအရွယ် လူတစ်ယောက် နဂါးဝတ်ရုံကိုဝတ်လျက် မင်းသား၏ဘေးမှာ ရုတ်တရက် ပေါ်လာပါတယ် ။ ဆောင်နန်မင်းမှာ သူ့ကိုယ်သူ သေသလား ရှင်သလားတောင် ဆုံးဖြတ်ရခက်တဲ့ အခြေအနေပါပဲ ။
ဒါကတော့ တောင်ပိုင်းအင်ပါယာ ၏ ဧကရာဇ် ဆောင်ဝု ဖြစ်ပါတယ် ။
ကွင်းထဲရှိ လူတိုင်းဟာ ခုနက မြင်ကွင်းကြောင့် မိန်းမောလျက် ရှိနေပါတယ် ။ ချန်ရှန်ဟာ ဧကရာဇ်ရဲ့ သားတော်ကို ဒုက္ခိတ ဖြစ်စေလိုက်ပါပြီ ။ ဒါ့အပြင် ဧကရာဇ်ဟာလည်း အားနည်းပုံ မပေါ်ပါဘူး ။ ကြီးမားတဲ့ တိုက်ပွဲတော့ မကြာခင် ဖြစ်ဦးမယ့်ပုံပါ ။
“မင်းသားကို နန်းတော် ခေါ်သွားကြ”
ဆောင်ဝု သူ့နောက်မှာရှိတယ့် လူ ၂ ယောက်ကို အော်လိုက်ပါတယ် ။ ၎င်းတို့ဟာ တော်ဝင်နန်းတော်မှ ပညာရှင်တွေ ဖြစ်ပြီး ဆောင်ဝု နောက်မှ ရောက်လာသူတွေပါ ။ အဆိုပါ လူ ၂ ယောက်ကို ပြိုင်ပွဲကို လာကြည့်တာဖြစ်ပြီး အရမ်းကို စွမ်းအားကြီးတယ့် လူတွေလည်း ဖြစ်ပါတယ် ။
ချန်ရှန်ဟာ မည်သည့်စည်းမျဉ်းကိုမျှ မချိုးဖောက်ခဲ့ပါဘူး ။ ဧကရာဇ်ဟာ သူ့သား လုပ်ရပ်ကို ကောင်းကောင်းသိနေတာဖြစ်ပြီး ချန်ရှန် ကာကွယ်နိုင်လိမ့်မယ်လို့လည်း ခန်မှန်းမိပါတယ် ။ ဒီအတွက် စိတ်အနှောက်အယှက် ဖြစ်သွားပြီး ဒီမှာရှိသည့်လူတိုင်း သူ့သား၏ လှည့်ကွက်ကို မရိပ်မိစေရန် မင်းသားအား မြန်မြန်ခေါ်သွားခိုင်းခြင်းဖြစ်ပါတယ် ။ မင်းသားကို ယောင်မျိုးနွယ် ထံတော့ ပို့မယ် မထင်ပါဘူး ။
ဧကရာဇ်ရဲ့ ဂုဏ်သိက္ခာဟာ တခြားအရာအားလုံးထက် ပိုအရေးကြီးပါတယ် ။ လူတိုင်းသာ သရဖူဆောင်းမင်းသားမှ ဒီလို ယုတ်မာသောအကြံအစည်ဖြင့် တိုက်ခိုက်ခဲ့တာကို သိပါက တောင်ပိုင်းအင်ပါယာကို အုပ်ချုပ်ရတယ့်နေ့ဟာ နောက်ဆုံးဖြစ်မှာ အမှန်ပါပဲ ။ ဒါတင်မက ဒါကို ယောင်မျိုးနွယ်တို့သာ သိသွားပါက သူ့ကို ခြိမ်းခြောက်နိုင်သွားမှာဖြစ်ပြီး သူမလုပ်ချင်တဲ့ အရာများအား လုပ်အောင် တွန်းအားပေးမှာဖြစ်ပါတယ် ။
ချန်ရှန်ဟာ ဆောင်ဝု၏ ရည်ရွယ်ချက်အမှန်ကို သိရှိသွားပါတော့တယ် ။ ချန်ရှန် ခပ်ပြုံးပြုံး ဖြင့် –
“တကယ်တော့ ခင်ဗျားဟာ ဧကရာဇ် တစ်ပါးဖြစ်တယ် ။ ခင်ဗျားရဲ့ သားကို ယောင်မျိုးနွယ် ဆီမပို့ပဲထားတာကတော့ တော်တော်ဉာဏ်ကောင်းပါပေတယ် ။ ဒီလို မှန်ကန်တဲ့ ဆုံးဖြတ် ချက်ကြောင့် ခင်ဗျားအတွက်အကျိုးကျေးဇူးတွေရပြီး အကျပ်အတည်းတွေကနေ လွတ်တော့မှာပေါ့”
ဆောင်ဝု အေးစက်စွာ ခနဲ့တဲ့တဲ ပြောပါတယ် ။
“ဒီလိုပြိုင်ပွဲမှာ ဒဏ်ရာရတယ်ဆိုတာ ဖြစ်ရိုးဖြစ်စဉ်ပါပဲ ။ ဒါပေမယ့် မင်းလက်ဆ ကတော့ ပြင်းလွန်းတယ် ။ မင်းသားသာ ပြန်ကောင်းဖို့ မင်းဆုတောင်းနေပါ ။ မဟုတ်ရင်တော့ . . .”
ဒီလိုပြောပြီးနောက်မှာတော့ ဆောင်ဝုလည်း လျင်မြန်စွာ ထွက်သွားပါတယ် ။ ဧကရာဇ်ဟာ ချန်ရှန် ရဲ့ ဒီလုပ်ရပ်အတွက် ဘာမှ မတုံ့ပြန်သွားပါဘူး ။ လူတိုင်းဟာ သက်ပြင်းရှည်ကြီးများချကာ တချိန်တည်းမှာပင် ဧကရာဇ် ဆောင်ဝု အား လေးစားသွားကြ ပါတော့တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset