Chapter – 55 နဂါးသိုင်းစွမ်းရည်
မနက်ခင်းမှာတော့ နေသာလျက်ရှိပြီး ဘုရင့်မြို့ တော်ကြီးဟာ သက်ဝင်လှုပ်ရှားလာပါပြီ ။ လူတိုင်းဟာ ဒီနေ့ကတော့ သိုင်းပြိုင်ပွဲရဲ့ နောက်ဆုံးနေ့ဆိုတာ သိနေကြပြီးသားပါ ။ ဒါပေ မယ့်လည်း ဒီပွဲပြီးသွားရင်တောင် တစ်ပွဲတော့ ကျန်နေဦးမှာပါ ။ ဂိုဏ်းနောက်လိုက်တစ်ယောက်နဲ့ ထပ်မံ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ် ။ ဒါကို အောင်မြင်မှသာ လျှင် ဒီပြိုင်ပွဲတစ်ခုလုံးရဲ့ အောင်နိုင်သူအဖြစ် သတ်မှတ်ကြမှာပါ ။
ဒီအကြောင်းကို ကြာပြီး ချန်ရှန် စိတ်ထဲ ကျိန်ဆဲမိပါတယ် ။ ဒါဟာ ချန်ဖုယွန် လက်ချက် ဖြစ်မယ်လို့ သူခန့်မှန်းမိတယ် ။ ချန်ဖုယွန်ဟာ ဘုရင့်မြို့တော်မှ နောက်လိုက်သစ်စုဆောင်းဖို့ ဆိုပြီး ပျောက်နေတာပါ ။ ဒါကြောင့် ချန်ရှန်ဟာ ပြိုင်ပွဲရဲ့ အနိုင်ရသူ မည်သူဖြစ်မလဲဆိုတာ မသေချာသလို ဖြစ်နေပါတယ် ။
“အေးဆေးနေပါ ။ ဒီပွဲမှာပါမယ့်လူဟာ အတွင်းစည်းက တပည့်ရင်းတော့ မဖြစ်နိုင်ဘူး သူတို့ မှာလည်း ဒီလောက် အချိန်ပိုမနေဘူး ။ ငါမှန်းရသလောက် အပြင်စည်းကစွမ်းအားရှိ နောက် လိုက်တပည့် တစ်ယောက် ဖြစ်မှာပဲ ။ အဆင့် ၈ ပတ်ဝန်းကျင်လောက် ဖြစ်မှာပါ”
စုမေးယိုက ပြောတာပါ ။ သူမနဲ့ဘိုင်ယုယုတို့ဟာ ဂိုဏ်းတွေရဲ့ လုပ်ငန်းစဉ်တွေကို နားလည်ကြသူတွေပါပဲ ။
“ကောင်းတာပေါ့ ၊ စိတ်ပျက်စရာကောင်တွေ မဟုတ်ဘူးလို့တော့ မျှော်လင့်မိတာပဲ”
ယောင်မျိုးနွယ်ရဲ့ ၀င်ပေါက်ကြီးမှာတော့ လူသောင်းကျော်ဟာ စုဝေးလျက် ရှိနေပါတယ် ။ ဒီနေ့ဟာ ပြိုင်ပွဲနောက်ဆုံးနေ့ ဖြစ်ပြီး ဒါ့အပြင် လူငယ် ၂ ယောက်ရဲ့ ပြိုင်ပွဲဖြစ်ပြီး အရမ်းကို စွမ်းအားကြီးမားလှတယ့် လူငယ်တွေမို့ပါပဲ ။
လူအုပ်ကြားထဲမှာ ချန်တျန်းဟူ ၊ ချန်ဟွာဟိုင်း ၊ ချန်ရိဟန် နဲ့ တခြားလူများဟာ ပုန်းကွယ် လျက် ရောက်ရှိနေကြပါတယ် ။ သူတို့ တစ်ဦးချင်းဆီဟာ ချန်မျိုးနွယ်ဝင် ၅၀ ဆီကို ညွှန်ကြား ကြတာဖြစ်တယ် ။ ကိစ္စတစ်ခုခု ပေါ်လာတာနဲ့ သူတို့ဟာ တုံ့ပြန်ဖို့ အဆင်သင့်ပါပဲ ။
ချန်ရှန် စင်မြင့်ပေါ်ရောက်သောအခါ များစွာသော လူစုလူဝေးကြီးဟာ အော်ဟစ်အားပေးကြ ပါတယ် ။
“အံ့သြစရာကောင်းတယ် ၊ သူ တကယ်ကို လာဝံ့တာပဲ ၊ ပြိုင်ပွဲမှာနိုင်ရင် ယောင်မျိုးနွယ်က တော့ သူ့ကို အရေခွံဆုတ်ပစ်မယ် ပြောသံကြားတယ်”
လူကြီးတစ်ယောက်က အံ့သြတကြီး ပြောပါတယ် ။
“ယောင်လူကြီးမင်းနဲ့ ယောင်တျန်းဟွာတို့ ပျောက်သွားတာ သူ့စနက် မကင်းဘူးလို့ ပြောနေ ကြတယ် ။ ယောင်မျိုးနွယ်က သူ့ကို သံသယရှိနေတာ ခုတော့ ဘာဆက်ဖြစ်ကြမလဲ မသိဘူး ဟေ့”
နောက် သက်လတ်ပိုင်းရွယ် လူတစ်ယောက်က ပြောပြန်ပါတယ် ။
“ဒီအသက်အရွယ်လေးနဲ့ တော်တော် သတ္တိရှိတယ်ဟေ့ ၊ လွန်ခဲ့တဲ့ ၂ ရက်က ယောင်ချွန်ကို သတ်ပြီး ယောင်လူကြီးမင်းတွေနဲ့ ရင်ဆိုင်ခဲ့သေးတယ် ။ ချန်ရှန်ရဲ့ စွမ်းအားကတော့ အလွန် ကြီးမားပြီး သူဟာ ကျောထောက်နောက်ခံတွေ ဘာတွေ မကြောက်ပဲ အရာရာ ရင်ဆိုင်ရဲတယ့် တကယ့်ကောင်ပဲ”
လူငယ်တစ်ယောက်ဟာ အားပါးတရ ပြောပါသေးတယ် ။
“ဒါပေါ့ ၊ ဒီလောကမှာ အားအင်ဟာ အားလုံးကို ပြောင်းပြန်လုပ်နိုင်တယ် ။ မင်းမှာသာ စွမ်းအား ရှိကြည့် မင်းအားလုံးရနိုင်မယ်”
“ . . . . .”
ပရိတ်သတ်များထဲမှ အသံများကို နားထောင်ရင်း ချန်ရှန်ဟာ ယောင်မျိုးနွယ်တို့တော့ ချန်မျိုးနွယ်နဲ့ ရင်ဆိုင်ဖို့ ပြင်ဆင်နေပြီးမျိုးနွယ် ၂ုခုအကြား စစ်ဖြစ်တော့မှာကို သိနေပါတော့ တယ် ။ ဒါဟာ ဖြစ်လေ့ဖြစ်ထရှိတာပါပဲ ။ တခြား အင်အားစုတွေ မျိုးနွယ်တွေကလည်း ဒီလို ကောလဟာလတွေ ဖြန့်လျက် သွေးထိုးလေ့ရှိတတ်ပါတယ် ။
စင်မြင့်နဲ့ မနီးမဝေးမှာတော့ မျှော်စင် တစ်ခု ရှိနေပါတယ် ။ ထိုထိပ်မှာတော့ ခမ်းနားလှသော အ၀တ်အစားများဝတ်ဆင်ထားသော လူများစွာဟာ ရှိနေကြတယ် ။ များစွာသော အစေခံ များဟာလည်း ပတ်ပတ်လည်မှာ ရှိနေလျက်ပါ ။ ၎င်းတို့ဟာ သာမန်လူတွေ မဟုတ်ဘူးဆို တာ အသေအချာပါပဲ ။
“တောင်ပိုင်းအင်ပါယာရဲ့ ဧကရာဇ်လည်း ဖိုင်နယ်ပွဲကို ကြည့်နေတယ် ၊ သူဟာသူ့သားရဲ့ ပုံရိပ်ကို မြှင့်တင်ပေးဖို့နဲ့ တော်ဝင်နန်းတော်ရဲ့ ပညာရှင်တွေကိုဝယ်ဖို့ ရောက်နေတာလို့ ကြားတယ် ။ တကယ်တော့ အားလုံးသောကိုယ်လုပ်တော်တွေလည်း ဒီပွဲကိုကြည့်နေကြတာ ပဲ”
ချန်ရှန် ရဲ့ မြင်နိုင်စွမ်းဟာ ကြောက်စရာပါပဲ ၊ မျှော်စင်က လူတွေကြားထဲမှာ ထိုင်နေတယ့် နဂါးဝတ်ရုံဝတ်ဆင်ထားသော လူကို မြင်လိ်ုက်ရပါတယ် ။ ထိုသူဟာ သာမန်ထက်ထူးကဲ သော လက္ခဏာများရှိကာ သက်လတ်ပိုင်းအရွယ် ဧကရာဇ်ပဲ ဖြစ်ပါတော့တယ် ။
ပြည်သူများအားလုံးအပေါ်မှာ အာဏာသက်ရောက်သူဖြစ်ပါတယ် ။ ဒါပေမယ့် စွမ်းအားကြီး မျိုးနွယ်စုတွေအမြင်မှာ ဒီဧကရာဇ်ဆိုတာ အင်ပါယာကြီးကို စီစဉ်လမ်းညွှန်ပေးပြီး တိုင်းပြည် တိုးတက်အောင် လုပ်သူတွေပါ ။
မင်းသားလည်း မျှော်စင်ပေါ်မှ ပျံသန်းပြီး ရောက်ရှိလာပါပြီ ။သူဟာ လှပတယ့် အနီရောင် ၀တ်စုံကို ၀တ်ဆင်ထားပြီး သူ့မှာ ရှိတယ့် စွမ်းရည်များ ပြသလျက်ရှိနေပါတယ် ။ ညင်သာစွာ ပဲ စင်မြင့်ပေါ်သို့ ရောက်ရှိလာကာ သူရောက်တာနဲ့ များစွာသော မိန်းကလေးပရိတ်သတ်များ ဟာ စူးစူးဝါးဝါး အော်ကြပါတယ် ။
ချန်ရှန် နည်းနည်းတော့ စိတ်ထဲ သိမ်ငယ်သွားသလိုပါပဲ ။
“မင်းဟာ အပစ်ရှိတယ့် လူပဲ ၊ ခဏစောင့်ပါ ငါမင်းအဖေ ဧကရာဇ်တောင် မင်းကို မမှတ်မိနိုင် လောက်အောင် ရိုက်ပြတယ်”
ဆောင်နန်မင်း ချန်ရှန်ကို အထင်သေးဟန် ကြည့်နေပါတယ် ။ ထို့နောက် အေးဆေးသော အသံဖြင့် –
“မင်းကိုယ့်ကိုကိုယ် သနားရင် ပြန်ပြင်ဖို့ အချိ်န်ရှိသေးတယ်နော်”
မင်းသားဟာ ချန်ရှန်ရဲ့ စွမ်းအားဘယ်လောက်ကြီးတယ်ဆိုတာသိပါတယ် ။ ဒါပေမယ့်လည်း သူဟာ သူ့ကိုယ်သူ ယုံကြည်မှု ရှိလွန်းသောကြောင့် ပြောလိုက်တာပါပဲ ။
ချန်ရှန်ဟာ ဆောင်နန်မင်း၏ ဘ၀င်လေဟပ်တယ့် မျက်နာကို ကြည့်ရင်း ၎င်း၏ အင်္ကျီလက်ထဲမှာ လှည့်စားမှုတစ်ခုခုတော့ ရှိနေလိမ့်မယ်ဆိုတာ ခန့်မှန်းမိနေပါတယ် ။ ဒီအချိန်မှာ ချန်ရှန်ဟာ သတိထားလျက် အသင့်ဖြစ်နေပါပြီ ။ နောက်သို့ တစ်လှမ်း ဆုတ်လိုက် ပါတော့တယ် ။
“အေးဆေးပေါ့ ၊ ငါ့မှာ တော်တော်ထူတဲ့ အရေပြားတွေ ရှိတယ်လေ ။ ဒါကြောင့် မင်းင့ါကို ထိတယ့်အခါ မင်းလက်တွေနာမှာတောင် စိုးရိမ်မိတယ်”
ချန်ရှန် ပြန်ပြောလိုက်တာပါ ။ ငေါ့တော့တော့ ပြောခြင်း ဖြစ်ပေမယ့်လည်း သူပြောတာ အမှန်ပဲ ဖြစ်ပါတယ် ။
“ဟဟ ၊ မင်းကောင်းကင်ဘုံရဲ့ အားကြီးမှုကို မသိသေးဖူးပဲ”
မင်းသားဟာ အေးစက်သောလေသံနဲ့ ခနဲ့လိုက်ပါတယ် ။ အသံကိုမြှင့်ပြီး ပြောတဲ့အတွက် တကွင်းလုံး ကြားနေပါတော့တယ် ။
မင်းသား၏ အထက်တန်းလွှာ ဟန်ပန်ကိုကြည့်ရင် ချန်ရှန် စိတ်ထဲ ကြိတ်ပြုံးလိုက်ပါတယ် ။ စွမ်းအင်လုံလုံလောက်လောက် မရှိရင် ပြောခဲ့သမျှ လုပ်ခဲ့သမျှဟာ အလကား ဖြစ်မှာပါပဲ ။
“စ မယ် ၊ တစ်ယောက်ယောက် စည်းကမ်းဖောက်တာနဲ့ ထုတ်ပယ်ခြင်းခံရမယ်”
မီးခိုးရောင် ၀တ်ရုံ ၀တ်ဆင်ထားသော လူကြီးတစ်ယောက်မှ အော်ပြောပါတယ် ။ ထိုသူဟာ ယောင်မျိုးနွယ်မှ မဟုတ်ပါဘူး ။ ဒါပေမယ့် အသက်ကြီးဆုံး သိုင်းပညာရှင်များထဲမှ တစ်ယောက် ဖြစ်ပြီး ဒီသိုင်းပြိုင်ပွဲကို ကျင့်ပခဲ့သူရဲ့ သားစဉ်မြေးဆက် သဘောမျိုးပါ ။
ဆောင်နန်မင်း ဟာ ဒီမတိုင်ခင်ထဲက စည်းကမ်းချိုးဖောက်ပြီးဖြစ်နေတာပါ ။ ဒါပေမယ့် သက်သေမရှိပါဘူး ။ ဒါကြောင့် ချန်ရှန်ဟာ လက်ဆုပ်လက်ကိုင် ပြစရာ မရှိသောကြောင့် ဘာမှ ထုတ်မပြောနိုင်ခဲ့တာပါ ။
စစချင်းမှာ မင်းသားဟာ ပရိတ်သတ်ဘက်လှည့်ပြီး သူ၏ ၀တ်ရုံကြီးကို ချွတ်လိုက်ပါတယ် ။ အထဲမှာတော့ ရွှေရောင်ကိုယ်ကြပ် အင်္ကျီကို ၀တ်ဆင်ထားပြီး ရွှေရောင် လည်ရှည်ဖိနပ်ကို စီးထားပါတယ် ။ ကြွယ်ဝချမ်းသာလှတယ့် အထက်တန်းလွှာလူတစ်ယောက် ပုံရိပ်ဟာ စင်ပေါ်မှာ နေရာယူလျက်ပါ ။
“ဒီနေ့ ပရိတ်သတ်တွေကိုကျွန်တော်တို့ တောင်ပိုင်းသိုင်းလောကအင်ပါယာ တော်ဝင်မိသား စုရဲ့ စွမ်းရည်ကို ပြသမှာပါ ။ ကျွန်တော့ရဲ့ နဂါးသိုင်းစွမ်းရည်ကို ရှုစားပေးကြပါဦး”
မင်းသားရဲ့ အော်ပြောသံပါ ။ ပုံမှန်မဟုတ်သော အသက်ရှုမှုတစ်ခုဟာ သူ၏ ကိုယ်မှ ထွက်နေပြီး ဒါဟာ ချန်ရှန်၏ မိုးပြာနဂါးနဲ့ ဆင်တူသလိုပါပဲ ။ ဒါပေမယ့် မိုးပြာနဂါးရဲ့ ဒဏ္ဍာရီ ဆန်မှုနဲ့ မှော်စွမ်းအင်အငွေ့ များတော့ မပါဝင်ပါဘူး ။
“နဂါးသိုင်းစွမ်းရည်တဲ့လား”
ဒါဟာလည်း ရှေးကျလှတယ့် ကျင့်စဉ်တစ်ခုပါပဲ ။ ဒီကျင့်စဉ်ကိုတော့ နတ်နဂါးအဖြစ် အသွင်း ပြောင်းသွားသူ တစ်ယောက်က တီထွင်ခဲ့တာပါ ။ ဒီတိုက်ကွက်ကို သုံးလိုက်ပါက သုံးသူဟာ တကယ့်နဂါးရဲ့ အပြုအမူများနဲ့ စွမ်းအားများကို ရရှိသွားမှာပဲ ဖြစ်ပါတယ် ။
ဒီလိုတကယ့်နဂါးအဖြစ်စွမ်းအားကြီးလားမကြီးလား ဆိုတာကတော့ ယုံရခက်ခက်ပါပဲ ။ မင်းသား၏ လက်သီးများမှာ အပြာရောင်သွေးကြောတွေမှာ ရွှေရောင်အငွေ့ တွေဟာ စီးဆင်းနေသောကြောင့် ပရိတ်သတ်များဟာ ရင်သပ်ရှုမော ဖြစ်နေကြပါတယ် ။ သူတို့တ သက်မှာ ဒီလို နဂါးစွမ်းရည်မျိုး ကိုယ်တိုင်ကြုံတွေ့ ရမယ်လို့ မထင်ခဲ့မိကြပါဘူး ။
ချန်ရှန် သူ၏မျက်လုံးများ မှေးလျက် မမြင်နိုင်တဲ့ နတ်အတွင်းအားအာရုံများကို ထုတ်လွှတ် နေပါတယ် ။ မင်းသား၏ တကိုယ်လုံးကို ခြုံငုံကြည့်ရှုနေပြီး ဆောင်နန်မင်း၏ အတွင်းအင်္ဂါ များနှင့် ချီဓာတ်များ ဘယ်လို အလုပ်လုပ်လဲဆိုတာ ရှင်းလင်းစွာ မြင်နိုင်နေပါတယ် ။ ချန်ရှန် ဟာ ထိုလုပ်ငန်းစဉ်များကို စိတ်ထဲ လျို့ ဝှက်စွာ မှတ်သားထားလိုက်ပါတယ် ။
“ဒီနဂါးစွမ်းရည်တိုက်ကွက်ကို ဒီမှာ ပေါ်လာလိမ့်မယ်လို့ မထင်ထားဘူး ။ တိုက်ခိုက်မှုအားလုံး ကို သေချာ ဂရုစိုက်ပါ”
စုမေးယို ချန်ရှန်ကို ပြောလိုက်ခြင်း ဖြစ်ပါတယ် ။ ချန်ရှန်ကတော့ ဒီကျင့်စဉ်တစ်ခုလုံးရဲ့ သဘောတရားကို နားလည်သွားခဲ့ပြီး ဖြစ်ပါတယ် ။ ဒီအချိန်မှာတော့ ဆောင်နန်မင်းဟာ ဒီလို သူ၏ ချီဓာတ်များ လှည့်ပတ်နေခြင်းကြောင့် သူ၏ ရှိသမျှ ချီဓာတ်အားလုံးကို ပိုမိုပြင်းထန် တယ့် စွမ်းအားများအဖြစ် ထုတ်လွှတ်နိုင်နေပါပြီ ။
“နဂါးငွေ့လက်သီး”
မင်းသားဟာ ကြောက်မက်ဖွယ် လေထဲ ခုန်တက်သွားပြီး ရွှေရောင် အငွေ့ တစ်ခုကို ချန်ရှန် ဆီ ပစ်လွှတ်လိုက်ပါတယ် ။ မင်းသား၏ လက်သီးဟာ သိမ်းငှက်လက်သည်းများအသွင် ပုံပြောင်းပြီး အဆက်မပြတ် တစ်ချက်ပြီးတစ်ချက် ထိုးနှက်ပါတော့တယ် ။ ရွှေရောင်ချီဓာတ် များဟာလည်း ချန်ရှန်ဆီိသို့ ပျံသန်းလာနေလျက်ပါပဲ ။ ၎င်းချီဓာတ်များ ဖြတ်သန်းရာ လေထဲ လှိုင်းများဖြစ်ကျန်စေပြီး အသံများကျယ်လောင်စွာ ဆက်တိုက်မြည်နေပါတော့တယ် ။ ၎င်းတို့ဟာ ချန်ရှန်၏ ရင်ဘတ်ကို ပြင်းထန်စွာ ရိုက်ခတ်သွားပါတယ် ။
ရွှေရောင်ချီငွေ့ များ ချန်ရှန်၏ ရင်ဘတ်အား ထိမှန်ခဲ့ပြီးနောက် မင်းသားဟာ ချန်ရှန်ရှေ့ ရောက်လာကာ သူ၏လက်သီးများဖြင့် ပြိုင်တူထိုးလိုက်ပါတော့တယ် ။ ထိုးတဲ့ချိန်မှာပဲ ပေါက်ကွဲသံများ ဖြစ်ပေါ်နေပြီး ဒီလက်သီးချက်ဟာ ထောင်ပေါင်းများစွာသော လက်သီးချက် များနှင့် ညီမျှသလိုပါပဲ ။ မျက်စိတမှိတ်အချိန်အတွင်းမှာပဲ ရာပေါင်းများစွာသော ထိုးချက်များဟာ ထိမှန်သွားပြီး တစ်ချက်ချင်းဆီမှာ ချီဓာတ်များဟာ များစွာ ပေါက်ကွဲ ထွက် နေပါတော့တယ် ။
ဆောင်နန်မင်းဟာ ချီအငွေ့ များပါသော လက်သီးချက်များဖြင့် ထိုးခြင်းဖြစ်ပြီး ဒီလိုတိုက်ခိုက် မှုကြောင့် စင်ကြီးတစ်ခုလုံးဟာ လှုပ်ရမ်းနေပါတယ် ။ ကျယ်လောင်လှသော ပေါက်ကွဲသံ များကြောင့် ပရိတ်သတ်အားလုံးဟာ ထိတ်လန့်လျက် ရှိနေပါတော့တယ် ။
ဒါပေမယ့် လူတိုင်းဟာ ဆောင်နန်မင်းရဲ့ တိုက်ကွက်ကို အံသြတာမဟုတ်ပါဘူး ။ မင်းသား ဒီလိုထိုးနေသည့်ကြားမှ ချန်ရှန်၏ လက်သီးများဟာ မင်းသား၏ ထိုးနက်မှုများကို ပြန်လည် တုံ့ပြန်နေလို့ပါပဲ ။ ဒါတင်မက ချန်ရှန်၏ လက်သီးချက်များဟာလည်း မင်းသား၏ ထိုးချက်များလိုပဲ အလွန် လျင်မြန်လျက်ရှိပါတယ် ။ ဒီလိုတုန့်ပြန်မှုများကို ချန်ရှန်ဟာ အေးဆေးစွာ လုပ်ဆောင်နေတယ်ဆိုတာ သူ၏ မျက်နှာမှ ဖော်ပြနေပါတော့တယ် . . . ။