Switch Mode

Chapter – 54

ညီမ

Chapter – 54 ညီမ

“ဘာလို့လဲ မမေးပါနဲ့တော့ ၊ ယူသွားပြီး သိုင်းပညာဂိုဏ်းတစ်ခုခုဆီသာ သွားပါ ။ တကယ်လို့ သူတို့က လက်မခံရင် ဒီအသီးကို ပေးပြီး ဆုံးဖြတ်ခိုင်းလိုက်ပါ ။ ဒီလိုနည်းနဲ့ မင်း ဒီဂိုဏ်းထဲ ၀င်နိုင်ပါလိမ့်မယ် ။ နောက်ပြီး သူတို့ စစ်ဆေးမယ့် စစ်ဆေးမှုတွေကိုလည်း မင်းအောင်မြင် နိုင်လိ့မ်မယ်လို့ ငါမျှော်လင့်ပါတယ်”
ချန်ရှန် လမ်းညွှန်လိုက်ပါတယ် ။ လန်ယုလန်တစ်ယောက် ရှော့ရလို့နေပါပြီ ။ သူမအတွက် တော့ ချန်ရှန် ဒီလိုနည်းလမ်းနဲ့ သူမကို ကူညီတယ်ဆိုတာ လုံးဝ မယုံနိုင်စရာပါပဲ ။
“ယုလန် ၊ မင်းအဖေ စစ်သူကြီး လန် ဟာ လွန်ခဲ့တယ့် နှစ်အနည်းငယ်က တိုက်ပွဲတစ်ခုမှာ အသက်ခံလိုက်ရတယ် ။ ဒီနှစ်တွေမှာ မင်းအတွက်ခက်ခဲခဲ့ပြီး ငါတို့ သွေးသောက် မောင်နှမ လုပ်ကြမယ်ဆို ဘယ်လိုလဲ ။ ငါလဲ သိုင်းပညာအစစ်အမှန် ဂိုဏ်းတစ်ခုထဲ ၀င်ပြီးရင် မင်းကို စောင့်ရှောက်မှာပါ”
ချန်ရှန် လန်ယုလန်၏ ဘ၀ ဖြတ်သန်းပုံကို သတိရပြီးနောက်မှာ စိတ်မကောင်းဖြစ်သွားပြီး သူမ၏ အကူအညီမဲ့နေပုံကြောင့် တော်တော် သနားမိနေပါတယ် ။လန်ယုလန် ဟာလည်း မျိုးစေ့ကောင်းတစ်ခုဖြစ်ပါတယ် ။ လန်ယုလန်တစ်ယောက် သူမ၏ နှုတ်ခမ်းများကို ကိုက်ကာ မျက်လုံးများမှာ စိုစွတ်လာပါတော့တယ် ။ ထို့နောက် ချန်ရှန်အား ပြုံးပြီးကြည့်ကာ
“ညီမတော်မှ အကိုတော်အား နှုတ်ခွန်းဆက်ပါတယ်”
ချန်ရှန် ရယ်မောကာ ဖြင့် –
“ယုလန် မင်းမှာ ရေခဲနဲ့မီး အတွင်းအားတွေ ရှိတယ် ။ မင်းဂိုဏ်းထဲ ၀င်ပြီးရင် မင်းရဲ့ စွမ်းအား ဟာ သတ်မှတ်လို့တောင် ရမှာမဟုတ်ဘူး ။ ငါလည်းမင်းကို တတ်နိုင်သလောက် ကူညီမှာပါ”
ဒီမတိုင်ခင်က လန်ယုလန်ဟာ ချန်ရှန်နဲ့ ပတ်သက်ပြီး အနည်းငယ် စိုးရိမ်နေတာပါ ။ ခုတော့ သူမ၏ သံသယများဟာ မီးခိုးငွေ့ များလို ပျောက်ကွယ်သွားရပါပြီ ။ သူမဟာ ယခုတော့ ချန်ရှန်၏ စိတ်သဘောထားကို သိသွားပါတယ် ။ ချန်ရှန်ဟာ သူသာ ဆန္ဒရှိပါက မည်သည့် မိန်းကလေးမဆို ရယူနိုင်မှာပါ ။ ဒါပေမယ့် သိက္ခာရှိသော ယောကျာ်းတစ်ယောက် ဖြစ်တယ် ဆိုတာကို လန်ယုလန်တစ်ယောက် ကောင်းကောင်း သဘောပေါက်သွားပါတယ် ။
ချန်ရှန်နဲ့ လန်ယုလန်ဟာ ခုမှ ဆုံတွေ့ ကြတာဖြစ်ပေမယ့်လည်း တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရရှိကာ အရင်ထဲက သိကျွမ်းကြတယ့် လူတွေလို တရင်းတနီး ရှိလှပါတယ် ။ လန်ယုလန်အတွက် ချန်ရှန်ဟာ သူမအဖေပြီးနောက် သူမအား ပထမဆုံး ဂရုတစိုက်ရှိတယ့် လူပါပဲ ။ ပထမဆုံးအကြိမ်တွေ့ ဆုံမှုမှာတင် သူမဟာ များစွာ အကူအညီရခဲ့ပါတယ် ။ ဒါကြောင့် ချန်ရှန်၏ ညီမဖြစ်ရတာကို ပျော်ရွှင်နေပါတော့တယ် ။ ဒီမတိုင်ခင်တည်းက ချန်ရှန်၏ စွမ်းရည်များကြောင့် လေးစားရင်းစွဲ ရှိခဲ့တာပါ ။
“အကိုတော် ၊ ဒီနေ့ အကိုတော်ရဲ့ ကြင်နာမှုကို ညီမတော် အမြဲတမ်း အမှတ်ရနေမှာပါ ။ ညီမတော် သွားတော့မယ် ။ ခုသက်သာနေပြီလည်း ဖြစ်တယ့်အတွက် အချိန်ထပ်မဆွဲချင် တော့ဘူး ။ ဒီလူမဆန်တဲ့ ဟိုမင်းသားကို တစ်သက်မမေ့နိုင်စရာ သင်ခန်းစာပေးရမယ် ဆိုတာ အကိုတော် မမေ့ပါနဲ့”
လန်ယုလန် ပြုံးပြီး ပြောလိုက်ပါတယ် ။
“ယုလန် ၊ ဆက်လုပ်ပါ ။ လမ်းတစ်လျှောက်လည်း ဂရုစိုက်ပါဦး”
ချန်ရှန်လည်း ထွက်သွားကာ သေးငယ်သော ကျောက်စိမ်းပုလင်းလေးတစ်ခုကို ထုတ်လိုက် ပါတယ် ။ အထဲမှာတော့ များစွာသော ဆေးကောင်းများရှိတာဖြစ်ပြီး လန်ယုလန်ကို ပေးမလို့ ပါ ။
လန်ယုလန်၏ အဖေဟာ လွန်ခဲ့သော ၃ နှစ်က စစ်ပွဲမှာ သေခဲ့တာဖြစ်ပြီး အဲနောက်ပိုင်းမှာ တော့ သူမဟာ တစ်ကိုယ်တည်း ခက်ခဲကြမ်းတမ်းစွာ ဖြတ်သန်းခဲ့ရတာပါ ။ တစ်ယောက်တည်း စွမ်းအားများ တိုးသထက်တိုးလာအောင်သာ လေ့ကျင့်ရင် စွမ်းအားပြည့် ၀တယ့် မိန်းကလေး တစ်ယောက် ဖြစ်လာပါတော့တယ် ။
လန်ယုလန်၏ မျက်လုံးများ ထပ်မံ စိုစွတ်လာပါတယ် ။ သူမဟာ ခေါင်းငုံ့လျက် ပြောပါတယ်။
“ယုလန်ရဲ့ အရိုအသေပေးမှုကို လက်ခံပေးပါအကိုတော်”
ချန်ရှန် ချက်ချင်းပဲ သူမကို ထွေးပွေ့ ကာဖြင့် ရယ်မောရင်း ပြောလိုက်ပါတယ် ။
“ညီမတော် ၊ ဒီလိုမလုပ်ပါနဲ့ ၊ မင်းသိုင်းပညာဂိုဏ်းကို သွားတယ့် လမ်းတလျှောက်မှာသာ ဂရုစိုက်ပါ”
“ညီမတော် ပိုပြီး ဒီထက်ကြံ့ခိုင်လာမှာပါ ။ အကိုတော် ၊ ညီမတော်ကို လိုက်ရှာဖို့ မမေ့ပါနဲ့”
လန်ယုလန် မျက်ရည်များကိုသုတ်လျက် ရင်ထဲ ပြောမပြတတ်အောင် ခံစားနေရပါတယ် ။
“သေချာတာပေါ့ ။ ငါသေချာပေါက် လာမှာပါ”
ချန်ရှန် သူမ၏ ဆံပင်အဖြူရောင်များကို ကိုင်လျက် ပြောလိုက်ပါတယ် ။
“အကိုတော် ၊ ညီမတော် မသွားသေးပဲ နေရမလား ၊ အကိုတော်နဲ့ ယောင်မျိုးနွယ်တို့ကြားက ရန်ငြိုးကို သိပါတယ် ။ ညီမတော်ဟာ အကူအညီဖြစ်နိ်ုင်တယ်လေ”
လန်ယုလန် သူမ၏ အေးစက်စက် ပုံစံ ပြန်ဖြစ်သွားပြီး ကြံ့ခိုင်မှုအပြည့်ပုံစံပါပဲ ။ ချန်ရှန်ကို ကြည့်နေပုံကတော့ နူးညံ့လျက်ပါပဲ ။ ချန်ရှန် ခေါင်းခါယမ်ပြီး ပြောလိုက်ပါတယ် ။
“မလိုပါဘူး ။ ငါတို့ ချန်မျိုးနွဝ် ဒါကို အေးဆေး ရင်ဆိုင်နိုင်တယ် ။ မင်းကျန်းမာရေးက ပိုအရေး ကြီးပါတယ်”
လန်ယုလန် သူမ၏ နှုတ်ခမ်းများကို ကိုက်ကာ ပြောပြန်ပါတယ် ။
“အကိုတော် နောင်ကျရင် ညီမတော် အကိုတော်ဘက်က မားမားမတ်မတ်ရပ်တည်ပြီး တိုက်ခိုက်မှာပါ”
ချန်ရှန် သူမ၏ အဖြေကြောင့် အရမ်းကျေနပ်သွားပြီး ခေါင်းညိ့်မ်လျက် ပြန်မေးလိုက်ပါတယ် ။
“မင်းမှာ နည်းလမ်းရှိလို့လား”
“ရှိတယ် ။ ညီမတော်အရင်က အားလုံးသော ဂိုဏ်းတွေရဲ့ အချက်အလက်တွေကို စုဆောင်းခဲ့ဖူးတယ် ။ လမ်းကြောင်းက အန္တရာယ်များပေမယ့် ညီမတော် ကောင်းကောင်း ထိန်းချုပ်နိုင်ပါတယ် ။ ဒီအတွက် မစိုးရိမ်ပါနဲ့”
လန်ယုလန် ပြန်ပြောတာပါ ။
ထို့နောက် ချန်ရှန်ဟာ လန်ယုလန် နဲ့အတူ မြို့ ပြင်ကို ထွက်လာပါတယ် ။ ဒီနောက်မှာတော့ သူမ မြင်းတစ်ကောင်စီးကာ ထွက်သွားသည်ကို ထိုင်ကြည့်ရင်း . . .
နေ့လည်မှာတော့ ချန်ရှန် ပြန်ရောက်ရှိခဲ့ပါပြီ ။ ဒါပေမယ့် သူ ပြိုင်ပွဲကို ရောက်တဲ့အခါ သူ၏ ပြိုင်ဖက်ဟာ မရှိပဲ ရှောင်နေတာကို ကြုံလိ်ုက်ရတယ် ။ နည်းနည်းတော့ ဆန်းကြယ်သလို ပါပဲ ။
ချန်ရှန်ရဲ့ စွမ်းအားကို ပြသပြီး ဒါတင်မက ယောင်ချွန်ကို သွေးသံရဲရဲဖြင့် သတ်လိုက်ခြင်းပြီး တယ့်နောက်မှာတော့လူတိုင်းဟာ ချန်ရှန်ရဲ့ စွမ်းအားကို ကြောက်ရွံ့ နေကြပါပြီ ။
ဗိုလ်လုပွဲ မှာတော့ ချန်ရှန်ဟာ သူရဖူဆောင်းမင်းသားဖြစ်တယ့် ဆောင်နန်မင်းနဲ့ ဆုံရမှာ ဖြစ်ပြီး ပရိတ်သတ်အားလုံးဟာ အရမ်းကို ကြည့်ချင်နေကြပါတော့တယ် ။ လူအများအမြင်မှာ မင်းသားရဲ့ စွမ်းအားဟာ ကြောက်မက်ဖွယ် ကောင်းနေပါတယ် ။ အဘယ်ကြောင့်ဆိုသော် လန်ယုလန်ကို အနိုင်ယူခဲ့သော အတွက်ကြောင့်ပါပဲ ။ ဒါတင်မက တောင်ပိုင်းအင်ပါယာ၏ မင်းသားတစ်ပါဖြစ်ပြီး များစွာသော အဆက်အသွယ်များရှိကာ စွမ်းအားကြီးမားတယ့် ကျင့်စဉ်များကို သင်ယူနိုင်နေလို့ပါပဲ ။
ဒါပေမယ့် ချန်ရှန်ဟာ ထိုမင်းသား၏ စွမ်းရည်ဟာ လန်ယုလန် ထက်ပင် နိမ့်တယ်ဆိုတာ သိနေပါတယ် ။ ဒါဟာ ညစ်ပတ်သည့် နည်းလမ်းကြောင့်သာ မင်းသား အနိုင်ရရှိသွားတာပါ ။ ချန်ရှန်ဟာ မင်းသား ဒီလို ရေခဲအပ်ဖြင့် ယုတ်မာသောနည်းလမ်းသုံးမည်ဆိုပါက သူလုံးဝမ ညှာဘူးလို့ ဆုံးဖြတ်လိုက်ပါတော့တယ် ။
ဆေးဘုရင်ခန်းမဟာ ဖွင့်တာ ရက်အနည်းငယ် ကြာပါပြီ ။ အရမ်းအောင်မြင်ပြီး ယောင်မျိုး နွယ်ရဲ့ စီးပွားရေးဈေးကွက်ကို ခိုးယူလိုက်သလိုပါပဲ ။ ချန်ရှန်ဟာ ချန်မျိုးနွယ်ဟောင်းတစ်ဦး ဖြစ်တယ့် ချန်ဖုယွန်နဲ့ ပတ်သက်ပြီး အနည်းငယ် စိုးရိမ်နေပါတယ် ။ ထိုလူ ဘာလှုပ်ရှားမှုမှ မလုပ်သေးတာတောင် ချန်ရှန်ဟာ ယောင်မျိုးနွယ်ဝင် မျိုးဆက်သစ်တစ်ယောက်ကို မနေ့ကပဲ သတ်လိုက်တာပါ ။ ချန်ဖုယွန်၏ ပထမလုပ်ရပ်အရ သူဟာ ဆိုင်ကိုလာပြီး ဒုက္ခ ပေးဦးမည်လို့ ထင်နေပါတယ် ။ ချန်ရှန်၏ အဖေထံမှ များစွာသော ချန်မျိုးနွယ်ရဲ့ ပညာရှင်များ ဘုရင့်မြို့ တော်သို့ လာနေတယ်ဆိုတာကို လျို့ ဝှက်စာ ရရှိခဲ့ပါတယ် ။ နောက်ပြီး ဒီလိုလာနေ တာကို လျို့ ဝှက်ထားတာပါ ။
ညကား နက်သထက်နက်နေပေမယ့် ချန်ရှန်ဟာ သူ၏ ကိုယ်ပိုင်အခန်းထဲတွင် လေ့ကျင့် လျက် ရှိနေပါတယ် ။ ဒီအချိန်မှာပဲ သူဟာ ရုတ်တရက် များစွာသော အဆင့် ၈ ပညာရှင်များ ဆေးဘုရင်ခန်းမနားမှာ ရှိနေတယ်လို့ အာရုံခံ အနံ့ရလိုက်ပါတယ် ။ သူလည်း လျင်မြန်စွာ အနံ့ခံမိရာဆီသို့ သွားလိုက်ပါတော့တယ် ။
“အဖေ”
ချန်ရှန် ဟာ လူအုပ်ကြီးကို ကြည့်လျက် အံ့အားသင့်နေပါတယ် ။ အုပ်စုထဲမှာတော့ သက်လတ်ပိုင်းအရွယ် ၂ ယောက်ပါပြီး ကျန် ၃ ယောက်ကတော့ အသက်ကြီးပုံပါပဲ ။
“ဦးလေး ရိဟန် ၊ ဦးလေး ဟွာဟိုင်း ၊ ပထမဦးရီးတော် ၊ ဒုတိယဦးရီးတော် နဲ့ တတိယ ဦးရီးတော် တို့ပါလား”
ချန်ရှန် အံ့အားသင့်နေပါပြီ ။ ချက်ချင်းပဲ အကြီးအကဲများကို အရိုအသေပေးလိုက်ပါတယ် ။ ချန်ဟွာဟိုင်း နှင့် ချန်ရိဟန် နဲ့ ကျန် ၃ ယောက်ဟာ အဆင့် ၇ ပညာရှင်များဖြစ်ပြီး ယခုတော့ အဆင့် ၈ ကို ၀င်ရောက်နေကြပါပြီ။
“အနံ့ခံကောင်းတယ့် ကောင်လေး ၊ မင်းငါ့ရဲ့ နှစ်တစ်ထောင်မြက်ကို ကောင်းကောင်း အသုံး ချခဲ့ပုံပဲ”
ချန်ဟွာဟိုင်း ၇ယ်မောကာ ပြောဆိုပါတယ် ။ သူဟာ သူ့ရဲ့ တန်ဖိုးကြီး ဆေးပင်ကို ဆုံးရှုံး လိုက်ရတယ့်အတွက် နှမြောမိပေမယ့် ယခုတော့ ဒီလိုအရှိန်အဟုန်နဲ့ တိုးတက်နေတယ့် ဆေးဘုရင်ခန်းမကို မြင်တယ့်အခါ အံ့အားသင့် ကျေနပ်လို့နေပါတယ် ။
ချန်ရိဟန်မှလည်း ပြုံးကာ ပြောပြန်ပါတယ် ။
“မင်းဒီလို အချိန်တိုလေးအတွင်းမှာ ဆေးဆိုင်တစ်ခု တည်ထောင်နိုင်လိမ့်မယ်လို့ ငါမထင်မိ ခဲ့ဘူး ။ ဒါတင်မကဘူး ဒီ ဆေးဘုရင်ရဲ့ ပုံရိပ်ဟာ ငါတို့ ချန်မျိုးနွယ် တောင်ပိုင်း အင်ပါယာမှာ အားအကြီးဆုံး မျိုးနွယ်တစ်ခုအဖြစ် ရေးဆွဲပေးမှာပဲ”
ကျန် ၃ ယောက်ကလည်း သူ့အား အမျိုးမျိုး ချီးမွမ်းခန်း ဖွင့်ကြပါတယ် ။ ဆံပင်မရှိသော လူကြီးမှ –
“ယောင်မျိုးနွယ်ဟာ ငါတို့ ချန်မျိုးနွယ်ကို ဘုရင့်မြို့ မ၀င်နိုင်အောင် ပိတ်ထားတယ် ။ ဒီအထဲ မှာ ချန်ဖုယွန် လဲ ပါတယ်”
“ပထမ ဦးရီးတော်ပြောတာမှန်တယ် ။ ကံကောင်းစွာပဲ ငါတို့ ချန်မျိုးနွယ် က ဘိုးဘေး တစ်ယောက်နဲ့ အဆက်အသွယ်ရခဲ့တယ် ။ သူက ငါတို့ကို အဆင့် ၈ ယောက်အောင် တန်ဖိုးကြီးဆေးတွေ ပေးပြီး ကူညီပေးခဲ့တယ် ။ သူကလည်း ရှုပ်ရှုပ်ယှက်ယှက်တွေ မလုပ်ချင်တော့ ငါတို့ကို အိမ်တော်ကထွက်ခွာပြီး ချန်ဖုယွန်ကို ရှင်းပစ်ဖို့ ခွင့်ပြုခဲ့တယ်”
ဒုတိယဦးရီးတော်မှ သွေးဆာတယ့် ပုံစံဖြင့် ပြောပါတယ် ။ ချန်ရှန် မျက်မှောင်ကြုတ်ပြီး မေး လိုက်ပါတယ် ။
“ချန်ဖုယွန်က ဘယ်လောက်တောင် စွမ်းလို့ ချန်မျိုးနွယ်ဝင် ဘယ်နယောက်တောင် လာတာလဲ”
ချန်တျန်းဟူက အဖြေပြန်ပေးပါတယ် ။
“ငါတို့ တပည့်ရင်း ၃၀၀ ခေါ်ခဲ့တယ် ။ အားလုံးဟာ အဆင့် ၄ တွေ ချည်းပဲ ။ ငါတို့ လူကြီးတစ်ချို့ လည်း အကူအညီပေးဖို့ ရောက်လာတာပဲ”
ချန်တျန်းဟူ ဟာ လည်း အဆင့် ၈ သိုင်းပညာရှင်တစ်ဦးဖြစ်ပြီး ယခုတော့ ချန်မျိုးနွယ်မှာ အဆင့် ၈ သိုင်းပညာရှင် ၆ ဦး ရှိနေပါပြီ ။ ချန်ရှန်ကိုပါ ထည့်ရေတွက်မည်ဆိုပါက ၇ ဦးဖြစ် မှာ ဖြစ်ပါတော့တယ် ။ တောင်ပိုင်းအင်ပါယာ သိုင်းလောကမှာတော့ ဒီလို အားအင်မျိုးဟာ ထိတ်လန့်ကြောက်ရွံ့ ဖွယ်ရာပါပဲ ။
“ချန်ဖုယွန်ဟာ ခန့်မှန်းချက်အရ အဆင့် ၉ ရှိမယ်လို့ ထင်တယ် ။ ဒါကြောင့် ငါတို့ ၆ ယောက် ပေါင်းတောင် သူ့အားနဲ့ ညီတယ်ဆိုရုံပဲ ရှိဦးမှာ”
ပထမဦးရီးတော်က စိုးရိမ်သောလေသံဖြင့် ပြောဆိုပါတယ် ။ ချန်ရှန်လည်း အနည်းငယ် ပြုံး ပြီး –
“တကယ်လို့ ကျွန်တော်တို့ ချန်မျိုးနွယ်နဲ့ ယောင်မျိုးနွယ် စစ်ဖြစ်ရင် ဦးလေးတို့ ယောင်မျိုး နွယ်က လူတွေကိုသာ နိုင်အောင်ထိန်းထားကြပါ ။ ချန်ဖုယွန်ကို ကျွန်တော့ တာဝန်ထား”
ချန်တျန်းဟူ ရုတ်တရက်ထရပ်လိုက်ပြီး ကျန် လူများဟာလည်း မေးရိုးများ မြေကြီး ထိမ တတ်ဖြစ်နေကြပါတယ် ။
“ငါ့သား ၊ မင်းအဆင့် ၉ ရောက်နေပြီလား”
ချန်တျန်းဟူ မေးလိုက်ပါတယ် ။ အံ့သြမှုများကို သူ၏ မျက်နာမှာ အထင်းသားမြင်နိုင်ပါ တယ်။ ချန်ရှန် သူ၏ နှုတ်ခမ်းများကိုစေ့လျက် –
“ကျွန်တော် အခု အဆင့် ၈ ပဲရှိပါသေးတယ် ။ ဒါပေမယ့် ကျွန်တော် ချန်ဖုယွန်ကို အချိန်တစ်ခု ကြာအောင် ထိန်းချုပ်နိုင်မယ်လို့ ယုံကြည်ပါတယ် ။ ခု အဖေတို့ ဦးရီးတော်တို့ စွမ်းအားတွေနဲ့ ဆို ယောင်မျိုးနွယ်ကို ကောင်းကောင်းကြီး ဆုံးမနိုင်မှာပါ”
ချန်တျန်းဟူ သက်ပြင်းရှည်ကြီး ချလိုက်မိတယ် ။ တကယ်လို့ ချန်ရှန်သာ အဆင့် ၉ ကို ဒီအရွယ်နဲ့ ရောက်သွားမည်ဆိုပါက သူသာမက ကျန်လူများပါ ရေထဲခုန်ချ သေသင့်နေပါပြီ ။ အဆင့် ၈ ပဲ ရောက်နေတာကို ကျေးဇူးတင်ရမလိုပါ ။ ဘာပဲဖြစ်ဖြစ် သူတို့အားလုံး အံ့သြသွား ကြပါတယ် ။ သူတို့အားလုံး ချန်ရှန်၏ စွမ်းအားဟာ ပုံသေတွက်ထားလို့ မရဘူးဆိုတာ သိသွား ကြပါတယ် ။ ဒါတင်မက ချန်ရှန် အဆင့် ၅ ရှိတုန်းကတောင် အဆင့် ၇ ရှိသော ချန်ရိဟန်ကို ရှုံးနိမ့်စေခဲ့သောကြောင့် ဒီအချက်ကို သတိရသွားတယ့်အခါမှာတော့ သူ့အဖေသာမက ချန်မျိုးနွယ် အကြီးအကဲတို့အားလုံးဟာ တုန်လှုပ်သွားကြပါတယ် ။
ချန်တျန်းဟူ နဲ့ တခြားလူများ မကြာမီထွက်သွားကြမှာဖြစ်ပြီး သူတို့ဟာ မနက်ဖြန်မှာ လျို့ ဝှက်စွာ လူ ၃၀၀ ကို ယောင်မျိုးနွယ်တို့ ကွင်းထဲသို့ ခေါ်သွားမှာပါ ။ အဲဒိအချိန်အတွင်းမှာ ချန်ရှန်ဟာ သူ့ကိုယ်သူ အကောင်းဆုံးဖြစ်အောင် ထိန်းညှိနေရမှာ ဖြစ်ပြီး မနက်ဖြန်မှာ ဖြစ် လာနိုင်မည့် အခြေအနေများကို စီမံခန့်ခွဲရမှာ ဖြစ်ပါတော့တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset