Switch Mode

Chapter – 53

ကြောက်မက်ဖွယ် လက်နက်ပုန်း

Chapter – 53 ကြောက်မက်ဖွယ်လက်နက်ပုန်း

စင်မြင့်ပေါ်မှာတော့ ရုပ်ရည်ချောမောလှသော လူငယ်တစ်ယောက်ဟာ ရွှေရောင်ဝတ်ရုံ ၀တ်လျက် မတ်တပ်ရပ်နေပါတယ် ။ တဖက်မှာတော့ ရင့်ကျက်ပုံရှိတယ့် မိန်းကလေး တစ်ယောက်ဟာ အမည်းရောင်ဝတ်ရုံကို ၀တ်ကာ သူမ၏ ချစ်စဖွယ်ပုံစံကို ထုတ်ဖော်ပြ သလျက် ရပ်နေပါတော့တယ် ။ သူမဟာ ငယ်ရွယ်သော ကောင်မလေးတစ်ယောက် ဖြစ်သော်လည်း လှပပြီး ကျက်သရေရှိလှပါတယ် ။ ဒါတင်မက သူမ၏ အဖြူရောင်ဆံပင်များ ဟာလည်း တမျိုးတမည် ဆွဲဆောင်မှု ရှိလှပါတော့တယ် ။
ချန်ရှန်ဟာ ကြည့်နေရင်း တစ်ခုခုခံစားလာရပါတယ် ။ မင်းသား၏ မျက်လုံးထဲမှာ တစ်ခုခု ဖုံးကွယ်ထားတာကို မြင်နေရပြီး ဒီလူ ၂ ယောက်ကြားမှာ တစ်ခုခု အမုန်းတရားတော့ ရှိနေ တယ်ဆိုတာ ချန်ရှန် သိလိုက်ပါတယ် ။
“မင်းကြားမိလား ၊ ဒီမင်းသားက တခါတုန်းက လန်ယုလန်ကို ကမ်းလှမ်းချက်လုပ်ခဲ့တယ် ။ ဒါပေမယ့် သူမက ငြင်းလိုက်တယ်လေ ။ ဒါတင်မက မင်းသားက ထိကပါးရိကပါးလုပ်တာကို သူမက ပါးရိုက်လိုက်တာ”
လူတစ်ယောက်က ပြောတာပါ ။
“ငါလည်း လန်ယုလန်က မင်းသား ပေါင်ကြားကို ကန်လိုက်တယ် ကြားတယ် ။ သူ မကြာခင်မှာ ဈေးကြီးတယ့် ဆေးတွေ ၀ယ်ကုလိုက်ရလို့ ငွေစတော်တော်ကုန်သွားတယ် ကြားတယ်”
သက်လတ်ပိုင်းအရွယ် လူတစ်ယောက်က ရယ်မောလျက် ပြောဆိုပါတယ် ။
“ဟားးဟားးဟားး ၊ ဒါကတော့ တကယ်ကို ကြည့်ကောင်းတော့မှာဟေ့”
ချန်ရှန်ဟာ လန်ယုလန် ဒီမင်းသားကို ဒီလို ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံနိုင်လောက်တယ့် သတ္တိ ရှိလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး ။ ပွဲစတာနဲ့ လန်ယုလန် လည်း အရိပ်မည်း အသွင် ပြောင်းကာ စင်ပေါ်မှာ လှည့်ပတ်လျက်ပါ ။ ဒီကောင်းမွန်လှတယ့် တိုက်ကွက်ဟာ သူမ၏ အကောင်းဆုံး အကွက်ပါပဲ ။ သူမဟာ အလွန်လျင်မြန်သော အရှိန်နဲ့ စင်ပေါ်မှာ ပတ်နေတာ ဖြစ်ပြီး ထိုသို့ပတ်နေရင်း အချိန်နှင့်အမျှ မင်းသားဆီသို့ ခြေကန်ချက်များ ကန်လျက်ပါ ။ ကန်ချက်တိုင်းမှာ သူဟာ အစွန်ကို ရောက်ရောက်သွားပြီး သူမ၏ တိုက်ခိုက်မှုများကို ပြန်လည် ခုခံတိုက်ခိုက်လျက်ရှိပါတယ် ။
မင်းသားရဲ့ စွမ်းအားဟာလည်း တော်တော်လေး ကောင်းမွန်ပါတယ် ။ ဒါပေမယ့်လည်း လန်ယုလန် နဲ့ ယှဉ်လျှင်တော့ နည်းနည်း နိမ့်ကျနေသလိုပါပဲ ။ နောက်ပြီး သူမမှာ မီးနဲ့ရေခဲ အတွင်းအား အစုံဟာလည်း ရှိနေပြီး ဒီ မီးနဲ့ရေခဲ ချီဓာတ်များပေါင်းစပ်ကာ ပြင်းထန်လှသော စွမ်းအားများကို ထုတ်လွှတ်နိုင်ပါသေးတယ် ။
မင်းသားဟာ သူမ၏ တိုက်ခိုက်မှုများကို ခုခံလျက် ပြန်လည် တိုက်ခိုက်နေသော်လည်း သူမ၏ ချီဓာတ်များကြောင့် ပူလိုက်အေးလိုက်ဖြင့် ခံစားနေရပါတယ် ။ နောက်ပြီး သူဟာ လန်ယုလန်ကို ထိအောင်တောင် မတိုက်နိုင်ရှာပါဘူး ။ ကောင်မလေးရဲ့ လှုပ်ရှားမှုများဟာ အလွန်ကို လျင်မြန်သောကြောင့်ပါပဲ ။
“လန်ယုလန် သာ ဒီလိုကောင်းမွန်တဲ့ သိုင်းစွမ်းရည် မရှိရင် သူမဟာ ဒီလို မြန်မြန်သွားနိုင်တာ ကလွဲပြီး ဘာမှမလုပ်နိုင်မှာ အသေအချာပဲ”
စုမေးယို ပြောနေတာပါ ။
“သူမရဲ့ မီးနဲ့ ရေခဲ ချီဓာတ်ကြောင့် တချို့ သော သိုင်းကျင့်စဉ် အနည်းငယ်သာ သူမနဲ့ သင့် တော်မယ် ။ နောက် သူမ တိုက်ပွဲမှာ ဒီလိုလုပ်နေတယ့်အတွက် ဘယ်လိုထိခိုက်မှုမျိုးနဲ့ မှ သူမကို ထိဖို့ မဖြစ်နိ်ုင်ဘူး ။ ဒါကြောင့် ကာကွယ်ပြီးသားလဲ ဖြစ်တယ် ။ တော်တော် ဉာဏ် ကောင်းတာပဲ”
ချန်ရှန်ဟာ များစွာသော စစ်မှန်တဲ့ချီဓာတ်နဲ့ ပတ်သတ်တဲ့ ကျင့်စဉ်များကို လေ့ကျင့်ခဲ့ပြီး ချီဓာတ်ကို တစ်ခုထဲသာမက များစွာပေါင်းစပ်ပြီး တချိန်ထဲသုံးနိုင်ပါတယ် ။ လန်ယုလန်ဟာ ဒီလိုမလုပ်နိုင်ပဲ မီးနဲ့ရေခဲ ပေါင်းစပ်တယ့် ချီဓာတ်ကိုသာ အသုံးပြုနိုင်တာပါ ။ သိုင်းကျင့်စဉ် အများစုကိုလည်း ကျင့်လို့မရသောကြောင့် ဒါဟာ လန်ယုလန်အတွက် စိတ်မကောင်းစရာ ပါပဲ ။ သူမ၏ ချီဓာတ်များမှာ အလွန်ကြောက်စရာကောင်းသော်လည်း အဓိက စစ်မှန်တဲ့ ကျင့်စဉ်များနဲ့ သူမ၏ ပကတိ စွမ်းအားကို မပြသနိုင်ပဲ ဖြစ်နေရပါတော့တယ် ။
မင်းသားဟာ လန်ယုလန်ကို မထိနိုင်သေးသောကြောင့် စိတ်ကသိကအောင့် ဖြစ်နေပုံပါပဲ ။ ဒီလိုသာ ဆက်သွားနေပါက သူရှုံးတော့မယ်ဆိုတာ ရိပ်မိပုံပါပဲ ။
ဒီအချိန်မှာပဲ ဖျော့တော့တော့ အလင်းတန်းလေးတစ်ခု ရုတ်တရက် လှုပ်ရှားသွားတာကို ချန်ရှန် မြင်လိုက်ရပါတယ် ။ သူ၏ အမြင်အားဟာ အရမ်းကို ကောင်းမွန်သောကြောင့် စင်ပေါ် မှာ ပုရွတ်ဆိတ်လေး ဖြတ်ပြေးသွားတာတောင် မြင်နိုင်တာပါ ။ ချန်ရှန်မြင်လိုက်တယ့် အရာကတော့ မင်းသား၏ အင်္ကျီလက်ထဲမှ အပ်လေးများ ထိုးထောင်ထွက်နေတာကိုပါပဲ ။
“ရေခဲအပ်တွေပါလားးးးး”
ချန်ရှန် မင်းသားကို အသံတိတ် ကျိန်ဆဲလိုက်ပါတယ် ။ မကြာခင်မှာပဲ လန်ယုလန်ရဲ့ ကြောက်မက်ဖွယ် အော်သံကို ကြားလိုက်ရပါတယ် ။ ချန်ရှန်လည်း သူမ ဗိုက်ကိုဖိလျက် မင်းသားအား ဝါးစားမတတ် ဒေါသတကြီး စိုက်ကြည့်နေတာကို မြင်လိ်ုက်ပါတယ် ။
မင်းသားကတော့ ပြုံးလျက် လန်ယုလန်ထံသို့ တလှမ်းချင်း လှမ်းသွားပါတယ် ။ ထို့နောက် လန်ယုလန်၏ ၀မ်းဗိုက်အား အားပြင်းစွာ ကန်လိုက်ပြီး ဒီပြင်းထန်လှသည့် ကန်ချက်ဟာ သူမ၏ ကိုယ်ကို ထိသွားပါတော့တယ် ။
လန်ယုလန်လည်း စူးစူးဝါးဝါးအော်လျက် စင်ပေါ်မှ လွင့်ထွက်သွားပြီး ပရိတ်သတ်များအံ့အား သင့်သွားစေတာကတော့ သူမဟာ လွင့်ကျသွားမှုကို သူမကိုယ်တိုင် ရပ်ပစ်လိုက်နိုင်တာကိုပါပဲ ။ သူမ၏ ဗိုက်ကိုတော့ လက်ဖြင့်အုပ်ထားပြီး သွေးတွေဟာ ထွက်ကျနေပါတော့တယ် ။
“ရှင်ဟာ တော်တော် အကျင့်မကောင်းတဲ့လူပဲ”
လန်ယုလန် သူမ၏ နှုတ်ခမ်းများ ပြတ်လုမတတ် ကိုက်ရင်းဒေါသများအပြည့်ဖြင့် စင်ပေါ်ရှိ မင်းသားအား အော်လိုက်ပါတယ် ။
“မင်းအဆင့်က ဒီလောက်ပါပဲ ။ ဒါတောင် ငါ့ကို အကျင့်မကောင်းဘူး ပြောဝံ့တယ်ပေါ့”
ဆောင်နန်မင်း လှောင်လိ်ုက်ပါတယ် ။
လန်ယုလန် တစ်ယောက် မလှုပ်နိုင်သလိုဖြစ်နေပါပြီ ။ ဒါဟာ ရေခဲအပ်ကြောင့်ပါပဲ ။ ချန်ရှန် လည်း ကောင်မလေးဘေးရောက်သွားကာ ဆေးမှုန့်အချို့ နဲ့ အဆိပ်ဖြေဆေးတစ်ခုကို ထုတ် ပြီး အလောတကြီးလေသံဖြင့် ပြောလိုက်ပါတယ် ။
“သတိထား ၊ ဒီရေခဲအပ်တွေဟာ အဆိပ်ပါတယ်”
လန်ယုလုန် ချန်ရှန်လက်ထဲကအရာများကို ကြည့်ပြီး အံ့အားသင့်နေပါတယ် ။ ထို့နောက် လေသံတီးတိုးဖြင့် –
“ကျေးဇူးပါပဲ”
“စိတ်မပူပါနဲ့ ၊ ငါသူလုပ်ခဲ့သလို ပြန်ပေးဆပ်ရအောင် လုပ်ပေးမှာပါ”
ချန်ရှန်ဟာ အနည်းငယ် ပြုံးပြပြီး သူမကို ပြောလိုက်ပါတယ် ။ လန်ယုလန်လည်း သက်ပြင်း ချပြီး –
“ကျွန်မရဲ့ သိုင်းပညာဂိုဏ်းထဲ ၀င်ချင်တယ့် မျှော်လင့်ချက်တော့ ရေစုန်မျောပါပြီ ။ ကျွန်မကို ဒီဆေးတွေပေးတဲ့အတွက် ချန်သခင်လေးကို ကျေးဇူးတင်ပါတယ်”
ချန်ရှန်ဟာ လန်ယုလန် ဂိုဏ်းထဲဝင်ပြီးပညာသင်ချင်တာကို နားလည်ပါတယ် ။ ခုတော့ သူမ၏ အခွင့်အရေးကို လက်လွတ်ဆုံးရှုံးရပြီပေ့ါ ။
“ကောင်လေး ၊ သူမကို ဆေးဖက်ဝင်သတ္တုသစ်သီးပေးပြီး သိုင်းပညာဂိုဏ်းထဲ ၀င်ခွင့်ရအောင် လုပ်ပေးလိုက် ။ သူမမှာ ရှားပါးတဲ့ မီးနဲ့ရေခဲ အတွင်းအားတွေ ရှိတယ် ။ ဒီ ဂိုဏ်းတွေကလည်း သူမကို လက်ခံမှာပါ”
စုမေးယိုက ပြောပါတယ် ။ ချန်ရှန် ဟာ ဒေါသတွေပြည့်နေတယ့် လန်ယုလန် မျက်နာကို ကြည့်ရင်း ဒီလိုကြားလိုက်ရသောကြောင့် အံ့သြသွားပါတယ် ။
“တကယ်လို့ ဒီဂိုဏ်းတွေက သူမကို လက်မခံရင် ခုနက ဆေးဖက်ဝင်သတ္တုသစ်သီးကို ပေးပြီ စဉ်းစားပေးလို့ ပြောခိုင်းလိုက်ပါ။”
ဒါကတော့ ဘိုင်ယုယု ပြောခြင်းဖြစ်ပြီး လန်ယုလန်ဟာ အလားအလာကောင်းရှိသူ တစ် ယောက်ဆိုတာ သူတို့သိကြပါတယ် ။ သူမကို အနာဂတ်မှာ ကြီးမားတဲ့ အောင်မြင်မှုများ ရရှိ စေခြင်ကြတာပါ ။ ချန်ရှန်က လေသံတီးတိုးဖြင့် –
“မိန်းကလေး လန် ၊ ဒီအဆိပ်က ရေခဲအပ်ထဲက လာတာဖြစ်ပြီး အရမ်း စိုးရိမ်ရတယ် ။ ငါ့ရဲ့ ဆေးဘုရင်ခန်းမကို လိုက်ပြီး စစ်ဆေးမှုတွေ ပြုလုပ်ဖို့ လိုက်ခဲ့နိုင်မလား”
ဆောင်နန်မင်း ဟာ စင်မြင့်ပေါ်မှ ချန်ရှန်နဲ့ ကောင်မလေးတို့ စကားပြောနေတာကို မြင်ပြီး အံကြိတ်လျက် ရှိနေပါတယ် ။ ဆောင်နန်မင်းဟာ ချန်ရှန် ဘာပြောနေလဲဆိုတာ မကြားပါဘူး ဒါပေမယ့် သူတို့ ၂ ယောက် ဒီလို အပြန်အလှန် ပြောဆိုနေတာကို ကြည့်မရဖြစ်နေပါတော့ တယ် ။
ချန်ရှန် နဲ့ လန်ယုလန် တို့ အဆင်ပြေပြေစကားပြောဆိုနေကြဖြစ်ပြီး တစ်ယောက်ဟာ ပါရမီ ရှင် လူငယ် တစ်ယောက်ဖြစ်လျက် နောက်တစ်ယောက်ကတော့ အဆင့် ၇ သိုင်းပညာရှင် အလှပဂေးလေးပါ ။ လန်ယုလန် ခေါင်းညိမ့်လျက် ချန်ရှန်နဲ့ လိုက်လာပါတော့တယ် ။ သူမ ဟာ အပ်ထဲမှာ ပါဝင်တဲ့ အဆိပ်ကြောင့် သေနိုင်ပါတယ် ။ ဒါကြောင့် တော်တော် စိုးရိမ်နေတာပါ ။
ဆေးဘုရင်ခန်းမ၏ တတိယ အထပ်မှာတော့ မန်ဘို၏ မျက်နာဟာ ဒေါသများပြည့်လျက် ပြော ဆိုနေပါတယ် ။
“ကောင်းလိုက်တယ့် ကြောက်စရာ အဆိပ်ပဲ ၊ ဒါဟာ လူတစ်ယောက်ရဲ့ ကိုယ်ထဲမှာ အချိန်အ ကြာကြီး ပျောက်နေနိုင်တယ် ။ ဒီအဆ်ိပ်ရဲ့ အဓိကအာနိသင်က ကိုယ်ထဲမှာ လပေါင်းများစွာ ကနေ နှစ်ချီပြီး ကျန်နေနိုင်တာပဲဖြစ်တယ်”
“ကောင်မလေး ၊ သိပ်လည်း မစိုးရိမ်ပါနဲ့ ၊ ဒီအဆိပ်ဟာ အစွမ်းထက်လှပေမယ့် ဒီအဆိပ် ကို တွေ့ ရင် ဖယ်ရှားဖို့လည်း လွယ်သွားပါပြီ”
မန်ဘို ဆေးတစ်ခုအား ထုတ်လိုက်ပြီး –
“ဒါဟာ အဆင့်မြင့် အမျိုးအစား ဆေးပဲ ၊ ဗဟိုချက်သန့်စင်ခြင်း ဆိုတယ့် ဆေးပဲ ။ ဒီဆေးက ခုနက အဆိပ်ကို ဖြေပေးလိမ့်မယ်”
လန်ယုလန်ဟာ မင်းသားမှ ဒီလို ရက်စက်ယုတ်မာလှတယ့် နည်းလမ်းကို သုံးသွားတယ် ဆိုတာ သိတယ့်အခါမှာ သူမမျက်နာမှာ အမုန်းတရားများဖြင့် ပြည့်နေပါတော့တယ် ။ သူမ ဟာ မန်ဘိုလက်ထဲမှ ဆေးကိုကြည့်ပြီး လေသံတိုးတိုးလေးဖြင့် မေးလိုက်ပါတယ် ။
“ငွေစ ဘယ်လောက်လဲဟင်”
“သောက်လိုက်ပါ ။ ဘာမှပေးစရာ မလိုပါဘူး”
ချန်ရှန် လည်း ဆေးကိုယူပြီး သူမလက်ထဲသို့ ထည့်ပေးလိုက်ပါတယ် ။ မန်ဘိုလည်း အလိုက် တသိနဲ့ ထွက်ခဲ့ပါတော့တယ် ။ လန်ယုလန်၏ မျက်လုံးများထဲမှာ စိတ်ရှုပ်ထွေးမှုများ မြင်နေ ရပြီး သူမဟာ ချန်ရှန်ကို ကြည့်ကာ –
“ရှင်ဘာကြောင့် ကျွန်မကို ကူညီတာလဲ”
သူမဟာ ထိုသို့မေးလိုက်ပြီး ချန်ရှန် သူမ၏ အလှကြောင့် ကူညီနေတာဖြစ်မယ်လို့ ခန့်မှန်း လိုက်ပါတယ် ။ ဒါပေမယ့် ချန်ရှန်တွင် သတို့သမီလောင်း ရှိသည်လို့ သူမကြားဖူးပါတယ် ။ ထိုကောင်မလေးဟာ ယခုကဲ့သို့ သိုင်းပြိုင်ပွဲ ၀င်ရန် အဝေးရောက်နေပြီး သူမဟာ အလွန် ပါရမီရှိပြီး အရမ်းလှတယ်ဆိုတာကို ကြားဖူးနေပါတော့တ.ယ် ။ ချန်ရှန် ရယ်မောလျက် ပြန် ဖြေ လိုက်ပါတယ် ။
“ရည်ရွယ်ချက် ကြီးကြီးမားမားတော့ မရှိပါဘူး ။ ငါ ကမိတ်ဆွေတွေ ဖြစ်ချင်လို့ပါ ။”
လန်ယုလန်လည်း ဆေးကို သောက်လိုက်ပြီးနောက် ချန်ရှန်အား ပြုံးပြလိုက်ပါတယ် ။ ဒါဟာ ပန်းလေးတစ်ပွင့် ဖူးပွင့်လာသလိုပါပဲ ။ ချန်ရှန်လည်း စိုက်ကြည့်နေမိပါတယ် ။
“ကျွန်မ ဒီလို ပါရမီရှင် တစ်ယောက်နဲ့ မိတ်ဆွေဖြစ်လာလိမ့်မယ်လို့ မထင်ခဲ့မိဘူး ။ ရှင်နဲ့ သူငယ်ချင်း ဖြစ်ခွင့်ရတာ ၀မ်းသာပါတယ်”
လန်ယုလန် ၏ အခြေအနေဟာ ကောင်းမွန်လာပုံပါပဲ ။ သူမကပင် ဆက်လက်ပြီး –
“ကျေးဇူးအများကြီး တင်ပါတယ် သခင်လေးချန်”
ချန်ရှန် ခေါင်းခါယမ်းကာ ပြန်ပြောလိုက်ပါတယ် ။
“မလိုပါဘူးဆိုမှ ၊ ဒါနဲ့ ဒီမှာ ဆေးဖက်ဝင်သတ္တုသစ်သီး ၊ ယူသွားပါဦး”
လန်ယုလန်ဟာ ဆေးပညာမှာ အကျွမ်းတ၀င်မရှိပေမယ့်လည်း ဒီအသီးအကြောင်းကိုတော့ သူမ အမြဲတမ်း ကြားဖူးနေပါတယ် ။ နောက်ပြီး အဆိုပါအသီးဟာ ဒီဆေးဆိုင်မှ ဆေးဆရာ စုဆောင်းတုန်းက အဖိုးအခအဖြစ် ပေးဖို့ကြော်ငြာခဲ့တယ်ဆိုတာ သိထားပါတယ် ။ ဒါပေမယ့် ချန်ရှန်သူမအား ဒီလိုအသီးတစ်လုံးပေးမယ်လို့တော့ ဘယ်တော့မှ မတွေးခဲ့မိသောကြောင့် အံ့အားသင့်လျက် ရှိနေပါတော့တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset