Switch Mode

Chapter – 52

အလှသွေဖယ်ခြင်း

Chapter – 52 အလှသွေဖယ်ခြင်း

ချန်ရှန် ဆေးဘုရင်ခန်းမသို့ ပြန်လာပါတယ် ။ ရောက်လျှင်ပဲ သူ၏ လေ့ကျင့်ရာ သီးသန့် အခန်းထဲသို့ ၀င်လာခဲ့ပါတော့တယ် ။ ဒီအချိန်မှာပဲ စုမေးယိုဟာ အဆိပ်သင့်ရာမှ ကာကွယ် နိုင်သော နည်းလမ်းများအား ရှင်းပြနေတယ် ။ နောက်တစ်ခါ ဒီလ်ိုခံရပါက ယခုလို ကံ ကောင်းနိုင်မည် မဟုတ်ပါဘူး ။
“ကောင်လေး ၊ မင်းက ဒီနေ့ ဒီလူတွေကို ဒေါသထွက်စေပြီး မင်းနဲ့ တိုက်ခိုက်လာအောင် ပြောတယ် ။ အခုကျတော့ သူတို့ကို ပြင်ဆင်ချိန်ပေးလိုက်ပြန်ပြီ ၊ မင်းလည်း အရူးပဲ”
ဘိုင်ယုယုဟာ အမည်းရောင်ဝတ်စုံဝတ်ဆင်ထားကာ နံရံမှာမှီလျက် ခါးထောက်ပြီး ပြောပါ တယ် ။ သူမ၏ အေးစက်စက်မျက်လုံးများမှာ သွေးဆာနေပုံပါပဲ ။ စုမေးယိုကတော့ ရယ် လျက် ပြောပါတယ် ။
“အမတော် ၊ အမတော် အရင်က တစ်ခါ ပြောဖူးတယ်လေ ၊ ဒီကောင်လေးက ဘယ်အရာကို မဆို ကောင်းကောင်း ထိန်းကျောင်းနိုင်တယ်လို့ ပြောတာ မှတ်မိပါတယ် ၊ ခုကျ ဘာလို့ ပြောင်းလဲသွားပြန်လဲ”
ဘိုင်ယုယု လှောင်လျက် –
“ဟဟ ၊ သူ့မှာ မုန်းတီးနာကျည်းစိတ် ကောင်းကောင်းမရှိရင် သတ်စရာရှိတာသတ် လုပ်စရာ ရှိတာလုပ်ဖို့ ပြတ်သားနိုင်မှာ မဟုတ်ဘူး”
“အမတော်ယုယု ၊ အမြဲတမ်း ဒီတူညီတဲ့ အ၀တ်အစားတွေပဲတော့ မ၀တ်ဘူးမလား ၊ ကျွန်တော် ဒီထက်လှတာတွေ ၀ယ်ပေးပါ့မယ်ဗျာ”
ချန်ရှန် ရယ်လျက် ပြန်ပြောပါတယ် ။ ဒီအလှမယ် ၂ ယောက်အကြား ငြိမ်းချမ်းရေးရရှိရန် ချန်ရှန်ဟာ သူသိတယ့် အကောင်းဆုံးနည်းလမ်းကို ပြောလိုက်ပါတယ် ။ အ၀တ်အစား အသစ်များဟာ မိန်းမတိုင်း သည်းခြေကြိုက်ပါပဲ ။ ဒီလိုပြောလိုက်ခြင်းအားဖြင့် မိန်းမလှ ၂ ယောက် အခြေအတင်ဖြစ်ခြင်းမှ ရပ်တန့်သွားမယ်ဆိုတာ သေချာသလောက်မို့ပါ ။
ဘိုင်ယုယုရဲ့ မျက်နာဟာ အနည်းငယ် ပျော့ပြောင်းသွားပြီး သူမအသံဟာ လည်း နုးညံ့သွားသလို ပါပဲ ။
“အခုတော့ မလိုသေးပါဘူး”
စုမေးယို သူမပါးစပ်ကို အုပ်လျက် ရယ်နေပါတော့တယ် ။ နှုတ်ခမ်းများ စူလျက် ထပ်ပြော ပြန်ပါတယ် ။
“ကောင်လေး ၊ မင်းက အမတော်ရဲ့ ဘယ်အပိုင်းကို ၀ယ်ပေးချင်တာလဲကွ ၊ သူကငါ့ ထက်တောင် အ၀တ်အစားပိုများသေးတယ် ။ ငါ့မှာတော့ မင်းအပေါ်အမြဲတမ်း ကောင်းလိုက် ရတာ ၊ ဒါကတော့ မင်းမျက်နာလိုက်လွန်းသွားပြီ”
ချန်ရှန်လည်း လျာထုတ်ပြပြီး ၊ စုမေးယို၏ ကိုယ်သင်းရနံ့ လေးဟာ ခိုးရှူရှိုက်ရင် ပြန်ပြော လိုက်ပါတယ် ။
“အဲလိုမှ မပြောရင်လည်း အမတော် ဘိုင်ယုယု စိတ်ပြေအောင် ဘယ်လိုလုပ်ရမှန်း မသိလို့ဗျ”
“ဟဟ ၊ အဲလိုရရိုးလား”
ဘိုင်ယုယု လှောင်ပြီး ပြန်ပြောပါတယ် ။
“အမတော် ၊ အမတော် မလိုရင်လည်း ညီမတော်ကို ဘာလို့ အဲဒိအ၀တ်တွေ မပေးလဲ”
စုမေးယိုမှ လည်း ပြောပြန်ပါတယ် ။
“ညီမတော်က ဒီဟာတွေကို ပေးဖို့ တကယ်ကို ပြောနေတာကိုး ၊ ငါတို့အမြဲတူတူ ၀တ်နေကျ ပဲလေ”
ဘိုင်ယုယု အထင်သေးဟန်ဖြင့် ကြည့်ပြီး ပြောပါတယ် ။
ချန်ရှန်ဟာ ဒီ ၂ ယောက်လုံးဟာ တနေကုန် ကွင်းလေးထဲမှာ နေပြီး ပျင်းနေကြမယ်ဆိုတာ သိပါတယ် ။ဒါကြောင့် သူဟာ မကြာခဏ အ၀တ်အစားသစ်များဝယ်ပေးလေ့ ရှိတဲ့အတွက် သူတို့ ၂ ယောက် သိပ်တော့ စိတ်ဓာတ်မကျကြပါဘူး ။ ပျော်နေကြမယ် ထင်ပါတယ် ။ သူတို့ ၂ ယောက်လုံးဟာ လှပပြီး ကြောက်စရာ ပညာရှင်များ ဖြစ်သော်လည်း ခုချိန်မှာတော့ ၎င်းတို့ အားအင်များ ဆုံးရှုံးနေရသော ကြောင့် သာမန်မိန်းကလေးများပါပဲ ။
ဘိုင်ယုယုနဲ့ စုမေးယိုဟာ အရောင် အနံ့မရှိတယ့် အဆိပ်ငွေ့ ကို ဘယ်လိုရင်ဆိုင်ရမလဲဆို တာ သိကြပါတယ် ။ သူတို့ဟာ သူတို့သိသမျှ အချက်အလက်တွေကို သင်ကြားပေးကြတယ် ။ အဓိကအားဖြင့် ချီဓာတ် သိုလှောင်ရာကို အနှောင့်အယှက်မဖြစ်အောင် ဘယ်လိုကာကွယ် ရမလဲ ဆိုတာကိုပါ ။ အခန်းမှထွက်လာပြီးနောက် ချန်ရှန်ဟာ အနောက်ဖက်ရှိ ပန်းခြံဘက်သို့ ထွက်လာခဲ့ပါတယ် ။ ထိုနေရာမှာတော့ ချန်လုဇောင် နှင့် မန်ဘို တို့ ဆေးပညာအကြောင်း အရာများ ဆွေးနွေးလျက် ရှိနေကြပါတယ် ။ ချန်ရှန်လည်း သူတို့ စကားဝိုင်းသို့ ၀င် ရောက်ကာ အတွေ့ အကြုံများ ဖလှယ်ကြပါတော့တယ် ။ ဒါဟာ သူတို့အားလုံးအတွက် တကယ်ကို အကျိုးရှိတာပါ ။
“ကောင်လေး ၊ မင်းတော့ ဒီနေ့ ထပ်ပြီး မွှေခဲ့ပြန်ပြီ ။ ဒီလိုအသက်ငယ်ငယ်နဲ့ မင်းကိုတော့ နားမလည်နိုင်တော့ဘူး ။ ဒီလို ပြသနာကို ကျွမ်းကျွမ်းကျင်ကျင် လုပ်တတ်ဖို့ ဘယ်လိုများ တတ်လာသလဲကွ”
ချန်လုဇောင် ခေါင်းကို လှုပ်လျက် ရယ်ပြီး ပြောပါတယ် ။
မန်ဘိုကလည်း ရယ်ပြီး ပြောပြန်ပါတယ် ။
“ဒီကောင်လေးက သာမန်တော့ မဟုတ်ဘူးဟေ့ ၊ ငါတောင် ရှုံးခဲ့တာပဲကို ၊ မင်းတို့ ချန်မျိုးနွယ် နဲ့ ယောင်မျိုးနွယ်တို့ရဲ့ ကြားက အမုန်းတရားကတော့ တော်တော်ကို ကြီးနေပီ”
ချန်ရှန် နှုတ်ခမ်းကို ကိုက်လျက် ပြန်ပြောလိုက်ပါတယ် ။
“ယောင်မျိုးနွယ်အတွက် ကျွန်တော်လုပ်သင့်လုပ်ထိုက်တာကို လုပ်လိုက်တယ်လို့ ထင်တာပဲ”
“သခင်လေးချန် ၊ ကြီးကြပ်သူ ကြီး ၊ ဆေးဘုရင်ကို တည်ထောင်သူ ကြီး ရှင်က အားလုံးသော ဂုဏ်ပုဒ်တွေ ပိုင်ဆိုင်မယ်လို့ အရင်ကမတွေးမိခဲ့ဘူး”
နူးညံ့လှတယ့် အသံလေးဟာ ချန်ရှန် နှလုံးခုန်သံကို မြန်သွားစေပါတယ် ။ ဒါဟာ သေချာ ပေါက် ဟွာယုယန် အသံပါပဲ ။ ချန်ရှန်နဲ့ ဒီဟွာယုယန် ကြားက ကိစ္စဟာ တစ်ခုခုတော့ တစ်ခုခုပဲဆိုတာ ဘေးနားက ၂ ယောက်ဟာ တွေးနေကြပါတယ် ။ ဘာလို့ ဒန်ရှန်မှ သူတို့ရဲ့ အဖိုးတန်ဆေးပင်တွေကို ဆေးဘုရင်ခန်းမသို့ ဈေးပေါပေါဖြင့် ရောင်းချနေလဲဆိုတာ နားမ လည် နိုင်ကြဘူး ဖြစ်နေကြပါတယ် ။ လူကြီး ၂ ယောက်လည်း တိတ်ဆိတ်စွာ ထွက်ခွာ သွား ကြပါတယ် ။
ဟွာယုယန်ဟာ ဒီနေ့တော့ လုံခြုံလှပစွာ ၀တ်ဆင်ထားပါတယ် ။ သူမ၏ လှပလှသော ခန္ဓာ ကိုယ်အား အဖြူရောင် စကပ်ရှည်ကြီးကို ၀တ်ဆင်ထားပါတယ် ။ ကျက်သရေရှိမှုကတော့ လူတိ်ုင်းရဲ့ နှလုံးသားကို သိမ်းယူသွားမတတ်ပါပဲ ။ သူမဟာ ပြိုင်ဘက်ကင်းအလှကို ပိုင်ဆိုင် ထားပြီး သူမကို ချန်ရှန်ဟာ ခဏခဏ ခိုးကြည့်မိရတယ့် အထိပါပဲ ။ အဲလိုကြည့်မိတိုင်းလည်း ချန်ရှန်ဟာ စိတ်မသက်မသာ ခံစားရပါတယ် ။
ချန်ရှန် စိတ်မသက်မသာပုံစံကို မြင်ပြီး ဟွာယုယန် စိတ်ဆိုးစွာ ပြောပါတယ် ။
“ရှင် က ကျွန်မကို မုန်းနေတယ်ဆိုတာ သိပါတယ်”
ချန်ရှန် အလျင်အမြန်ပဲ ပြန်ပြောလိုက်ပါတယ် ။
“မဟုတ်ပါဘူးဗျာ ၊ ခင်ဗျားဟာ လှလွန်းနေတယ့်အတွက် ရာဇ၀တ်မှု ဖြစ်မှာကိုတောင် စိုးရိမ်မိလို့ပါ”
ဟွာယုယန် ပျော်သွားဟန်ရပြီး ရယ်မောလျက် ပြန်ပြောပါတယ် ။
“ရှင်က ကျွန်မအတွက် စိုးရိမ်တယ်ပေါ့ ၊ စိတ်မပူပါနဲ့ ရှင်သာ ဒန်ရှန်တောင်ယွမ်ကိုလာပြီး အောင်မြင်တဲ့ ဆေးပညာရှင်ဖြစ်လာရင် ကျွန်မဟာ ရှင့်အတွက်ပါပဲ”
ချန်ရှန် ခေါင်းခါရမ်းပြီး ပြောလိုက်ပါတယ် ။
“မဖြစ်နိုင်ပါဘူး ၊ ကျွန်တော် ပြောပြီးသားလေ ၊ ကျွန်တော် သိုင်းပညာဂိုဏ်ပဲ ၀င်မှာပါလို့”
ဟွာယုယန် တီးတိုး လှောင်ပြောကာ ခနဲ့တဲ့တဲ့ လေသံဖြင့် –
“ချစ်ရပါသော ဆေးဆရာလေး ၊ အခုတခြားလူတွေ ဘာစဉ်းစားနေလဲသိလား”
ချန်ရှန် ချက်ချင်းပဲ ပြန်ဖြေလိုက်ပါတယ် ။
“မသိပါဘူး ၊ ယုယန် ခင်ဗျားဟာ အရမ်းလှပါတယ် ။ ဒါပေမယ့် ခင်ဗျားသိတယ့်အတိုင်း ကျွန်တော်က ရွှီရှန်းရှန်း နဲ့ စေ့စပ်ထားတယ်လေ ။ ဒါကြောင့် ကျွန်တော် ရံရွှေတော် လိုမျိုး ထားရင်တောင် သူမခွင့်ပြုချက် လိုပါတယ်”
ဟွာယုယန် ညင်သာစွာ သက်ပြင်းချပြီး သူမ၏ လျာအား ချန်ရှန်ဖက် ထိုးကာ ပြောင်ပြလျက် ပြောပါတယ် ။
“ကျွန်မက ရှင့်ရဲ့ ရံရွှေတော် မဖြစ်ချင်ပါဘူး ။ ကျွန်မက အစေခံ ပဲဖြစ်ချင်တာ ၊ ခုပဲ ဒန်ရှန် တောင်ယွမ် ကို သွားကြမယ်လေ ၊ လိုက်မယ်မလား”
ယုယန် မျှော်လင့်ချက်အပြည့်နဲ့ မေးလိုက်ပါတယ် ။
ချန်ရှန်အံ့သြကာ ထပ်ပြောလိုက်တယ် ။
“ဒန်ရှန်တောင်ယွမ်ကို ဟုတ်လား ၊ ကျွန်တော် ပြောပြီပါပြီကော ၊ သိုင်းပညာဂိုဏ်းပဲ ၀င်ပါမယ် ဆိုမှ ၊ ခင်ဗျားရဲ့ ဖိတ်ခေါ်မှုကိုတော့ ကျေးဇူးတင်ပါတယ် ။ အားနာနာနဲ့ပဲ ကျွန်တော် ငြင်းပါရစေ”
“မအံ့သြပါနဲ့ ၊ ကျွန်မ ဒန်ရှန်မှာ ကြီးကြပ်လာတာ ၂ နှစ်ရှိပြီ ၊ ခုတော့ ပြန်ရတော့မယ် ။ နောက် ကျွန်မ နာမည်အရင်းဟာလည်း ဟွာယုယန် မဟုတ်ဘူး”
ဟွာယုယန် ပြောလိုက်တာပါ ။ သူမ၏ ပုံစံဟာ စိတ်ပျက်နေပုံရပြီး ချန်ရှန်၏ အဝေးကို လျှောက်သွားပါတော့တယ် ။
“တကယ်ကို တောင်းပန်ပါတယ် ။ အခွင့်ရှိရင်တော့ ကျွန်တော် ဒန်ရှန်တောင်ယွမ် ကိုလာပြီး ခင်ဗျားကို ရှာပါ့မယ်”
ချန်ရှန် သက်ပြင်းချလိုက်ပါတယ် ။ ဟွာယုယန်က အလှပဆုံး ပြုံးပြပြီး –
“ဆေးပင် တွေ ကိစ္စနဲ့ ပတ်သက်ပြီးလည်း စိတ်မပူပါနဲ့ ၊ ကျွန်မ မရှိတော့ရင်တောင်မှ ဒန်ရှန်နဲ့ ဆေးဘုရင်ခန်းမတို့ ဆက်ဆံရေးဟာ ဆက်လက်တည်မြဲနေမှာဖြစ်ပြီး ဈေးတွေလည်း တိုး လာမှာမဟုတ်ပါဘူး”
ချန်ရှန်ဟာ ဒီမိန်းမလှ ဘာကြောင့် သူ၏ အစေခံ ဖြစ်ချင်နေလဲဆိုတာနဲ့ ပတ်သက်ပြီး စိတ်များ ရှုပ်ထွေးလို့ နေပါတယ် ။ ဒါပေမယ့် သူမကိုတော့ အများကြီး ကျေးဇူးတင်လျက်ပါပဲ။
“ကျေးဇူးအများကြီးတင်ပါတယ် ၊ ခင်ဗျားကျွန်တော့ရဲ့ အစေခံ ဖြစ်စရာမလိုပါဘူး ၊ ကျွန်တော် တို့က မိတ်ဆွေသူငယ်ချင်းရင်းချာတွေပါပဲ ၊ နောင် ကျွန်တော် ဒန်ရှန်တောင်ယွမ် ကိုလာပြီး ခင်ဗျားကို သေချာပေါက် ရှာမှာပါဗျာ”
ဟွာယုယန် ရယ်မောပြီး ပြန်ပြောပါတယ် ။
“ရှင်ကျွန်မကို ရှင့်ကောင်မလေးအဖြစ် မလိုချင်တာကို နောက်မှ သေချာပေါက် နောင်တ ရလိမ့်မယ် ။ ရှင်ကျွန်မကို တောင်ရှန်တောင်ယွမ်လာပြီး ရှာရမယ်ဆိုတာ မှတ်ထားပါ ။ အခု ကျွန်မနာမည်ကို ရှင့်ကို မပြောပြတော့ဘူး ။ ကျွန်မကို လွယ်လွယ်တွေ့ မှာကို မလိုလား လို့ပဲ”
သူမဟာ ပြောပြီးပြီးချင်းပဲ ချန်ရှန်ဆီလျင်မြန်စွာ လာပြီး အနမ်းပေးသွားပါတော့တယ် ။ ဒီနောက်မှာတော့ ရယ်မောကာ အဝေးသို့ ပြေးထွက်သွားပါတယ် ။ ချန်ှရှန်မှာသာ ကျောက် ရုပ်ကြီးတစ်ခုလို ကျန်ခဲ့လျက် . . .။
“ဒီမိန်းမ က ဘယ်လိုပါလိ့်မ်ကွာ”
ချန်ရှန် ကောင်မလေးရဲ့ အငွေ့ အသက်များကျန်ခဲ့တဲ့ သူ၏ နှုတ်ခမ်းကို ကိုက်ကာ ကြောင်နေ ပါတော့တယ် ။ စုမေးယိုက ညင်သာစွာ ရယ်မောပြီး ပြောပါတယ် ။
“ဒီကောင်မလေးက မင်းကို ကြိုက်နေပုံပဲ ၊ မင်းဆိုသည်မှာလည်း ဘယ်လိုတောင် ကံကောင်း နေတာလဲဆိုတာ မပြောတတ်တော့ဘူး ။ ဒီမတိုင်ခင်က ရွှီရှန်းရှန်းကလည်း မင်းကို အသည်းစွဲ ၊ ခုဒီကောင်မလေးကလဲ . . .အင်း ပြောတော့ပါဘူး”
ချန်ရှန် ပြောင်ပြပြီး အသံတိုးတိုးဖြင့် ပြန်ပြောလိုက်ပါတယ် ။
“ဟဟ ၊ ဒါကျွန်တော့ရဲ့ ညို့ နိုင်စွမ်းပဲလေ ၊ ဘာကြောင့်လဲဆိုတာ နောက်မှသိလိ့မ်မယ်”
ဒီရက်တွေမှာ ချန်ရှန်ဟာ ဆေးမလုပ်ဖြစ်သော်လည်း နဂါးတံတွေးကျင့်စဉ်ကိုတော့ လုပ် ဖြစ်နေပါတယ် ။ အဆင့်မြင့်ဆေးတွေကိုလည်း လုပ်နိုင်ဖို့ ပြင်ဆင်နေပါတော့တယ် ။
နောက်တစ်နေ့ မနက်မှာတော့ ချန်ရှန်ဟာ ယောင်မျိုးနွယ်ကွင်းထဲသို့ ရောက်လာခဲ့ပြီး ဒီနေ့ကတော့ လန်ယုလန် နဲ့ မင်းသား ဆောင်နန်မင်း တို့ရဲ့ ပြိုင်ပွဲနေ့ပါပဲ ။ တစ်ယောက်ကလဲ မင်းသားတစ်ပါး ဖြစ်သလို တစ်ယောက်ကလည်း စစ်သူကြီး သမီးပါ ။ ၂ ယောက်စလုံးရဲ့ သိုင်းစွမ်းရည်ဟာ အဆင့် ၇ ဖြစ်ကြပြီး အားလုံးသောပရိတ်သတ်များဟာ ဒီပွဲကိုအားပေးရန် စောင့်နေကြပါတော့တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset