Chapter – 51 သွေးစွန်းသောနည်းလမ်း
ပြိုင်ပွဲစစချင်းပင် ချန်ရှန်ဟာ လေထဲမြောက်တက်သွားပါတယ် ။ လူတိုင်းဟာ ယောင်ချွန်၏ အဆင့် ၇ အားအင်ကို ရင်သပ်ရှုမောဖြစ်နေကြတယ် ။ ယခုတော့ ယောင်မျိုးနွယ်ဟာ ချန်ရှန် အား ယောင်ချွန်နှင့် အဘယ်ကြောင့် တွဲပေးရလဲဆိုတာကို နားလည်သွားကြပါပြီ ။
“ချန်ရှန် ၊ ရှင့်အားက ဒီလောက်ပဲလား ၊ စိတ်ပျက်စရာပဲ”
လန်ယုလန် အနီးနားမှာ သူမ၏ ရင်အုံများကို ထွေးပွေ့ လျက် မတ်တပ်ရပ်နေပါတယ် ။ သူမ၏ အေးစက်စက်မျက်လုံးများမှာတော့ စိတ်ပျက်မှုများ ပြည့်လို့နေပါတယ် ။ ဒီအချိန်မှာ ချန်ရှန်ဟာ စင်မြင့်၏ အစွန်မှာ ရှိနေတာဖြစ်ပြီး ယောင်ချွန်မှ သူ့ကို နောက်တစ်ခါ ထပ်မံ တိုက်ခိုက်တော့မှာပါ ။
ယောင်မျိုးနွယ်ရဲ့ နည်းလမ်းဟာ တကယ်ကို ဉာဏ်များလှပြီး ချန်ရှန်ပင် အငိုက်မိသွားပါ တယ် ။ ယောင်မျိုးနွယ်ဟာ အရာရာကို ဟာကွက်မရှိ လှည့်စားနိုင်သော်လည်း ချန်ရှန်လက် မှ မမြင်ရတယ့် ကွင်းလေးအကြောင်းကိုတော့ မသိကြပါဘူး ။ ဒီထဲမှာ လှပပြီး ကြောက်မက် ဖွယ်စွမ်းအင်တွေကို ပိုင်ဆိုင်ကြတယ့် မိန်းမလှလေး ၂ ယောက်ရှိနေတာဖြစ်ပြီး တစ်ယောက်ဟာ ဆေးပညာမှာ အတုမရှိသူပါပဲ ။
“ဒါအရမ်းအားပြင်းတဲ့ အဆိပ်ငွေ့ တစ်ခုပဲ ၊ စွမ်းအင်တွေကို ကပေါက်တိကပေါက်ချာ ဖြစ်အောင် လုပ်နိုင်တယ် ။ ဒါပေမယ့် မင်းကိုယ်ကို ထာဝရမိစ္ဆာ ရေကန်ထဲမှာ သန့်စင်ပြီး ကတည်းက မင်းရဲ့ စွမ်းအင်သိုလှောင်ရာဟာ တော်တော် ခိုင်မာခဲ့တယ် ။ မင်း ထိုက်ကျိ ကျင့်စဉ်ကိုသာ ကျင့်ဖို့ လိုတယ် ။ ခု မင်းရဲ့ စွမ်းအင်သိုလှောင်ရာမှာ ထိုက်ကျိပုံစံကားချပ် ကို လှည့်နေလိုက် ၊ ဒီအဆိပ် ကို သန့်စင်ပေးလိမ့်”
စုမေးယိုမှ ပြောတာပါ ။
ထိုက်ကျိကျင့်စဉ်ကို ကျင့်လိုက်တဲ့နောက်မှာတော့ ချန်ရှန်ကိုယ်ပတ်လည်မှ စိတ်ဝိဉာဉ် ချီဓာတ်တွေဟာ ၎င်း၏ ခန္ဓာကိုယ်ထံသို့ တိုးဝင်ကာ အဆိပ်ငွေ့ များအား သန့်စင်ပေးပါ တော့ တယ် ။ ချီဒြပ်စင် ၅ ခုဟာလည်း သန့်စင်သွားပါတယ် ။
ယောင်ချွန်ဟာ မူလက ချန်ရှန်အား အပြင်းအထန် ထိခိုက်နာကျင်စေချင်ပြီး စင်ပေါ်မှ ပစ်ချ ဖို့ပါ ။ ဒါပေမယ့် သူထင်သလိုမဖြစ်လာပဲ ချန်ရှန်၏ မျက်လုံးများမှာတော့ သွေးဆာသော အရိပ်အယောင်များကို မြင်တွေ့ ရပြီး လူသားဆန်မှုဆိုတာကို ရှာတွေ့ နိုင်တော့မှာ မဟုတ် ပါဘူး ။
ချန်ရှန်ဟာ အခု လှုပ်နိုင်လာပါပြီ ။ ဒါကိုမသိတယ့်ပရိတ်သတ်များဟာ ယောင်ချွန်မှ ရေခဲငွေ့ များလွှမ်းခြုံထားတဲ့ ဓားတိုလေး ဆွဲထုတ်လိုက်တာပြီး ချန်ရှန်၏ ရင်ဘတ်အား ချိန်ရွယ်နေသည်ကို ကြည့်နေကြပါတယ် ။
“သေပေတော့”
ယောင်ချွန် အော်လိုက်ပါတယ် ။ လူတိုင်းဟာ အံ့သြလျက် အုန်းအုန်းကျက်ကျက် ဖြစ်သွား ကြကာ တစ်ယောက်တစ်ပေါက်အော်သံများ ကို အဆက်မပြတ် ကြားနိုင်ပါတယ် ။
ယောင်ချွန်၏ ဓားဟာ ချန်ရှန်၏ရင်ဘတ်ကို ဖောက်လုနီးပါးဖြစ်ပေမယ့်လည်း ချန်ရှန်ဟာ ခုထိ မလှုပ်သေးပါဘူး ။ ရုတ်တရက်ပဲ ချန်ရှန်ခန္ဓာကိုယ်၏ အရိုးတစ်ချောင်းစီတိုင်းဟာ အသံများမြည်လျက် သူဟာ သူ၏ဘယ်လက်အား ထုတ်ကာ လက်ချောင်း ၂ ချောင်းကြားတွင် ဓားတိုလေးအား ညှပ်လျက် ဖမ်းလိုက်ပါတယ် ။ ထို့နောက်မှာတော့ ပြင်း ထန်လှသောအားဖြင့် ထိုးလိုက်သော လက်နက်ငယ်လေးမှာ အပိုင်းငယ်လေးများအဖြစ် ကျိုးသွားပါလေတော့တယ် ။
“မျိုးမစစ်ကောင် ၊ ပထမ မင်းငါ့ကို အဆိပ်ငွေ့ ထုတ်ပြီး လုပ်ကြံတယ် ။ ဟောအခုလဲ ငါ့ကို ပြင်းပြင်းထန်ထန်သတ်ဖို့ ကြိုးစားတယ် ။ မင်းတို့ရဲ့ သောက်ကျင့်မကောင်းတဲ့ ယောင်မျိုး နွယ်ဟာ တော်တော် လူမဆန်တာပဲ”
ချန်ရှန် ဒေါသတကြီးအော်လျက် ပြင်းထန်လှသော မိုးပြာရောင် ချီငွေ့ တွေဟာ သူ၏ လက်များမှ ထွက်လာပါတယ် ။ လျှပ်စီးအငွေ့ ချီဓာတ်များဟာ အလွန်ကို ကြောက်ဖို့ ကောင်း လှပါတယ် ။
“သေလိုက်တော့”
ချန်ရှန် ဒေါသကြီးစွာ အော်လိုက်ပြီူး၏ လက်သီးများကို အားအလွန်ကောင်းသော မုန်တိုင်း ၂ ခုအသွင် ယောင်ချွန်၏ ကိုယ်အား ထိုးချလိုက်ပါတော့တယ် ။ မျက်တောင်တခတ် အတွင်း မှာပဲ လျှပ်စီးချီဓာတ်များ ပါဝင်သော လက်သီးမိုးများဟာ ယောင်ချွန်၏ ကိုယ်ပေါ်သို့ အဆက် မပြတ် ထိုးနှက်နေပါတယ် ။
ယောင်ချွန်တစ်ယောက် နာကျင်မှုဖြင့် အသံနက်ကြီးများအော်လျက်ရှိပြီး ယောင်မျိုးနွယ်ဝင် များဟာလည်း စင်မြင့်ဆီလို့ လာနေကြပါတယ် ။ ဒါကိုမြင်တဲ့အခါ ချန်ရှန်၏ ချီဓာတ်များဟာ ရုတ်တရက် ကြီးမားသော မိုးပြာနဂါးလက်သည်းများ အဖြစ် ပြောင်းသွားတယ် ။ မိုးပြာရောင် စစ်မှန်သော ချီဓာတ်များဟာ နဂါးလက်သည်းမှ ထွက်နေပြီး ယောင်ချွန်၏ ကိုယ်အား ထိလိုက် ရုံဖြင့် သွေးများဟာ ဘယ်တော့မှ မရပ်တန့်တော့မယ့် ရေပန်းတစ်ခုလို ဖြန်းလျက် ကျနေပါတော့တယ် ။
ယောင်ချွန်ဟာ နဂါးလက်သည်းဖြင့် ထိရှကာ အပေါက် ၅ ပေါက်ဖြစ်သွားပြီး ချီဓာတ်များဟာ စိမ့်ဝင်နေပါတယ် ။ မြေကြီးပေါ်ကျသွားပြီဖြစ်ပြီး သေတော့မသေသေးပါဘူး ။
“ချန်ရှန် ရပ်တော့”
ယောင်လူကြီးဟာ လက်သီးဖြင့်ချိန်လျက် ချန်ရှန်ဆီ ပြေးလာနေတုန်းမှာပဲ ရုတ်တရက် ချီဓာတ်များ လတ်သွားပြီး ချန်ရှန်၏ ခြေထောက်များမှာ လျှပ်စီးချီငွေ့ များကို မြင်လိုက်ရပါတယ် ။ အားပြင်းစွာ ခြေထောက်များ အပေါ်မြှောက်ပြီး ကြီးမားလှသော မိုးပြာ ရောင်လျှပ်စီးများ လက်နေတဲ့ ပုဆိန်ကြီးအသွင်ပြောင်းကာ ယောင်ချွန်၏ ခါးဆီသို့ ခုတ်ချ လိုက်ပါတော့တယ် ။
“ရပ် . . . .”
ယောင်လူကြီး ထပ်မံအော်လိုက်ပါတယ် ။ သို့သော် ယောင်ချွန်မှာတော့ ချန်ရှန်၏ ပြင်းထန် လှသော တိုက်ကွက်ကြောင့် ၂ ပိုင်းပြတ်လို့သွားပါပြီ ။ ယောင်ချွန်ဟာ သေဆုံးသွားခဲ့ပါ တယ် ။ မြင်ကွင်းကတော့ သွေးသံတရဲရဲဖြင့် ကြောက်လန့်ဖွယ်ရာပါ ။ လူတိုင်းဟာ နှလုံးခုန် ရပ်နေသလိုဖြင့် အံ့သြမင်သက် နေကြပါတယ် ။
ချန်ရှန် လုပ်ရပ်ဟာ အားလုံးသော လူတွေကို အံ့အားသင့်စေလျက်ပါ ။ ယောင်မျိုးနွယ် ဂိတ်ရှေ့ မှာ ၊ ယောင်မျိုးနွယ်ရဲ့ လူကြီးရှေ့ မှာ ၊ ယောင်မျိုးနွယ်ရဲ့ မျိုးဆက်သစ် ဂျူနီယာကို သတ်ပစ်လိုက်တာဟာ တော်တော်အံသြစရာကောင်းပြီး သွေးပျက်ဖွယ်ရာပါပဲ ။
“ကျွန်တော့ကို သတ်ဖို့ ကြိုးစားချိန်တုန်းကကျ ခင်ဗျားက ဘာလို့ မရပ်ခိုင်းလဲ ၊သူ ကျွန်တော့ ကိုသတ်ဖို့ ကြိုးစားရင် ကျွန်တော်က ပြန်မသတ်ဘူးလို့ ခင်ဗျား ထင်နေတာလား ၊ နောက် ပြီး ကျွန်တော် စ စည်းကမ်းဖောက်နေတာမဟုတ်ဘူး”
ချန်ရှန်ရဲ့ အသံဟာ ဒေါသဖြင့် ပြည့်နေဆဲပါ ။ တကယ်လို့ သူသာ အဆိပ်ငွေ့ များအား ဖယ်မ ထုတ်နိုင်ဘူး ဆိုပါက သေချာပေါက် သေပါလိမ့်မယ် ။ ခုနကပဲ ယောင်ချွန်ဟာ ဓားအတိုဖြင့် ချန်ရှန်ကို သတ်ဖို့ ကြိုးစားခဲ့တာပါ ။ လူတိုင်း ဒီ စည်းကမ်းချိုးဖောက်မှုကို ရှင်းလင်းစွာ မြင်ခဲ့ ပါတယ် ။ ဒါကြောင့် ချန်ရှန်ကို အပစ်ဆိုလို့ မရနိုင်ပါ ။
“ခင်ဗျားက ကျွန်တော့ကို တိုက်ချင်တာလား”
ချန်ရှန် အမဲလိုက်ခြင်းချီဓာတ်များ ခန္ဓာကိုယ်တစ်ခုလုံးမှ ထုတ်လျက် အေးစက်စွာ မေးလိုက် ပါတယ် ။
ယောင်လူကြီးဟာ သွေးသံရဲရဲဖြင့် ၂ ပိုင်းပြတ်သေဆုံးလျက်ရှိသော ကိုယ်အား မြင်ပြီး ဒေါသများ အထွတ်အထိပ်သို့ ရောက်နေပါတယ် ။ သူ၏ အကြည့်များမှာလည်း သွေးဆာတဲ့ ပုံရိပ်တွေ ပြည့်နေသလိုပါပဲ ။ ဒီအချိန်မှာပဲ တခြားယောင်မျိုးနွယ်ရဲ့ သက်ကြီးပိုင်းတွေလဲ ရောက်လာပါတော့တယ် ။
“ဟားး ဟားး ၊ တော်တော်ရယ်ရတယ် ၊ ယောင်မျိုးနွယ်က ကောင်လေးက စည်းကမ်းတွေကို ချိုးဖောက်ပြီး လူသတ်ဖို့ ကြိုးစားတယ် ။ ဒါပေမယ့် မလုပ်နိုင်လိုက်ဘူး ၊ ခုတော့ ယောင်မျိုး နွယ်ရဲ့ အကြီးတွေဟာ ကလဲ့စားချေဖို့ လာကြသတဲ့”
မတ်တပ်ရပ်လျက် ကျယ်လောင်စွာ ပျက်ရယ်ပြုခြင်းဟာ ယောင်မျိုးနွယ်ဝင်တို့ ခံနေကြရပါ ပြီ ၊ ပရိတ်သတ်အသံများပါ ထွက်လာသောကြောင့် ယောင်မျိုးနွယ်လူကြီးတို့ရဲ့ ဒေါသဟာ ငယ်ထိပ်ရောက်နေကြပါတယ် ။ သူတို့ဟာ ချန်ရှန်ကို အလွန် မုန်းတီးနေသောကြောင့် ယောင်ချွန်အား ချန်ရှန် နှင့် တိုက်ခိုက်ရန် စီစဉ်ခဲ့ခြင်းပါ ။
သူတို့ဟာ ယောင်ချွန်ပါးစပ်ထဲသို့ အဆိပ်ငွေ့ မဖြည့်ခင် ဖြေဆေးကို ယူဆောင်ခွင့် ပေးခဲ့ပြီး ယောင်ချွန် ချန်ရှန်နှင့် စကားပြောနေစဉ်မှာ ချန်ရှန်အား အဆိပ်မိစေခဲ့တာပါ ။ ဒါပေမယ့် ယောင်မျိုးနွယ်တို့ဟာ ချန်ရှန်၏ အားအင်ကို မခန့်မှန်းနိုင်ခဲ့ပါဘူး ။ ယောင်ချွန်ဟာ လည်း ချန်ရှန်ကို ပြင်းပြင်းထန်ထန် ထိခိုက်အောင်မလုပ်နိုင်ပေမယ့် သူဟာ ဒီလို ရွှေရောင် အခွင့်အရေးကို လက်လွှတ်မခံပဲ ဓားတိုလေးထုတ်ကာ ချန်ရှန်အား သတ်ဖို့ ကြိုးစားခဲ့တာပါ။ ယောင်ချွန်ရဲ့ စိတ်ထဲ ယောင်မျိုးနွယ်ဟာ တောင်ပိုင်းအင်ပါယာမှာ စွမ်းအားနဲ့အာဏာ တော်တော် ကြီးမားကာ ဒီအခြေအနေကို ကောင်းမွန်စွာ ထိန်းနိုင်မည်ဟုထင်နေပုံပါပဲ ။
“ချန်ရှန် ၊ ငါတို့ ယောင်မျိုးနွယ် မင်းကို သွားခွင့်ပေးမှာမဟုတ်ဘူး”
ယောင်လူကြီးတစ်ယောက်က အသံနက်ကြီးဖြင့် အော်ပြောပါတယ် ။ သူ့အသံဟာ ဒေါသတွေ အပြည့်ပါပဲ ။ ချန်ရှန်ကလည်း ထိုသူအား လှောင်ကာ ပြန်ပြောလိုက်ပါတယ် ။
“ဂုဏ်သရေ ရှိလှတယ့် ယောင်မျိုးနွယ်အပေါင်းတို့ စိတ်မပူပါနဲ့ ကျွန်တော်ကလည်း ခင်ဗျား တို့ကို သွားခွင့်ပေးမှာ မဟုတ်ပါဘူး”
ချန်ရှန် စင်မြင့်ပေါ်မှ ဆင်းလာခဲ့ပါတယ် ။ ယောင်မျိုးနွယ်လူကြီးတို့ဟာ အရမ်းရင်မဆိုင်ဝံ့ပါ ဘူး ။ အဘယ်ကြောင့်ဆိုသော် သူတို့တစ်ခုခု လုပ်ပါက ယောင်မျိုးနွယ်ဟာ တောင်ပိုင်း အင်ပါယာ တစ်ခုလုံးမှာ ရယ်စရာ ဖြစ်သွားပေလိမ့်မည် ။ ဒီဘုရင့်မြို့ တော်၏ သိုင်းပြိုင်ပွဲအား ယောင်မျိုးနွယ်တို့ စီစဉ်ကျင်းပတာ ဖြစ်သော်လည်း စည်းကမ်းတွေကိုတော့ လိုက်နာရပါ တယ် ။ ယောင်ချွန်ဟာ စည်းကမ်းအရင်ဖောက်တာဖြစ်ပြီး ချန်ရှန်ဟာ ယောင်ချွန်ကို သတ်လိုက်တာဟာ အပစ်ဆိုဖွယ် မရှိသလိုပါပဲ ။
ယောင်မျိုးနွယ်ဟာ ချန်ရှန် ထွက်ခွာတာကို တားဆီးချင်ကြပါတယ် ။ ဒါပေမယ့်လည်း တွန့် ဆုတ်လျက်ရှိနေကြတယ် ။ ယောင်ချွန်၏ အားကို ကောင်းကောင်းသိတယ့် ယောင်မျိုးနွယ်ဟာ ချန်ရှန် ဒီလို လွယ်လွယ်ကူကူပဲ ယောင်ချွန်အား သတ်လိုက်တယ် ဆိုကတည်းက ချန်ရှန်ဟာ အနည်းဆုံး အဆင့် ၈ ပညာရှင်ဆိုတာ သဘောပေါက်သွားကြပါ တယ် ။
“ချန်ရှန် ၊ သိပ်ပြီးလည်း ဂုဏ်ယူမနေပါနဲ့ ။ ယောင်ချွန်ရဲ့ ဆရာ မင်းနဲ့လာပြီး စာရင်းရှင်းလိမ့် မယ်”
ယောင်မျိုးနွယ် လူကြီးတစ်ယောက်က စင်မြင့်ကို ရှင်းလင်းခိုင်းနေရင်းနဲ့ ခနဲ့တဲ့တဲ့ လှမ်းပြော လိုက်ပါတယ် ။
ယောင်ချွန်ဟာ အဆင့် ၇ ပညာရှင်ဖြစ်သော်လည်း ချန်ရှန်ရှေ့ မှာတော့ အရှုံးပေးသွားရပါပြီ။ ဒီမတိုင်ခင်က ယောင်ချွန်ဟာ အမျိုးမျိုး လှည့်ဖြားပြီး ချန်ရှန်ကို ကျရှုံးအောင်လုပ်ပေမယ့် ချန်ရှန်ဟာ ဘာမှမဖြစ်တယ့်အတွက် သူ၏ စွမ်းအင်ဟာ သာမန်တော့မဟုတ်ဘူးဆိုတာ လူတိုင်း သိသွားကြပါတယ် ။
လန်ယုလန်ရဲ့ လှပပြီး ကွေးနေတယ့် မျက်ခုံးများ မြင့်တက်နေပါတယ် ။ ချန်ရှန်အား နောက်မှ ကြည့်နေရင်း သူမ၏ နှင်းဆီရောင် နှုတ်ခမ်းများအား ဖိကိုက်လျက်ပါ ။ သူမဟာ အဆင့် ၇ ပညာရှင်တစ်ယောက်ဖြစ်သော်လည်း သူမ၏ စစ်မှန်သော ချီဓာတ်များဟာ ချန်ရှန်လောက် ခိုင်ခိုင်မာမာ အားပြင်းပြင်း မထုတ်နိုင်ပါဘူး ။ ချီဓာတ်များ ပေါက်ကွဲပြီး ချက်ချင်းပဲ ချီအငွေ့ ပြောင်းကာ တိုက်ခိုက်မှုမျိုးကို လုပ်ဖို့ဆိုတာ အရမ်းကို ခက်ခဲလှပြီး တော်ရုံလူ မလုပ်နိုင်ပါ ဘူး ။ သူမတောင် လုပ်နိုင်တယ် ဆိုရုံလေးပဲ ရှိသေးတာပါ ။
ချန်ရှန် နဲ့ ယောင်မျိုးနွယ်တို့ အကြားက အာဃာတ တွေ ဟာ ဆိုရင်တော့ဖြင့် နက်ရှိုင်းသ ထက် နက်ရှိုင်းလာပါပြီ ။ ဒါတင်မက ဒီတစ်ကြိမ်မှာတော့ များစွာသော အဓိက အင်အားစုကြီးတွေဟာလည်း ဒီအထဲမှာ ရှိနေပါတယ် ။ ၎င်းတို့နဲ့ ယောင်မျိုးနွယ်ဟာ ကောင်း မွန်သော ဆက်ဆံရေးတွေ ရှိကြပါတယ် ။ ယခု မျိုးနွယ် ၂ ခုကြားက အမုန်းမီးတောက်ဟာ မြင့်တက်နေပါပြီ ။ ဒါဟာ သူတို့ကို ခံစားမှု တစ်မျိုး ဖြစ်နေစေပါတယ် ။ အဘယ်ကြောင့် ဆိုသော် ဒီမျိုးနွယ် ၂ ခု ပြိုင်ပွဲမှာ ယောင်မျိုးနွယ် ရှုံးပါက ချန်မျိုးနွယ်ဟာ အင်အားကြီးလာ မည်ဖြစ်ပြီး ၎င်းတို့ရဲ့ ဂုဏ်သတင်းဟာလည်း တရှိန်ထိုး ဖြစ်လာပါလိ့မ်မယ် ။ ဒါတင်မက ချန်မျိုးနွယ်ဟာ ခုချိန်မှာ အတောင့်တင်းဆုံး ဆေးပညာအဖွဲ့ အစည်းတစ်ခုလည်း ဖြစ်နေပါ ပြီ ။ ဒီလိုအချိန်မှာ ယောင်မျိုနွယ်ကို ကူညီခဲ့သူတွေဟာ တစ်ခုခုဆုံးရှုံးသွားသလို ခံစားရမှာ အမှန်ပင် ဖြစ်ပါတော့တယ် . . . ။