Switch Mode

Chapter – 11.2

" အား အနည်းဆုံး ကျောင်းအတန်းခေါင်းဆောင် "

Chapter – 11.2 ” အား အနည်းဆုံး ကျောင်းအတန်းခေါင်းဆောင် ”
°°°
၀မ်သုန့်ကတော့ ဟို့ယွိဟောင်ကို နောက်တစ်ကြိမ် ထပ်ပြီး ကျော်ဖြတ်လို့သွားခဲ့ပါပြီ။ ဟို့ယွိဟောင်ကတော့ ခြေလှမ်းတစ်လှမ်းဆီတိုင်းကို ခက်ခက်ခဲခဲနဲ့ လှမ်းနေခဲ့ရပါတယ်။ ဒါပေမယ့် သူလန့်စရာကောင်းလောက်အောင် ဟို့ယွိဟောင်ရဲ့မျက်လုံးတွေက ပိတ်နေတာကို မြင်လိုက်ရတာပါ။ အနည်းငယ်သာ ဖွင့်ထားခဲ့ပြီး အဲ့ဒီမျက်၀န်းတွေထဲကလဲ ရွှေရောင်အလင်းတန်းတွေက ဖြာထွက်လို့နေခဲ့ပါသေးတယ်။ သူလှမ်းနေတဲ့ခြေလှမ်းတိုင်းက ၀မ်သုန့်နဲ့ ယှဥ်မယ်ဆိုရင် အရမ်းကို နှေးကွေးလို့နေခဲ့ပေမဲ့ သူက ဖြည်းဖြည်းနဲ့မှန်မှန် ရှေ့ဆက်လျှောက်လမ်းနေဆဲပါပဲ။ သူ့ထက် ကျင့်ကြံဆင့်မြင့်မားတဲ့ ကျောင်းသားတွေက အခုအချိန်မှာ လှဲကျလို့သွားခဲ့ပါပြီ။ ဒါတောင် သူက တောင့်ခံနေဆဲပါ။ သူခြေလှမ်းလှမ်းလိုက်တိုင်းမှာ ချွေးတွေကလဲ ရေလိုဆက်တိုက်ဆိုသလို စီးကျနေခဲ့ပါသေးတယ်။

” မလုပ်နိုင်ဘူးဆိုရင် ကိုယ့်ကိုကိုယ် အတင်းဖိအားပေးမနေနဲ့လေ ”

၀မ်သုန့်က ခပ်တိုးတိုးပြောရင်း အရှေ့ကို ဆက်သွားခဲ့ပါတယ်။ သူပြေးခဲ့တဲ့ အပတ်ပေါင်းက သူများတွေထက်အများကြီး ပိုပြီး ကျော်လွန်နေခဲ့ပါပြီ။ ဒါပေမယ့် ခန္ဓာကိုယ်ကလဲ ကန့်သတ်ချက်လွန်တဲ့အထိ ရောက်ရှိလို့နေခဲ့ပြီ။

နောက်တစ်နာရီ ကုန်ဆုံးသွားပြီတဲ့နောက် ကျောင်းဆင်းခေါင်းလောင်းတီးချိန်က တဖြည်းဖြည်းနီးကပ်လို့ လာပါတော့တယ်။ ရင်ပြင်ထဲမှာ ပြေးနေတဲ့ ကျောင်းသားက ကိုးယောက်သာ ရှိတော့တာပါ။ ဒါ့အပြင် စစချင်တုန်းက အောက်ဆုံးနေမှာရှိနေမယ်လို့ လူတိုင်းတွေးခဲ့ကြတဲ့ ဟို့ယွိဟောင်ကလဲ ပြေးနေတဲ့သူတွေထဲက တစ်ယောက်ပါပဲ။

ကျိုးယိကတော့ ဟို့ယွိဟောင်ကို တစ်ချိန်လုံး အာရုံစိုက်လို့နေခဲ့ပါတယ်။ နှစ်နာရီကုန်ဆုံးသွားပြီချိန်မှာတော့ သူလဲ လန့်သွားခဲ့ရတယ်။ ဟို့ယွိဟောင်ရဲ့ ခန္ဓာကိုယ်စွမ်းအားနဲ့ ၀ိညာဥ်စွမ်းအားနှစ်ခုပေါင်းရင်းတောင် နှစ်နာရီအချိန်က သူတောင့်ခံနိုင်တဲ့ အလွန်ဆုံးအချိန်ပါပဲ။ ဘယ်လိုအခြေအနေမျိုးမှာဖြစ်စေ သူမတ်တပ်ဆက်ရပ်ဖို့တောင် မလွယ်ကူပါဘူး။ ဒါပေမယ့် နောက်ဆုံးအချိန်အထိ သူဆက်တိုက်ဆိုသလို တောင့်ခံဖို့နေပါသေးတယ်။ ဖြည်းဖြည်းနဲ့မှန်မှန် ပြေးနေတာက အကျိုးသက်ရောက်မှုနည်းပေမဲ့ သူ့ခန္ဓာကိုယ်နဲ့ ကျင့်ကြံဆင့်ကတော့ လက်ရှိအချိန်မှာ အစွန်းအထိရောက်နေတာတောင် သူတောင့်ခံခဲ့နိုင်သေးတယ်။ လူတစ်ယောက်ရဲ့ စိတ်စွမ်းအားက အဲ့ဒီလောက်အထ် သန်မာနိုင်မှာလား ဒါ့အပြင် ဒီလောက်ကလေးငယ်ငယ်လေးက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

နောက်ထပ် ကျောင်းသားနှစ်ယောက်ကတော့ ထပ်မံပြီး လှဲကျသွားခဲ့ပြန်ပါပြီ။ သူတို့နဲ့အတူတူ နောက်ထပ် ကျောင်းတော်သားတစ်ချို့ကလဲ ထပ်ပြီး လှဲကျသွားခဲ့ပါတယ်။ အဲ့ဒီထဲမှာ တစ်ယောက်ကတော့ ၀မ်သုန့်ကို သွားပြီတိုက်မိတယ်။

၀မ်သုန့်လဲ ခြေထောက်တွေနာကျင်နေတာကြောင့် အရှိန်မထိန်းနိုင်ပဲ ပြစ်လှဲလို့သွားခဲ့ရတယ်။ သူဒီလိုလှဲကျသွားပြီချိန်မှာတော့ ဆက်ပြီးတောင့်ခံနေမယ်ဆိုတဲ့ အတွေးတွေအားလုံးက ပျက်စီးလို့သွားခဲ့ရတယ်။ ဒါပေမယ့် သူကိုယ်တိုင်းက အတန်းထဲမှာ အပတ်ရေးအများဆုံးပြေးထားတာ ဖြစ်တာကြောင့် ဘယ်သူမှ သူ့ကိုကျော်နိုင်မှာမဟုတ်ဘူး။

ပြေးနေတဲ့သူက သုံးယောက်သာရှိပါတော့တယ်။ အဲ့ဒီထဲမှာတစ်ယောက်ကတော့ ဟို့ယွိဟောင်ပါ။

ငါးမိနစ်ပြေးမိတဲ့နောက် နောက်ထပ်ကျောင်းသားနှစ်ယောက်လဲ လှဲကျသွားပါတော့တယ်။ နောက်ဆုံးအချိန်ထိ ပြေးနေတဲ့ သူကတော့ ဟို့ယွိဟောင်ပါပဲ။ အတန်းထဲက အားအနည်းဆုံးသူပါ သူ့ရဲ့ခြေလှမ်းတွေက အတော်လေးကို နှေးကွေးနေခဲ့ပေမဲ့ အခုအချိန်ထိ ဆက်ပြီးတောင့်ခံထားနိုင်ဆဲပါပဲ။ ဒီလိုစိတ်ဓာတ်က ရှိနေတဲ့ကျောင်းသားတွေအားလုံးကို အထိတ်တလန့် ဖြစ်လာစေခဲ့ပါတယ်။

ဟို့ယွိဟောင်က တောင့်မခံနိုင်တော့တဲ့အခြေအနေအထိကို ရောက်နေခဲ့တာအမှန်ပါ။ ဒါ့အပြင် ထူးဆန်းကောင်းကင်နည်းလမ်းရဲ့ နွေးထွေးတဲ့ခံစားချက်ကလဲ သူ့ရဲ့မောပန်းမှုကို အတိုင်းအတာတစ်ခုထိ သက်သာစေခဲ့ပါတယ်။ ဒါပေမယ့် အဆုံးသတ်မှာတော့ သူ့ကို သန်မာအောင်မလုပ်နိုင်ခဲ့ပါဘူး။

နောက်တစ်ကြိမ် ထပ်ပြီး အကန့်အသတ်မဲ့တဲ့ အနေအထားကို သူရောက်ရှိလို့သွားပြန်ပါတယ်။ ဒါပေမယ့် အံကြိတ်ရင်းနဲ့ လုံး၀ကို တောင့်ခံနေဆဲပါပဲ။ ဟို့ယွိဟောင်က သူ့ကိုယ့်သူ အားအနည်းဆုံးသူဖြစ်မှန်း ရှင်းရှင်းလင်းလင်းသိနားလည်နေခဲ့တယ်။ ဒါကြောင့် သူများတွေထက် အဆနှစ်ရာသုံးရာ ပိုပြီးကြိုးစားမှ လိုက်မီနိုင်မယ်လို့ သူကတွေးထားခဲ့တာပါ။ လက်ရှိအချိန်မှာ သူ့ရဲ့ ခန္ဓာကိုယ်စွမ်းအားက စွမ်းအင်အရင်းအမြစ်ဖြတ်သန်းတဲ့ လမ်းကြောင်းတွေကို ကျယ်ပြန့်စေရုံတင်မကပဲ ၀ိညာဥ်စွမ်းအားကိုပါ တိုးတက်လာအောင် ကူညီလို့ပေးနေခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ပါစေ ဒီအခိုက်အတံ့ကို သူအဆုံးစွန်းအထိ တောင့်ခံနိုင်ဖို့အတွက် သူစဥ်းစားထားခဲ့တယ်။

ငါဆက်ပြီးထိန်းထားမှရမယ်။ ဟို့ယွိဟောင် စိတ်ထဲမှာသူ့ဘာသာသူ မရပ်မနားတမ်း အော်ဟစ်နေခဲ့ပါတယ်။ လက်ရှိအချိန် မျက်လုံးထဲကို ၀ိညာဥ်စွမ်းအားထည့်သွင်းဖို့တောင် အင်အားတစ်စက်မှ ကျန်မနေတော့ပါဘူး။ ဖြည်းဖြည်းချင်းဆိုသလို သူ့ကိုယ်သူ အမြဲတမ်းရေးရွတ်ပြနေခဲ့တဲ့ အားပေးစကားကို စတင်ပြီ ဆိုရပါတော့တယ်။

” အမေ အမေ ”

သူ့အမေရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်စည်းပေးဖို့နဲ့ အရိုးပြာကို ပြန်လည်ရယူနိုင်ဖို့အတွက် သေချာပေါက် ကြိုးစားမှရမယ်။ ဒါ့အပြင် သူမခံစားခဲ့ရတဲ့ သိပ်ငယ်မှုတွေနဲ့ ဒုက္ခတွေအတွက် ဘယ်လိုပဲဖြစ်ဖြစ် လက်စားချေဖို့ တောင့်ခံထားနိုင်မှ ရမှာပါ။

ဟို့ယွိဟောင်ရဲ့ ခြေလှမ်းတွေက အရမ်းကို လေးလံနေခဲ့ပါပြီ။ သူခြေထောက်နဲ့ခန္ဓာကိုယ်ကလဲ မခန့်မရပ်နိုင်လောက်အောင် တုန်ရီနေခဲ့ပါတယ်။ ဒါပေမယ့် လှဲကျလို့မသွားခဲ့ပါဘူး။ ဒီလိုခက်ခဲတဲ့ အခြေအနေမျိုးမှာ သူ့ရဲ့ခြေထောက်တွေက စက်တစ်ခုလိုမျိုး ဆက်တိုက်ဆိုသလို လှုပ်ရှားရင်း အောက်ချလိုက် အပေါ်ပျံတက်သွားလိုက် လုပ်နေခဲ့ပါတယ်။

အစောပိုင်းတုန်းက လှဲကျနေခဲ့တဲ့ ကျောင်းသားတွေရဲ့ မကျေမနပ်အကြည့်တွေကလဲ နောက်ဆုံးမှာ ပျောက်ကွယ်သွားခဲ့ပါပြီ။ စံပြပုဂ္ဂိုလ်တစ်ယောက်ရဲ့ စွမ်းအားဆိုတာက သူ့တို့ရဲ့ ကြီးမားတဲ့ အားအင်ပါပဲ။ ဒါကြောင့် တစ်ယောက်ပြီတစ်ယောက် ပြန်ထရပ်ကြရင်း တောင့်ခံနေတဲ့ဟို့ယွိဟောင်ကို ကြည့်ပြီး ပြန်ဆက်ပြေးဖို့လုပ်ပါတော့တယ်။

တခဏတာ မျက်လုံးပြူးနေပြီတဲ့နောက် ၀မ်သုန့်က အရင်ဆုံးစပြီ ပြေးပါတော့တယ်။ လက်ရှိဒီတစ်ခေါက်မှာတော့ ဟို့ယွိဟောင်ကို ကျော်မသွားတော့ပါဘူး။

၀မ်သုန့်ဦးဆောင်ပြီတဲ့နောက် တစ်ယောက်ပြီတစ်ယောက် ထရပ်လာကြရင်း နောက်ဆုံးမှာတော့ အတန်းနံပါတ်တစ်ရဲ့ ကျောင်းသားတွေအားလုံးက အံကြိတ်ရင်း ပြန်ထပြေးဖို့လုပ်နေခဲ့ပါပြီ။ သူတို့တွေ သေမလိုခံစားနေခဲ့ရပေမဲ့ ဆက်ပြီးပြေးကြဦးမှာပါ။

ကျိုးယိလဲ စိတ်လှုပ်ရှားလို့သွားပါတော့တယ်။ သူသင်ကြားခဲ့သမျှ အချိန်ကာလတစ်လျှောက်မှာ ဒီလိုမျိုး ကျောင်းသားတွေရဲ့ ညီညာတဲ့လှုပ်ရှားမှုက အရမ်းကို ရှားပါးလွန်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ သူမတကယ်ကို စိတ်လှုပ်ရှားလို့သွားခဲ့ရတယ်။ ဒါတွေအားလုံးက ဟို့ယွိဟောင်ကြောင့်ပါပဲ။ လက်ရှိအချိန်မှာ လှဲကျနေခဲ့တဲ့ ကျောင်းသားအယောက်ကိုးဆယ့်စလုံးက သူနောက်ကနေ လိုက်ပြေးဖို့ ဆုံးဖြတ်လိုက်ကြပါပြီ။ ဒါက ခန္ဓာကိုယ်ကို အားကောင်းစေတဲ့ ရိုးရှင်းတဲ့ လေ့ကျင့်မှုမဟုတ်ပဲ စိတ်ရဲ့ခန္ဓာကိုယ်ရည်အားကိုလဲ တိုးမြင့်စေပါတယ်။ ကျိုးယိလဲ သူတို့ရဲ့ မောပန်းတဲ့မျက်နှာတွေမှာ ခိုင်မာတဲ့စိတ်ဆုံးဖြတ်ချက်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရပါပြီ။

ဒီလိုအတန်းရဲ့ ရလဒ်က သူမ မျှော်လင့်ထားတာထက် အများကြီးပိုပြီးတော့ကို ကြီးမားနေခဲ့သေးတယ်။

နောက်ဆုံးမှာတော့ ကျောင်းဆင်းခေါင်းလောင်းက မြည်လာခဲ့ပါပြီ။

လက်ရှိအချိန်မှာတော့ ဆက်တိုက်ဆိုသလို သံကြိုးတွေပြုတ်ကျတဲ့အသံက ဆက်တိုက်ထွက်ပေါ်လာပါတော့တယ်။ အခုအချိန်မှာတော့ ကျောင်းဆင်းခေါင်းလောင်းအသံနဲ့အတူ လူတော်တော်များများက လှဲကျကုန်ကြပါပြီ။ ဒါ့အပြင် သူတို့ရဲ့ သံကြိုးတိုက်မိမှုကြောင့် မြေပြင်ကလဲ တုန်ခါလို့နေပါတော့တယ်။

အရှေ့ဆုံးမှာရှိနေတဲ့ ဟို့ယွိဟောင်ကတော့ နောက်ဆုံးမှာတော့ ပြိုလဲသွားခဲ့ပါပြီ။ ဒီကျောင်းဆင်းခေါင်းလောင်းသံက သူ့တို့ရဲ့ ခေါင်းမာမှုတွေနဲ့ တောင့်ခံထားသမျှ အားလုံးကို လွှတ်ချလိုက်စေတယ်။ ဒါပေမယ့် မြေပြင်ပေါ်ကို လှဲကျမသွားပါဘူး။ ဘာကြောင့်လဲဆိုတော့ ၀မ်သုန့်က သူ့ကိုလှမ်းပြီဖမ်းထားလို့ပါ။ နှစ်ယောက်သားမြေပြင်ပေါ်ကို ပြန်လှိမ့်ကျသွားပါတော့တယ်။ သူတို့တွေ ပါးစပ်ဟရင်း အသက်ကို၀၀ရှုနေခဲ့ရတယ်။

ကောင်းကင်ကိုကြည့်ရင်း ဟို့ယွိဟောင်ရဲ့ မြင်ကွင်းတစ်ခုလုံးက အချိန်အတော်ကြာတဲ့အထိ မှောင်မိုက်လို့သွားခဲ့ပါပြီ။ ဒါပေမယ့် သူခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ စွမ်းအင်စီးဆင်းမှုကတော့ အတော်လေးကို နွေးထွေးလို့နေခဲ့ပါတယ်။ ၀ိညာဥ်စွမ်းအားက လုံး၀ကုန်ဆုံးသွားပြီ ခန္ဓာကိုယ်စွမ်းအားကလဲ အပြည့်အ၀ ဆုတ်ခွာသွားပေမဲ့ ဒီလမ်းကြောင်းတွေထဲမှာ လှည့်ပတ်နေခဲ့တဲ့ စွမ်းအားကတော့ သက်သောက်သက်သာ ဖြစ်စေခဲ့ပါတယ်။ ဒီတစ်ခေါက် ပြေးတဲ့ကိစ္စမှာ သူ့ရဲ့ကျင့်ကြံမှုက အများကြီးတိုးတက်သွားတယ်လို့ ဟို့ယွိဟောင်အသေအချာသိနေခဲ့တယ်။

၀မ်သုန့်က ဟို့ယွိဟောင်ထက်ရော ကျင့်ကြံဆင့်ရော ခန္ဓာကိုယ်ကိုပါ အများကြီး သန်မာတဲ့သူပါ။ သူလဲ အတော်လေး မောပန်းနေခဲ့ပေမဲ့ ဟို့ယွိဟောင်လိုမျိုး သတိလစ်တဲ့အထိတော့ မဖြစ်ခဲ့ပါဘူး။

” နင်ဘယ်လိုမျိုး စွမ်းအားနဲ့ အဲ့ဒီလောက်ကြီး တောင့်ခံနိုင်လဲဆိုတာ ငါတကယ်ကို မသိတော့ဘူး…ဆယ့်နှစ်၀ိညာဥ်စက်ကွင်းပဲရှိတဲ့ ၀ိညာဥ်ပညာရှင်တစ်ယောက်က ငါလို၀ိညာဥ်ပညာရှင်ထက်တောင် ပိုပြီး တောင့်ခံနိုင်သေးတယ်…နင်တကယ်အရူးပဲ “‘

ဟို့ယွိဟောင်ကတော့ ခြောက်ကပ်ကပ်နဲ့သာ နှစ်ကြိမ်တိတိ ရယ်မောလိုက်ပါတယ်။ သူ့စကားပြန်ပြောဖို့ ပါးစပ်ဟဖို့စွမ်းအားတောင် မရှိခဲ့ပါဘူး။

ကျိုးယိလဲ အသက်ပြင်းပြင်း ရှုသွင်းရင်း အဝေးကနေ ကြည့်နေခဲ့ပါတယ်။ အဲ့ဒီနောက် လေထဲမှာ အ၀တ်ဖြူ၀တ်ထားတဲ့ အမျိုးသားတစ်ယောက်က လေထဲမှာလွှင့်မျောရင်း ကျိုးယိရဲ့ ဘေးကိုရောက်ရှိလို့ လာပါတယ်။ သူမကို ခေါင်းညိတ်ပြလိုက်ပြီတဲ့နောက် ကျောင်းသားတွေထက်ကို သူလှည့်သွားခဲ့ပါပြီ။

သူ့ရဲ့ခြေထောက်အောက်ဖက်မှာ ၀ိညာဥ်စက်ကွင်းတွေကလဲ တောက်ပလာပါတော့တယ်။ ၀ိညာဥ်စက်ကွင်းတွေကတော့ အ၀ါရောင်နှစ်ခု ခရမ်းရောင်နှစ်ခုနဲ့ အနက်ရောင်သုံးခုပါ။ သူ့မှာ ၀ိညာဥ်စက်ကွင်း ခုနှစ်ခုတိတိ ရှိနေခဲ့တယ်။ ၀ိညာဥ်သူတော်စင် သူက အနည်းဆုံးအဆင့်ခုနှစ်ဆယ့်အထက်မှာရှိနေတဲ့ ၀ိညာဥ်သူတော်စင်ပါ။ ၀ိညာဥ်ပညာရှင်တွေရဲ့ အထွဠ်အထိပ်နီးပါးအထိကို ရောက်ရှိနေခဲ့ပါပြီ။ ဒါ့အပြင် အသက်သုံးဆယ့်လောက်သာ ရှိပါသေးတယ်။ သူ့ရဲ့ မျက်လုံးဘေးမှာရှိနေခဲ့တဲ့ အရေးကြောင်းတစ်ချို့က ငယ်ရွယ်တဲ့ရုပ်သွင်းကို မအိုမင်းစေနိုင်ပါဘူး။

လက်ကိုမြောက်လိုက်ရင်း အစိမ်းရောင်သစ်ရွက်တစ်ရွက်ကို ရုတ်တရက်ဆိုသလို လွှင့်ထုတ်လိုက်ပါတယ်။ ၀ိညာဥ်စက်ကွင်း ခုနှစ်ခုက သူ့ခန္ဓာကိုယ်ပေါ်မှာ လှည့်ပတ်လို့နေတာကို ကျောင်းတော်သားတွေအားလုံးက မြင်နေခဲ့ရတယ်။ အဲ့ဒီနောက် သူ့ခန္ဓာကိုယ်က မျက်တောင်တစ်ခတ်အတွင်းမှာ ပျောက်ကွယ်လို့သွားခဲ့ပါပြီ။ အစိမ်းရောင်အရွက်ကတော့ ရုတ်တရက် မျက်တောင်တစ်ခတ်အတွင်းမှာပဲ ကြီးမားတဲ့ သစ်ပင်ကြီးတစ်ပင်အဖြစ်ကို ပြောင်းလဲလို့သွားပါတော့တယ်။ လေအေးအေးတွေက ဖြတ်သန်းတိုက်ခတ်လို့သွားခဲ့ပြီး အစိမ်းရင့်ရောင်အရွက်တွေက သစ်ပင်ကြီးဆီကနေ ကျဆင်းလို့လာခဲ့ရင်း ကျောင်းသားတွေဆီကို ပြုတ်ကျလို့လာခဲ့ပါပြီ။ စုစုပေါင်း အရွက်ကိုးဆယ့်တစ်ရွက်တိတိက ကျောင်းသားတွေဆီကို ရောက်ရှိလို့လာပါတော့တယ်။

အပိုင်း ၁၁•၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset