Switch Mode

Chapter – 50

လှည့်ကွက်

Chapter – 50 လှည့်ကွက်

ချန်ရှန် စင်မြင့်ပေါ်သို့ တက်နေပါတယ် ။ သူ၏ပုံစံမှာ အေးအေးဆေးဆေးပါပဲ ။ လုံးဝကို စိုးရိမ် ကြောင့်ကြမှုမရှိတဲ့ပုံပါပဲ ။ ဒါဟာ သူ၏ စွမ်းအား ကြီးမားလှသော နတ်စွမ်းအား များကြောင့်ဆိုတာတော့ ပြောနေ စရာပင် မလိုတော့ချေ ။ ဒီလို တည်ငြိမ်စွာ ယုံကြည်မှု ရှိပုံကြောင့် တခြားသူများဟာ သူ့အား လေးစားနေကြပါတော့တယ် ။
ချန်ရှန်ဟာ စင်မြင့်ထက်တွင် တခြားလူ ၄ ဦးနှင့်အတူ ရပ်လျက်ပါ ။ ၎င်းတို့ဟာ အသက် ၂၀ ၀န်းကျင်တွေ ဖြစ်ကြပေမယ့် ၎င်းတို့၏ ပုံစံဟာ ချန်ရှန်လောက်ကို ကြံ့ခိုင်ပုံမရှိပေ ။ ချန်ရှန် ဟာ သူတို့နဲ့ ယှဉ်ပါက ပိုမိုကျန်းမာပြီး အားအင်ကြီးမားဟန် ရှိနေပါတယ် ။
လန်ယုလန် ဟာလည်း ပရိတ်သတ်များကြားမှ ရပ်နေကာ ချန်ရှန်အား စိတ်ဝင်တစား ကြည့်နေပါတယ် ။ သူမ၏ အေးစက်ပြီးလှပတဲ့ မျက်လုံးများဟာ ချန်ရျန်ကို မမှိတ်မသုန် အကဲခတ်လျက်ရှိနေတာပါ ။ ဒါပေမယ့်လည်း တိမ်ကိုတိမ်ကာထားသလိုပင် သူမဟာ ချန်ရှန် ၏ အသက်ရှူသံကိုပင် အာရုံခံနိုင်စွမ်းမရှိပါဘူး ။
“စ”
ပြိုင်ပွဲစကြောင်း ကြေငြာသည်နှင့်တပြိုင်နက် ပြိုင်ပွဲဝင် လေးယောက်လုံးဟာ ချန်ရှန်ဆီသို့ အရှိန်အဟုန်ပြင်းစွာ ပြေးလာကြပါတော့တယ် ။ တချိန်ထဲမှာပင် သူတို့ဟာ ပြင်းထန်လှသော ချီဓာတ်များကို ၎င်းတို့၏ လက်သီးတွင် ထုတ်လွှတ်လိုက်ကြတယ် ။ လူတိုင်းဟာ ၎င်းတို့၏ ပြင်းထန်လှသော လက်သီးများမှာ ချီဓာတ်များ ကြောက်မက်ဖွယ် ပါဝင်နေတာကို ရှင်းလင်းစွာ တွေ့ ကြရပါတယ် ။ ဒီအင်အားဟာ ကြီးမားတဲ့တောင်ကြီးကိုပင် ကျောက်ခဲများ အဖြစ် ကွဲကြေသွားစေနိုင်မှာပါပဲ ။
ချန်ရှန်ဟာ လက် ၂ ဖက်အား နောက်ပစ်လျက် အေးဆေးစွာ ရပ်နေတုန်းပါပဲ ။ လက်သီး ၄ လုံးဟာ သူ၏ရင်ဘတ်ကို ထိမှန်သွားပြီး ချီဓာတ်များဟာ လှိုင်းများအဖြစ် တိုက်ခတ်သွားပါ တော့တယ် ။ စင်မြင့်တစ်ခုလုံးဟာ လှုပ်ခါသွားခဲ့ပြီး ဘေးနားရှိ ခုံတန်းများဟာလည်း ကျိုးပဲ့ ကုန်ပါတယ် ။ ဒီအချိန်မှာတော့ လူတိုင်းဟာ နှလုံးခုန် ရပ်မတတ်ပါပဲ ။ လက်သီး ၄ လုံးဟာ အလွန်ပြင်းထန်ပြီး ကြောက်မက်ဖွယ် ကောင်းလှပါတယ် ။ ဒါတင်မက ပစ်မှတ်တစ်ခုထဲသို့ စုဆုံကြတာလည်း ဖြစ်တယ် ။ ဒီလိုအားမျိုးဟာ သံတိုင်များကိုတောင် ကျိုးသွားစေမှာပါ ။
ဒါပေမယ့် ချန်ရှန်ဆိုတာ သာမန်လူမဟုတ်ပါဘူး ။ လက်သီး လေးလုံးဟာ သူ့ရင်ဘတ်ကို ထိတဲ့အခါ သူ၏အမူအရာဟာ နည်းနည်းမှတောင် မပြောင်းလဲသွားပါ ။ ပရိတ်သတ်အား လုံးဟာလည်း အသံတစ်သံမှ မထွက်နိုင်အောင် ကြောင်အလျက် အံ့အားသင့်မှုများကို တစ် ယောက်ချင်းဆီ၏ မျက်နာတွင် မြင်တွေ့ နိုင်နေပါတယ် ။
လန်ယုလန် မျက်ခုံးများ မြင့်တက်သွားပါတယ် ။ သူမဟာ ချန်ရှန်ကို အသေအချာကို စောင့် ကြည့်နေတာပါ ။ သူမ၏ ရင့်ကျက် ၊ တည်ငြိမ်ပြီး အေးစက်စက်ဖြင့် မာနကြီးပုံရသော မျက်နာ မှာတော့ အံ့အားသင့်မှုများက နေရာယူထားလျက်ပါပဲ ။ သူမ၏ ရှိသမျှ အားလုံးသော ချီဓာတ်များ အသုံးပြုရင်တောင်မှပဲ ဒီလက်သီးလေးလုံးကို ခံနိုင်ရုံမျှသာ ရှိပါဦးမယ် ။ ဒါပေမယ့် ချန်ရှန်ကတော့ ချီဓာတ်များတောင် မသုံးသွားပဲ သူ့ကိုယ်သူတောင် ကာကွယ်ဖို့ မပြင်ဆင်သွားပါဘူး ။ ဒါဟာ ဒီလက်သီးလေးလုံးကို သူသာသာယာယာ ခံနိုင်ကြောင်း ပြသ လိ်ုက်သလိုပါပဲ ။
ချန်ရှန်ဟာ စစ်မှန်သော ချီဓာတ်များကို လုံးဝမသုံးသွားပါ ။ အဘယ်ကြောင့်ဆိုသော် သူဟာ အဆင့် ၈ ကို ရောက်နေပြီ ဖြစ်သောကြောင့်ပါပဲ ။ ဒါတင်မက သူ၏ ခန္ဓာကိုယ်ကလည်း ထာဝရမိစ္ဆာရေကန်ထဲမှာ သန့်စင်ထားသောကြောင့် အရမ်းကို သန်မာနေတာပါ ။ သူ့အ တွက်ကတော့ အဆင့် ၆ ဆိုတာ စွမ်းအားအသင့်အတင့်ရှိရုံမျှသာပဲ သဘောထားပါတယ် ။
လူတိုင်းဟာ အံ့အားသင့်နေတာဖြစ်ပြီး ထိုအထဲတွင်မှ စင်ပေါ်က လေးယောက်ကတော့ အံ့သြမှု အဖြစ်ဆုံးပဲ ဖြစ်ပါတယ် ။ ၎င်းတို့၏ ကြောက်မယ်ဖွယ် တိုက်ခိုက်မှုဟာ ချန်ရှန် ကိုယ်ကို ထိမှန်သော်လည်း အကျိုးမရှိပဲ သူတို့သာ အားကုန်သွားသလိုပါ ။ ၎င်းတို့မှာ ရှိသမျှ သော အားအင်များစုစည်းကာ တိုက်ခိုက်ခဲ့သော်လည်း သဲထဲရေသွန်သလို ပျောက်ကွယ် သွားရပါတယ် ။
ထိုလေးယောက်လဲ နောက်ကို ဆုတ်သွားကြပါတယ် ။ ချန်ရှန်ဟာ သူတို့ တိုက်ခိုက်မှုကို တောင် မခုခံပဲ ကာကွယ်နိုင်မှတော့ ချန်ရှန် ဘယ်လောက်အစွမ်းရှိလဲဆိုတာ ခန့်မှန်းနိုင်ပါပြီ။ ချန်ရှန် မျက်လုံးများ ဖွင့်လိုက်ပါပြီ ၊ သူ၏ကိုယ်မှ အမဲလိုက်ခြင်းနဲ့ဆိုင်သော ချီဓာတ်များဟာ ထွက်နေပါတယ် ။ လေးယောက်သားဟာ တောင့်နေကာ ချန်ရှန်၏ ချီဓာတ်များကြား ငရဲကျ နေသလိုပါပဲ ။ ချန်ရှန်ကတော့ ငရဲမင်းကြီးပေါ့ ။ အခုတော့ ကျားရှေ့ က ယုန်သူငယ်လေးများ လို တုန်လှုပ်လျက် ရှိနေကြပါတယ် ။
“မင်းတို့အားလုံး အရှုံးပေးမလား ဒါမှမဟုတ် ငါတိုက်ခိုက်တာကို ခံချင်လား”
ချန်ရှန် အသံဟာ သွေးဆာမှုများ ပြည့်နေသလိုပါပဲ ။ အဖြူရောင်ကျား ကျင့်စဉ် ရဲ့ အမဲလိုက်ခြင်း နှလုံးသား ကျင့်စဉ်ကို လေ့ကျင့်ထားသောကြောင့် အမဲလိုက်ခြင်းနဲ့ဆိုင်သော ချီဓာတ်များဟာ ကြောက်မက်ဖွယ်ထွက်လို့နေပါတယ် ။
ချန်ရှန်၏ အသံကြောင့် လေးယောက်လုံးဟာ ချက်ချင်းပဲ နောက်ဆုတ်သွားကြပါတယ် ။ ချန်ရှန်၏ နတ်အတွင်းအားအာရုံမှတဆင့် ထိုလူလေးယောက်လုံး၏ ချီဓာတ်များဟာ ခုနတည်းက ကုန်ဆုံးသွားပြီဆိုတာကို သိနေပါတယ် ။ သူ့ကို ဘယ်လိုမှထပ်ပြီး နာကျင်အောင် မလုပ်နိုင်တော့ပါဘူး ။
အစမှအဆုံး ချန်ရှန်ဟာ လှုပ်တောင် မလှုပ်လိုက်ပါဘူး ။ ထိုလူ လေးယောက်ကို ကြောက်ရွံ့ စေလျက်နဲ့ ကွာတားဖိုင်နယ်သို့ တက်ရောက်ခဲ့ပါတော့တယ် ။ တခြားသောသူများဟာ ခက်ခဲစွာ ရင်ဆိုင် တိုက်ခိုက်ပြီး အနိုင်ယူရတာပါ ။ ချန်ရှန်ကတော့ ဒီလိုအနိုင်ယူနိုင်လိုက် သောကြောင့် ခုနက ခက်ခဲစွာ အနိုင်ရသူများဟာ မနာလိုလျက် ရှိနေ ကြပါတယ် ။
နောက်တစ်ဆင့်ကတော့ လေးယောက် အုပ်စု တစ်စု ခွဲကာ တိုက်ခိုက်ရမည်ဖြစ်ပြီး ဒါကိုလည်း ယောင်မျိုးနွယ်ကပဲ စီစဉ်ခွဲပေးတာပါ ။ ဘယ်လိုစီစဉ်တယ်ဆိုတာကိုတော့ မကြေညာပါဘူး ။ ချန်ရှန်လည်း ဘာမှမပြောတော့ပါဘူး ။ သူ၏ မျက်လုံးထဲမှာတော့ ဘယ်သူနဲ့ တိုက်တိုက် အတူတူပါပဲ ။ ယောင်မျိုးနွယ်မှ မသမာမှု လုပ်ပါကလည်း သူတို့ သိက္ခာကို လူအများရှေ့ အလကားကျခံမယ်တော့ မထင်မိပါဘူး ။
ချန်ရှန်ရဲ့ နောက်တဆင့် တိုက်ရမည့်လူဟာ ယောင်မျိုးနွယ်ဝင် တစ်ယောက်လို့ ကြေညာ လိုက်ပါပြီ ။ ယခုလူဟာ တကယ်တော့ ယောင်တျန်းဟွာနဲ့ ညီအကိုပါ ။ သူ၏ နာမည်ကတော့ ယောင်ချွန် ဖြစ်ပြီ အဆင့် ၆ သာ ရှိသူပဲ ဖြစ်ပါတယ် ။
ချန်ရှန် အနည်းငယ်တော့ အံ့သြသွားပါတယ် ။ ဘယ်လိုအကွက်တွေများပါလိမ့်ဟုပင် တွေးမိ နေပါတယ် ။ ယောင်မျိုးနွယ်၏မျိုးဆက်သစ်တပည့်များဟာ ဆေးပင်တွေစိုက်ပြီး ဆေးပညာ သင်နေသူများသာ များပါတယ် ။ သူတို့၏ အားများကို ဖုံးကွယ်ထားလေ့ရှိပြီး ယောင်တျန်းဟွာကတော့ ခြွင်းချက်ပါပဲ ။ သူဟာ ဆေးပညာကိုလဲလေ့လာရုံမက စွမ်းအား လည်း ကောင်းစွာ ရှိနေပါတယ် ။ သို့သော်လည်း ယခုတော့ ပျောက်နေဆဲပါ ။ ယောင်မျိုးနွယ်မှာ တပည့်ရင်းတွေဆိုတာ သူတို့အမျိုး မျိုးဆက်သစ်များသာ ဖြစ်ပါတယ် ။
ယောင်မျိုးနွယ်ဟာ ၎င်းတို့၏ ဆေးများကို တခြားမျိုးနွယ်များကို ဆွဲဆောင်ဖို့ အသုံးပြုကြတာ ဖြစ်ပြီး များစွာသော သိုင်းပညာရှင်များကို သူတို့အမိန့် အား နာခံစေတာ ဖြစ်ပါတယ် ။
ချန်ရှန်ဟာ နောက်တချီကို ပြိုင်ပွဲနေ့ရဲ့ ညနေပိုင်း မှာ ပြိုင်ရမှာပါ ။ မနက်ဖြန်မှစကာ တစ်နေ့မှာ ၂ ပွဲ တိုက်ခိုက်မှာဖြစ်ပြီး မနက်ပိုင်း ၁ ပွဲ ညနေပိုင်း ၁ ပွဲ ယှဉ်ပြိုင်ကြမှာပါ ။ ချန်ရှန်ဟာ ဘယ်သူ့ကိုမှ စိတ်မ၀င်စားသောကြောင့် အစောပိုင်းပွဲတွေ သွားမကြည့်ပါဘူး ။ ဒီအချိန်ဟာ ဆေးပညာလေ့လာဖို့ အသုံးချရမယ့်အချိန်ပဲ ဖြစ်ပါတယ် ။
၂ ရက်ကြာပြီးတဲ့အခါမှာတော့ ချန်ရှန်တစ်ယောက် နေ့လည်စာ စားပြီးနောက် ယောင်မျိုး နွယ် တို့ ဘက် လျှောက်လာပါတယ် ။ သူဟာ ၃ ပွဲ မကြည့်ဖြစ်တာဖြစ်ပြီး မနေ့က ၂ ပွဲ ဒီနေ့မနက် ၁ ပွဲ ကို ပါ ။ မင်းသားနဲ့ လန်ယုလန်တို့ဟာ ၎င်းတို့၏ ပွဲအသီးသီးမှာ အနိုင်ရရှိပြီး မနက်ဖန်မနက်မှာ ယှဉ်ပြိုင်တိုက်ခိ်ုက်ကြမှာပါ ။
“ဒီမင်းသားနဲ့ စစ်သူကြီးသမီးတို့ပွဲဟာ တော်တော် စိတ်ဝင်စားဖို့ ကောင်းမှာပဲ ၊ ငါမနက်ဖြန် သွားကြည့်ရမယ်”
ချန်ရှန် စင်မြင့်ပေါ်သို့ တက်သွားကာ ယောင်ချွန်အလာကို စောင့်နေပါတယ် ။ ဒီပွဲမှာတော့ လူတိုင်းဟာ ချန်ရှန် လွယ်လွယ်ကူကူနိုင်မယ်လို့ ခန့်မှန်းထားကြပါတယ် ။ ဒါပေမယ့်လဲ ယောင်မျိုးနွယ်ဟာ ချန်ရှန်ကို ရင်ဆိုင်ဖို့ ယောင်ချွန်အား ဘာကြောင့် ခွင့်ပြုတာလဲဆိုတာ စဉ်းစားရခက်နေကြတယ် ။ တစ်ခုခုတော့ တစ်ခုခုပါပဲ ။
“ယောင်တျန်းဟွာကို အနိုင်ယူခဲ့တဲ့ မင်းရဲ့ အစွမ်းရှိသလောက်ကို ထုတ်ပြစမ်းပါ ။ မင်းက ညှာနေမှာ ဆိုးလို့”
ယောင်ချွန်ဟာ ချန်ရှန်အား ပြုံးလျက် ပြောလိုက်ပါတယ် ။
ယောင်ချွန်နဲ့ ယောင်တျန်းဟာတို့ဟာ ရုပ်ချင်းကော ပုံစံချင်းပါ ဆင်တူကြတယ် ။ ခပ်တင်းတင်း မာန ကို ၎င်းတို့ ၂ ယောက်စလုံး၏ မျက်နာမှာ မြင်တွေ့နိုင်ပါတယ် ။ ယောင်ချွန် ကတောင် ပိုသာနေသလိုပါပဲ ။
ချန်ရှန်ဟာ ယောင်မျိုးနွယ်ရဲ့ ဂျူနီယာလောက်အား တကယ်ကို ဂရုမစိုက်ပါဘူး ။ ချန်ရှန်လဲ ပြုံးပြီးပြောလိုက်ပါတယ် ။
“ခုတော့ ငါတို့စွမ်းအားတွေကို ယှဉ်ကြတာပေါ့”
၎င်းတို့ ၂ ယောက်ဟာ တစ်ယောက်တစ်နေရာဆီ ခွဲလိုက်ကြပါတယ် ။
“စ”
အချက်ပေးသံစတာနဲ့ ချန်ရှန်ဟာ ရက်စက်ပြီး ဉာဏ်များဟန်ရှိတယ့် အရိပ်အယောင်များ ကို ယောင်ချွန်၏ မျက်လုံးများမှာ တွေ့ လိုက်ပါတယ် ။ ချန်ရှန် နည်းနည်းအံ့သြသွားကာ လှည့်စားမှု နည်းနည်းတော့ ပါလေပြီဟု သိလိုက်ပါတယ် ။
ယောင်ချွန် ဟာ လက်ဦးမှုယူသည့်အနေဖြင့် ချန်ရှန်ဆီိသို့ ခုန်လာပါတော့တယ် ။ ယောင်ချွန် ၏ လက်သီးများဟာလည်း ပြင်းထန်သော အပူဓာတ်ရှိသည့် ချီဓာတ်မီးလျံများအဖြစ် ဖြစ်ပေါ် လျက်ရှိပါတယ် ။
လက်သီးထိုးချက်ဟာ သူ့ဆီ လာနေတာကို ကြည့်ရင်း ချန်ရှန်ဟာ ချက်ချင်းပဲ အစွန်ကို ရွှေ့ လိုက်ပါတယ် ။ ဒါပေမယ့် လည်း သူ၏ခန္ဓာကိုယ်တစ်ခုလုံးဟာ တောင့်သလို ဖြစ်နေပြီး ရှေ့ ကိုရွှေ့ ဖို့တောင် မတတ်နိုင်ပါဘူး ။ သူ၏ ချီဓာတ်များပင် သူကို ခုန့်နိုင်ရန် မလုပ်နိုင်ဖူး ဖြစ်နေပါတယ် ။
ယောင်ချွန်မျက်နာဟာ ရုတ်တရက် ရက်စက်တတ်တယ့် အသွင်ပြောင်းကာ ကြီးမားသော အသံကြီးဖြင့် ပြောပါတယ် ။
“ချန်ရှန် ၊ မင်းတော့ဇာတ်သိမ်းပြီ”
သူ၏ မီးတောက်နေသော လက်သီးများဟာ ချန်ရှန်ကို ထိသွားပါတော့တယ် ။ မျက်စိတစ်မှိတ်အတွင်းမှာပဲ ချန်ရှန်၏ ရင်အုံနဲ့ခေါင်းဟာ ဒီပြင်းထန်လှသော လက်သီးများ ကြောင့် တော်တော် ကို နာကျင်သွားပါတယ် ။
“ဒီမျိုးမစစ်ကောင်က အဆင့် ၇ ပါလားဟ”
ချန်ရှန်ဟာ ယောင်ချွန်ဒီလိုသူ၏ စွမ်းအားများကို နက်နက်နဲနဲ သိုဝှက်ထားမယ်လို့ လုံးဝ မမျှော်လင့်ထားပါဘူး ။ ချန်ရှန်ဟာ ဒီလို စက်ဆုပ်ဖွယ် လှည့်ကွက်ကို တော်တော် ဒေါသထွက်သွားပါတယ် ။ ဒါကို ယောင်ချွန်မှ အခွင့်ကောင်းယူကာ ချန်ရှန်အား သူ၏ ချီဓာတ်များကို မသုံးနိုင်လောက်အောင် ပြုလုပ်ခဲ့တာပါ ။
ချန်ရှန် ခန္ဓာကိုယ်ဟာ ကျောက်တုံးထက်ပင် ပိုမိုခိုင်မာသောကြောင့် ဒီလို အဆင့် ၇ ပညာရှင် ၏ ထိုးနှက်မှုကို အကာအကွယ်မပါပဲ ခံလိုက်ရသော်လည်း ပြင်းပြင်းထန်ထန် ထိခိုက်ခြင်း မရှိပါဘူး ။
“မင်းငါ့ဆီ လျှောက်လာတုန်းက အရောင်အနံ့မရှိတယ့် ချီဓာတ်တွေကို မင်းပါးစပ်ကနေ ထုတ်လွှတ်ပြီး ငါ့ရဲ့ စွမ်းအင်သိုလှောင်ရာကို ထိခိုက်သွားစေတယ် ။ ဒါကြောင့် ငါက ချီဓာတ် တွေကို မထုတ်နိုင်ဘူး ၊ ငါပြောတာမှန်ရဲ့ လား”
ချန်ရှန် တီးတိုးပြောလိုက်ပြီး သူ၏ရှင်းလင်းပြီးတည်ငြိမ်လှတယ့် မျက်လုံးများဖြင့် ယောင်ချွန် ဆီသို့ တည့်ကြည့်လိုက်ပါတယ် ။
ယောင်ချွန်ဟာ သူသုံးသည့်နည်းကို သူ့ပြိုင်ဖက်မှ ရှာဖွေ သိနေလိမ့်မယ်လို့ မမျှော်လင့်ခဲ့ ပါဘူး ။ ဒါပေမယ့်လည်း ယောင်ချွန် ချန်ရှန်၏ အဆို မှန်သည် မှားသည် ပြန်မပြောတော့ပဲ ချန်ရှန်အား ပိုမို ပြင်းထန်လှသော တိုက်ကွက်များဖြင့် တိုက်ဖို့သာ ပြင်ဆင်နေပါတော့တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset