Switch Mode

Chapter – 49

လန်ယုလန်

Chapter – 49 လန်ယုလန်

ချန်ရှန်ဟာ သိုင်းပညာအဆင့် ၈ ကို ၀င်ရောက်နိုင်ခဲ့ပြီးနောက် သူ၏ နတ်အတွင်းအားအာရုံ များမှာလည်း ပိုမို အားကောင်းလာပါတယ် ။ စင်ပေါ်တွင် အဆင့် ၇ သိုင်းပညာရှင် ၂ ယောက် သာရှိနေတယ်ဆိုတာ သူသိနေပါတယ် ။ တစ်ဦးကတော့ အသက် ၂၀ အရွယ် ရွှေရောင်အငွေ့တွေ တောက်ပနေတယ့် ၀တ်ရုံဝတ်ထားသူ လူငယ် တစ်ဦး ဖြစ်ပါတယ် ။
နောက်တစ်ယောက်ကတော့ နူးညံ့တယ့် ဆံပင်အဖြူရောင်များကို နောက်တွင် စုချည်ထား သည့် အလွန်လှပသည့် ကောင်မလေး တစ်ယောက်ပဲ ဖြစ်ပါတယ် ။ သွယ်လျလှပပြီး သူမဟာ ကောင်းကောင်း ရင့်ကျက်နေတယ့်ပုံပါပဲ ။ အေးစက်စက် ပုံရှိပြီး မာနလည်းကြီးပုံ ပါ။ နောက်ပြီး သူမဟာလည်း ချန်ရှန်လို အမည်းရောင်ဝတ်ရုံကို ၀တ်ဆင်ထားပြီး လှပတဲ့ ပုံရိပ်တစ်ခုအဖြစ် ရှိနေပါတော့တယ် ။
သူမဟာ သူမ၏ ထူးဆန်းတဲ့ အဖြူရောင်ဆံပင်ဖြင့် ဆွဲဆောင်မှုရှိလှပါတယ် ။ ရင့်ကျက်သည့် ဟန်ပန် ၊ ဆွဲဆောင်မှုရှိသည့် ပုံရိပ် ၊ လှပလွန်းပြီး အေးစက်စက်ဖြင့် မာနကြီးဟန် မျက်နှာပေးတို့ဟာ အားလုံးရဲ့ စိတ်ဝင်စားမှုကို ဆွဲဆောင်နေပါတယ် ။ ချန်ရှန်ပင် သူမကို မကြာခဏ အကြည့်ရောက်မိနေပါတယ် ။
“စည်းကမ်းတွေကို ကြေငြာမယ် ။ ပထမအချီကို ဒီိနေ့ ပြိုင်ရမယ် ။ လူလေးဆယ်ကို ၈ ယောက် ၅ အုပ်စု ခွဲမယ် ။ အနိုင်ရတယ့် အသင်းတစ်ခုချင်းဟာ ကွာတားဖိုင်နယ် တက်ရမယ်။”
အသက်ကြီးကြီးလူတစ်ယောက်က အော်ပါတယ် ။ ထိုသူကတော့ ယောင်မျိုးနွယ်မှ သက်ကြီး တစ်ယောက်ပါပဲ ။
“ငါးယောက်အုပ်စုက စင်ပေါ်မှာ တိုက်ရမယ် ၊ နောက်ဆုံးကျန်ခဲ့တဲ့လူက အနိုင်ပဲ”
စည်းကမ်းကတော်တော် ရိုးရှင်းပါတယ် ။ လူငါးယောက်ဟာ စင်ပေါ်မှာ စုတိုက်ကြရမယ် ။ နောက်ဆုံးချိန်ထိ ရပ်တည်နေနိုင်သူက အနိုင်ရသူပါပဲ ။ ယောင်မျိုးနွယ်က လူကြီးမင်းဟာ အဓိက စည်းမျဉ်းများကို ရှင်းပြနေပါတယ် ။ ဘယ်လိုလှည့်စားမှု နည်းဗျူဟာကိုမဆို သုံးနိုင်ပေမယ့် သတ်ခွင့်တော့ မရှိပါဘူး ။
ခဏအကြာမှာတော့ အုပ်စု ၈ ခု ခွဲသွားကြပြီး ချန်ရှန် အုပ်စုမှာတော့ အဆင့် ၇ တစ်ယောက်မှ မပါပဲ အဆင့် ၆ ရဲ့ အကျွမ်းကျင်ဆုံးများသာဖြစ်ကာ အသက် ၁၉ နဲ့ ၂၀ ၀န်းကျင် လူငယ် ၄ ယောက်ပါ ။ ၎င်းတို့ နောက်တဆင့်ကို ရအောင် တက်ကြမည့် ပုံစံပါပဲ ။ ယောင်မျိုးနွယ်ဟာ ချန်ရှန်ကို ပထမအချီတွင် အနိုင်ရဖို့ ဒီလို တမင်သက်သက် နေရာချထားပုံပါပဲ ။
ဒီအချိန်မှာ ချန်ရှန်ဟာ အဆင့် ၇ ပညာရှင်တွေရဲ့ အချက်အလက်များကို သိလိုက်ရပါတယ်။ ကောင်မလေးကတော့ လန်ယုလန်ဖြစ်ပြီး သူမဟာ ကြီးမြတ်သော စစ်သူကြီးလန်ရဲ့ သမီးပါ။ သူမဟန်ပန်က ရင့်ကျက်ပုံပေါ်သော်လည်း သူမဟာ အသက် ၁၄ နှစ်သာရှိသေးတာဖြစ်ပါတယ် ။ ဒီအချက်ဟာ ချန်ရှန်အတွက် တော်တော် အံ့သြစရာပါပဲ ။
နောက်လူငယ်ကတော့ ဆောင်နန်မင် လို့ခေါ်ပါတယ် ။ သူကတော့ တောင်ပိုင်းအင်ပါယာရဲ့ သရဖူဆောင်း မင်းသားတစ်ပါးဖြစ်ပါတယ် ။ ဒီနှစ်မှာ အသက် ၂၀ ပြည့် တာဖြစ်ပြီး အဆင့် ၇ ကျွမ်းကျင်သူတစ်ယောက်ပါပဲ ။ သူ့ရဲ့ မွေးရာပါ ပါရမီက ကောင်းမွန်လှ ပေမယ့် ချန်ရှန်အမြင်ပြောရမယ်ဆိုရင်တော့ လန်ယုလန်လောက် ပါရမီမပါ ဟု ထင်မိပါတယ် ။ သူမက ၁၄ နှစ်ပဲ ရှိသေးတာကြောင့်ပါ ။
ချန်ရှန်ရဲ့ အုပ်စုဟာ နောက်ဆုံးမှ တိုက်ရမှာပါ ။ နောက်ပြီး မညီမျှဆုံး အုပ်စုပါပဲ ။ ချန်ရှန်ဟာ ၁၆ နှစ်သာရှိပြီး ကျန်လူများဟာ ၁၉ ၂၀ တွေ ဖြစ်ကြပါတယ် ။ ဒါပေမယ့် ဒါဟာ ပြိုင်ပွဲပါ ။ တစ်ယောက်ချင်းလာလို့ကတော့ ချန်ရှန်ဟာ နိုင်မှာသေချာပေမယ့် စုတိုက်ရင်တော့ ရှုံးဖို့ များပါတယ် ။
ဒီမတိုင်ခင်က ချန်ရှန် ဟာ အဆင့် ၇ ရှိနေပြီး နည်းနည်း စိုးရိမ်စိတ် ၀င်ခဲ့မိပါတယ် ။ ဒါပေမယ့် ယခု သူဟာ အဆင့် ၈ ကို ရောက်နေပြီဖြစ်ပြီး စွမ်းအားတွေဟာ ပိုမို ကောင်းမွန်နေပါပြီ ။ သူ၏ ခြေတစ်ချက်ဆောင့်လိုက်ရုံဖြင့် ကွင်းတစ်ခုလုံးပင် တုန်သွားစေနိ်ုင်မှာပါ ။ ဒါတင်မက သူ၏ နတ်အတွင်းအားများနဲ့ ချီဒြပ်စင် ၅ ခု ကြောင့် သူ၏စွမ်းအားဟာ အဆင့် ၉ သိုင်းပညာ ရှင် လက်သစ်များကိုတောင် ကောင်းကောင်း ယှဉ်နိ်ုင်နေပါတော့တယ် ။
သူဟာ အဆင့် ၇ မှ အဆင့် ၈ သို့ ရက်အနည်းငယ်အတွင်းမှာပင် တက်လှမ်းနိုင်ခဲ့တာဖြစ်ပြီး ဒါဟာ နတ်မိစ္ဆာစွမ်းအားရဲ့ ကျေးဇူးကြောင့်ပါပဲ ။ အဓိကကတော့ ဘိုင်ယုယု ကြောင့်ပါ ။ ဒီ စွမ်းအားရဲ့ လှည့်ကွက်များကိုလည်း နားလည်နေပါပြီ ။
ချန်ရှန်ဟာ ပရိတ်သတ်များကြားတွင် မတ်တပ်ရပ်လျက် ပထမဆုံး ပြိုင်ပွဲဝင် ၅ ယောက်၏ စင်မြင့်ပေါ်မှ ယှဉ်ပြိုင်နေပုံကို ကြည့်နေပါတယ် ။ သူဟာ ၎င်းတို့အသီးသီး၏ တိုက်ခိုက်ပုံတွေ ကို လေ့လာနေပြီး သူတို့ စွမ်းအင်တွေ ထုတ်လွှတ်တဲ့အခါ ချန်ရှန်၏ မျက်လုံးများမှာ တောက် ပလို့နေပါတယ် ။ သူဟာ ၎င်းတို့၏ ချီဓာတ်များ ဘယ်လိုအလုပ်လုပ်လဲဆိုတာ သူ၏ နတ်အတွင်းအားအာရုံများမှ ရှင်းလင်းစွာ မြင်နိုင်နေပါတယ် ။ ဒါဟာ ချန်ရှန်၏ သူများနဲ့ မတူသော စွမ်းရည်ဖြစ်ပြီး ၎င်းတို့၏ တိုက်ခိုက်ပုံနည်းစနစ်များကို လွယ်ကူစွာ မှတ်သား နေနိုင်ပါတော့တယ် ။ နောင်တချိန်မှာ ဒီအကွက်များကို လွယ်ကူစွာ လိုက်လံ ပြုလုပ်နိုင် မှာ ဖြစ်ပါတယ် ။
လူ ၅ ယောက်လုံးဟာ စင်မြင့်အလယ်နားမှာ စုနေကြပါတယ် ။ မည်သူမျှ အစွန်တွင် ရပ်မနေကြပါ ။ စင်အောက်ကို ကျသွားပါက ရှုံးမှာ ဖြစ်သောကြောင့်ပဲ ဖြစ်တယ် ။ ဒီလိုတိုက်ပွဲဟာ အနိ်ုင်ရရန် စွမ်းအင်လုံလောက်စွာ ရှိနေရမှာ ဖြစ်ပါတယ် ။ ဒါတင်မက နောက်ဆုံးအချိန်ထိ ခံနိုင်ရည်ရှိမှသာ အနိုင်ရမှာပါ ။ တစ်ယောက်ချင်းဆီမှာ ရန်သူ ၄ ယောက် ရှိနေတာဖြစ်ပြီး ဒါတင်မက တချိန်တည်းမှာ တိုက်ခိ်ုက်ရမှာဖြစ်ပြီး ကာကွယ်နိုင်ဖို့ လည်း လိုအပ်ပါတယ် ။
ပရိတ်သတ်များဟာ ယှဉ်ပြိုင်သူတို့ စွမ်းအားတွေ ထုတ်တိုင်း လက်ခုပ်များတီးကာ ရင်သပ် ရှူမော ဖြစ်နေကြသော်လည်း ချန်ရှန်အတွက်ကတော့ ဘာမှမဟုတ်ပေ ။ ရှုပ်ယှက်ခပ်လျက် စွမ်းအင်ကုန်လွန်းသော အကွက်များသာ ဖြစ်သောကြောင့် ချန်ရှန် ဆက်လက် အတုမခိုးရန် ဆုံးဖြတ်လိုက်ပါတော့တယ် ။
ပထမပွဲကတော့ ပြီးဆုံးသွားပါပြီ ။ အနိုင်ရသူဟာ ချီဓာတ်စွမ်းအင်များ ကောင်းမွန်လှပြီး နောက်ဆုံးအချိန်ထိ ကျန်နေခဲ့ပါတယ် ။ တခြားလူတွေဟာ လုံးလုံး ရှုံးသွားတာ မဟုတ် ပေမယ့် ချီဓာတ်များကုန်ဆုံးကာ စင်ပေါ်မှ ပြုတ်ကျသွားကြခြင်း ဖြစ်ပါတယ် ။
ဒီလူတွေဟာ အဆင့် ၆ သာ ရှိတာဖြစ်ပြီး လူအများအမြင်မှာတော့ ၎င်းတို့ဟာ စွမ်းအားပြည့် ၀တယ့် ပါရမီ ရှင်များအဖြစ် အားပေးခြင်း ခံနေကြရပါတယ် ။ ချန်ရှန်ကတော့ အဆိုပါလူတွေ ရဲ့ အခြေခံဟာ မကောင်းလှပဲ ကောင်းမွန်တဲ့ တည်ဆောက်မှုမရှိဘူး ဆိုတာ သိနေပါတယ် ။ ၎င်းတို့ရဲ့ စစ်မှန်သောချီဓာတ်များဟာ ပြင်းထန်မှုမရှိပဲ သန့်စင်မှုလည်း လုံလုံလောက်လောက် မရှိပါဘူး ။ သိုင်းပညာမဆိုးလှသော်လည်း ၎င်းတို့၏ စွမ်းရည်အပြည့် အ၀ ကို ထုတ်မသုံးနိုင်ဖြစ်နေတာပါ ။
“ဟုတ်ပြီ ၊ ဒီလူတွေဟာ ပျော့လွန်းတယ် ။ သူတို့ဘ၀မှာ မိသားစုရဲ့ ရတနာများလို အသိအမှတ် ပြုခံပြီး ဆက်ဆံခံခဲ့ရတယ့်အတွက် စစ်မှန်တယ့် လေ့ကျင့်ခြင်းရဲ့ ခါးသီးမှုကို မခံစားသေးဖူးပုံပဲ”
ချန်ရှန် စိတ်ထဲ တီးတိုးရေရွတ်မိတယ် ။ ဘယ်လိုပဲဖြစ်ဖြစ် သူ့လို လေ့ကျင့်ခြင်းမရှိရင် လမင်း ကြီးပျောက်ကွယ်သွားတောင် တိုးတက်မှုရှိမှာ မဟုတ်ပါဘူး ။
နောက်တစ်လှည့်ကတော့ မင်းသား ဆောင်နန်မင် အလှည့်ပဲဖြစ်ပါတယ် ။ သူဟာ အဆင့် ၇ ပညာရှင်တစ်ယောက်ဖြစ်ပြီး တခြားလူတွေကတော့ အဆင့် ၆ ပဲရှိတာပါ ။ စစချင်းမှာပဲ ၂ ယောက်ဟာ ပေါက်ကွဲသံနဲ့အတူ စင်အောက်ပြုတ်ကျသွားပါတယ် ။ မင်းသား ဟာ သူ၏ အဆင့် ၇ ဟူကော စွမ်းအင်များ တရစပ်သုံးကာဖြင့် ထို ၂ ယောက်အား တိုက်ခိုက်လိုက်ခြင်း ဖြစ်ပါတယ် ။ ကျန်လူများပါ မယှဉ်နိုင်ပဲ သူသာ အနိ်ုင်ရသွားသည့် အခါမှာတော့ လူအများဟာ လက်ခုပ်လက်ဝါးတီးလျက် အားပေးလျက် ပါ ။
နောက်အလှည့်ကတော့ ကောင်မလေး လန်ယုလန် အလှည့်ပါ ။ သူမစင်ပေါ်သို့ လျှောက် လာသည့်အခါ ပရိတ်သတ် ယောကျာ်းအများစုဟာ အသက်ရှူဖို့ပင်မေ့လျက် သူမ၏ အလှမှာ နစ်မြောနေကြပါတယ် ။ သူမဟာ အမည်းရောင်ဝတ်ရုံကို ၀တ်ဆင်ထားပြီး သူမ သွယ်လျ လှပမှု ၊ ခြေတံလက်တံရှည်များ နဲ့ ဟန်ပန်အမူအရာမှာ သူမ၏ အသက်နှင့် လိုက်ဖက်ခြင်းလုံးဝ မရှိပေ ။ ရင့်ကျက်တည်ငြိမ်လှသော ဟန်ပန်နဲ့ မာနကြီးကာ အေးစက်စက် မျက်နှာတို့ဖြင့် တမူထူးခြားနေပါတော့တယ် ။ ဒီကောင်မလေးဟာ ၁၄ နှစ် သမီးလို့ မည်သူမျှ ထင်မှာမဟုတ်ပါဘူး ။
“ဒီကောင်မလေး ရဲ့ ချီဓာတ်က ထူးဆန်းလှချည်လား”
ချန်ရှန် မျက်မှောင်ကြုတ်ကာ တီးတိုးရေရွတ်မိပါတယ် ။
“ဒီကောင်မလေးမှာ ရေခဲမီးအတွင်းအားရှိတယ် ။ ဘယ်အဆင့်လောက်လဲဆိုတာတော့ ငါလဲ မပြောနိုင်ဘူး ။ သူမဟာ ရေခဲနဲ့မီး ချီဓာတ်တွေကို လေ့ကျင့်ထားတာဖြစ်ပြီး ဒီ ဆန့်ကျင်မှု ၂ ခု ပေါင်းစပ်တယ့်အခါမှာ ဒီလိုထူးဆန်းပြီး ခန့် မှန်းရခက်တဲ့ စွမ်းအင်ကို ရရှိတာပဲ ။ မင်း သူမနဲ့ ရင်ဆိုင်ရင် ခဲသွားမှာ အမှန်ပဲ ။ ဒီကောင်မလေးဟာ သာမန်ထက်ထူးကဲပြီး အံ့သြစရာ ကောင်းလှတယ် ။ မင်းသူမနဲ့ မိတ်ဆွေ ဖြစ်ရင်တော့ အကောင်းဆုံးပဲ”
ချန်ရှန် လှပပြီး ကြောက်စရာကောင်းလှတယ့် စင်မြင့်ထက်မှ ပုံရိပ်ကို ကြည့်နေပြီး တုန်လှုပ် မိနေတယ် ။ စုမေးယိုရဲ့ အသိအမှတ်ပြုခြင်းကို ခံရတယ်ဆိုကတည်းက သာမန်မဟုတ်တာ တော့ သေချာနေပါပြီ ။
“စ”
အသံထွက်လာတာနဲ့ လန်ယုလန်ဟာ ချက်ချင်း စင်မြင့်ပေါ်မှာ တဟုန်ထိုး အရိပ်မည်းကြီး အလား ပြေးထွက်သွားပါတယ် ။ အမည်းရောင်မကောင်းဆိုးဝါးတစ်ကောင် အလားတောင် ထင်မိစေပြီး သူမ၏ အရှိန်ဟာ လျင်မြန်လွန်းသောကြောင့် ပရိတ်သတ်များဟာ ကြောင်အ လျက် ရှိနေတယ် ။ ၎င်းတို့သာမက စင်ပေါ်မှ လေးယောက်လည်း ရုတ်တရက်မို့ ကြောင်အမ်းအမ်းဖြစ်သွားကြပါတော့တယ် ။
ချန်ရှန် မျက်ခုံးများ မြင့်တက်သွားတယ် ။ လန်ယုလန်ဟာ လှပပြီး ကြောက်မက်ဖွယ် ကောင်း တာမှန်ပေမယ့်လည်း ဒီအပြုအမူဟာ သူ့လိုလူကိုတောင် တော်တော်အံ့သြသွားစေပါတယ် ။
“ဘုန်းးးးးးးးးးး”
အသံကျယ်ကြီးတစ်ခု ကြားလိုက်ရပြီး စင်ပေါ်မှတစ်ယောက်ဟာ လွင့်ထွက်သွားပါတော့ တယ် ။ လူအများဟာ ဒီလူ ဘယ်လိုတိုက်ခိုက်ခံရလို့ ပြုတ်ကျသွားတယ်ဆိုတာ မမြင်ပေမယ့် ဒါဟာ လန်ယုလန် လက်ချက်ဆိုတာ အားလုံး နားလည်ကြပါတယ် ။ တကယ်တော့ စင်ပေါ်မှာ သူမကို သဲသဲကွဲကွဲ မမြင်ရပဲ အရိပ်မည်းကြီးသာ မြင်နေကြရတာ ဖြစ်ပါတယ် ။
ဒါပေမယ့် ချန်ရှန်ကတော့ လန်ယုလန်ဟာ လူငယ်ကို ပြင်းထန်တဲ့ ခြေကန်ချက်တစ်ခု ကန် လိုက်တာ မြင်လိုက်ရပါတယ် ။ ဒီခြေကန်ချက်ဟာ တစ်ဦးတစ်ယောက်ချင်းအတွက် အဝေး ကိုလွင့်ထွက်သွားစေသော စွမ်းအား လုံလုံလောက်လောက်ကို ရှိတာပါ ။
လန်ယုလန်ဟာ ဒီလိုမျိုးနဲ့ပဲ သူ၏ ပြိုင်ဖက်များကို လျင်မြန်စွာ အဆုံးသတ်ခဲ့တာ ဖြစ်ပြီး သူမဟာ လှပတဲ့ ခြေကန်ချက်များကို အသုံးပြုခဲ့တာပါ ။ စင်ပေါ်မှ ပြိုင်ပွဲဝင်များဟာ တစ်ယောက်ပြီးတစ်ယောက် လွင့်ထွက်လာပြီး ပရိတ်သတ်များ၏ အားပေးသံများဟာ မဆုံး တော့ချေ ။
“လန်ယုလန်ဟာ ကွာတားဖိုင်နယ်ကို အောင်မြင်စွာ ဖြတ်ကျော်သွားပါပြီ ။ နောက်အလှည့် ကတော့ နောက်ဆုံး အုပ်စုပဲ ဖြစ်ပါတယ်”
ယောင်မျိုးနွယ်မှ လူကြီးက အော်ပြောပါတယ် ။
နောက်ဆုံးတော့ ချန်ရှန် အလှည့်သို့ ရောက်ပါပြီ ။ လူတိုင်းဟာ ချန်ရှန် အဆင့် ၆ ရှိသူများဖြင့် ယှဉ်ပြိုင်ရမှာကို သိရှိကြပြီး ထိုလူများဟာ အဆင့် ၆ မှာပင် နစ်ပေါင်းများစွာ ရပ်တန့်နေသူ များလည်း ဖြစ်ပါတယ် ။ ဒါကြောင့် တခြား အဆင့်တူ များထက် ပိုမို စွမ်းအားကြီးမားကာ ချန် ရှန်ကို လေးယောက်ပေါင်းလျှင် ဒုက္ခကောင်းကောင်းပေးနိုင်သူများပင် ဖြစ်ပါတော့တယ် . . .။

Comment

Leave a Reply

Options

not work with dark mode
Reset