Chapter – 48 စွမ်းအားကြီးအတွင်းအားနယ်ပယ်
လေမည်းဂိုဏ်းဟာ ပြိုကွဲသွားသော်လည်း ယောင်မျိုးနွယ်မှ မည်သည့် လှုပ်ရှာမှုမျှ မရှိသေး ပါဘူး ။ ဒီလေမည်းဂိုဏ်းဟာ ယောင်မျိုးနွယ်ရဲ့ လက်ပါးစေ ဆိုတာ လူတိုင်းသိကြပါတယ် ။ လူတိုင်းဟာ ယောင်မျိုးနွယ်တို့ လာမယ့် သိုင်းပြိုင်ပွဲအတွက်ပြင်ဆင်နေသလို ပျောက် ဆုံးနေတယ့် ယောင်လူကြီးမင်းနဲ့ ယောင်တျန်းဟွာတို့ကို ရှာဖွေရင်း အလုပ်ရှုပ်နေကြလိမ့် မယ်လို့ ခန်းမှန်းကြပါတယ် ။
ဆေးဘုရင်ခန်းမဟာလည်း သူတို့ရဲ့ ပျက်ဆီးမှုများကို ပြန်လည် ပြုပြင်ပြီး အသစ်တဖန် ဖွင့်လှစ်ရန်အတွက် အသင့်ဖြစ်နေပါပြီ ။ လေမည်းဂိုဏ်းပျက်ဆီးပြီးနောက် အားလုံးဟာ ဆေးဘုရင်ခန်းမရဲ့ အစွမ်းကို အံ့အားသင့်နေကြပါတယ် ။ လူတိုင်းဟာ ဆေးဘုရင်ခန်းမ သို့ တိုးဝင်ကြလျက် ဆေးများ အလုအယက် ၀ယ်ပြီး သူတို့ဆေးများဟာလည်း ယောင်မျိုးနွယ် တို့ထက်များစွာ သက်သာသောကြောင့် မကြာခင် ဒီဆိုင်ဟာ တဟုန်ထိုး ရောင်းကောင်း တော့မှာပါ ။
အားပေးသူအများစုဟာ အရမ်းချမ်းသာပြီး နောက်ခံကောင်းကောင်း ရှိကြသူများ မဟုတ်တာ များပါတယ် ။ ဒီလိုလူများဟာ ဈေးသင့်တယ့် ဆိုင်မှ ၀ယ်ပြီး သူတို့၏ စွမ်းအား များကို တိုးတက်အောင် လေ့ကျင့်လို့ ရတော့မှာ ဖြစ်ပါတယ် ။ နောက်ပြီး အားလုံးလေးစား အားကျရတယ့် မန်ဘို ရှိနေခြင်းကြောင့်လဲ သူတို့ဟာ ၀ယ်ယူမှုနဲ့ ပတ်သတ်ပြီး ပိုမို ယုံကြည် ကြပါတယ် ။
အဓိကအားဖြင့်တော့ အဆင့်နိမ့်ဆေးတွေ ရောင်းရတာ များပါတယ် ။ အလယ်အလတ်တန်း စားဆေးကတော့ အနည်းငယ်ပဲ ရောင်းရတယ် ။ ၎င်းတို့ဟာ ဈေးလည်း အနည်းငယ် မြင့် သောကြောင့် ဖြစ်တယ် ။ အဆင့်မြင့်ဆေးကတော့ ရောင်းရအနည်းဆုံးပါပဲ ။ သာမန်လူအဖို့ ဒီဆေးကို သိပ်မတတ်နိုင်ကြပါ ။
ဒန်ရှန်မှလည်း ဆေးပင်များကို ဈေးသက်သက်သာသာ ဖြင့် ထောက်ပံ့ပေးနေသော ကြောင့် ဆေးဘုရင်ခန်းမဟာ ငွေကုန်သက်သာပါသေးတယ် ။ နောက်ပြီး ဒီဆိုင်မှ အကျိုးအမြတ်များစွာ ရတာတောင် ချန်ရှန်ဟာ မယူပဲ ထိုအမြတ်အားလုံးကို ဆိုင်အတွက်ပဲ အသုံးပြုရန် ချန်ထားပါတယ် ။
တနေကုန်ပြီးနောက် ချန်ရှန်ဟာ လေမည်းဂိုဏ်းခေါင်းဆောင်ထံမှ လွှမ်းမိုးထားတဲ့ ချီဓာတ်များကို သန့်စင်နေတုန်းပါ ။ ဒီ ချီဓာတ် များဟာ အရမ်းသိပ်သည်းပါတယ် ။ ဒီအရာ တွေကို အသန့်စင်ဆုံးဖြစ်စေရန် ချန်ရှန်ဟာ အညစ်အကြေးအားလုံးကို ဖယ်ရှားရမှာ ဖြစ်ပါ တယ် ။ ဒါဟာ အချိန်တော်တော်လည်း ကုန်ပါတယ် ။
ချန်ရှန်၏ စွမ်းအင် သိုလှောင်ရာနေရာဟာ ချီဓာတ်တွေ ပြည့်လို့နေပါတယ် ။ သူဟာ ယခု ၎င်းကို ချီဓာတ်များ သ်ိပ်ထည့်ရင်း ပိုမိုသိုလှောင်နိုင်ရန် လုပ်နေပါတယ် ။ အဆင့် ၈ ကို တက်လှမ်းဖို့ ကြိုးစားနေခြင်းပါပဲ ။
ထိုက်ကျိကျင့်စဉ်ကို ခွဲခြမ်းစိတ်ဖြာရင်း ယင်နဲ့ယန် ပုံသေကားချပ်ဟာ ချန်ရှန်၏ စွမ်းအင် သိုလှောင်ရာမှာ လျင်မြန်စွာ လည်ပတ်နေပါတော့တယ် ။ စစ်မှန်သော ချီဓာတ်များဟာ လည်း ၎င်း ကားချပ်ကို ဖြတ်သွားလျက် ထို့နောက်မှာတော့ ဒြပ်စင် ၅ ခုအဖြစ် လျင်မြန်စွာ ကွဲသွားပါတော့တယ် ။
အဆင့် ၈ ကတော့ စွမ်းအားကြီးအတွင်းအား အဆင့်ပဲ ဖြစ်ပါတယ် ။ ဒီအဆင့်မှာ လူတစ်ယောက်ဟာ သူ၏ နတ်အတွင်းအားအာရုံ နဲ့ စစ်မှန်သော ချီဓာတ်တွေကို အတူတကွ ပေါင်းစပ်ပြီး ဒီချီဓာတ်တွေဟာ အနှိုင်းမဲ့ စွမ်းအင်တွေနဲ့ ပိုမို အစွမ်းထက်စေတာပဲ ဖြစ်ပါ တယ် ။ အငွေ့ တွေဟာလည်းပဲ အဆင့် ၇ ကထက်ကို များစွာ စွမ်းအားကြီးမားပါတယ် ။ အဆင့် ၈ ကို ရောက်နိုင်ဖို့အတွက် စစ်မှန်သော ချီဓာတ်များ အားကောင်းစွာ ရှိရမည် ဖြစ်ပြီး နတ်အတွင်းအား အာရုံလည်း ကောင်းကောင်း ရှိရမှာပါ ။ ချန်ရှန်ဟာ လေမည်းခေါင်းဆောင် ၏ ချီဓာတ်အားလုံးကို စုပ်ယူခဲ့သောကြောင့် သူု၏ ချီဓာတ်များမှာ အားအလွန်ကောင်းလျက် ရှိနေပါတယ် ။ဒါတင်မက ထာဝရ မိစ္ဆာ ကန် ကျေးဇူးကြောင့် သူ၏ စိတ်ဝိဉာဉ်ဟာလဲ ပြောစရာမလိုအောင် သန်မာလျက်ပါပဲ ။
သူ၏ နတ်အတွင်းအားအာရုံများဟာလည်း အားနည်းတယ်လို့ မဆိုနိုင်ပါဘူး ၊ သူဟာ ဒီ နတ်အတွင်းအား အာရုံတွေနဲ့ စစ်မှန်သော ချီတွေကို အတူတကွ ပေါင်းစည်းနိုင်တယ့် လိုအပ် ချက်ကိုသာ သိရှိသွားရင် အဆင့် ၈ ကို တက်လှမ်းနိုင်တော့မှာ ဖြစ်ပါတယ် ။
ချန်ရှန်တို့လို မှော်သိုင်းပညာရှင်လောကမှာ မော်တယ်အဆင့် သိုင်းကျင့်စဉ်ကို ၁၀ ဆင့် ခွဲခြားထားပါတယ် ။ တစ်ဆင့်အောင်သွားတိုင်း ကြီးမားတဲ့ ဂိတ်တံခါးကြီး တစ်ခုပွင့်သလိုပါပဲ၊ ဒီလိုတဆင့်ဆီကိုလည်း အားကောင်းကောင်းရှိမှသာ ဖွင့်နိုင်မှာပါ ။ လုံလောက်တယ့် စွမ်းအားတင်မက တချို့ သော လှည့်စားမှုများကိုလည်း နားလည်နေဖို့ လိုအပ်ပါသေးတယ် ။
ချန်ရှန်ဟာ ယခုအချိန်မှာ အားအလွန်ကောင်းနေပါပြီ ။ သူဟာ ဒီ အထက်ပါအရာ ၂ ခုကို ဘယ်လိုပေါင်းစပ်ရမလဲဆိုတာကို နားလည်ဖို့ပဲ လိုပါတော့တယ် ။ သူလုပ်နိုင်တာနဲ့ တပြိုင်နက် အဆင့်ရှစ် ဂိတ်တံခါးကြီးဖြစ်တယ့် စွမ်းအားကြီး အတွင်းအား အဆင့်ကို ၀င်ရောက်နိုင်တော့မှာပဲ ဖြစ်ပါတယ် ။
ထိုက်ကျိကျင့်စဉ်ကို ခွဲခြမ်းလေ့လာခြင်းဖြင့် သူဟာ ဒီနတ်အတွင်းအား ကျင့်စဉ်တွေရဲ့ လျို့ ဝှက်နက်နဲမှုတွေကို တဖြည်းဖြည်း နားလည်လာပါတယ် ။ ချန်ရှန်ရဲ့ ချီဓာတ်များနဲ့ နတ်အတွင်းအား အာရုံများဟာ ဖြည်းဖြည်းချင်း ပေါင်းစပ်နေကြပါပြီ ။ မမြင်နိုင်တယ့် နတ်အတွင်းအား အာရုံတွေဟာ အရောင်စုံ ချီဓာတ်များဖြင့် စုဆုံလျက် ပါ ။ ဒီလို စွမ်းအားကြီး အား ၂ ခု အတူတကွ ပေါင်းစပ်တယ့်အခါ ချန်ရှန်ရဲ့ ကိုယ်ဟာ ပေါက်ကွဲမလိုပါပဲ ။ အဆုံးမရှိ သော စွမ်းအားတွေဟာ တသွင်သွင်စီးနေတယ့် စမ်းချောင်းလို သူ၏ ကြွက်သားများ ၊ အရိုးများနဲ့ တစ်ကိုယ်လုံးမှာ စီးဆင်းလျက် ရှိနေပါတော့တယ် ။
“တက်”
ချန်ရှန်စိတ်ထဲ အသံလေးတစ်ခု မြည်သွားပါတယ် ။ ၎င်းဟာ ဂိတ်တံခါးကြီးတစ်ခုကို ဖွင့် လိုက်သလိုပါပဲ ။ အားကောင်းလှတယ့် စွမ်းအင်စီးကြောင်းကြီးဟာ သူ၏ ကိုယ်မှာ အဆုံးအစ မရှိ စီးဆင်းနေသလိုပါ ။ သူ၏အားများဟာလည်း အရင်ကထက် များစွာ ပိုမိုကောင်းမွန် နေ တာကို ခံစားလိုက်ပါတယ် ။
ချန်ရှန် မျက်စိဖွင့်လိုက်တယ့် အခါမှာ အဖြူရောင်အလင်းတန်းများဟာ ရွှေရောင်အခိုးအငွေ့ များ အဖြစ် သူ၏ ကိုယ်ပတ်လည်မှာ ထွက်နေတာကို မြင်လိုက်ရတယ် ။ သူ၏ အမြင်များဟာ လည်း ကြည်လင်လျက် မြေကြီးပေါ်မှ သဲမှုန်လေးများကိုပဲ ရှင်းလင်းစွာ မြင်နိုင်နေပါတယ် ။ အရပ်မျက်နာမျိုးစုံ ခပ်ဝေးဝေးမှ အသံများကိုလည်း ကြားနေရပါတယ် ။ ဒါပေမယ့် ဒါကို နားငြီးတယ်လို့ သူမယူဆပါဘူး ။ သူဟာ မည်သည့်အသံက မည်သူ ဘာအကြောင်းပြောနေ တယ်ဆိုတာကို တစ်ဦးချင်း အလိုက် ကြားနေရတာပါပဲ ။
ချန်ရှန်တစ်ယောက် အဆင့် ၈ သိုင်းပညာအဆင့် ဖြစ်တယ့် စွမ်းအားကြီး အတွင်းအား အဆင့်ကို ရောက်ရှိခဲ့ပါပြီ ။ ဒီအချိန်မှာ သူဟာလည်း ၁၇ နှစ်ပြည့်ရန် အနည်းငယ်ပဲ လိုပါတော့တယ် ။
ဘုရင့်မြို့ တော်ရဲ့ သိုင်းပြိုင်ပွဲဟာ ဆယ်စုနှစ်တစ်စုကို တစ်ကြိမ် ကျင်းပတာ ဖြစ်ပါတယ် ။ အသက် ၂၀ နဲ့ အောက်ပဲ ပါဝင်ခွင့်ရတာဖြစ်ပြီး ဒီတစ်ကြိမ်ကျင်းပတာကိုတော့ ယောင်မျိုး နွယ်မှ စီစဉ်တာပဲ ဖြစ်ပါတယ် ။ အင်မော်တယ် တောင်ပေါ်မှ များစွာသော သိုင်းပညာရှင်များ ဟာ စာရင်းသွင်းထားကြပြီး အနိုင်ရရှိသူဟာ အဆင့်မြင့် ဝိဉာဉ်တော် ဆေးတစ်ခုကို ရရှိနိုင်ရုံသာမက ဂိုဏ်းကြီးတစ်ခုထဲသို့လည် ၀င်နိုင်မှာပါ ။ ဒါဟာ လူတိုင်းကို ဆွဲဆောင် နိုင်တယ့် ဆုပဲ ဖြစ် ပါတော့တယ် ။
ဒီအဆင့်မြင့် ဝိဉာဉ်တော်ဆေးဟာ အရမ်းကို ဈေးကြီးမြင့်ပါတယ် ။ တကယ်တော့ ဒါဟာ ရောင်းရန်မဟုတ်ပါဘူး ။ ၎င်းဆေးကို ပြုလုပ်ဖို့ ဆေးဆရာတစ်ယောက်ကို သေချာရှာရတာ ပါ ။ ဒီဆေးဟာ လုပ်ရတာ အရမ်းခက်ခဲပြီး ကျရှုံးနိုင်ခြေများသော်လည်း ဒါဟာ အဆင့်မြင့် ဝိဉာဉ်တော် ဆေး ဖြစ်နေပါတယ် ။
ဒီဆေးမှာ သန့်စင်တဲ့ စစ်မှန်သောချီဓာတ်အမြောက်အများပါဝင်ပါတယ် ။ သုံးစွဲပြီးပါက ကောင်းကင်နဲ့ မြေကြီးကြားက စစ်မှန်တဲ့ချီဓာတ်များကို ခက်ခဲစွာ စုပ်ယူရန်မလိုအပ်တော့ပဲ ဆေးအကူညီဖြင့် ချီဓာတ်များလွယ်ကူစွာ ရရှိစေနိုင်ပြီး ၎င်းဟာ သုံးစွဲသူရဲ့ စွမ်းအားကို တမဟုတ်ချင်း တိုးတက်စေပါတယ် ။
လူများစွာဟာ သိုင်းပြိုင်ပွဲကို လျှောက်ထားကြတာဖြစ်ပေမယ့် အနည်းငယ်သာ ၀င်ခွင့်ရခဲ့ ပါတယ် ။ စစ်ဆေးမှုများအပြီးမှာတော့ စုစုပေါင်း ဟာ ၄၀ ယောက် သာ ရှိပါတယ် ။ ဒါဟာ ဒီပြိုင်ပွဲဝင်ဖို့ ဘယ်လောက်ခက်ခဲလဲဆိုတာ သိသာနေပါတော့တယ် ။
စစ်ဆေးမှုအတွင်းမှာ ချန်ရှန်ဟာ လွယ်ကူစွာပဲ အမြင့်ဆုံး စွမ်းဆောင်နိုင်ခဲ့ပါတယ် ။ သူ၏ လက်သီးဟာ စွမ်းအားစစ်ဆေးသည့် ကျောက်တုံးကိုပင် ကွဲကြေသွားစေကာ ဒီလိုကျောက် တုံးပင် သူ၏ စွမ်းအားကို မတိုင်းတာနိုင်ခဲ့ပေ ။
ယောင်မျိုးနွယ်ရဲ့ ကွင်းပြင်ဟာ တောင်တွေ ပင်လယ်တွေနဲ့ ကိုလူတွေလုပ်ထားတာနဲ့ ခပ်ဆင်ဆင်ပါ ။ မြင့်မားကျယ်ပြောလှပြီး ခြောက်ပေမြင့်ပြီး ပေ ၂၀ ကျယ်တဲ့ စင်မြင့်ကို ပြုလုပ်ထားပါတယ် ။ စင်ပေါ်မှာတော့ ယောကျာ်းမိန်းမ စုစုပေါင်း ၃၉ ယောက်ဟာ မတ်တပ်ရပ်နေကြပြီး ချန်ရှန်ကိုတော့ မတွေ့ ရသေးပါဘူး ။
“လွန်ခဲ့တယ့် ၂ ရက်က သူဟာ လေမည်းဂိုဏ်းကို ဖြိုခွဲခဲ့တယ်လို့ကြားတယ် ။ ဒဏ်ရာရပြီး မလာလောက်ဘူးလားမသိ”
လူအုပ်ထဲမှ အသံကို ကြားနိုင်ပါတယ် ။
“ဒီလေမည်းဂိုဏ်း ခေါင်းဆောင်က အဆင့် ၇လေ ၊ ချန်ရှန်ကလည်း အရမ်းငယ်သေးတာ ။ သူတို့တိုက်ပွဲတွေပြင်းထန်ပြီး ဒဏ်ရာရနိုင်တယ်”
နောက်လူတစ်ယောက်က ပြန်ပြောပါတယ် ။
“အ ၊ ဒီ ၂ ရက်အတွင်း ချန်ရှန်ကို ဆေးဆိုင်မှာလည်းမတွေ့ ရဘူး ၊ တကယ်ပဲ မလာနိုင်တော့ ဘူးထင်တယ် ။ သနုားစရာပဲ”
လူတစ်ယောက်က သက်ပြင်းချလျက် ပြောပြန်ပါတယ် ။ လူတိုင်းဟာ ပြိုင်ပွဲသို့ ချန်ရှန်အလာကို စောင့်နေကြပါတယ် ။ ဒါပေမယ့် ပေါ်မလာသေးပေ ။ လူများစွာဟာ စိတ်ပျက် လက်ပျက် ဖြစ်နေကြပါတယ် ။ ဘာလို့လဲဆိုတော့ ပွဲကြည့် ပရိတ်သတ်တွေဟာ ချန်ရှန်ရောက်လာပြီး ပထမနေရာယူမယ်လို့ တွေးခဲ့ကြလို့ပါ ။
လူတိုင်းချန်ရှန်အကြောင်း ပြောနေကြစဉ်မှာပဲ အမည်းကြောင်ပုံရိပ်တစ်ခု ၀င်လာပါတယ် ။ ဓားသွားလို မျက်ခုံးမွှေးများနှင့် တောက်ပသော မျက်လုံးများဖြင့် စင်မြင့် လှေကားများပေါ်သို့ တည်ကြည်စွာ တက်သွားပါတယ် ။
တည်ငြိမ်ပြီး ကြည့်ကောင်းလှတယ့် ကောင်လေးတစ်ယောက် စင်မြင့်ပေါ်မှာ တဖြည်းဖြည်း ရုပ်လုံးပေါ်လာတယ့်အခါ ကွင်းတစ်ခုလုံး တိတ်ဆိတ်သွားပါတယ် ။ ဒီမတိုင်ခင်က လူတိုင်း ဟာ လက်များဝှေ့ ယမ်းလျက် ဆူညံနေကြတာပါ ။ နောက်ဆုံးတော့ ချန်ရှန် ရောက်လာခဲ့ ပါပြီ ။
စင်ပေါ်မှာတော့ ယောကျာ်း မိန်းမ စုစုပေါင်း အယောက် ၄၀ ပါ ။ ချန်ရှန်ရဲ့ အရိပ်ဟာ ၎င်းတို့အား ဖုံးလွှမ်းလို့ နေပါတယ် ။ သူဝတ်ထားတဲ့ ၀တ်စုံကြောင့်ပါပဲ ။ မည်းနက်လှသော ၀တ်စုံဟာ တခြား ခမ်းနားစွာ ၀တ်ဆင်ထားသူများထက် ပိုမိုပေါ်လွင်နေပါတော့တယ် ။ ယှဉ်ပြိုင်သူ တွေဟာ မပြိုင်ခင်တည်း ချန်ရှန်အား အနည်းငယ် ကြောက်နေကြပုံပါပဲ ။
ချန်ရှန်ရဲ့ ပုံစံဟာ အလွန်တည်ငြိမ်ရင့်ကျက်နေပါတယ် ။ ဖျော့တော့တော့ အပြုံးတစ်ခုကို သူ၏ မျက်နာပေါ်မှာ တွေ့ နိုင်ပါတယ် ။ စင်ပေါ်ရှိ ယောက်ျားမိန်းမ အားလုံးဟာ အစွမ်းအစ ရှိသူ တွေပါပဲ ။ ဒါကြောင့် မာနတွေ တခွဲသားဖြင့် ဂုဏ်မောက်လျက်နေကြပါတယ် ။ လူတိုင်းဟာ ထိုသူတွေနဲ့ ချန်ရှန်၏ အမူအရာကို ယှဉ်ကာ ချန်ရှန်အား ချီးမွမ်းလျက် ရှိကြပါ တော့တယ် . . . ။