Switch Mode

Chapter – 47

အဆုံးသတ်ခြင်း

Chapter – 47 အဆုံးသတ်ခြင်း

၀မ်ရိရှန် ကြုံးဝါးလျက် သူ၏ကိုယ်ကို ရွှေရောင် အငွေ့ များ ကာလိုက်ပါတယ် ။ ၎င်းမှ ခန္ဓာကိုယ်တစ်ခုလုံးကို မီးများဖြစ်သွားပါတော့တယ် ။ ဒါကတော့ ၀မ်မျိုးနွယ်၏ အတုမရှိ ချီဓာတ်များပါပဲ ။ ၎င်းတို့၏ စွမ်းအားဟာလည်း တော်တော်ပြင်းထန်လှပါတယ် ။ ၀မ်ရိရှန်ဟာ သူ၏ ရွှေရောင်လက်သီးအား ချန်ရှန်ဆီသို့ မထိုးခင် ခြေလှမ်းအနည်းငယ် လှမ်းလိုက်ပါတယ် ၊ ပြင်းထန်လှသော ချီဓာတ်များဟာ အော်သံနဲ့အတူ ထွက်လာကြပြီး မျက်စိတမှိတ်အတွင်း မှာပဲ ချီဓာတ်များဟာ ချန်ရှန်၏ မျက်နာဆီသို့ ချိန်ရွယ်နေလျက်ပါ ။
အငွေ့ များဟာ ကြောက်မက်ဖွယ် ရှေ့ ကို အရှိန်ဖြင့် သွားကာ လမ်းတစ်လျှောက်ပေါက်ကွဲ မှုများ ဖြစ်ပေါ်လျက်နေပါတယ် ။ ဘေးနားရှိ ကျောက်တုံးများ ကို ကွဲထွက်သွားပါစေ တော့ တယ် ။ အငွေ့များဟာ လမ်းတလျှောက် မြောင်းကြီးအသွင် မြေကြီးမှာ ဖြစ်ပေါ်စေလျက် ဒါကို မြင်တဲ့လူများဟာ ကြောက်ရွံ့ တုန်လှုပ်သွားကြပါတော့တယ် ။ တစ်ယောက်ယောက်သာ ဒီလို အစွမ်းမျိုးကို ခံရမည် ဆိုပါက နုပ်နုပ်ဆင်းသလို ဖြစ်သွားစေမှာပါပဲ ။
“ဒီလိုအဆင့်နဲ့များ မျိုးနွယ်စုခေါင်းဆောင် လို့ ခံယူရဲသေးတယ် ။ ငါ့အဖေသာဆို မင်းလိုကောင်မျိုး လက်နောက်ပစ်ပြီး လက်တစ်ဖက်နဲ့တောင် အမှုန့်ချေလို့ရတယ်”
ချန်ရှန်ပြုံးပြီးလှောင်ကာ ချက်ချင်းပဲလက်မောင်းများကို ဝှေ့ယမ်းလိုက်ပြီး သူ့ဆီဝင်ရောက် လာတဲ့ ချီငွေ့ များကို ရိုက်ခတ်ပြီး အစိတ်စိတ်အမွှာမွှာ ဖြစ်သွားစေပါတော့တယ် ။
လူတိုင်းဟာ ဒီမြင်ကွင်းကို မယုံနိုင်ကြပါဘူး ။ ချန်ရှန်ဟာ ခြင် ကို ယမ်းသလို လက်လေးယမ်း လိုက်တာ ဒီလိုကြောက်မက်ဖွယ် ချီဓာတ်တွေကို လွယ်လွယ်လေးနဲ့ ကြည့်နေသူတွေ ရှေ့ မှောက်မှာ ဖယ်ရှားပြလိုက်တာပါ ။
ချန်ရှန်၏ ချီငွေ့ များဟာ သူ၏လက်မှ လှိုင်းတစ်ခုလို ထွက်သွားပြီး နောက် ၀မ်ရိရှန်ရဲ့ တိုက်ခိုက်မှုကို လှပစွာ ဖယ်ထုတ်လိုက်တာပါပဲ ။ ဒါဟာ ချန်ရှန်၏ ချီငွေ့ များဟာ ၀မ်ရိရှန်၏ ချီငွေ့ များထက် အဆပေါင်းများစွာ စွမ်းအားကြီးတယ်ဆိုတာ သက်သေပဲ ဖြစ်ပါတယ် ။
၀မ်ရိရှန်၏ ကိုယ့်ကိုကိုယ် ယုံကြည်ချက်ရှိမှု အထင်ကြီးမှုတွေဟာ ချန်ရှန် လက်၏ လှုပ်ရှား မှုလေးတစ်ခုအောက်မှာ ပျောက်ဆုံးသွားရပါပြီ ။ သူ့ကိုယ်သူ စွမ်းအားကြီးလှပြီ ထင်နေရာမှ ချန်ရှန်နဲ့ ယှဉ်ရင် ဘယ်လိုမှ နှိုင်းမရတာကို နားလည်သဘောပေါက်သွားခဲ့ပြီ ဖြစ်ပါတယ် ။
လက်ရှိမှာတော့ ၀မ်ရိရှန် နဲ့တကွ အားလုံးဟာ ကြောင်ပြီး ရပ်နေကြပါတယ် ။ ချက်ချင်းပဲ ချန်ရှန်ဟာ ၀မ်ရိရှန်ရဲ့ ရှေ့ သို့ လျှပ်စီးလက်သလိုရောက်သွားချိန်မှာတော့ လူတိုင်းထပ်မံ အံ့အားသင့်လျက်ပါပဲ ။
ချန်ရိရှန် မှာတော့ အံ့သြမလို့ ရှိရုံမှာပဲ သူ၏ ၀မ်းဗိုက်နေရာမှ အလွန်နာကျင်သွားတာကို ခံစားလိုက်ရပြီး ချက်ချင်းပင်ခါးကုန်းသွားပါတော့တယ် ။ မိုးပြာရောင်ချီဓာတ်တွေကို မြင်တွေ့ လိုက်ရပြီး ၎င်းဟာသူ၏ အစာအိမ်ကို ထိုးဖောက်ဝင်ရောက်သွားသလိုပါပဲ ။
“အားးးးးးးးးးးးးးးးးးးး”
၀မ်ရိရှန် နာကျင်လှစွာ အော်ဟစ်လိုက်ပါတယ် ။ ဒီအချိန်မှာ ချန်ရှန်ဟာ သူ၏လက်ကို မြောက်လျက် မိုးပြာနဂါးလက်သည်းများအဖြစ် ပုံပြောင်းလိုက်ပါတော့တယ် ။ ဒီလက်သည်း များဟာ အလွန်ချွန်ထက်ကာ ကျောက်တုံးကြီးများကိုတောင် ဖောက်ဝင်နိုင်ပါတယ် ။ လူ့ခန္ဓာကိုယ်သာဆိုပါက ထိရုံနဲ့တင် ပေါက်ထွက်သွားနိုင်မှာပါ ။
ချီဓာတ်များဟာ သူက လက်မှာ ရစ်ပတ်လျက် ဖြူဖတ်ဖြူလျော် ဖြစ်နေသော ၀မ်ရိ၇ှန်ကို ကြည့်ကာ အေးစက်စက် ပြောလိုက်ပါတယ် ။
“ငါ့ရှေ့ က ထွက်သွားစမ်း ၊ ဒါက ငါနဲ့ လေမည်းဂိုဏ်းအကြားက ကိစ္စပဲ ။ မင်းဟာမင်း ငါတို့ ကြားထဲ ၀င်လာတာ ။ ခုမင်းကို အသက်ချမ်းသာပေးလိုက်မယ် ။ ငါတို့ရဲ့ ချန်မျိုးနွယ် စွမ်းအား ဘယ်လောက်ကြီးတယ်ဆိုတာ စောင့်ကြည့်နေ”
၀မ်ရိရှန်တစ်ယောက် ချန်ရှန်၏ စွမ်းအားကြောင့် ကြက်သေသေ လျက်ရှိနေပါတယ် ။ သူ့စိတ်ထဲ မခံချင်စိတ်များ များနေသော်လည်း လက်ရှိမှာတော့ ဘာမှ ပြန်မပြောနိုင် ဖြစ်နေ တာပါ ။ အဲဒိနောက်မှတော့ သူ့အား လူတချို့ အကူအညီဖြင့် လေမည်းဂိုဏ်း စံအိမ်တော် တွင်းမှ သယ်ထုတ်သွားပါတော့တယ် ။
ချန်ရှန် သူ၏ မျက်လုံးများဖြင့် လေမည်းဂိုဏ်းခေါင်းဆောင်ထံသို့ ကြည့်လိုက်ပါတယ် ။ မိုးပြာရောင် လျှပ်စီးများ မျက်လုံးတွင် လတ်လျက် အမဲလိုက်ခြင်းနဲ့ဆိုင်သော ချီဓာတ်များ ဟာလည်း ခန္ဓာကိုယ်တစ်ခုလုံးမှ ထွက်နေပါတယ် ။ အားလုံးကို မျက်လုံးနဲ့ ဝေ့ကြည့်လိုက် ပြီးနောက် လေမည်းဂိုဏ်းခေါင်းဆောင်ဆီ အကြည့်ရောက်တယ့် အခါမှာတော့ အကြည့်ရပ်ပြီး အေးစက်စွာ ပြောလိုက်တယ် ။
“မင်းလုပ်ခဲ့တာတွေအတွက် င့ါကို အဆိုးမဆိုနဲ့ ။ မင်းနဲ့ငါ့ကြားမှာ ဘာ ရန်ငြိုးမှ မရှိဘူး ။ နောက်ပြီး ငါ့အားကုန်စေမယ့် မလိုအပ်တဲ့ အပြုအမူတွေက်ိုလည်း ငါမလုပ်ချင်ဘူး”
အုပ်ချုပ်ရေးမှူး ဟွာ မှာ အဆင့် ၈ ပညာရှင်ဖြစ်ပြီး သူ၏ အစွမ်းဟာ ၀မ်ရိရှန်ထက် အများကြီး ပိုပါတယ် ။ ဒါပေမယ့်လည်း ချန်ရှန်၏ တိုက်ကွက်အစွမ်းတွေကို မြင်တဲ့အခါ နည်းနည်း တုန်လှုပ်မိသွားပါတယ် ။ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ချန်ရှန်ကို နိုင်ခဲ့ရင်တောင်မှ ဝေဖန်တိုက် ခိုက်မှုများ ခံရတာနဲ့တင် သေလောက်ပါတယ် ။
ဒါဟာ ဘယ်လိုဖြစ်ဖြစ် သူ့ အတွက်အကျိုးမရှိဘူးဆိုတာကို ကြိုမြင်မိတယ် ။ နောက်ပြီး မြို့ တော်၏ အုပ်ချုပ်ရေးမှူးအဖြစ် ဘယ်တော့မှ ပြန်ဖြစ်တော့မှာ မဟုတ်တော့ပါဘူး ။ လေမည်းဂိုဏ်းခေါင်းဆောင်ကလဲ ဆေးဆရာလေးတစ်ယောက်ကို အားအများကြီးသုံးပြီး ဆန့်ကျင်နေတာကို မြင်ရတယ့်အတွက် သူသာဝင်ပါ ပါက ပြသနာတွေပိုကြီးမှာ တွေးမိပါတယ် ။
အချိန်မဆွဲတော့ပဲ ဟွာဂေါင်ယန်လဲ သူ့သားကို ခေါ်ကာ ချက်ချင်း ထွက်သွားပါတော့တယ် ။ လေမည်းဂိုဏ်းခေါင်းဆောင်လည်း ဒီအခြေအနေကို ဘယ်လိုမှ မဟန်ု့တားနိုင်ပါဘူး ။ ဒီနေ့ပြီး ရင်တော့ လေမည်းဂိုဏ်းဆိုတာ ဘုရင့်မြို့ တော်မှာ ရှိနေဖို့ မသေချာဖြစ်နေပါတယ် ။
သူဟာ သူဖိတ်ခေါ်ထားတဲ့လူတိုင်း တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားတာကို မြင်နေရတယ် ။ သူဟာ အရမ်းဒေါသထွက်နေသော်လည်း ၎င်းတို့ကို ဒီမှာနေဖို့ မပြောဝံ့တော့ ပါဘူး ။
“ဒီကောင့်ကို စုတိုက်ကြ ၊ သူက လူသားတစ်ယောက်ပဲ ဖြစ်တာပါ”
လေမည်းခေါင်းဆောင်လည်း အော်လျက် သူကိုယ်တိုင်လည်း လှံရှည်တစ်လက်ကို ဆွဲကိုင် ကာ ချန်ရှန်ဆီသို့ ပြေးလာပါတော့တယ် ။ ဒေါသထွက်နေတယ့် နဂါးကြီးလို ချန်ရှန်ဟာ ဟိန်းဟောက်လျက် ပြင်းထန်လှတယ့် ချီဓာတ်များဟာ ချန်ရှန်ဆီမှ ထွက်လာပါတယ် ။ ဒီလိုချီဓာတ်တွေဟာ သွားရာတစ်လျှောက်ဖျက်ဆီးသွားကြပြီး ဖုန်မှုန့်များအဖြစ် ဖြစ်သွားစေ ပါတော့တယ် ။ ဥယျာဉ်ထဲမှာရှိတယ့် ပန်းတွေနဲ့ သစ်ပင်များဟာလည်း ထောင်ပေါင်းများစွာ သော ဓားများဖြင့် ဖြတ်လိုက်သလို ပျက်သီးသွားကာ ဥယျာဉ်ထဲရှိ လူအားလုံးဟာ ခြေဦး တည့်ရာ ထွက်ပြေးပါတော့တယ် ။ ကိုယ်များမှလည်း သွေးများပန်းထွက်ကာ အနာများဖြင့် ပြည့်ကုန်ပါပြီ ။ ငရဲခန်းရောက်နေသလိုပါပဲ အားလုံးဟာ အော်ဟစ်ပြေးလွှားကြပြီးနောက် မြေကြီးပေါ် လဲကျသွားပါတော့တယ် ။
ဒီလိုချန်ရှန်၏ တိုက်ခိုက်မှုဟာ များစွာသော ချီဓာတ်များကို အသံထက်လျင်မြန်သော နှုန်းဖြင့် တိ်ုက်ခတ်ပစ်တာ ဖြစ်ပါတယ် ။ စွမ်းအင် ကုန်ဆုံးမှုဟာ များပြားလှသော်လည်း အားလုံးသော ရန်သူတွေကို သေစေနိုင်တာက အလွန်အံ့သြဖွယ်ပါပဲ ။
ယခုတော့ လေမည်းဂိုဏ်းခေါင်းဆောင်တစ်ဦးတည်းသာ ထီးထီးကြီး ကျန်ခဲ့ပါပြီ ။ ထောင်ပေါင်းများစွာသော သူ၏ ဂိုဏ်းသားများမှာ မြေကြီးပေါ်တွင် အလဲလဲအပြိုပြို ဖြစ်လျက် သေဆုံးနေကြပါပြီ ။ ဒီလို ၁၆ နှစ်အရွယ်လူငယ်လေးဟာ ဒီလို စွမ်းအားကြီးပြီး ကြောက်မက်ဖွယ် ချီဓာတ်တွေကို ထုတ်လွှတ်နိုင်တာ မယုံနိုင်စရာပါပဲ ။
ခေါင်းဆောင်၏ စိတ်ထဲတွင် ကြောက်ရွံ့ မှုများ ပြည့်လိုနေပါပြီ ။ သူရန်စတဲ့လူဟာ ဘယ်လိုလူဖြစ်တယ်ဆိုတာ သူ ယခုတော့ ကောင်းကောင်းသိပါပြီ ။
“ဟားး ဟားး ဟားး”
ဂိုဏ်းခေါင်းဆောင် အရူးတယောက်လို ထရယ်ပါတယ် ။
“ဘာရယ်စရာပါလို့လဲ”
ချန်ရှန်လည်း သူ့ထံသို့ တလှမ်းခြင်း လျှောက်သွားကာ မေးလိုက်ပါတယ် ။
“ဘာလို့ ရယ်လဲဆိုတော့ ယောင်မျိုးနွယ်က မင်းတို့ ချန်မျိုးနွယ်ကို ခွင့်လွှတ်မှာ မဟုတ်ဘူး ၊ မင်းတို့ချန်မျိုးနွယ် တစ်ခုလုံးပျက်ဆီးမှာမို့လို့ပဲ”
ကောက်ကျစ်သော အပြုံးနဲ့ အတူ ၎င်းက ပြန်ပြောပါတယ် ။ခဏအတွင်းမှာပဲ ချန်ရှန် ခေါင်းဆောင်ရှေ့ ရောက်သွားကာ သူ၏ပြင်းထန်လှသာ လက်သီးဖြင့် ထိုးချလိုက်ပါတယ် ။ ထိုလူလည်း အရုပ်အစုတ်တစ်ခုလို ခပ်လှမ်းလှမ်းရှိ အိမ်တစ်အိမ်ပေါ်သို့ လွင့်ထွက်သွားပါ တော့တယ် ။
ချန်ရှန်ဟာ လျင်မြန်စွာပဲ သူ့ဆီသွားကာ အိမ်ထဲသို့ဝင်ပြီးနောက် ခေါင်းဆောင်၏ ခေါင်းကို ကိုင်ပြီးနော် စိတ်ထဲမှ ပြောလိုက်ပါတယ် ။
“လွှမ်းမိုးစေတယ့်နတ်မိစ္ဆာစွမ်းအား !!”
ဒီဂိုဏ်းခေါင်းဆောင်ဟာ အဆင့် ၇ ရှိသူဖြစ်ပြီး သူ၏ ချီဓာတ်ဟာလည်း မဆိုးလှပါဘူး ။ ဒါပေမယ့် သူရင်ဆိုင်နေရတာက ချန်ရှန်ဖြစ်ပါတယ် ။ ဒီလိုလူရှေ့ မှာ တော့ အကူအညီမဲ့ လျက် အရှုံးပေးရပါပြီ ။
ချန်ရှန်ဟာ နတ်မိစ္ဆာ စွမ်းအားကို ပထမဆုံးအကြိမ်သုံးခြင်းပါ ။ သူဟာ များစွာသော ချီဓာတ် များ သူ၏လက်ကို ၀င်လာတာကိုခံစားမိလိုက်ပြီး နေရတာ မသက်မသာ ဖြစ်လာသလို ခံစားရပါတယ် ။ ဒါပေမယ့် ၎င်းဟာ မခံမရပ်နိုင်လောက်အောင်တော့ မဟုတ်ပါဘူး ။
ခေါင်းဆောင်လည်း အော်ဟစ်လျက် သူ၏ နှလုံးသားလည်း မခံရပ်နိုင်အောင် တုန်လှုပ် နေပါတော့တယ် ။ သူဟာ ချန်ရှန်မှ သူ ကိုယ်တွင်းရှိ ချီဓာတ်များအား ထုတ်ယူပြီး စုပ်ယူသွား မယ်ဆိုတာ အိပ်မက်ပင် မမက်ခဲ့ဖူးပါဘူး ။ ဒီစွမ်းရည်ဟာ တော်တော်ပဲ ကြောက်စရာ ကောင်းလှပါတယ် ။
ချန်ရှန်ဟာ သူ၏ကိုယ်အား ထာဝရမိစ္ဆာရေကန်ထဲတွင် သန့်စင်ပြီးဖြစ်ကာ သူ၏ အရိုးများ ၊ ကြွက်သားများ နှင့် တစ်ကိုယ်လုံးဟာ နှိုင်းမရအောင် တောင့်တင်း သန်မာလျက်ရှိနေပါတယ် ။ ဒါကြောင့် ဒီလို ချီဓာတ်များ စိမ့်ဝင်နေမှုအား ခုခံနိုင်သည့် စွမ်းရည် လုံလောက်စွာ ရှိနေတာပါ ။ ဒါဟာ သူ၏ ခန္ဓာကိုယ် ပေါက်ကွဲထွက်ခြင်းမှ ကာကွယ် ပေးပါတယ် ။
ဒီအချက်ကပဲ ဘိုင်ယုယုမှ ချန်ရှန်အား ဒီနတ်မိစ္ဆာကျင့်စဉ်ကို သင်ပေးဝံ့တာပါ ။ အဘယ် ကြောင့်ဆိုသော် ဒီနည်းတွေဟာ အရမ်းကို သန်မာ တောင့်တင်းတဲ့ ခန္ဓာကိုယ်လိုအပ်လို့ပါပဲ။
အချိန်ခဏလေးမှာပဲ လေမည်းဂိုဏ်းခေါင်းဆောင် လေ့ကျင့်ထားတဲ့ စစ်မှန်သော ချီဓာတ် များကို ချန်ရှန်ဟာ ပိတ်ပင်လိုက်ပါတော့တယ် ။ ဒီလိုကြောင့်ပဲ ထိုလူဟာ ခဏအကြာ သေသွားပါပြီ ။ ချန်ရှန်လည်းတော်တေ်ာ အခက်တွေ့ ပါတယ် ။ ဒီလိုချီဓာတ်တွေကို ထိန်းချုပ် ရတာတော်တော် အန္တရာယ် များလှတာပါ ။
ဒီအချိန်မှာ ချန်ရှန် လေမည်းဂိုဏ်းအကြောင်းကို ဦးနှောက်ထဲမှ ထုတ်လိုက်ပါတော့တယ် ။ ဒါပေမယ့် ထွက်မသွားခင်မှာတော့ ခေါင်းဆောင်၏ အလောင်းကို မီးရှို့ ဖျက်ဆီး ခဲ့ပါတယ် ။ ဒီအချိန် ယောင်မျိုးနွယ်က တစ်ယောက်ယောက်လာပါက သူတော်တော် ဒုက္ခရောက်မှာပါ ၊ဒါကြောင့် အလျင်မြန်ပဲ ချီဓာတ်တွေကို သန့်စင်ရပါတော့တယ် ။
ယခုသူ၏အဆင့်ဟာ အဆင့် ၈ ပညာရှင်ကိုတောင် ကောင်းစွာ ယှဉ်နိုင်နေပါပြီ ။ ဒီလို စွမ်းအားအဆင့်ဟာ တော်တော်ကို ကြောက်စရာပါပဲ ။ သိကြတယ့်အတိုင်းပါပဲ တောင်ပိုင်း အင်ပါယာမှာ အဆင့် ၈ ဆိုတာ တော်တော်ကို ရှားတာပါ ။
ဆေးဘုရင်ခန်းမနောက်ဖက်ကို ရောက်တဲ့အခါ ချန်ရှန် အလျင်အမြန်ပဲ သူ၏ အခန်းထဲ ၀င်သွားပါတော့တယ် ။ ချန်လုဇောင်ဟာ ချန်ရှန်ရဲ့ အလောတကြီးပုံကို မြင်သော်လည်း ဘာမျှ မမေးဝံ့ပါဘူး ။ တကယ်လို့ မန်ဘိုသာ ဆေးလုပ်တဲ့နေရာမှာ ရှိမနေဘူးဆိုရင် ဆိုင်ဟာ သူတို့ ၂ယောက်စွမ်းအားဖြင့် ခုလောက်ပျက်ဆီးမှာမဟုတ်ပါဘူး ။
“လေမည်းဂိုဏ်း ပြိုကွဲသွားပြီးဟေ့”
ဒီသတင်းဟာ တစ်မြို့ လုံးသို့ ပျံ့ သွားပါတော့တယ် ။ မနက်ပိုင်းမှာပဲ ဆေးဘုရင်ခန်းမကို မွှေ နှောက်ဖျက်ဆီးခြင်း ခံရပြီး နေ့လည်လည်းရောက်ရော ဂိုဏ်းတစ်ခုလုံး ပြိုကွဲသွားတယ် ။ ဒါကို ချန်ရှန် တစ်ဦးထဲမှ စွမ်းဆောင်ခဲ့တာဖြစ်ပြီး မြို့ တွင်းနေထိုင်သူများဟာ ချန်ရှန်၏ စွမ်းအားကို တော်တော် အံ့အားသင့်နေကြပါတယ် ။ ချန်ရှန် ဘယ်လောက်တောင် စွမ်းအား ကြီးတယ်ဆိုတာကို သဘောပေါက်သွားကြပါတော့တယ် ။
လူများစွာ သေကြေပျက်စီးခဲ့သော်လည်း မည်သူမျှ ဒီကိစ္စအတွက် လာရောက်စုံစမ်းခြင်း မရှိကြပါဘူး ။ သက်ဆိုင်ရာအစိုးရများ ရှိသော်လည်း သူတို့ဟာ ဒီလို သိုင်းပညာရှင်များ ဘယ်လောက်စွမ်းအားကြီးတယ်ဆိုတာ သိကြတယ့်အတွက် အရေးမယူနိုင် ဖြစ်နေပါ တော့တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset