Switch Mode

Chapter – 46

ရန်သူအသစ်နဲ့ အကြွေးဟောင်း

Chapter – 46 ရန်သူအသစ်နဲ့အကြွေးဟောင်း

ချန်ရှန် ဟာ အဆင့် ၇ ကို ၀င်ရောက်ခဲ့ပြီး ဖြစ်ကာ သူ၏ စွမ်းရည်သစ်များကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေပါတယ် ။ ဒီလိုမှသာ သူဟာ နောင်မှာ “လွှမ်းမိုးစေတယ့် နတ်မိစ္ဆာ စွမ်းရည်” ကို လွယ်လွယ်ကူကူ ရရှိစေနိုင်မှာပါ ။
နောက်တစ်နေ့ နေ့လည်မှာတော့ ချန်ရှန် တောအုပ်ထဲမှ မြို့ ထဲသို့ ပြန်လာခဲ့တယ် ။ သူဟာ ဆေးဘုရင်ခန်းမ ဖွင့်တာ ဘယ်လိုနေလဲဆိုတာကို သိချင်နေပါပြီ ။ ချန်ရှန် လမ်းလျှောက်လာ ရင်း ခပ်လှမ်းလှမ်းမှာတော့ သူ၏ ဆိုင်ကို မြင်နေရပါပြီ ။ သူဟာ ဆိုင်မှာ ဒီလောက် အလုပ်ရှုပ်နေမယ်လို့ မထင်မိပါဘူး ။ စိတ်လှုပ်ရှားလျက် မြန်မြန် လျှောက်လာပါတော့တယ်။
၀င်ပေါက်ကို ရောက်တယ့်အခါမှာ ဆိုင်တစ်ခုလုံး ရှုပ်ပွလျက်ရှိတာကို မြင်လိုက်ရတယ် ။ ချန်လုဇောင်ဟာလည်း ဒေါသတကြီးဖြင့် တခြားလူများကို ရှင်းလင်းခိုင်းနေပါတယ် ။ ဆေးဆိုင်ကတော့ တိ်ုက်ခိ်ုက်ခံလိုက်ရပြီဆိုတာ ချန်ရှန် အသေအချာ သိလိုက်ပါပြီ ။
“အဖိုးလေး ၊ ကျွန်တော်ပြန်လာပြီ”
ချန်ရှန် အလျင်မြန်ပဲ ဆိုင်ထဲဝင်ခဲ့ပါတယ် ။ ချန်လုဇောင်၏ ဖြူလျော်လျော် မျက်နာကို မြင်တဲ့ အခါ မျက်မှောင်ကြုတ်လျက် မေးလိုက်ပါတယ် ။
“အဖိုးလေး ၊ ဘယ်သူလုပ်တာလဲ”
ချန်ရှန်ဟာ တော်တော် ပေါက်ကွဲနေပါပြီ ။ ချန်လုဇောင် ပါးစပ်က နာမည်တစ်ခု ကြားတာနဲ့ ချက်ချင်းသွားပြီး ကလဲ့စားချေမယ်လို့ ဆုံးဖြတ်လိုက်ပါတယ် ။ သူတို့လုပ်ခဲ့တာအတွက် ကြီးမားတဲ့ပေးဆပ်မှု ပြန်လည် ပေးဆပ်ရမှာပါ ။
“ငါချန်ဖုယွန်ကြောင့် ဒဏ်ရာရခဲ့တယ် ။ နောက်ပြီး လေမည်းဂိုဏ်းသားတွေကလည်း ဆိုင်ကို ဖျက်ဆီးကြတယ် ။ ဒါတင်မက အလုပ်သမားတွေကိုလည်း ဒဏ်ရာရစေသေးတယ် ။ ကံကောင်းလို့ မန်ဘိုနဲ့ ဆေးဆရာတွေကတော့ ဆေးတွေလုပ်နေတယ့်အတွက် လွတ်သွား တယ်”
ပြောပြီးနောက် ချန်လုဇောင်ဟာ ချန်ရှန်အား ဆုပ်ကိုင်ပြီး မေးပါတယ် ။
“ဘယ်လိုလုပ်မယ် စဉ်းစားထားလဲ”
ချန်ရှန်ဟာ လေမည်းဂိုဏ်းသားတွေလက်ချက်မှန်း သိတယ့်အခါ ဒေါသတော်တော်ထွက် သွားပါတယ် ။ ဒီမတိုင်ခင် သူ့ကိုသတ်ဖို့ လူသတ်သမားတွေစေလွှတ်ပြီး သူ့အပေါ်ကြွေးဟောင်း တစ်ခု တင်စေရုံမက ခုတော့ ဆိုင်ကိုပါ ဖျက်ဆီးလေတယ် ။ ချန်ရှန် အေးစက်စွာပဲ ပြန်ပြောလိုက်ပါတယ် ။
“အဖိုးလေး ၊ သွားခွင့်ပြုပါဦး ၊ ကျွန်တော် ဒီလူတွေအကုန်လုံးနဲ့ စာရင်းရှင်းရမယ် ။ ကြွေးဟောင်းဆပ်ပြီး ကြွေးသစ်အတွက်ပါ ပေးဆပ်စေရမယ် ။ အဖိုးလေးက အဖေ့ဆီ သွား ပြီး ယောင်မျိုးနွယ်နဲ့ ရင်ဆိုင်ဖို့ ပြင်ဆင်ရန် လိုအပ်တယ်ဆိုတာ သတင်းပေးလိုက်ပါ ။ ကျွန်တော်တို့ ချန်မျိုးနွယ် ဒီမြို့ မှာ အခြေကျချင်ရင် ယောင်မျိုးနွယ် နဲ့ တခြာအင်အားစုအား လုံးကို ဥပမာပေးနိုင်အောင် လုပ်ရမယ်”
“မင်းတစ်ယောက်ထဲ သွားမလို့လား ၊ မလုပ်နဲ့ ငါပါလိုက်မယ်”
ချန်လုဇောင် ပြောပါတယ် ။
“ရတယ် မလိုဘူး ။အဖိုးလေးက မန်ဘိုကို ဆိုင်မကြာခင် ဆက်ဖွင့်မယ်ဆိုတယ့်အကြောင်း အမြန်သွားပြော ၊ ဒီချိန် တစ်ယောက်ယောက်က လာဖျက်ဆီးလဲ လုပ်တယ့်လူ ကို သနုားမှာ မဟုတ်ပေဘူုး”
ချန်ရှန် လည်း ထွက်လာပါတယ် ။ မန်ဘိုနဲ့ ချန်လုဇောင်ရဲ့ တစ်ဦးချင်းစွမ်းရည်များဟာ ချန်ဖုယွန်ကို မယှဉ်နိုင်သော်လည်း သူတို့ ၂ ယောက်ပေါင်းရင်တော့ ချန်ဖုယွန် အတွက် ရေကုန်ရေခမ်း ဖြစ်နိုင်စေမှာပါ ။
လမ်းတစ်လျှောက် ချန်ရှန်ဟာ သူ၏ ဆိုင်အကြောင်းများစွာ ကြားရပါတယ် ။ လူတော်တော် များများဟာလည်း စိတ်ပျက်နေကြတယ် ။ ဆေးဘုရင်ခန်းမ၏ ဈေးနှုန်းများဟာ ယောင်မျိုးနွယ် ဆိုင်များထက် များစွာသက်သာပြီး ဆေးသာစရောင်းပါက ယောင်မျိုးနွယ် အတွက် အနုတ်လက္ခဏာ ပြသွားမှာပါ ။ ဒါကြောင့်ပဲ ယောင်မျိုးနွယ်ဟာ ဒီဆိုင်ကို ပိတ်သွား အောင် တိုက်ခိုက်ခြင်းပဲ ဖြစ်ပါတယ် ။
ဒါဟာ လူကြီးလူကောင်းမဆန်ပဲ ယုတ်မာလှသော အကြံဖြစ်သော်လည်း မည်သူမျှ စောဒက မတက်ရဲပေ ။ ဘုရင့်မြို့ မှာ ယောင်မျိုးနွယ်ဟာ အာဏာကြီးလှတယ့် မျိုးနွယ်ဖြစ်ပြီး ဘယ်သူမှ သုတို့နဲ့ ရန်သူဖြစ်မှာကို မလိုလားလို့ပါပဲ ။
“ယောင်မျိုးနွယ် ၊ မင်းတို့ကို ငါဘယ်လို ဖျက်ဆီးပြမလဲဆိုတာ စောင့်နေကြ”
ချန်ရှန် ရဲ့ ဒေါသတွေ တော်တော်ကို ပေါက်ကွဲထွက်နေပါပြီ ။ လေမည်းဂိုဏ်းရဲ့ အိမ်တော် ၀င်ပေါက်မှာတော့ များစွာသောအစောင့်တွေဟာ ရှိနေကြပါတယ် ။ သူတို့ဟာ ချန်ရှန် သူတို့ဆီ ဦးတည်လာနေတာကို မြင်တယ့်အခါ သူတို့၏ လက်နက်များကို လျင်မြန်စွာ ဆွဲထုတ်လိုက်ကြပါတယ် ။
“မင်းတို့အားလုံး မသေချင်ရင် ၊ ခုတခါထဲ ထွက်သွားကြ”
ချန်ရှန်ဟာ ခံစားချက်မဲ့နေပုံမျိုးနဲ့ အပေါက်ဝမှာ မတ်တပ်ရပ်နေပါတယ် ။ လက်သီးကို ပွတ်လျက် ရုတ်တရက်ပဲ မိုးပြာရောင် အငွေ့ တွေ ကာလိုက်ပါတော့တယ် ။ ဒီအငွေ့တွေကြား မှာ လျှပ်စီးကြောင်းများလတ်လျက် အသံများပင် မြည်နေပါတယ် ။ တကယ်ကို ကြောက်စ ရာကောင်းလှပါတယ် ။
လူတိုင်းဟာ မသေချင်ကြပဲ ချန်ရှန်၏ လက်သီးမှ ထွက်ပေါ်နေတယ့် ချီဓာတ်တွေကို ကြည့်ပြီး အကြောက်လွန်နေကြပါတယ် ။ သူတို့ကိုယ်သူတို့ ချန်ရှန် ရှေ့ မှာ ပုရွတ်ဆိတ် တစ်ကောင်လို ရှိနေတယ့် အဖြစ်ကို သိသွားကြတယ့်အတွက် ချက်ချင်းပင် ထွက်ပြေးကြတော့တယ် ။
ဂိတ်ဟာ တင်းကျပ်စွာ ပိတ်ထားတာပါ ။လျှပ်စီးများလက်နေသော မျက်လုံးများဖြင့် ဂိတ်ရှေ့ မှာ ရပ်နေပါတယ် ။ ချန်ရှန်လည်း မိုးပြာရောင် လျှပ်စီး ချီဓာတ်များကို ထုတ်ကာ လက်သီးများဖြင့် တံခါးအား ထိုးချလိုက်ပါတော့တယ် ။ ၎င်းဟာ နဂါးကြီး ၂ ကောင် ဟာ ဂိတ်ကို ၀င်တိုးသွားသလိုပါပဲ ။
“ဘုန်းးးးး . … . ဘုန်းးးးး …. .. .. ဘုန်းးးးး”
ထူထဲလှတယ့် တံခါးကြီးဟာ အမှုန်များအဖြစ် ပြောင်းလဲသွားပါတော့တယ် ။ အငွေ့ များ ကြားမှ အစောင့်များဟာလည်း ကြောင်အလျက်ပါ ။ သူတို့သာ တံခါးနေရာရှိနေပါက ဖုန်မှုန့် အဖြစ် ပြောင်းလဲသွားမယ်ဆိုတာ သဘောပေါက်နေကြပါတယ် ။
“ဒါ . . . ဒါ အဆင့် ၇ သိုင်းပညာပဲ ၊ ဒါဟာ ချီအငွေ့ တွေဆိုတာ ငါသေချာပေါက်ပြောရဲတယ်”
အစောင့်တစ်ယောက်ဟာ ချန်ရှန် အိမ်ထဲဝင်လာတာကို ကြည့်ရင်း ထအော်ပါတယ် ။ ချန်ရှန်ဟာ အဆင့် ၆ ဆိုပြီး ကောလဟာလတွေ အရ သိနေကြတာပါ ။ ယခုတော့ အဆင့် ၇ ဆိုတာ ရှင်းရှင်းလင်းလင်း သိသွားကြပါပြီ ။ အစောင့်အားလုံးဟာ သက်ပြင်းကိုယ်စီ ချမိကြ ပါတယ် ။ ချန်ရှန်ကို တားဖို့ ကြိုးစားပါက သေခြင်းတရားသာ ရရှိမယ်ဆိုတာ အသေအချာ သိသွားကြပါတော့တယ် ။
အိမ်တော်ကြီးသို့ ၀င်ရောက်ပြီးတယ့်အခါ ချန်ရှန်ရဲ့ ခန္ဓာကိုယ် တစ်ခုလုံးဟာ မိစ္ဆာ ချီဓာတ်များ ကာရံလျက်ရှိပါတယ် ။ သူဟာ အမဲလိုက်ခြင်း နှလုံးသား တိုက်ကွက်ကို လုပ်တယ့်အတွက် သတ်ဖြတ်ချင်စိတ်တွေဟာ တားမရတော့ပါဘူး ။ ဒီလို ချီဓာတ်တွေထွက်လာတယ့် အတွက် လူအားလုံးဟာ ဒူးထောက်ရပါပြီ ။ ဘယ်လိုမှ မတားဆီးနိုင်တော့ပါဘူး ။
“ဒီကိုလာပြီး လေမည်းဂိုဏ်းကို ပြသနာရှာတာ ဘယ်သူလဲ”
ချန်ရှန် အသံကြားတယ့်အခါ ခြေလှမ်းများ ရပ်သွားပါတယ် ။
“ဆေးဘုရင်ခန်းမ က ချန်ရှန်ပဲ ၊ ယောင်မျိုးနွယ်ရဲ့ သစ္စာခံတွေ ဒီနေ့ လေမည်းဂိုဏ်းဆိုတာ ဘုရင့်မြို့ တော်က ပျော်သွားအောင် ငါလုပ်မယ်”
ချန်ရှန်ဟာ ခိုင်မာပြတ်သားသော အသံဖြင့် အော်ပြောလိုက်ပါတယ် ။ ချန်ရှန်ဟာ ရှေ့မှ ဓားသွားရောင် တစ်ခု လတ်သွားတာကို မြင်လိုက်ပါတယ် ။လူတစ်ယောက် ဓားရှည်ဖြင့် သူ့ ခေါင်းကို တိတ်တိတ်လေး ချိန်နေတာကို မြင်လိုက်ရပါတယ် ။
“ဟက်”
ချန်ရှန် အထင်သေးဟန် လှောင်လိုက်တယ် ။ လက်လေးအနည်းငယ်လှုပ်ရမ်းပြီးနောက် မိုးပြာရောင် လျှပ်စီးချီငွေ့ များ ထွက်လာပြီး လျင်မြန်လှသော အရှိန်ဖြင့် အငွေ့များ ထိုလူဆီသို့ ထွက်သွားပါတော့တယ် ။ ပေါက်ကွဲသံတစ်ခုကြားလိုက်ရပြီး ထိုလူဟာ ငိုချိန် တောင်မရလိုက်ပဲ ခန္ဓာကိုယ်တစ်ခုလုံးဟာ သွေးမှုန်များအဖြစ်သာ ပေါက်ကွဲထွက်သွား ပါတော့တယ် ။
လျှပ်စီးအငွေ့ စွမ်းအားဟာ တော်တော် ကြောက်စရာကောင်းလှပါတယ် ။ များစွာသော ဂိုဏ်းသားများဟာ သွေးမှုန်များ လေထဲပြန့်ကုန်တာကို မြင်ပြီးနောက် သူတို့ဓားတွေတောင် မလှုပ်နိုင်ကြတော့ပါဘူး ။ သူတို့အတွက် ဒီလို ကြောက်စရာတိုက်ခိုက်မှုမျိုးကို ပထမဆုံး မြင် ဖူးခြင်းပါ ။ လှုပ်ရှားမှုလေးတစ်ချက်ဖြင့် လေမည်းဂိုဏ်းက ပညာရှင်တစ်ယောက်ကို သေ သွားစေရုံမက အစနပင် မကျန်ခဲ့ပါပေ ။
ချန်ရှန်ဟာ အဆင့် ၇ မှာ ရှိနေတာဖြစ်ပြီး သူ၏ အစွမ်းများဟာ သာမန်နဲ့မတူပါ ။ နတ်အတွင်းအားများကို အသုံးပြုခဲ့တာကိုတော့ ပြောပြနေစရာပင်မလိုတော့ချေ ။ ဒါတင်မကသေး သူ့တွင် ချီဒြပ်စင် ၅ ခုလည်း ရှိနေသေးပါတယ် ။
“မင်းက င့ါထောင်ချောက်ထဲ ၀င်လာတာပဲ ချန်ရှန် ၊ ဒီနေ့ မင်းကို ငါဒီကနေ ထွက်သွားခွင့် ပြု မှာမဟုတ်ဘူး ။ မင်းက ငါ့သားကို သတ်ခဲ့တယ် ။ ဒီအတွက် မင်းရဲ့ ခေါင်းကို သူ့အတွက် လက်ဆောင်အဖြစ် ပြန်လည် ပေးဆပ်စေရမယ်”
အသံသြဇာပြည့်ဝလှသော အသံတစ်ခု ထွက်ပေါ်လာပါတယ် ။
ချန်ရှန်ဟာ ဥယျာဉ်ကျယ်ကြီးတစ်ခုထဲမှာ ရပ်နေတာဖြစ်ပါတယ် ။ ပတ်လည်မှာ အမည်းရောင် ၀တ်ရုံဝတ် လူများ ၀န်းရံလျက်ပါပဲ ။ ဒီအချိန်မှာပဲ ဂိုဏ်းခေါင်းဆောင်ဟာ ထွက်လာပါတယ် ။ သူ့ဘေးတဖက်တချက်မှာတော့ လူတချို့ ဟာ ခန့်ညားစွာ ရပ်နေကြ ပါတယ် ။
ချန်ရှန် အနည်းငယ် အံ့အားသင့်သွားပါတယ် ။ ဘေးကလူများထဲ အုပ်ချုပ်ရေးမှူး ဟွာဂေါင်ယန် နဲ့ သူ၏ သားတို့ကို တွေ့နေလို့ပါပဲ ။ ချန်ရှန် လှောင်လိုက်ပါတယ် ။
“မင်းသားက ငါ့ကို သတ်ဖို့ ကြိုးစားတယ်လေ ၊ ဒါပေမယ့် ငါမရည်ရွယ်ပါဘူး ။ သူက လူ ၃၀၀ တောင် ခေါ်လာသေးတာ ။ သူတို့အားလုံးကို ပိုင်မုန့်တွေလို အပိုင်းပိုင်းဖြစ်အောင် လုပ်လိုက် တာပဲ ။ သူတို့သေခြင်းကို သူတို့ကိုယ်တိုင်တောင် ဘယ်လိုလဲဆိုတာ သိမသွားကြဘူး”
“ကောလဟာလတွေနဲ့ ပြည့်နေတယ့် ချန်အိမ်တော်က ချန်ရှန် ၊ မင်းမျိုးနွယ်ရဲ့ အခြေအနေ ကိုမင်းမသိသေးဘူးလား ။ မင်းအဖေကလည်း ဒဏ်ရာရနေပြီး မင်းတို့ဆိုင်လည်း ပျက်ဆီး သွားပြီ ။ဒါတောင် ခုဒီကိုလာပြီး ရင်ဆိုင်ရဲသေးတယ် ။ မင်းတကယ်ပဲ သေချင်နေတာလား”
သတ်လတ်ပိုင်းအရွယ် ရွှေရောင်အ၀တ်အစားဝတ်ထားသူ တစ်ယောက်က လှောင်ပြီး ပြောပါတယ် ။
ချန်ရှန်ကိုယ်လှုပ်ခါသွားပြီး လျှပ်စီးငွေ့ များ ထွက်လျက် မျက်လုံးများမှလည်း မုန်းတီးစိတ် များ အပြည့်ဖြင့် ထိုသက်လတ်ပိ်ုင်းအရွယ် လူအား ကြည့်ကာ ပြောလိုက်ပါတယ် ။
“ငါ့အဖေ ဒဏ်ရာရနေတယ်လို့ မင်းကို ဘယ်သူပြောလဲ”
“အဲတော့ ဘာဖြစ်လို့လဲ ။ ဒီက မင်းဆရာနာမည်လဲ မှတ်ထားလိုက်ဦး ၊ ၀မ်ရိရှန် တဲ့ ၀မ်မျိုးနွယ်စု ခေါင်းဆောင်ပဲ”
ထိုလူက ၀င့်ကြွားဟန်ဖြင့် ပြန်ပြောပါတယ် ။
၀မ်မျိုးနွယ်ဟာ ဘုရင့်မြို့ တော်မှ သိုင်းပညာရှင်မျိုးနွယ် တစ်ခုဖြစ်ပြီး ချန်ရှန်ဟာ ၎င်းတို့ကို စိတ်မ၀င်စားခဲ့ပါဘူး ။ ဒီမျိုးနွယ်ဟာလည်း မြို့ ရဲ့ အစွန်အပြင်ဘက်မှာ နေနေတာဖြစ်ပြီး သိပ်လည်း မတွေ့ မိပါ ။ ဒါကြောင့် သူတို့နဲ့ ပတ်သတ်ဆက်စပ်ခြင်းဆိုတာ မရှိခဲ့ပါဘူး ။
“ဟဟ ယောင်မျိုးနွယ် ဘောမ နေတယ့် ခွေးမျိုးနွယ်ပဲ ဖြစ်မယ် ။ မင်းတို့ကို ငါက စာရင်းထဲ တောင် မထည့်ဘူး”
ချန်ရှန် လှောင်လိုက်ပါတယ် ။ ဒီလို မျိုးနွယ်သေးသေးလေးများဟာ ယောင်မျိုးနွယ်ကို ကပ်ဖားရပ်ဖားလုပ်ခြင်းက ချန်ရှန်အဖို့ မအံ့သြတော့ပါ ။
“မိမစစ်ဖမစစ်ကောင်လေး ၊ ၀မ်မျိုးနွယ်ကို မခန့်လေးစားလုပ်ရဲတယ် ။ ငါမင်းကို လုံးဝ ခွင့်မလွှတ်နိုင်ဘူး”
၀မ်ရိရှန် ဒေါသအမျက်ချောင်းချောင်း ထွက်နေပါပြီ ။ ချန်ရှန် ပြောပုံဟာ ရင့်သီးလှသော် လည်း အားလုံးဟာ အမှန်တွေချည်း ဖြစ်ပါတော့တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset