Switch Mode

Chapter – 45

မကြာခင်ဖွင့်ပါမည်

Chapter – 45 မကြာခင်ဖွင့်ပါမည်

သိုင်းပြိုင်ပွဲ ကျင်းပရန် ၂ ရက်သာ လိုပါတော့တယ် ။ ဒါပေမယ့်လည်း ခုချိန်ထိ ယောင်မျိုးနွယ် ပါရမီရှင် ယောင်တျန်းဟွာနဲ့ပတ်သတ်ပြီး ဘာသဲလွန်စမှ မရသောကြောင့် ယောင်မျိုးနွယ် တို့ ပြာယာခတ်နေကြပါပြီ ။ ယောင်တျန်းဟွာဟာ ယောင်မျိုးနွယ်အတွက် မျိုးစေ့ကောင်း တစ်ခု ဖြစ်ပြီး အထင်ကြီးစရာစွမ်းရည်တွေ ပိုင်ဆိုင်သောသူပါ ။ယခုတော့ ယောင်တျန်းဟွာ တစ်ယောက် သေသလား ရှင်သလားတောင်မသိနိုင်သေးပဲ လမ်းစ ပျောက်လို့ နေကြပါပြီ ။
ချန်ရှန်လည်း လေမည်းဂိုဏ်းစံအိမ်ကြီးမှ ပြန်လာခဲ့ပါတယ် ။ သူဟာ ဆိုင်မှာ သူ့အဖေကို မတွေ့ ရသောကြောင့် ချန်လုဇောင်ကို မေးလိုက်ပါတယ် ။
“အဖိုးလေး ၊ ကျွန်တော့အဖေကော”
“မင်းအဖေက အခု အဆင်ပြေနေပါပြီ ၊ သူ့ကို သိပ်မစိုးရိမ်နဲ့တော့ ၊ သူခု ချန်မျိုးနွယ်ဆီ ပြန် သွားပြီ ၊ သူက ချန်ဖုယွန်ကို ဆန့်ကျင်ဖို့ မျိုးနွယ်တစ်ခုချင်းဆီကို စုဝေးဖို့ ပြင်ဆင်နေတယ်”
ချန်လုဇောင်က ရယ်မောလျက် ပြန်ပြောပါတယ် ။
“မင်းအဖေက လွယ်လွယ် လက်မြှောက်မယ့်လူမဟုတ်ဘူး ၊ ချန်ဖုယွန်က ချန်မျိုးနွယ်ရဲ့ စည်းကမ်းတွေနဲ့ အမိန့်တွေကို ဖီဆန်ခဲ့တယ် ။ ချန်မျိုးနွယ်စု ခေါင်းဆောင်ကို နာကျင် ထိအောင်အောင် လုပ်ရုံမက ချန်မျိုးနွယ်အရေးကိစ္စတွေကိုလည်း ၀င်ရောက်နှောင့်ယှက်ခဲ့ တယ် ။ ဒါတင်မကသေးဘူး ချန်မျိုးနွယ်ရဲ့ အဓိက ရန်သူတော်တွေကိုလည်း ကူညီနေတယ်၊ ဒါတွေကြောင့် ချန်ဖုယွန်ကို ချန်မျိုးနွယ်က အပြစ်ဒဏ်ခတ်ရမယ်”
ချန်ဖုယွန်ဟာ သူ၏ တစ်ကိုယ်ကောင်းဆန်လှတဲ့ အကြောင်းပြချက်နဲ့ ယောင်မျိုးနွယ်ကို ကူညီကာ ချန်မျိုးနွယ်ကိ ဆန့်ကျင့်ခဲ့ပါတယ် ။ ချန်မျိုးနွယ်ဝင် တစ်ခုလုံး ဒီကိစ္စကြောင့် အလွန်စိတ်ဆိုးနေကြတယ် ။ ယခုတော့ ချန်တျန်းဟူဟာ ချန်ဖုယွန်အား ချန်မျိုးနွယ်၏ နံပါတ် ၁ ရန်သူတော်အဖြစ် သတ်မှတ်လိုက်ပါတော့တယ် ။ ဒီကိစ္စကို ရှင်းပြီးချိန်မှာတော့ ချန်ဖုယွန်ဟာ ချန်မျိုးနွယ်ဝင်များကို စုစုစည်းစည်းဖြင့် ဂုဏ်သတင်းမွှေးအောင် ပြုလုပ်ပေး မှာဖြစ်ပါတယ် ။
ချန်ရှန်ဟာ တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်မေးလိုက်ပါတယ် ။
“အဖိုးလေး ၊ ချန်ဖုယွန်ဟာ သိုင်းပညာဂိုဏ်းက နောက်လိုက်တစ်ယောက်ဖြစ်ပြီး ကျွန်တော် တို့ ချန်မျိုးနွယ်က ဒီလိုဂိုဏ်းနဲ့ရင်ဆိုင်ဖို့ ပြင်ဆင်မှာလား”
ချန်လုဇောင် ခေါင်းခါယမ်းလျက် ပြန်ပြောပါတယ် ။
“ဒီလို ဂိုဏ်းတွေမှာ စည်းမျဉ်းရှိတယ် ။ ဂိုဏ်းနောက်လိုက်တစ်ယောက်ဟာ ပြသနာတစ်ခုခု ရှာခဲ့ပြီး ဒီပြသနာကြောင့်ပဲ သေသွားရင် ဘယ်သူ့အမှားမှမဟုတ်ဘူး ၊ သူတို့ကလည် ဂရုပြု နေမှာ မဟုတ်ပေဘူး”
ဒီလိုဂိုဏ်းတွေမှာသာ ကန့်သတ်ချက်များမရှိပါက ဂိုဏ်းသားတွေဟာ အပြင်လောက ကို လာရောက်ဖျက်ဆီးနေနိုင်နေမှာဖြစ်ပါတယ် ။ ချန်ရှန်ဟာ ယခု ယုံကြည်မှုများ ရှိနေပါပြီ ။
“အဖိုးလေး ၊ ဆေးဘုရင်ခန်းမကို စီးပွားရေးစလုပ်ဖို့ မနက်ဖန် ဖွင့်မယ် ။ ဆရာကြီးမန်ဘို ကိုလည်း ပြည့်ပြည့်စုံစုံ ပြင်ဆင်ထားဖို့ ပြောထားပါ ။ အဖိုးလေးလည်း တောင်ပိုင်း အင်ပါယာ တစ်ခုလုံးသိအောင် ကြေငြာပေးပါဦး”
ချန်ရှန်ဟာ စိတ်လှုပ်ရှားစွာဖြင့် အော်လိုက်ပါတော့တယ် ။
ဆေးဘုရင်ခန်းမမှာ ဆေးများစွာ သီးသန့် ရှိနေပါပြီ ။ လိုချင်တယ့်ဆေးရအောင်လည်း ပြု လုပ်ပေးမှာပါ ၊ ဒါတင်မက ဆေးဆရာများစွာဟာ အဆက်မပြတ် ဆေးများပြုလုပ်နေလျက် ရှိကြပြီး မန်ဘိုဟာလည်း ဒီမှာပါ ။ ဒါကြောင့် ချန်ရှန်ဟာ အေးဆေးဖြစ်နေပါတော့တယ် ။
ချန်လုဇောင်လည်း တော်တော် စိတ်လှုပ်ရှားလျက်ပါ ။ သူ၏ မျက်နာမှာ အပျော်တွေ ပြည့် နေ ပါတယ် ။ သူဟာ သူ၏အမှတ်အသားအား ဘုရင့်မြို့ မှာ ပြုလုပ်ချင်နေခဲ့တာပါ ။ ဒါပေမယ့် သူ့မှာ လုံလောက်တဲ့ စွမ်းရည်မရှိခဲ့ပါဘူး ။ဒါကြောင့် ဝိုဟူမှာသာ နေခဲ့ရခြင်းဖြစ်တယ် ။
ဘုရင့်မြို့တော်မှာ ဆေးဆိုင်ဖွင့်ရန်အတွက် အရမ်းကို အားကြီးသန်မာပြီး ဆေးအသိဉာဏ်ရှိတယ့် လူ လိုအပ်ပါတယ် ။ သတင်းဟာ မီးလိုပြန့်သွားပါတော့တယ် ။ အရင်တည်းက လူတိုင်းဟာ ဆေးဘုရင်ခန်းမနဲ့ပတ်သတ်ပြီး စိတ်ဝင်စားနေကြတာပါ ။ ဒီဆိုင်ကို ချန်မျိုးနွယ်က ပိုင်တာဖြစ်ပြီး ချန်နဲ့ယောင် မျိုးနွယ်တို့ဟာ ရန်သူတော်တွေဖြစ်ပြီး သူတို့ဟာ ဈေးကွက်လုကာ ဈေးတွေအပြိုင်အဆိုင်ဖြင့် ရောင်းချယှဉ်ပြိုင်တော့မှာပါ ။ ရလဒ် အနေနဲ့ သူတို့ဟာ ဆေးတွေကို ဈေးပေါပေါဖြင့်ဝယ်နိုင်ကြတော့မည်ကို တွေးပြီး စိတ်လှုပ်ရှားနေကြပါတယ် ။ ဒီလိုသာမန် သိုင်းပညာရှင်တွေအဖို့ ငွေကြေးကို များများစားစား မတတ်နိ်ုင်ကြပါဘူး ။
ယောင်မျိုးနွယ်ဟာ နှစ်ပေါင်းများစွာ ဘုရင့်မြို့ တော်မှာ တစ်ဦးတည်း ဆေးရောင်းလာတာပါ၊ ဒန်ရှန်ကတော့ အဓိကအားဖြင့် ဆေးပင်ရောင်းတာဖြစ်ပြီး ဒါကြောင့် လူတိုင်းဟာ ဆေးကို ယောင်မျိုးနွယ်ဆီကသာ ၀ယ်ယူခဲ့ကြရတာပါ ။ ယခုတော့ သူတို့ငွေတွေ တော်တော် သက်သာ ပါတော့မယ် ။
ညအချိန်တွင် ချန်ရှန် ရေချိုးပြီးနောက် ကောင်းမွန်လှသော အ၀တ်အစားများကို ၀တ်ဆင် ကာ ဒန်ရှန်သို့ ထွက်လာခဲ့ပါတယ် ။ ဒန်ရှန်သခင်၏ ချစ်စဖွယ်ပုံရိပ်များကို စဉ်းစားရင်း ချန်ရှန် အနည်းငယ် စိတ်လှုပ်ရှားနေပါတော့တယ် ။
ချန်ရှန်ရောက်တာနဲ့ ဟွာယုယန်၏ ရနံ့များ လွှမ်းခြုံနေသော အခန်းငယ်တစ်ခုထဲ ၀င်ခဲ့ပါတယ် ။ အံ့သြစရာကောင်းတာက ဟွာယုယန်ဟာ လည်း အဲဒိနေရာမှာ စောင့်နေတာ ဖြစ်ပြီး သူမကိုတွေ့ လိုက်ချိန်မှာတော့ ချန်ရှန်မိန်းမောသွားမိပါတော့တယ် ။
ဟွာယုယန်ဟာ ခရမ်းရောင်ပိုးထည်ကိုဝတ်ဆင်ထားပါတယ် ။ သူမ၏ ပိုးထည်ဟာ အလွန်ပါးလွှာလှပြီး သူမဟာ အောက်ခံလည်း ၀တ်ထားခြင်းမရှိပါဘူး ။ ၀တ်စုံဟာ သူမ၏ ကောက်ကြောင်းအလှကို အထင်းသားပေါ်လွင်နေစေပါတယ် ။ ကြီးမားလှပလှတယ့် ရင်အုံ ၊ သေးသွယ်သောခါး ၊ သွယ်လျသော ခြေထောက်များ ၊ စသည့်စသည့် အရာများမှာ ယောကျာ်းတိုင်း၏ စိတ်အား လုံးဝဖမ်းစားနိုင်လှပါတယ် ။ မည်သူမျှ သူမ၏ အလှကွန်ယက် အတွင်းမှ လွတ်နိုင်မည်မထင်ပါဘူး ။ ချန်ရှန်ပင် အသက်ရှူဖို့တော်တော် ခက်ခဲနေပါတယ် ။ နားရွက်များပင်ရဲလာအောင် ရှက်လျက် ရှိနေပြီး ရင်မှာလည်း တဒိန်းဒိန်း ခုန်နေပါတော့ တယ် ။
“ချန်သခင်လေး ၊ ဒီကောင်မလေး လှရဲ့ လား၊”
ဟွာယုယန် ရယ်မောလျက် စွဲမက်ဖွယ်အသံလေးဖြင့်မေးပါတယ် ။ သူမ၏ ခြေထောက်များ အား ခြေသုတ်ခုံတွင်သုတ်ပြီး ချန်ရှန်ဆီသို့ လျှောက်လာပါတယ် ။ ချန်ရှန်လည်း တံတွေး မြိုချလျက် ထိုင်လိုက်ပါတယ် ။ ထို့နောက် လက်ဖက်ရည်တစ်ခွက်ငှဲ့ကာ တကျိုက်ထဲ မော့ လိုက်ပါတော့တယ် ။ ရင်ခုန်မျှများ အနည်းငယ်ပြေပျောက်သွားကာ နောက်တစ်ခါ ဟွာယုယန် ကို စေ့စေ့မကြည့်ရဲတော့ပါဘူး ။
“ချန်သခင်လေး ရဲ့ ကိုယ့်စိတ်ကိုယ် ထိန်းချုပ်နိုင်စွမ်းကို တော်တော် သဘောကျမိတယ် ။ ဒီကောင်မလေးက တော့ လေးစားစိတ်တွေ ပြည့်လို့နေပြီ ၊ဖြစ်နိုင်ရင် ဒီက ချန်သခင်လေးရဲ့ တစ်ဘ၀လုံးစာ အတွက် အစေခံအဖြစ်နဲ့ နေသွားချင်တာ”
ဟွာယုယန် ဟန်ဆောင်မှုမရှိပဲ တိုးညင်းစွာ ဆိုပါတယ် ။ သူမ သိက္ခာအကျခံပြီးတော့ ဒီလို လိမ်ညာနေမှာမဟုတ်ပါဘူး ။
သူမဟာ ကိုယ်လုံးတီးသာသာ အနေအထားဖြင့် ယောကျာ်းတစ်ယောက်ရှေ့ မှာ ရှိနေသော် လည်း ချန်ရှန်ဟာ သူ့ကို တစ်ချက်တောင်မကြည့်တာကြောင့် ဒီအချက်ဟာ ချန်ရှန်အပေါ် ပိုပြီးလေးစားလာစေပါတယ် ။
“ယုယန် ၊ ခွင့်ပြုပါဦး ၊ ဟာသတွေ လုပ်မနေပါနဲ့တော့ ။ ယုယန်က အရမ်းလှပပြီး ဆွဲဆောင်မှု ရှိလှတယ် ဒါတောင် ဘာလို့ ကျွန်တော့ကို စိတ်အနှောက်ယှက်ဖြစ်အောင် လုပ်နေတာလဲဗျ”
ချန်ရှန် ရယ်မောကာ ပြောလိုက်ပါတယ် ။ ဒီရက်တွေမှာ ဒန်ရှန် သခင်မဟာ ဆေးဘုရင်ခန်းမ အား ဈေးသက်သာစွာဖြင့် ဆေးပင်များ ရောင်းချပေးခဲ့ပါတယ် ။ ဒါကြောင့် သူဟာ ကျေးဇူး တွေ တင်နေတာပါ ။ ဒီဒန်ရှန်သခင်မဟာ ဘာကြောင့်ဒီလို ကြင်နာနေလဲဆိုတာ သူမသိပါဘူး ။ နောက်ပြီး ဒီကောင်လေးအပေါ် ဘာလို့ မြူဆွယ်နေလဲဆိုတာလဲ မသိတော့ပါ။
ဟွာယုယန် နှုတ်ခမ်းအနည်းငယ် စူလျက် ပြန်ပြောပါတယ် ။
“ချန်သခင်လေး ၊ ကျွန်မတကယ်ပဲ သခင်လေးရဲ့ အစေခံဖြစ်ချင်မိတယ် ။ ကျွန်မ သခင်လေးရဲ့ ညှို့ ဓာတ်ကို စိတ်ဝင်စားနေတာကြာပြီ ၊ ထပ်ပြီး . . . .”
ဘယ်လို ညို့ ဓာတ်ပါလိမ့် ၊ ချန်ရှန် ဟွာယုယန် ပြောခဲ့သောစကားကို ကြားပြီး မယုံကြည်နိုင် ဖြစ် နေပါတယ် ။ ဒါဟာ ဟွာယုယန် လိုချင်တဲ့ ပန်းတိ်ုင်ဆိုတာ သိလိုက်ပါတယ် ။ သူဟာ ဘာညို့ ဓာတ်မှလည်း မလုပ်ခဲ့ပါဘူး ။ ဒါပေမယ့် သူ၏ ဆေးပညာ ပါရမီကိုတော့ သူမ သဘောကျလောက်ပါတယ် ။ နောက်ပြီး ဆေးပညာဂိုဏ်းဖြစ်တယ့် ဒန်ရှန် တောင်ယွမ် ကိုလည်း ၀င်စေချင်နေတာပါ ။
ချန်ရှန် ရယ်မောလျက် ပြန်ပြောလိုက်ပါတယ် ။
“သခင်မဟွာ ၊ ကျွန်တော့မှာ သတို့သမီးရှိတယ်လေ ။ ကျွန်တော်က အစေခံအဖြစ် လက်ခံလိုက်ရင် ဟိုကောင်မလေး သေချာပေါက် သ၀န်တိုလိမ့်မယ်ဗျ”
“ကျွန်မ သိပါတယ် ။ ရှင်က ကျွန်မကို အထင်သေးနေတာပါ ။ “
ဟွယုယန် ယဲ့ယဲ့ ပြုံးလျက် –
“ဒီကို ရှင်ဘာလာလုပ်တာလဲ”
ချန်ရှန် ငရဲဝိဉာဉ်တော်မြက်အပိုင်းအစ သေးသေးလေးအား ထုတ်ယူကာ ဟွာယုယန်ကို ပေးလိုက်ပါတယ် ။ ထို့နောက် ခပ်လောလောပဲ ပြောလိ်ုက်ပါတယ် ။
“ယုယန် ၊ ဒါ ကျွန်တော့ကို ကူညီပေးခဲ့တယ့်အတွက် လက်ဆောင်ပါ ။ ဒီလက်တွဲမှုဟာ အနာဂတ်မှာလည်း ဆက်လက်တည်မြဲမယ်လို့ မျှော်လင့်ပါတယ် ။ နောက်ပြီး ယောင်မျိုးနွယ် ကို ရောင်းတဲ့ ဆေးပင်ရဲ့ ဈေးကို နည်းနည်း မြင့်စေချင်တယ်”
ဟွာယုယန် လက်မအရွယ် ငရဲဝိဉာဉ်တော်မြက် ကို ယူလိုက်ပါတယ် ။ ၎င်းဟာ သေးငယ် လှသော်ငြားလည်း အလွန် တန်ဖိုးရှိပါတယ် ။ အပြုံးများဖြင့်သူမက ပြန်ပြောပါတယ် ။
“ချန်သခင်လေး က သဘောထား ကြီးလှပါပေတယ် ။ ဒီကကောင်မလေးက ရှင်ပြောသမျှ အကုန်လုပ်မှာပါ ။ ဒီဒန်ရှန် ဆေးတိုင်းပြည်ဆိုတာ ကျွန်မပိုင်တာဖြစ်ပေမယ့် ရှင့်ကို ဆေးပင် တွေအကုန်လုံး အလကားပေးချင်တယ်”
ချန်ရှန် ခဏတာ ဆွံ့ အသွားပါတယ် ။ ကောင်မလေးကို ကြည့်လျက် ကြောင်နေမိတယ် ။ သူမကို သူ၏ အစေခံလိုတောင် စိတ်ထဲ တွေးလိုက်မိပါတယ် ။ဒါပေမယ့် ဒီမိန်းမ မှာ လျို့ ဝှက်တဲ့ အကြောင်းတရားတွေရှိမှာကို စိုးရိမ်နေပါတော့တယ် ။
“ဆေးဘုရင်ခန်းမ ကို မနက်ဖန် ဖွင့်မယ် ။ ဒါတွေအကုန်လုံးကို ကျွန်တော့ရဲ့ အဖိုးလေး စီစဉ် တာပါ ။ ကျွန်တော်ကတော့ သိုင်းပြိုင်ပွဲအတွက် ပြင်ဆင်သင့်တာ ပြင်ဆင်ရမှာမို့ ပွဲမှာ ရှိနေမှာမဟုတ်ဘူး ၊ တကယ်လို့ သခင်မ ဆန္ဒရှိရင် လာပြီး ကျွန်တော်တို့ကို ကြော်ငြာပေးပါ ဦး”
ချန်ရှန် ရယ်မောလျက် ပြောပါတယ် ။
“ကိစ္စ မရှိပါဘူး ။ ကျွန်မ အဆင်ပြေပါတယ်”
ဟွာယုယန်ဟာ တကယ့်ကို အစေခံတစ်ယောက် လိုပါပဲ ။ ချန်ရှန်လဲ ဒီထက်ကြာကြာမနေ တော့ပဲ လျင်မြန်စွာ ထွက်လာပါတော့တယ် ။
ချန်ရှန် ထွက်ခွာသွားတာကို ကြည့်ရင်း ဟွာယုယန် မျက်လုံးများမှေးကာ –
“တော်တော် တည်တံ့တဲ့ ကောင်လေးပဲ ၊ ငါ့ရဲ့ မာယာကို ရှောင်တိမ်းနိုင်သွားပြန်ပြီ ၊ သူပြေး လေလေ ငါကလည်း သူ့ကို လိုက်ချင်လေလေပဲ”
ချန်ရှန်ဟာ လေ့ကျင့်ရန် အပြင်အမြဲထွက်လေ့ရှိသူပါ ။ သူ၏ပန်းတိုင်ကတော့ ချန်မျိုးနွယ် ဒီဘုရင့်မြို့ မှာ အခြေကျဖို့ဖြစ်ပြီး အဆင့်မြင့်တဲ့ အထက်တန်းလွှာ မျိုးနွယ်တစ်ခု ဖြစ်လာစေ ရန်ပါပဲ ။ထိုမှသာ သူလည်း စိတ်ချလက်ချ သိုင်းပညာဂိုဏ်းကြီးများထံ သွားရောက်နိုင်မှာ ဖြစ်ပါတယ် ။ ဆေးဘုရင်ခန်းမအတွက်ကတော့ စိတ်မပူပါ ။ အဘယ်ကြောင့်ဆိုသော် ၎င်းကို ဆေးဘုရင်မန်ဘိုနဲ့ ချန်လုဇောင်တို့က အနီးကပ် ကြည့်ရှုနေတာဖြစ်ပြီး ဟွာယုယန်၏ ထောက်ပံ့မှုကိုလည်း ရထားပါသေးတယ် ။ ဒါကြောင့် သူ၏ စွမ်းအားများ တိုးတက်ဖို့သာ အာရုံစိုက်ပါတော့တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset