Switch Mode

Chapter – 44

အထူးလက်ဆောင်မွန်

Chapter – 44 အထူးလက်ဆောင်မွန်

လွှမ်းမိုးနိုင်တယ့် နတ်မိစ္ဆာ စွမ်းအားတဲ့လား ၊ ဒီလိုကြားတဲ့အခါ ချန်ရှန် ထိတ်လန့်သွား ပါတယ် ။ မတ်တပ်ကြီးရပ်ကာ ရုပ်တုကြီးတစ်ခုမလား မိန်းမောလျက် သူ၏မျက်စိမှာ စူးရှ နေပါတော့တယ် ။
“အံ့သြမနေနဲ့ ။ ဒီလိုမှ မစွမ်းရင်လည်း နတ်မိစ္ဆာစွမ်းအားလို့ ဘယ်ခေါ်နိုင်တော့မလဲ ၊ ဒီစွမ်း အားမှာ စည်းကမ်း ၃ ခုရှိတယ် ။ ပထမတစ်ခုက မင်းနဲ့လွှမ်းမိုးခံရမယ့်လူရဲ့ စွမ်းအားဟာ အရမ်းကွာဟနေရင် ဘယ်တော့မှ မသုံးနဲ့ ၊ ဒုတိယက မင်းက မကောင်းတဲ့စိတ်နဲ့ လူကောင်း တစ်ယောက်ကိုလည်း ဘယ်တော့မှ မသုံးနဲ့ ၊ တတိယကတော့ မင်းမှာ ဒီ စွမ်းအားရှိတာကို လည်း ဘယ်သူမှ မသိစေနဲ့”
ဘိုင်ယုယု ရဲ့ အေးစက်စက်ပြောစကားများကို နားထောင်ပြီးနောက် ချန်ရှန်ဟာ အံ့သြနေ ပါတယ် ။ ဒီစွမ်းအားဟာ တကယ်ပဲ စွမ်းအားကြီးပါတကား . . . ၊ တခြားလူရဲ့ စွမ်းအားကို ဖမ်းဆုပ်နိုင်တာပါပဲ ။ ဒီစွမ်းအားကိုသာ မကြာခဏသုံးပါက သူ၏ သိုင်းပညာအတွက် များစွာ အကျိုးဖြစ်ထွန်းတော့မယ် ဆိုတာ သိလိုက်ပါတယ် ။
“မင်းဒါကို တစ်ခါသုံးပြီးရင် မင်းယူထားတဲ့ ချီဓာတ်တွေကို ကုန်စင်အောင် သန့်စင်ရမယ် ။ ဒါတင်မက မင်းရဲ့ ချီဓာတ်တစ်ခုလုံးဟာလည်း လုံးဝ သန့်စင်နေကမယ် ။ ဒီလိုမှ မဟုတ်ရင် နောက်တစ်ကြိမ် လွှမ်းမိုးနိုင်တော့မှာမဟုတ်ဘူး”
ဘိုင်ယုယု က အလောတကြီးဖြင့် မှာကြားပါတယ် ။ ချန်ရှန် အသက်ကိုဝအောင်ရှူကာ နတ်မိစ္ဆာ စွမ်းအားထုတ်ရန်အတွက် သူ၏ စိတ်ကို သေချာအောင် ရှင်းလင်းပါတယ် ။
“ငါမင်းကို အခု သေချာပြောပြမယ် ။ မင်းစွမ်းအင်ကို သုံးနေတယ့်အချိန်မှာ တခြားလူမရှိ ရဘူး ၊ တကယ်လို့ တခြားလူသာရှိနေရင် အဲလူသေချာပေါက် သေသွားမှာပဲ”
ဘိုင်ယုယု မှာကြားရင်း သူ၏စိတ်ထဲမှ နတ်အတွင်းအား အာရုံများကို အသုံးပြုကာ အချက် အလက်များ ပြောပြနေပါတယ် ။ ဒီအချက်အလက်တွေကတော့ နတ်မိစ္ဆာ စွမ်းအားရဲ့ ပြုလုပ်နည်း လျို့ ဝှက်ချက်များပဲ ဖြစ်ပါတော့တယ် ။
တကယ်ပဲ ဒီစွမ်းအင်ဖြင့် တခြားလူကို လွှမ်းမိုးနိုင်တာပါ ။ ဒီကျင့်စဉ်ဟာ အကျင့်ယုတ်ခြင်း တစ်မျိုးဖြစ်သော်လည်း တဖက်မှာတော့ အလွန် အကျိုးရှိတာပါပဲ ။ ဒါကြောင့် ချန်ရှန်ဟာ ဒီကျင့်စဉ်ရဲ့ လုပ်ပုံလုပ်နည်းများကို အရမ်းကို နားလည်ချင်နေပါတယ် ။ ဒီစွမ်းအားရဲ့ အသေးစိတ်အချက်အလက်အားလုံးကိုလည်း သိချင်နေပါတော့တယ် ။
“ဒီစွမ်းအားကို ပုံသေမမှတ်ယူနဲ့ ၊ ငါတောင် ဒီလိုမရဘူး ။ ဒီကျင့်စဉ်ကို တီထွင်သူဟာ ရှားပါး တဲ့ ပါရမီရှင်တစ်ယောက်ဖြစ်ပြီး ကျင့်စဉ်တိုင်းဟာ ကောင်းမွန်လှသလို ကြောက်စရာလည်း ကောင်းလှတယ်”
လေးစားမှုများကို ဘိုင်ယုယု ၏ အသံတွင် ခံစားနိုင်ပါတယ် ။ ချန်ရှန်လည်း ဒီလူကို လေးစား မိပါတယ် ။ ချန်ရှန် ကျင့်စဉ်၏ အချက်အလက်များကို ရရှိပြီးနောက် လေမည်းဂိုဏ်းရှိရာသို့ ထွက်လာပါတော့တယ် ။ လေမည်းဂိုဏ်းဆိုတာ ဘုရင့်မြို့ တော်ရှိ မြေအောက် ဂိုဏ်းတစ်ခု ဖြစ်ပြီး အပေါ်ယံမှာတော့ နာမည်ပျက်မရှိကြပါဘူး ။ ဒါပေမယ့် နောက်ကွယ်မှာ ဘုရင့်မြို့ တော် ၏ အရိပ်မည်းအဖြစ် လျို့ ဝှက်စွာ လှုပ်ရှားကြပါတယ် ။ သူတို့ဟာ ဘုရင့်မြို့ တော်မှာ ရုံးချုပ်သဘောတောင် ထားရှိပါသေးတယ် ။ ဒီဂိုဏ်းကို မြို့ ထဲမှ ထောက်ခံနေသူရှိလိမ့်မယ်လို့ ချန်ရှန် ထင်မိပါတယ် ။ သံသယဖြစ်ဖွယ်ကတော့ ယောင်မျိုးနွယ်ကလွဲလို့ တခြားသူမထင်မိပေ ။
ယောင်တျန်းဟွာ နဲ့ ယောင်လူကြီးမင်းတို့ ပျောက်ကတည်းက များစွာသော မြေအောက် အဖွဲ့ အစည်းများဟာ ဖျက်ဆီးခြင်း ခံခဲ့ရပါတယ် ။ ဒါပေမယ့် လေမည်းဂိုဏ်းတော့ ကျန်ရှိနေ ပါသေးတယ် ။ မည်သူမဆို ဒီအကြောင်းအရာကို ဆက်စပ် စဉ်းစားနိုင်မယ် ထင်ပါတယ် ။
လေမည်းဂိုဏ်းဟာ သူ့ကို သတ်ဖို့ ကြိုးပမ်းခဲ့ပါတယ် ။ ချန်ရှန် ဒီလူတွေကို ခွင့်မလွှတ်တာ အသေချာပါပဲ ။ ချန်ရှန် ခပ်လှမ်းလှမ်းမှာ အိမ်တော်ကြီး တစ်ခုကို လှမ်းမြင်လိုက်ပါတယ် ။ ကျယ်လောင်သောအသံများဟာ လည်း အတွင်းမှ ထွက်နေလျက် ဒီအကွာအဝေးကပင် ကြားနိုင်ပါတယ် ။ ချန်ရှန်လည်း လွန်ခဲ့တယ့် ရက်နည်းငယ်က လေမည်းဂိုဏ်းသားတို့ သူတို့၏ ခေါင်းဆောင် အသက် ၇၀ ပြည့် မွေးနေ့အတွက် ပြင်ဆင်နေတာကို အမှတ်ရသွား မိပါတယ် ။ ခုကြားနေတာ မွေးနေ့ပွဲက အသံပင် ဖြစ်ပေလ်ိမ့်မည် ။
ချန်ရှန် နှုတ်ခမ်းများ ကွေးလျက် အေးစက်စက် ပြုံးလိုက်မိတယ် ။ ဒီဂိုဏ်းဟာ သူ့ကို သတ်ရန် လူတွေ လွှတ်လိုက်ပြီး အကျိုးအမြတ်များစွာ ရကာ သူတို့ကိ်ုယ်သူတို့လည်း အောင်မြင်တယ် ထင်နေကြပုံပါပဲ ။
ဘုရင့်မြို့ တော်ထဲတွင် မည်သူမျှ မတိုက်ခိ်ုက်ရန် စည်းကမ်းထုတ်ထားသော်လည်း ကိုယ်ရေးကိုယ်တာကိစ္စ အတွက်ကတော့ တိုက်ရပေလိ့မ်မယ် ။ ပြောနေစရာပင်မလိုတော့ ပါဘူး ၊ ၎င်းတို့ဟာ ချန်ရှန်ကို သတ်ဖို့ ကြိုးစားခဲ့ကြသူတွေပါ ။
ဒီအချိန်မှာပဲ အိမ်ကြီးမှ အရှေ့ တံခါးမှာ ရုတ်တရက် ပွင့်လာပြီး များစွာသော အစောင့်များဟာ အထဲမှထွက်လာပါတယ် ။ သူတို့ဟာ ချန်ရှန်၏ စုတ်စုတ်ပြတ်ပြတ်ဖြင့် သားနားမှုမရှိတဲ့ ပုံစံကို မြင်တဲ့အခါ သောက်လက်စများကို ပစ်ပြီး မေးပါတယ် ။
“မင်းဘယ်သူလဲ”
ချန်ရှန်က ၎င်းတို့အား ဖျတ်ခနဲ ဘာမှမဟုတ်သလို ကြည့်လိုက်ပြီး အထင်သေးဟန်ဖြင့် ပြော လိုက်ပါတယ် ။
“ဆေးဘုရင်ခန်းမက ချန်ရှန်”
အစောင့်များစွာဟာ ရုတ်တရက် အံ့အားသင့်ကာ နေကြပါတယ် ။ ချန်ရှန်ဆိုတာ ကြားသာ ကြားဖူးနေပြီး မမြင်ဘူးတဲ့အတွက် ချန်ရှန် ဒီကိုလာလိမ့်မယ်လို့ မမျှော်လင့်ခဲ့ကြပါဘူး ။ နောက် ဒီနေ့ကလည်း သူတို့ခေါင်းဆောင်မွေးနေ့ဖြစ်ပြီး ဒီလေမည်းဂိုဏ်းနဲ့ ယောင်မျိုးနွယ် ဟာ ရင်းရင်းနှီးနှီးရှိကြသည့်အတွက် ယခု သူဒီကို ရောက်နေရခြင်း၏ ရည်ရွယ်ချက်ကို လွယ် ကူစွာ ခန့်မှန်းနိုင်ပါတယ် ။
“ဒီကို ဘာလာလုပ်တာလဲ ၊ ငါတို့ရဲ့ ခေါင်းဆောင်က မင်းကို ဘယ်တော့မှ မဖိတ်ဘူး”
အစောင့်တစ်ယောက်က ပြောပါတယ် ။ သူ၏အသံဟာ ခပ်တိုးတိုးပါ ၊ ကြမ်းကြမ်းတမ်းတမ်း မရှိလှပါဘူး ။ သူဟာ ချန်ရှန်လို အဆင့် ၇ သိုင်းပညာရှိရုံမက အငယ်ဆုံးဆေးဆရာတစ် ယောက်ကို ရင်မဆိုင်ဝံ့ပုံပါပဲ ။ သူ၏ ပုံစံဟာ ချန်ရှန်နဲ့ နှိုင်းမရ အောင် ကွာလွန်းလှပါတယ် ။
အစောင့်တစ်ယောက်က အမြန်ပြေးကာ သတင်းပို့ပါတယ် ။ ဒီအစောင့်တွေနဲ့တော့ ချန်ရှန်ကို ဘယ်လိုမှ မထိန်းချုပ်နိုင်ပါဘူး ။ ချန်ရှန်ဟာ လှည့်စားတတ်ရုံသာမက ရင်ဆိုင်ရန် ခက်ခဲတယ့်လူပါ ။ သူကရိုးရှင်းစွာပဲ အပေါက်ဝမှာ ရပ်နေပါတယ် ။
ခဏအကြာမှာပဲ အထဲမှ အသံများ ထွက်လာပြီး သူ၏နတ်အတွင်းအားအာရုံမှတဆင့် အဆင့် ၅ မှ အဆင့် ၇ ရှိလူများ သူ့ဆီသို့ လာနေတာကို ခံစားမိလိုက်ရပါတယ် ။ ချန်ရှန်နည်းနည်း အံ့အားသင့်သွားပါတယ် ။ ဒီလေမည်းဂိုဏ်းခေါင်းဆောင်မှာ ဒီလိုအဆင့်နဲ့ လူတွေရှိမယ်လို့ မထင်ခဲ့ပါဘူး ။ မမျှော်လင့်စွာပဲ ဒီလူတွေဟာ သိုင်းကောင်းကောင်းတတ် တယ်ဆိုတာ သိလိုက်ရပါတော့တယ် ။
ချန်ရှန် လက် ၂ ဖက်ကို နောက်ပစ်လျက် ၀င်ပေါက်ရှေ့ မှာ အေးဆေးစွာ ရပ်နေပါတယ် ။ တည်ကြည်သော အကြည့်ဖြင့် အ၀တ်စားကောင်းများကို ၀တ်ကာထွက်လာသော လူအုပ်ကြီးကို ကြည့်လို့နေပါတယ် ။
ဒီလူတွေဟာ အများစုက သက်လတ်ပိုင်းတွေပါ ။ ချန်ရှန်ဟာ ဘုရင့်မြို့ တော်မှာ နေထိုင်နေ တာ အတော်ကြာပြီဖြစ်သော်လည်း တခြားသိုင်းပညာမျိုးနွယ်များနှင့် ဆက်သွယ်မိခြင်း မရှိပေ ။ ဒါပေမယ့် ယခုလူတွေဟာ ကောင်းမွန်သော သိုင်းလောမျိုးနွယ်များမှ ဖြစ်နိုင်ပြီး တချို့ မှာ မျိုးနွယ်ခေါင်းဆောင်များပင် ပါဝင်မယ်ဆိုတာက်ို သိနေပါတယ် ။
လူတိုင်းဟာ အကြောက်လန့်မရှိ ၀ံ့ကြွားစွာ ရပ်နေတယ့် လူငယ်လေးကို ကြည့်နေကြပါတယ် ၊ သူ၏ မျက်နာဟာ ရေပြင်လို တည်ငြိမ်နေတာကို တွေ့ ကြရပါတယ် ။ သူတို့အတွက် ချန်ရှန်ဟာ ၁၆ နှစ်လူငယ်နဲ့ မတူအောင်ကို ရင့်ကျက်နေပုံပေါ်နေပါတယ် ။ သူတို့မျိုးနွယ်က ကောင်လေးကောင်မလေးများဟာ ဒီအရွယ် ဆို ကလေးသာသာပုံပါ ။
“ချန်မျိုးနွယ်က သခင်လေး ၊ ဒီနေ့က င့ါမွေးနေ့ပါ ။ အရေးကြီးကိစ္စ မရှိရင် ဒီနေ့ကို ငါပျော်ပျော် နေချင်ပါတယ် ။ ဖြစ်နိုင်ရင် နောက်နေ့မှ ငါတို့ ဆွေးနွေးလို့ ရနိုင်မလား”
လေမည်းဂိုဏ်းခေါင်းဆောင်ဟာ စွမ်းအားရှိပုံရပြီး ကျန်းမာပုံရတယ့် သက်ကြီးပိုင်းတစ် ယောက်ပါ ။ အမည်းရောင်သားရေ ၀တ်စုံဟာ သူ့ကို ပိုပြီး ခန့်ညားနေစေသလိုပါပဲ ။ ဒါပေမယ့် ချန်ရှန်ကို မြင်တယ့်အခါ သူ၏ သိမ်းငှက်မျက်လုံးအစုံမှာ ထိတ်လန့်မှု အရိပ် အယောင်တစ်ခု ဖြတ်ပြေးသွားပါတယ် ။
ချန်ရှန်ဟာလည်း ထိုအရိပ်အယောင်ကို မြင်တွေ့ လိုက်ပြီး ပြုံးကာ ပြောလိုက်ပါတယ် ။
“ခေါင်းဆောင် ဟိုင် ၊ ကျွန်တော်ဒီကိုလာတာ ခင်ဗျားကို တစ်ခု ပြောပြမလို့ပဲ ၊ ဒီနေ့ အပြင်ထွက်လာတုန်း လေမည်းဂိုဏ်းက မျက်နာဖုံးစွပ်လူတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး သူတို့ကို သတ်လိုက်ပြီ”
ခေါင်းဆောင်ဖြစ်သူ၏ တပည့်က ချက်ချင်းပင် ထိတ်လန့်စွာဖြင့် မေးပါတယ် ။
“သူတို့ဟာ လေမည်းဂိုဏ်းဝင်တွေလို့ မင်းဘယ်လိုသိလဲ”
ချန်ရှန် နှုတ်ခမ်းများ ကွေးကာပြုံးပြီး ပြောလိုက်ပါတယ် ။
“သူတို့က လူ ၃၀၀ ကျော်ပေမယ့် ကျွန်တော်သတ်နိုင်တယ်ဗျ ၊ ကျွန်တော်ထင်တာက လေ မည်းဂိုဏ်းဟာ အာ့လောက် အားမနည်းဘူးလားလို့ပါ”
ဒီနေ့မနက်စောစောမှာ လေမည်းဂိုဏ်းခေါင်းဆောင် တောအုပ်တစ်ခုလုံး မီးလောင်နေတာ ကြားခဲ့ရပြီး သူ့လူ ၃၀၀ ဆီမှ ဘာမှ အကြောင်းပြန်ကြားခြင်းမရှိ ခဲ့ပါဘူး ။ အခုတော့ ချန်ရှန်ဟာ အန္တရာယ်ကင်းစွာနှင့် ပြန်ရောက်နေပြီ ဖြစ်ပြီး ဘာမှတောင် ထိခိုက်ခြင်းမရှိပါ ။ ခေါင်းဆောင်ဟာ တုန်လှုပ်ကာ စိတ်ပျက်သွားပါတော့တယ် ။
ချန်ရှန်စကားကြားပြီးနောက်မှာတော့ ခေါင်းဆောင်ရဲ့ မျက်နာကြောများဟာ တင်းလာပါ တော့တယ် ။ ဒီလူ ၃၀၀ ဟာ ဂိုဏ်းအတွက် အရေးကြီးတဲ့ အဖွဲ့ သားတွေဖြစ်နေလို့ပါ ။ ဒါပေမယ့် ဒီလူတွေဟာ သူ့ဂိုဏ်းသားတွေလို့ တော့ ၀န်မခံနိုင်ပါဘူး ။
ဂိုဏ်းခေါင်းဆောင်၏ နောက်မှာရပ်နေသည့် လူများစွာဟာ တော်တော်အံ့သြနေကြပါတယ်။ ချန်ရှန်ဟာ ဒီလူတွေကို လေမည်းဂိုဏ်းကတဆင့် ယောင်မျိုးနွယ်မှ စေလွှတ်တာလို့ ခန့်မှန်း မိပါတယ် ။
“ကျွန်တော်ပြောတာမှန်လား ခေါင်းဆောင် ဟိုင် ၊ တခြားအင်အားစုတွေဟာ ခင်ဗျားရဲ့ ဂိုဏ်းသားအယောင်ဆောင်ကြပုံပဲ ။ ခင်ဗျားတို့ရဲ့ ဂုဏ်သတင်းကို ဖျက်ချင်လို့တူပါရဲ့ ”
ချန်ရှန်က ပြုံးပြီးဆက်ပြောပါတယ် ။
“ကျွန်တော်က ဒီသတင်းကို ကျွန်တော်ကိုယ်တိုင် လာပြောချင်လို့ပါ ။ ဒါကိုပဲ ကျွန်တော်က ပေးတယ့် လက်ဆောင်အဖြစ် သတ်မှတ်လိုက်ပါ”
လေမည်းဂိုဏ်းခေါင်းဆောင်လည်း မျက်လုံးများ လှုပ်နေပါတယ် ။ သူ၏ မျက်လုံးများမှာ ဒေါသနှင့် နှမြောတသ ဖြစ်ခြင်းများ ပြည့်လျက်ပါ ။ အဘယ်ကြောင့်ဆိုသော် ဒီလူ ၃၀၀ ကို သူ့သား ခေါင်းဆောင် လမ်းပြခဲ့တာဖြစ်ပြီး သူ့သားနှင့်တကွ ထိုလူများက ချန်ရှန် ခေါင်း အား မွေးနေ့လက်ဆောင်အဖြစ်ပေးမယ်ဆိုပြီး လုပ်ထားတာပါ ။ ယခုတော့ သူတို့အားလုံး ချန်ရှန်ကြောင့် သေရပြီ ။
“ချန် ရှန် . . . . .. ..”
လေမည်းဂိုဏ်းခေါင်းဆောင် စူးစူးဝါးဝါး အော်လိုက်ပါတယ် ။ ချန်ရှန်လည်း အော်သံကြောင့် ခြေလှမ်းများတုန့်သွားကာ ခေါင်းစောင်းလျက် အပြုံးလေးဖြင့် ပြန်မေးလိုက်တယ် ။
“ဘာဖြစ်လို့လဲ ၊ ခေါင်းဆောင် ဟိုင်”
ခေါင်းဆောင်၏ အသံမှာ တုန်နေပါတယ် ။ စိတ်မပါလက်မပါပုံစံဖြင့် သူ၏ပါးစပ်မှ ပြန်ပြောလိုက်ပါတယ် ။
“ကျေးဇူးအများကြီးတင်တယ်”
“ကိစ္စမရှိပါဘူး”
ချန်ရှန် ပြုံးကာဖြေလိုက်ရင်း ထွက်ခွာသွားပါတော့တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset