Switch Mode

Chapter – 43

နတ်မိစ္ဆာကျင့်စဥ်

Chapter – 43 နတ်မိစ္ဆာကျင့်စဉ်

ချန်ရှန် သူ၏ အိတ်အတွင်းမှ ဓားရှည်ကို ထုတ်ပြီး လေထဲသို့ လှပစွာ ခုန်တက်သွားပါတယ် ။ မျက်စိတစ်မှိတ်အတွင်းမှာပဲ သစ်ပင်များ၏ ထိပ်ဖျားကို ကျော်လွန်သွားပြီး ဓားရှည်ကြီးအား ဝှေ့ ယမ်းလိုက်ပါတော့တယ် ။ ချီအငွေ့ များဓားမှ အဆက်မပြတ်ထွက်ပေါ်လာပြီး ထိုအငွေ့ များမှ မိုးပြာရောင်ချီဓားအဖြစ်ပြောင်းလဲသွားပြီး သစ်ပင်များဆီသို့ ပစ်လွှတ်လိုက်ပါတယ် ။ ချက်ချင်းပဲ ရွှီခနဲအသံများမြည်လျက် သွေးထွက်နေသော အသားစများ သစ်ပင်ကိုင်းများမှ မိုးရွာသလို ကျလာလျက်ပါ ။
မျက်တောင်တခတ်အတွင်းမှာပင် လူများစွာ သေသွားပါပြီ ၊ ဒီလူတွေကို သတ်ပြီးနောက် မှာတော့ ချန်ရှန်လည်း နောက်သစ်ပင်တစ်ပင်ထိပ်သို့ ခုန်ကူးလိုက်ပါတယ် ။ သစ်ပင်တစ်ပင် နောက်မှာပုန်းကွယ်နေသော ရန်သူ ၅ ယောက်ကို ချန်ရှန်ဟာ မြင်နိုင်သောကြောင့် သူတို့ ဆီသို့ လှမ်းကြည့်လိုက်တယ် ။ ထိုလူများလည်း ချန်ရှန်၏ ကြောက်မက်ဖွယ်စွမ်းအားများ ကိုမြင်သောကြောင့် အထိတ်တလန့်ဖြင့်ထွက်ပြေးသွားပါတော့တယ် ။
ဒီလူတွေဟာ သိုင်းပညာ အဆင့် ၂ နဲ့ ၃ လောက်သာ ရှိကြသူတွေပါ ။ သူတို့ရဲ့ အမြန်နှုန်းနဲ့ စွမ်းအားများဟာ ချန်ရှန်ကို ဘယ်လိုမှ မယှဉ်နိုင်ကြပါဘူး ။ လျပ်တပြတ်ပဲ သူတို့၏ ခေါင်းနဲ့ ကိ်ုယ်လည်း တခြားစီ ဖြစ်သွားပါတော့တယ် ။
“အကုန်နောက်ဆုတ်ကြ ၊ ဒီလူက အဆင့် ၇ သိုင်းပညာရှင်”
အထိတ်တလန့်အသံတစ်ခု ထွက်ပေါ်လာပါတယ် ။ များစွာသော မျက်နာဖုံးအနက်ဝတ် လူများဟာ သစ်ပင်များပေါ်မှ ပြေးဆင်းကုန်ကြပြီး အရပ်မျက်နာ အသီးသီးသို့ ခြေဦးတည့်ရာ ထွက်ပြေးကုန်ကြပါတယ် ။
ဒီလူတွေဟာ သူတို့သတ်ဖို့ ကြိုးစားသူကို ဘယ်လိုလူမှန်းတောင် မသိရှာပါလား ။ ခေါင်းဆောင် ဖြစ်ဟန်တူသော လူသာ ချန်ရှန်၏ အဆင့်ကို သိပြီး ပြေးဖို့ ကြိုးစားတာပါ ။ ချန်ရှန်လည်း ထိုလူကို မှတ်သားလိုက်ပါတယ် ။
တောအုပ်ကြီးဟာ အရမ်းကို နက်ရှိုင်းသော်လည်း ချန်ရှန်၏ အမြန်နှုန်းကို ဘယ်လိုမှ မဟန့် တားနိုင်ပါ ။ သူ၏ စွမ်းအားများမှာ အထွတ်အထိပ်သို့ ရောက်နေတာဖြစ်ပြီး နည်းနည်းလေး ခုန်လိုက်ရုံဖြင့် သစ်ကိုင်းပေါ်မှ မိုးပေါ်သို့ ခုန်တက်သွားပြီး သစ်ပင်များစွာကို ဖြတ်လျက် ထိုလူကို မီသွားပါတော့တယ် ။ ချန်ရှန်လည်း သူ၏ ဓားအား ထိုလူ၏ ခန္ဓာကိုယ်သို့ ပစ်လိုက်ပါတယ် ။ သေအောင်သတ်ခြင်းမဟုတ်ပဲ ဒဏ်ရာသာ ရစေကာ ဘိုင်ယုယု သင်ပေး ထားသော နည်းအတိုင်း မေးမြန်းရန် အတွက်ပါ ။
“မင်းဘယ်သူလဲ ၊ ဘာကြောင့် င့ါကိုသတ်ဖို့ ကြိုးစားတာလဲ”
ထိုလူ၏ မျက်လုံးများ ရီဝေသွားကာ ပြန်ပြောပါတယ် ။
“ငါတို့ဟာ လေမည်းဂိုဏ်း က ဖြစ်တယ် ၊ ငါ့အဖေ က ဒီကိုလာပြီး မင်းကို သတ်ဖို့ အမိန့်ပေး လို့ပဲ”
“မင်းအဖေက ဘယ်သူလဲ”
“လေမည်းဂိုဏ်းခေါင်းဆောင် . . . .”
နားထောင်ပြီးနောက် ချန်ရှန် မျက်မှောင်ကြုတ်သွားတယ် ။ သူ၏ စွမ်းအင်တွေဟာ ထိုလူ၏ ဝိဉာဉ်တည်နေရာကို ဖိနိပ်ထားသည့်အတွက် သေသွားပါပြီ ။ ထိုလူသေသွားပြီးနောက် ထွက်ပြေးသွားသော မျက်နာဖုံးစွပ်လူများကို လိုက်ဖမ်းရန် လေလို လျင်မြန်သော အဟုန်နဲ့ ပြေးသွားပါတော့တယ် ။
တောအုပ်တစ်ခုလုံးဟာ ချန်ရှန်ကြောင့် မီးဟုန်းဟုန်းတောက်နေပါပြီ ။ သူ၏ နတ်အတွင်း အားအာရုံဖြင့် တစ်ယောက်ယောက်၏ တည်နေရာကို အာရုံခံလိုက်ပါတယ် ။ ထိုဦးတည်ရာ ဖက်သို့ လက်သီးဖြင့်ထိုးလိုက်သောအခါ မရေတွက်နိုင်သော ဇု ချီဓာတ်အငွေ့ များဟာ ထွက် လာကြပြီး မီးမြားများအဖြစ် ပုံပြောင်းသွားကာ ထွက်ပြေးနေသော မျက်နာဖုံးဝတ် လူများဆီ သို့ ပျံသန်းသွားပါတော့တယ် ။
ဒီလူတွေဟာ အဆင့် ၃ သာသာ ရှိသူတွေဖြစ်ပြီး ချန်ရှန် မျက်လုံးထဲတွင် ထိုလူများဟာ ပုရွတ်ဆိတ်လေးလိုပါပဲ ။ အခိုးအငွေ့ များဟာ တောအုပ်ထဲလွင့်လျက် သစ်ပင်များဟာ အချိန်တိုင်း အသံများမြည်ဟည်းလျက် လဲကျနေကြပါတယ် ။ တောအုပ်ကြီးဟာ ငရဲပြည်က ငရဲမီးတွေလိုပါပဲ ။ ချန်ရှန်ကတော့ ငရဲမင်းကြီးပေါ့ . . .
နာရီဝက်လောက်ကြာတယ့်အခါမှာတော့ တောအုပ်တွင်းက မီးဟာ ငြိမ်းလာပါတော့တယ် ။ လူ ၃၀၀ ထက်ပိုတဲ့ လူတွေဟာ တစ်ယောက်မှမရှိတော့ပါဘူး ။ လူတိုင်းဟာ သူ့လက်မှာ အသက်ပျောက်လျက် အဖြူရောင်ကျားကျင့်စဉ်ကို နားလည်အောင် ကူညီသွားကြပါတယ် ။
ထာဝရမိစ္ဆာရေကန်ထဲသို့ ဆင်းပြီးတည်းက သူ၏ ကိုယ်ဟာ နတ်မိစ္ဆာကိုယ်အဖြစ် ခိုင်မာစွာ တည်ရှိနေပါပြီ ။ အရမ်းကို ကြောက်စရာကောင်းလောက်အောင် သန်မာပြီး သူ၏ ခန္ဓာကိုယ် သန်မာလေလေ သူ၏ စစ်မှန်သောချီဓာတ်ရဲ့ ပြင်းအားကြီးလေလေပါပဲ ။
“လေမည်းဂိုဏ်းတဲ့လား ၊ သိုင်းပြိုင်ပွဲ ပြီးလို့ကတော့ မရရအောင်လိုက်ရှာပြီး ဘယ်သူဖြစ်ဖြစ် အပစ်ပေးရမှာပဲ”
ချန်ရှန် သွေးများစွာစွန်းနေသော ဓားကို လွှင့်ပစ်လိုက်ပြီးနောက် ထိုက်ကျိကျင့်စဉ်ကိုကျင့်ပြီး သူ၏ ချီဓာတ်များ ပြန်လည်စုဆောင်းထိန်းသိမ်းကာ ဘုရင့်မြို့ တော်သို့ ပြန်လာခဲ့ပါတယ် ။
ချန်ရှန် ဆေးဘုရင်ခန်းမသို့ ညနေဖက် ပြန်ရောက်လာတယ့်အခါ သူ့အဖေ ချန်တျန်းဟူကို မတ်တပ်ရပ်လျက် တွေ့လိုက်ရသောကြောင့် အတော်လေး အံ့အားသင့်သွားပါတယ် ။
“အဖေ ၊ ဘယ်လိုရောက်လာတာလဲဗျ ၊ အဖေ့ကြည့်ရတာ ဖြူလျော်လျော်နဲ့ ဘာဖြစ်နေတာလဲ”
ချန်ရှန် ချန်တျန်းဟူထံသို့ အလျင်အမြန် ပြေးလာပြီး သူ၏ လက်ကောက်ဝတ်ကို ကိုင်ကာ နတ်အတွင်းအားအာရုံဖြင့် ကြည့်လိုက်ပါတယ် ။ ချန်တျန်းဟူရဲ့ စွမ်းအင်သိုလှောင်ရာ နေရာ ဟာ ပျက်ဆီးလျက်ရှိပြီး ဒဏ်ရာအနည်းငယ်ဟာ သက်သာနေဟန်ရှိကာ ဖြည်းဖြည်းချင်း ကုစားနေတာကို တွေ့ လိုက်ရပါတယ် ။
ချန်ရှန်၏ မျက်နာမှာ မည်သည့် ခံစားမှုမျှ မတွေ့ ရသော်လည်း သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေတယ့် အငွေ့တွေကို ချန်တျန်းဟူ ခံစားမိနေပါတယ် ။ မန်ဘိုနှင့် ချန်လုဇောင်လည်း ထွက်လာကြပြီး သူတို့ဟာ ချန်ရှန်ကိုယ်မှ ထွက်နေတဲ့ အမဲလိုက်ခြင်းနဲ့ ဆိုင်တဲ့ ချီဓာတ်တွေကို မြင်လိုက်ရတယ့်အတွက် အံ့သြသွားကြပါတယ် ။ ဒီလိုချီဓာတ်မျိုး ဟာ လူအစုလိုက်အပြုံလိုက်သတ်ပြီးတဲ့အခါ မြင်တွေ့ ရတာပါ ။ နောက်ပြီး ချန်ရှန်လို လူငယ် တစ်ယောက်အနေနဲ့ ဒီလိုချီဓာတ်မျိုး ဘယ်လိုထွက်ပေါ်နေလဲဆိုတာ စဉ်းစားမရ ဖြစ်နေကြ ပါတယ် ။
“အဖေ ၊ ဘယ်သူလုပ်တာလဲ”
ချန်ရှန် လေးနက်တည်ကြည်စွာဖြင့် မေးလိုက်ပါတယ် ။ ချန်တျန်ုးဟူလည်း သူ့သားကို မတွေ့ ရတာ လများစွာကြာပြီဖြစ်ပြီး ခု ချန်ရှန်အားတွေ့ လိုက်ရတယ့်အခါ များစွာ ပြောင်းလဲနေတာ ကို တွေ့ လိုက်ရပါတယ် ။ တော်တော်လည်း စွမ်းအားကြီးနေမယ်လို့ ခံစားမိလိုက်ပါတယ် ။ သက်ပြင်းချကာဖြင့် ပြန်ပြောပါတယ် ။
“ချန်ဖုယွန်”
ချန်မျိုးနွယ်ရဲ့ သက်ကြီးတစ်ဦးဖြစ်ပြီး သိုင်းပညာဂိုဏ်းမှ ဖြစ်ပြီး သူ၏နာမည်ကို ကြားလိုက်သည်နှင့် ဒီလိုလုပ်ရတယ့် ရည်ရွယ်ချက်ကို သဘောပေါက်လိုက်ပါတယ် ။
“ချန်ဖုယွန် က ဒီဆိုင်ကို ပိတ်ခိုင်းဖို့ လာပြောတယ် ။ ငါကလဲငြင်းလိုက်တာ ၊ အဲဒါနဲ့ ငါ့ကို တိုက်ခိုက်ပြီး ငါလဲဒဏ်ရာရသွားတာ ၊ သူ့အားနဲ့ ငါ့အားက . . . .”
ချန်တျန်းဟူ ဒေါသတကြီး ပြောဆိုပါတယ် ။ ချန်လုဇောင်ကလည်း ဒေါသတွေထွက်ကာ ပြန်ပြောပါတယ် ။
“ဒီကောင်ကတော့ တကယ့်ကို မလေးမစားလုပ်တဲ့လူပဲ ၊ သူ့ကို ဘယ်ချန်မျိုးနွယ်ဝင်ကမှ မကြိုဆိုဘူးဆိုပြီး တခြားမျိုးနွယ်တွေနဲ့ ပေါင်းတယ် ၊ သူလုပ်ချင်တာကိုပဲ သူလုပ်တယ် ။ တကယ့်ကို ဆန်ကုန်မြေလေးကောင်”
ချန်ဖုယွန်ဟာ သိုင်းပညာဂိုဏ်းကဖြစ်ပြီး သူ၏ စွမ်းအားဟာလည်း အဆင့် ၉ ထက် နည်းမည်မဟုတ်ပေ ။ ဒါကြောင့် ချန်ရှန်အနေနဲ့ သူနဲ့ ရင်ဆိုင်ရန် မဖြစ်နိုင်သေးပါ ။ ချန်ရှန် လည်း လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး ဒီလူတနေ့တော့ သူလုပ်တာကို ပြန်ပေးဆပ် ရမယ်လို့ ကျိန်ဆိုလိုက်ပါတော့တယ် ။
ချန်ရှန်၏ ဒေါသများဟာ သူ၏ မျက်နာပေါ်မှာ မမြင်နိုင်သော်လည်း သူ၏ကိုယ်မှ ထွက်ပေါ်နေတဲ့ ချီဓာတ်များကို ကြည့်ခြင်းဖြင့် ဘယ်လောက်တောင် ဒေါသထွက်နေတယ်ဆိုတာကို ချန်တျန်းဟူ ၊ ချန်လုဇောင် နဲ့ တကွ မန်ဘိုတို့ ကောင်းစွာ သိကြပါတယ် ။
“မင်းအဖေက ခု သက်သာနေပါပြီ ၊ သိပ်ပြီး မစိုးရိမ်ပါနဲ့တော့”
မန်ဘို က အားပေးပါတယ် ။ သူဟာ ချန်ရှန်ဆိုတာ သာမန်ထက်ကျော်လွန်တဲ့လူဆိုတာ သိပုံပါပဲ ။ ဒီလောကမှာမနေထိုင်ပဲ သိုင်းလောကဂိုဏ်းကြီးတွေရဲ့ အမှတ်အသား တစ်ခု ဖြစ် လာလိမ့်မယ် ဆိုတာ အသေအချာကို သိနေပါတော့တယ် ။
ချန်ရှန်လည်း ခေါင်းညိမ့်လျက် –
“ကျေးဇူးအများကြီးတင်ပါတယ် ဆရာကြီး မန်ဘို ၊ ကျွန်တော်တို့ လာမယ့် ရက်အနည်းငယ် အတွင်း ဆိုင်ကို ဖွင့်နိုင်အောင် ကြိုးစားရမယ် ။ သူတို့က ဆိုင်ကို ပိတ်ချင်လေလေ ကျွန်တော် ကတော့ ဖွင့်ချင်လေလေပဲ ဟားးဟားး”
ချန်ရှန်လည်း အထက်ပါအတိုင်း ပြောပြီးနောက် ဆိုင်မှထွက်ခွာလာပါတော့တယ် ။ ချန်တျန်းဟူနဲ့တခြားလူများလည်း သူဘယ်ကိုသွားတယ်ဆိုတာ မေးမြန်းဖို့ မကြိုးစားကြ တော့ပါဘူး ။
“ကောင်လေး ၊ မင်းဒေါသတွေ အရမ်းထွက်နေတာ ငါသိပါတယ် ။ ဒါပေမယ့် မင်းစိတ်ကို လျော့ချလိုက်ပြီး ငါပြောတာကို နားထောင်ပါ ။ မင်းစွမ်းအင်တွေ တိုးတက်လာပြီး အဆင့် ၈ ကို ရောက်စေမယ့် နည်းလမ်းတစ်ခု ငါ့မှာ ရှိတယ်”
ဘိုင်ယုယု ရဲ့ အေးစက်စက်လေသံ သူထွက်သွားတာနဲ့ ထွက်လာပါတယ် ။ သူမဟာ သူ၏ ဒေါသများကို လျော့ချပေးရန် ကြိုးစားနေတာပါ ။ ချန်ရှန် မျက်လုံးများ ပြူးသွားပြီး အလျင်အမြန်ပင် မေးလိုက်ပါတယ် ။
“အမတော် ယုယု ၊ ကျွန်တော်ဘယ်လိုလုပ်ရမှာလဲ”
သူဟာအခု အဆင့် ၇ ကိုရောက်နေပေမယ့်လည်း အဆင့် ၈ ကို အချိန်တိုတွင်းရောက်ချင် နေ ပါပြီ ။ ဒီလိုအချိန်တိုတွင်းရမယ်ိုတာ မယုံနိုင်စရာပါပဲ ။ ဒါပေမယ့်လည်း ဒီရေခဲတုံး မိန်းမလှလေးမှာ သူ့အတွက် အကျိုးရှိမယ့် နည်းလမ်းတွေ ရှိပုံပါပဲ ။
“မင်းဟာ မသေနိုင်တဲ့ နတ်မိစ္ဆာ ခန္ဓာကိုယ် ကို မလေ့ကျင့်ရသေးပေမယ့် ငါမင်းကို ငါ့ရဲ့ နတ်မိစ္ဆာ ကျင့်စဉ်တွေကို လေ့လာသင်ကြားဖို့ ခွင့်ပြုမယ်”
နတ်မိစ္ဆာ စွမ်းအားတဲ့လား ၊ ချန်ရှန်ဟာ စုမေးယိုထံမှ ဘိုင်ယုယုရဲ့ နတ်မိစ္ဆာ စွမ်းအားဟာ အလွန်ကြောက်မက်ဖွယ်ကောင်းပြီး စွမ်းအားကြီးတာကို သိထားပါတယ် ။ သူဟာ အရမ်းကို လေ့ကျင့်ချင်ပေမယ့်လည်း သူသင့်တော်တယ့် အဆင့်တစ်ခုရောက်မှသာ ကျင့်လို့ ရမှာ ဖြစ်ပါတယ် ။
“ငါ့ရဲ့ နတ်မိစ္ဆာ စွမ်းအားတွေဟာ အရမ်းကြီးမားတဲ့ အစွမ်းတွေ ရှိပေမယ့်လည်း ဆိုးကျိုး အချို့ တော့ရှိတယ် ။ ဒါပေမယ့်လည်း ဒီသက်ရောက်မှုတွေကို ရှင်းပစ်လို့ ရပါသေးတယ်”
ဘိုင်ယုယုက ချန်ရှန်ကို ရှင်းပြနေတာပါ ။
“ငါ့ရဲ့ နတ်မိစ္ဆာ စွမ်းအားတွေကို လွှမ်းမိုးနိုင်တယ့် နတ်မိစ္ဆာ စွမ်းအားလို့ ခေါ်တယ် ၊ နောက်ပြီး မင်းဟာ တခြားလူရဲ့ စစ်မှန်သော ချီဓာတ်တွေကို လွှမ်းမိုးနိုင်လိမ့်မယ် ။ ဒါဆို တခြားလူရဲ့ ချီဓာတ်တွေ ကို မင်းကိုယ်ထဲမှာ လက်ခံနိုင်ပြီး မင်းဟာ အဲဒိလူရဲ့ စွမ်းအား တစ်ခုလုံးကို ခိုးယူနိုင်သလို ဖြစ်သွားလိမ့်မယ်”
ဘိုင်ယုယု က သူ၏ စွမ်းအားများအကြောင်း ပြောပြနေပါတော့တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset