Switch Mode

Chapter – 42

သတ္တမအဆင့်သို့

Chapter – 42 သတ္တမအဆင့်ဆီသို့

ချန်ရှန် ဟာ ညထိ လေ့ကျင့်နေတုန်းပါပဲ ။ သူ မှော်ကျောက်ဖရုံဆေး ၄ လုံးကို ထုတ်ပြီး အကုန်မြိုချလိုက်ပါတယ် ။ ထိုက်ကျိကျင့်စဉ်ကို ကျင့်နေတယ့်အတွက် ပိုမို အစွမ်းထက်စေ ရန်ပါ ။ မနက်အာရုဏ်တက်ချိန်မှာတော့ ဒန်ရှန်သို့ နက္ခတ်တာယာဝိဉာဉ်တော်ဆေး ပြုလုပ် ရန် ဆေးပင်များ သွားဝယ်ပါတယ် ။
ချန်ရှန်ဟာ ဆေးပင်တွေ ၀ယ်ပြီးနောက် သူ၏ ငွေစများကို စနစ်တကျ သိမ်းထားပါတယ် ။ ဆိုင်အတွက် သူ၏ ငွေစများကို များစွာ ရင်းနှီးမြုပ်နှံလိုက်တယ့်အတွက် သူ့မှာ ငွေစ အနည်း ငယ်သာ ရှိတော့တာပါ ။ ဒါပေမယ့် ဆေးဆိ်ုင်ရဲ့ လုပ်ငန်းများ အထိ်ုင်ကျသွားရင်တော့ ရင်းနီးထားတာတွေသာ မက အကျိုးအမြတ်များစွာပါ ရရှိမှာ ဖြစ်ပါတယ် ။
ဒီရက်တွေမှာ ချန်ရှန် သူ၏ အခန်းထဲတွင် ချီငွေ့ ဆေးကို ပြုလုပ်လျက်ပါ ။ ဆေးလုပ်ရတာ အင်မတန် လွယ်ကူနေပြီး တခါလုပ်ရင် ၆ လုံးတောင် လုပ်နိုင်နေတာဖြစ်ပါတယ် ။ ဒါကိုလည်း နာရီဝက်အတွင်း ၂ စုံစာ ပြုလုပ်နိုင်ခြင်းဖြစ်သည့်အတွက် ငါးနာရီအတွင်းမှာပဲ ဆေးပင် အစုံ ၂၀ စာကို ပြုလုပ်နိုင်ခဲ့ပါတယ် ။ စုစုပေါင်းအားဖြင့် ဆေးလုံး ၁၂၀ ပါပဲ ။ ဈေးကွက်မှာ တစ်လုံးကို ငွေစ ၅၀၀၀ ရနိုင်တယ့်အတွက် ယခု သူသာပြန်ရောင်းပါက ၆၀၀,၀၀၀ တော့ ပြန်ရမှာ မလွဲပေ ။ သူဆေးပင်တွေဝယ်ဖို့ သုံးခဲ့တာက ၁၀၀,၀၀၀ ဖိုးသာသာ ပါပဲ ။ ဒါကြောင့် ဆေးရောင်းခြင်းလုပ်ငန်းဟာ ဘယ်လောက်အကျိုးအမြတ်များ လဲဆိုတာ အရူးတောင် သိနိ်ုင်ပါတယ် ။
မန်ဘိုဟာ သူ၏မီးဖိုပေါ်သို့ သွေးစက်ချလျှင် မီးဖိုမှ ပိုင်ရှင်အဖြစ် လက်ခံတယ်ဆိုတဲ့အ ကြောင်း မသိသေးပါဘူး ။ ဒါကြောင့် သူဟာ မီးဖိုရဲ့ တကယ့် အစစ်အမှန် စွမ်းရည်ကို အသုံးမချနိုင်ခဲ့ပါဘူး ။ တကယ်လို့ မန်ဘိုသာသိခဲ့မည်ဆိုပါက . . ချန်ရှန် မျက်နာချင်းပင် မဆိုင်နိုင်အောင် အမ်းတန်းတန်း ဖြစ်နေပါတယ် ။ ဒါက သူ့ကို အနေခက်စေသောကြောင့် သူဟာ မန်ဘိုအား ဆေးဖက်ဝင်သတ္တုသစ်သီး တစ်လုံး နှင့် ငရဲဝိဉာဉ်တော်မြက် အနည်းငယ်အား ပေးလိုက်ပါတယ် ။ အဲလိုမှသာ သူလည်း နေသာထိုင်သာရှိသွားပါတော့ တယ် ။
ညအချိန်မှာတော့ ၊ ချန်ရှန် ချီငွေ့ ဆေး တချို့ ယူကာ တောထဲထွက်ခဲ့ပါတယ် ။ တောထဲ ရောက်တယ့်အခါမှာတော့ ဆေး ၁၀ လုံးကို တပြိုင်ထဲ သောက်ချလိုက်ပုံဟာ သကြားလုံး စားနေသလိုပါပဲ ။ ဒါကိုသာ တစ်ယောက်ယောက် မြင်ပါက မေးရိုးများပင် မြေကြီးထိကာ အံ့သြသွားပါလိ့မ်မယ် ။ ချန်ရှန်လည်း ထိုက်ကျိကျင့်စဉ်ကို ကျင့်လျက် ချီဓာတ်များကို ခွဲခြမ်း စိတ်ဖြာနေပါတယ် ။ ဒီအချိန်မှာ ခုနက သောက်လိုက်သော ဆေးမှ ချီဓာတ်ငွေ့ များထွက်လာသလို ခံစားလိုက်ရတယ် ။
ညတိုင်း ချန်ရှန်ဟာ ချီငွေ့ ဆေး ၁၀ လုံးစားကာ သူ၏ ချီဓာတ်များကို လေ့ကျင့်ပြီး နေ့ဘက် မှာတော့ မိုးပြာနဂါးနှင့် ဇုချီဓာတ် နတ်အတွင်းအားသင်္ကေတလေးခုကို ကျင့်လျက် ရှိနေပါ တော့တယ် ။ အဖြူရောင်ကျားကျင့်စဉ် နှင့် အမည်းရောင်လိပ်ကျင့်စဉ်တွေကိုတော့ မကျင့်နိုင် သေးပါဘူး ။ အဖြူရောင်ကျားကျင့်စဉ်ဟာ ချီဓာတ် သိပ်သည်းစများတဲ့ ပတ်ဝန်းကျင်ကို လိုအပ်တာဖြစ်ပြီး အမည်းရောင်လိပ်ကျင့်စဉ် ကျင့်ရန်ကတော့ ရေအပြည့် ရှိတယ့် ပတ်ဝန်းကျင်ကို လိုအပ်တာ ဖြစ်ပါတယ် ။ နောက်ပြီး ဒီ ၂ ခုလုံးဟာ သူ၏ သိုင်းပညာ အဆင့် ၉ အထက်ဖြစ်ရန်လည်း လိုအပ်ပါသေးတယ် ။ ဒါကြောင့် သူလည်း ဒီကျင့်စဉ် ၂ ခုကို စိတ်ထဲမှာပဲ သိမ်းထားလိုက်ပါတော့တယ် ။
မျက်စိတမှိတ်အတွင်းမှာပဲ ဘုရင့်မြို့ တော်ရဲ့ သိုင်းပြိုင်ပွဲဟာ ကျင်းပရန် ၃ ရက်သာ လိုပါတော့တယ် ။
ညအချိန်တွင် လမင်းကြီးဟာ တောက်ပစွာ လင်းလက်ကာ ကြယ်များစွာဟာလည်း မှိတ်တုတ် မှိတ်တုတ်ဖြင့် တောက်ပနေကြပါတယ် ။ ချန်ရှန်ကတော့ တောအုပ်ထဲတွင် ချီဓာတ်များ အများအပြား စုပ်ယူခြင်းနဲ့ အလုပ်များလျက်ပါ ။ တချိန်တည်းမှာပဲ ချီငွေ့ ဆေး အများအပြားကို ယူလိုက်ပါတယ် ။ ဒီရက်တွေမှာ သူဟာ များစွာသော ချီငွေ့ ဆေးများကို သုံးစွဲခဲ့ပါတယ် ။ ဒါကြောင့်ပဲ ချီသိပ်သည်းဆ နည်းသည့် ပတ်ဝန်းကျင်မှာတောင် သူ့ အတွက် ချီဓာတ်ဟာ လုံလောက်သလို ဖြစ်နေစေပါတယ် ။
ချန်ရှန် ခန္ဓာကိုယ် ပတ်လည်မှာ အဖြူရောင် မြူများ ဝိုင်းလျက် ထူးဆန်းသော စွမ်းအင်တစ် မျိုး ထွက်လျက်ရှိနေတယ် ။ သူ့နားမှာ ရှိတယ့် သစ်ရွက်များဟာ လည်း မြူများကို ထိတာနဲ့ သေးငယ်သော အမှုန်များ အဖြစ် ပြောင်းသွားပါတော့တယ် ။
ဒီမြူငွေ့ များဟာ ချီငွေ့ အပြင် ဘာများဖြစ်နိုင်ဦးမည်နည်း ၊ ခုတော့ သူ၏ စစ်မှန်သော ချီဓာတ် များကို အငွေ့ အဖြစ် ပြောင်းရန် လိုအပ်ချက်ကို နားလည်သွားပါပြီ ။ ဒါပေမယ့် သူဟာ ချီဓာတ်အများကြီးကို အသုံးပြုနေရတာ ဖြစ်ပါတယ် ။တချို့ လူများဟာ ဒီ ချီဓာတ်များကို အငွေ့ အဖြစ် အဆက်မပြတ်ထုတ်ပြီး တိုက်ခိုက်နိုင်ကြတာပါ ။
မနက်စောစော တောအုပ်ထဲမှာတော့ ရင်ဘတ်ဗလာကျင်းထားသူ လူငယ်တစ်ယောက် သူ၏ လက်သီးဖြင့် ကျောက်တုံးကြီးအား အစိတ်စိတ်အမွှာမွှာ ခွဲလိုက်ပါတယ် ။ လက်သီး ထိုးလိုက်သည့်အခါ လေများပင်ခတ်လျက် သူ၏ လက်သီးဖြင့်ထိသည့် မည်သည့် ကျောက် တုံးကြီးမဆို တဘုန်းဘုန်းဖြင့် အသံများမြည်လျက် ကွဲကြေကုန်ကြပါတယ် ။ ကွဲစများမှာ လည်း သူ၏ ချီငွေ့ များ တစိမ့်စိမ့် ထွက်လျက်ပါပဲ ။ ကြေမွသွားကြပုံမှာ အပေါ်မြင့်မြင့်မှ ရွှံ့ တုံးကြီးတစ်တုံးအား ပစ်ချလိုက်သလိုပါပဲ ။
“ဒါသတ္တမမြောက်အဆင့်ပဲ ။ ခုတော့ အတွေးတစ်ချက်နဲ့ ငါ့ရဲ့ စစ်မှန်တဲ့ချီဓာတ်တွေကို စစ်မှန်တဲ့ အငွေ့ အဖြစ် ပြောင်းလဲနိ်ုင်ပြီပေါ့။”
ချန်ရှန် လက်သီးများကို ပွတ်လျက် ခြေဆောင့်လိုက်သောအခါ ကျောက်တုံးကွဲစများဟာ မြောက်တက်လာကြပါတယ် ။ ထို့နောက် သူ၏ ကိုယ်မှ ချီငွေ့ များ ကြောက်မက်ဖွယ်ထုတ် လွှတ်လျက် ၎င်းကျောက်တုံးစများအား အမှုန့်အဖြစ် ကွဲကြေသွားစေပါတော့တယ် ။
ချန်ရှန် သူ၏ ယခင် အဆင့် ၆ ထက် ယခုအဆင့် ၇ ဟာ များစွာ ကွာခြားတာကို စဉ်းစားမိ လိုက်ပါတယ် ။ ဒါပေမယ့်လည်း ဒီအဆင့်ဟာ ဂိုဏ်းကြီးတွေမှာ ဘာမှမဟုတ်သေးပါဘူး ။ အဆင့် ၉ ကျော်တယ့် ပညာရှင်မှသာ ဂိုဏ်းထဲမှာ ကောင်းကောင်း ရပ်တည်နေနိုင်မှာပဲ ဖြစ်ပါတယ် ။
မန်ဘိုလို တောင်ပိုင်းအင်ပါယာရဲ့ ဆေးဆရာကြီးဟာ ဆေးဘု၇င်ခန်းမကို ရောက်လာသည့် အတွက် ဘုရင့်မြို့ တော် တစ်ခုလုံး အုတ်အုတ်ကျက်ကျက် ဖြစ်နေပါတယ် ။ ဆေးဘုရင်ခန်းမ ရဲ့ ဂုဏ်သတင်းဟာလည်း ဆိုင်မဖွင့်ခင်မှာတင် ပြန့်နှံ့ လျက်ပါပဲ ။ လူများစွာဟာလည်း နေ့ တိုင်းလာရောက်လျက် ဆိုင်ဖွင့်ပွဲရက်ကိုပဲ မေးနေလေ့ရှိကြပါတယ် ။ မန်ဘို ၀င်ရောက်လာ ခြင်းကြောင့် ယောင်မျိုးနွယ်ဟာလည်း ဖိအားများ ရင်ဆိုင်နေရလျက်ပါ ။ ဘာကြောင့်လဲဆို တော့ ချန်မျိုးနွယ်ရဲ့ ဆေးဘုရင်ခန်းမဟာ သူတို့ရဲ့ နေရာကိုကျော်လွန်ပြီး တောင်ပိုင်း အင်ပါယာမှာ ကျော်ကြားသွားမှာကို ကြောက်နေကြပါတယ် ။
ဒန်ရှန်ကတော့ ဆေးများရောင်းနေရသော်လည်း ဆေးပင်ရောင်းချရမှုမှာတော့ ကျဆင်းမှု ရှိမှာပါ ။ ဒါပေမယ့်လည်း သူတို့ဟာ တခြား အဆက်အသွယ်များနှင့် ဆိုင်များစွာ ရှိသောကြောင့် အရမ်ကြီး ထိခိုက်မှုတော့ မရှိလှပေ ။
ချန်ရှန် အ၀တ်အစားများ လဲလှယ်ပြီးနော် မြို့ ထဲ လမ်းလျှောက်ထွက်ခဲ့ပါတယ် ။ စိတ်ထဲတွင် လည်း ဆေးဘုရင်ခန်းမ ဖွင့်မယ့်အကြောင်း စဉ်းစားလျက်ပါ ။ လမ်းတစ်လျှောက်မှာ သူဟာ တစ်ခုခု လွဲမှားနေတာကို သတိပြုမိလိုက်ပါတယ် ။ တောအုပ်ထဲ တစ်ယောက်ယောက် ပုန်းနေလို ခံစားမိပါတယ် ။
“ထွက်ခဲ့ပါ ၊ အခု ပုန်းနေစရာမလိုပါဘူး”
ချန်ရှန်အသံဟာ အေးစက်လျက်ပါ ၊ သွေးဆာနေမှုများလည်း ပါဝင်နေသလိုပါပဲ ။ သူနဲ့ ယောင်မျိုးနွယ် ရန်သူတွေ စဖြစ်ကတည်းက သူဟာ အမြဲ သတိထားနေနေတာပါ ။ သူဟာ ယောင်မျိုးနွယ်မှ သူ့ကို ရှင်းပစ်ရန် အနှေးနဲ့အမြန် ဆိုသလို တစ်ယောက်ယောက်စေလွှတ် မှာကို သိနေခဲ့ပါတယ် ။
သူ့ စကားဆုံးတာနဲ “ရွှီ” လို့မြည်သံနဲ့ အတူ သူ့ဆီ ၀င်လာတဲ့ မြားတံအား ချန်ရှန်ဟာ လျှပ်စီး လက်သလို မြန်ဆန်လှတယ့် လက်များ ဆန့်ထုတ်ပြီး ဖမ်းလိုက်ပါတယ် ။ ထို့နောက် လျင်မြန် စွာ လှုပ်ရှားပြီး တောအုပ်ထဲသို့ပြေးထွက်သွားပုံမှာ အလင်းတန်းတစ်ခုလိုပါပဲ ။
ချန်ရှန် သစ်ပင်အနီးတစ်ခုမှထွက်လာကာ ချီဓာတ်များစုပြီး ဘုန်းကနဲ မြည်အောင် သစ်ပင် ကြီးအား လက်သီးဖြင့် ထိုးလိုက်ပါတော့တယ် ။ သစ်ပင်ကြီးလည်း ကွဲကြေသွားကာ ချက်ချင်းပင် သစ်ပင်နောက်မှ အော်သံတစ်ခု ထွက်လာပါတယ် ။ ချန်ရှန်၏ ပြင်းထန်လှသော ခွန်အားမှ ပေါက်ကွဲထွက်လာမှုကြောင့် သေဆုံးသွားခဲ့ပါပြီ။
ချန်ရှန် မျက်ခုံးများ မြင့်တက်သွားပါတယ် ။ သူ၏ ပတ်ဝန်းကျင်မှ ဖြစ်ပျက်နေမှုများကို အာရုံခံနိုင်သော စွမ်းရည်သည် အထူးကောင်းမွန်နေတာ တွေ့ လိုက်ရတယ် ။ အဆင့် ၇ ရောက်ပြီးကတည်းက သူ၏ နတ်အတွင်းအား အာရုံများမှာ ပိုမိုတိကျလာသလိုပါပင် ။ ဒီအချိန်မှာပဲ များစွာသော မြားတွေဟာ မိုးရွာသလို သူ့ဆီသို့ လာနေတာကို ခံစားလိုက်မိ ပါတယ် ။
ရုတ်တရက်ပဲ သူ၏ စွမ်းအင်သိုလှောင်ရာမှတဆင့် မိုးပြာရောင် ချီငွေ့ များ ထွက်လာပြီး သူ့အရှေ့ တွင် နံရံတစ်ခုကဲ့သို့ အငွေ့များကို ကာရံလိုက်ပါတယ် ။ မြှားမိုးများမှာ ဒီနံရံကြောင့် သူ့ဆီ လုံးဝ မရောက်နိုင်တော့ပါဘူး ။
“မြှားအစင်း ၃၀၀ ပဲ ၊ လူအယောက် ၃၀၀ ပေါ့ ၊ ငါ့ကိုသတ်ဖို့ မစောင့်နိုင်ကြတော့ဘူး ထင်တယ်”
ချန်ရှန်မျက်နာတစ်ခုလုံး အေးစက်သွားပါတယ် ။ သူ၏နှလုံးသားဟာလည်း ပြင်းထန်လှ သော တိုက်ခိုက်ချင်စိတ်မား ဖြစ်ပေါ်လာပါတော့တယ် ။
“မင်းတို့ သတ်ချင်သတ် ၊ ပြီးရင်တော့ နောင်တမရနဲ့”
ချန်ရှန် ကြုံးဝါးလိုက်ပြီး ပြင်းထန်လှသော ချီဓာတ် လှိုင်းတွေဟာ တောအုပ်တစ်ခုလုံးကို ပြင်းစွာ တိုက်ခတ်ပါတော့တယ် ။
အဖြူရောင်ကျားဟာ အမဲလိုက်ပြီး အစုလိုက်အပြုံလိုက်သတ်ဖြတ်ရာမှာ အကောင်းဆုံး ဖြစ်ပါတယ် ။ အဖြူရောင်ကျား ကျင့်စဉ်ကို လေ့ကျင့်ပြီးရင် လေ့ကျင့်သူဟာ ပြင်းထန်လှတဲ့ အမဲလိုက်ချီဓာတ်တွေကို ပိုင်ဆိုင်မှာဖြစ်ပြီး တဖက်ရန်သူများကို ဖရိုဖရဲ ဖြစ်စေနိုင်ပါတယ် ။ ချန်ရှန်ဟာ အဖြူရောင်ကျားကျင့်စဉ်ကို မကျွမ်းကျင်သော်လည်း အခြေအနေအရ အစုလိုက် အပြုံလိုက်ရန်သူများကြောင့် ဒီကျင့်စဉ်တွင် အရေးပါပြီး အဓိကအခြေခံကျတယ့် အဖြူရောင်ကျား ကျင့်စဉ်၏ “အမဲလိုက်ခြင်း နှလုံးသား” ဆိုသည့် တိုက်ကွက်ကို သုံးတာပါ ။ သူဟာ ၎င်းကျင့်စဉ်ကို ကောင်းကောင်းတော့ နားလည်ပါတယ် ။
ချန်ရှန် သူ၏နတ်အတွင်းအားအာရုံများကို ထုတ်လွှတ်ပြီး အလျင်အမြန်ပဲ သစ်ပင်ကြီး တစ်ပင် နားကို ရောက်သွားပါတယ် ။ များစွာသောလူများ ပုန်းအောင်းနေတာကိုလည်း အာရုံခံမိလိုက်ပါတော့တယ် ။ သူတို့ဟာ ကောင်းကောင်းပုန်းနေကြသော်လည်း ချန်ရှန် မမြင်အောင်တော့ မစွမ်းဆောင်နိုင်ကြပေ ။
“ဟက် ၊ ဒီအရည်အချင်းတွေနဲ့ ငါ့ကို သတ်ချင်တယ်ပေ့ါ”
ချန်ရှန် အေးစက်စွာ ပြောလိုက်တယ် ။ ထို့နောက် ပေါ့ပါးလျင်မြန်စွာဖြင့် ခုန်လိုက်ပါတယ် ။ သူ့အား ပုန်းနေသောသူများဟာ မမြင်ကြပါဘူး ။ သူတို့ ဘက်က တိုက်ရင်တောင်မှ အကာကွယ် နံရံက ခံနေမှာဖြစ်ပါတယ် ။ မိုးပြာရောင်ငွေ့ များ ချန်ရှန်လက်သီးမှ ထွက်လာပြီး မိုးကြိုးလျှပ်စီးများ ၎င်းတို့အထက်မှာ တဖြတ်ဖြတ်လတ်သွားပါတယ် ။ ထို့နောက် ခုန်နေရမှ သစ်ပင်ကြီးအား ထိုးချလိုက်ပါတော့တယ် ။
“ဘုန်းးး….. ဘုန်းးးးး ……. ဘုန်းးးးးးးး”
မိုးပြာရောင် လျှပ်စီးဟာ သစ်ပင်တစ်ခုလုံးဆီ ရိုက်ခတ်သွားကာ အပိုင်းအစများစွာ ကွဲထွက် သွားပါတော့တယ် ။ မီးတောက်များနှင့် လျှပ်စီးများ အငွေ့များဟာ လောင်ကျွမ်းလျက် သစ်ပင်ထိပ်ဖျားဟာလည်း မည်းတူးလို့နေပါတယ် ။ မကြာခင်မှာပဲ မည်းတူးခြစ်နေတယ့် ခန္ဓာကိုယ် ၆ ခု အပေါ်မှ ပြုတ်ကျလာပါတော့တယ် . . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset