Switch Mode

Chapter – 41

နဂါးမီးတောက်မီးဖို

Chapter – 41 နဂါးမီးတောက်မီးဖို

မီးနဂါးသွေးကျောက် တဲ့လား ၊ ချန်ရှန် တုန်လှုပ်သွားတယ် ။ ထူးကဲလှတယ့် ယန် မီးဖိုဟာ ထူးခြားလှသော ယန် ကျောက်တုံးနဲ့ ပြုလုပ်ထားတာမဟုတ်ဘူးပေါ့ ။ ဒါပေမယ့် မီးနဂါးသွေး ကျောက် နဲ့ လုပ်ထားသတဲ့ ။ နာမည်အရတော့ မီးနဂါးသွေးကျောက်ဆိုတာ မီးနဂါးရဲ့ သွေး က ဖြစ်တဲ့ ကျောက်နဲ့ ဖြစ်မယ့်ပုံပါပဲ ။
ဒဏ္ဍာရီလာ ရှေးကျတဲ့ နတ်သားရဲနဂါးတွေဟာ ကောင်းကင်နဲ့ မြေကြီးကြားမှာ ရှိပြီး မည်သူ မျှ မြင်ဖူးခြင်း မရှိပါဘူး ။
“မီးနဂါးသွေးကျောက်ဟာ မီးနဂါးရဲ့ သွေးကို ပုံပြောင်းထားတာပဲ ။ ၎င်းဟာ ဖျက်ဆီးလို့ မရ နိုင်တယ့်အပြင် မီးချီဓာတ်တွေ ထွက်နေသေးတယ် ။ ဒါဟာ ဆေးလုပ်ရာမှာ တော်တော် အထောက်အကူပေးလို့ပဲ ။ ဒီမီးဖိုက အလေးအမြတ်ထားစရာ နဂါးလက်နက် တစ်မျိုးပဲ ။”
ပြောပြပြီးနောက် စုမေးယိုလည်း သူမ၏ လှပသော ပါးမို့မို့လေးများမှာ နှင်းဆီရောင် သန်းလျက်ရှိသည် ။ စိတ်လှုပ်ရှားနေပုံပါပဲ ။ အေးစက်စက်နေလေ့ရှိသည့် ဘိုင်ယုယု တောင် မူလက သူမမျက်နာမှာ နှင်းလို ဖြူဖတ်ဖြူလျော် ဖြစ်သော်လည်း ယခုတော့ စိတ်လှုပ်ရှားမှု များကို အတိုင်းသား မြင်တွေ့ နိုင်သည် ။
ချန်ရှန်လည်း ဒီမီးဖိုဟာ တော်တော် တန်ဖိုးကြီးမှန်း သိလိုက်ပါပြီ သို့သော် မရှင်းတာ တစ်ခု သူ၏ စိတ်ထဲတွင်ရှိနေတယ် ။
“ဘယ်လို တန်ဖိုးကြီးတာလဲ”
တီးတိုးရေရွတ်လိုက်မိပါတယ် ။ စုမေးယိုလည်း တချက်ပြုံးပြီး ပြောလိုက်ပါတယ် ။
“အရူးလေး ၊ မင်းကတော့ အကျိုးအမြတ် အများကြီး ရှိသွားပြီ ။ ဒီအပြင်လောကမှာ များစွာသော မှော်လက်နက်တွေကို ခုလိုခွဲခြားနိုင်တယ် ။ သာမန်လက်နက် ၊ ဝိဉာဉ်တော် လက်နက် ၊ တန်ဖိုးကြီးလက်နက် နဲ့ ၎င်း အထက်တို့ဖြစ်ပြီး အဲဒိအထက်မှာတော့ ကောင်း ကင်လက်နက် နဲူ့သူ့ အထက်မှာ မဖျက်ဆီးနိုင်တယ့် လက်နက်နဲ့ အထွတ်အမြတ်ထားရာ လက်နက်ဆိုပြီးရှိတယ် ။ ဒီ အထွတ်အမြတ်ထားရာ လက်နက်ထဲမှာ ကြီးမြတ်တဲ့ နဂါးရဲ့ အစိတ်အပိုင်းတွေ ပါဝင်ကြတယ့် လက်နက်တွေဟာ အစွမ်းအကြီးဆုံးပဲ ။ လက်နက်လုပ်နေ တုန်း နဂါးရဲ့ အစိတ်အပိုင်းတွေကို ထည့်သွင်းပြုလုပ်ထားလို့ပဲ ။ ခုဒါက အဲဒိအမျိုးအစားပဲ”
ချန်ရှန် ပါးစပ်အဟောင်းသားဖြစ်သွားပါတယ် ။ သူ့ အတွက်ကတော့ မယုံကြည်နိုင်စရာပါပဲ ။
“ဒီ အဂ္ဂိရတ် မီးဖို က ကောင်းကင်က လက်နက်လိုတဲ့လား”
“ဒါက သဘာဝပါပဲ ၊ ဒီ အပြင်လောကမှာသာ နဂါးတစ်ကောင်ပေါ်လာရင် အကုန်ပျက်ဆီး ကြေမွကုန်မှာပဲ ။ နဂါးက ထွက်တယ့် စွမ်းအင်တွေကို ခုခံနိုင်စွမ်းမရှိကြဘူးလေ”
ဘိုင်ယုယု က ၀င်ပြောပါတယ် ။
“တကယ်ပဲ နဂါးလား”
ချန်ရှန် တံတွေး မျိုချလျက် မေးလိုက်ပါတယ် ။ စုမေးယိုက သူမ၏ ကျောက်မျက်ရတနာများ စီခြယ်ထားသလို လက်လေးများနဲ့ နဖူးပေါ်ကျနေတယ့် ဆံပင်များကို သပ်တင်ရင်း ပြန်ပြော ပါတယ် ။
“ဒါပေါ့ ၊ မင်း ဒီ အပြင်လောကကနေ ထွက်ခွာနိုင်တဲ့ အခွင့်အရေးရှိပါတယ် ။ ပြီးရင် ဒီထက်မြင့်တယ့် လောက ကိုသွားပေ့ါ အဲဒိမှာ မင်း မင်းရဲ့ အဆင့်ဟာ တော်တော် အရေးမပါ သေးမှန်း သိလိမ့်မယ်”
“ကျွန်တော် သွားမှာပါ ၊ ကျွန်တော် ဒီမီးဖိုကို ဘယ်လိုသုံးရမလဲ မသိဘူး ၊ အမတော် မေးယို ကျွန်တော့ကို အထွတ်အမြတ်ထားရာ နဂါးလက်နက်ကိုဘယ်လို သုံးရတယ်ဆိုတာ သင်ပေး ပါဦး”
စကားဆုံးလျှင်ပဲ ဘိုင်ယုယု လည်း ကွင်းထဲဝင်ရောက် ပျောက်ကွယ် သွားပါတယ် ။ စုမေးယိုကတော့ တည်ငြိမ်စွာ ရပ်နေလျက်ပါ ။ ပါးပါးလေးပြုံးလျက် အလွန် စွဲဆောင်မှု ရှိလှ တယ့် မျက်နာပေးဖြင့် ကြည့်လျက် ပြောပါတယ် ။
“မီးဖိုကို ထုတ်ပြီး သွေးစက်ချလိုက်”
ချန်ရှန် မီးဖိုကို ထုတ်လိုက်ပြီးနောက် သူ၏ လက်ချောင်းကို ဓားအသေးလေးတစ်ခုဖြင့် လှီးကာ သွေးစက်များအား မီးဖိုပေါ် ကျစေလိုက်ပါတယ် ။ သွေးစက်များ အနီရောင်မီးဖိုကို ထိလိုက်တာနဲ့ အနီရောင် အလင်းတန်းတစ်ခု ရုတ်တရက် လင်းလက်သွားပြီး ဒီအချိန်မှာပဲ သူ၏ စိတ်ထဲတွင် အချက်အလက်များစွာ ထွက်ပေါ်လာသလိုပါပဲ ။ ချန်ရှန် စိတ်လှုပ်ရှားစွာ ချက်ချင်း မတ်တပ်ရပ်လိုက်တယ် ။
“ဒီမီးဖိုကို နဂါးမီးတောက် မီးဖို လို့ ခေါ်တယ် ။ “ယန်လောင်ဇီ” လို့ခေါ်တယ့် လူက လုပ်ခဲ့တာပဲ”
ချန်ရှန် စိတ်လှုပ်ရှားစွာပြန်ပြောလိုက်တယ် ။
“ဒီမီးဖိုက ဆေးလုပ်ရင် အထဲက အပူချိန်ကို ကောင်းကောင်း လိုသလို ထိန်းချုပ်ပေးတယ် ။ ဒါတင်မကသေးဘူး မီးတောက်တွေ အရည်အသွေးကိုလည်း ကောင်းမွန်စေသေးတယ် ။ မီးတောက်ထဲမှာ နဂါးမီးတောက်ကျောက်ဟာ ဆေးပညာအတွက် အသုံးဝင်တယ့် မီးအဖြစ် ပြောင်းလဲပေးတာပဲ”
ချန်ရှန်လဲ ပိုမိုစိတ်လှုပ်ရှားကာ ပြန်ပြောပါတယ် ။
“အစွမ်းထက်ဆုံး အချက်ကတော့ ဒီမီးဖိုက ဆေးလုပ်တဲ့ ကြာချိန်ကို လျော့ချပေးတာပဲ ။ ယင်နဲ့ယန် သဘောအရ အထဲမှာရှိတယ့် အချိန်ရဲ့ ကြာချိန်ကို လိုသလို ထိန်းချုပ်နိုင်တာပေါ့”
စုမေးယိုလည်း ဆွဲဆောင်မှုရှိလှတယ့် ခန္ဓာကိုယ်ကို ကိုင်းညွတ်ပြီး အကြောဆန့်နေပုံမှာ အသည်းယားစရာပါပဲ ။ ထို့နောက် ပြည့်နေသော လမင်းကြီးကို ကြည့်ကာ တီးတိုးရေရွတ်ပါတယ် ။
“ငါနဲ့ငါ့အမ စွမ်းအားတွေ ပြန်ရဖို့ အကြာကြီး မစောင့်ချင်တော့ဘူး ၊ ယန်လောင်ဇီ ဆိုတာ ဒီလက်နက်လုပ်တယ့်လူဖြစ်ပြီး တော်တော်လည်း ထင်ရှားပေတယ် ။ ဒါပေမယ့် ငါတော့ သိပ်မသိလှဘူး”
စုမေးယို နှုတ်ခမ်းများကိုက်ပြီး စဉ်းစားနေပုံပါပဲ ။ ချန်ရှန်လည်း ရယ်မောကာ –
“အမတော် မေးယို ၊ ဘယ်သိပ်သိမလဲဗျ ၊ ဒီလူက ကောင်းကင်ဘုံက လူဖြစ်မှာပေ့ါ ၊အရင်က မှော်ကျောက်ဖရုံဆေးလုပ်တာ တစ်နာရီခွဲ ကြာခဲ့တယ် ခုတော့ နာရီဝက်နဲ့ ပြီးလောက်မယ် ထင်တယ်ဗျာ ၊ ဒါတောင်မှ နာရီဝက်ဆိုတာ တော်တော်ကြာသေးတယ်”
ချန်ရှန်မီးဖိုအား ကိုင်လျက် သူ၏မျက်နာမှာ စိတ်လှုပ်ရှားမှုများ ပြည့်နေပုံပါပဲ ။ စုမေးယိုလည်း ချန်ရှန်အား အပြုံးလေးဖြင့် ကြည့်လျက်ပါ ။ ချန်ရှန်လည်း စိတ်ထဲမှာ ရှင်းလျက် ချောင်း ၂ ချက်ဟန့်ကာ ပြောလိုက်ပါတယ် ။
“ကျွန်တော် အမတော်တို့ စွမ်းအားတွေ မြန်မြန် ပြန်ရအောင် ကူညီပါ့မယ် ။ ကျွန်တော်က တော့ အရမ်းပျော်နေပြီ ။ ကြိုးစားပေးပါ့မယ်ဗျာ”
စုမေးယို အနီးသို့ကပ်လာပြီး သူမ၏ လှပသွယ်လျသော လက်လေးများဖြင့် ချန်ရှန်၏ ပါးအား ကိုင်ကာ သစ်ခွပန်းရနဲ့များ လှိုင်လျက် လေသံတီးတိုးဖြင့် ပြောပါတယ် ။
“မင်းကတော်တော် ချစ်ဖို့ကောင်းတယ် ၊ ငါကိုက်မိတော့မယ်”
ချိုသာ စွဲမက်ဖွယ်ကောင်းတယ့်အသံလေးကို နားထောင်ရင်း ချန်ရှန်တစ်ယောက် ဆောက် တည်ရာမရဖြစ်နေပါပြီ ။ တံတွေးပင် မြိုချမိနေကာ အာရုံများစုစည်းပြီးနောက် ရယ်ကာ ပြန်ပြောလိုက်ပါတယ် ။
“အမတော် မေးယို ၊ ကျွန်တော် စလေ့ကျင့်တော့မယ် ၊ ခု ဒီမီးဖိုရဲ့ စွမ်းအားကို မသုံးရသေးဘူး ၊ ကျွန်တော် ဒီထက် သန်မာဖို့လိုအပ်သေးတယ်ဗျာ”
စုမေးယို ပြုံးလျက် ခေါင်းညိမ့်လိုက်ပါတယ် ။ ထို့နောက် ချန်ရှန်၏ ပါးအား အနမ်းတစ်ပွင့် ပေးကာ အလျင်အမြန်ပင် ကွင်းထဲ ပြန်ဝင်သွားပါတော့တယ် ။ ချန်ရှန်တစ်ယောက်သာ မိန်းမောလျက် ကျန်ခဲ့ပါတယ် ။
သူ၏ပါးကို ကိုင်ကြည့်ပြီး သူ၏ နှလုံးသားမှာလည်း ခုန်လျက်ရှိနေပါတယ် ။ ဒီမိန်းမလှလေး သူ့ကို နမ်းမယ်လို့ မမျှော်လင့်ခဲ့ပါဘူး ။ ဒီ ညီအမ ၂ ယောက်ကို သူစိတ်ကူးမယဉ်ရဲပါ ။ သူတို့ဟာ လုံးဝလှပပြီး စွမ်းအားကြီးလွန်းသောကြောင့် စိတ်မကူးဝံ့ပါဘူး ။ ခုတော့ လေထဲ တိုက်အိမ် အနည်းငယ်တော့ ဆောက်လို့ရပြီ ထင်ပါရဲ့ . . ။
ချန်ရှန် အရမ်းပျော်ရွှင်နေပါတယ် ။ ဒီလိုမိန်းမလှလေးနဲ့ ရင်းရင်းနီးနီး နေခွင့် ရတာ တော်တော် ပျော်စရာပါပဲ ။
ချန်ရှန် မူလက ညဘက်မှာ လေ့ကျင့်ဖို့ အစီအစဉ်ဆွဲထားသော်လည်း ဒီလို မီးဖိုကို ရလာတဲ့ အတွက် ချက်ချင်းပင် စမ်းသပ် ကြည့်ချင်နေပါပြီ ။ ချန်ရှန် ဆေးပင်အမြောက်အများသယ် လာခဲ့တယ် ။ မှော်ကျောက်ဖရုံဆေး လုပ်ဖို့ပါပဲ ။ ဆေးပင်တွေကို မီးဖိုထဲထည့်လိုက်တဲ့အခါ သူ၏ စိတ်ထဲ မီးဖိုထဲရှိပုံစံအား ရှင်းလင်းစွာ မြင်ရသလိုပါပဲ ။ဆေးပင်ရဲ့ အစက်အပျောက်များ ပါ ရှင်းလင်းပြတ်သားစွာ မြင်နေရပါတယ် ။
ဒီအချိန်မှာ ချန်ရှန် မီးဖိုထဲ မီးတောက်များ ထည့်လိုက်ပါတယ် ။ ထို့နောက် မီးတောက်များ အား ထိန်းချုပ်ပါတော့တယ် ။ နတ်အတွင်းအားအာရုံ နည်းနည်းလေး သုံးတာတောင် မီးဖိုထဲ ရှိမီးတောက်အား ကောင်းကောင်းထိန်းချုပ်နိုင်တာကို တွေ့ ရပါတော့တယ် ။
ဒီအချိန်မှာပဲ ချန်ရှန်တစ်ယောက် သူမီးဖိုကောင်းကောင်း ရလိုက်ပြီ ဆိုတာကို သိသွားပါတယ် ။ ဆေးလုပ်ရာမှာ အား တ၀က်သာ စိုက်ထုတ်စရာလိုပြီး ရလဒ်ကတော့ ၂ ဆ ဖြစ်စေတော့မှာပါ ။ ဒီလို နဂါးမီးတောက်မီးဖိုရဲ့ အစွမ်းကြောင့် အားစိုက်ထုတ်စရာမလို လောက်အောင်ကို သက်သာနေပါပြီ ။
နာရီဝက်လောက် ကြာပြီးချိန်မှာပဲ မှော်ကျောက်ဖရုံဆေးအား ၂ ကြိမ်ထုတ်နိုင်ခဲ့ပြီး တစ်ကြိမ်မှာ လေးလုံးစီ လုပ်နိုင်ခဲ့တာပါ ။ အရင်က တစ်ကြိမ်ကို ၃ လုံးပဲ ရနေကျပါ ။ ခုတော့ မီးဖိုအစွမ်းနဲ့ ဆေးပင်အားလုံးကို ဆေးအဖြစ် ကောင်းကောင်း လုပ်နိုင်တော့မှာပေါ့ ။ အချိန် ကုန်သက်သာစွာဖြင့် လုပ်လို့ရပါပြီ ။
မီးဖိုထဲရှိ အချက်အလက်များကို လေ့လာရန် ချီဓာတ်အများအပြား စုပ်ယူလိုက်ပါတယ် ။ ဒီအချိန်မှာပဲ –
“ကောင်လေး ၊ ခုမင်း ချီငွေ့ ဆေး လုပ်သင့်နေပြီ ။ ဒီဆေးက မင်းသိုင်းပညာ အဆင့် ၇ ရောက်အောင် ကူညီပေးလိမ့်မယ် ၊ သာမန်လူတွေဟာ မင်းလို ချီဓာတ်အများကြီး ထုတ်ပြီး ချီငွေ့ ဆေးကို မလုပ်နိ်ုင်ဘူးဆိုတာ မင်းသိသင့်တယ်”
စုမေးယို၏ ချစ်စဖွယ် အသံဟာ စိတ်ထဲသို့ ပျံ့ လွင့်လာပါတော့တယ် ။
ဆေးဆရာအများစုအမြင်မှာ ဒီချီငွေ့ ဆေးဟာ လုပ်ရတော်တော် ခက်ပါတယ် ။ ဒါတင်မက ၎င်းဟာ အလယ်အလတ်တန်းစား ဖြစ်တယ့်အတွက် တော်ရုံလူလည်း မလုပ်နိုင်ပါ ။ ဒါပေမယ့် ချန်ရှန်အတွက်ကတော့ အရင်ကလုပ်နေကြဖြစ်ပြီး ယခုလည်း သူ့တွင် ဒီလို အစွမ်း ထက် နဂါးမီးတောက် မီးဖို ရှိနေပြီ ဖြစ်တယ့် ဘယ်လောက်ခက်ခဲပါစေ ကြောက်စရာမလို တော့ပဲ ပြုလုပ်နိုင်ပြီ ဖြစ်ပါတော့တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset